ထန်ထျန်းကို ရှာခြင်း
Vol. 21 Ch. 230
စင်မြင့်ထက်တွင်
ထန်ထျန်းသည် တစ်ယောက်တည်း ရပ်ကာ ခဏမျှ ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီးနောက်မှသာ လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
သူတို့အချင်းချင်း ပြောဆိုနေသည့် စကားများအရ ဤလူများက အခြေခံအားဖြင့် ထျန်းဖူနန်းတော် အတွင်းစည်းရှိ အင်အားစုများမှ ဖြစ်ကြောင်း ထန်ထျန်း အကြမ်းဖျင်း နားလည်လိုက်သည်။
အချို့မှာ ထူးချွန်သော ပါရမီရှင်များကို သူတို့အဖွဲ့ထဲသို့ ဆွဲဆောင်ရန် လာကြခြင်းဖြစ်ပြီး အချို့မှာမူ သာမန်အတိုင်း လာ ကြည့်သူ များသာ ဖြစ်ကြသည်။
သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ဤတစ်သုတ် တက်လှမ်းသူများ၏ အရည်အချင်းမှာ မည်သို့ရှိသည်၊ အာရုံစိုက်ရန် ထိုက်တန်သောသူ ပါသလား ဆိုသည်ကို ကြည့်ရန်ပင် ဖြစ်သည်။
ဤလူများအားလုံးက ကြီးမားသော ကျောက်စာတိုင်ကြီး၏ ရှေ့တွင် ဝိုင်းအုံနေကြသည်။
ထန်ထျန်းသည်လည်း စပ်စုချင်စိတ်ဖြင့် အနားသို့ တိုးသွားကာ သူတို့ ဘာလုပ်နေကြသည်ကို ကြည့်လိုက်သည်။
ခဏအကြာတွင် ဤကျောက်စာတိုင်မှာ အင်မော်တယ်လှေကား၏ ပုံရိပ်ယောင် တစ်ခုဖြစ်ကြောင်း သူ နားလည်သွားသည်။
ကျောက်စာတိုင်ပေါ်ရှိ ထူထပ်လှသော အလင်းစက်ကလေးများမှာ အင်မော်တယ်လှေကား တက်နေသည့် တပည့်တစ်ဦးစီကို ကိုယ်စားပြုခြင်း ဖြစ်သည်။
အလင်းစက် တည်ရှိနေသည့် နေရာမှာ တက်လှမ်းသူ လက်ရှိ ရောက်ရှိနေသည့် နေရာပင် ဖြစ်သည်။
ယခုအခါ အင်မော်တယ်လှေကား တက်ခြင်း စတင်သည်မှာ နာရီဝက် ခန့် ကျော်လွန်သွားပြီ ဖြစ်သည်။
တက်လှမ်းသူ အများစုမှာ နတ်ဝိညာဉ် နှင့် ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်များသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နှောင်းပိုင်းတွင်မူ အချို့သော အလင်းစက်များမှာ အုပ်စုကြီးမှ သိသိသာသာ ခွဲထွက်ကာ ရှေ့သို့ ဦးဆောင်နေကြပြီ ဖြစ်သည်။
ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်က ပါရမီရှင်အချင်းချင်းကြားတွင်ပင် ကွာခြားချက် စတင်ပေါ်ပေါက်ရာ နေရာဖြစ်ကြောင်း ထန်ထျန်း ကောင်းကောင်း သိသည်။
အခြေခံ ပိုမိုခိုင်မာပြီး နားလည်မှု ပိုမြင့်သော တပည့်များက ပိုမို ရှေ့ရောက်နေကြမည် ဖြစ်သည်။
"ဒီတစ်သုတ် တပည့်သစ်တွေရဲ့ အရည်အသွေးက တော်တော်လေး ကောင်းသားပဲ"
ရုတ်တရက် ထန်ထျန်း၏ ဘေးတွင် ရပ်နေသူ တစ်ဦးက လှမ်းပြောလိုက်သည်။
ထန်ထျန်း သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ဤလူမှာလည်း စောစောစီးစီး ရောက်လာသူဖြစ်ပြီး သူ၏ အမူအရာအရ "ကြည့်ရှုသူ" အုပ်စုထဲမှ ဖြစ်ပုံရသည်။
ခဏစဉ်းစားပြီးနောက် ထန်ထျန်းက မေးလိုက်သည်။ "အရင်က တပည့်သစ်တွေကရော ဘယ်လို အဆင့်အတန်းမျိုး ရှိခဲ့တာလဲ"
ထိုသူက လှည့်ကြည့်ကာ ထန်ထျန်းကို အကဲခတ်ပြီးနောက် ပြုံးလျက် "မင်းက ဝင်ခွင့်အခမ်းအနားကို ပထမဆုံးအကြိမ် လာဖူးတာလား"
ထန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။
"အံ့သြစရာ မရှိတော့ပါဘူး"
ထိုသူက ရယ်မောကာ "ထျန်းဖူနန်းတော်က အခု အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ အချိန်လေ။ (၅) နှစ်တစ်ကြိမ် ကျင်းပတဲ့ ဝင်ခွင့်အခမ်းအနားတိုင်းမှာ အရည်အသွေးက တိုးတက်လာတာချည်းပဲ။"
" ဒါပေမဲ့ ဒီတစ်ခါ တိုးတက်မှုကတော့ တကယ်ကို သိသာတယ်။ "
"အခု နာရီဝက်လောက်ပဲ ရှိသေးတယ်၊ မော့ကြည့်လိုက်လေ... ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်မှာတင် တပည့်ပေါင်း တစ်ထောင်ကျော်နေပြီ၊ နတ်အသွင်ပြောင်းခြင်း အဆင့်ကို ရောက်တဲ့သူတောင် မနည်းဘူး။ "
"အရင်တစ်သုတ်တုန်းက ဒီအချိန်မှာဆို ဝိညာဉ် အသွင်ပြောင်းခြင်း အထက်ကလူ စုစုပေါင်းမှ ရာဂဏန်းလောက်ပဲ ရှိတာ"
ထန်ထျန်းက "အို..." ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဤမျှ သိသာသော တိုးတက်မှုမှာ အမှန်ပင် အံ့မခန်းစရာပင်။
သို့သော် ထိုသူက ဆက်လက်၍ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
"နှမြောစရာပဲ... ထူးချွန်တဲ့ တပည့်တွေ အများကြီး ရှိပေမဲ့၊ လူအများကြားကနေ ထင်ထင်ရှားရှား ခွဲထွက်ပြီး အားလုံးကို လွှမ်းမိုးထားနိုင်တဲ့သူတော့ မရှိသေးဘူး။"
" လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းက တပည့်သစ် တစ်ယောက်ဆိုရင် ဒီအချိန်မှာ တက်လှမ်းခြင်း အဆင့်ကိုတောင် ရောက်နေပြီလို့ ငါကြားဖူးတယ်။"
" အဲ့ဒီနောက် သူမက နာရီဝက်တောင် မပြည့်ခင်မှာပဲ ကျန်တဲ့ လှေကားထစ် ၉၉ ထစ်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးကို အောင်မြင်စွာ တက်နိုင်ခဲ့တယ်။ "
"တခြား တပည့်တွေကို အဝေးကြီးမှာ ထားခဲ့တာ။"
" အဲ့ဒီတုန်းက ထျန်းဖူနန်းတော်ရဲ့ အထက်ပိုင်း ပုဂ္ဂိုလ် ကြီးတွေတောင် အံ့သြသွားခဲ့ရတယ်"
ထန်ထျန်း မျက်ခုံးပင့်လိုက်မိသည်။
သူကိုယ်တိုင်လည်း ခုလေးတင် ခရီးစဉ်တစ်ခုလုံးကို ပြီးဆုံးအောင် တက်ခဲ့သူ မဟုတ်ပါလား။
အင်မော်တယ် အဆင့်မရောက်သေးဘဲ ၁ နာရီအတွင်း ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခြင်းမှာ အမှန်တကယ်ပင် ရှားပါးလှသော ပါရမီရှင် ဖြစ်ပေလိမ့်မည်။
"တကယ်ကို တော်တာပဲ"
ထန်ထျန်းက ချီးကျူးလိုက်သည်။
ထိုသူက ရယ်မောကာ "ဟုတ်တာပေါ့။ "
"အဲ့ဒီလောက် ပါရမီရှင်မျိုးက ထျန်းဖူနန်းတော်ထဲက ပါရမီရှင် တွေနဲ့တောင် ယှဉ်နိုင်တယ်။ သာမန်လူတွေ ဘယ်လိုမှ မမီနိုင်တဲ့ အမြင့်ပဲ"
ပြောပြီးနောက် သူက ထန်ထျန်းကို ကြည့်ကာ "မင်းက ကြည့်ရတာ တော်တော် ငယ်သေးတာပဲ၊ အင်မော်တယ် ဖြစ်တာ မကြာသေးဘူး ထင်တယ်"
" ငါ့နာမည်က ကွမ်းယို ပါ၊ မင်းနာမည်က ဘယ်သူလဲ"
ထန်ထျန်း ခဏမျှ တုန့်ဆိုင်းသွားပြီးနောက် အမှန်အတိုင်းပင် ပြောလိုက်သည်။ "ကျွန်တော့်နာမည်က ထန်ထျန်း ပါ"
ဤနာမည်ကို ကြားသောအခါ ကွမ်းယိုက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
"ထန်ထျန်းလား"
" ဘာလို့ ကြားဖူးသလိုလို ဖြစ်နေတာလဲ..."
ခဏစဉ်းစားပြီးနောက် ကွမ်းယိုက လက်ဝါးချင်း ရိုက်လိုက်ကာ "အော်... ဟုတ်ပြီ၊ မှတ်မိပြီ"
" ဒီတစ်သုတ် တပည့်သစ်တွေထဲမှာ ထန်ထျန်း ဆိုတဲ့ နာမည်နဲ့ တစ်ယောက် ရှိတယ်ထင်တယ်"
ထန်ထျန်း ကြောင်အသွားသည်။
"ခင်ဗျား သူ့ကို သိလို့လား"
သူ အံ့သြသွားမိသည်။ သူက ဘယ်တုန်းက ဒီလောက်အထိ နာမည်ကြီးသွားရတာလဲ
လမ်းမှာ တွေ့တဲ့သူတိုင်းက သူ့နာမည်ကို သိနေကြပါလား။
ကွမ်းယိုက ခေါင်းညိတ်ကာ "သတင်းအချို့ ကြားမိလို့ပါ။"
" တောင်ကိုးလုံး စမ်းသပ်ပွဲ ပြီးကတည်းက အထက်ကနေ သတင်းတွေ ထွက်လာတာ။ ဒီတစ်သုတ် တပည့်သစ်တွေထဲမှာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်တဲ့သူ တစ်ယောက် ပါတယ်တဲ့။"
" အဲ့ဒီ တပည့်က မုဆိုးပေါင်း တစ်ရာကျော်ကို တစ်ယောက်တည်းနဲ့ အေးဆေး ထုတ်ပယ်နိုင်ခဲ့တယ်၊ အထက်က ပုဂ္ဂိုလ် ကြီးတွေတောင် သူ့ကို တော်တော် ချီးကျူးနေကြတာ။"
" သူ့ကို ထျန်းဖူနန်းတော်ရဲ့ ထိပ်တန်း တပည့်တွေနဲ့တောင် ယှဉ်နိုင်တဲ့ ပါရမီရှင်လို့ ဆိုကြတယ်။"
" လူအတော်များများက ဒီသတင်းကို ကြားလို့ အမှန် ဟုတ်၊ မဟုတ် လာကြည့်နေကြတာ"
လူ ရှေ့ မှာ အချီးကျူး ခံရသဖြင့် ထန်ထျန်း မသိမသာ နှာခေါင်းကို ပွတ်လိုက်မိပြီး "အဲ့ဒီလောက်တောင် ပိုနေလို့လား"
ကွမ်းယို၏ မျက်နှာမှာ ပြောင်းလဲသွားပြီး "ဟေး... ဒါက နည်းနည်းမှ မပိုဘူးနော်။ "
"ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး၊ အရင်တုန်းက ဒီအချိန်မှာ လူဒီလောက် မများဘူး။ "
"အခုဆိုရင် လမ်းမှာ လာနေကြတဲ့သူတွေ အများကြီး ရှိသေးတယ်၊ အင်အားစု အသီးသီးက အကြီးအကဲတွေတောင် ပါသေးတယ်။"
" သူတို့အားလုံးရဲ့ ရည်ရွယ်ချက်က ထန်ထျန်းပဲ ဖြစ်လိမ့်မယ်"
ထန်ထျန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူ စင်မြင့်ထက်သို့ ရောက်လာသည့် အချိန်တိုအတွင်းမှာပင် လူပေါင်း ရာနီးပါး ရောက်ရှိနေပြီ ဖြစ်သည်။
ဤလူတွေ အားလုံးက သူ့အတွက်နဲ့ ရောက်လာကြတာလား
စဉ်းစားနေစဉ် ကွမ်းယိုက ထပ်မံ ပြောလိုက်ပြန်သည်။ "မင်းရဲ့ နာမည်ကလည်း ထန်ထျန်း ဖြစ်နေတာ တိုက်ဆိုင်လိုက်တာ။ "
"မင်းက ဘယ်အင်အားစုကလဲ"
ထန်ထျန်း ခဏမျှ တုန့်ဆိုင်းသွားပြီး အမှန်အတိုင်းပင် ပြောလိုက်သည်။ "ကျွန်တော်က တပည့်အသစ်ပါ။ အင်မော်တယ်လှေကားကနေ တက်လာတာ။ "
"လောလောဆယ်တော့ ဘယ်အင်အားစုမှာမှ မရှိသေးဘူး"
ကွမ်းယိုမှာ ဆွံ့အသွားပြီး ထန်ထျန်းကို ခဏမျှ အံ့သြတကြီး ကြည့်နေမိသည်။ ထို့နောက် ရုတ်တရက် အော် ရယ်လိုက်တော့သည်။
"ဟားဟားဟား..."
"ညီလေး... မင်းက တကယ်ကို ဟာသဉာဏ်ရွှင် တာပဲ။"
" မင်းက အားလုံး ရှာနေကြတဲ့ အဲ့ဒီ ထန်ထျန်းပါလို့ ပြောချင်တာလား"
" မ နောက် ပါနဲ့ကွာ... မင်းသာ အဲ့ဒီ ထန်ထျန်းဆိုရင် ငါက ထျန်းဖူနန်းတော်ရဲ့ အရှင် ဖြစ်နေပြီ။"
" ဟားဟားဟား..."
ကွမ်းယိုမှာ အားရပါးရ ရယ်မောရင်း ထန်ထျန်း၏ ပုခုံးကို ပုတ်နေသည်။
သူက ထန်ထျန်းကို နောက်ပြောင်နေသည်ဟုသာ ထင်နေသည်မှာ ထင်ရှားလှသည်။
ထန်ထျန်း ခေါင်းခါလိုက်မိသည်။ ထပ်ပြီးလည်း ရှင်းမပြတော့ပေ။
အမှားဆိုလျှင်လည်း သူ အင်မော်တယ်လှေကား တက်တာ အရမ်း မြန်သွားတာကိုပဲ အပြစ်တင်ရတော့မည်။
ထို့နောက် သူတို့နှစ်ဦး စကား ပြောနေကြသည်။
ကွမ်းယိုမှာ အဓိကခန်းမ မှ တရားဝင် တပည့်တစ်ဦးဖြစ်ပြီး အခြား မည်သည့် အင်အားစုနှင့်မျှ မသက်ဆိုင်ပေ။
သူ၏ အခန်းကဏ္ဍမှာ ချင်းယွဲ့ဂိုဏ်းရှိ သာမန်တပည့်များကဲ့သို့ပင်။
သို့သော် ထျန်းဖူနန်းတော်တွင် သာမန်တပည့်ဖြစ်စေ၊ အခြားအင်အားစုမှ တပည့်ဖြစ်စေ အားလုံးကို တန်းတူ ဆက်ဆံသည်။
မည်သည့် အဆင့်အတန်းကိုမျှ မကြည့်ဘဲ ခွန်အား အနိမ့်အမြင့်ကိုသာ ကြည့်သည်။
ဤအချက်မှာ ချင်းယွဲ့ဂိုဏ်းနှင့် အလွန် ကွာခြားလှသည်။ ထျန်းဖူနန်းတော်က အာဏာ တိမ်းစောင်းမှုကို မစိုးရိမ်ကြောင်း၊ ၎င်းမှာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိကြောင်း ပြသနေခြင်းပင်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် ထန်ထျန်းက မည်သည့် အင်အားစုသို့မျှ မဝင်ဘဲ သာမန် တရားဝင်တပည့် တစ်ဦးအဖြစ်သာ နေရန် ဆုံးဖြတ်လိုက်သည်။
ဘာကြောင့်လဲ ဆိုလျှင်တော့ "လွတ်လပ်မှု" ကြောင့်ပင်။
အင်အားစုများကြား အားပြိုင်မှုများကို သူ ငြီးငွေ့နေပြီ ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ စင်မြင့်ထက်သို့ လူများ ပိုမို ရောက်ရှိလာကြသည်။ အင်မော်တယ်ဘုရင် အထက်ရှိသော အစွမ်းထက်သူ အချို့ပင် ကိုယ်တိုင် ရောက်လာကြသည်။
ကျောက်စာတိုင်ပေါ်ရှိ အလင်းစက်များကြားတွင်လည်း ကွာခြားချက်မှာ ပိုမို ကြီးမားလာပြီး အချို့မှာ အတိဒုက္ခ ဖြတ်ကျော်ခြင်း အဆင့်၏ အစွန်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
"ကဲ... စောင့်ကြည့်ရအောင်။ တကယ့် ထန်ထျန်းက သတင်းတွေထဲကအတိုင်း ဟုတ်၊ မဟုတ်ဆိုတာ သိရတော့မယ်"
ကွမ်းယိုက ပြုံးလျက် ပြောသည်။
"ကောင်းပါပြီ"
ထန်ထျန်း ခေါင်းညိတ်ကာ ကျောက်စာတိုင် အနားသို့ သူနှင့်အတူ တိုးသွားလိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်အထင်တော့... ခင်ဗျား သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး"
ထန်ထျန်းက ပြော လိုက်သည်။