← Chapters

ကျင်းဝမ်ရှင်း၏ ဖိတ်ခေါ်မှု

Vol. 21 Ch. 233

ကျင်းဝမ်ရှင်း၏ ဖိတ်ခေါ်မှု

Vol. 21 Ch. 233

​စင်မြင့်ထက်ရှိ အင်မော်တယ်လှေကား၏ ထွက်ပေါက်တွင်

​ဤနေရာတွင် လူများ ဝိုင်းအုံနေကြပြီ ဖြစ်သော်လည်း ထွက်ပေါက်နေရာက ကျယ်ဝန်းလှသဖြင့် အလွန်အမင်း တိုးဝှေ့နေရသည့် ပုံစံမျိုးတော့ မရှိပေ။

သို့သော် အရှေ့ဆုံးတွင် ရပ်နေသူများမှာမူ အင်မော်တယ်ဘုရင် အနည်းငယ်သာ ဖြစ်ကြသည်။

၎င်းတို့ ကိုယ်တိုင် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သဖြင့် အခြားသူများကလည်း မျက်နှာသာပေးသည့်အနေဖြင့် ဖယ်ပေးကြရသည်။

​ချင်းယွဲ့ဂိုဏ်းမှ ရောက်လာသည့် လူနှစ်ဦးပင်လျှင် သူတို့၏ နောက်ဘက် အနည်းငယ်တွင်သာ ရပ်နေကြရသည်။

ထိုအချိန်တွင် ထန်ထျန်းသည်လည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

သူက အရှေ့သို့ တိုးမသွားဘဲ အပြင်ဘက်ဆုံးနေရာတွင်သာ ရပ်နေလိုက်သည်။

​၎င်းကို မြင်သောအခါ ကွမ်းယိုက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တော်သေးတာပေါ့၊ ဒီကောင်လေးက ဘာမှနားမလည်ဘဲ ဇွတ်တိုးမယ့် လူအမျိုးအစား မဟုတ်လို့။

​စောင့်ဆိုင်းနေစဉ်အတွင်း ထန်ထျန်းက သူ့အပေါ်သို့ ကျရောက်လာသော အကြည့်တစ်ချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ ထိုအကြည့်မှာ ချင်းယွဲ့ဂိုဏ်းမှ ရောက်လာသူ နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် လင်းလျို့အုပ်စုမှ ပညာတတ်ပုံစံ လူငယ်ဆီမှ ဖြစ်နေသည်။

​ကွမ်းယိုထံမှ သိရသည်မှာ ထိုလူငယ်၏ အမည်မှာ ကျင်းဝမ်ရှင်း ဖြစ်ပြီး နောက်ထပ် ဟွမ်တောက်စန်း အုပ်စုမှ လူလတ်ပိုင်းမှာမူ ထျန်းယွီ ဖြစ်သည်။

​သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသောအခါ ကျင်းဝမ်ရှင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုကို နားမလည်သကဲ့သို့ ရှိနေသည်။

သို့သော် မကြာမီမှာပင် အင်မော်တယ်လှေကား အဝင်ဝတွင် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာသဖြင့် သူက အကြည့်လွှဲလိုက်သည်။

အကြောင်းမှာ တပည့်သစ်များ မကြာမီ ထွက်လာတော့မည် ဖြစ်သောကြောင့်ပင်။

​ ခဏအကြာတွင် တောက်ပသော အလင်းတန်းတစ်ခု ဝင်းလက်လာပြီး လူရိပ်ပေါင်း တစ်ရာကျော်မှာ လူအများရှေ့တွင် ပေါ်လာတော့သည်။

ဤတပည့်များမှာ အင်မော်တယ်လှေကားတွင် အရှေ့ဆုံးမှ ရောက်ရှိလာသူများ ဖြစ်ကြသည်။

​လူအုပ်ကြီးမှာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူတို့ ကြိုတင် သတ်မှတ်ထားသည့် ပစ်မှတ်များဆီသို့ အပြေးအလွှား သွားကြတော့သည်။

အချို့က ကြိုဆိုရန်၊ အချို့က စည်းရုံးရန်၊ အချို့ကမူ စကားပြောရန် သွားကြခြင်း ဖြစ်သည်။

​ကုရှောင်းရွှယ် ပေါ်လာသောအခါ အင်မော်တယ်ဘုရင် အနည်းငယ်မှာ သူမဆီသို့ ချက်ချင်း လျှောက်သွားကြသည်။

​"ရှောင်းရွှယ်... ဒီကို အခုမှ ရောက်ဖူးတာဆိုတော့၊ မင်းမှာ အစီအစဉ် ရှိပြီးပြီလား"

တစ်ဦးက ဖော်ဖော်ရွေရွေ ပြုံးလျက် မေးလိုက်သည်။

​အခြားတစ်ဦးမှာမူ ပို၍ တိုက်ရိုက်ကျစွာပင် အော်ပြောလိုက်သည်။ "ရှောင်းရွှယ်... ငါတို့ရဲ့ ယွီဖုန်းခန်းမ ကို လာခဲ့။ မင်း ဘာလိုချင်လဲ ပြော၊ ငါက အင်မော်တယ် တစ်ယောက်အနေနဲ့ မင်းအတွက် အကုန်ရှာပေးမယ်"

​ထို့နောက် အခြားသူများလည်း လှုပ်ရှားလာကြသည်။

​"ရှောင်းရွှယ်... သူ့စကား နားမယောင်နဲ့။ ငါတို့ရဲ့ မန့်ယွီမျှော်စင် ကို လာခဲ့၊ အဲ့ဒီမှာ မင်းလို မိန်းကလေးငယ်လေးတွေချည်းပဲ ရှိတာ၊ နံစော်နေတဲ့ ယောကျ်ားတစ်ယောက်မှ မရှိဘူး"

​"ဟားဟား... တော်စမ်းပါ၊ မင်းတို့ မျှော်စင်က ယင်နဲ့ယန် က လုံးဝ မမျှတတော့တာလေ။ ရှောင်းရွှယ်... ငါတို့ရဲ့ ယန်ယွမ်မျှော်စင် ကို လာခဲ့ မင်းအတွက် အကောင်းဆုံး တိုးတက်မှုတွေ ရစေရမယ်"

​"မင်းလည်း တော်တော့၊ ယန်ယွမ်မျှော်စင် ရဲ့ အခြေခံ လေးနဲ့တော့ ကောင်မလေးရဲ့ အချိန်တွေကို မဖြုန်းတီးနဲ့။ "

"ရှောင်းရွှယ်... ငါတို့ ထျန်းဖူနန်းတော် ကို လာခဲ့၊ အဲ့ဒါကမှ မင်းအတွက် အသင့်တော်ဆုံးပဲ"

....

​အကြီးအကဲ များမှာ ပါရမီရှင်ကို လုကြရင်း သူတို့၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသီးသီး ကမ်းလှမ်းချက်များ ပေးနေကြသည်။

ရှန်းကျို့ခန်းမမှ ခန်းမသခင်၊ အင်မော်တယ်ဘုရင် အထွတ်အထိပ်ဖြစ်သူ ပိုင်နိုယီ ပင်လျှင် ဘေးနားမှနေ၍ စကားတစ်ခွန်း ဝင်ပြောလိုက်သေးသည်။

​"တွေ့လား"

"အင်မော်တယ်ဘုရင် အများကြီးရဲ့ ပစ်မှတ်က ကုရှောင်းရွှယ်ပဲ၊ မင်းမှာ ဘာအခွင့်အရေးမှ မရှိဘူး။"

" အရှိတရားကို လက်ခံလိုက် စမ်းပါ"

ကွမ်းယိုက ပြော သည်။

​ထန်ထျန်း မေးစေ့ကို ပွတ်လိုက်ကာ "ဟုတ်လို့လား"

​ကွမ်းယိုက အော်ပြောသည်။ "ဒါပေါ့"

"မင်း အရင်က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အခု ထျန်းဖူနန်းတော်ရဲ့ တရားဝင်တပည့် ဖြစ်လာပြီဆိုရင် အရင်က အကျင့်စရိုက်တွေကို ဖျောက်ပစ်ရမယ်၊ သတိထားတာ အကောင်းဆုံးပဲ။"

" ထျန်းဖူနန်းတော်မှာ အကြီးအကဲတွေက အပေါဆုံးပဲ။"

" တကယ်လို့ မယုံရင်လည်း သွားစမ်းကြည့်လေ၊ အဲ့ဒီ အကြီးအကဲတွေ ကြားထဲကနေ ကုရှောင်းရွှယ်ကို လုနိုင်မလားလို့"

​ထန်ထျန်း ဘာမှ ပြန်မပြောပေ။ လူအများ၏ ဝိုင်းဝန်းစည်းရုံးမှုကို ခံနေရသဖြင့် ကြောင်အအနှင့် ဘာလုပ်ရမှန်း မသိဖြစ်နေသော ကုရှောင်းရွှယ်ကို ကြည့်ကာ သူမကို ကယ်တင်ပေးရန် ဆုံးဖြတ်လိုက်သည်။

​ထို့နောက် သူက ချောင်းဟန့်လိုက်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ "ရှောင်းရွှယ်"

​သူ့အသံက အလွန်ကျယ်လောင်ပြီး အပြင်ဘက်ဆုံးမှ ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။

ကွမ်းယိုမှာ ကြောင်အသွားပြီး စိတ်ထဲမှ ရေရွတ်မိသည်။ ငါက ပြောရုံပဲ ပြောတာလေ၊ မင်းက တကယ်ကြီး လုပ်တာလား

​ထိုအချိန်တွင် ရှောင်းရွှယ်သည်လည်း သူ့အသံကို ကြားသွားပြီး လူအုပ်ကြားမှ လှမ်းကြည့်လိုက်သည်။

ချက်ချင်းပင် သူမ၏ မျက်နှာတွင် ဝမ်းသာအားရ အရိပ်အယောင်များ ပေါ်လာတော့သည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသောအခါ ထန်ထျန်းက ပြုံးပြလိုက်ပြီး လူအများ၏ အကြည့်အောက်တွင် လက်လှမ်းပြကာ "ဒီကို လာခဲ့"

​ကွမ်းယို စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ မင်းက စည်းရုံးနေတာမှ မဟုတ်တာ၊ ဒါက တခြားသူတွေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေတာပဲလေ၊ ဘာကမ်းလှမ်းချက်မှတောင် မပြောဘူးလား

​သို့သော် နောက်ထပ် ဖြစ်ပျက်လာသော အရာက သူ့ကို လုံးဝ ဆွံ့အသွားစေသည်။

ထန်ထျန်း၏ စကားအဆုံးတွင် ကုရှောင်းရွှယ်က လူအုပ်ကို တိုးဝှေ့ကာ အပြေးအလွှား ရောက်လာတော့သည်။

ထို့နောက် လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်များအောက်တွင် ထန်ထျန်း၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားတော့သည်။

​"ကျွန်မ ခုနက တစ်ချိန်လုံး ရှင့်ကို ရှာနေတာ"

"ရှင် ဘယ်တုန်းက ရောက်တာလဲ"

ကုရှောင်းရွှယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​လူတိုင်း ကြောင်အသွားကြသည်။

ဒါ ဘယ်လိုအခြေအနေလဲ

ဒီလူစိမ်း ကောင်လေးက ဘယ်သူလဲ

​အင်မော်တယ်ဘုရင် ဆယ်ဂဏန်းကျော်က ပေးအပ်သည့် ကောင်းမွန်သော ကမ်းလှမ်းချက်များကို ကုရှောင်းရွှယ်က မျက်တောင်တစ်ချက်ပင် မခတ်ဘဲ လျစ်လျူရှုခဲ့သည်။

သို့သော် ဤလူငယ်က လက်ယပ်ခေါ်လိုက်ရုံဖြင့် သူမက ကိုယ်တိုင် အပြေးအလွှား သွားလိုက်တာလား

​"ဒါက..."

လူအများမှာ ခဏမျှ ဘာပြောရမှန်း မသိ ဖြစ်သွားကြသည်။

ဘေးနားရှိ ကွမ်းယိုမှာလည်း လုံးဝ ဆွံ့အလျက် ရပ်နေမိသည်။

အာ... မင်းက တကယ်ကြီး မလိမ်ခဲ့တာပဲ

​ထိုအချိန်တွင် ခုနက စည်းရုံးနေကြသော အင်မော်တယ်ဘုရင်များပင် ကြောင်အအ ဖြစ်သွားကြသည်။

သူတို့ ကုရှောင်းရွှယ်၏ အချက်အလက်ကို စစ်ဆေးစဉ်က သူမနှင့် ထျန်းဖူနန်းတော်ကြား မည်သည့် ပတ်သက်မှုမှ မရှိကြောင်း သိထား၍ စည်းရုံးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုကြည့်ရသည်မှာ သူတို့ ထင်ထားသလို မဟုတ်ပုံရပေ။

​"အော်... တစ်ယောက်ယောက်က အစောကြီးကတည်းက လက်ဦးမှု ယူထားတာကိုး"

"ဒါကြောင့် ကုရှောင်းရွှယ်က ငါတို့ ပေးတဲ့ ကမ်းလှမ်းချက်တွေကို စိတ်မဝင်စားတာပဲ"

"သိက္ခာကျလိုက်တာကွာ"

"ပြန်ရောက်ရင် စစ်ဆေးကြည့်စမ်း၊ ဒီကောင်လေးက ဘယ်ကလဲဆိုတာ"

​အင်မော်တယ်ဘုရင်များမှာ သူတို့၏ သိက္ခာကို ငဲ့ရသေးသည်။

အကယ်၍ ကုရှောင်းရွှယ်က ဘယ်သူနှင့်မှ မပတ်သက်သူ ဖြစ်နေလျှင် သူတို့ လုယူနိုင်သော်လည်း တစ်ဦးဦးက ကြိုတင်ခေါ်ထားပြီးသား ဖြစ်နေလျှင်မူ သူတို့၏ အဆင့်အတန်းကို ငဲ့ကွက်၍ အတင်းအဓမ္မ လုယူမည် မဟုတ်ပေ။

ထိုသို့လုပ်ခြင်းက လှောင်ပြောင်စရာသာ ဖြစ်လာပေလိမ့်မည်။

​အင်မော်တယ်ဘုရင်များက ခေါင်းခါကာ လူစုခွဲသွားကြပြီး အခြားသော ပစ်မှတ်များကိုသာ ရှာဖွေကြတော့သည်။

ကုရှောင်းရွှယ်ကို ရရှိပြီးနောက် ထန်ထျန်းသည်လည်း ထိုနေရာတွင် ဆက်မနေတော့ဘဲ သူမကို ခေါ်ဆောင်ကာ လူအုပ်ထဲမှ ထွက်လာခဲ့သည်။

​"ရှင်သိလား... ကျွန်မ တက်လှမ်းခြင်း အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ"

လမ်းတွင် ကုရှောင်းရွှယ်က စိတ်လှုပ်ရှားစွာ ပြောပြသည်။

​ထန်ထျန်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။ "ငါ အကုန် မြင်ပါတယ်"

" တကယ် တော်တယ်"

​ထန်ထျန်း၏ ချီးကျူးမှုကို ရသောအခါ ရှောင်းရွှယ်က ပို၍ ပျော်ရွှင်သွားသည်။

ထိုအချိန်တွင် ကွမ်းယိုက သူတို့နောက်မှ လိုက်လာကာ ထန်ထျန်းတို့ နှစ်ဦးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"ညီလေး... မင်း ဒါကို တကယ်ပဲ ဘယ်လို လုပ်လိုက်တာလဲ"

" မင်းနောက်မှာ အင်အားစု တစ်ခုခု ရှိနေတာ သေချာတယ် မဟုတ်လား"

ကွမ်းယိုက မေးသည်။

​ထန်ထျန်းက သက်ပြင်းချကာ "တကယ် မရှိပါဘူးဗျာ"

" ကျွန်တော်က..."

​စကားမဆုံးသေးခင်မှာပင် သူတို့နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ထန်ထျန်းလား"

​ထန်ထျန်း လှည့်ကြည့်လိုက်သောအခါ ပညာတတ်ပုံစံ လူငယ်တစ်ဦးက သူ့နောက်တွင် ရပ်နေသည်။

သူကတော့ လင်းလျို့၏ အင်အားစုမှ ကျင်းဝမ်ရှင်း ပင် ဖြစ်သည်။

​"ကိစ္စ ရှိလို့လား"

ထန်ထျန်းက မေးလိုက်သည်။

​ကျင်ဝင်ရှင်းက မျက်မှောင်ကြုတ်ကာ ကုရှောင်းရွှယ်ကို တစ်ချက်ကြည့်ပြီး ထပ်မေးသည်။ "ချင်းယွဲ့ဂိုဏ်းက လာတဲ့ ထန်ထျန်း လား"

​ထန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။

အမှန်စင်စစ် ခုနက သူတို့ အကြည့်ချင်း ဆုံစဉ်ကတည်းက ဤလူက သူ့ကို မှတ်မိနေလောက်သည်ဟု ထန်ထျန်း ခန့်မှန်းထားပြီးသား ဖြစ်သည်။

​အတည်ပြုချက်ကို ရသောအခါ ကျင်ဝင်ရှင်း၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားသည်။

"ဒါပေမဲ့ မင်းက ဘာလို့ ဒီနေရာကို အစောကြီး ရောက်နေတာလဲ"

" ငါ မှတ်မိသလောက်ဆိုရင် မင်းကို ဒီမှာ မြင်နေရတာ တော်တော် ကြာနေပြီ၊ အဲ့ဒါ ဘယ်လို ဖြစ်တာလဲ"

​ထန်ထျန်း ထိုမေးခွန်းကို မဖြေပေ။

အကြောင်းမှာ ကျင်းဝမ်ရှင်း၏ အမူအရာမှာ အနည်းငယ် မောက်မာနေသောကြောငင့် ဖြစ်သည်။

​နှုတ်ဆိတ်နေသော ထန်ထျန်းကို ကြည့်ကာ ကျင်းဝမ်ရှင်းက တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူ၏ မောက်မာမှုကို လျှော့ချလိုက်ကာ "ဪ... နားလည်မှုမလွဲ ပါနဲ့၊ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။"

" ငါတို့က ဂိုဏ်းတူတွေပဲ၊ ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထျန်းဖူနန်းတော်ကို ရောက်နေတာ။"

" မင်းတို့က အခုမှ အသစ်ရောက်လာတာဆိုတော့ ဒီက အခြေအနေတွေကို ရင်းနှီးမှာ မဟုတ်ဘူး။"

" ငါနဲ့ အတူ လိုက်ခဲ့ပါ၊ ငါ မင်းတို့ကို ချင်းယွဲ့ဂိုဏ်းရဲ့ နေရာကို ခေါ်သွားပေးမယ်"

​ကျင်းဝမ်ရှင်းက တိုက်ရိုက်ပင် ဖိတ်ခေါ်လိုက်သည်။

​အကယ်၍ ထန်ထျန်းသာ ဘာမှမသိလျှင် သူနှင့်အတူ သွားကြည့်မိကောင်း သွားကြည့်မိလိမ့်မည်။

သို့သော် သူက ကွမ်းယိုထံမှနေ၍ ဤနေရာရှိ ချင်းယွဲ့ဂိုဏ်းမှာ အတွင်းပိုင်း မညီညွတ်ဘဲ ပြင်းထန်စွာ အားပြိုင်နေကြောင်း သိထားပြီး ဖြစ်သည်။

ကျင်းဝမ်ရှင်းက ထိုအချက်များကို ဖုံးကွယ်ထားပြီး ဂိုဏ်းသားအချင်းချင်းဆိုသည့် သတ်မှတ်ချက်ကို အသုံးချကာ သူ့ကိုရော ကုရှောင်းရွှယ်ကိုပါ သူတို့အုပ်စုထဲသို့ မသိမသာ ဆွဲသွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။

​ထိုအချက်ကို ထန်ထျန်း လုံးဝ မကြိုက်ပေ။

​"တောင်းပန်ပါတယ်"

"ကျွန်တော် စိတ်မဝင်စားဘူး"

ထန်ထျန်းက တိုက်ရိုက်ပင် ငြင်းဆိုလိုက်သည်။

All Chapters