ကလေးဆိုးလေး ရှောင်းရွှယ်
Vol. 21 Ch. 234
ထန်ထျန်း၏ တိုက်ရိုက်ကျလွန်းသော ငြင်းဆိုမှုကြောင့် ကျင်းဝမ်ရှင်းမှာ မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့သော ရလဒ်မျိုးကို သူ လုံးဝ ထင်မှတ်မထားပုံရသည်။
ခဏမျှ တုန့်ဆိုင်းသွားပြီးနောက် သူက စကားကို ဆက်ပြောသည်။"ထန်ထျန်း... ငါကြားတာတော့ မင်းက ချင်းယွဲ့ဂိုဏ်းမှာတုန်းက သခင်လေး တစ်ယောက် ဖြစ်ခဲ့တယ်ဆို"
"ငါ ဂိုဏ်းကနေ ထွက်လာတုန်းကတော့ ဒီလို ရာထူးနေရာမျိုး မရှိသေးဘူး၊ ဂုဏ်ထူးဆောင်တပည့် ဆိုတဲ့ သတ်မှတ်ချက် တစ်ခုပဲ ရှိတာ။"
" မင်း ချင်းယွဲ့ဂိုဏ်းထဲမှာ ဘယ်လိုပုံစံနဲ့ နေခဲ့လဲဆိုတာ ငါမသိပေမဲ့ ထျန်းဖူနန်းတော်ကတော့ အဲ့ဒီလို မဟုတ်ဘူး။"
"လုံလောက်တဲ့ အင်အားကြီးတဲ့ အင်အားစု တစ်ခုရဲ့ အကာအကွယ် မရှိရင် ပြင်ပပစ္စည်းတွေ ပေါ်မှာပဲ အားကိုးပြီး မင်း ဘာမှ ရေရေရာရာ ရမှာမဟုတ်ဘူး။"
" ဒီနေရာက ဘဝကလည်း အရမ်းကို ခက်ခဲလိမ့်မယ်"
ကျင်းဝမ်ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထန်ထျန်းက ဟက်ခနဲ ရယ်လိုက်ပြီး မေးလိုက်သည်။ "ထျန်းဖူနန်းတော်ထဲမှာ ဘယ်အင်အားစု က တပည့်အများဆုံးလဲ"
ကျင်းဝမ်ရှင်းမှာ အနည်းငယ် ကြောင်သွားသည်။ သို့သော် သူ စကားမပြောရသေးခင်မှာပင် ဘေးရှိ ကွမ်းယိုက ဝင်ပြောလိုက်သည်ယ "ဒါကတော့ အဓိကနန်းတော် ပေါ့ကွ။ "
"အဓိကနန်းတော်က တပည့်တွေက တရားဝင်တပည့် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိတယ်"
ထန်ထျန်းက ကျင်းဝမ်ရှင်းကို ကြည့်ကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ "ဒါဆိုရင် အဲ့ဒီ ၇၀ ရာခိုင်နှုန်း တပည့်တွေက ဘဝကို အရမ်းခက်ခဲစွာ ဖြတ်သန်းနေကြရတာပေါ့ ဟုတ်လား"
လူကို လှည့်စားချင်လျှင်လည်း ဤကဲ့သို့ မလှည့်စားသင့်ပေ။
ဤကျင်းဝမ်ရှင်းမှာ သူ့ကို ဘာမှမသိနားမလည်သည့် အူတူတူ အတတ ကောင်လေးတစ်ယောက်ဟု လုံးဝ သတ်မှတ်ထားခြင်း ဖြစ်သည်။
သူက ဤနေရာသို့ အသစ်ရောက်လာသူ ဖြစ်သဖြင့် ထျန်းဖူနန်းတော်၏ အခြေအနေ ကို သေချာ မသိသေးသော်လည်း ကျင်းဝမ်ရှင်း ပြောသကဲ့သို့ အခြေအနေမျိုးမှာ လုံးဝ မဖြစ်နိုင်ကြောင်း သူ သိနေသည်။
ဤနေရာမှာ ထျန်းဖူနန်းတော် ဖြစ်သည်။
အဓိကနန်းတော်သည်သာလျှင် တစ်ဦးတည်းသော အစစ်အမှန် နတ်ဘုရား ဖြစ်ပေလိမ့်မည်။
ထန်ထျန်း၏ လှောင်ပြောင်သော လေသံကို ကြားသောအခါ ကျင်းဝမ်ရှင်းက အသက် ၁၇ နှစ်အရွယ်ရှိ ဤလူငယ်ကို သူ အထင်သေးမိသွားကြောင်း သဘောပေါက်သွားသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ထန်ထျန်းက လက်အောက်ခံဂိုဏ်းမှ တက်လာသည့် တပည့်သစ်တစ်ဦးသာ ဖြစ်ပြီး တောမှ လာသည့် ကောင်လေးတစ်ဦးနှင့် တူနေသဖြင့် သူ့အနေနှင့် ထန်ထျန်းကို သူနှင့် တန်းတူအဆင့်အတန်းဟု မသတ်မှတ်နိုင်ပေ။
"မင်း ဒီလိုတွေးနေတယ်ဆိုရင်တော့ မင်းက တကယ့်ကို ရိုးအလွန်းတယ်လို့ပဲ ငါပြောရတော့မယ်"
ကျင်းဝမ်ရှင်းက ဆက်ပြောသည်။ "မင်းရဲ့ ပါရမီနဲ့ ခွန်အားက မဆိုးဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ထျန်းဖူနန်းတော်လို နေရာမျိုးမှာ ပါရမီရှင်ဆိုတာ အပေါဆုံးပဲ။ "
"ပါရမီလည်းရှိ၊ အရင်းအမြစ်နဲ့ အဆက်အသွယ် လည်း ရှိတဲ့ တပည့်တွေနဲ့ မင်း ဘယ်လို ယှဉ်ပြိုင်မလဲ"
" တစ်စုံတစ်ရာသော အထောက်အပံ့ ရမှသာ မင်းလိုချင်တာတွေကို ပိုပြီး ရရှိနိုင်မှာ။ "
"နားလည်ပြီလား"
ထန်ထျန်း နှုတ်ဆိတ်နေမိသည်။ ကျင်းဝမ်ရှင်း၏ စကားပြောပုံ လေသံကို သူ အတော်လေး မကြိုက်ပေ။
ဤလူမှာ ထျန်းဖူနန်းတော်သို့ ဆယ်စုနှစ် အနည်းငယ် အစောရောက်နေရုံဖြင့် သူ့ကိုယ်သူ စီနီယာကြီးတစ်ဦးလို ပုံဖော်ကာ မောက်မာစွာ စကားပြောနေခြင်း ဖြစ်သည်။
စေတနာနှင့် အကြံပေးရုံသက်သက် ဆိုလျှင် ထားပါတော့၊ အဓိကမှာ သူကိုယ်တိုင်တွင် အခြားသော ရည်ရွယ်ချက်များ ရှိနေခြင်းပင်။
"ငါ ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ ခင်ဗျားနဲ့ မဆိုင်ပါဘူး။"
" လမ်းမှာတုန်းက ဂိုဏ်းအကြီးအကဲက ငါ့ကို မှာခဲ့တယ်... ထျန်းဖူနန်းတော်ကို ရောက်ရင် ထျန်းဖူနန်းတော်ရဲ့ တရားဝင်တပည့် ဖြစ်သွားပြီ၊ အရင်က အဆင့်အတန်းတွေကို ဆက်ပြီး ဆုပ်ကိုင်မထားနဲ့တော့တဲ့။"
" ဒါကြောင့် ငါ ဘယ်အင်အားစု ထဲကိုမှ မဝင်ချင်ဘူး။"
" နားလည်ပြီလား"
ထန်ထျန်းက အားနာခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
ကျင်းဝမ်ရှင်းမှာ မျက်လုံးများ ကျဉ်း စပြုလာသည်။ သူ့ကိုယ်သူ အတော်လေး ယဉ်ကျေးစွာ ဆက်ဆံနေသည်ဟု ထင်ထားသော်လည်း ဤလူငယ်မှာ တကယ့်ကို အကောင်းပြောမရသည့် လူစားမျိုး ဖြစ်နေသည်။
သူ တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ အနောက်မှ အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
"ဟားဟားဟား... တကယ့်ကို ကောင်းလိုက်တဲ့ စကားပဲ"
"ထျန်းဖူနန်းတော်ကို ရောက်နေပြီပဲ၊ အရင်က အဆင့်အတန်းတွေကို ဆုပ်ကိုင်ထားလို့ ဘာအသုံးဝင်မှာလဲ"
အရပ်ရှည်ရှည်နှင့် လူလတ်ပိုင်း တစ်ဦးမှာ သူတို့ရှေ့တွင် ပေါ်လာတော့သည်။
သူကတော့ ချင်းယွဲ့ဂိုဏ်း၏ ဟွမ်တောက်စန်း အုပ်စုမှ လူဖြစ်သည့် ထျန်းယွီ ပင် ဖြစ်သည်။
သူက ဘေးနားရှိ ကျင်းဝမ်ရှင်းကို လုံးဝ လျစ်လျူရှုကာ ထန်ထျန်းကို ကြည့်ပြီး ပြုံးလိုက်သည်။"မင်းက ထန်ထျန်း လား"
"လူအတော်များများက မင်းကို လိုက်ရှာနေကြတာ၊ မင်းကတော့ တိတ်တဆိတ်လေး တက်လာတာပဲ။ "
"မင်း ခုနက ပြောတာ အရမ်းမှန်တယ်။ ငါတို့ ထျန်းဖူနန်းတော်ကို ရောက်လာပြီဆိုမှတော့ အရင်က အဆင့်အတန်းတွေရဲ့ ချုပ်နှောင်မှုကို မခံသင့်တော့ဘူး၊ လုပ်ချင်တာ လုပ်ရမှာပေါ့။"
" ဘယ်လိုလဲ... ငါတို့ဘက်ကို ဝင်ဖို့ စိတ်ဝင်စားလား"
ထျန်းယွီကလည်း ကမ်းလှမ်းချက် ပေးလာသည်။
သို့သော် ထန်ထျန်းကတော့ ဘယ်သူ့နောက်မှ မလိုက်ရန် သံမဏိစိတ်ဓာတ် ချထားပြီးသား ဖြစ်သည်။
"တောင်းပန်ပါတယ်၊ ခင်ဗျား နားလည်မှု လွဲနေပုံရတယ်။"
" ငါ ဒီကိုလာတာ ကျင့်ကြံဖို့ သက်သက်ပဲ၊ ဘယ်အင်အားစု ထဲမှ မဝင်ချင်ဘူး"
ထန်ထျန်းက ငြင်းလိုက်သည်။
ထျန်းယွီက လက်ယမ်းကာ "မင်းလည်း နားလည်မှု လွဲနေပြီ။"
" ငါတို့ဘက်က ဘယ်အင်အားစု မှာမှ မပါဘူး၊ လောကစည်းမျဉ်းတွေရဲ့ ချုပ်နှောင်မှုကို မခံချင်တဲ့၊ စိတ်တူကိုယ်တူ လူတွေ စုဝေးနေကြတာ သက်သက်ပဲ။"
" မင်းရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး"
ထန်ထျန်း ခဏမျှ ကြောင်သွားသည်။ ဤကဲ့သို့ ဖြစ်နေတာလား
ဟွမ်တောက်စန်းက လင်းလျို့နှင့် ရန်သူဖြစ်သဖြင့် သီးသန့် အင်အားစု တည်ထောင်ထားခြင်း ဖြစ်သည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ခဏ စဉ်းစားပြီးနောက် သူက ခေါင်းခါကာ ငြင်းဆဲပင်။
"ဒါပေမဲ့လည်း မလိုပါဘူး။ "
"ခင်ဗျားတို့က ဒီလို မူဝါဒကို ကိုင်စွဲထားတယ်ဆိုရင် ငါ့ ရဲ့ ကိုယ်ပိုင်အမြင်ကိုလည်း လေးစားပေးမှာပါ"
ထန်ထျန်းက ပြော သည်။
ထျန်းယွီက ဤသို့ ပြောနေသော်လည်း အကယ်၍ ထိုဘက်သို့ ဝင်လိုက်လျှင် လင်းလျို့၏ အင်အားစုနှင့် ပြဿနာဖြစ်သည့်အခါ ကြားညပ်သွားမည်မှာ သေချာသည်။
ထိုအရာများမှာ ပြဿနာ များပင်။
ထပ်မံ ငြင်းပယ်ခြင်း ခံရသော်လည်း ထျန်းယွီက အကြီးအကျယ် တုံ့ပြန်ခြင်း မရှိပေ။ ပခုံးတွန့်ပြရုံသာ ပြုလုပ်ကာ လက်လျှော့လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူက ပစ်မှတ်ကို ချက်ချင်း ပြောင်းလိုက်သည်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ခါးကို ကိုင်းညွတ်ပြီး ကုရှောင်းရွှယ်၏ ရှေ့သို့ တိုးသွားကာ "ဦးလေး" တစ်ဦးကဲ့သို့ ပြုံးပြလိုက်သည်။
"ဒါဆိုရင်... မိန်းကလေး ရှောင်းရွှယ်၊ ငါတို့ဘက်ကို လာဖို့ စိတ်ဝင်စားလား"
" မင်းက ထန်ထျန်းထက်တောင် ပိုတော်တယ်လို့ ငါ ထင်တယ်"
ထျန်းယွိက ပြောသည်။
ကုရှောင်းရွှယ်က သူ့ပုံစံကို ကြည့်ကာ ထန်ထျန်း၏ လက်မောင်းကို အလိုလို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် "ဦးလေး... ထန်ထျန်း သွားတဲ့နေရာကို ကျွန်မ လိုက်မှာ"
ထျန်းယွီ ကြောင်သွားပြီး ထန်ထျန်းကို လှည့်ကြည့်လိုက်မိသည်။
သူတို့နှစ်ဦးကြားက ပတ်သက်မှုက ဤမျှအထိ နီးကပ်လိမ့်မည်ဟု မထင်ထားပုံရပေ။
သို့သော် သူက လက်မလျှော့သေးဘဲ ရင်ခွင်ထဲမှ အလွန် လှပသော ကျောက်တုံးလေးတစ်တုံးကို ထုတ်ယူကာ ပြုံးပြလိုက်သည်။"မိန်းကလေး ရှောင်းရွှယ်... ဒါ ဘာလဲဆိုတာ သိလား"
" ဒါကို ရှန့်ထန်း တာအိုကျောက်စိမ်း လို့ ခေါ်တယ်၊ အရမ်း အဖိုးတန်တဲ့ ကျင့်ကြံခြင်း ရတနာပဲ"
" မင်းသာ ငါနဲ့ လိုက်ခဲ့မယ်ဆိုရင် တစ်လကို ဒီလိုမျိုး ၁၀ တုံး အတိအကျ ပေးမယ်။"
" ဘယ်လိုလဲ"
ထျန်းယွီက ပြုံးလျက် ပြောလိုက်သည်။
ရှေ့ရှိ ရှန့်ထန်း တာအိုကျောက်စိမ်းကို ကြည့်ကာ ကုရှောင်းရွှယ်က မျက်တောင်လေး ခတ်လိုက်သည်။
"ဒါ... ကျွန်မဆီမှာ ရှိတယ်"
ပြောပြီးသည်နှင့် သူမက သူမ၏ သိုလှောင်လက်စွပ် ထဲမှ အလွန် သာမန်ကာလျှံကာ ဖြစ်သော ထုပ်ထားသည့် အထုပ်လေးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။
ဖွင့်လိုက်သောအခါ တောက်ပသော အလင်းတန်းများက လူတိုင်း၏ ရှေ့တွင် ဝင်းလက်သွားတော့သည်။
ထျန်းယွိ၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။
အကြောင်းမှာ ထိုအထုပ်လေးထဲတွင် ရှန့်ထန်း တာအိုကျောက်စိမ်းများ ပြည့်နှက်နေပြီး အနည်းဆုံး အတုံးပေါင်း ရာချီ၍ ရှိနေသောကြောင့်ပင်
"ထန်ထျန်းက ကျွန်မကို တစ်လတစ်ခါ နည်းနည်းစီ ပေးတယ်၊ စိတ်ကြိုက် သုံးဆိုပြီးတော့။ "
"ဒါပေမဲ့ ကျွန်မက အဲ့လောက် အများကြီး မသုံးနိုင်ဘူးလေ၊ ဒါတွေက ပုံမှန် စုထားတာတွေပါ"
ကုရှောင်းရွှယ်က ပြော သည်။
ထျန်းယွီ၏ မျက်ခွံများမှာ အလိုလို တုန်ခါသွားရသည်။ ရှန့်ထန်း တာအိုကျောက်စိမ်းကို... စိတ်ကြိုက် သုံးတယ် ဟုတ်လား
မင်းက ဒါကို သာမန် ဝိညာဉ်ကျောက်လို့ ထင်နေတာလား
သို့သော် ထိုကျောက်စိမ်း အပုံလိုက်ကြီးမှာ အလွန် သာမန်ဆန်သော အဝတ်ထုတ်ထဲတွင် ထည့်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ သူတို့အတွက် တကယ်ပင် အဖိုးမတန်ခြင်း ဖြစ်နိုင်သည်ဟု ထျန်းယွီ ယုံကြည်လိုက်ရတော့သည်။
အနည်းဆုံးတော့ လှပတဲ့ သေတ္တာလေးနဲ့ ထည့်ထားသင့်တာပေါ့
အမှန်စင်စစ် သူတစ်ဦးတည်း မဟုတ်ဘဲ ဘေးရှိ ကျင်းဝမ်ရှင်းပင် တုန်လှုပ်သွားရသည်။
သူ ချင်းယွဲ့ဂိုဏ်းမှ ထွက်လာစဉ်က ဂိုဏ်းမှာ ဤမျှအထိ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် ခေတ်ထဲသို့ မရောက်သေးပေ။
ထိုစဉ်က ရှန့်ထန်း တာအိုကျောက်စိမ်း တစ်တုံးမှာပင် ဂိုဏ်းသားအားလုံးကို ရူးသွပ်သွားစေနိုင်လောက်သည်။
သူကိုယ်တိုင်ပင်လျှင် ထျန်းဖူနန်းတော်သို့ ရောက်မှသာ ဤကဲ့သို့သော နတ်ရတနာ ရှိမှန်း သိခဲ့ရခြင်း ဖြစ်သည်။
ဒါဆို အခု ချင်းယွဲ့ဂိုဏ်းမှာ ကျောက်စိမ်းတွေက ဒီလောက်အထိ ပေါများနေပြီလား
သူတို့နှစ်ဦးမှာ ဆွံ့အလျက် ဘာပြောရမှန်း မသိဖြစ်နေကြသည်။
သို့သော် ထန်ထျန်းကတော့ စိတ်ထဲမှ မျက်လုံးလှန်နေမိသည်။
ကုရှောင်းရွှယ်က သူ့ဘေးတွင် ဤမျှကြာအောင် နေလာခဲ့ပြီးနောက် ရှန့်ထန်း တာအိုကျောက်စိမ်း၏ တန်ဖိုးကို မသိဘဲ နေပါ့မလား
သူမက ထျန်းယွီ၏ ရှေ့တွင် တမင် ကြွား နေခြင်းသာ ဖြစ်သည်။
ဤကဲ့သို့သော ကလေးဆန်သည့် လုပ်ရပ်မျိုးကို သူမ အရင်က မလုပ်ဖူးပေ၊ ဒါ ဘယ်သူ့ဆီက သင်လာတာလဲ
အဖြူရောင် ကြောင်လေးတစ်ကောင်၏ ပုံရိပ်က သူ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။