← Chapters

တကယ်တော့ ပိုက်ဆံမလောက်လို့ကိုး

Vol. 21 Ch. 237

တကယ်တော့ ပိုက်ဆံမလောက်လို့ကိုး

Vol. 21 Ch. 237

​ချန်ကျန်း၏ ဦးဆောင်မှုနှင့်အတူ တပည့်သစ် ထောင်ပေါင်းများစွာက ထျန်းဖူနန်းတော်အတွင်းသို့ ခမ်းနားထည်ဝါစွာ ဝင်ရောက်လာကြသည်။

​နတ်ဘုရားမြူခိုးများ ရစ်ဆိုင်းနေသည့် တောင်ထိပ်များစွာကို ပတ်ကျော်ပြီးနောက် ထျန်းဖူနန်းတော်၏ အစစ်အမှန် က လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။

၎င်းက လူတိုင်းတစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းမျိုးပင်။

တောင်နှင့်ရေ၊ လူနှင့်အရာဝတ္ထု၊ ကောင်းကင်နှင့်မြေကြီးတို့ပင်လျှင် တစ်ခုနှင့်တစ်ခု လှပစွာ ယှက်နွယ်နေကြပြီး အိပ်မက်ကမ္ဘာတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ပင်။

​သန့်စင်လွန်းလှသော ဝိညာဉ်စွမ်းအားများနှင့် သိပ်သည်းလှသော အင်မော်တယ်စွမ်းအားများက ရောနှောကာ မျက်နှာကို တိုးဝှေ့လာကြသည်။ သာမန်အတိုင်း အသက်ရှူရုံမျှဖြင့်ပင် ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံဆင့်များမှာ စတင်လှုပ်ရှားလာတော့သည်။

ဤနေရာက တကယ့်ကို အင်မော်တယ်တို့ စံမြန်းရာ အင်မော်တယ် နယ်မြေပင် ဖြစ်သည်။

​တိမ်တိုက်များကို ဖြတ်ကျော်ကာ အောက်ဘက်ရှိ အဆုံးမရှိသော အဆောင်အအုံများကို ကျော်လွန်ပြီးနောက် ဧရာမ တောင်ကြီးတစ်ခု ပေါ်လာသည်။

ထိုတောင်မှာ အလွန်မြင့်မားသော်လည်း မတ်စောက်ခြင်းမရှိဘဲ ပတ်ဝန်းကျင်မှာ ပြေပြစ်လှသည်။ ထိုနေရာတွင် မှီတင်းနေထိုင်ကြသော ဝိညာဉ်သားရဲများစွာကိုလည်း မြင်တွေ့ရသည်။

​ချန်ကျန်းက တပည့်အားလုံးကို တောင်ထိပ်သို့ ခေါ်ဆောင်သွားသောအခါမှ တောင်ထိပ်၏ အလယ်တွင် ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေသည်ကို လူတိုင်းတွေ့လိုက်ရသည်။

ထိုတွင်းနက်ကြီး၏ အတွင်းဘက်တွင် နောက်ထပ် တောင်ငယ်လေးတစ်လုံး ရှိနေပြန်သည်။

ထိုတောင်ငယ်ပေါ်တွင် အဆောက်အအုံငယ်များစွာ ရှိနေပြီး လူငယ်ကျင့်ကြံသူ အမြောက်အမြား သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့ရသည်။

​"ဒီနေရာက ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူ ပဲ"

ချန်ကျန်းက စကားစလိုက်သည်။ "ညရောက်တဲ့အခါတိုင်း ကောင်းကင်ကနေ လစွမ်းအား တွေ အများကြီး ကျဆင်းလာပြီး ဒီလှိုဏ်ဂူထဲကို ဖြာကျလိမ့်မယ်။"

" အဲ့ဒီလ စွမ်းအား တွေက မင်းတို့ရဲ့ ကျင့်ကြံမှုကို ကူညီပေးနိုင်သလို အဆင့်တက်တဲ့နေရာမှာလည်း ပိုပြီး ချောမွေ့စေလိမ့်မယ်။ "

"အသေးစိတ်ကိုတော့ စီမံသူတွေက မင်းတို့ကို ပြောပြလိမ့်မယ်"

​စကားဆုံးသည်နှင့် လူရိပ်အချို့ အောက်ဘက်မှ ပျံတက်လာကာ ချန်ကျန်း၏ ရှေ့တွင် ဆင်းသက်လိုက်ကြသည်။

ခဏမျှ စကားပြောပြီးနောက် ချန်ကျန်းက ပျံသန်းထွက်ခွာသွားတော့သည်။

ထို့နောက် တပည့်သစ်များ အားလုံးက စီမံသူများ၏ နောက်မှလိုက်ကာ အောက်ဘက်ရှိ တောင်ထိပ်ဆီသို့ ဆင်းသက်သွားကြသည်။

​ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူကို အပြင်ဘက်မှ ကြည့်လျှင် ဧရာမ ထူးဆန်းသော တောင်ကြီးတစ်လုံးဟု ထင်ရသော်လည်း အတွင်းထဲသို့ ရောက်မှသာ ဤနေရာ၏ ဟင်းလင်းပြင်မှာ မည်မျှ ကျယ်ဝန်းကြောင်း သိရတော့သည်။

တွင်းနက်ကြီးအတွင်းရှိ ဤတောင်ငယ်သည်ပင် ချင်းယွဲ့ဂိုဏ်း၏ ပင်မတောင်ထိပ်ထက် မသေး ပေ။ တပည့်ပေါင်း သန်းချီ၍ နေထိုင်ရန် လုံလောက်လှသည်။

၎င်းပြင် အပြင်ဘက်ထက် ဝိညာဉ်စွမ်းအားနှင့် အင်မော်တယ်စွမ်းအားများမှာ ပိုမိုသိပ်သည်းလှသဖြင့် လျှို့ဝှက်နယ်မြေငယ်လေးတစ်ခုနှင့်ပင် တူနေသည်။

​ထို့အပြင် ထန်ထျန်းက ထူးခြားသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

​"ဒါက လ စွမ်းအား လား"

သူ၏ ဝိညာဉ်အာရုံဖြင့် ကြည့်လိုက်သောအခါ တစ်တောင်လုံးနှင့် ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်နံရံများပေါ်တွင် မှိတ်တုတ်မှိတ်တုတ်နှင့် ဖျော့တော့သော အလင်းတန်းလေးများကို တွေ့လိုက်ရသည်။

ထိုတောက်ပနေသော အလင်းတန်းများမှတစ်ဆင့် နူးညံ့သိမ်မွေ့သော တာအိုလှိုင်း များ စိမ့်ထွက်နေသည်။

ဤတာအိုလှိုင်းများက သက်ရှိတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအထိ သက်ရောက်မှုရှိသဖြင့် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းက တကယ်ပင် ထက်ဝက်အားစိုက်ရုံဖြင့် နှစ်ဆခရီးရောက်စေသည်။

​ထန်ထျန်း သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။

ထျန်းဖူနန်းတော် ဆိုသည့်အတိုင်းပင်။ ဤနေရာမျိုးသာ ပြင်ပကမ္ဘာတွင်ရှိလျှင် ယခင်က လျူလီလျှို့ဝှက်နယ်မြေထက်ပင် အဆင့်မနိမ့်ပေ။

သို့သော် ဤနေရာတွင်မူ တပည့်သစ်များအတွက် ယာယီနားခိုရာ နေရာတစ်ခုမျှသာ ဖြစ်သည်။

​"ထန်ထျန်း... ဒီနေရာက နေလို့ တော်တော်သက်သောင့်သက်သာရှိတာပဲ။"

" ကြောင်လေး (ရှောင်ပိုင်) လည်း ဒီနေရာကို သေချာပေါက် ကြိုက်မှာပဲ"

ကုရှောင်းရွှယ်ကလည်း ပတ်ဝန်းကျင်၏ ထူးခြားမှုကို ခံစားမိကာ အံ့သြတကြီး ပြောလိုက်သည်။

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

ကြောင်လေးအတွက်မူ တာအိုလှိုင်းများ ပါရှိသော လစွမ်းအားက အကောင်းဆုံး ကျင့်ကြံခြင်း ရတနာပင် ဖြစ်သည်။

သူသာ မြင်လျှင် ဝမ်းသာအားရ ခုန်ပေါက်နေပေလိမ့်မည်။

သို့သော် အခုက သူ့ကို အပြင်ထုတ်ရမည့် အချိန်မဟုတ်သေးပေ။

သူ့၏ တည်ရှိမှုက ထူးခြားလွန်းလှသဖြင့် အားကောင်းသော တည်ရှိမှုကြီးများက စောင့်ကြည့်နေပါက ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားနိုင်သည်။

ထို့ကြောင့် ထိုသို့ မစွန့်စား လိုပေ။

အတည်တကျ နေရာရပြီး ပတ်ဝန်းကျင်တွင် အန္တရာယ်မရှိကြောင်း သေချာမှသာ သူ့ကို အပြင်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

​စီမံသူများနောက်သို့ လိုက်ပါရင်း အားလုံးက တောင်ခြေရှိ နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာတွင် နေထိုင်ရာ အဆောက်အအုံများ ပိုမိုများပြားလှသည်။ တပည့်များစွာက ခေါင်းမော့ကာ တပည့်သစ်များကို ကြည့်နေကြသည်။ အချို့က စူးစမ်းကြသလို၊ အချို့ကမူ မဖုံးကွယ်နိုင်သော စိန်ခေါ်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

​"မင်းတို့ အားလုံး ဒီမှာ နေရမယ်။"

" အရင်က အဆင့်အတန်းတွေကို မေ့ပစ်လိုက်ကြတော့၊ အခုကစပြီး မင်းတို့အားလုံးက ထျန်းဖူနန်းတော်ရဲ့ တရားဝင်တပည့်တွေ ဖြစ်သွားပြီ။"

" အခု နေထိုင်စရာ နေရာတွေကို ခွဲပေးမယ်၊ ဘယ်နေရာရရ ငြင်းခွင့်မရှိဘူး။"

" ပိုကောင်းတဲ့နေရာမှာ နေချင်ရင်တော့ မင်းတို့မှာ အဲ့ဒီလောက် အရည်အချင်းရှိမရှိ ကြည့်ရမှာပဲ"

စီမံသူက အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်သည်။

​ထို့နောက် သူတို့က တပည့်သစ်များကို အုပ်စုများခွဲကာ နေရာအသီးသီးသို့ ခေါ်သွားကြသည်။

လမ်းတစ်ဝက်တွင်လည်း စီမံသူ အသစ်များက လူအချို့ကို ထပ်မံခွဲထုတ်ခေါ်သွားကြပြန်သည်။

​နာရီဝက်ခန့်အကြာတွင် လူငယ်တစ်ဦး ပျံတက်လာကာ ထန်ထျန်း အပါအဝင် တပည့်သစ် တစ်ရာကျော်ကို ခေါ်သွားတော့သည်။

သူတို့က အဆောက်အအုံများစွာရှိသော နေရာတစ်ခုသို့ ရောက်လာကြသည်။

ထိုနေရာတွင် တပည့်အတော်များများရှိနေသလို လွတ် နေသော အဆောင်များလည်း ရှိနေသည်။

​"ငါက ဒီနေရာ ရဲ့ စီမံသူ ဝမ်ရှို့ ပဲ၊ မင်းတို့ ငါ့ကို စီမံသူဝမ် လို့ ခေါ်လို့ရတယ်"

ဝမ်ရှို့က အတော်လေး ဖော်ရွေပုံရသည်။ သူက ဆက်ပြောသည်။ "မင်းတို့ ဒီမှာ နဂါးတံခါးစမ်းသပ်ပွဲ မစခင်အထိ ၄၂ ရက်ကြာ နေရမယ်။ "

"အချိန်က သိပ်မကြာဘူး၊ ခဏနေရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လှိုဏ်ဂူ တွေကို ဟိုဟာမကြိုက်ဘူး၊ ဒီဟာမကြိုက်ဘူးလို့ လာမရွေးနဲ့။ "

"ငါဘာပေးပေး အဲ့ဒီမှာပဲ နေရမယ်။"

" အခု တစ်ယောက်ချင်းစီ လာပြီး လှိုဏ် ဂူသော့တွေကို လာယူကြ"

​စကားဆုံးသည်နှင့် လူအချို့ ရှေ့သို့ တိုးသွားကြသည်။

ဝမ်ရှို့က သူတို့ထံသို့ ကျောက်စိမ်းပြားလေးများ ကမ်းပေးလိုက်သည်။

၎င်းမှာ ဂူဗိမာန်ထဲ ဝင်ရန် သော့ဖြစ်ပေလိမ့်မည်။

ထိုစဉ် တပည့်အများစုမှာ လိမ္မာစွာဖြင့် သော့ယူကာ ထွက်သွားကြသော်လည်း အချို့ကမူ ဖြတ်လမ်းနည်း သုံးချင်ကြသည်။

​ဂုဏ်ထူးဆောင်တပည့် အဆင့်အတန်းဖြင့် ဝင်လာပုံရသော တပည့်တစ်ဦးက ဖားလိုသောအပြုံးဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက် အချို့ကို ဝမ်ရှို့ထံ ကမ်းပေးကာ ပိုကောင်းသောနေရာတွင် နေလိုကြောင်း တိုးတိုးလေး ပြောလိုက်သည်။

သို့သော် လက်အောက်ခံဂိုဏ်းများတွင် အမြဲအောင်မြင်နေကျ ဤနည်းလမ်းက ဝမ်ရှို့ရှေ့တွင်မူ အသုံးမဝင်ခဲ့ပေ။

​ယခင်က နူးညံ့သိမ်မွေ့ပုံရသော ဝမ်ရှို့က ချက်ချင်းပင် တင်းမာသွားတော့သည်။

သူက ထိုတပည့်၏ လက်ထဲမှ ဝိညာဉ်ကျောက်များကို တွန်းထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းရဲ့ ဒီလို ယုတ်ညံ့တဲ့ စိတ်ကူးတွေကို သိမ်းလိုက်စမ်း"

" ထျန်းဖူနန်းတော်မှာ ဒီလိုကိစ္စမျိုးတွေ မရှိဘူး"

​အငေါက်ခံလိုက်ရသဖြင့် ထိုတပည့်မှာ မျက်နှာပျက်ကာ သူ၏ ဝိညာဉ်ကျောက်များကို ပြန်သိမ်းပြီး သော့ကိုယူကာ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။

၎င်းကို မြင်သောအခါ ထန်ထျန်း နှာခေါင်းကို တစ်ချက် ပွတ်လိုက်မိသည်။

ပိုက်ဆံကလည်း အသုံးမဝင်တဲ့နေ့ ရှိသေးတာလား

​ခဏအကြာတွင် သူလည်း ရှေ့သို့ တိုးသွားလိုက်သည်။

ဝမ်ရှို့က ဘာမှထူးထူးခြားခြား မလုပ်ဘဲ သေးငယ်သော ကျောက်စိမ်းပြားလေးတစ်ခု ကမ်းပေးလိုက်သည်။

ထန်ထျန်းက ကျောက်စိမ်းပြားကို ယူရင်း သေချာကြည့်လိုက်သောအခါ ၎င်းက သော့ဖြစ်ရုံသာမက သူနေရမည့် နေရာကို ပြသည့် အမှတ်အသားလည်း ဖြစ်နေသည်။

​ထို့ပြင် ၎င်းက လူတစ်ယောက်သာ နေ ​ရန် လုံလောက်သည့် အလွန်သေးငယ်သော လှိုဏ် ဂူဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

သို့သော် သူ၏ ဘေးတွင် လူငါးယောက် ရှိနေသည် မဟုတ်ပါလား။

သူ ခဏမျှ စဉ်းစားပြီးနောက် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

​"စီမံသူဝမ်..."

"ကျွန်တော် ဒီကိုလာတော့ နောက်လိုက်သုံးယောက်နဲ့ အဖော်တစ်ယောက် ပါလာတယ်၊ စုစုပေါင်း ငါးယောက်ရှိတယ်။ "

"ကျွန်တော်တို့ကို နည်းနည်း ပိုကျယ်တဲ့ လှိုဏ် ဂူလေးတစ်ခုလောက် စီစဉ်ပေးလို့ ရမလား"

ထန်ထျန်းက မေးလိုက်သည်။

​ဝမ်ရှို့က သူ့ကို တစ်ချက်ကြည့်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။ "ငါ ဘာပေးပေး အဲ့ဒါပဲ နေရမယ်။ "

"ကျင့်ကြံဖို့လာတာကို နောက်လိုက်တွေပါ ခေါ်လာရအောင် မင်းက ထျန်းဖူနန်းတော်ကို အပန်းဖြေဖို့လာတဲ့ နေရာလို့ ထင်နေတာလား"

​ဝမ်ရှို့၏ လေသံမှာ မကောင်းပေ။ ထန်ထျန်းကို လူရှုပ်လူပွေ သူဌေးသားလေးတစ်ဦးဟု သူ သတ်မှတ်လိုက်ပုံရသည်။

သို့သော် ထန်ထျန်းက လက်မလျှော့ပေ။ သူက လက်ဝါးကို ဖြန့်လိုက်ရာ တောက်ပနေသော ကျောက်တုံးအပုံလိုက်ကြီးမှာ ဝမ်ရှို့၏ ရှေ့တွင် ပေါ်လာတော့သည်။

ထိုကျောက်တုံးများကို သူက ဟင်းလင်းပြင်နည်းစနစ်ဖြင့် ဖုံးကွယ်ထားသဖြင့် ဝမ်ရှို့တစ်ဦးတည်းသာ မြင်နိုင်သည်။

​"ကျွန်တော့်ဘက်က အခြေအနေက နည်းနည်း ထူးခြားလို့ပါ။ "

"ကူညီ ပေး ပါဦး စီမံသူဝမ်"

ထန်ထျန်းက ပြော လိုက်သည်။

​ထန်ထျန်း၏ လုပ်ရပ်ကို မြင်သောအခါ ဝမ်ရှို့ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

သို့သော် သူ ဆူရန် ပြင်လိုက်စဉ်မှာပင် ထန်ထျန်း၏ လက်ထဲရှိ အရာမှာ သာမန်ဝိညာဉ်ကျောက်တုံးများ မဟုတ်သည်ကို သူတွေ့လိုက်ရသည်။

​၎င်းတို့မှာ ရှန့်ထန်း တာအိုကျောက်စိမ်း အတုံးပေါင်း ရာချီပင် ဖြစ်သည်။

" ဒါ....."

​ဝမ်ရှို့ ခဏမျှ နှုတ်ဆိတ်သွားပြီး စိတ်ထဲတွင် ဒွန်တွဲနေပုံရသည်။

သို့သော် မကြာမီပင် သူ၏ ရွေးချယ်မှုကို သူ အတည်ပြုလိုက်သည်။

​"ဒါ နောက်ဆုံးအကြိမ်ပဲနော်"

ပြောပြီးသည်နှင့် သူက နောက်ထပ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ထန်ထျန်းထံသို့ တိတ်တဆိတ် ကမ်းပေးလိုက်သည်။

​ထန်ထျန်းက ပြုံးလျက် ကျောက်စိမ်းပြားကို မကြည့်ဘဲ သိမ်းဆည်းလိုက်ပြီး လက်ထဲမှ ရှန့်ထန်း တာအိုကျောက်စိမ်းများကို ဝမ်ရှို့ထံ ပေးလိုက်သည်။

ဝမ်ရှို့ကလည်း လျင်မြန်စွာ သိမ်းလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ထန်ထျန်း မဟုတ်လား..."

" နောက်ဆို ဘာကိစ္စပဲရှိရှိ ငါ့ကို တိုက်ရိုက် လာရှာလို့ရတယ်။"

" ကဲ... နောက်တစ်ယောက်"

​ထန်ထျန်းက သော့ကိုယူကာ လူအုပ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

ခုနက အငေါက်ခံလိုက်ရသည့် တပည့်ကို ကြည့်ရင်း သူ အမှန်တရားတစ်ခုကို သဘောပေါက်လိုက်သည်။

​ထျန်းဖူနန်းတော်က ဒီလိုလာဘ်ထိုးတာမျိုးကို လက်မခံဘူးဆိုတာ မဟုတ်ပေ။

တကယ်တော့... ပေးတဲ့ ပိုက်ဆံက မလောက်လို့ကိုး

All Chapters