← Chapters

အခန်း (၄၅၅)

Vol. 46 Ch. 455

အခန်း (၄၅၅)

Vol. 46 Ch. 455

အရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ တုပိုင်ဘက်မှ လူများသည် တုပိုင်ကို တားဆီးရန် အချိန်ပင် မရလိုက်ပေ။ ကျီပြောင်ပြောင်သည် ခဏတာ ကြောင်အသွားပြီးမှ အရှေ့သို့ အသည်းအသန် ပြေးဝင်လာ၏။

ဤသားရဲဆန်း သရဲတွင်းသည် အလွန် နက်ရှိုင်းပြီး အတွင်းရှိ ထူးဆန်းသော အစိမ်းရောင် အဆိပ်ရည်သည်လည်း ၁၀ မီတာကျော် နက်သည်။

တုပိုင် ခုန်ချလိုက်ပြီးနောက် ချက်ချင်းပင် နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်ကျမှ လူတိုင်း အသိပြန်ဝင်လာကြသည်။

ဤအစိမ်းရောင် အဆိပ်ရည်သည် အလွန် ရင်းနှီးနေသည်။ သူတို့ လူသတ်ရာတွင် အသုံးပြုခဲ့သော အစိမ်းရောင် အဆိပ်ရည်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်။ ခန္ဓာကိုယ်ကို အနည်းငယ် ထိမိရုံမျှဖြင့် လုံးဝ ထိုးဖောက်တိုက်စားသွားမည့် ကြောက်မက်ဖွယ် အဆိပ်ရည်ကြီးပင် ဖြစ်လေ၏။

ယင်းသည် အဆိပ်ရည် တစ်မျိုးတည်းသာ မဟုတ်ဘဲ ပြင်းထန်သော အက်ဆစ် ၊ ဆာလဖျူရစ်အက်ဆစ်ထက် ပိုမို ပြင်းထန်သော အက်ဆစ်လည်း ဖြစ်သည်။ ပြုတ်ကျသွားသူ မည်သူမဆို ခဏအတွင်း အရိုးစု ဖြစ်သွားမည်မှာ သေချာပြီး ၊ အသားနှင့် သွေးများသည် ရွှံ့အိုင်ကဲ့သို့ အရည်ပျော်ကျသွားပေလိမ့်မည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်...။

“အားးးး”

ရုတ်တရက် အမျိုးသမီးနှစ်ဦး ထံမှ စူးရှသော အော်ဟစ်သံများ တစ်ပြိုင်နက် ထွက်ပေါ်လာပြီး လူအုပ်ကြားထဲမှ ပြေးထွက်သွားကြသည်။ သူတို့မှာ အထိန်းတော် တုလီနီယန်နှင့် သူမ၏ သမီး တုဖိန်အာ တို့ ဖြစ်ကြသည်။ တုပိုင်နှင့် သူမတို့၏ ဇာတ်လမ်းသည် အလွန် ဝမ်းနည်းစရာ ကောင်းပြီး ကျေးဇူးကန်းရာ ကျပေသည်။ ပိုင်ဆယ်မြို့သို့ ပြန်ရောက်ပြီးနောက် တုပိုင်သည် အထိန်းတော်ကြီးကို သွားရောက် တွေ့ဆုံရန် အချိန်ပင် မရခဲ့ပေ။

အရာအားလုံးသည် အလွန် အလျင်လိုနေသောကြောင့် သူကိုယ်တိုင်ပင် ပိုင်ဆယ်မြို့တွင် တစ်ရက်မျှ ပြည့်အောင် မနေခဲ့ရပေ။ ထိုကဲ့သို့ အန္တရာယ်များသော နေရာတွင် တစ်ရက်ပိုနေခြင်းသည် အန္တရာယ် တစ်ခု ပိုများခြင်းပင် ဖြစ်သည်။

နောက်ရက်များတွင် တုပိုင်သည် အဖွဲ့ကို ဦးဆောင်ပြီး တောင်ဘက်သို့ ထွက်ခွာခဲ့သည်။ မျဉ်းဖြောင့် အကွာအဝေးမှာ မိုင်ရာဂဏန်းမျှသာ ရှိသော်လည်း ကွေ့ကောက်သော လမ်းခရီးကြောင့် အနည်းဆုံး မိုင်တစ်ထောင်ခန့် လမ်းလျှောက်ခဲ့ရသည်။ တုပိုင်သည် လူထောင်ပေါင်းများစွာကို ဂရုစိုက်နေရသဖြင့် သူ၏ အထိန်းတော်နှင့် ညီမလေး တုဖိန်အာတို့ အနားသို့ပင် သိပ်မကပ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် တုပိုင်သည် သားရဲဆန်း သရဲတွင်းထဲသို့ ခုန်ဆင်းသွားပြီး အစိမ်းရောင် အဆိပ်ရည်ထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ...။

အထိန်းတော်ကြီးနှင့် တုဖိန်အာတို့ သားအမိသည် ခဏမျှ အော်ဟစ်ပြီးနောက် ပြေးထွက်သွားကာ တွင်းထဲသို့ တိုက်ရိုက် ခုန်ချလိုက်ကြသည်။ မည်သည့် တုန့်ဆိုင်းမှုမျှ မရှိဘဲ နှစ်ယောက်စလုံး တည့်တည့် ခုန်ချလိုက်ကြသည်။ တုပိုင်ကို ကယ်တင်ချင်၍လား ၊ သို့မဟုတ် တုပိုင်နောက်သို့ လိုက်သွားချင်၍လား။

ကျီပြောင်ပြောင်၏ အာရုံစိုက်မှုသည် တုပိုင်ဆီတွင်သာ အမြဲ ရှိနေသဖြင့် ပတ်ဝန်းကျင် အခြေအနေကို သတိမထားမိခဲ့ပေ။ တုလီနီယန်နှင့် တုဖိန်အာတို့ သားအမိ သရဲတွင်းထဲသို့ ခုန်ချလိုက်သည်ကို တွေ့လိုက်ရသောအခါ တားဆီးရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

တုပိုင်၏ ဆွေမျိုးနှစ်ယောက်လုံး အသားရည်ပျော်ကျပြီး သေဆုံးတော့မည့် မြင်ကွင်းကို အားလုံးက မြင်ယောင်နေမိသည်။

“ဖူးးးး”

ထိုအခိုက် ရုတ်တရက် အသက်တစ်ထောင်ကျော်နေပြီဖြစ်သော အလွန်အစွမ်းထက်သည့် ရေနဂါးကြီးသည် လေတစ်ချက် မှုတ်ထုတ်လိုက်သည်။

ချက်ချင်းပင် အစိမ်းရောင် အဆိပ်ရည်ထဲသို့ ကျလုနီးပါး ဖြစ်နေသော တုလီနီယန်တို့ သားအမိသည် တိုက်ရိုက် ပြန်လွင့်ထွက်လာပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြလေသည်။ နာကျင်မှု အချို့ ရှိသော်လည်း ဒဏ်ရာ အပြင်းအထန် မရရှိခဲ့ပေ။

လူတိုင်းသည် သားရဲဆန်း သရဲတွင်းကို စိုက်ကြည့်နေကြသည်။ သူတို့၏ ခေါင်းဆောင် တုပိုင် သေဆုံးသွားပြီလား။

အကယ်၍ သေဆုံးသွားခဲ့လျှင် မျှော်လင့်ချက် လုံးဝ ကင်းမဲ့သွားပြီဖြစ်ကာ ၊ ဤနေရာရှိ လူအားလုံးလည်း သေဆုံးကြရတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်သည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သောကြောင့်ပင်။ တုပိုင်သာ မပါလျှင် သူတို့ ဤနေရာသို့ ရောက်လာနိုင်မည် မဟုတ်ဘဲ လမ်းခုလတ်မှာတင် သေဆုံးကုန်ကြပြီး ဖြစ်လိမ့်မည်။

ထိုအချိန်မှာပင်...။

သားရဲဆန်း သရဲတွင်းထဲရှိ အစိမ်းရောင် အဆိပ်ရည်များသည် အရောင်စတင် ပြောင်းလဲလာကြောင်း လူတိုင်း အံ့သြစွာ တွေ့ရှိလိုက်ရသည်။ အစွမ်းထက်သော နှစ်တစ်ထောင် ရေနဂါးကြီး၏ အကြည့်အောက်မှာပင် အစိမ်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး အဝါရောင်များ တဖြည်းဖြည်း ပေါ်လာတော့သည်။

ချက်ချင်းပင် ကျီပြောင်ပြောင်နှင့် အခြားလူများ အတိုင်းအဆမဲ့ ပျော်ရွှင်သွားကြသည်။ သူတို့၏ ခေါင်းဆောင် တုပိုင်သည် အမှန်တကယ်ပင် အံ့ဖွယ်အမှုများကို ဖန်တီးရန် မွေးဖွားလာသူ ဖြစ်ပေသည်။ သားရဲဆန်း သရဲတွင်းထဲရှိ အဆိပ်ရည်၏ အရောင်သည် ပိုမို ဝါလာလေသည်။

အရာအားလုံးသည် ပြီးပြည့်စုံသွားပြီဟု လူတိုင်း ခံစားလိုက်ရပြီး ၊ တုပိုင်သည် သမိုင်းတစ်လျှောက် နဂါးနတ်ဘုရား၏ စစ်ဆေးမှုကို အောင်မြင်နိုင်သည့် တတိယမြောက် လူသား ဖြစ်လာတော့မည်ဟု ယုံကြည်လိုက်ကြသည်။

သို့သော် သားရဲဆန်း သရဲတွင်းထဲရှိ အဆိပ်ရည်၏ အရောင်သည် အဝါရောင်အဖြစ် ပြောင်းလဲနေရာမှ ရုတ်တရက် ရွှေရောင်အဖြစ် တောက်ပလာပြီး အလင်းရောင်များ စတင် ထုတ်လွှတ်လာသည်။

ရွှေရောင်... ရွှေအစစ်၏ အရောင်။

လူတိုင်း လုံးဝ မှင်သက်သွားကြသည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲမှ အသံရှင်ပင်လျှင် အာမေဋိတ်သံ တစ်ချက် ပြုလိုက်သည်။

‘ဒါ... ဒါက ဘာသဘောလဲ’

အရင်က ပြောခဲ့သလို အစိမ်းရောင် အဆိပ်ရည်သည် အဝါရောင် ပြောင်းသွားလျှင် နဂါးနတ်ဘုရား၏ စစ်ဆေးမှုကို အောင်မြင်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် ရွှေရောင် ဖြစ်သွားခြင်းက မည်သည့်သဘောနည်း။

သေချာသည်မှာ ရွှေရောင်သည် အဝါရောင်ထက် သေချာပေါက် ပိုမြင့်သော အဆင့်အတန်း ဖြစ်သည်။

ဤသည်မှာ နှစ်ပေါင်း တစ်ထောင်နီးပါးအတွင်း တစ်ခါမျှ မကြုံဖူးသော အံ့ဖွယ်အမှုကြီး တစ်ခုပင်။ လူထောင်ပေါင်းများစွာသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင် တုပိုင်သည် အမှန်တကယ်ပင် ကံတရား၏ သားတော် ဖြစ်ပေသည်။

ခဏအကြာတွင် တုပိုင်သည် အကောင်းပကတိအတိုင်း ပြန်ပေါ်လာသည်။ ရေနဂါးကြီးက လေတစ်ချက် မှုတ်ထုတ်လိုက်ရာ တုပိုင်သည် သားရဲဆန်း သရဲတွင်းထဲမှ တိုက်ရိုက် ပေါလောပေါ်လာသည်။ အကြိမ်ပေါင်းများစွာတွင် တုပိုင်သည် သူ၏ ကံကောင်းမှုကြောင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် ယနေ့ နဂါးနတ်ဘုရား၏ စစ်ဆေးမှုသည် ကံတရားကြောင့် မဟုတ်ပေ။ အကြောင်းပြချက်က အလွန် ရှင်းလင်းသည်။ သူ၏ ချီပင်လယ်ထဲရှိ နဂါးသွေးမှ ရွှေရောင်စွမ်းအင်ကြောင့် ဖြစ်သည်။ ထိုနဂါးသွေး၏ ရွှေရောင်စွမ်းအင်သည် များစွာ အသုံးဝင်လိမ့်မည်ဟု တုပိုင် ထိုစဉ်ကတည်းက သိရှိခဲ့သည်။

သို့သော် ဤမျှ ကြီးမားသော အသုံးဝင်မှု ရှိလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။ ​နဂါးသွေးသည် တုပိုင်အား အံ့ဖွယ်အမှုများကို ထပ်ခါတလဲလဲ ဖန်တီးပေးနိုင်ခဲ့သည်။

“ကြိုဆိုပါတယ်... ကျွန်ုပ်ရဲ့ ဧည့်သည်တော်... ခင်ဗျားဟာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ဝင်ရောက်ခွင့်ရတဲ့ တတိယမြောက် ဧည့်သည် ဖြစ်လာခဲ့ပါပြီ”

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲမှ အဝေးမှ အသံက ပြောလိုက်၏။

“ဂျုန်း... ဂရားးးး”

ထို့နောက် မီတာ ၂၀ ရှည်လျားသော ကျောက်တံခါးကြီးသည် စတင် လည်ပတ်သွားပြီး နှစ်မီတာမြင့်သော ဝင်ပေါက်တစ်ခု ပေါ်လာသည်။

“ဧည့်သည်တော်... ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းပဲ ဝင်ခွင့်ရှိပါတယ်”

ကျီပြောင်ပြောင်သည် တုပိုင်အား မိစ္ဆာနှိမ်နင်းပုတီးစေ့ကို ပြန်ပေးလိုက်သည်။ တုပိုင်သည် သူ၏ လက်အောက်ရှိ လူထောင်ပေါင်းများစွာကို ကြည့်လိုက်သည်။

ဤလူများသည် ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေကြပြီ။ အစားအစာလည်း ကုန်ခါနီးပြီဖြစ်သည်။ အများဆုံး သုံးရက်မှ ငါးရက်အတွင်း သက်ကြီးရွယ်အို နှစ်ထောင်ခန့်သည် အစုလိုက်အပြုံလိုက် စတင် သေဆုံးကြတော့မည် ဖြစ်သည်။

တုပိုင် ကျယ်လောင်စွာ ပြောလိုက်၏။

“ညီအစ်ကို မောင်နှမများနဲ့ လူကြီးသူမများ ခင်ဗျာ... ကျွန်တော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲကို တစ်ယောက်တည်း အရင်ဝင်လိုက်ပါမယ်။ နှစ်ရက် ၊ ၂၄ နာရီအတွင်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ တံခါးကို ဖွင့်ပြီး ခင်ဗျားတို့ အားလုံးကို ဝင်ခွင့်ရအောင် လုပ်ပေးပါမယ်လို့ ကျိန်ဆိုပါတယ်။ ခင်ဗျားတို့ ဒီအံ့ဖွယ်မြို့တော်ကြီးမှာ နေထိုင်ခွင့် ရကြမှာပါ။ နောက်နောင် ဘယ်တော့မှ အိုးမဲ့အိမ်မဲ့ မဖြစ်စေရပါဘူး။ ဘာကိုမှ စိတ်ပူစရာ မလိုစေရပါဘူး”

အဝေးမှ အသံက ပြောလိုက်၏။

“ဧည့်သည်တော်... ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ကြယ်ကြွေမျိုးနွယ်က ဒီကောင်းကင်ဘုံက ပေးတဲ့မြေကို ဘယ်ပြင်ပလူနဲ့မှ ဝေမျှမသုံးစွဲနိုင်ပါဘူး။ လူလေးထောင်ဆို ပိုဆိုးတာပေါ့။ ခင်ဗျားက အစိမ်းရောင် အဆိပ်ရည်ကို ရွှေရောင်ပြောင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့လို့ ဧည့်သည်တော် ဖြစ်လာတာပါ။ ခင်ဗျားတောင် ဒီပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ နေထိုင်ခွင့် မရနိုင်ဘူးဆိုရင် ခင်ဗျားရဲ့ လူလေးငါးထောင်ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး”

တုပိုင် ထိုအချက်ကို ကောင်းကောင်း နားလည်သည်။

ဤသည်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံက ပေးသော မြေဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က အခြားကမ္ဘာမှ ကြီးမားသော ကြယ်ကြွေများ ဝင်တိုက်ရာမှ ဖြစ်ပေါ်လာပြီး အခြားကမ္ဘာမှ စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ ဤနေရာတွင် နေထိုင်ခြင်းအားဖြင့် အသက် ၁၅၀ ကျော် ရှည်နိုင်သည် ၊ နုပျိုနိုင်သည် ၊ လှပနိုင်သည် ၊ သန်မာနိုင်သည်။

ဤကဲ့သို့သော ရတနာသိုက်ကို ဘယ်သူက ဝေမျှချင်မည်နည်း။ အထူးသဖြင့် လူလေးငါးထောင် တစ်ပြိုင်နက် ဝင်ရောက်လာမည် ဆိုပါက တုပိုင်သာ သူတို့နေရာတွင်ဆိုပါကလည်း ကျိန်းသေပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် လူလေးငါးထောင် ဤမြို့တွင် အတူတကွ နေထိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

တုပိုင်က မေးလိုက်၏။ “ခင်ဗျားတို့ ကျွန်တော့်ကို ယုံလား”

လူထောင်ပေါင်းများစွာက ကျယ်လောင်စွာ ပြန်ဖြေကြ၏။ “ယုံတယ်”

တုပိုင်သည် အစ်မကြီး ကျီပြောင်ပြောင် ၊ အထိန်းတော်ကြီးနှင့် ညီမလေး တုဖိန်အာ အပါအဝင် လူထောင်ပေါင်းများစွာကို ဦးညွှတ်လိုက်သည်။

‘နှစ်ရက်အတွင်း... မင်းတို့ကို ဒီအံ့ဖွယ်မြို့တော်မှာ သေချာပေါက် နေထိုင်ခွင့် ရအောင် လုပ်ပေးမယ်’

**--**--**--**--**--**--**--**

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ကျောက်တံခါးကြီးသည် တကယ်ပင် ထူထဲလှသည်။ ဆယ်မီတာကျော် ထူသည်။ တုပိုင်သည် ဝင်ပေါက်ကို ဖြတ်သန်းပြီး ရှည်လျားသော စင်္ကြံလမ်းကို လျှောက်လှမ်းသွားရာ အဆုံးတွင် တံခါးတစ်ချပ် ရှိနေသည်။

တုပိုင် ရှေ့သို့ တိုးသွားပြီး တံခါးကို ဖွင့်လိုက်သည်။

ရုတ်တရက် သူ၏ မျက်လုံးများ လင်းလက်သွားပြီး နေရောင်ခြည်တန်းများ မျက်လုံးထဲသို့ ဝင်ရောက်လာသဖြင့် မြေအောက်လိုဏ်ဂူထဲတွင် အကြာကြီး လမ်းလျှောက်ခဲ့ရသော တုပိုင်သည် မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်တော့ပေ။

ခဏအကြာတွင် သူသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။

ခွေးအိမ်သခင်ကြီး၏ မှတ်ဉာဏ်ထဲတွင် ဤမြို့အကြောင်းကို ဖတ်ဖူးသော်လည်း ၊ လက်တွေ့ မြင်လိုက်ရသောအခါ ယင်း၏ အံ့ဖွယ်ကောင်းမှု ၊ အိပ်မက်ဆန်မှုနှင့် လှပမှုတို့ကြောင့် တုန်လှုပ်သွားရသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော် လူအများအပြား ဤနာမည်ကို ကြားလျှင် ပထမဆုံး တုံ့ပြန်မှုမှာ မှောင်မိုက်ပြီး ခြောက်ခြားဖွယ်ကောင်းသော “Legend” ဂိမ်းထဲမှ မြေအောက်ခန်းကို ပြေးမြင်ကြပေလိမ့်မည်။

သို့သော် ဤနေရာသည် ထိုကဲ့သို့ လုံးဝ မဟုတ်ပေ။

ထိုစဉ်က ကြီးမားသော ကြွေလာသည့် ကြယ်များသည် ဤဒေသတွင် ကြီးမားသော တွင်းနက်ကြီး အနည်းငယ်ကို ချန်ထားခဲ့သည်။ ထို့ပြင် အခြားကမ္ဘာမှ စွမ်းအင်အားလုံးသည် ဤတွင်းနက်ကြီးထဲတွင် ကျန်ရှိနေခဲ့သည်။

မျက်စိရှေ့မှောက်ရှိ တွင်းနက်ကြီးသည် အချင်း မိုင် ၂၀ ရှိပြီး အနက် မီတာ ၉၀၀ ခန့် ရှိသည်။

တစ်မြို့လုံးကို ဤတွင်းနက်ကြီးထဲတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော အိမ်များသည် တစ်ခုနှင့်တစ်ခု ထပ်လျက် တည်ဆောက်ထားပြီး အထပ်ပေါင်း ဒါဇင်နှင့်ချီ ရှိသည်။ အပေါ်ဆုံးတွင် စိုက်ခင်းများနှင့် လယ်ကွင်းများ ရှိပြီး စုစုပေါင်း ဧကသောင်းချီ ကျယ်ဝန်းလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၅၅ ပြီး။

All Chapters