← Chapters

မသိသောကြောင့်လမ်းလွှဲလိုက်မိခြင်း

Vol. 1 Ch. 46

မသိသောကြောင့်လမ်းလွှဲလိုက်မိခြင်း

Vol. 1 Ch. 46

"မင်းကို ဘာလက်ဆောင် ပေးရမလဲ စဉ်းစားရတာ ခေါင်းတောင် ကိုက်တယ်။ ရတနာ ပစ္စည်းတစ်ခုခုကို ကျုပ်လွယ်လွယ်နဲ့ ဝယ်ပေးလိုက်လို့ ရတာပဲ။ ဒါပေမယ့် အဲဒါက လုံးဝသာမန် ဖြစ်နေတယ်။ သိုင်းကျမ်းစာအုပ်တွေ ဝယ်ပေး ပြန်ရင်လည်း မင်းလို လူမျိုးအတွက် အသုံးဝင်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းကို ဘာပေးရမလဲ အများကြီး စဉ်းစားခဲ့ရတယ်။  ပြီးတော့ မင်းရဲ့ အဖေကလည်း ကျုပ်ကို ဒီကိုလာဖို့ ဖိတ်ထားတယ် ဆိုတော့ မင်းတို့ကျုပ်ကို တောင်းဆိုချင်တာ ရှိရင် အဲဒါကို ဖြည့်ဆည်းပေးလိုက်တာက အကောင်းဆုံး လက်ဆောင်လို့ ကျုပ်က ယူဆမိတာပဲ"

ဆန်းလျန်က ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ အရိုအသေပေးရင်း ပြောလိုက် လေသည်။

"လူငယ်လေး။ မင်းကတကယ် ဉာဏ်ကောင်းတာပဲ။ စစ်စစ်နျန်။ သူ့ကို အခက်တွေ့အောင် လုပ်မနေနဲ့တော့"

ရယ်မောရင်းနှင့် ပြောလိုက်သည့် အဘိုးအို တစ်ယောက်၏အသံကို ကြားလိုက်ရလေသည်။

ရှင်းစစ်စစ်နျန်မှာ မျက်လုံးကို တစ်ချက် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး မက်မွန်ပင်ကြီးကို တစ်ချက် ရိုက်လိုက်ကာ ဝတ်ကျောင်းတော် အတွင်းသို့ ဝင်သွားလေတော့သည်။

ဝတ်ကျောင်းတော်ထဲတွင် ဆန်းလျန် ပထမဆုံး တွေ့ရသည့်သူမှာ ရှင်းစစ်စစ်နျန်နှင့် ခပ်ဆင်ဆင်တူသည့် အဘိုးအိုတစ်ယောက် ဖြစ်လေသည်။ အဘိုးအိုဆီမှ ဉာဏ်ပညာကြီးမားသည့် အငွေ့အသက်များ ရနေလေသည်။ ဘဝတွင် အချိန်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့်ပုံ ရလေသည်။ သူ၏ အကြည့်များက ဆန်းသခင်ကြီး၏ အကြည့်များထက်ပင် တည်ကြည်လေးနက် နေသေးသည်။

အသိဉာဏ်ပညာ ကြီးမားသူများမှာ လောကကြီး၏ သစ္စာမဲ့မှု များကို အတွေ့အကြုံ များစွာ ရှိကြလေသည်။ သူတို့ဝိညာဉ်ကို ငြိမ်အေးအောင် လေ့ကျင့်ထားမှု မရှိသည့်တိုင် အေးအေးဆေးဆေးနှင့် တည်တည်ငြိမ်ငြိမ် နေထိုင်နိုင်ကြ လေသည်။

အဘိုးအို၏ အတွေ့အကြုံများအရ မြင့်မားသည့် တောင်ကြီးတစ်ခုလုံး သူ့မျက်စိရှေ့တွင် ပြိုကျသည့်တိုင် တုန်လှုပ်မည့်ပုံ မပေါက်ပေ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် အဘိုးအို၏ တရားအလင်းဓာတ်မှာ အလွန်မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ အဘိုးအိုမှာ နတ်ဘုရားတစ်ပါး မဖြစ်နိုင်သလို တရားဓမ္မ ကျင့်ကြံအောင်မြင် သွားသည့် သူတစ်ယောက်လည်း မဟုတ်ပါ။ သို့သော် သူက လောကီကိစ္စများမှ ကင်းလွတ်နေသည့်ပုံ ရလေသည်။

ထိုကဲ့သို့ ဝိညာဉ်ရေးရာ ငြိမ်းအေးမှုမှာ ဝိညာဉ်စွမ်းအား မကောင်းဘဲနှင့်တော့ ရရှိနိုင်ခြင်း မရှိပေ။ ဘဝ တစ်လျှောက်လုံးတွင် ရယူပိုင်ဆိုင် ခဲ့ပြီးသလို ရယူခဲ့သည် များကိုလည်း စွန့်လွှတ်နိုင်စွမ်း ရှိရမည် ဖြစ်လေသည်။

ဆန်းလျန်မှာ အလွန်ပင် တည်ငြိမ်သည့် လူငယ်တစ်ယောက် ဖြစ်လေသည်။ သို့သော် ဝိညာဉ်ရေးရာ ငြိမ်းအေးမှုတွင်တော့ ဆန်းသခင်ကြီးနှင့် သူ၏ရှေ့တွင် ရှိနေသည့် အဘိုးအို တို့ကို ယှဉ်နိုင်ခြင်း မရှိပေ။

အဘိုးအိုမှာ ဟန်ဆောင်မှု ကင်းစင်လေသည်။ သူကခေါင်းကို အသာညိတ် ပြလိုက်သည့် ရိုးရှင်း သည့် ဟန်အမူအရာက သူ့ကိုပိုပြီး အသက်ကြီးဟန်နှင့် အားနည်းဟန် ပေါ်စေလေသည်။

ဆန်းလျန်မှာ သင်ယူနေဆဲ လူငယ် တစ်ယောက်မျှသာ ဖြစ်လေသည်။ အသက်ကြီး သူများထံမှ ပညာများ လေ့လာသင်ယူ ရဦးမည် ဖြစ်လေသည်။ အသက် ကြီးသူများမှာ အသက် ရှစ်ဆယ်။ ကိုးဆယ် ရှိလျှင် စွမ်းအားပြည့်ဝပြီး အေးဆေးတည်ငြိမ် ကြလေသည်။ အငြင်းပွားကြသည့် အချိန်တွင်ပင် အေးအေး ဆေးဆေးနှင့် မတူညီသည့် အကြောင်းအရာကို ပြောဆို ကြလေသည်။

"ဆန်းလျန် ဂါရဝ ပြုပါတယ် အဘိုး"

ဆန်းလျန် ရိုသေစွာဖြင့် ပြောလိုက်လေသည်။

"လူငယ်လေး။ မင်း နှင်းတောထဲကို ဖြတ်ပြီး အဝေးကြီး ခရီးနှင်ခဲ့ရတာ။ ကျုပ်တို့က နည်းနည်း လေး မောက်မာသလို ဖြစ်သွားပေမယ့် မင်းရဲ့ သတ္တိရှိမှုကို စမ်းသပ်ချင်လို့ပါ။ မင်းဟာ တကယ့်ကို ကျောက်စိမ်းကောင်း တစ်ခုလို သိပ်တည်ငြိမ်တာပဲ။ ကျုပ်လူရွေးတာ မှန်သွားပြီ"

အဘိုးအိုက ဆန်းလျန်ကို ထိုင်ရန် အချက်ပြလိုက်သည်။

ဆောင်းညတွင် တိုက်ခတ်လာသည့် လေမှာ အေးစက် လွန်းလှလေသည်။ သို့သော် အဘိုးအိုနှင့် ဆန်းလျန်ကတော့ ဂရုမစိုက်ပါ။ မီးလင်းဖို နံဘေးတွင် ထိုင်ပြီး စကားစမြည် ပြောနေကြလေသည်။

ရှင်းစစ်စစ်နျန်က သူတို့အတွက် လက်ဖက်ရည် ယူလာလေသည်။ လက်ဖက်ရည်မှာ ကြည်လင် နေသော်လည်း ပွက်ပွက်ဆူနေကာ အလွန်ပူသော လက်ဖက်ရည် ဖြစ်လေသည်။

ဆန်းလျန်က လက်ဖက်ရည်ကို အနည်းငယ် သောက်ပြီး အပူချိန်ကို စမ်းသပ် ကြည့်လိုက်သည်။ လက်ဖက်ရည်မှာ သိပ်ပူလွန်းခြင်း မရှိသဖြင့် တုန့်ဆိုင်းခြင်း မရှိဘဲ အကုန်သောက်ချ လိုက်လေ တော့သည်။ သောက်ပြီးသွားသည်နှင့် သူ့ဝမ်းဗိုက်ထဲတွင် နွေးထွေးသွားရပြီး ထိုခံစားချက်မှာ အလွန်ပင် ကောင်းလေသည်။

"လက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ထားမှာ မကြောက်ဘူးလား"

ရှင်းစစ်စစ်နျန်က မထိတထိ မေးလိုက်လေသည်။

"မင်းအဖေ ရဲ့လျိုယွင်ကို လုပ်ခဲ့တာက လုံးဝ ခန့်မှန်းရခက်တယ်။ ကျုပ်က သတိထားနေတယ် ဆိုရင်တောင်မှ မင်းအဖေက ကျုပ်ကို ဒုက္ခပေးချင်တယ် ဆိုရင် တားဆီးလို့ရမှာ မဟုတ်ဘူး။ ပွင့်ပွင့် လင်းလင်းနဲ့ ရိုးရိုးသားသားပဲ ပြောပြတာပါ"

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။

ဆန်းလျန်နှင့် အဘိုးအိုမှာ ပညာပိုင်းဆိုင်ရာတွင် များစွာကွာခြား လေသည်။ အဘိုးအိုကို လှည့်စား၍ မရနိုင်ပေ။ ထို့ကြောင့် ယဉ်ယဉ် ကျေးကျေးပင် ပြုမူနေထိုင် လိုက်လေသည်။

"ဒီရေနွေးက ဝိညာဉ်ကို နိုးထစေတဲ့ ဆေးရည်ပါ။ ဆုံးသွားတဲ့ ကျုပ်ရဲ့မိတ်ဆွေ တစ်ယောက်က ဒီဆေးကျိုနည်းကို သင်ပေးခဲ့တာ။ မင်းက အရမ်းကြိုးစားပြီး စိတ်ဝိညာဉ်က သန့်စင်နေတယ် ဆိုပေမယ့် မင်းရဲ့ ခန္ဓာကိုယ်က မင်းရဲ့စိတ်အတိုင်း လိုက်မလုပ် နိုင်တာမျိုးတွေ ရှိတယ်လေ။ နာမ်လောကထဲကို မင်းလည်း ရောက်ဖူးတာပဲ။ ဒါပေမယ့် အဆင့်လွန် အခြေအနေမျိုးထိ မင်းမှာ အတွေ့အကြုံ မရှိသေးဘူး။ ဒီတိုင်းသာ မင်းဆက်သွားနေမယ် ဆိုရင် သိပ်မကြာခင် နာမ်လောကထဲမှာ ပိတ်မိ နေလိမ့်မယ်"

အဘိုးအိုမှာ ဆန်းလျန်ကို ထိုးဖောက် မြင်နိုင်သည့် စွမ်းအား ရှိနေသကဲ့သို့ပင် ပြောလိုက် လေသည်။

ဆရာမရှိဘဲ သူ့ဟာသူ လေ့ကျင့်နေခြင်းက အနှေးနဲ့အမြန် ဒုက္ခ ရောက်တော့မည်ကို ဆန်းလျန် ကိုယ်တိုင်လည်း သိနေခဲ့ပါသည်။ သူက အဆက်မပြတ် သတိထားပြီး လေ့ကျင့်နေလျှင် အဆင်ပြေသွား နိုင်သည်ဟု မျှော်လင့် ထားသော်လည်း ရှောင်လွှဲမရနိုင်သည့် အခြေအနေ များစွာက စောင့်ကြိုနေမည် ဖြစ်လေသည်။

အဘိုးအိုက စကားကို သွယ်ဝိုက်ပြောနေခြင်း ဖြစ်သော်လည်း သူ့စကားများမှာ အမှန်တရား များပင် ဖြစ်လေသည်။

ယခင်တစ်နေ့က ဆန်းရော့ရှီကို မက်မွန်ပန်းအကြောင်း ကဗျာ ရွတ်ပြနေစဉ် ရုတ်တရက် ဆုံချက်များကို ဖြတ်ကာ စီးဆင်းမှုတစ်ခု ဖြစ်သည်ကို သူရုတ်တရက် ခံစားလိုက်မိလေသည်။ သူ၏ စိတ်အာရုံ စူးစိုက်မှုကို အသုံးပြုပြီး ဖြစ်ချင်သည့် ဆန္ဒများကို ချိုးနှိမ် ဖိနှိပ်ထားပါက သူ၏ ကိုယ်တွင်းမှ စွမ်းအားများကို ထိန်းချုပ်ရန် ခက်ခဲကြောင်း သူရိပ်မိ ထားလေသည်။

ကဗျာမှာ သူ၏ စိတ်နေသဘောထားကို ထင်ဟပ် စေသည့်တိုင် သူ၏ ကိုယ်တွင်း စွမ်းအားများ ကို ထိုကဲ့သို့ ကြီးကြီးမားမား သက်ရောက် ရလောက်သည် အထိတော့ မဖြစ်သင့်ပေ။

ဤသည်မှာ တာအိုလမ်းစဉ်၏ လှည့်စားမှုပင် ဖြစ်လေသည်။ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန်ထက် ကိုယ်တွင်းမှ စွမ်းအားကို ထိန်းချုပ်ရန်က ပိုပြီး ခက်ခဲလေသည်။

ဆန်းလျန်မှာ တာအိုပါရမီရှင် တစ်ယောက်အဖြစ် မွေးဖွားလာသည့်သူ မဟုတ်ပါ။ တိုက်ဆိုင်မှု နှင့် အခွင့်အရေးများ ရခဲ့သည့် အတွက်သာ သူလက်ရှိ ရောက်နေသည့် အဆင့်သို့ ရောက်လာခြင်း ဖြစ်လေသည်။

ကံကောင်းသည်မှာ သူ၏စိတ်မှာ အရင်လူဖြစ်သည့် ဆန်းလျန်အဟောင်းနှင့် ယှဉ်လျှင် ပိုပြီး တည်ငြိမ်ခြင်းပင် ဖြစ်လေသည်။ သူ၏ စိတ်တည်ငြိမ်ခြင်းကပင် သူ့ကို ဒုက္ခ မရောက်အောင် ကယ်တင်ထားခြင်း ဖြစ်လေသည်။

"ကျွန်တော့်ကို သင်ပြပေးပါဦး အဘိုး"

ဆန်းလျန်က သူရင်ဆိုင် နေရသည့် ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အဘိုးအိုဆီမှ သင်ကြားပေးမှုကို တောင်းခံ လိုက်လေသည်။

"လူငယ်လေး။ ကျုပ်ကမင်းထက် အသက်အများကြီး ကြီးပေမယ့် တာအိုလမ်းစဉ်မှာတော့ သိပ်ပြီး မကွာလှပါဘူး။ ဒါကြောင့် ကျုပ်နာမည်ကိုပဲ ခေါ်ပါ။ ကျုပ်မျိုးနွယ်က ရှင်းမျိုးနွယ်ပါ။ စစ်စစ်နျန်က ကျုပ်ရဲ့ ဆယ့်လေးယောက်မြောက် သမီးလေ။ ဒါကြောင့် သူ့ကို စစ်စစ်နျန်လို့ ခေါ်တာပေါ့။ ပြီးတော့ ကျုပ် လူ့လောကထဲမှာ ခြေဦးတည့်ရာ လျှောက်သွားနေတုန်း ကျုပ်ကိုယ်ကျုပ် ရှင်းချွိပင်းကျိရှောင်အန်း လို့ နာမည်ပေးထားတယ်"

ရှင်းချွိပင်းက နွေးထွေးစွာဖြင့် ပြောလိုက်လေသည်။

(စစ်စစ်နျန် = ဆယ့်လေးယောက်မြောက် မိန်းကလေးဟု အဓိပ္ပာယ်ရ)

"ဒါဖြင့် ကျွန်တော်က အဘိုးကို ရှောင်အန်း သခင်ကြီးလို့ ခေါ်လို့ ရတာပေါ့။ ဒါနဲ့ ခုနပြောလိုက်တဲ့ အဆင့်လွန် အခြေအနေဆိုတာကို ရှင်းပြပေးလို့ ရမလား"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်လည်း လူတစ်ယောက်ပြောတာ ကြားဖူးတာ။ အသေးစိတ်ကို သေချာမသိဘူး။ ဒါပေမယ့် လူငယ်လေး။ မင်းက ကျောက်စိမ်း အရိုင်းတုံးလေးလိုပဲ။ မင်းဟာ နတ်ဘုရားတွေရဲ့ တံခါးကို ရောက်နိုင်မယ့်သူလို့ ကျုပ်ယုံကြည်နေတယ်။ ချင်းရွှမ် နတ်တံခါးဟာ ကျုပ်လို ဝံပုလွေတစ်ကောင်ထက်ပိုပြီး အများကြီး အစွမ်းထက်ပါတယ်။ ပြီးတော့ မင်းမေးတဲ့ မေးခွန်းအတွက် အဖြေက သူတို့ဆီမှာ ရှိလိမ့်မယ်"

ရှင်းချွိပင်းက ပြုံးရင်း ပြောလိုက်လေသည်။

သူ၏ လေ့ကျင့်မှုအတွက် ကံကောင်းခြင်း တစ်ခုတော့ တွေ့ရပြီဟု ဆန်းလျန် သိလိုက်လေသည်။ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကောင်းစွာ မပေါင်းစပ်နိုင်သည့် အကြောင်းရင်း ဖြစ်ရမည်ဟု တွေးနေမိလေသည်။ ထို့ပြင် သူ့ကိုယ်သူ ဝံပုလွေတစ်ကောင်ဟု ပြောနေသည့် အဘိုးအိုမှာ ဆန်းလျန်ကို လွယ်ကူစွာပင် ထိုးဖောက် သိမြင်နိုင်လေသည်။ အဘိုးအိုမှာ နှစ်ရာပေါင်းများစွာ ကျင့်ကြံ အားထုတ်နေခဲ့သည့် ဝံပုလွေ နတ်ဘုရားများ ဖြစ်နေမည်လားဟု သူတွေးနေမိလေသည်။

"ရှောင်အန်း သခင်ကြီး။ ခင်ဗျားက နတ်ဘုရား ကျင့်စဉ်တွေ အကြောင်း ပြောနေပေမယ့် ကျွန်တော် ခင်ဗျားပြောတာတွေ တစ်ခုမှ နားမလည်သေးဘူး"

ဆန်းလျန်က တည့်တည့်ပင် ပြောလိုက်လေသည်။ သူတို့ တွေ့ဆုံကြခြင်း မှာလည်း ဤ အကြောင်း ကိစ္စကြောင့်ပင် ဖြစ်သည် မဟုတ်ပါလား။

"သိုင်းလောကမှာ သိုင်းဂိုဏ်းတွေ အများကြီး ရှိသလို။ နတ်ဘုရား ကျင့်စဉ်ကျင့်ကြံတဲ့ အခါမှာလည်း ဂိုဏ်းတွေ အများကြီးပဲ ရှိတယ်။ ဒါပေမယ့် နတ်ဘုရားတွေကတော့ သိုင်းလောက သားတွေလို သူတို့ အစွမ်းတွေကို ထုတ်ဖော်ပြသခြင်း သိပ်မရှိကြဘူး"

ရှင်းချွိပင်းကျိရှောင်အန်းက ပြောလိုက်လေသည်။

အသက်ရှင်ခြင်းနှင့် သေခြင်းအလွန်တွင် လောကတစ်ခု ရှိသေးသည်ဟု ဆန်းလျန် တွေးထား ခဲ့လေသည်။ သူက လင်ချုန်းရှောင်ထံမှ ကြားခဲ့ဖူးသလို ယခု အဘိုးအိုထံမှာလည်း ကြားရပြန်ပြီ ဖြစ်လေသည်။ အဘိုးအိုမှာ နတ်ဘုရားကျင့်စဉ်လမ်းနှင့် ကျိန်းသေပတ်သက်မှုရှိရမည်ဟု ဆန်းလျန် တွေးနေမိသည်။ မသေမျိုးဖြစ်ပြီး အသက်ရှည်ရှည် နေရန်အတွက် အခွင့်အရေးမှာ နတ်ဘုရားလမ်းစဉ် တံခါးများ နောက်ကွယ်တွင်သာ ရှိမည် ဖြစ်လေသည်။ ထို့ပြင် ကျင့်စဉ်နည်းလမ်း မှားယွင်း သွားပါကလည်း သေလမ်းသို့ ကျိန်းသေ စံမြန်းရမည် ဖြစ်လေသည်။

"ကြည့်ရတာ ရှောင်အန်း သခင်ကြီးက နတ်ဘုရားလမ်းစဉ် တံခါးကို သိနေတဲ့ပုံပဲ။ ဒါနဲ့များ ဘာဖြစ်လို့ ကျွန်တော့် အကူအညီ တောင်းနေရသေးတာလဲ"

ဆန်းလျန်က အကြောင်းမရှိဘဲ စေတနာ ထားနေခြင်းကို မယုံကြည်နိုင်ပါ။ အဘိုးအိုမှာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည်မှာ အကြောင်းတစ်ခုတော့ ရှိမည် ဖြစ်လေသည်။

ဝိညာဉ်နိုးထ စေသည့် ဆေးရည်မှာ တကယ်ပင် တန်ဖိုးရှိလေသည်။ ထိုကဲ့သို့ တန်ဖိုးရှိသည့် ဆေးရည်မျိုးကို ဘာဖြစ်လို့ သူကဲ့သို့သော လူစိမ်းတစ်ယောက်ကို တိုက်ရပါသနည်း။ အဘိုးအိုတွင် ဖုံးကွယ်ထားသည့် အကြောင်းတစ်ခုတော့ ရှိမည်ဟု ဆန်းလျန် ယုံကြည် ထားလေသည်။

အဘိုးအို ဆန်းလျန်ကို လာရှာရခြင်းမှာ သူမလုပ်နိုင်သည့် အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ခိုင်းရန်အတွက် ဖြစ်သည်ကို ဆန်းလျန်သိနေလေသည်။ ထို့ကြောင့် သူက အဘိုးအိုနှင့် တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး စိတ်ထဲတွင် အရမ်း တင်းကြပ်နေခြင်း မရှိခဲ့ပါ။

တစ်နည်းပြောရလျှင် သေနေသော ဝက်တစ်ကောင်သည် ရေနွေးပူထဲ ထည့်ပြုတ်လျှင်လည်း ကြောက်မည် မဟုတ်ပေ။

"မင်းသာ နတ်ဘုရားလမ်းစဉ် တံခါးကို ဝင်ရောက်နိုင်သွားရင် ကျုပ်ဖြစ်ချင်တဲ့ ဆန္ဒလည်း ပြည့်သွားမှာပဲ။ ခုချိန်မှာ အဲဒီ ကိစ္စကို စဉ်းစားစရာ မလိုသေးပါဘူးလေ။ ဒါပေမယ့် ဒီပစ္စည်း လေးကိုတော့ ကြည့်လိုက်ပါ"

အဘိုးအိုသည် သူ၏ အင်္ကျီလက်ထဲမှ ပန်းချီကားလိပ်လေး တစ်ချပ်ကို ထုတ်ပြီး ဆန်းလျန်ကို ပြလိုက် လေတော့သည်။

***

All Chapters