← Chapters

ဤနေရာတွင် အချိန်ကြာကြာ မနေသင့်

Vol. 49 Ch. 556

ဤနေရာတွင် အချိန်ကြာကြာ မနေသင့်

Vol. 49 Ch. 556

“သူတော်စင်ကြီး...”

“ဘိုးဘေး...”

“သူတော်စင်ကြီး...”

...

ဂူကျင့်ကြံသူ နှစ်ဦး ထွက်ခွာသွားပြီးနောက် အသက်အောင့်ပြီး တိုက်ခိုက်နေသော ရှီဟုန်ယွင်သည် မဲနက်သော သွေးများ အန်ထုတ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေသည်။

ချန်ယန်ချင်းသည် မျက်စိလျင်ပြီး လက်မြန်သူ ဖြစ်သဖြင့် ရှီဟုန်ယွင်ကို အချိန်မီ ဖမ်းထိန်းလိုက်ပြီး မြေကြီးပေါ်သို့ ချပေးလိုက်သည်။

ရှီဟုန်ယွင်ကို မြေကြီးပေါ် ချပေးလိုက်သည်နှင့် စစ်ကူတောင်းရန် သွားသော ရှီဝေရိနှင့် မိသားစုဝင်များကို စုစည်းပြီး ပုန်းခိုရန် စီစဉ်နေသော ရှီယန်ရှီး အပါအဝင် ရှီမိသားစုဝင် အားလုံး ဝိုင်းအုံလာကြသည်။

သူတို့သည် မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်သော သူတော်စင်ကြီး ဒီလောက် ဒဏ်ရာ ပြင်းထန်နေတာကို ပထမဆုံး မြင်ဖူးကြခြင်း ဖြစ်သည်။ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများသည် စကားဖြင့်ပင် ဖော်ပြမရနိုင်အောင် ဖြစ်နေသည်။

တကယ်လို့ ဒီ ကျောထောက်နောက်ခံကြီးသာ ပြိုလဲသွားလျှင် ရှီမိသားစုသည်လည်း ပြန်လည် နာလန်ထူနိုင်တော့မည် မဟုတ်ပေ။

ရှီမိသားစုဝင် အားလုံး ထိတ်လန့်နေချိန်တွင် စစ်ကူလာသော အနက်ရောင် သူတော်စင် နှစ်ပါးလည်း မြေကြီးပေါ်သို့ ဆင်းသက်လာကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များသည် ယိုင်နဲ့နေကြောင်း ကျန်းပေရန် သတိထားမိလိုက်သည်။ စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်ထဲတွင်လည်း အဆိပ်အတောက်များ ပျံ့နှံ့နေပြီ ဖြစ်သည်။

‘ကြည့်ရတာ ဒီနှစ်ယောက်လည်း အခြေအနေ သိပ်မကောင်းဘူး။ စောစောက ဂူကျင့်ကြံသူ နှစ်ကောင်က သူတို့ရဲ့ အရှိန်အဝါကို ကြောက်ပြီး ထွက်ပြေးသွားလို့သာ တော်သေးတယ်။ မဟုတ်ရင် အနက်ရောင် သူတော်စင် ငါးပါး ပေါင်းတိုက်ရင်တောင် နိုင်ချင်မှ နိုင်မှာ။’

နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီးသည် မြေကြီးပေါ် ရောက်သည်နှင့် ရှီဟုန်ယွင်၏ ရင်ဘတ်မှ အပေါက်ကြီးကို စစ်ဆေးကြည့်လိုက်သည်။ မည်းနက်သော သွေးများ စီးကျနေသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ဟေ့ကောင်ကြီး အခြေအနေ ဘယ်လိုလဲ”

ဆံပင်တိုနှင့် သူတော်စင်ကြီးက မေးလိုက်သည်။

“အခြေအနေ သိပ်မကောင်းဘူး။ အဆိပ်တွေက ခန္ဓာကိုယ် အနှံ့ ပြန့်နေပြီ။”

“ဒါဆို အရေးပေါ် ကုသမှု အရင် လုပ်လိုက်လေ။ ငါတို့မှာ အချိန် သိပ်မရှိဘူး။”

“ပြောတာ လွယ်တာပေါ့။ ဒီလို အခြေအနေမျိုးမှာ အရေးပေါ် ကုသဖို့ မပြောနဲ့ အာယွင် ခံစားနေရတာ သက်သာအောင် လုပ်ပေးဖို့တောင် ခက်ခဲတယ်။”

“ဒါဆိုလည်း မတတ်နိုင်ဘူး။ မင်းရဲ့ ပျံသန်း စံအိမ်ပေါ် အရင်တင်လိုက်။လမ်းမှာ ကုပေးလိုက် မဟုတ်ရင် ဟို ဂူကျင့်ကြံသူတွေ ပြန်လိုက်လာရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။”

“ခင်ဗျားတို့ နှစ်ယောက်လုံး လက်လျော့လိုက်ပြီ ဆိုရင် ကျွန်တော် ကြည့်ပေးပါရစေ။”

သူတော်စင်ကြီး နှစ်ပါး ငြင်းခုံနေစဉ် ကျန်းပေရန်က လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။

ကျန်းပေရန်၏ ငယ်ရွယ်လွန်းသော မျက်နှာကို ကြည့်ပြီး နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီးက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက ရှီမိသားစုက လူငယ်လေးလား”

လူငယ်လေးက သူ့ကို လေးလေးစားစား မဆက်ဆံသဖြင့် မကျေနပ်ဖြစ်နေပုံ ရသည်။

“ရှီမိသားစု ဧည့်အကြီးအကဲ ကျန်းပေရန်ပါ သူတော်စင်ကြီး နှစ်ပါးကို ဂါရဝပြုပါတယ်”

လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုပြီးနောက် ကျန်းပေရန်သည် ရှီဟုန်ယွင် ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။

“မင်း...”

နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီးက ကျန်းပေရန်ကို တားရန် ပြင်လိုက်သော်လည်း ချန်ယန်ချင်းက သူ့လက်ကို ဆွဲထားပြီး ခေါင်းခါပြလိုက်သည်။

“မျက်ခုံးမွေးထူကြီး... မင်း ဘာသဘောလဲ”

သူတော်စင်ကြီးက မေးလိုက်သည်။

“ဒီလူငယ်လေးသာ မရှိရင် ငါတို့ မင်းတို့ ရောက်လာတဲ့အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီး အံ့အားသင့်သွားသည်။

“ဒီလူငယ်လေးကလား”

ဆံပင်တိုနှင့် သူတော်စင်ကြီးလည်း အံ့အားသင့်သွားသော်လည်း ဒီနေရာတွင် ကြာကြာနေ၍ မဖြစ်ကြောင်း သိသဖြင့် ရှီဝေရိ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မင်းတို့ကို အမွှေးတိုင်တစ်တိုင်စာညှိချိန် အချိန်ပေးမယ်။ မိသားစုဝင် အားလုံးကို စုစည်းလိုက် ငါ မင်းတို့ကို လုံခြုံတဲ့ နေရာ ခေါ်သွားပေးမယ် မြန်မြန်လုပ်”

ရှီဝေရိ ချက်ချင်း လက်ခံလိုက်သည်။

“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် မိစ္ဆာသခင်ကြီး”

ကျေးဇူးတင်စကား ပြောပြီးနောက် ရှီဝေရိသည် ရှီယန်ရှီး ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ခေါင်းဆောင်... မိသားစုဝင် အားလုံး သူတော်စင်ခန်းမ မှာ ရှိနေတာမလား။”

“အင်း လိုက်ခဲ့”

ရှီယန်ရှီးသည် အခြေအနေ ဆိုးရွားမှန်း သိသဖြင့် သူတော်စင်ကြီး ဒဏ်ရာရနေသည်ကို စိုးရိမ်နေသော်လည်း အချိန်မဆွဲဘဲ ရှီဝေရိကို ခေါ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

“သူတော်စင်... ခဏနေပါဦး။”

ထိုအချိန်တွင် ရှီဟုန်ယွင်၏ ဒဏ်ရာကို စစ်ဆေးပြီးသော ကျန်းပေရန်က လှမ်းခေါ်လိုက်သည်။

ယခုအချိန်တွင် ကျန်းပေရန်၏ အရေးပါမှုကို အားလုံး သိကြပြီ ဖြစ်သဖြင့် ရှီဝေရိ ခြေလှမ်းရပ်တန့်လိုက်သည်။

“ဘာကိစ္စလဲ။”

“လူစုတဲ့ ကိစ္စကို ခေါင်းဆောင် တစ်ယောက်တည်း လုပ်ခိုင်းလိုက်ပါ သူတော်စင် က မိသားစုထဲက အနက်ရောင်သခင်ကြီး ၁၅ ယောက်ကို သွားခေါ်ပေးပါ ကျင့်ကြံဆင့် အမြင့်ဆုံး လူတွေကို ရွေးခေါ်ခဲ့ပါ”

ကျန်းပေရန် ဘာလုပ်မလို့လဲ မသိသော်လည်း ရှီဝေရိ ချက်ချင်း လက်ခံလိုက်သည်။

“ကောင်းပြီ ငါ အခုပဲ သွားရှာလိုက်မယ်။”

ရှီဝေရိနှင့် ရှီယန်ရှီး ထွက်သွားပြီးနောက် နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီးက ချန်ယန်ချင်းနှင့် ဖူရီချန် ကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား။”

“မသေနိုင်ပါဘူး။”

“ထိန်းထားနိုင်ပါသေးတယ်။”

“ကောင်းပြီ။”

နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီးက ခေါင်းညိတ်လိုက်သည်။

“ငါနဲ့ လောက်ဖူ က ပတ်ဝန်းကျင်ကို ကင်းလှည့်လိုက်ဦးမယ် မင်းတို့နှစ်ယောက် ခဏ နားနေကြ။ နောက်ထပ် တိုက်ပွဲပြင်းတွေ လာဦးမယ်။”

“ကောင်းပြီ။”

ကျန်းပေရန်ကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် သူတော်စင်ကြီး နှစ်ပါး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

သူတို့ ထွက်သွားပြီးနောက် ချန်ယန်ချင်းသည် အစီအရင် ခင်းကျင်းနေသော ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။

“တကယ့်ကို သူရဲကောင်းလေးပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့...”

သို့သော် ချန်ယန်ချင်း စကားမဆုံးခင်မှာပင် ကျန်းပေရန်က ဖြတ်ပြောလိုက်သည်။

“စီနီယာချန်... ခင်ဗျား ထိုင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည် ကုစားနေတာ ပိုကောင်းပါလိမ့်မယ်။ စောစောက ကျွန်တော် အတင်းအကျပ် အဆိပ်ထုတ်ပေးလိုက်တာက အလကား ရတာ မဟုတ်ဘူး ခင်ဗျား ကိုယ်ထဲက အဆိပ်တွေ ပြန်လည် ပေါက်ကွဲလာရင် စောစောကထက် ပိုဆိုးလိမ့်မယ်”

ချန်ယန်ချင်း မျက်နှာပျက်သွားသည်။ စောစောက အဆိပ်ဒဏ်ကြောင့် သတိလစ်သွားခဲ့ရသည်။ အခု ပိုဆိုးမယ် ဆိုရင် သူ ခံနိုင်ပါ့မလား။

ချန်ယန်ချင်း စိုးရိမ်နေသည်ကို မြင်သောအခါ ကျန်းပေရန် ဆက်ပြောလိုက်သည်။

“အရမ်းကြီးလည်း စိတ်မပူပါနဲ့။ ကျွန်တော် ပြောချင်တာက မဖြစ်မနေ အခြေအနေ မဟုတ်ရင် ထပ်ပြီး အတွင်းအား မသုံးပါနဲ့တော့ မဟုတ်ရင် အသက်အန္တရာယ် ရှိနိုင်တယ်။”

“ကောင်းပြီ ကျေးဇူးတင်ပါတယ်။ ငါ မှတ်ထားပါ့မယ်။”

...

‘ဒါက... မွေးကင်းစ နွားပေါက် ကျားကို မကြောက်တာလား။’

ကျန်းပေရန်နှင့် ချန်ယန်ချင်း တို့၏ စကားပြောခန်းကို ကြည့်ပြီး ဘေးနားမှ အနက်ရောင်သခင်ကြီးများ ကြောင်တောင်တောင် ဖြစ်နေကြသည်။

ကျန်းပေရန် မာန်တက်မှန်း သိသော်လည်း အနက်ရောင် သူတော်စင် ရှေ့မှာတောင် ဒီလောက်ထိ မာန်တက်ရဲလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ ဒီကောင်လေးက ဘယ်က ဆင်းသက်လာတာလဲ။ မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး ဆီက လာရင်တောင် ဒီလောက်ထိ မောက်မာလို့ မရဘူးလေ။

ဒါပေမဲ့ တစ်ဖက်က တွေးကြည့်ပြန်တော့ ဒီကောင်လေးက အနက်ရောင် သူတော်စင်ကိုတောင် ဂရုမစိုက်ဘူး ဆိုတော့ စောစောက သူတို့ကို ခိုင်းစားတာ သိပ်ပြီး ရှက်စရာ မဟုတ်တော့ဘူးပေါ့။

ထိုအချိန်တွင် ရှီဝေရိသည် အနက်ရောင်သခင်ကြီး ၁၅ ဦးနှင့် အတူ ပြန်ရောက်လာသည်။

“သူတော်စင်ကြီး...”

“ဘိုးဘေး...”

“ဘယ်လို ဖြစ်ပြီး ဒီလောက်ထိ ဒဏ်ရာရသွားရတာလဲ။”

ဒီ ၁၅ ယောက်သည် ရှီမိသားစု၏ အဓိက ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ တိုက်ပွဲ စဖြစ်ကတည်းက မိသားစုဝင်များကို ကယ်ထုတ်ခြင်း၊ ပြန်လည် ခေါ်ယူခြင်းတို့ လုပ်ဆောင်နေရသဖြင့် သူတော်စင်ကြီး ဒဏ်ရာရသွားသည်ကို မသိခဲ့ကြပေ။

“တိတ်စမ်း။”

ကျန်းပေရန် အော်ပြောလိုက်သည်။

“အချိန် မရှိတော့ဘူး။ ခင်ဗျားတို့ကို ခေါ်လိုက်တာ သူတော်စင်ကြီးကို ကုသဖို့ပဲ အခုကစပြီး အားလုံး ငါ့အမိန့်ကို နာခံရမယ်။”

ပြောပြီးသည်နှင့် ကျန်းပေရန်သည် ၁၅ ယောက်ထဲတွင် အတည်ငြိမ်ဆုံး လူတစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“လှေသူကြီးရှီ... ခင်ဗျား သက်တံ့ရောင် ဝတ်ဆံ ပေါ်မှာ သွားရပ်လိုက်ပါ။”

ရှီမိသားစုတွင် လှေသူကြီး တစ်ယောက်တည်းသာ ရှိသည်။ ထိုသူမှာ ရှီဖုန်းလန်၏ ဖခင် ရှီယန် ဖြစ်သည်။

သူသည် သူတော်စင်ကြီး ပြီးလျှင် တိုက်ခိုက်ရေး အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

ကျန်းပေရန်၏ အမိန့်ကို ကြားသောအခါ ရှီယန် ဘာမှ ပြန်မပြောဘဲ သက်တံ့ရောင် ဝတ်ဆံ ပေါ်တွင် ဝင်ရပ်လိုက်သည်။

ပျံသန်းသော စံအိမ် ပေါ်တွင် အပြင်ဘက်ကို ကြည့်နေသော ရှီဖုန်းလန် ပါးစပ် အုပ်လိုက်မိသည်။

သူမ အမြင်တွင် မိသားစုထဲ၌ သူတော်စင်ကြီးကလွဲရင် သူမ အဖေကို ဘယ်သူမှ အမိန့်မပေးရဲကြပေ။ လေသံမာမာနဲ့ ပြောရဲသူတောင် မရှိပေ။ ဒါပေမဲ့ ပေရန်လေးက ဒီလောက် ပြတ်ပြတ်သားသား အမိန့်ပေးရဲတာ...။

‘အရမ်း မိုက်တာပဲ’

ရှီယန် စတင် လုပ်ဆောင်လိုက်သည်နှင့် ကျန်ရှိသော ၁၄ ယောက်လည်း ကျန်းပေရန် ညွှန်ကြားသည့် နေရာများတွင် ဝင်ရပ်လိုက်ကြသည်။

စောစောက တခြား ဂိုဏ်းမှ အနက်ရောင်သခင်ကြီး ၁၂ ယောက်နှင့် မတူဘဲ ဒီ ၁၅ ယောက်ကို ကျန်းပေရန် စည်းကမ်းတွေ ရှင်းပြနေစရာ မလိုပေ။

ပထမအချက် သူတို့ အားလုံးသည် ကျန်းပေရန်ကို မြင်ဖူးကြပြီး သူ့စွမ်းရည်ကို အနည်းနှင့်အများ သိထားကြသည်။

ဒုတိယအချက် အခု ကယ်တင်ရမည့်သူမှာ သူတို့၏ သူတော်စင်ကြီး ဖြစ်သည်။ ကျန်းပေရန် ဘာခိုင်းခိုင်း သူတို့ လုပ်ကြမည် ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုများ ပြီးစီးသည်နှင့် ကျန်းပေရန်သည် ဂါထာ ရွတ်ဆိုလိုက်သည်။

“တောင်ငါးလုံး ထိပ်ဖျားမှာ နှင်းဖြူတွေ ဖုံးလွှမ်းနေ... နှင်းဖြူတွေ အောက်မှာ ဆေးခင်းတွေ မွှေးပျံ့နေ...”

“ဗုဒ္ဓဘုရားရှင်က အချိန်မရွေး စိုက်ပျိုးနိုင်... ကြယ်တာရာ နတ်မင်းက ကိုယ်တိုင် ဆင်းသက် ရိတ်သိမ်းပိုင်...”

တဖြည်းဖြည်း နစ်မြုပ်သွားသော အနက်ရောင်သခင်ကြီး ၁၅ ဦးနှင့် တောက်ပလာသော ရှေးဟောင်း စာလုံးများကို ကြည့်ရင်း ချန်ယန်ချင်း စဉ်းစားခန်း ဝင်နေသည်။

‘ဒါ ဘယ်လို အတတ်ပညာမျိုးလဲ...’

အဆိပ်ဖြေဖို့ ဆိုရင် ဆေးပညာ ဖြစ်သင့်သည်။ ဒါပေမဲ့ ကြည့်ရတာ အစီအရင် ပညာနှင့် တူနေသည်။ ထို့အပြင် အဆောင်ပညာပါ ပါဝင်နေသည်။

ကျန်းပေရန် ကဲ့သို့ပင် ချန်ယန်ချင်း သည်လည်း အတတ်ပညာ စုံလင်စွာ တတ်မြောက်ထားသူ ဖြစ်သည်။

ဒါပေမဲ့ သူ့ အရည်အချင်းက ကျန်းပေရန်လောက် မနက်နဲပေ။ အတတ်ပညာ အားလုံးကို လေ့လာဖူးသော်လည်း တစ်ခုမှ ထူးထူးချွန်ချွန် မတတ်ပေ။ အားလုံး အဆင့် ၅ လောက်သာ ရှိသည်။

ကျန်းပေရန် စကားနှင့် ပြောရလျှင် စာမေးပွဲ အောင်မှတ်လောက်သာ ရပြီး အခြေခံ သဘောတရားလောက်သာ နားလည်သူ ဖြစ်သည်။

ဒါကြောင့်လည်း ကျန်းပေရန်၏ ကုသမှု နည်းလမ်း ဘယ်လောက် အဆင့်မြင့်လဲ ဆိုတာ သူ နားလည်နေခြင်း ဖြစ်သည်။

အစီအရင်၊ ဆေးပညာ နှင့် အဆောင်ပညာ သုံးခု ပေါင်းစပ်ထားသော ကုသနည်း ဖြစ်သည်။ ဒါသည် သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။

အတတ်ပညာ သုံးခုကို ရိုးရိုးရှင်းရှင်း ပေါင်းစပ်ထားတာ မဟုတ်ဘဲ သုံးခုစလုံး၏ အနှစ်သာရကို ထုတ်ယူပြီး ပြီးပြည့်စုံစွာ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဒီလို လုပ်နိုင်ဖို့ ဆိုတာ အတတ်ပညာ သုံးခုစလုံးကို ထိပ်ဆုံးအထိ တတ်မြောက်ထားမှ ရမည်။

‘ရှန့်တိုင်းပြည်မှာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာဆရာသခင် အဆင့် ရောက်နေတဲ့သူ ဘယ်တုန်းက ပေါ်လာတာလဲ။ မဟုတ်ဘူး... တိုက်ကြီး ခြောက်တိုက်လုံးမှာ ဘယ်တုန်းက ပေါ်လာတာလဲ။’

တခြားသူတွေလိုပင် ချန်ယန်ချင်း ပထမဆုံး တွေးမိသည်မှာ မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး ပင် ဖြစ်သည်။

အဲဒီ နေရာကလွဲရင် ဒီလို ထူးဆန်းတဲ့ ပါရမီရှင်မျိုး မွေးထုတ်ပေးနိုင်မည့် နေရာ မရှိပေ။

‘ဒါပေမဲ့ အဲဒီ နေရာက လူမထွက်တာ ကြာပြီလေ။’

ချန်ယန်ချင်း စဉ်းစားနေစဉ်မှာပင် ကျန်းပေရန်သည် ရှီဟုန်ယွင် ကိုယ်ထဲမှ အဆိပ်များကို စုပ်ထုတ်လိုက်ပြီ ဖြစ်သည်။

အဆိပ်များသည် အနက်ရောင် ကြိုးမျှင် ၁၅ ချောင်း အဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်သခင်ကြီး ၁၅ ဦးထံသို့ စီးဝင်သွားသည်။ အဆိပ်များ ထွက်သွားသည်နှင့် ရှီဟုန်ယွင်၏ မျက်နှာ အရောင်အသွေး ပြန်လည် ကောင်းမွန်လာပြီး ရင်ဘတ်မှ အပေါက်ကြီးသည်လည်း သွေးတိတ်သွားသည်။

ရှီဝေရိ သက်ပြင်းချလိုက်သည်။ သူတော်စင်ကြီး တစ်ခုခု ဖြစ်သွားမှာ သူ အလွန် စိုးရိမ်ခဲ့သည်။

စိတ်သက်သာရာ ရသွားပြီးနောက် ရှီဝေရိ ကျန်းပေရန်ကို ကြည့်လိုက်သောအခါ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။

ကျန်းပေရန်သည် အမြဲတမ်း နှိမ့်ချနေတတ်ပြီး မြူခိုးများကြားတွင် ပုန်းကွယ်နေသူနှင့် တူသည်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ မြူခိုးများကြားမှ ထွက်လာပြီး “ငါ မဟန်ဆောင်တော့ဘူး။ ငါက ကမ္ဘာ့နံပါတ်တစ် ဆရာသခင်ပဲ” ဟု ကြေညာလိုက်သလို ဖြစ်နေသည်။ အပြောင်းအလဲ မြန်ဆန်လွန်းသဖြင့် ကျန်းပေရန် ရှီမိသားစုသို့ ဝင်ရောက်လာသည့် ရည်ရွယ်ချက် အစစ်အမှန်ကို ရှီဝေရိ နားမလည်နိုင်တော့ပေ။

‘ခန့်မှန်းရ ခက်လိုက်တာ... အရင်ကရော အခုရော ဒီ ပါရမီရှင် လူငယ်လေး ဘာတွေ တွေးနေလဲ ဆိုတာ ငါ လုံးဝ ခန့်မှန်းလို့ မရပါလား။’

ရှီဝေရိ တွေးတောနေစဉ် ကျန်းပေရန်သည် ရှီဟုန်ယွင် ကိုယ်ထဲမှ အဆိပ်အားလုံးကို စုပ်ထုတ်ပြီး ဖြစ်သည်။

ထိုအချိန်တွင် ကင်းလှည့်နေသော သူတော်စင်ကြီး နှစ်ပါးလည်း ပြန်ရောက်လာကြသည်။ နောက်ဆုံးလက်ကျန် အဆိပ်ကို စုပ်ထုတ်လိုက်သည်ကို သူတို့ မြင်လိုက်ရသည်။

‘ဒီလောက်ထိ စွမ်းတာလား...’

နဂါးရုပ်တက်တူးနှင့် သူတော်စင်ကြီးသည်လည်း ဆေးပညာရှင် တစ်ဦး ဖြစ်ပြီး အဆင့် ၈ ရှိသည်။ ဒါကြောင့် စောစောက သူ့မိတ်ဆွေက အရေးပေါ် ကုသပေးဖို့ ပြောခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ ရှီဟုန်ယွင်၏ အဆိပ်သင့်မှုက အလွန် ပြင်းထန်သဖြင့် သူ လက်လျော့ခဲ့ရသည်။ အခု သူတို့ ကင်းလှည့်နေတာတောင် မကြာသေးဘူး ဒီလူငယ်လေးက ကုသပေးလိုက်ပြီ။ ယာယီ ထိန်းချုပ်တာ မဟုတ်ဘဲ အမြစ်ပြတ် ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။

“ဆရာလေး... တော်တော် စွမ်းတာပဲ။ ငါက သွေးနဂါးဂိုဏ်း က ဂိုဏ်းချုပ် ချောင်ကျင်းဟွာပါ။ နောက်မှ အားရင် ငါတို့ဂိုဏ်းကို အလည်လာခဲ့ပါဦး။”

ကျန်းပေရန် လက်နှစ်ဖက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ။ ဂိုဏ်းချုပ်ချောင် က ဒီလောက် ဖိတ်ခေါ်နေမှတော့ ဂျူနီယာ သေချာပေါက် လာခဲ့ပါ့မယ်။”

“ကောင်းပြီ ကောင်းပြီ။”

ထိုအချိန်တွင် ရှီဟုန်ယွင် မျက်လုံးပွင့်လာသည်။ ရင်ဘတ်မှ ဒဏ်ရာကို စမ်းသပ်ကြည့်ပြီးနောက် သက်ပြင်းချကာ ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်သည်။

“ပေရန်လေး... ငါ မင်းကို အကြွေးတစ်ခု ထပ်တင်သွားပြန်ပြီ။”

“သူတော်စင်ကြီး ယဉ်ကျေးမနေပါနဲ့။ ဒါ ဂျူနီယာ လုပ်သင့်တဲ့ ကိစ္စပါ။”

ရှီဟုန်ယွင် ပြန်လည် ကောင်းမွန်လာသည်ကို ကြည့်ပြီး ချောင်ကျင်းဟွာ မနေနိုင်ဘဲ မေးလိုက်သည်။

“ဒါ ဘာကုသနည်းလဲ။ ငါ ဆေးကုလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒီလို နည်းလမ်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။”

ကျန်းပေရန် ဖြေရန် ပြင်လိုက်စဉ် ဆံပင်တိုနှင့် သူတော်စင်ကြီးက ကြားဖြတ် ပြောလိုက်သည်။

“အချိန် မရှိတော့ဘူး။ ပျံသန်းသော စံအိမ် ပေါ် ရောက်မှ ဆွေးနွေးကြတာပေါ့။”

“ဟုတ်တယ် အရေးကြီးကိစ္စ အရင် လုပ်ရမယ်။”

ချောင်ကျင်းဟွာ သဘောတူလိုက်သည်။ ထို့နောက် တခြား သူတော်စင်များကို ကြည့်ကာ ပြောလိုက်သည်။

“ဒီ အရူးကောင်တွေရဲ့ စွမ်းရည်ကို မင်းတို့ မြင်ပြီးပြီ။ ဒီ အဆိပ်မြူတွေကြားမှာ တစ်ယောက်ချင်း တိုက်ခိုက်ရင် ငါတို့ နစ်နာလိမ့်မယ်။ အခု ကူလျန်ချန် က ဦးဆောင်ပြီး သူ့ရဲ့ ယုံတောင် ကို စွန့်လွှတ်လိုက်ပြီ။ ရှန့်တိုင်းပြည်က ဂိုဏ်းအားလုံးကို မီးတောက်တံခါး အစီအရင် ရှိတဲ့ ယွမ်မြို့ မှာ စုစည်းဖို့ ခေါ်နေတယ်။ ခံစစ်စည်းကို ကျဉ်းလိုက်ပြီး တစ်ယောက်ချင်း အချိုးမခံရအောင် လုပ်ရမယ်။”

“ယွမ်မြို့” ဆိုသော စကားလုံးကို ကြားသောအခါ ရှီဟုန်ယွင် မျက်နှာပျက်သွားသည်။

“အဲဒီ အဆင့်ထိ ရောက်သွားပြီလား။”

သို့သော် ချက်ချင်း ရယ်မောလိုက်ပြီး သူ့ဘာသာ ပြောလိုက်သည်။

“ဟုတ်တယ်... အဲဒီ အဆင့်ထိ ရောက်သွားပြီပဲ။”

အဆိပ်မြူ စပေါ်တုန်းက အေးဆေးခဲ့သည်။ ဂူကျင့်ကြံသူတွေ စပေါ်တုန်းက အထင်သေးခဲ့သည်။ အခုတော့ စုတ်ပြတ်သတ်နေပြီး သူများ ကယ်မှ အသက်ရှင်ရသည့် အခြေအနေ ရောက်နေပြီ။ ရှီဟုန်ယွင်၏ မာနများ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ အခုချိန်မှာ အင်အား စုစည်းမှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ဖူရီချန် က ပြောလိုက်သည်။

“ဒါဆိုရင် ငါလည်း ငါ့ဂိုဏ်းကို ပြန်ပြီး တပည့်တွေကို ခေါ်ကာ ယွမ်မြို့ ကို သွားလိုက်တော့မယ်။”

ချန်ယန်ချင်းလည်း ထရပ်ပြီး ပြောလိုက်သည်။

“ငါလည်း ပြန်လိုက်ဦးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

ချန်ယန်ချင်းက ကျန်းပေရန်ကိုပါ ဦးညွှတ် နှုတ်ဆက်လိုက်သည်။ အနက်ရောင် သူတော်စင် တစ်ပါး ဖြစ်သော်လည်း ကျန်းပေရန်ကို အလေးထား ဆက်ဆံသည်။

သူတို့နှစ်ယောက် ထွက်ခွာရန် ပြင်လိုက်စဉ် ချောင်ကျင်းဟွာက တားလိုက်သည်။

“မင်းတို့နှစ်ယောက် ငါတို့နဲ့ပဲ လိုက်ခဲ့ကြပါ။ အခု ရှန့်တိုင်းပြည်က ရှုပ်ထွေးနေပြီ။ မင်းတို့ ပြန်သွားတဲ့ လမ်းမှာ ဂူကျင့်ကြံသူတွေနဲ့ တွေ့ရင် တိုက်ပွဲ ထပ်ဖြစ်လိမ့်မယ်။ ရှီမိသားစုဝင်တွေကို ယွမ်မြို့ ပို့ပြီးမှ ငါတို့အားလုံး အတူတူ မင်းတို့ ဂိုဏ်းတွေကို သွားကယ်ကြတာပေါ့။”

ဖူရီချန်နှင့် ချန်ယန်ချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဂိုဏ်းကို စိတ်ပူနေသော်လည်း ချောင်ကျင်းဟွာ ပြောတာ မှန်နေသည်။ ဂူကျင့်ကြံသူ နှစ်ယောက်လောက်နဲ့ ထပ်တွေ့ရင် ဒဏ်ရာရထားတဲ့ သူတို့ သေသွားဖို့ပဲ ရှိသည်။

ဒါကြောင့် ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

“ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့။”

All Chapters