ဝိုင်းရံပိတ်ဆို့ခြင်း
Vol. 49 Ch. 559
‘တောက်... ဒီအဆိပ်မြူက ဘာတွေနဲ့ လုပ်ထားတာလဲ’
ပျံသန်းစံအိမ် ထဲတွင် ကျန်းပေရန်သည် စုဆောင်းထားသော အဆိပ်မြူကို အစီအရင် အလယ်တွင် ထားရှိပြီး ဝိညာဉ်စွမ်းအင်မှ အဆိပ်အတောက်များကို ခွဲထုတ်ရန် ကြိုးစားနေသည်။ သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း အဖြေမရသေးပေ။
ဒီအဆိပ်မြူ၏ ပါဝင်ပစ္စည်းများသည် ကျန်းပေရန်၏ နားလည်မှု ဘောင်ကို ကျော်လွန်နေသည်။ သို့မဟုတ် သူ့၏ 【ဂူအဆိပ်】 အမှတ် မလုံလောက်သေးသဖြင့် အပြည့်အဝ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိသေးပေ။ ပါဝင်ပစ္စည်းကို မသိဘဲ အတင်းအဓမ္မ ခွဲထုတ်ရန် ကြိုးစားခြင်းက ပို၍ ခက်ခဲစေသည်။
“ဟူး...”
သက်ပြင်းချလိုက်ပြီး ကျန်းပေရန် ထရပ်ကာ ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။ အဆိပ်မြူများသည် ထူထပ်လွန်းသဖြင့် အမြင်အာရုံကိုပင် စတင် ပိတ်ဆို့နေပြီ ဖြစ်သည်။
‘ထပ်ပြီး အဆင့်မြှင့်လိုက်ပြန်ပြီလား’
ကျန်းပေရန် ကောင်းကောင်း မှတ်မိသေးသည် အဆိပ်မြူ စပေါ်တုန်းက စက္ကူစွန်လွှတ်ပြီး ဆက်သွယ်လို့ ရသေးသည်။ အခုတော့ လုံးဝ မရတော့ပေ။
ဒါကို ကြည့်ရင် အဆိပ်မြူသည် စွမ်းရည်အသစ်တွေ ထပ်မံ ထုတ်ဖော်နေသည်မှာ သေချာသည်။
‘တကယ့်ကို ရွံစရာကောင်းလိုက်တာ’
ကောင်းကင်မျက်လုံး အစီအရင် ကို ပိတ်လိုက်ပြီး ကျန်းပေရန် ပြန်လည် စဉ်းစားခန်း ဝင်လိုက်သည်။
လက်ရှိ အခြေအနေအရ အဆိပ်မြူ၏ အရင်းအမြစ်ကို မဖျက်ဆီးနိုင်လျှင် အံ့ဖွယ်နဂါး တိုက်ကြီး၏ ထိပ်တန်း ခွန်အားရှင်များသည် အားနည်းသွားမည် ဖြစ်ပြီး တိုက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်သွားပေလိမ့်မည်။
‘အရင်းအမြစ်...’
အရင်းအမြစ် ဆိုမှ ကျန်းပေရန် တစ်ခါ ဖြေရှင်းဖူးတာ သတိရသွားသည်။ လွန်ခဲ့တဲ့ အဆိပ်မြူ တိုက်ပွဲတုန်းက သူ ရွာတစ်ရွာကို ရှာတွေ့ခဲ့ပြီး အဆိပ်မြူ ဖြန့်ဖြူးသူကို...
‘နေဦး...’
တွေးမိသည်နှင့် ကျန်းပေရန် ခေါင်းထဲတွင် မုန်စစ်ပေ ၏ ပုံရိပ် ပေါ်လာသည်။
လွန်ခဲ့သော တစ်ခေါက်က အဆိပ်မြူ အရင်းအမြစ်ကို ရှာတွေ့ခဲ့တာ သူ့အရည်အချင်းကြောင့် မဟုတ်ဘဲ မုန်စစ်ပေ၏ လူသားရေဒါ စွမ်းရည်ကြောင့် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
‘ဒါကြောင့် စနစ်က သူ့ကို ခေါ်သွားခိုင်းတာလား’
တစ်ခဏချင်း ကျန်းပေရန် သဘောပေါက်သွားသည်။
သို့သော် တစ်ဝက်လောက် သဘောပေါက်ပြီး ပြန်ပိတ်သွားသည်။ လွန်ခဲ့သော အဆိပ်မြူနှင့် ယခု အဆိပ်မြူသည် မိုးနှင့်မြေလို ကွာခြားသည်။ ဖြန့်ဖြူးသူကလည်း အနက်ရောင်ဝိညာဉ် အဆင့် ဂူကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။
ဒီတစ်ခေါက် အဆိပ်မြူကတော့ အမြင့်ဆုံး အဆင့် ရောက်နေပြီ။ ဒီလောက် အဆိပ်မြူမျိုး ထုတ်လွှတ်နိုင်တဲ့ ဂူကျင့်ကြံသူ ဆိုရင် စွမ်းအားက ကောင်းကင်ဘုံကို အာခံနိုင်လောက်အောင် ရှိနေမှာ သေချာသည်။
ပြီးတော့ ဒီတစ်ခေါက် သူတို့က အလုံးအရင်းနဲ့ လာတာ။ သင်ခန်းစာလည်း ရပြီးသား ဆိုတော့ အရင်တစ်ခေါက်လိုမျိုး တည့်တည့်ဝင်ပြီး ခေါင်းဖြတ်ပစ်ဖို့ ဆိုတာ မလွယ်ကူပေ။
‘ဒါပေမဲ့ တိုက်ခိုက်မယ့် လူအင်အားကတော့ အရင်ကနဲ့ မတူတော့ဘူး’
ကျန်းပေရန်က စနစ်က သူ့ကို မာန်တက်ခိုင်းတာ ချန်ယန်ချင်း အတွက် အဆိပ်စုပ်ယူမယ့် သူ ရှာဖို့လို့ ထင်ခဲ့တာ။ တကယ်တမ်းကျတော့ စနစ်က ပိုပြီး အမြော်အမြင် ကြီးနေသည်။
ဒီ အဖြစ်အပျက်တွေ ပြီးသွားရင် ကျန်းပေရန် စကားပြောလိုက်တာနဲ့ အလေးချိန် ပါနေပြီ။ ယုတ္တိရှိတဲ့ အကြောင်းပြချက်လေး ပေးလိုက်တာနဲ့ အနက်ရောင် သူတော်စင်တချို့ကို စည်းရုံးပြီး အသေခံတပ်ဖွဲ့ ဖွဲ့လို့ ရလောက်သည်။
‘ဖြစ်နိုင်တယ်’
ဒီအကြံဉာဏ်က လက်တွေ့ကျသည်ဟု ခံစားရသဖြင့် ကျန်းပေရန် ခေါင်းထဲတွင် အစီအစဉ်များ စတင် ရေးဆွဲလိုက်သည်။ မကြာမီ ခေါင်းဖြတ် စစ်ဆင်ရေး တစ်ခု ပုံပေါ်လာသည်။
‘ဒါပေမဲ့ အချိန်မတန်သေးဘူး ရန်သူ့အကြောင်း သေချာ မသိသေးဘဲ ဒီလို အခြေအနေမျိုးမှာ အနက်ရောင် သူတော်စင်တွေကို အသေခံခိုင်းဖို့ ဆိုတာ ခက်ခဲလိမ့်မယ် ပြီးတော့... သူတို့ ငါ့ကို ပိုပြီး အထင်ကြီးလာအောင် လုပ်ရဦးမယ်’
ကျန်းပေရန်က သူ့နောက်ခံ ဘယ်လောက် တောင့်တင်းကြောင်း ပိုမို ခိုင်မာအောင် လုပ်ဖို့ စဉ်းစားနေစဉ် ပျံသန်းစံအိမ် ရပ်တန့်သွားသည်။
အကျင့်ပါနေသဖြင့် ကောင်းကင်မျက်လုံး အစီအရင် ဖြင့် အပြင်ဘက်ကို ကြည့်လိုက်ရာ အောက်တွင် ဘာဂိုဏ်းမှ မရှိသည်ကို တွေ့လိုက်ရသည်။ အပေါ်ဘက်ကို လှည့်ကြည့်လိုက်ရာ အမြင်အာရုံ ဝါးနေသော်လည်း ရှီဟုန်ယွင်တို့ ပျံသန်းစံအိမ် ထဲမှ ထွက်လာပြီး ရှေ့သို့ သွားနေကြသည်ကို တွေ့လိုက်ရသည်။
ဆက်ကြည့်လိုက်သောအခါ ကျန်းပေရန် နားလည်သွားသည်။
ဒဏ်ရာပြင်းထန်စွာ ရထားသော လူကြီးတစ်ယောက် ထွက်ပြေးလာနေပြီး သူ့နောက်တွင် ထူးဆန်းသော ပုံသဏ္ဌာန် ဂူကျင့်ကြံသူ အများအပြား လိုက်လာနေသည်။
ရှီဟုန်ယွင်တို့က ထိုလူကြီးကို ကယ်တင်လိုက်ပြီး လိုက်လာသော ဂူကျင့်ကြံသူများကို တိုက်ခိုက် မောင်းထုတ်ကာ ပျံသန်းစံအိမ် ပေါ် တက်ပြီး ထွက်ပြေးလာကြသည်။
ကံကောင်းစွာဖြင့် ရှီဖုန်းလန်၏ တုံ့ပြန်မှု မြန်ဆန်သဖြင့် ရှေ့က ပျံသန်းစံအိမ် နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားနိုင်ခဲ့သည်။
ခဏကြာ မောင်းနှင်ပြီးနောက် ပျံသန်းစံအိမ် ထပ်မံ ရပ်တန့်သွားသည်။
ပျံသန်းစံအိမ် မောင်းနှင်နေသော ရှီဖုန်းလန်က ဧည့်ခန်းသို့ ရောက်နေသော ကျန်းပေရန်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်
"ပေရန်လေး သူတို့ ရပ်သွားကြပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည် ကောင်းကင်မျက်လုံး အစီအရင် ဖြင့် ကြည့်ရန် ပြင်လိုက်စဉ် ရှီဖုန်းလန်က ဆက်ပြောလိုက်သည်
"ပေရန်လေး ဘိုးဘေးက နင့်ကို ထွက်လာခဲ့ပါတဲ့"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် အပြင်ထွက်လိုက်သည်။
"ငါ့နောက်လိုက်ခဲ့"
ကျန်းပေရန် ဘာဖြစ်တာလဲ မေးချိန်မရလိုက်ဘဲ ရှီဟုန်ယွင်က လက်ဝှေ့ယမ်းလိုက်ပြီး သူ့ ပျံသန်းစံအိမ် ပေါ်သို့ ခေါ်ဆောင်သွားသည်။
"အဟွတ် အဟွတ်"
ပျံသန်းစံအိမ် ထဲ ရောက်သည်နှင့် စောစောက ကယ်တင်လာသော လူကြီးသည် မည်းနက်သော သွေးများ အန်ထုတ်နေသည်ကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း ပုပ်သိုးနေသော ဒဏ်ရာများ ရှိနေသည်။
"ပေရန်လေး ကုနိုင်မလား"
"ခဏလောက် စောင့်ပါ အရင်ဆုံး စစ်ဆေးကြည့်ပါရစေ"
ကျန်းပေရန် ပြောပြီး လူကြီးရှေ့တွင် ဒူးထောက်ထိုင်ကာ သွေးခုန်နှုန်း စမ်းသပ်လိုက်သည်။
ခဏအကြာတွင် ကျန်းပေရန် ပြောလိုက်သည်။
"အဆိပ်က အရိုးထဲထိ ဝင်နေပြီ... အနက်ရောင်သခင်ကြီး ၁၈... မဟုတ်ဘူး... ၂၀ လောက် ရှာပေးပါ"
ဒီလူကြီးရဲ့ အဆိပ်က ရှီဟုန်ယွင်ထက် ပိုဆိုးသည်။ အနက်ရောင် သူတော်စင် ခန္ဓာကိုယ် မို့လို့သာ အသက်ရှင်နေတာ ဖြစ်သည်။
"ကောင်းပြီ စောင့်နေ"
ရှီဟုန်ယွင် ပြောပြီး အနက်ရောင်သခင်ကြီး ၂၀ ကို ခေါ်လာလိုက်သည် ထို့နောက် ကျန်းပေရန် ပြောသည့်အတိုင်း ပျံသန်းစံအိမ် ကို တောင်တစ်လုံးပေါ်သို့ ဆင်းသက်လိုက်သည်။
ထို့နောက် အရင်အတိုင်း အဆိပ်ထုတ်ခြင်း လုပ်ငန်းစဉ် စတင်လိုက်သည်။ ဒီတစ်ခေါက် အဆိပ်က ပိုမို ပြင်းထန်သဖြင့် အနက်ရောင်သခင်ကြီး ၂၀ တောင် မနည်းတောင့်ခံနေရသည်။
ကံကောင်းစွာဖြင့် သူတို့၏ စိတ်ဓာတ် ကြံ့ခိုင်သဖြင့် နာကျင်မှုကို ကြိတ်မှိတ် သည်းခံကာ ကျန်းပေရန်ကို ကုသခွင့် ပေးခဲ့ကြသည်။
"အဟွတ် အဟွတ်"
မည်းနက်သော သွေးခဲများ အန်ထုတ်ပြီးနောက် သေလုမြောပါး ဖြစ်နေသော လူကြီးသည် ဖြည်းညှင်းစွာ သတိရလာသည်။
"မင်... မင်..."
နားနားကပ်ပြီး ခေါ်နေသော ရှီဟုန်ယွင် အသံကို ကြားပြီး ဆုန်ရှမ်းမင် ရုတ်တရက် ထအော်လိုက်သည်
"မြန်မြန်... မြန်မြန်... နတ်ဘုရားအိပ်မက်ဂိုဏ်းကို သွားကြ"
"နတ်ဘုရားအိပ်မက်ဂိုဏ်း... ဘာဖြစ်လို့လဲ"
ဘေးနားမှ ချောင်ကျင်းဟွာ အံ့သြစွာ မေးလိုက်သည်။
ဆုန်ရှမ်းမင် အသက်ရှူလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အဆိပ်မြူ စဖြစ်ကတည်းက ယန်အဘိုးကြီး ဆီက အကူအညီတောင်းစာ ရခဲ့တယ် စာထဲမှာ ဘာဖြစ်လဲ သေချာ မရေးထားပေမဲ့ ယန်အဘိုးကြီးလိုလူက အကူအညီ တောင်းတယ် ဆိုကတည်းက ကိစ္စကြီး ဖြစ်နေပြီ ဆိုတာ သေချာတယ် ဒါကြောင့် ငါ ချက်ချင်း သွားခဲ့တယ်"
ဆုန်ရှမ်းမင်က ရှီဟုန်ယွင်တို့ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
"ဟို ဂူကျင့်ကြံသူတွေ မင်းတို့လည်း တွေ့ခဲ့ကြတယ် မဟုတ်လား"
"အင်း"
ရှီဟုန်ယွင် ခေါင်းညိတ်လိုက်သည်။
"နတ်ဘုရားအိပ်မက်ဂိုဏ်း က ဂူကျင့်ကြံသူ အများအပြားရဲ့ တိုက်ခိုက်မှုကို ခံနေရတယ် ခေါင်းဆောင် ဂူကျင့်ကြံသူတွေရဲ့ ကျင့်ကြံဆင့်ကလည်း အရမ်း မြင့်မားတယ်"
ဆုန်ရှမ်းမင် ခါးသက်သက် ပြုံးလိုက်သည်။
"ဘယ်လောက် မြင့်မားလဲ ဆိုတာ ငါ ပြောစရာ မလိုတော့ဘူး ထင်တယ် အခု အခြေအနေက ဂူကျင့်ကြံသူတွေက နတ်ဘုရားအိပ်မက်ဂိုဏ်း ကို သိမ်းပိုက်ချင်နေကြတယ် အခြေအနေ အရမ်း ဆိုးရွားနေပြီ ငါတောင် မနည်း ဖောက်ထွက်လာပြီး အကူအညီ လာတောင်းတာ"
ချောင်ကျင်းဟွာ ခေါင်းညိတ်လိုက်သည်။
"သိပြီ အခု ဂိုဏ်းအများစုက ယွမ်မြို့ မှာ စုစည်းနေကြပြီ ခံစစ်စည်းကို ကျဉ်းပြီး ဂူကျင့်ကြံသူတွေကို ပြန်တိုက်ဖို့ ပြင်ဆင်နေကြတယ်"
"ယွမ်မြို့" ဆုန်ရှမ်းမင် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။
"မင်းတို့ အခု ဆက်သွယ်ရေး လိုင်းတွေ ပြတ်တောက်နေတာ သိတယ် မဟုတ်လား ပြီးတော့ ဂူကျင့်ကြံသူတွေက နတ်ဘုရားအိပ်မက်ဂိုဏ်း ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာက ရှန့်တိုင်းပြည်နဲ့ ပြင်ပ ကမ္ဘာ ဆက်သွယ်မှုကို ဖြတ်တောက်ချင်လို့ပဲ"
ဆုန်ရှမ်းမင် စကားကို ကြားပြီး ချောင်ကျင်းဟွာ နှင့် အခြား သူတော်စင်ကြီးများ မျက်လုံးပြူးသွားကြသည်။ ပါးစပ်မှလည်း "ဒါကြောင့်ကိုး... ဒါကြောင့်ကိုး..." ဟု ရေရွတ်လိုက်ကြသည်။
ဘေးနားမှ နားထောင်နေသော ကျန်းပေရန်လည်း သဘောပေါက်သွားသည်။ ဂူကျင့်ကြံသူတွေ ဘာလို့ ရုတ်တရက် ဆုတ်ခွာသွားလဲ ဆိုတာ နားလည်သွားသည်။ ပထမ တိုက်ပွဲမှာ ရှန့်တိုင်းပြည်ရဲ့ ထိပ်တန်း ခွန်အားရှင်တွေကို မသတ်နိုင်မှန်း သိလိုက်ရတော့ ဝိုင်းရံပိတ်ဆို့တဲ့ နည်းဗျူဟာကို ပြောင်းသုံးလိုက်ခြင်း ဖြစ်သည်။
အဆိပ်မြူကို မဖြေရှင်းနိုင်သရွေ့ ကျင့်ကြံသူများ၏ အခြေအနေသည် တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာမည် ဖြစ်သည်။ အဆိပ်အတောက်များ ခန္ဓာကိုယ် အနှံ့ ပြန့်နှံ့သွားသောအခါ ဂူကျင့်ကြံသူများက အပြီးသတ် တိုက်ခိုက်လိုက်လျှင် ရှန့်တိုင်းပြည် တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ရှန့်တိုင်းပြည် ခေါင်းဆောင်များ ယွမ်မြို့တွင် စုစည်းလိုက်ခြင်းသည် ဝိုင်းရံပိတ်ဆို့ခံရမည့် အခြေအနေကို ကြိုတင် ပြင်ဆင်ထားသလို ဖြစ်နေသော်လည်း။
သူတို့ ထင်ထားတာက အင်အား စုစည်းပြီးမှ အကောင်းဆုံး နည်းလမ်း ရှာကာ ပြန်လည် တိုက်ခိုက်ဖို့ ဖြစ်သည်။
ဒါပေမဲ့ ဂူကျင့်ကြံသူတွေရဲ့ ရည်ရွယ်ချက်ကို သိလိုက်ရတော့ ယွမ်မြို့မှာ စုစည်းလိုက်တာက ဂူကျင့်ကြံသူတွေ ဝိုင်းရံရ လွယ်ကူအောင် ကူညီပေးလိုက်သလို ဖြစ်သွားသည်။
အခြေအနေက လုံးဝ ပြောင်းလဲသွားပြီ။
အားလုံး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆုန်ရှမ်းမင် ဆက်ပြောလိုက်သည်။
"ငါတို့ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်ဘူး တကယ်လို့ ဂူကျင့်ကြံသူတွေက ငါတို့ကို လုံးဝ ပိတ်ဆို့လိုက်ရင် ပြန်ဖောက်ထွက်ဖို့ အချိန်နှောင်းသွားလိမ့်မယ်"
ချောင်ကျင်းဟွာ ခဏ စဉ်းစားလိုက်ပြီး အလေးအနက် ခေါင်းညိတ်လိုက်သည်။
"စီနီယာဆုန် ပြောတာ မှန်တယ် ငါ အခုပဲ ပြန်သွားပြီး ကူလျန်ချန် ကို ပြောလိုက်မယ် သူ့ကို လူစုပြီး နတ်ဘုရားအိပ်မက်ဂိုဏ်း ကို သွားကယ်ခိုင်းလိုက်မယ်"
ပျံသန်းစံအိမ် ပြန်လည် ထွက်ခွာလာသောအခါ လူတိုင်း၏ စိတ်နှလုံး လေးလံနေကြသည်။
ရှုပ်ထွေးလွန်းသည်။ အရမ်း ရှုပ်ထွေးလွန်းသည်။
တစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များသည် အမြဲတမ်း အရာရာကို ထိန်းချုပ်နိုင်ခဲ့သော အနက်ရောင် သူတော်စင်ကြီးများကို အဆုံးအဖြတ် ဝေဝါးသွားစေသည်။ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။
‘ရှန့်တိုင်းပြည် တစ်ခုလုံးကို ဝိုင်းရံထားတာလား...’
ကျန်းပေရန် နဖူးကို လက်ဖြင့် ထောက်ပြီး စဉ်းစားနေသည်။
ဆုန်ရှမ်းမင် ပြောသလိုပင် ဂူကျင့်ကြံသူများက ရှန့်တိုင်းပြည်ကို လုံးဝ ပိတ်ဆို့လိုက်လျှင် ရှန့်တိုင်းပြည်မှ ကျင့်ကြံသူများ အကြီးအကျယ် ဒုက္ခရောက်ကြပေလိမ့်မည်။
အဆိပ်မြူ ရှိနေသရွေ့ ကျင့်ကြံသူများသည် ဂူကျင့်ကြံသူများနှင့် ရေရှည် တိုက်ပွဲ ဆင်နွှဲနိုင်စွမ်း မရှိပေ။
နောက်ထပ် ပိုဆိုးသော ပြဿနာ တစ်ခု ရှိသေးသည်။ အံ့ဖွယ်နဂါး တိုက်ကြီးတွင် ရှန့်တိုင်းပြည် တစ်ခုတည်း ရှိတာ မဟုတ်ပေ။ ရှန့်တိုင်းပြည် တစ်ခုတည်းကို ဝိုင်းရံရုံနှင့် မလုံလောက်ပေ။ မဟုတ်လျှင် အပြင်က ကျင့်ကြံသူတွေနဲ့ ပေါင်းပြီး ညှပ်တိုက်ခံရနိုင်သည်။
ဆိုလိုသည်မှာ ဂူကျင့်ကြံသူများသည် ရှန့်တိုင်းပြည်ကို ဝိုင်းရံရုံသာမက တိုင်းပြည် ခြောက်ပြည်လုံး၏ ဆက်သွယ်မှုများကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ တိုင်းပြည် ခြောက်ပြည် ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်မည့် အခွင့်အရေးကို လုံးဝ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
‘သေချာ စီစဉ်ထားတဲ့ စီမံကိန်းပဲ...’
ကျန်းပေရန် သံသယ ဝင်မိသည်မှာ လွန်ခဲ့သော အကြိမ်က ချန်တိုင်းပြည်ကို လာတိုက်တာ ဟန်ပြ သက်သက် ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။ ဂူကျင့်ကြံသူ အများအပြား အံ့ဖွယ်နဂါး တိုက်ကြီးထဲသို့ စိမ့်ဝင်ရောက်ရှိနေပြီး သတင်းအချက်အလက်များ ပေးပို့နေခြင်း ဖြစ်နိုင်သည်။
မဟုတ်လျှင် ဒီလောက် ပြည့်စုံတဲ့ စီမံကိန်းမျိုး ဘယ်လို ရေးဆွဲနိုင်မှာလဲ။ အကွက်တိုင်းက သေကွက်တွေချည်းပဲ။
"စောစောက မင်းကို ကယ်လိုက်တာ သူပဲ"
ကျန်းပေရန် စဉ်းစားနေစဉ် ရှီဟုန်ယွင်က ဆုန်ရှမ်းမင်ကို ခေါ်ပြီး ကျန်းပေရန် ရှေ့သို့ ရောက်လာသည်။
ကျန်းပေရန် လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုလိုက်သည်။
"စီနီယာဆုန် ကို ဂါရဝပြုပါတယ်"
"တကယ့်ကို ခေတ်ပျက် သူရဲကောင်းလေးပါပဲ" ဆုန်ရှမ်းမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"နတ်ဘုရားအိပ်မက်ဂိုဏ်း မှာတုန်းက အနက်ရောင် သူတော်စင်တွေ အများကြီး ရှိတာတောင် ဒီ ဂူအဆိပ်ကို ဘာမှ မလုပ်နိုင်ကြဘူး ဒါကို လူငယ်လေး တစ်ယောက်က ဖြေရှင်းပေးနိုင်တယ် ဆိုတော့ တကယ့်ကို သူရဲကောင်းလေးပါပဲ မင်းသာ မရှိရင် ငါ့အရိုးတွေ ယွမ်မြို့ မရောက်ခင် ကြေမွသွားလောက်ပြီ"
ဆုန်ရှမ်းမင်၏ ကျေးဇူးတင်စကားကို ကျန်းပေရန်က ပြန်ဖြေလိုက်သည်။
"ဖြေရှင်းပေးတယ်လို့ မခေါ်ပါဘူး နည်းနည်း ပါးနပ်တဲ့ နည်းလမ်းလေး သုံးလိုက်ရုံပါပဲ စီနီယာကြီး အားနာမနေပါနဲ့"
ကျန်းပေရန်၏ စကားသည် နှိမ့်ချသလို ရှိသော်လည်း လေသံကတော့ လုံးဝ နှိမ့်ချခြင်း မရှိပေ။ ဆုန်ရှမ်းမင်နှင့် တန်းတူသဘောမျိုး သို့မဟုတ်... ပိုမြင့်မားသလိုမျိုး ပြောဆိုနေခြင်း ဖြစ်သည်။
ဆုန်ရှမ်းမင်သည် ဒီလို လူငယ်မျိုး တစ်ခါမှ မတွေ့ဖူးသဖြင့် မျက်နှာထား ဘယ်လို ထားရမှန်း မသိ ဖြစ်နေသည်။ ဒေါသထွက်ရမလား ရယ်မောရမလား ဝေခွဲမရ ဖြစ်နေသည်။
ဘေးနားမှ ရှီဟုန်ယွင်က ဆုန်ရှမ်းမင် နားနားကပ်ပြီး တီးတိုး ပြောလိုက်သည်။
ဆုန်ရှမ်းမင် အံ့အားသင့်သွားပြီးနောက် သဘောပေါက်သွားသော အမူအရာ ဖြစ်သွားသည်။
ကျန်းပေရန် နားထောင်စရာ မလိုဘဲ သိလိုက်သည်။ ရှီဟုန်ယွင်က သူသည် မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး ဆီက လာတယ်လို့ ပြောလိုက်တာ သေချာသည်။
မိစ္ဆာငါးပါး၊ ကောင်းကင်သုံးပါး ဆိုတဲ့ စကားလုံးကို ကျန်းပေရန် ကြားဖူးတာ မနည်းတော့ဘူး။ ဒါပေမဲ့ အခုထိ ဘာမှန်း မသိသေးပေ။ ရှာဖွေရ ခက်လို့ မဟုတ်ဘဲ ကျန်းပေရန် ကိုယ်တိုင်က လိုက်မရှာလို့ ဖြစ်သည်။
ကံပါရင် သိရမှာပဲလေ။ ကံမပါရင် သိလည်း အပိုပဲ။ စိတ်ရှုပ်စရာပဲ ပိုတိုးလာမယ်။
ခန့်မှန်းရသလောက်တော့ တိုင်းပြည် ခြောက်ပြည်ထက် ပိုမြင့်မားတဲ့ နေရာ ဖြစ်မည်။ မဟုတ်လျှင် အနက်ရောင် သူတော်စင်တွေက ဒီလောက် လေးစားနေမှာ မဟုတ်ပေ။
‘ဒါပေမဲ့ အဲဒီ နေရာမှာလည်း အနက်ရောင် ဧကရာဇ် အဆင့် ရှိမှာ မဟုတ်ဘူး မဟုတ်ရင် ချိန်ခွင်လျှာ ပျက်သွားမှာပေါ့ သူတို့ ဘယ်နေရာမှာ စွမ်းတာလဲ... ဒီ ဂူကျင့်ကြံသူ ကျူးကျော်မှုမှာ သူတို့ ဘယ်လို အခန်းကဏ္ဍက ပါဝင်မှာလဲ’
ကျန်းပေရန် စဉ်းစားနေစဉ် ဆုန်ရှမ်းမင်က မေးလိုက်သည်။
"စောစောက မောင်ရင် ပြောတာ အဆိပ်ဖြေလိုက်တာ မဟုတ်ဘူး ဆိုတော့ ငါ့ကိုယ်ထဲက အဆိပ်တွေ ဘယ်ရောက်သွားတာလဲ"
ကျန်းပေရန်က အပေါ်ထပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"တစ်ယောက်ယောက်က စီနီယာကြီး အစား အဆိပ်တွေကို ခံယူပေးထားပါတယ် အခု တရားထိုင်ပြီး ကုစားနေပါတယ်"
ဆုန်ရှမ်းမင် ခဏ စဉ်းစားလိုက်ပြီး ကျန်းပေရန် ဆိုလိုရင်းကို နားလည်သွားသည်။
"ဪ ဒါကြောင့်ကိုး အဲဒါ..."
ဆုန်ရှမ်းမင် ဆက်မေးရန် ပြင်လိုက်စဉ် ပျံသန်းစံအိမ် ရပ်တန့်သွားသည်။ မလှမ်းမကမ်းမှ ချောင်ကျင်းဟွာက ပြောလိုက်သည်။
"ရောက်ပြီ"
ဆုန်ရှမ်းမင် မျက်နှာ တည်သွားပြီး ကျန်းပေရန်ကို ပြောလိုက်သည်။
"နောက်နေ့မှ ငါ ကိုယ်တိုင် လာပြီး ကျေးဇူးတင်ပါ့မယ်"
ပြောပြီးသည်နှင့် ချောင်ကျင်းဟွာ နောက်သို့ လိုက်ပါသွားသည်။
သူတော်စင်ကြီးများ ဆင်းသွားပြီးနောက် ရှီဟုန်ယွင်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျန်းပေရန်ကို လှည့်ကြည့်လိုက်သည်။
ခဏတာ တွေဝေပြီးနောက် ဘာမှ မပြောဘဲ ကျန်းပေရန်ကို စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ကျန်းပေရန် မျက်လုံးရှေ့၌ ရွေးချယ်မှု သုံးခု ပေါ်လာသည်။
【ရွေးချယ်မှု ၁ - ပျံသန်းစံအိမ် ပေါ်မှ ချက်ချင်း ဆင်းသွားရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အထက်တန်း မိစ္ဆာတားမြစ် ကျမ်း】
【ရွေးချယ်မှု ၂ - "သူတော်စင်ကြီး ဘာမေးစရာ ရှိလို့လဲ" ဟု မေးရန်။ ပြီးမြောက်ပါက ဆုလာဘ် - မြေကမ္ဘာအဆင့် အလယ်အလတ် မဟာဗျူဟာ အစီအရင် ပုံ】
【ရွေးချယ်မှု ၃ - "သူတော်စင်ကြီး အရမ်း စိတ်မပူပါနဲ့ ကျွန်တော့် ဆရာသာ ဝင်ပါလိုက်ရင် ဒီ ဂူကျင့်ကြံသူတွေက ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး" ဟု ပြောရန်။ ပြီးမြောက်ပါက ဆုလာဘ် - ကျပန်း အခြေခံ အရည်အသွေး အမှတ် +၁】
‘ဟိုက်... ဒါ အကြီးကြီး လိမ်ခိုင်းနေတာပဲ...’