← Chapters

အချိန်ဆိုင်းလို့မရ

Vol. 49 Ch. 560

အချိန်ဆိုင်းလို့မရ

Vol. 49 Ch. 560

“သူတော်စင်ကြီး အရမ်း စိတ်မပူပါနဲ့။ ကျွန်တော့် ဆရာသာ ဝင်ပါလိုက်ရင် ဒီ ဂူကျင့်ကြံသူတွေက ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး။”

ရွေးချယ်မှု ၃ ကို ရွေးလိုက်ပြီးနောက် ကျန်းပေရန်က ရှီဟုန်ယွင်ကို ပြုံးပြကာ ပြောလိုက်သည်။

【ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။ ဆုလာဘ် - ခွန်အား +၁】

‘ဆရာ...’

ကျန်းပေရန်၏ စကားကို ကြားသောအခါ ရှီဟုန်ယွင် တစ်ခဏမျှ ကြောင်သွားသည်။

စောစောက သူ ပြောချင်နေတာက ကျန်းပေရန်၏ အဆင့်အတန်း အစစ်အမှန်ကို မေးချင်နေတာ ဖြစ်သည်။

ဒါပေမဲ့ ကျန်းပေရန်က ပြောပြစရာ အကြောင်း မရှိဘူးလို့ ယူဆလိုက်တဲ့ အတွက် မမေးဖြစ်ခဲ့ပေ။

မထင်မှတ်ဘဲ ကျန်းပေရန်က သူ့ဆရာကို ထုတ်သုံးလိုက်ပြန်ပြီ။

ကျန်းပေရန်ကို စတွေ့ကတည်းက သူ့မှာ ဆရာတစ်ယောက် ရှိတယ် ဆိုတာ သိခဲ့ရသည်။ အဲဒီ ဆရာက ဝူရှန်းဂိုဏ်းချုပ်ကြီးရဲ့ တပည့်အဖြစ် ကမ်းလှမ်းတာကိုတောင် ငြင်းပယ်စေလောက်အောင် စွမ်းအားကြီးသူ ဖြစ်သည်။

ရှီမိသားစုကို ရောက်လာတုန်းကလည်း သူတို့နှစ်ယောက် စကားပြောကြရင်း ကျန်းပေရန်က သူ့ဆရာဟာ လူမသိသူမသိ နေထိုင်တတ်တဲ့ လောကီအပြင်ဘက်က ပုဂ္ဂိုလ်ထူးကြီး ဆိုတာ သွယ်ဝိုက် ပြောပြဖူးသည်။

ကျန်းပေရန် တတ်မြောက်ထားတဲ့ ရှေးဟောင်း အတတ်ပညာတွေကို ကြည့်ရင် သူ့ဆရာက သေချာပေါက် အစွမ်းထက်မှာ အသေအချာပါပဲ။

ဒါပေမဲ့ ရှီဟုန်ယွင်ကတော့ ကျန်းပေရန် အမှန်အတိုင်း မပြောဘူးလို့ ထင်နေဆဲ ဖြစ်သည်။ ဒါကြောင့် ရှီဝေရိကို အကြိမ်ကြိမ် မေးခိုင်းခဲ့သော်လည်း ရှီဝေရိလို ဝါရင့် ပုဂ္ဂိုလ်ကြီးတောင် ကျန်းပေရန်ဆီက ဘာသတင်းမှ နှိုက်မရခဲ့ပေ။

ကျန်းပေရန်က ရှီမိသားစု အတွက် တကယ် အလုပ်လုပ်ပေးနေတော့ အမှန်တရားက ဘာလဲ ဆိုတာကို ရှီဟုန်ယွင် စိတ်မဝင်စားတော့ပေ။

ဒါပေမဲ့ ဒီနေ့တော့ ကျန်းပေရန်က သူ့ဆရာ အကြောင်း ပြန်ပြောလာပြီး ဒီလောက်ထိ ချီးကျူးနေတော့ ရှီဟုန်ယွင် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။

ရှီဟုန်ယွင် တွေဝေနေစဉ် ကျန်းပေရန်ကတော့ စနစ်၏ ရည်ရွယ်ချက်ကို စဉ်းစားနေသည်။

စနစ်က အလကား သက်သက်တော့ ကျားသားရေ ခင်းခိုင်းမှာ မဟုတ်ဘူး။ နောက်ဆက်တွဲ ကိစ္စတွေ အတွက် လမ်းခင်းခိုင်းတာ ဖြစ်မှာ သေချာသည်။

‘ငါ့အစား အပြစ်ခံပေးဖို့လား... ဒါမှမဟုတ် ငါ့အစား ကပ်ဘေး ကာကွယ်ပေးဖို့လား...’

နှစ်ခုစလုံး ဖြစ်နိုင်ချေ ရှိသည်။ ဒါပေမဲ့ စနစ်က အဆင့် ၉၉ မှာ ရှိနေပြီး သူက အောက်ခြေမှာ ရှိနေတော့ အတိအကျ ခန့်မှန်းဖို့ မလွယ်ကူပေ။ သူ လုပ်နိုင်တာကတော့ ကျားသားရေကို ပိုပြီး သဘာဝကျအောင် ခင်းဖို့ပဲ ဖြစ်သည်။

သူ့ဆရာရဲ့ ပုံရိပ်ကို ပိုပြီး ထင်ရှားအောင် လုပ်မလား... ဒါမှမဟုတ် ပိုပြီး လျှို့ဝှက်ဆန်းကြယ်အောင် လုပ်မလား... ဒါက အရေးကြီးတဲ့ အချက်ပဲ။

“မျှော်လင့်တာပေါ့ကွာ...”

ရှီဟုန်ယွင်ကတော့ စကားဝှက်တွေ ဆက်မဖြေရှင်းချင်တော့သဖြင့် ပြုံးပြပြီး ပျံသန်းစံအိမ် ပေါ်မှ ဆင်းသွားသည်။

သူ့စိတ်ထဲမှာ ဒါကို ဟာသလို့ သဘောထားတာလား... နှစ်သိမ့်စကားလို့ သဘောထားတာလား... တခြား ဘယ်လို သဘောထားထား ကျန်းပေရန် ဂရုမစိုက်တော့ပေ။

ကျန်းပေရန် သိတာ တစ်ခုပဲ ရှိသည်။ သူ့မှာ အစွမ်းထက်တဲ့ ဆရာတစ်ယောက် ရှိတယ် ဆိုတဲ့ အချက်ကို လူတိုင်း ယုံကြည်သွားအောင် လုပ်ရမည်။

ပျံသန်းစံအိမ် ပေါ်မှ ဆင်းပြီးနောက် ကျန်းပေရန်သည် ရှီဖုန်းလန် ဆီသို့ ပြန်သွားရန် ပြင်လိုက်စဉ် ရှီဝေရိ၏ အသံကို ကြားလိုက်ရသည်။

“ပေရန်လေး... တကယ်လို့ နတ်ဘုရားအိပ်မက်ဂိုဏ်း ကို သွားကယ်ဖို့ ဆုံးဖြတ်လိုက်ရင် မင်း လိုက်ဦးမလား”

“စီနီယာကြီးတွေ လိုအပ်ရင် ဂျူနီယာ သေချာပေါက် လိုက်ပါ့မယ်။”

ရှီဝေရိ ခဏတာ တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။

“သူတော်စင်ကြီးရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေ အရ... နောက်ထပ် အဆိပ်ပြန်ထလာရင် မင်း ကုသပေးနိုင်ဦးမလား။”

ကျန်းပေရန် နားလည်လိုက်သည်။ စောစောက သူ ချန်ယန်ချင်းကို မှာနေတာ ရှီဝေရိ ကြားသွားပုံ ရသည်။ အဆိပ် တစ်ခါ ထုတ်ပြီးသား လူနာက နောက်တစ်ခါ ထပ်ဖြစ်ရင် ပိုဆိုးတတ်သည်။

“ဒါတော့ ကျွန်တော်လည်း မသေချာဘူး။ သေချာတာ တစ်ခုကတော့... ပြီးခဲ့တဲ့ တစ်ခေါက်ထက် အများကြီး ပိုအန္တရာယ် များလိမ့်မယ်။”

ရှီဝေရိ မျက်နှာပျက်သွားသည်။

“သူတော်စင်ကြီးကို ကျွန်တော် သွားဖျောင်းဖျပေးရမလား။”

ရှီဝေရိ၏ အတွေးကို ရိပ်မိသော ကျန်းပေရန်က မေးလိုက်သည်။

“မလိုတော့ပါဘူး။”

ရှီဝေရိ ခေါင်းခါလိုက်သည်။ ထို့နောက် ရင်ခွင်ထဲမှ သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ပြီး ကျန်းပေရန်ကို ပေးလိုက်သည်။

“ဒါက မင်းအတွက် ကျေးဇူးတင်လက်ဆောင်တွေပါ။ တကယ်တော့ ကိစ္စတွေ အားလုံး ပြီးမှ ပေးမလို့။ ဒါပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ အဆင်သင့် ဖြစ်တုန်းလေး ပေးလိုက်တာ”

လက်စွပ်ကို ကြည့်ပြီး ကျန်းပေရန် မေးလိုက်သည်။

“ဘာကိစ္စ အတွက် ကျေးဇူးတင်တာလဲ။”

“ရှီမိသားစု အတွက် ဝင်ပြိုင်ပေးပြီး အနိုင်ယူပေးခဲ့တာလေ။ မင်းရဲ့ အရည်အချင်းကြောင့် ငါတို့ အများကြီး အမြတ်ထွက်ခဲ့တယ်။”

‘ဟင်...’

ကိစ္စတွေ ပြီးမှ ပြောမယ် ထင်ထားတာ အခုကျမှ အလျင်စလို ပေးလာတာ ထူးဆန်းနေသည်။ ဒါပေမဲ့ ရှီဝေရိ ပြောသလိုပါပဲ... မနက်ဖြန် အသက်ရှင်မရှင် မသေချာတဲ့ အခြေအနေမှာ ပေးစရာရှိတာ ပေးထားတာ ကောင်းပါတယ်။ ပြီးတော့ သူ့ကို အကူအညီ တောင်းစရာ ရှိနေလို့ ဒီလို လာဘ်ထိုးတာလည်း ဖြစ်နိုင်သည်။

“ဒါဆိုရင်တော့... ဂျူနီယာ မငြင်းတော့ပါဘူး။”

ကျန်းပေရန်က လက်စွပ်ကို ယူလိုက်သည်။

“သဘောကျရဲ့လား ကြည့်လိုက်ပါဦး။” ရှီဝေရိက ပြုံးလျက် ပြောသည်။

ကျန်းပေရန် လက်စွပ်ထဲ စိတ်အာရုံ ပို့လွှတ်ပြီး ကြည့်လိုက်သည်။

‘ဝိုး...’

ပစ္စည်းတွေ အများကြီးပဲ။ အားလုံးက ထိပ်တန်း အဆင့် ပစ္စည်းတွေချည်းပဲ။ ဆေးဖက်ဝင် အပင်တွေ၊ ကျောက်စိမ်းတွေ... ထူးဆန်းသော ရတနာ စာရင်းမှာ ထိပ်ဆုံး ၁၀၀ ဝင်တဲ့ ပစ္စည်းတွေတောင် ပါတယ်။ တချို့ ပစ္စည်းတွေဆို ကျန်းပေရန် နာမည်တောင် မခေါ်တတ်ဘူး။ ဒါပေမဲ့ အရည်အသွေး ကောင်းတာတော့ ခံစားမိသည်။

ထူးဆန်းသော ရတနာ စာရင်းမှာ မပါဝင်တဲ့ လျှို့ဝှက် ရတနာတွေ ဖြစ်ဖို့များသည်။

ဒါ့အပြင် အစီအရင် ခင်းဖို့ လိုအပ်တဲ့ အဆောင်ပစ္စည်းတွေ၊ အဆောင်စာရွက်တွေလည်း အများကြီး ပါတယ်။ အားလုံးက အထက်တန်းစား... မဟုတ်ဘူး... အထူးတန်းစား အရည်အသွေးတွေ ဖြစ်သည်။

အဆောင်ပစ္စည်း ဆိုတာ ဝိညာဉ်သစ်ပင်၊ သစ်သား၊ အမျှင်၊ တိရစ္ဆာန် အရေခွံ၊ အရိုး၊ ကျောက်စိမ်း စတာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်သည်။

ကုန်ကြမ်း ပိုကောင်းလေ အရည်အသွေး ပိုကောင်းလေ ဖြစ်သည်။

သစ်ပင်တွေနဲ့ လုပ်တဲ့ အဆောင်တွေက ရှာရလွယ်ပေမဲ့ တိရစ္ဆာန် အစိတ်အပိုင်းတွေနဲ့ လုပ်တဲ့ အဆောင်တွေက ရှာရခက်သည်။

အခုခေတ်မှာ မိစ္ဆာကောင် အရေအတွက် နည်းပါးလာပြီး အစွမ်းထက်တဲ့ ကောင်တွေက ရှေးဟောင်းမြို့တော် ထဲမှာ စုနေကြလို့ ရှာဖွေရ ခက်ခဲသည်။

ဒါကြောင့် ဒီလို ပစ္စည်းမျိုးကို ရှီမိသားစုလို ရှေးဟောင်း မိသားစုကြီးတွေမှာပဲ တွေ့ရနိုင်သည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မိစ္ဆာကောင်တွေ ပေါများခဲ့ပြီး အစွမ်းထက်တဲ့ ကောင်တွေလည်း အပြင်ထွက်လာတတ်ကြသည်။

ကျင့်ကြံသူတွေနဲ့ မိစ္ဆာကောင်တွေ တိုက်ခိုက်ပြီးနောက် ရရှိလာတဲ့ ပစ္စည်းတွေကို စုဆောင်းထားကြခြင်း ဖြစ်သည်။

မိစ္ဆာကောင် အစိတ်အပိုင်းတွေနဲ့ လုပ်ထားတဲ့ အဆောင်တွေက တိုက်ခိုက်ရေး အစီအရင်တွေမှာ အစွမ်းထက်သည်။ အရင်တုန်းက ကျန်းပေရန် တိုက်ခိုက်ရေး အစီအရင် သိပ်မသုံးလို့ မလိုအပ်ခဲ့ပေမဲ့။

အခုလို အခြေအနေမျိုးမှာ တိုက်ခိုက်ရေး အစီအရင်တွေက အကောင်းဆုံး လက်နက် ဖြစ်လာတော့မည်။

ပြီးတော့ ရှီဝေရိ ပေးလိုက်တဲ့ ပစ္စည်းတွေက အရမ်း ကောင်းလွန်းသည်။ အဆင့် ၇၊ အဆင့် ၈ မိစ္ဆာကောင်တွေရဲ့ အစိတ်အပိုင်းတွေနဲ့ လုပ်ထားတာ ဖြစ်နိုင်သည်။ ယန်ကွမ်းချင် ရဲ့ အရိပ်လမင်း မျှော်စင် မှာတောင် ဒီလောက် ကောင်းတဲ့ ပစ္စည်းတွေ မတွေ့ဖူးပေ။

‘ယန်ဂိုဏ်းချုပ် သွားရည်ကျမယ့် ပစ္စည်းတွေ ရပြီဟေ့’

ဒီပစ္စည်း တစ်ခုလောက် ထုတ်ပြလိုက်ရင် ယန်ကွမ်းချင် မျက်လုံးပြူးသွားမှာ သေချာသည်။ သူ့ဆီက ပစ္စည်းကောင်းတွေနဲ့ လဲလှယ်ဖို့တောင် စဉ်းစားလို့ ရနေပြီ။

“သူတော်စင်ကြီး တကယ် စေတနာ ပါတာပဲ။ ဂျူနီယာ ဒီပစ္စည်းတွေ လိုအပ်နေတာ အမှန်ပါပဲ။”

“ဟား ဟား ဟား... ပေရန်လေး သဘောကျရင် ကျေနပ်ပါပြီ။”

ရှီဝေရိ ဝမ်းသာအားရ ပြောလိုက်သည်။

“ဒီတစ်ခေါက်က အလျင်စလို ယူလာရလို့ ပိုကောင်းတဲ့ ပစ္စည်းတွေ မပါလာဘူး။ နောက်တစ်ခါ ရှီအိမ်တော် ပြန်ရောက်ရင် ဘဏ္ဍာတိုက်ထဲ ခေါ်သွားပြီး ကြိုက်တာ ရွေးခိုင်းမယ်။”

“သူတော်စင်ကြီး အားနာစရာကြီးပါ ဒီလောက်နဲ့တင် ကျွန်တော် လုပ်ပေးခဲ့တာတွေနဲ့ တန်နေပါပြီ။”

“တကယ်လို့ ပေရန်လေးက များတယ်လို့ ထင်ရင် ရှီမိသားစု အတွက် နောက်ထပ် အလုပ်တစ်ခု လုပ်ပေးပါလား”

“သူတော်စင်ကြီးကို စောင့်ရှောက်ပေးဖို့လား”

“ဟုတ်တယ်”

“ဒါကတော့ စိတ်ချပါ။ ကျွန်တော်က ရှီမိသားစု ဧည့်အကြီးအကဲ ဖြစ်တဲ့အတွက် သူတော်စင်ကြီးကို ဦးစားပေး စောင့်ရှောက်မှာပါ။”

“ကောင်းပြီ... မင်းဆီက ဒီစကား ကြားရတော့ စိတ်အေးသွားပြီ။ တကယ်လို့ လိုအပ်တာ ရှိရင်...”

ရှီဝေရိ စကားမဆုံးခင်မှာပင် ရှီဟုန်ယွင် နှင့် အခြား သူတော်စင်များ ရောက်လာကြသည်။

“ပေရန်လေး... ငါတို့ ဆုံးဖြတ်လိုက်ကြပြီ။ နတ်ဘုရားအိပ်မက်ဂိုဏ်း ကို သွားကယ်ကြမယ်။ လောလောဆယ် ဒီ ဂူအဆိပ်ကို ကုသနိုင်တာ မင်း တစ်ယောက်တည်း ရှိသေးတော့ ငါတို့နဲ့ လိုက်ခဲ့ပါဦး။”

“အရေးကြီး ကိစ္စမို့ ဂျူနီယာ ငြင်းစရာ မရှိပါဘူး။”

“ကောင်းပြီ လိုက်ခဲ့... ငါ လူတချို့နဲ့ မိတ်ဆက်ပေးမယ်။”

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ရှီဝေရိကို နှုတ်ဆက်ကာ ရှီဟုန်ယွင် နောက်သို့ လိုက်ပါသွားသည်။

လမ်းတွင် ကျန်းပေရန် မေးလိုက်သည်။ “ဒီလောက် ကိစ္စကြီးကို ဒီလောက် မြန်မြန် ဆုံးဖြတ်လိုက်ကြတာလား။”

“အင်း... အရေးကြီးတဲ့ ကိစ္စမို့လို့ အချိန်ဆွဲနေလို့ မရဘူး။ အန္တရာယ် ရှိမှန်း သိပေမဲ့ နတ်ဘုရားအိပ်မက်ဂိုဏ်း ကို မဖြစ်မနေ ကယ်ရမယ်။ ဂူကျင့်ကြံသူတွေရဲ့ အစီအစဉ်ကို တားဆီးနိုင်ဖို့ အတွက် အဲဒီက ဂိုဏ်းချုပ်တွေကို ကယ်ထုတ်ပြီး သတင်းအချက်အလက်တွေ ရယူရမယ်။”

ရှီဟုန်ယွင်၏ လေသံတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။ စောစောက တိုက်ပွဲတွင် အထိနာခဲ့သဖြင့် စိုးရိမ်နေပုံ ရသည်။

စကားပြောရင်း ပျံသန်းစံအိမ် တစ်စင်း ရှေ့သို့ ရောက်လာသည်။ ကျန်းပေရန် မျက်လုံးများ ပြာဝေသွားပြီး စံအိမ်ထဲသို့ ရောက်ရှိသွားသည်။

“ကောင်းကင်ဘုံသခင်ကြီး ကူ... ဒါ ကျွန်တော်တို့ မိသားစုက ဧည့်အကြီးအကဲ ကျန်းပေရန် ပါ။”

အမြင်အာရုံ ကြည်လင်လာသောအခါ ရှီဟုန်ယွင်၏ မိတ်ဆက်စကားကို ကြားလိုက်ရသည်။

ရှေ့ကို ကြည့်လိုက်ရာ ခန့်ညားထည်ဝါသော အဘိုးအို တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ လောကကြီးကို အထင်သေးသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။

‘ဟိုက်... ဒီအဘိုးကြီးက တခြား သူတော်စင်တွေထက် တစ်ဆင့် ပိုမြင့်နေပါလား။’

တစ်ချက် ကြည့်လိုက်ရုံဖြင့် ကျန်းပေရန်၏ အာရုံခံစားမှုများ နိုးကြားလာသည်။ လှိုင်းလေထန်သော ပင်လယ်ထဲတွင် လှေငယ်လေး တစ်စင်း လူးလွန့်နေသလို ခံစားရသည်။

ဒီလို ဖိအားမျိုး ကျန်းပေရန် ပထမဆုံး ခံစားဖူးခြင်း ဖြစ်သည်။ ဒီအဘိုးကြီးက စိတ်စွမ်းအင် အထူးပြု မဟုတ်ရင်တောင် သူ့ကျင့်ကြံဆင့်က ရှီဟုန်ယွင် တို့ထက် အများကြီး သာလွန်နေမှာ သေချာသည်။

အနက်ရောင် သူတော်စင် အဆင့်နဲ့ ပတ်သက်ပြီး ကျန်းပေရန် သိပ်နားမလည်ပေ။ အများစုလည်း နားမလည်ကြပေ။

အဆင့် တစ်ဆင့်ချင်းစီ တက်ဖို့ ဘယ်လောက် ခက်ခဲလဲ။ ဘယ်လောက် ကွာခြားလဲ ဆိုတာ နှိုင်းယှဉ်စရာ မရှိပေ။ ဘာလို့လဲ ဆိုတော့ သူတော်စင် အရေအတွက် နည်းပါးပြီး တစ်ယောက်နဲ့ တစ်ယောက် ကျင့်စဉ်ချင်း မတူကြလို့ ဖြစ်သည်။

ဒါပေမဲ့ ဒီ သူတော်စင်ကြီးကတော့ တခြား သူတော်စင်တွေနဲ့ မတူဘူး ဆိုတာ ကျန်းပေရန် ခံစားမိသည်။ စကားလုံးနဲ့ ဖော်ပြဖို့ ခက်ပေမဲ့ တစ်လုံးတည်း ပြောရရင်...

‘သန်မာလိုက်တာ...’

“ကျင်းဟွာ ပြောတုန်းက ဒီလောက် ငယ်မယ် မထင်ထားဘူး။ တကယ်ပဲ ငယ်ရွယ်ပြီး ထူးချွန်တာပဲ။ အံ့သြစရာ ကောင်းလိုက်တာ။”

ကူလျန်ချန် က ပြုံးလိုက်ပြီး ဆက်ပြောသည်။

“အခြေအနေက အရေးကြီးနေတော့ စကား အများကြီး မပြောတော့ဘူး။ လူစုံပြီ ဆိုတော့ သွားကြစို့။”

ကျန်းပေရန်က ရှီဖုန်းလန်ကို ရှီဟုန်ယွင်၏ စံအိမ် နောက် လိုက်ခဲ့ဖို့ မှာထားပြီးသားမို့ ပြန်သွားစရာ မလိုတော့ပေ။

ပျံသန်းစံအိမ် စတင် ရွေ့လျားသောအခါ ကူလျန်ချန် က အနောက်ကို လက်ယပ်ခေါ်လိုက်သည်။

ကျန်းပေရန် လှမ်းကြည့်လိုက်ရာ ဆံပင်ဖြူမုတ်ဆိတ်ဖြူ အဘိုးအို လေးဦးနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

“ဒီ ငါးယောက်က အဆင့် ၉ ဆေးပညာရှင်တွေပဲ။ မင်း ဂူအဆိပ်ကို ဖြေနိုင်တယ် ဆိုတာ ကြားလို့ မင်းနဲ့ တွေ့ချင်နေကြတာ။ မင်းတို့ ပူးပေါင်းပြီး ကြိုးစားရင် အဆိပ်ဖြေဆေး မြန်မြန် ရနိုင်လိမ့်မယ်။”

‘အဆင့် ၉ ငါးယောက်တောင်လား...’

ကျန်းပေရန် အံ့သြသွားသည်။ အရင်တုန်းက အဆင့် ၈ တောင် လက်ချိုးရေလို့ ရတဲ့ အနေအထားကနေ အခု အဆင့် ၉ ငါးယောက် တန်းထွက်လာတာ တော်တော် ကြမ်းသည်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဒီ ပျံသန်းစံအိမ် ပေါ်မှာ အနက်ရောင် သခင်ကြီးတွေတောင် နံရံကပ် ရပ်နေရပြီး အနက်ရောင် သူတော်စင်တွေက ဂေါ်ဖီထုပ်တွေလို ပေါများနေသည်။

ရှန့်တိုင်းပြည် တစ်ခုလုံးက အင်အားတွေ စုစည်းထားတာ ဆိုတော့ အဆင့် ၉ ဆေးပညာရှင် ငါးယောက် ပါလာတာ မဆန်းပါဘူး။ ဒါတောင် ရှားပါး ပစ္စည်းတွေ မို့လို့ ဒီလောက်ပဲ ပါလာတာ ဖြစ်မည်။ အဆင့် ၈ ဆေးပညာရှင် ဆိုရင် ထိပ်တန်း ဂိုဏ်းတွေမှာတောင် ဆရာတင်ခံရတဲ့ အဆင့်လေ။ အဆင့် ၉ ဆိုရင်တော့ ပြောစရာ မလိုတော့ဘူး။

အံ့သြပြီးနောက် ကျန်းပေရန်က ငါးယောက်ကို ဂါရဝပြုလိုက်သည်။

“စီနီယာကြီး ငါးယောက်ကို ဂါရဝပြုပါတယ်။”

ဒါပေမဲ့ သူ့ပုံစံက ပေါ့ပေါ့ပါးပါးနဲ့ မာန်တက်နေဆဲ ဖြစ်သဖြင့် အဆင့် ၉ ဆေးပညာရှင်ကြီးများ မျက်မှောင်ကြုတ်သွားကြသည်။

သို့သော် သူတို့ ငါးယောက်ပေါင်းတောင် မဖြေရှင်းနိုင်တဲ့ အဆိပ်ကို ဒီလူငယ်လေးက ဖြေရှင်းနိုင်ခဲ့တာ ဆိုတော့ ဆရာလုပ်ဖို့ စိတ်ကူး မရှိကြပေ။

နှိမ့်ချတာ ကောင်းပေမဲ့ အရည်အချင်း ရှိတဲ့သူက မာန်တက်တာ ပြဿနာ မရှိပါဘူး။

အလုပ်ဖြစ်ရင် ပြီးတာပဲလေ။

“ဆရာကျန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်း ရှိတာပဲ။ စကားတွေ အများကြီး ပြောမနေတော့ဘူး ဆေးခန်းမကို သွားပြီး ဆွေးနွေးကြရအောင် မေးစရာတွေ အများကြီး ရှိတယ်။”

“ကြွပါ။”

တခြားသူများကလည်း ဖိတ်ခေါ်လိုက်ကြသည်။

“ဟုတ်ကဲ့ပါ ကြွပါ။”

ကျန်းပေရန်လည်း ပြန်လည် ဖိတ်ခေါ်ပြီး သူတို့နောက် လိုက်ပါသွားသည်။

ကျန်းပေရန် ဆေးခန်းမထဲ ဝင်သွားပြီးနောက် ကူလျန်ချန် က တခြား သူတော်စင်များကို ကြည့်ကာ ပြောလိုက်သည်။

“တကယ့်ကို မိစ္ဆာကောင်လေး အစစ်အမှန်ပဲ”

ကူလျန်ချန် စကားကို ကြားပြီး တခြား သူတော်စင်များ အမူအရာ ပြောင်းလဲသွားကြသည်။

အံ့သြမှုတွေ အများကြီး ပါဝင်နေသည်။

ကူလျန်ချန် အတည်မပြုခင် အထိ လူအများစုက ကျန်းပေရန် တကယ် ငယ်ရွယ်တာ ဟုတ်မဟုတ် သံသယ ရှိနေကြသည်။ ရုပ်ပြောင်း အတတ်ပညာ သုံးထားတယ်လို့ ထင်နေကြသည်။

ဒါပေမဲ့ ကူလျန်ချန် လို ပုဂ္ဂိုလ်ကြီးက အတည်ပြုပေးလိုက်တော့ သံသယတွေ ပျောက်သွားကြသည်။

ရှန့်တိုင်းပြည်မှာ သဘာဝလွန် လူငယ်တစ်ယောက် တကယ် ပေါ်ထွက်လာပြီ ဆိုတာ ယုံကြည်လိုက်ကြသည်။

All Chapters