← Chapters

ဆရာ,အခု ကျွန်မဘယ်လောက်မတရားခံရလဲသိပြီလား

Vol. 29 Ch. 380

ဆရာ,အခု ကျွန်မဘယ်လောက်မတရားခံရလဲသိပြီလား

Vol. 29 Ch. 380

သို့ပေမယ့်....

မြူလက်သည်း ဂျန်ဖန်းကျောကိုထိတော့မည့်အချိန်မှာပဲ....

ခရမ်းရောင်အလင်းတန်းတစ်ချက်လက်သွားပြီး မည်သည့်သတိပေးမှုမှမရှိပဲ အဝေးမြူထဲမှထွက်ပေါ်လာခဲ့သည်။

ချက်ချင်းပဲ မြူကိုထိုးဖောက်သွားခဲ့သည်။

"အူး...."

ဒဏ်ရာရနေသည့်ကျားသစ်တစ်ကောင်၏ ဆွဲဆွဲငင်ငင်အော်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပုံသဏ္ဍာန်အတည်တကျမရှိသည့်မြူတွေ မြေပြင်ပေါ်ပြိုလဲကျသွားပြီး နာကျင်စွာလူးလွန့်နေခဲ့သည်။

ခရမ်းဓားထိုးဖောက်သွားသည့်ဒဏ်ရာမှ မီးခိုးနက်ရောင်သွေးတွေ စီးထွက်လာခဲ့သည်။

ဂျန်ဖန်း လက်မြောက်ပြီး ခရမ်းဓားကို သူ့လက်ထဲပြန်လာစေလိုက်သည်။

သူက အေးစက်စွာပြောလိုက်သည်။

"မင်းသေချင်ယောင်ဆောင်နေမှန်း ငါအစောကြီးကတည်းက ခန့်မှန်းမိတယ်..."

"မြူနတ်ဆိုးသားရဲ...."

လက်စသတ်တော့ လုရှိုနန်၏မီးအဆောင်စာရွက်တွေက ၎င်းကိုမသတ်နိုင်ခဲ့ပေ။

ဟန်ဆောင်နေရုံသာဖြစ်ပြီး ရည်ရွယ်ချက်က လူတွေကို သတိလက်လွတ်ဖြစ်သွားအောင်ဖြစ်သည်။

ရွယ်ဝမ်ချောင် အရူးလုပ်ခံလိုက်ရပြီး ၇ရေင်ခြယ်ဆန်းကြယ်ရေခဲကို ကြိုတင်ကာကွယ်မှုမရှိပဲ ဖယ်ရှားခဲ့သည်။

ဤသို့ဖြင့် မြူနတ်ဆိုးချထားသည့်ထောင်ချောက်ထဲကျသွားခဲ့သည်။

အဆိပ်မြူထဲဝင်လာကတည်းက ဂျန်ဖန်း သတိထားနေခဲ့ပြီး ၇ရောင်ခြယ်ဆန်းကြယ်ရေခဲနှင့်နီးကပ်လာသည့်အခါ တိတ်တဆိတ် ခရမ်းဓားကို အနီးနား၌ မြုပ်နှံထားခဲ့သည်။

ထို့နောက် မြူသားရဲကိုယ်ထင်ပြလာတာကိုစောင့်နေပြီး ဓားထိန်းချုပ်ခြင်းနည်းစနစ်ဖြင့် ချက်ကောင်းကိုတိုက်ခိုက်လိုက်တာဖြစ်သည်။

ဤတစ်ချိန် ထိုကောင် နောက်ထပ်ဟန်မဆောင်နိုင်တော့ပေ။

"အိ.. အိ...အိ..."

မြူနတ်ဆိုးသားရဲ နားကွဲမတတ် အော်ဟစ်နေခဲ့သည်။

၎င်းက ရုန်းကန်ပြီး ၇ရောင်ခြယ်ဆန်းကြယ်ရေခဲဆီသွားလိုက်သည်။

ဂျန်ဖန်း ခြေဖျားထိပြီး ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကိုကောက်ကာ အိိတ်ထဲထည့်လိုက်၏။

"စိတ်မကောင်းပါဘူး, ဒါက အခုငါ့ဟာပဲ..."

တစ်ချိန်တည်းမှာပဲ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

အရာရာကိုဖြတ်တောက်နိုင်သည့် ခရမ်းဓားအောက်၌ မြူနတ်ဆိုးသားရဲခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားခဲ့သည်။

စွဲစွဲငင်ငင်အော်သံနှင့်အတူ ၎င်း၏ခန္ဓာကိုယ် ၂ ပိုင်း တွန့်လိမ်နေကာ တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။

သေသွားပြီပင်။ အမှန်တကယ်သေသွားပြီဖြစ်သည်။

ဂျန်ဖန်းချက်ချင်းပဲ လာရာလမ်းအတိုင်းပြန်သွားလိုက်သည်။

သို့ပေမယ့် လမ်းတစ်ဝက်လောက်လျှောက်ပြီးနောက်...

ရုတ်တရက် သူ့ခါး၌ လျော့ရဲမှုကိုခံစားလိုက်ရသည်။

လက်ဖြင့်ထိကြည့်လိုက်သည့်အခါ အံ့အားသင့်စွာဖြင့်ပဲ သံနက်ပျော့ပျောင်းပိုးမျှင် ပြတ်သွားတာကိုတွေ့လိုက်ရသည်။

သူ့မျက်နှာအကြီးအကျယ်ပြောင်းလဲသွား၏။

၎င်းက ကောင်းကင်တောင်ထွဋ်ပိုးမျှင်လောက်မမာသော်လည်း ရှားပါးသည့်ရတနာတစ်ခုဖြစ်နေဆဲဖြစ်သည်။

မဟုတ်လျှင် လုရှိုနန် ရတနာတစ်ပါးလိုသတ်မှတ်နေမည်မဟုတ်ပေ။

ထိုအရာက အလွယ်တကူဖြတ်လို့ရသည့်အရာမဟုတ်ပေ။

အလွန်အမင်းထက်ရှသည့်အရာမဟုတ်လျှင်ဖြစ်၏။

တစ်ချိန်တည်းမှာပဲ...

သံနက်ပျော့ပျောင်းပိုးမျှင် အခြားတစ်ဖက်ကိုင်ထားသည့် လုရှိုနန်လည်း ရုတ်တရက် လျော့ရဲမှုကိုခံစားလိုက်ရသည်။

သူက အားနှင့်ဆွဲကြည့်လိုက်၏။

ရလဒ်ကတော့....

အများကြီးပိုတိုနေသည့် သံနက်ပျော့ပျောင်းပိုးမျှင်သာ ပါလာခဲ့သည်။

"ပြတ်သွားပြီ?..."

လုရှိုနန်မျက်လုံးတွေ အံ့အားသင့်သည့်အမူအရာပြသလာ၏။

ပြတ်ရာကိုကြည့်လိုက်သည့်အခါ ချောမွေ့ပြီး ထက်ရှနေခဲ့သည်။

တစ်ခုခုနှင့်အဖြတ်ခံလိုက်ရသကဲ့သို့ဖြစ်ပြီး သူ့မျက်နှာပြောင်းလဲသွားပြီး အော်ခေါ်လိုက်သည်။

"ဂျန်ဖန်း, ဂျန်ဖန်း, ဂျန်ဖန်း...."

"မြန်မြန်ပြန်လာခဲ့.... အဆိပ်မြူထဲမှာ တစ်ခုခုရှိနေတယ်...."

နောက်ထပ်စာသားတစ်ကြောင်း သူထပ်မအော်ရဲပေ။

ဂျန်ဖန်းလန့်သွားမှာကိုကြောက်သွား၍ပင်။

ဤအရာက မြူနတ်ဆိုးသားရဲထက် ၁၀ဆ ပိုအန္တရာယ်ရှိ၏။

သံနက်ပျော့ပျောင်းပိုးမျှင်ကို ဘယ်လိုအရာမျိုးကဖြတ်နိုင်လဲဆိုတာ လုရှိုနန် စိတ်တောင်ကူးမကြည့်ရဲပေ။

သူတောင် ထိုအရာနှင့်တွေ့လျှင် အန္တရာယ်ရှိနိုင်၏။

ဂျန်ဖန်း ဆိုလျှင်တော့ပြောစရာကိုမလိုတော့ပေ။

ဂျန်ဖန်း သူသတိပေးစရာမလိုပေ။ သူက အန္တရာယ်ကိုခံစားမိ၏။

ကံကောင်းစွာပဲ....

ထိုအရာကြောင့် သူက ဦးတည်ချက်ပျောက်မသွားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ခါး၌ ကောင်းကင်တောင်ထွဋ်ပိုးမျှင်ရှိနေဆဲဖြစ်သည်။

"ငါ့အပြန်လမ်းကိုဖြတ်တောက်လိုက်တယ်ဆိုတော့, မင်းက ငါ့ကိုပိတ်လှောင်ဖို့လား ဒါမှမဟုတ် တဖြည်းဖြည်းချင်းဒုက္ခပေးဖို့လား..."

"ခန့်မှန်းကြည့်ရအောင်, မင်းငါ့ကိုတိုက်ရိုက်မတိုက်ခိုက်ရဲဘူးဆိုတာ ငါ့လက်ထဲက ဒီဓားကိုကြောက်လို့မလား...."

သူက မျက်လုံးမှေးကျဥ်းလိုက်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။

ဤအခိုက်အတန့်၌ အလျှင်အမြန်သိပ်သည်းလာသည့်အဆိပ်မြူတွေကြောင့် သူ့အမြင်က ၁မီတာထက်ပိုမမြင်ရတော့ပေ။

သူ့ခြေဖျားထိပ်ကိုတောင် ကောင်းကောင်းမမြင်ရပေ။

ဤကဲ့သို့အခြေအနေ၌ တစ်ဖက်လူက အနားမှာရှိနေလျှင်တောင် သတိပြုမိဖို့ခက်၏။

ပတ်ဝန်းကျင်က သုဿန်တစ်စပြင်အလား တိတ်ဆိတ်နေခဲ့သည်။

အဆိပ်မြူတွေသာ စဥ်ဆက်မပြတ်လှုပ်ရှားနေပြီး အနီးနား၌ရန်သူရှိလားဆိုတာ ပြောဖို့ကမဖြစ်နိုင်ပေ။

တောင့်တင်းနေသည့်လေထုတစ်ခုတည်းကကို လူအများစုကို ရူးသွပ်သွားစေနိုင်တာပဲဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း အလွန်တည်ငြိမ်နေခဲ့သည်။

သူက ကျောရှိ သစ်သားသေတ္တာရှည်ကို ဖြည်းဖြည်းချင်း ယူလိုက်သည်။

ထို့နောက် ရိုက်ချက်တစ်ခုဖြင့်ဖွင့်လိုက်သည့်အခါ အဖြူရောင်ရှေးဟောင်းဗျတ်ဇောင်းတစ်ခု သူ့လက်မောင်းထဲရောက်လာခဲ့သည်။

"မင်းဘာကောင်လဲကြည့်ရသေးတာပေါ့....."

"ကျားနဂါးဟိန်းသံ..."

ဂျန်ဖန်းခပ်နိမ့်နိမ့်အော်လိုက်ပြီး ကြိုးတွေကို ပြတ်ပြတ်သားသားတီးခတ်လိုက်၏။

နားထဲပေါက်ကွဲထွက်သွားသကဲ့သို့ စူးရှသည့်သံစဥ်တစ်ခုထွက်ပေါ်လာခဲ့သည်။

နားထောင်လိုက်လျှင် ရေထဲမှနဂါးတစ်ကောင် နားနားကပ်ဟိန်းဟောက်လိုက်သကဲ့သို့ပင်။

၎င်းအသံထွက်ပေါ်လာသည်နှင့်....

ပတ်ဝန်းကျင်ရှိလေထု တုန်ခါလာ၏။

ကြောက်မက်ဖွယ်အသံလှိုင်းက ဂျန်ဖန်းကိုဗဟိုပြုပြီး အရပ်မျက်နှာအသီးသီးကို ပြန့်ထွက်သွားခဲ့သည်။

ထိုအခါ သိပ်သည်းသည့် ၇ရောင်ခြယ်အဆိပ်မြူတွေ အားသုံးဖယ်ရှားခံလိုက်ရပြီး အချင်း၁၀မီတာရှိသည့် နေရာလွတ်တစ်ခုပေါ်လာခဲ့သည်။

မြေပြင်က အသံလှိုင်းကြောင့် ထယ်ထိုးသလိုအက်ကြောင်းတွေပေါ်နေပြီး မီးခိုးတွေထွက်ပေါ်နေခဲ့သည်။

ထိုအခါဂျန်ဖန်း သတိထားမိလိုက်၏။

သူနှင့် ၂မီတာတောင်မဝေးသည့်နေရာ၌ ၇ရောင်ခြယ်သွေးကန်တစ်ခုရှိနေခဲ့သည်။

ထို့ကြောင့် အစောပိုင်းက သူ့နားမှာ တကယ်ပဲ တစ်ခုခုရှိနေခဲ့ပုံရသည်။

၎င်းက ၂မီတာအဝေးလောက်မှာရှိနေခဲ့ပြီး မျက်နှာချင်းဆိုင်လုနီးပါးပင်။

သူသာ အသံလှိုင်းနည်းစနစ်ကိုပြတ်ပြတ်သားသားအသုံးမပြုခဲ့လျှင် အန္တရာယ်ရှိသွားနိုင်၏။

တစ်ချိန်တည်းမှာပဲ....

တိမ်ဖြူတစ်ခု ကောင်းကင်မှာရွေ့လျားနေခဲ့သည်။

တိမ်ထဲ၌ ငှက်တစ်ကောင်ရှိနေပြီး ကျောပေါ်၌ လင်ယုဟွမ်နှင် သူမတပည့်ရမ်ချင်းစုတို့ရှိနေခဲ့သည်။

ရမ်ချင်းစု သူမနှုတ်ခမ်းလေးကိုကိုက်ပြီး ပြောလိုက်သည်။

"မြင်လား? ဆရာမြင်လား?....."

"ကျွန်မမလိမ်ဘူး, အဲ့ဒီကောင်စုတ်က တကယ် အသံနည်းစနစ်တတ်တယ်..."

သူမမျက်နှာ၌ စိတ်လှုပ်ရှားမှုတွေ အပြည့်ပင်။

လင်းယုဟွမ် အဆိပ်မြူအလယ်ရှိ ဗျတ်စောင်းတစ်လက်နှင့်ထိုင်နေသည့် ဂျန်ဖန်းကို တုန်လှုပ်စွာငုံ့ကြည့်နေခဲ့သည်။

သူမက ကောင်းကင်ဘုံစက်ယန္ဒယားခန်းသတင်းအရ ဤနေမှာသောင်းကျန်းနေသည့် နတ်ဆိုးသားရဲကို လာရောက်သုတ်သင်တာဖြစ်သည်။

မမျှော်လင့်စွာပဲ...

သူမရောက်ရောက်ချင်း အဆိပ်မြူဗဟိုရှိ ရုတ်တရက်ပြောင်းလဲမှုကို ငှက်ပေါ်မှမြင်လိုက်ရ၏။

အားကောင်းသည့်အသံလှိုင်းတစ်ခုက အဆိပ်မြူတွေကို အားသုံးပြန့်ကျဲစေပြီး လူသားပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ထိုလူက ဂျန်ဖန်းကလွဲပြီး အခြားမဟုတ်ပေ။

"သူက ဘာလို့ဒီမှာရှိနေတာလဲ...."

လင်ယုဟွမ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

ရမ်ချင်းစု မကျေမနပ်အမူအရာဖြင့် ပြောလိုက်သည်။

"ဆရာ, အဲ့တာအဓိကကျလို့လား...."

"အဓိကက, သူတကယ် အသံနည်းစနစ်ကိုသိတယ်လေ...."

လင်းယုဟွမ် သူမကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"တိတ်တိတ်နေ..."

"အသံနည်းစနစ်သိတာ မင်းပြောသလောက် ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး..."

"ဒီနတ်ဆိုးသားရဲက အရွယ်ရောက် ၇ရောင်ခြယ်အဆိပ်ဖားပဲ။ ပြီးတော့ အဆိပ်မြူရဲ့အရင်းအမြစ်လည်းဟုတ်တယ်...."

"သူ့ခွန်အားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ သားရဲဖြစ်ပြီး ကောင်လေးကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး..."

"ငါ အောက်ဆင်းပြီး သူ့ကိုကူညီဖို့လိုတယ်...."

သူမက အဆိပ်မြူအပြင်ကိုတစ်ချက်ကြည့်လိုက်ရာ ၆ နှစ်အရွယ်ကလေးတစ်ယောက် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

သူမ ခဏရပ်သွား၏။

"ဒီတော့ တိမ်စိမ်းဂိုဏ်းမြင့်မြတ်အကြီးအကဲချင်လည်းရှိနေတာပဲ...."

"ကြည့်ရတာ ငါအလကားလာမိပြီထင်တယ်..."

"ဒါပေမယ့် သူမက ဘာလို့ မလှုပ်ရှားတာလဲ...."

"ဂျန်ဖန်းကိုလေ့ကျင့်ပေးနေတာလား...."

"သေတဲ့အထိလေ့ကျင့်ပေးမိသွားမှာ မကြောက်ဘူးလား။ ဒါက ၇ရောင်ခြယ်အဆိပ်ဖားလေ...."

သူမနောက်ရှိ ရမ်ချင်းစု လက်ပိုက်ထားပြီး ဒေါသတကြီးပြောလိုက်သည်။

"ဆရာ, နင် အေးအေးဆေးဆေးနေပါ...."

"၇ရောင်ခြယ်အဆိပ်ဖားက အဲ့ကောင်စုတ်လေးကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...."

"စောင့်သာကြည့်နေပါ...."

လင်ယုဟွမ် သူမနဖူးကိုတောက်ပြီး သင်ခန်းစာပေးလိုက်သည်။

"နင်နဲ့ ပတ်သက်ပြီး ဘာမှားနေတာလဲ..."

"ဒီတပည့်သစ်လေးကို ဘာလို့ရန်လိုနေတာလဲ..."

"ငါပြောပြီးပြီ။ နင့်ကိုထိခိုက်အောင်လုပ်တဲ့တစ်ယောက်က သူမဟုတ်ဘူး...."

ရမ်ချင်းစု ဒေါသထွက်လွန်း၍ အံ့ကြိတ်သံတွေ ထွက်ပေါ်လာခဲ့သည်။

ကောင်းပြီး, ကောင်းပြီ, ကောင်းပြီ...

အဲ့ဒီကောင်စုတ်လေးရဲ့အစစ်အမှန်ခွန်အားကို စောင့်ကြည့်နေလိုက်ပါ...

သူကြောင့်ဆရာသေလောက်တဲ့ထိထိတ်လန့်မသွားရင် ကျွန်မ ၇ရောင်ခြယ်အဆိပ်ဖားကို အရှင်လတ်လတ်စားပြလိုက်မယ်....

All Chapters