← Chapters

၇ရောင်ခြယ်အဆိပ်ဖား

Vol. 29 Ch. 381

၇ရောင်ခြယ်အဆိပ်ဖား

Vol. 29 Ch. 381

ဂျန်ဖန်း ဗျတ်စောင်းကိုကိုင်ပြီး ကောင်းကင်တောင်ထွဋ်ပိုးမျှင်တစ်လျှောက်ပြန်ဆုတ်လာခဲ့သည်။

အဆိပ်မြူနားရောက်သည့်အခါ နောက်တစ်ကြိမ် "ကျားနဂါး"ဟိန်းသံကိုတီးခတ်ပြီး နောက်ထပ် ငါးဇန် ရှင်းလင်းလိုက်၏။

ဤနည်းအတိုင်း အကြိမ်ကြိမ်ပြုလုပ်လိုက်သည်။

အမွေးတိုင်တစ်တိုင်စာလောက်ကြာပြီးနောက်...

ဂျန်ဖန်း အတော်ဝေးဝေးပြန်ဆုန်လာနိုင်ခဲ့ပြီး လုရှိုနန်၊ အခြားသူတွေနှင့်မဝေးတော့ပေ။

နောက်ထပ်အနည်းငယ်သာထိန်းထားနိုင်လျှင် အောင်အောင်မြင်မြင်နှင့်အဆိပ်မြူထဲမှ ထွက်ခွာနိုင်မည်ဖြစ်သည်။

သို့ပေမယ့်...

သူနီးကပ်လာလေလေ ပိုပြီးနိုးနိုးကြားကြားရှိလာလေဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မသိစိတ်အရ ပုန်းအောင်းနေသည့်ကောင်က အခွင့်ကောင်းစောင့်နေသည်ဟု ပြောနေခဲ့သည်။

ဂျန်ဖန်း စိတ်လျှော့လိုက်ချိန်ကိုစောင့်ပြီး သေစေနိုင်သည့်တိုက်ခိုက်မှုပြုလုပ်မည်ဖြစ်သည်။

ယခု ဤအရာက စိတ်ရှည်မှုစမ်းသပ်မှုတစ်ခုဖြစ်သည်။

သိသာစွာပင် ဂျန်ဖန်းအလွန်သတိထားနေပြီး အဆိပ်မြူထဲက ထွက်နိုင်တော့မည်ဖြစ်သည်။

တဖြည်းဖြည်းနှင့် ပုန်းကွယ်နေသည့်တည်ရှိမှု နောက်ထပ်မစောင့်နိုင်တော့ပေ။

ဂျန်ဖန်း နောက်တစ်ကြိမ်အသံလှိုင်းနည်းစနစ်သုံးပြီး ဧရိယာကိုရှင်းလင်းလိုက်ချိန်....

သူ့ညာဖက်ရှိအဆိပ်မြူ ရုတ်တရက်ပြင်းထန်စွာ လိမ့်တက်လာခဲ့သည်။

ကြက်သွေးရောင်နွယ်ကြီးတစ်ခု သာမန်မျက်စိတ်ဖြင့်မမြင်နိုင်ပြီး လျှပ်စီးကဲ့သို့ရှေ့ကိုပြေးထွက်လာခဲ့သည်။

ဂျန်ဖန်းအာရုံစိုက်နေပြီး ထိုအရာကိုမြင်လိုက်သည့်အခါ ရုတ်တရက် ထိတ်လန့်သွား၏။

ထိုအရာက စေးကပ်ပြီး ရေဘဝဲလက်တံကဲ့သို့ဖြစ်ပြီး လက်မောင်းလောက်ထူပြီး အရှိန်က မယုံနိုင်စရာပင်။

ဂျန်ဖန်း တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။

သို့ပေမယ့် သူက ပြင်ဆင်ထားပြီးဖြစ်ရာ လှုပ်ရှားမှုနည်းလမ်း အချိန်မရွေးအသုံးပြုဖို့ အသင့်ဖြစ်နေခဲ့သည်။

ဝှစ်!

သူက ချက်ချင်းပဲ ၁၀ဇန်ထိ ခုန်ထွက်သွားခဲ့သည်။

ယခင်ရပ်ခဲ့သည့်နေရာ၌ နွယ်ကြီးရိုက်ခတ်လာပြီး ချိုင့်ကြီးတစ်ခုဖြစ်သွား၏။

ထို့နောက် အလျှင်အမြန်ပဲ ပြန်ဆုတ်သွားခဲ့သည်။

တိမ်ထဲ၌ လင်းယုဟွမ် အံ့အားသင့်စွာပြောလိုက်သည်။

"လှုပ်ရှားမှုနည်းစနစ်? သူတကယ်လှုပ်ရှားမှုနည်းစနစ်တတ်တယ်။ ပြီးတော့ တစ်ခါတည်းနဲ့ ၁၀ဇန်ခုန်ထွက်နိုင်တယ်ဆိုတော့ ချင်းစု နင့်ထက်တောင်ပိုသာသေးတယ်..."

"ဘုရားရေ, လှုပ်ရှားမှုနည်းလမ်းက နားလည်နိုင်စွမ်းအလွန်အမင်းမြင့်ဖို့လိုတယ်မလား...."

"သူဘယ်လိုတတ်မြောက်ခဲ့တာလဲ...."

ရမ်ချင်းစု လက်ပိုက်ထားပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

"ဟမ့်, ဆရာ ခဏနေရင် နင်ဒီထက်ပိုအံ့သြရမှာ...."

အဆိပ်မြူထဲ၌....

ကြမ်းကြုတ်သည့်ဖြစ်တည်မှု ၎င်း၏ပထမတိုက်ခိုက်မှုကျရှုံးသွားသည့်အခါ အနီရောင်နွယ်ကြီးဖြင့် နောက်တစ်ကြိမ်တိုက်ခိုက်လိုက်၏။

ဤတစ်ချိန်၌ ဂျန်ဖန်း တုံ့ပြန်ဖို့ အချိန်ရှိသွားပြီဖြစ်သည်။

"နောင်တရနေသောနဂါး..."

သူ့လက်ချောင်းထိပ်ရှိ ငါးရောင်ခြယ်စွမ်းအင်က အသင့်ဖြစ်နေခဲ့သည်။

အနီရောင်နွယ်ကြီးချည်းကပ်လာသည်နှင့်တစ်ပြိုင်နက်....

သူက ပြတ်ပြတ်သားသားပဲ ကောင်းကင်ပျက်သုဥ်းခြင်းလက်ချောင်းကို အသုံးပြုလိုက်သည်။

ဝှစ်!

ငါးရောင်ခြယ်အလင်းတန်း သူ့လက်ချောင်းထိပ်မှပြေးထွက်သွားပြီး နွယ်ကြီးကို ထိမှန်သွားခဲ့သည်။

"ဝေါင်း...."

ချက်ချင်းပဲ နာနာကျင်ကျင် ဟိန်းသံတစ်ခု အဆိပ်မြူထဲမှပဲ့တင်ထပ်လာခဲ့သည်။

နွယ်ကြီးနာကျင်စွာပဲ နောက်ဆုတ်သွားခဲ့သည်။

"အာ.. မြေကမ္ဘာအဆင့်လက်ချောင်းနည်းစနစ်...."

လင်းယုဟွမ်၏အံ့အားသင့်သည့်အသံ တိမ်တွေထဲမှထွက်ပေါ်လာခဲ့သည်။

မြေကမ္ဘာအဆင့်အသံနည်းစနစ်ကကို လုံလောက်အောင် အံ့အားသင့်ဖို့ကောင်းနေပြီဖြစ်ရာ ယခု မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းလည်း တတ်နေခဲ့သည်။

သို့ပေမယ့် ဤအရာက မပြီးသေးပေ။

ဂျန်ဖန်း အခွင့်ရေးကိုဆုပ်ကိုင်ပြီး ပုန်းနေသည့်ကောင်၏ နေရာကို ခန့်မှန်းလိုက်သည်။

ထို့နောက် ချက်ချင်းပဲ လက်တွေကိုပွတ်လိုက်ရာ ခရမ်းဓားအလျှင်အမြန်ပဲ လည်ပတ်လာခဲ့သည်။

တစ်ချိန်တည်းဆိုသလို သူကဓားနှလုံးသားကို အသက်သွင်းလိုက်သည်။

"သွား..."

ဝှစ်!

ခရမ်းဓား အရိပ်တစ်ခုအဖြစ်ပြောင်းကာ အဆိပ်မြူထဲချက်ချင်းတိုးဝင်သွားခဲ့သည်။

"ဝေါင်း..."

ဤတစ်ချိန် ပုန်းနေသည့်ဖြည်တည်မှု အမှန်တကယ်ဒဏ်ရာရသွားပြီး နာနာကျင်ကျင်ဟိန်းဟောက်လိုက်ရသည်။

၎င်းက အဆိပ်မြူဧရိယာအတော်များများကိုမွေနှောက်ပြီး ဂျန်ဖန်းဆီပြေးဝင်လာခဲ့သည်။

"အာ, ဓားထိန်းချုပ်ခြင်းနည်းစနစ်, ငါမြင်နေတာမှန်ပါတယ်နော်။ ဒါက ဓားထိန်းချုပ်ခြင်းနည်းစနစ်ပဲ...."

လင်းယုဟွမ်၏ အံ့သြသည့်အသံ တိမ်တွေတစ်လျှောက်ပဲ့တင်ထပ်လာပြီး သစ္ဆေသရဲတစ်ကောင်တွေ့လိုက်သလိုပင်။

ဒုန်း! ဒုန်း! ဒုန်း!

မြေကြီးတုန်လှုပ်ဖွယ်ကျယ်လောင်သည့်အသံတွေကြား၌....

ဂျန်ဖန်း နောက်ဆုံး၌ သူ့ကိုတိုက်ခိုက်သည့်အရာကြီးကို မြင်လိုက်သည်။

၎င်းက ၇ရောင်ခြယ် ဧရာမဖားပြုတ်ကြီးတစ်ကောင်ဖြစ်ပြီး ၁၀ဇန်လောက်မြင့်တာဖြစ်သည်။

တစ်ကိုယ်လုံး၌လည်း အဖုအထစ်အပြည့်ဖြစ်ပြီး ပါးစပ်မှ ၇ရောင်ခြယ်အဆိပ်မြူတွေ အဆက်မပြတ်ထွေးထုတ်နေခဲ့သည်။

အနီရောင်လျှာကြီးကလည်း ပါးစပ်ထဲမှ တန်းလန်းထွက်နေခဲ့သည်။

အစောပိုင်းစေးကပ်သည့် နွယ်ကြီးက တကယ်တော့ သူ့လျှာကြီးဖြစ်နေခဲ့သည်။

"၇ရောင်ခြယ်အဆိပ်ဖား..."

ဂျန်ဖန်း ဦးရေပြားတွေထုန်ကျဥ်သွား၏။

"ဘာလို့ ဒီကောင်ဖြစ်နေတာလဲ...."

တွေဝေမနေပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ ကောင်းကင်တောင်ထွဋ်ပိုးမျှင်တစ်လျှောက်အဆိပ်မြူအပြင်ဘက်ကို ဦးတည်လိုက်သည်။

အရွယ်ရောက် ၇ရောင်ခြယ်အဆိပ်ဖားတစ်ကောင်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ ရှိ၏။

ထို့ပြင် ၎င်း၏တိုက်ခိုက်မှုတွေက အတော်လေး ပြဿနာများ၏။

လျှာက ၎င်း၏အခြေခံအကျဆုံးတိုက်ခိုက်မှုသာဖြစ်သည်။

ဤပြဿာကောင်ကို လုရှိုနန်သာ ရင်ဆိုင်သင့်၏။

အမြန်နောက်ဆုတ်တာ ပိုကောင်းသည်။

၇ရောင်ခြယ်အဆိပ်ဖား ဘယ်လိုလုပ် ဂျန်ဖန်းကို လွတ်မြောက်ခွင့်ပေးမည်နည်း။

၎င်း၏ခန္ဓာကိုယ်ကြီးကိုလှုပ်ခါလိုက်ရာ...

မရေမတွက်နိုင်သည့်အဖုအထစ်တွေမှ လက်မအရွယ်အဆိပ်ဖားလေးတွေထွက်လာပြီး...

ကျယ်လောင်သည့်ဖားသံနှင့်အတူ ဂျန်ဖန်းအပေါ် မိုးရွာသလိုပြုတ်ကျလာခဲ့သည်။

ဂျန်ဖန်း ဂရုမမူ မလုပ်ရဲပဲ သူ့လက်ဝါးကိုနဂါးကဲ့သို့လှုပ်ရှားပြီး ရိုက်ချလိုက်၏။

ထိုအခါ သူ့နားရှိ အဆိပ်ဖားလေးတွေ လွင့်စင်ထွက်ကုန်၏။

၎င်းတို့က အရွယ်အစားသေးငယ်သော်လည်း တစ်ကောင်ချင်းစီ၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုက အမြုတေဖွဲ့စည်းအဆင့် တစ်ယောက်တိုက်ခိုက်တာနှင့် ညီမျှသည်။

၎င်းတို့သာ အများအပြားကျဆင်းလာလျှင် အလယ်အလတ်အဆင့် အမြုတေဖွဲ့ခြင်းအဆင့်တောင် ခုခံနိုင်မည်မဟုတ်ပေ။

"အာ, မြေကမ္ဘာအဆင့်လက်ဝါးနည်းစနစ်လည်း သိတာပဲလား....."

တိမ်တွေထဲ၌ လင်ယုဟွမ် နောက်တစ်ကြိမ် တုန်လှုပ်စွာပြောလိုက်သည်။

၎င်း၏ အဆိပ်ဖားလေးတွေ အဝေးလွင့်စင်သွားတာမြင်တော့....

၇ရောင်ခြယ်အဆိပ်ဖား လုံးဝကို ဒေါသထွက်လာခဲ့သည်။

နက်ရှိုင်းသည့်အော်သံကြီးတစ်ခုပြုလုပ်ပြီး နောက်ခြေဖြင့် မြေကြီးတွေကို ယက်လိုက်သည်။

ဂျန်ဖန်းမျက်နှာ ပြောင်းလဲသွား၏။

မကောင်းတော့ပေ။ ၎င်းက အစွမ်းထက်မွေးရာပါတိုက်ခိုက်မှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်သည်။

ဝှစ်!

အဆိပ်ဖား နောက်ခြေကိုအားပြုပြီး အံ့အားသင့်ဖွယ်အရှိန်ဖြင့် ရှေ့ကိုပြေးဝင်လာခဲ့သည်။

ဂျန်ဖန်း မတုံ့ပြန်နိုင်ခင်...

၎င်း၏ဧရာမပါးစပ်ကြီးက သူ့ကိုပိတ်လောင်ထားပြီးဖြစ်သည်။

ကြောက်မက်ဖွယ်ကိုက်အားက ဂျန်ဖန်းကို အသားပြားဖြစ်သွားစေမည်ဖြစ်သည်။

ထိုအရေးကြီးအခိုက်အတန့်မှာပဲ....

ဂျန်ဖန်း အော်လိုက်၏။

"မိုးကြိုးနဂါးလျှပ်စီးခြေထောက်...."

သူက ၇ရောင်ခြယ်အဆိပ်ဖား၏အောက်မေးရိုးကိုကန်ချလိုက်ရာ မိုးခြိမ်းသံတစ်ခု ကောင်းကင်ထက်ကို ပဲ့တင်ထပ်သွားခဲ့သည်။

အားကောင်းသည့် လျှပ်စီးက ချက်ချင်းပဲ ၎င်းအောက်မေးရိုးကို ထိုးဖောက်သွားပြီး ကြီးမားသည့်အပေါက်ကြီးဖြစ်သွားစေခဲ့သည်။

အပေါ်ဘက်မေးရိုးကျလာသည့်အခါ...

ဂျန်ဖန်း ထိုသွေးသံရဲရဲအပေါက်မှ ခုန်ထွက်သွားပြီး အချိန်မှီ မေးရိုးအောက်မှ လျှောထွက်သွားခဲ့သည်။

တိမ်တွေထဲ၌....

လင်းယုဟွမ် ပင့်သက်ရှိုက်လိုက်သည်။

"မိုးကြိုးနည်းစနစ်? သူတကယ် စစ်မှန်မိုးကြိုးဂိုဏ်းရဲ့ မိုးကြိုးနည်းစနစ်ကိုသိတယ်...."

သူမမျက်နှာ၌ တုန်လှုပ်မှုတွေအပြည့်ပင်။

လှုပ်ရှားမှုနည်းလမ်း၊ အသံနည်းစနစ်၊ လက်ဝါးနည်းစနစ်၊ မိုးကြိုးနည်းစနစ်၊ ဓားထိန်းချုပ်ခြင်းနည်းစနစ်....

သူမသာ မျက်စိနှင့်တပ်အပ်မြင်တာမဟုတ်လျှင်....

တစ်ယောက်ယောက်က ဤလောက်များသည့်မြေကမ္ဘာအဆင့်နည်းစနစ်တွေတစ်ပြိုင်နက်တည်းလေ့ကျင့်နိုင်တာ ဘယ်လိုမှယုံမည်မဟုတ်ပေ။

ဤအရာက တကယ်ပဲ လူသားတစ်ယောက်လုပ်နိုင်သည့်အရာလား?

"ဆရာ, နင့်မှာ ဘာပြောစရာရှိလဲ...."

ရမ်ချင်းစု လက်ပိုက်ထားပြီး နှင်းဖြူရောင်လည်တိုင်လေးကိုမြင့်မြင့်မော့ထားကာ မျက်နှာ၌ မကျေနပ်မှုတွေအပြည့်ပင်။

ထိုအရာက စောင်းပါးရိပ်ခြေပြောနေတာသိသာလှ၏။

ဆရာ ကျွန်မကို တောင်းပန်းသင့်တယ်ဟူ၍ပင်။

လင်ယုဟွမ် အမူအရာ တောင့်တင်းသွား၏။

သူမ နောက်ဆုံး၌ ရမ်ချင်းစု အစမှအဆုံးထိမလိမ်ခဲ့ဘူးဆိုတာ နားလည်သွားခဲ့သည်။

တစ်ခွန်းမှလိမ်ညာတာမပါခဲ့ပေ။

သူမကို သေမလိုထိရိုက်နှက်ခဲ့သည့်တစ်ယောက်က တကယ်ပဲ ဂျန်ဖန်းပင်။

ထို့ပြင်, သူက ကောင်းကင်အသံဂိုဏ်းနှင့် စစ်မှန်မိုးကြိုးဂိုဏ်း ၂ ခုလုံး၏ နည်းစနစ်တွေကို လေ့ကျင့်ထားခဲ့သည်။

ထို့ပြင် မြေကမ္ဘာအဆင့်နည်းစနစ်များစွာကိုလည်း တတ်သေး၏။

ရှုချင်းယန်ဓားထိန်းချုပ်ခြင်းနည်းစနစ်တောင် အမွေဆက်ခံခဲ့သည်။

"အဟမ်း... ချင်းစု အခုက အဲ့အကြောင်းပြောရမယ့် အချိန်မဟုတ်သေးဘူး..."

"ဂျန်ဖန်း အန္တရာယ်ထဲမှာရှိနေတယ်။ မင်းရဲ့ဆရာအနေနဲ့ ငါအရင်ဆုံးသူ့ကိုကယ်ရမယ်..."

သူမ ဆင်းသွားတော့မည့်အချိန်မှာပဲ....

အောက်မေးရိုးပေါက်ထွက်သွားသည့်အဆိပ်ဖား နာကျင်ဒေါသထွက်သွားပြီး အဆက်မပြတ်ဟိန်းဟောက်လိုက်သည်။

ထို့နောက် ၎င်း၏ခေါင်းကြီးကို ငုံ့ကာ ၇ရောင်ခြယ်အရည်တွေကို ဂျန်ဖန်းအပေါ်သို့ အန်ချလိုက်၏။

ထိုအရာက အဆိပ်ပင်။

လင်းယုဟွမ်အမူအရာအကြီးအကျယ်ပြောင်းလဲသွား၏။

"မကောင်းတော့ဘူး၊ ၇ရောင်ခြယ်အဆိပ်ဖားရဲ့အဆိပ်က အမြုတေဖွဲ့ခြင်း နောင်းပိုင်းအဆင့်ကိုတောင် သေစေနိုင်တယ်..."

ရမ်ချင်းစုလည်း ထိတ်လန့်သွား၏။

ဤအဆိပ်က ဂျန်ဖန်းကို အမှုန့်ဖြစ်သွားအောင်ထိ တိုက်စားပစ်နိုင်တာပဲဖြစ်သည်။

သိုပေမယ့်....

လင်ယုဟွမ်နှင့် ရမ်ချင်းစုနှစ်ယောက်လုံးကို ကြောင်သွားစေသည့်မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

All Chapters