← Chapters

အလောင်းကိုဒေါသတကြီးဖြင့်ရိုက်နှက်ခြင်း

Vol. 29 Ch. 382

အလောင်းကိုဒေါသတကြီးဖြင့်ရိုက်နှက်ခြင်း

Vol. 29 Ch. 382

များပြားသည့်၇ရောင်ခြယ်အဆိပ်ရည်တွေ ဂျန်ဖန်းကိုယ်ပေါ်သို့ ဖြန်းပက်သွား၏။

သို့ပေမယ့် သူက ဘာမှမဖြစ်သလိုပြုမူနေခဲ့သည်။

အခွင့်ရေးကိုအသုံးပြုပြီး လှုပ်ရှားမှုနည်းလမ်းဖြင့် အလျှင်အမြန်ပြေးထွက်သွားခဲ့သည်။

အရှိန်က အံ့အားသင့်စရာကောင်းပြီး ယုန်တစ်ကောင်ထက်တောင်ပိုမြန်နေခဲ့သည်။

၇ရောင်ခြယ်အဆိပ်ဖားကြောင်အသွား၏။

၎င်းက ၎င်း၏တည်ရှိမှုကိုပင် သံသယရှိလာပုံရသည်။

ဤအဆိပ်ပြင်းက ၎င်း၏ရန်သူတွေကိုသတ်ဖို့ နှစ်ပေါင်းများစွာအသုံးပြုလာသည့် အဆိပ်ပြင်းဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၇ တောင် ချက်ချင်း အရည်ပျော်သွားနိုင်၏။

နတ်ဆိုးနယ်မြေ၌ နှစ်အတော်ကြာသွားလာပြီးနောက် ၎င်းက အဆိပ်မှအသက်ရှင်လျက်လွတ်မြောက်သူ တစ်ယောက်မှမတွေ့ဖူးသေးပေ။

သို့ပေမယ့် ဂျန်ဖန်း အသက်ရှင်လျှက်ထွက်ပြေးသွားပြီး ထိခိုက်ဒဏ်ရာတောင်မရပေ။

တစ်ခဏ သူများ အဆိပ်မှားဖြန်းမိလားဟုတောင် သံသယရှိသွား၏။

နားလည်သွားသည့်အခါ...

၎င်းက အရှက်ရမှုနှင့် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

တရားလွန်လွန်း၏။

၎င်းလို ဂုဏ်သရေရှိ ၇ရောင်ခြယ်အဆိပ်ဖားက လူသားဂျူနီယာလေးတစ်ယောက်၏ စော်ကားခြင်းကို ဆက်တိုက်ခံနေခဲ့ရသည်။

၎င်းက ဟိန်းဟောက်ပြီး ဂျန်ဖန်းနောက်ကို လိုက်သွားခဲ့သည်။

သို့ပေမယ့် နောက်တစ်ခဏမှာပဲ ဂျန်ဖန်း အဆိပ်မြူအပြင်ဘက်ကို အောင်အောင်မြင်မြင် ဆုတ်ခွာသွားနိုင်ခဲ့သည်။

ထိုစဥ် သူက အဆိပ်လုံးကို အလျှင်အမြန်အသက်သွင်းပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိအဆိပ်ပြင်းတစ်စက်တိုင်းကို စုပ်ယူပစ်လိုက်သည်။

တိမ်တွေထဲ၌....

လင်းယုဟွမ်ကြောင်အနေ၏။

"ဒါ အသင်္ချေဓားဂိုဏ်းရဲ့ အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းမလား..."

"သူက ဒါလည်း လေ့ကျင့်ခဲ့တာပဲလား? ပြီးတော့ အောင်မြင်သွားခဲ့ပြီ...."

ရမ်ချင်းစုလည်းအံ့အားသင့်နေ၏။

"ဒီကောင်စုတ်လေး, အဆိပ်နည်းစနစ်ကိုတောင် လေ့ကျင့်ခဲ့တာလား..."

ဤအခိုက်အတန့်၌ လင်ယုဟွမ် ရမ်ချင်းစုကို ကြည့်လိုက်သည်။

"နင်က တော်တော်အသက်ပြင်းတာပဲ..."

"သူနဲ့တွေ့ခဲ့တာတောင် အသက်ရှင်နေသေးတယ်..."

"ငါ့အထင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ဘယ်သူမဆို သူနဲ့တွေ့ရင်သေမှာကျိန်းသေတယ်...."

ရမ်ချင်းစု ထိတ်လန့်သည့်အမူအရာ ပြသလာ၏။

ကြည့်ရတာ ထိုစဥ်တိုက်ခိုက်တုန်းက ဂျန်ဖန်း ခွန်အားကုန်သုံးခဲ့ပုံမရပေ။

အနည်းဆုံး သူက ရုပ်ခန္ဓာနှင့် အဆိပ်စွမ်းအားကို အသုံးမပြုခဲ့ပေ။

မဟုတ်လျှင် သူမ အခုလောက်ဆို အပင်တွေအတွက် မြေသြဇာဖြစ်နေလောက်ပြီဖြစ်သည်။

သူမက သနားစရာကောင်းစွာပြောလိုက်သည်။

"ဆရာ, တရားခံကိုရှာတွေ့ပြီ, နင့်တပည့်အတွက် တရားမျှတမှုရှာပေးမယ်မလား..."

"ဒီလူထူးဆန်းလေးက နင့်တပည့်ကို သေတစ်ဝက်ရှင်တစ်ဝက်ဖြစ်အောင်ရိုက်ခဲ့တာ..."

ထိုအရာကိုတွေးမိတော့..

သူမ၏ငွေရောင်သွားလေးတွေကိုအံကြိတ်ကာ နူးညံ့သည့်နှာခေါင်းလေးက ဟွန်းကနဲ အသံပြုလိုက်၏။

'ကောင်စုတ်, နင့်အဆုံးသတ်နီးနေပါပြီ....'

'ငါ့ဆရာနင့်ကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ စောင့်ကြည့်နေ...'

'ဟ...ဟ...ဟ...'

မည်သူထင်ထားမည်နည်း။

လင်ယုဟွမ်မျက်နှာ တင်းမာသွား၏။

"ဘာကိုလူထူးဆန်းလဲ၊ ဒါက နင့်ရဲ့အနာဂတ်ဂျူနီယာမောင်လေးပဲ..."

အာ?...

ရမ်ချင်းစုမျက်လုံးတွေပြူးကျယ်သွား၏။

"ဆရာ, နင်ဘာကိုဆိုလိုတာလဲ...."

"သူ့ကိုတပည့်အဖြစ်ခေါ်ယူချင်တာလား...."

လင်းယုဟွမ် မြေပြင်ရှိဂျန်ဖန်းကို ကြည့်ပြီး မျက်လုံးတွေအရောင်တောက်လာခဲ့သည်။

"ဒါ မသိသာဘူးလား..."

"ဒီလိုပါရမီရှင်တစ်ယောက်, ငါတို့ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာဆိုရင် အဲ့ဒီဒဏ္ဍာရီလာပါရမီရှင်တွေနဲ့ယှဥ်နိုင်လိမ့်မယ်...."

"ဘယ်လိုလုပ် ငါ အခွင့်ရေးကိုလက်လွတ်ခံလို့ဖြစ်မှာလဲ..."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းတပည့်ခေါ်တဲ့အခါကျရင် ငါ ချက်ချင်း သူ့ကို တပည့်အဖြစ်ခေါ်ယူမယ်..."

"ဒီလိုပါရမီရှင်မျိုးကို တုံ့ဆိုင်းနေတာ စော်ကားတာနဲ့အတူတူပဲ..."

ရမ်ချင်းစု သွေးအန်ချင်သွား၏။

သူမရန်သူက ဂျူနီယာမောင်လေးဖြစ်လာခဲ့သည်။

သူမ လက်မခံနိုင်ပဲပြောလိုက်သည်။

"ဒါဆို တပည့်ကိုရိုက်တဲ့ကိစ္စဘယ်လိုလုပ်မလဲ...."

လင်ယုဟွမ် ကသိကအောက်ဖြင့် ပြန်ပြောလိုက်သည်။

"စီနယာနဲ့ဂျူနီယာကြားတိုက်ခိုက်တာ သာမန်ပဲမဟုတ်ဘူးလား...."

"ဘာလို့ မကျေနပ်ချက်တွေထားနေမှာလဲ..."

"သည်းခံစိတ်ကိုမရှိဘူး..."

သည်းခံစိတ်မရှိဘူး...

ဒါက တိုက်ခိုက်မှု?....

သူမက ဂျန်ဖန်းကြောင့် သေလုမျှောပါးထိရိုက်ခံခဲ့ရတာဖြစ်သည်။

ပြီးတော့ ဘာကို စီနီယာနဲ့ဂျူနီယာမောင်လဲ....

သူတို့က ခုချိန်ထိတောင်ဖြစ်သေးတာမဟုတ်ပေ။

"မြင့်မြတ်အကြီးအကဲချင်းဝမ်ချွမ်ဒီမှာရှိနေတော့ ငါကြာကြာမနေသင့်တော့ဘူး...."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်မတပည့်ရွေးပွဲကျရင် ငါဂျန်ဖန်းကို ပြန်လာရှာမယ်..."

"သွားစို့..."

အက်ကွဲသံတစ်ခုနှင့်...

ပျံသန်းသားရဲလေထုကိုထိုးခွဲကာ ထွက်ခွာသွားခဲ့သည်။

မြေပြင်၌...

ချင်းဝမ်ချွမ်း ပျံသန်းသားရဲကို ထူးမခြားနားစွာမော့ကြည့်လိုက်သည်။ ထို့နောက် ဂျန်ဖန်းကို ကြည့်လိုက်၏။

"ကောင်လေး, မင်းက အံ့အားသင့်လောက်အောင်ကို သန်မာတာပဲ..."

အဆိပ်မြူထဲရှိအခြေအနေကသူမအမြင်မှ မလွတ်နိုင်ပေ။

အစ၌ သူမက ဂျန်ဖန်းအန္တရာယ်ရှိချိန်ကတည်းက လှုပ်ရှားဖို့ပြင်ဆင်ထားခဲ့သည်။

မမျှော်လင့်စွာပဲ, ဂျန်ဖန်း ၇ရောင်ခြယ်အဆိပ်ဖားကို အောက်စည်းမရောက်ပဲ ပြန်တိုက်နိုင်ခဲ့သည်။

အသာစီးအချို့တောင်ပြန်ရလိုက်၏။

ဤအရာက သူမမျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည်။

ဂျန်ဖန်း သူမကို တုံ့ပြန်ဖို့အချိန်မရပေ။

လျှင်မြန်သည့်ခြေလှမ်းတစ်ခုနှင့်အတူ သူမကိုသယ်ပြီး ဝေးဝေးဆုတ်သွားခဲ့သည်။

သူတို့ပြေးသွားပြီးမကြာခင်....

၇ရောင်ခြယ်အဆိပ်ဖား ဟိန်းဟောက်ပြီး မြူထဲမှထွက်လာကာ ဂျန်ဖန်းကို သေတဲ့အထိအမဲလိုက်ဖို့ ရှာဖွေလိုက်သည်။

၎င်းအပြင်ရောက်ရောက်ချင်းပဲ လုရှိုနန်၏တင်းမာသည့်အကြည့်နှင့်တွေ့သွား၏။

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်..."

"အဆိပ်မြူတွေဘယ်ရောက်လာတာလဲသိချင်နေခဲ့တာ။ ငါထင်ထားတာ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲရဲ့သန္ဓေပြောင်းသွားတယ်ပေါ့....."

"လက်စသတ်တော့, မင်းခွေးမသားသားရဲကြောင့်ကိုး...."

ထိုအရာကြောင့်....

သူက ၇ရောင်ခြယ်ဆန်းကြယ်ရေးပေးလိုက်ရ၏။

မိုင်းတွင်းနေရာအတော်များများလည်းညစ်ညမ်းသွားကာ သူအမြတ်တနိုးထားရသည့် သံနက်ပျော့ပျောင်းပိုးမျှင်တောင် ပျက်စီးသွားခဲ့ရသည်။

နယ်မြေတစ်ဝက်လည်း ဘာမဟုတ်ပဲ ဆုံးရှုံးခဲ့ရ၏။

အာလုံးက ဤသေချင်းဆိုးဖားပြုတ်ကိုကျေးဇူးတင်ရမည်ပင်။

၇ရောင်ခြယ်အဆိပ်ဖား အံ့အားသင့်သွား၏။

ခဏနေပါအုန်း, ဘာလို့ အပြင်မှာ ဒီလောက်လူအများကြီးရှိနေတာလဲ....

ထို့ပြင် လူသားကလန် အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့် အကြီးအကဲတစ်ယောက်တောင်ရှိနေခဲ့သည်။

၎င်းမျက်ခွံ့တွေအပြင်းအထန်ကျုံ့သွားခဲ့၏။

ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အဆိပ်မြူထဲပြန်ဆုတ်ဖို့ ကြိုးစားလိုက်၏။

"သေစမ်း...."

လုရှိုနန် ဒေါသတကြီးတိုက်ခိုက်လိုက်၏။

သူက ဓားမြောက်ပြီး ကြမ်းတမ်းစွာခုတ်ခလိုက်၏။

ရွစ်!

ဒေါသထွက်နေသည့် အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်တစ်ယောက်၏တိုက်ချက်က ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မည်နည်း။

ဓားချီက ၇ရောင်ခြယ်အဆိပ်ဖားကို ခေါင်းမှခြေထိ ထက်ခြမ်းခွဲပစ်လိုက်သည်။

တစ်ချက်တည်းဖြင့်သတ်လိုက်ခြင်းပင်။

ထိုသို့ဆိုလျှင်တောင် လုရှိုနန် မကျေနပ်နိုင်သေးပေ။

သူက နောက်ထပ်ဓားချက်ဒါဇင်နှင့်ချီခုတ်ပိုင်းပြီး အဆိပ်ဖားအသားစဥ်းကောဖြစ်သွားမှသာ ရပ်တန့်သွားခဲ့သည်။

"သားရဲ, သားရဲ....."

လုရှိုနန် တွေးလေလေ ပိုဒေါသထွက်လေလေဖြစ်သည်။

ဖားပြုတ်တစ်ကောင်လေးက သူနှင့် မြင့်မြတ်ဂိုဏ်းဆီ ဤလောက်ထိစိတ်ဒုက္ခတွေယူလာခဲ့သည်။

ဂျန်ဖန်း နှောင်တရမှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။

၇ရောင်ခြယ်အဆိပ်ဖားတစ်ကိုယ်လုံးက ရတနာတွေနှင့်ပြည့်နှက်နေခဲ့၏။

အထူးသဖြင့်, ၎င်းအဖုအထစ်တွေထဲက ဖားအဆိပ်ပင်။ ထိုအရာက ထိပ်တန်းအသက်ကယ်ဆေးဝါးပါဝင်ပစ္စည်းဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူက အထိုက်အလျောက်ရိတ်သိမ်းနိုင်၏။

၇ရောင်ခြယ်ဆန်းကြယ်ရေခဲ အောင်အောင်မြင်မြင်တူးနိုင်ခဲ့သလို မြင့်မြတ်ဂိုဏ်းမိုင်းတွင်းတစ်ဝက်ကိုလည်း ရရှိခဲ့၏။

"အဟမ်း, အကြီးအကဲလု, ကိစ္စတွေပြီးသွားပြီဆိုတော့ မင်းရဲ့အစောပိုင်းကတိတွေကိုဖြည့်ဆည်းပေးရမယ့်အချိန်ရောက်ပြီ...."

ဂျန်ဖန်း အသိပေးလိုက်သည်။

လုရှိုနန် သူ့ကိုဒေါသတကြီးကြည့်လိုက်ပြီး အတော်လေးတွန့်ဆုတ်နေခဲ့သည်။

သို့ပေမယ့် ချင်းဝမ်ချွမ်ကြည့်နေရာ သူက ပြောပြီးစကားပြန်ပြင်လို့မရပေ။

အလျှင်အမြန်ပျောက်ကွယ်သွားသည့်အဆိပ်မြူတွေကို တစ်ချက်ကြည့်ပြီး တွန့်ဆုတ်စွာပြောလိုက်သည်။

"အခုကစပြီး, ဒီမိုင်းတွင်းအရှေ့အနောက်နှစ်ပိုင်းပိုင်းမယ်...."

"အရှေ့ပိုင်းကို ငါတို့မြင့်မြတ်ဂိုဏ်းယူပြီး အနောက်ပိုင်းကို မင်းတို့တိမ်စိမ်းဂိုဏ်းကို ပေးမယ်..."

ဂျန်ဖန်း လက်ချင်းယှက်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်...."

"ကျွန်တော်အခု သွားလိုက်ပါအုန်းမယ်...."

အကျိုးအမြတ်တွေထပ်ခါထပ်ခါယူနေ၍ သူ နောက်ထပ် လုရှိုနန်နားမှာမနေရဲတော့ပေ။

အလျှင်အမြန်ပဲ ထွက်ခွာသွားခဲ့သည်။

သူထွက်သွားတာကိုကြည့်ပြီး ရွယ်ဝမ်ချောင် မြေကြီးကို ဒေါသတကြီးထိုးလိုက်၏။

"သေစမ်း, ဒီကောင် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲရသွားပြီ..."

"ဒါက ငါ့ရှေးဟောင်းဘီလူးသွေးမျိုးဆက်ကို အဆင့်မြင့်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာပဲ...."

ရှဲ့လျူရှူး အားရသည့်အနေဖြင့် ပြောလိုက်သည်။

"ဒါဆိုလည်း သွားလုလိုက်လေ...."

ရွယ်ဝမ်ချောင် နှာမှုတ်လိုက်၏။

"ငါဒဏ်ရာရနေလို့မဟုတ်ရင် လုပ်ပြီးနေပြီ...."

ရှဲ့လျိုရှူး ပြုံးလိုက်ပြီး ဘာမှမပြောပေ။

ဂျန်ဖန်းဆီမှလုမည်?

သေချင်နေတာပဲဖြစ်မည်ဖြစ်သည်။

ဤကဲ့သို့ကြမ်းကြုတ်သားရဲနှင့် အချိန်အတော်ကြာတိုက်ခိုက်ခဲ့တာတောင် မည်သည့်ဒဏ်ရာမှမရပေ။

ထိုအချက်တစ်ချက်တည်းနှင့်ကို မျိုးဆက်တူထဲ၌ ရှချောင်ကောနှင့် ဧရာမဂိုဏ်းတပည့်ကြီးမှလွဲပြီး အခြားမစဥ်းစားနိုင်ပေ။

တိမ်စိမ်းဂိုဏ်းစခန်း၌...

လင်းဖန်ဟိုင် သစ်သားတဲထဲမှာ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေခဲ့သည်။

"ဂျူနီယာညီလေးဂျန် ဘယ်လိုလုပ်မှာလဲ..."

"၇ရောင်ခြယ်ဆန်းကြယ်ရေခဲရမရကထားအုန်း၊ ဒဏ်ရာမရဖို့က ပိုအရေကြီးတယ်..."

ဤအခိုက်အတန့်၌...

မြင်းခွာသံတွေ နီးကပ်လာခဲ့သည်။

လင်ဖန်းဟိုင် အလျှင်အမြန်ထွက်တွေ့လိုက်ရာ ဂျန်ဖန်းလှည်းဆိုတာ မြင်လိုက်ပြီး စိတ်အေးသွားခဲ့သည်။

"ဂျူနီယာညီလေးဂျန်, မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီ...."

"မြန်မြန်လာ အနားယူအုန်း...."

ဂျန်ဖန်း လှည်းလိုက်ကာကိုမပြီး ပြောလိုက်သည်။

"အခု ကိစ္စတွေပြီးသွားပြီဆိုတော့ ကျွန်တော် ကြီးကြပ်ရေးမှူးလင်းကို ဒုက္ခမပေးတော့ပါဘူး...."

"ကျွန်တော်သွားတော့မယ်...."

လင်းဖန်းဟိုင် စိတ်ပျက်သွား၏။

သူက ဂျန်ဖန်းကိုကျေးဇူးတင်ဖို့ စားသောက်ပွဲပြီးလုပ်ပေးချင်ပေမယ့် ဤလောက်မြန်မြန်ထွက်သွားတော့မည်ဖြစ်သည်။

"ဒါနဲ့စကားမစပ်, ဒီသဘောတူညီမှုကို ကြီးကြပ်ရေးမှူးလင်း တိမ်စိမ်းဂိုဏ်းဆီကိုယ်တိုင်ပို့ဖို့လိုအပ်တယ်...."

"ချက်ချင်းသွားလိုက်ပါ, မကြန့်ကြာစေနဲ့...."

ဂျန်ဖန်း လင်းဖန်းဟိုင်ဆီ မိုင်းတွင်းသဘောတူညီမှု လွဲပြောင်းပေးလိုက်၏။

ထိုစဥ်, သူက ဂိုဏ်းချုပ်ကျောက်စိမ်းပြားကိုလည်း အလေးအနက်ထုတ်ယူလိုက်၏။

လင်ဖန်းဟိုင် အလေးအနက်ပြန်ပြောလိုက်သည်။

"နားလည်ပြီ...."

လက်လွဲပေးပြီးနောက် ဂျန်ဖန်း လက်ဝှေ့ယမ်းပြပြီး ထွက်ခွာသွားခဲ့သည်။

လင်းဖန်ဟိုင်သာ သဘောတူညီမှုစာရွက်ကိုကိုင်ထားပြီး မျက်နှာ၌ ခံစားချက်တွေ ရောထွေးနေခဲ့သည်။

အနီးနားရှိတပည့်တွေ သူတို့အဝေးရောက်သွားတာမြင်တော့ မကျေမနပ်တီးတိုးပြောလိုက်ကြသည်။

"အဆုံးမှာတော့, သူလည်း အခြားလူတွေလိုပါပဲ၊ ဂိုဏ်းအာဏာသုံးပြီး ပတ်ဝန်းကျင်ကလူတွေကို အမိန့်ပေးသွားတာ..."

"စာလေးတစ်စောင်ကို ကြီးကြပ်ရေးမှူးလင်းကိုယ်တိုင်ပို့ပေးဖို့ လိုလို့လား..."

"ဒီနေရာမှာ ကြီးကြပ်ရေးမှူးလင်းလုပ်ရမဲ့ကိစ္စတွေ အများကြီးရှိသေးတယ်လေ...."

လင်ဖန်းဟိုင်းလည်း အကူညီမဲ့မှုကို ခံစားလိုက်ရ၏။

စာပို့ခြင်း၊ ဤကဲ့သို့ပို့ဆောင်ရေးတာဝန်မျိုးကို ကြီးကြပ်ရေးမှူးတစ်ယောက်အားအမိန့်ပေးတာဟာ အခွံမာသီးခွဲဖို့ ကျောက်ထုတူကြီးသုံးသလိုဖြစ်နေခဲ့သည်။

သို့ပေမယ့် ဂျန်ဖန်း သူတို့စခန်းအတွက် ဂိုဏ်းချုပ်ဆီ အသနားခံပေးတာတွေးပြီး....

သူက ထိုအရာကိုသည်းခံဖို့ ဆုံးဖြတ်လိုက်၏။

"ကောင်းပြီလေ, ဒီတစ်ချိန်တော့ ငါကိုယ်တိုင်သွားပေးလိုက်မယ်..."

"ဒါက နည်းနည်းပိုပြီးအားစိုက်ရရုံပါ၊ ဒါပါပဲ..."

အနည်းငယ်မကျေနပ်စိတ်ဖြင့် စာကိုသာမန်အတိုင်း ဖွင့်ဖတ်ကြည့်လိုက်သည်။

အကြောင်းအရာကိုမြင်သည့်အခါ သူ တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။

"မိုင်း, မိုင်းတွင်းလွဲပြောင်းခြင်းသဘောတူညီမှု...."

All Chapters