ချွမ်းချွမ်း၏လူမှုရေးသိက္ခာကျဆင်းမှု
Vol. 29 Ch. 383
တပည့်တွေစိတ်ရှုပ်စွာဖြင့် အနားကပ်လာပြီး မေးလိုက်သည်။
"ကြီးကြပ်ရေးမှူးလင်း, ဘာမိုင်းတွင်းလွဲပြောင်းမှုလဲ..."
လင်ဖန်ဟိုင် ရုတ်ချည်း သတိပြန်ဝင်လာ၏။
သူက အလျှင်အမြန်ပဲစာကိုပိတ်ကာ ပြောလိုက်သည်။
"မမေးနဲ့, မြန်မြန် မြင်းတွေပြင်ဆင်...."
"ဒီစာကို ဂိုဏ်းဆီ အမြန်ပို့ပေးရမယ်...."
တပည့်တွေထိတ်လန့်သွားပြီး မြင်းတွေအမြန်ပြင်ကာ မေးလိုက်သည်။
"ဒါပေမယ့် ကြီးကြပ်ရေးမှူးထွက်သွားရင် ကျွန်တော်တို့မိုင်းတွင်းနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမှာလဲ။ ဆက်တူးရမှာလား, ရပ်ထားရမှာလား..."
အချို့လုပ်ငန်းစဥ်တွေက ကြီးကြပ်ရေးမှူးလင်း၏လူကိုယ်တိုင်ညွှန်ကြားမှုတွေ လိုအပ်သေး၏။
လင်းဖန်းဟိုင်ပြောလိုက်သည်။
"ဘယ်သူက မိုင်းတွင်းကို ဂရုစိုက်လို့လဲ...."
သူက အာခေါင်တွေခြောက်လာပြီ စိတ်တစ်ခုလုံးက သဘောတူညီမှုအကြောင်းအရာနှင့်ပြည့်နှက်နေခဲ့သည်။
မြင့်မြတ်ဂိုဏ်းက မိုင်းတွင်းနယ်မြေတစ်ဝက်ကို တိမ်စိမ်းဂိုဏ်းဆီိ အလကားလွဲပြောင်းပေးခဲ့သည်။
ထိုအရာက မမျှော်လင့်ထားသည့်ကိစ္စပင်။
မိုင်းတူးဖို့ကိစ္စနှင့်ပတ်သက်ပြီး ရက်အနည်းငယ်လောက် စိတ်ပူနေဖို့အချိန်မရှိပေ။
ဤကဲ့သို့အရေးကြီးကိစ္စ ဂျန်ဖန်းသူ့ထံအပ်နှံခဲ့ရာ ကြီးကြပ်ရေးမှူးလေးတစ်ယောက်အနေဖြင့် ဂုဏ်ယူသင့်၏။
ဤအရာက ဂိုဏ်းရှေ့၌ သူ၏အကျိုးဆောင်မှုနှင့်တောက်ပဖို့အခွင့်အရေးဖြစ်သည်။
ဂျန်ဖန်း၏အစစ်အမှန်ရည်ရွယ်ချက်ကိုသိလိုက်သည့်အခါ လင်းဖန်ဟိုင် ကြီးစွာ ကျေးဇူးတင်သွားခဲ့သည်။
"ဂျူနီယာညီလေးဂျန်, မင်းကငါ့ရဲ့ မဟာကျေးဇူးရှင်ကြီးပဲ..."
မြင်းခွာသံတွေ ပေါ့ပေါ့ပါးပါးပဲ ထွက်ပေါ်နေခဲ့သည်။
ဂျန်ဖန်း ဧရာမဂိုဏ်းဆီသို့ သူ့ခရီးကိုရှေ့ဆက်နေခဲ့သည်။
"ဒါ ၇ရောင်ခြယ်သလင်းကျောက်လား..."
လှည်းအတွင်း၌....
သူက ခေါင်းတစ်လုံးအရွယ်အစားရှိ ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကို ထုတ်ယူလိုက်သည်။
သလင်းကျောက်မှထုတ်လွတ်နေသည့် ရောင်စုံအလင်းတန်းကြောင့်မနေနိုင်ပဲ အံ့အားသင့်သွားခဲ့သည်။
ဤဆန်းကြယ်ရေခဲက အလွန်အမင်းအေးစက်လှ၏။
သို့ပေမယ့် ခန္ဓာကိုယ်ကိုအေးခဲစေတာမဟုတ်ပဲ စိတ်ဝိညာဥ်စွမ်းအားကို အေးခဲစေတာဖြစ်သည်။
အချိန်ခဏကိုင်ထားသည့်အခါ စိတ်ဝိညာဥ်စွမ်းအင်စီးဆင်းမှု နှေးကွေးလာတာ ခံစားမိလိုက်၏။
"ချင်းရှုဆေးလုံးပါဝင်ပစ္စည်းတွေထဲကတစ်ခုတော့ရပြီ..."
ဂျန်ဖန်း စိတ်ထဲမှာတွေးလိုက်သည်။
ချွမ်းချွမ်း သူ့ကိုစိုက်ကြည့်ပြီး လှောင်ပြောင်လိုက်၏။
"ဒီလောက်အပင်ပန်းခံပြီးမှ ဒီကျောက်တုံးစုတ်ကို ဘာလုပ်ဖို့လဲ..."
"ပြင်ပနယ်မြေကလူတွေပဲ ဒီလိုပစ္စည်းမျိုးကိုတပ်မက်လိမ့်မယ်..."
ဂျန်ဖန်း သူမပါးကို လိမ်ဆွဲလိုက်သည်။
"ကလေးမလေး, မင်းက အရာရာသိတယ်မဟုတ်ဘူးလား..."
"အစောပိုင်း မင်းရဲ့မောက်မာမှုတွေ ဘယ်ရောက်ကုန်ပြီလဲ..."
"၇ရောင်ခြယ်ဆန်းကြယ်ရေခဲရဲ့ အစွမ်းကိုတာင် မသိဘူး..."
"ဒါနဲ့ဆေးဖော်စပ်လို့ရသလို အစွမ်းထက်မှော်လက်နက်တွေလည်းလုပ်လို့ရတယ်။ ပိုအရေးကြီးတာက ပုန်းကွယ်နေတဲ့သွေးမျိုးဆက်ကို နိုးထလာအောင်လုပ်ပေးနိုင်တာပဲ...."
"ဒါက တကယ်ကို အဖိုးထိုက်တန်တဲ့ရတနာတစ်ခုပဲ...."
ချွမ်ချွမ် အံ့အားသင့်စွာကြည့်လိုက်သည်။
နှစ်တိုင်း ဂိုဏ်းအသီးသီးမှတူးဖော်ရသည့် ၇ရောင်ခြယ်ဆန်းကြယ်ရေခဲတွေကို ပြင်ပနယ်မြေအင်အားစုတွေဆီရောင်းချခဲ့၏။
၎င်း၏အသုံးဝင်မှုက ခုချိန်ထိ ဆန်းကြယ်နေဆဲဖြစ်သည်။
မမျှော်လင့်စွာပဲ ဂျန်ဖန်း အမှန်တရားကို သာမန်အတိုင်းထုတ်ပြောလိုက်သည်။
"ဒါပေမယ့် ငါနည်းနည်းထူးဆန်းနေတုန်းပဲ..."
ဂျန်ဖန်း ၇ရောင်ခြယ်ဆန်းကြယ်ရေခဲကိုကိုင်ထားပြီး ပြောလိုက်သည်။
"ဘာလို့ ၇ရောင်ခြယ်အဆိပ်ဖားက ဆန်းကြယ်ရေခဲအတွက် အရဲစွန့်ပြီး လူသားနယ်မြေကိုလာရတာလဲ..."
"ဒါ့ပြင်, သူတို့ယူနိုင်တုန်း ဘာလို့ယူမသွားကြတာလဲ...."
"သူတို့က အဆိပ်မြူတွေဖြန့်ပြီး ၇ရောင်ခြယ်ဆန်းကြယ်ရေခဲနားမှာပဲ နေနေကြတယ်..."
"အထဲမှာ တစ်ခုခုများရှိနေလို့လား...."
သူက အမြင်အာရုံကိုသုံးပြီး သလင်းကျောက်အတွင်းပိုင်းကို ကြည့်လိုက်သည်။
သေချာစစ်ဆေးကြည့်လိုက်သည့်အခါ တကယ်ပဲ အထဲ၌ တစ်စုံတစ်ခုတွေ့လိုက်ရ၏။
"ဟမ်, ကြည့်ရတာ အထဲမှာ သွေးကြောတစ်ခုရှိနေသလိုပဲ..."
"ခုန်နေသေးတယ်ဆိုတော့ အသက်ရှင်နေသေးတာပဲ..."
ချွမ်းချွမ်းလည်း သံသယဖြင့် ကြည့်လိုက်သည်။
မဖြစ်နိုင်တာ?....
သို့ပေမယ့် အနီးကပ်ကြည့်လိုက်သည့်အခါ သူမတကယ်ပဲ အထဲ၌ သွေးကြောနှင့်တူသည့်အရာတစ်ခုကို မြင်လိုက်ရသည်။
"ဒါ မွေးရာပါသွေးမျိုးဆက်တစ်ခုပဲ...."
ချွမ်းချွမ်း အံ့အားသင့်စွာပြောလိုက်သည်။
"လောကမှာ ဒီလိုအရာမျိုးရှိနေတာ ယုံတောင်မယုံနိုင်ဘူး...."
"ဒါ နတ်အသွင်ပြောင်းခြင်းအဆင့်နတ်ဆိုးသားရဲရဲ့ သွေးအနှစ်သာရပဲ။ စိတ်ဝိညာဥ်ပစ္စည်းပေါ်တစ်စက်စက်ကျပြီး အချိန်ကြာလာတော့ နတ်ဘုရားပစ္စည်းအဖြစ်ပြောင်းလဲသွားတာ..."
"ပြောကြတာတော့ ပိုင်ရှင်ရဲ့နတ်ဘုရားစွမ်းအား ၁၀ ပုံ ၁ ပုံပိုင်ဆိုင်တယ်ဆိုပဲ...."
သူမမျက်လုံးတွေ လိုချင်မှုတွေဖြင့် တောက်ပနေခဲ့သည်။
ဂျန်ဖန်း ဆန်းကြယ်ရေခဲကို သူမဆီပေးလိုက်သည်။
"မင်းလိုချင်လို့လား, ငါမင်းကိုပေးမယ်...."
ချွမ်းချွမ်း ကြောင်သွား၏။
"တကယ်လား..."
"ဒါပေါ့ မဟုတ်ဘူးပေါ့..."
ဂျန်ဖန်း ရယ်လိုက်သည်။
"ဒီလိုအဖိုးတန်ပစ္စည်းမျိုး သေချာပေါက် ငါ့အတွက်သိမ်းထားရမှာပေါ့..."
ကရက်....
ချွမ်းချွမ်း သူမလက်သီးသေးသေးလေးကို ဆုပ်လိုက်ရာ အက်ကွဲသံတွေထွက်ပေါ်လာ၏။
သူမဘဝ၌ ဤကဲ့သို့ တစ်ခါမှမဆက်ဆံခံရဘူးပေ။
"ကြည့်ရတာ အဲ့ဒီနတ်ဆိုးသားရဲနှစ်ကောင် ဒီသွေးမျိုးဆက်ကို စုပ်ယူမလိုနဲ့တူတယ်..."
"ဒါပေမယ့် သူတို့မအောင်မြင်ခင် ငါတို့က ကြားဖြတ်ယူနိုင်ခဲ့တယ်...."
ဂျန်ဖန်း မေးစေ့ပွတ်ပြီး ပြုံးလိုက်သည်။
"ဒါကို ဧရာမဂိုဏ်းယူသွားကြတာပေါ့..."
"ရောင်းဖို့ အခွင့်ရေးရှာရမယ်...."
၎င်းက နတ်ဆိုးသားရဲသွေးအနှစ်သာရဆိုမှတော့ နတ်ဆိုးသားရဲတွေသာ အသုံးပြုနိုင်၏။
သို့ပေမယ့် ကိစ္စမရှိပေ။
ဧရာမဂိုဏ်းက နည်းလမ်းပေါင်းစုံဖြင့်ခန္ဓာသန့်စင်ကြရာ သွေးအလောင်းကောင်တွေကိုတောင် စားသုံးကြ၏။
သူတို့အတွက်တော့ မွေးရာပါသွေးမျိုးဆက်ဆိုတာ ရတနာတစ်ပါးပင်ဖြစ်သည်။
ရက်ပေါင်းများစွာကြာပြီးနောက်....
ဂျန်ဖန်း နောက်ဆုံးမှာ ဧရာမဂိုဏ်းအပြင်ဘက်မြို့ကိုရောက်လာခဲ့သည်။
တိတ်ဆိတ်သည့်တိမ်စိမ်းမြို့နှင့်ယှဥ်လျှင်....
ဧရာမမြို့က လူသွားလူလာတွေနှင့် ယောက်ယက်ခတ်နေပြီး သက်ဝင်လှုပ်ရှားနေခဲ့သည်။
ဂိုဏ်း ၉ ဂိုဏ်းမှလူတွေ၊ သိုင်းပညာမိသားစုမှလူတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်သည့်လူတွေနှင့် ပြည့်နှက်နေပြီး မြို့ဥပဒေနှင့်အမိန့်တွေ တဖြည်းဖြည်း ဆိုးဝါးလာခဲ့သည်။
ခိုးခြင်း၊လုယက်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း နေရာအနှံ့ပင်။
မြို့ထဲဝင်လိုက်သည့်အခါ သူတို့က လိုက်ဖမ်းနေသည့် ဖရိုဖရဲမြင်ကွင်းတစ်ခုကို မြင်လိုက်သည်။
"ကောင်းပြီ, ငါ့ကိုချပေးတော့...."
ချင်းဝမ်ချွမ် သက်ပြင်းရှည်ကြီးချလိုက်သည်။
နောက်ဆုံး၌ သူမ ဤကောင်စုတ်ကို ပထုတ်နိုင်ပြီဖြစ်သည်။
လမ်းတစ်လျှောက် ဘယ်လောက်ဖိနှိပ်ခံခဲ့ရလဲဆိုတာ သူမသာသိ၏။
"မင်းဆွေးမျိုးတွေဘယ်မှာလဲ..."
ဂျန်ဖန်းမေးလိုက်သည်။
ဤကဲ့သို့ဖရိုဖရဲမြို့၌ သူ ချွမ်းချွမ်းကို လက်လွတ်စပယ်မထားခဲ့နိုင်ပေ။
ချင်းဝမ်ချွမ် မျက်မှောင်ကြုတ်သွား၏။
"တော်တော်စိတ်အနှောက်အယှက်ပေးတာပဲ..."
သူမက ကျပန်းအိမ်တစ်ခုကို ညွှန်ပြပြီး ဂျန်ဖန်းကို ပထုတ်ဖို့လုပ်လိုက်၏။
မည်သူသိမည်နည်း။
အကြီးအကဲအသံတစ်ခု ဘေးမှထွက်ပေါ်လာခဲ့သည်။
"မင်းနောက်ဆုံးတော့ရောက်လာပြီပဲ။ ငါတို့မင်းကို စောင့်နေတာ အတော်ကြာပြီ..."
ဂျန်ဖန်း အသံလာရာကို ကြည့်လိုက်သည်။
အသက် ၈၀ အရွယ် ထိပ်ပြောင်ပြောင် လူအိုကြီးတစ်ယောက် ချင်းဝမ်ချွမ်ဆီလျှောက်လာခဲ့သည်။
သူက ကြေးဒင်္ဂါးပြားတွေ၊ ရွှေချောင်းငွေချောင်းတွေနှင့်အခြားအရာတွေချည်ထိုးထားသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကြီးမားသည့်ဝမ်းဗိုက်ကြီးရှိ၏။
ပုံစံက လူချမ်းသာပုံစံမျိုးပင်။
ဂျန်ဖန်း တစ်ခဏ စိတ်ရှုပ်သွား၏။
သိုင်းပညာလမ်းစဥ်ထဲဝင်ရောက်ကတည်းက ဤကဲ့သို့တောက်ပြောင်သည့်အဝတ်အစားမျိုးမမြင်ဖူးပေ။
သတိထားလိုက်ပြီး ချွမ်းချွမ်းလက်ကိုကိုင်ကာ မေးလိုက်သည်။
"ခင်ဗျားဘယ်သူလဲသိလို့ရမလား..."
အာ...
လူအိုကြိး သူတို့နှစ်ယောက်ကိုကြည့်ပြီး မသဲမကွဲရေရွတ်လိုက်သည်။
"ဒီအဘွားကြီးငယ်ငယ်တကည်းက သူ့ကိုကလေးလိုဆက်ဆံတဲ့လူတိုင်း သူ့ဒေါသကို ခံစားရစမြဲပဲ..."
"အခု,တည်ငြိမ်နေပုံထောက်တော့ ဒီကစားနည်းကိုသဘောကျနေပုံရတယ်..."
ဂျန်ဖန်း လူအိုကြီးရဲ့တီးတိုးရေရွတ်မှုကို မကြားပေ။
ချင်းဝမ်ချွမ် မျက်နှာနီရဲသွားပြီး ဂျန်ဖန်းလက်ကို ခါထုတ်လိုက်သည်။
"နင်အခုသွားလို့ရပြီ..."
"ဒါ ငါ့ဆွေမျိုးပဲ..."
ဆွေမျိုး?...
လူအိုကြီးပါးစပ်တွန့်လိမ်သွား၏။
ဘယ်သူက ဤတိမ်စိမ်းဂိုဏ်းဒေါသအိုး၏ ဆွေမျိုးဖြစ်ရဲမည်နည်း။
သူနာမည်က ယုယင်ချန်းဖြစ်ပြီး သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း၏ မြင့်မြတ်အကြီးအကဲဖြစ်၏။
ဤတစ်ချိန် ဂိုဏ်း ၉ ဂိုဏ်း မြင့်မြတ်အကြီးအကဲတစ်ယောက်စီစေလွတ်ကာ အရေကြီးကိစ္စတစ်ခုဆွေးနွေးဖို့ပဲဖြစ်သည်။
အခြားဂိုဏ်း ၈ ဂိုဏ်း၏ မြင့်မြတ်အကြီးအကဲတွေရောက်နေပြီဖြစ်ပြီး ချင်းဝမ်ချွမ်သာ ခုမှရောက်လာတာဖြစ်သည်။
သူက မြို့ဂိတ်၌ရက်အတော်ကြာစောင့်နေပြီး နောက်ဆုံး သူမကို မြင်ရတာဖြစ်သည်။
ထိုအခါမှသာ ချင်းဝမ်ချွမ်နောက်ကျနေသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
သူမက လမ်းတစ်လျှောက်ဝန်ထုပ်ဝန်ပိုးတစ်ကောင်ခေါ်လာတာဖြစ်ရာ နောက်ကြတာမဆန်းတော့ပေ။
"ကောင်းပြီ, လူငယ်လေး, မင်းအခုထွက်သွားနိုင်ပြီ..."
ယုယင်ချန်း ဂျန်ဖန်း ချင်ဝမ်ချွမ်အထောက်အထားကို မသိတာသတိထားမိ၍ ကိစ္စတွေကို အဆင်ပြေအောင်ကူညီပေးလိုက်သည်။
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
သူက ဤလူနာမည်နှင့် လိပ်စာပါမသိပေ။ ဘယ်လိုလုပ် ချွမ်းချွမ်းကို သူနှင့်ထားခဲ့နိုင်မည်နည်း။
"ကျွန်တော်ဒီတာဝန်ကိုယူထားမှတော့ အကြီးအကဲဘယ်မှာနေလဲသိလို့ရမလား..."
"ကျွန်တော်ကိုယ်တိုင် ချွမ်းချွမ်းကို လာပို့ပေးမယ်..."
ဘာ?...
ချွမ်းချွမ်း?...
ယုယင်းချန်းကြောင်သွားပြီး ထရယ်လုနီးပါးဖြစ်သွား၏။
နာမည်ဆိုးနဲ့ကျော်ကြားသည့်ဒေါသအိုးကို ချွမ်းချွမ်းဆိုသည့်နာမည်ပေးထားသည်။
မယုံနိုင်စရာပင်။
ဤရယ်စရာသတင်းကို အခြားအကြီးအကဲတွေနှင့်မျှဝေရမည်ဖြစ်သည်။