← Chapters

အားလုံးအတူတူသေကြတာပေါ့

Vol. 29 Ch. 384

အားလုံးအတူတူသေကြတာပေါ့

Vol. 29 Ch. 384

ချင်းဝမ်ချွမ် မြေပြင်ကိုစိုးရိမ်တကြီးခြေဆောင့်ပြီး အံ့ကြိတ်ကာပြောလိုက်သည်။

"နင်သွားလိုက်တော့...."

"ငါ့ကိုအရှက်မခွဲနဲ့...."

ဂျန်ဖန်း လူအိုအုပ်စုရှေ့၌ သူမကို ချွမ်းချွမ်းဟုခေါ်မှာကို စိတ်တောင်ကူးမကြည့်ရဲပေ။

ဂျန်ဖန်း မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်။

"ခက်ခဲအောင်လုပ်မနေနဲ့။ ငါမင်းကို အိပ်အထိလိုက်ပို့ပြီးမှထွက်သွားမယ်...."

"အကြီးအကဲ ကျေးဇူးပြုပြီး လမ်းပြပါ...."

ယုယင်ချန်း ချင်းဝမ်ချွမ်အကျပ်အတည်းကိုမြင်ရတာပျော်ရွင်နေပြီး ပြုံးဖြဲဖြဲလုပ်နေခဲ့သည်။

"ကောင်းပြီ, ကောင်းပြီ, ငါ့နောက်ကလိုက်ခဲ့, မြန်မြန်ငါ့နောက်ကလိုက်ခဲ့...."

ချင်းဝမ်ချွမ်း ရှက်ရွံ့ဒေါသတကြီးအောက်နှုတ်ခမ်းကိုက်ထားခဲ့သည်။

သို့ပေမယ့် သူမက ဤအခိုက်အတန့်၌ သူမအထောက်အထားဂျန်ဖန်းရှေ့မှာ ထုတ်မပြချင်သေးပေ။

ရွေးချယ်စရာမရှိပဲ သူတို့လမ်းကိုပိတ်ကိုပိတ်ထားရုံသာတတ်နိုင်၏။

ကံမကောင်းစွာပဲ ဂျန်ဖန်း ထိုအရာအားလုံးဟာ ကလေးတစ်ယောက်စိတ်ကောက်တာထက်မပိုဟုတွေးကာ သူမကိုလုံးဝလျစ်လျူရှူထားခဲ့သည်။

နောက်ဆုံး သူတို့က ခမ်းနားသည့်အိမ်ကြီးတစ်ခု ရောက်လာခဲ့သည်။

"ကုန်းအိမ်တော်..."

ဂျန်ဖန်းမျက်လုံးတွေ အံ့အားသင့်သည့်အမူအရာပြသလာ၏။ ဤအရာက မျိုးရိုးကောင်းနှင့် ဧရာမဂိုဏ်းချုပ်၏အိမ်တော်မဟုတ်လား။

ချင်းဝမ်ချွမ်က ကုန်းအိိမ်တော်နှင့် ဘယ်လိုပတ်သက်မှုမျိုးရှိသနည်း။

စူးစမ်းချင်စိတ်ဖြင့် သူက ယုယင်းချန်းနောက်မှ အိမ်တော်ဥယျာဥ်တစ်ခုကို ရောက်လာခဲ့သည်။

ထိုနေရာ၌ အကြီးအကဲအမျိုးသားအချို့နှင့် အမျိုးသမီးအချို့သာရှိပြီး အုပ်စုဖွဲ့ စကားစမြည်ပြောနေခဲ့သည်။

သူတို့ ချင်းဝမ်ချွမ်ကိုမြင်သည်နှင့် လေးစားမှုပြဖို့ အနားချည်းကပ်လာကြသည်။

ကံကောင်းစွာပဲ ယုယင်ချန်း ဦးစွာပြောလိုက်သည်။

"ဝမ်ချွမ်းက ဒီကိုငါတို့မိသားစုနဲ့အတူနေဖို့ရောက်လာတာ။ မင်းတို့ အနာဂတ်မှာ သူမကို ကောင်းကောင်းဆက်ဆံဖို့မျှော်လင့်တယ်..."

မိသားစု?...

ရှိနေသည့်လူတိုင်းက ဂိုဏ်းအသီးသီးမှ မြင့်မြတ်အကြီးအကဲတွေဖြစ်၏။

တစ်ယောက်ချင်းစီက ဉာဏ်ရည်နှင့်ပါးနပ်မှုတွင် ထိပ်တန်းလူများဖြစ်ကြ၏။

တစ်ခဏကြောင်သွားကြပြီး အကြည့်တွေက ဂျန်ဖန်းနှင့် ချင်းဝမ်ချွမ်ကိုကြည့်လိုက်ပြီး အခြေအနေကို အလျှင်အမြန်ပဲ နားလည်သွားခဲ့သည်။

သူတို့က ခေါင်းညိတ်ပြီး ပူးပေါင်းဆောင်ရွက်လိုက်သည်။

ချင်းဝမ်ချွမ်နှင့်ရင်းနှီးသည့်လူအချို့ဆိုအခွင့်ရေးကိုအမိအရဆုပ်ကိုင်ပြီး စနှောက်နေကြသည်။

"လူငယ်လေး, မစိုးရိမ်ပ်ပါနဲ့။ ငါက ဝမ်ချွမ်းရဲ့အကြီးဆုံးအဖွားပါ။ သူမကို ငါသေချာပေါက် ဂရုစိုက်လိုက်ပါ့မယ်...."

"ငါက ဒုတိယအဘိုးပဲ..."

"ငါ တတိယအဘိုး..."

...

ချင်းဝမ်ချွမ် နားထင်ကြောတွေ ဒေါသကြောင့် ထောင်ထနေခဲ့သည်။

သူမဒေါသတွေပေါက်ကွဲလုနီးပါးဖြစ်နေတာ သိသာလှ၏။

ဂျန်ဖန်း ထိုအရာကိုကြားသည့်အခါ စိတ်အေးသွား၏။

ဒီတော့ သူတို့က တကယ်ပဲ ချွမ်းချွမ်း၏မိသားစုတွေဖြစ်ကြသည်။

သူက လက်ချင်းယှက်ပြီး လေးလေးစားစားပြောလိုက်သည်။

"အကြီးအကဲတို့, ကျွန်တော်က တိမ်စိမ်းဂိုဏ်းအကြီးအကဲဝမ်ရဲ့ညွှန်ကြားမှုအရ သူမကို လာပို့တာပါ..."

"အခု သူမကို လုံလုံခြုံခြုံပို့ဆောင်ပေးပြီးပြီဆိုတော့ ကျွန်တော့်တာဝန်ပြီးသွားပြီ..."

"မင်းတို့ သူမကို ကောင်းကောင်းဂရုစိုက်မယ်လို့ ကျွန်တော်ယုံတယ်....."

ထို့နောက် ဒူးထောက်ကာ ချင်းဝမ်ချွမ်၏ အနည်းငယ်ရှုပ်ပွနေသည့်ဆံပင်ကို ညင်သာစွာစည်းနှောင်ပေးပြီး ပခုံးပေါ်ရှိဖုန်မှုန့်အချို့ကိုခါပေးကာ အပြစ်ရှိမှုကို ပြသလိုက်သည်။

"မင့်ရဲ့အကိုက လက်မထပ်ရသေးတော့ ကလေးတွေကိုဂရုစိုက်ရာမှာမကျွမ်းကျင်ဘူး။ လမ်းတစ်လျှောက် မင်းကို ဒုက္ခများစေခဲ့ပြီ...."

"အခု မင်းအမျိုးတွေဆီရောက်ပြီဆိုတော့ လိမ်လိမ်မာမာနေနော်..."

"အရင်လို လူကြီးတွေကိုပြန်မပြောနဲ့တော့, ဟုတ်ပြီလား...."

ယခုချိန်မှစပြီ....

ချွမ်းချွမ်းက တစ်ပါးသူ၏အရိပ်အောက်မှာနေရတော့မည်ဖြစ်သည်။

အတိတ်က ဂျန်ဖန်းလိုပင်။

မတူတာက ထိုစဥ်ဂျန်ဖန်း၌ အဖေရှိနေဆဲဖြစ်ပြီ ချွမ်းချွမ်းကတော့ တစ်ယောက်တည်းပင်။

ထို့ပြင် သူမက အရမ်းငယ်လွန်းသေး၏။

အနာဂတ်မှာ အနိုင်ကျင့်ခံရပြီး ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရမှာက မလွဲမသွေပင်။

ဤနှစ်တွေတစ်လျှောက် သူခံစားခဲ့ရသည့်ခါးသီးမှုတွေကိုတွေးပြီး ဂျန်ဖန်းသူမကို ဒီအတိုင်းမထားခဲ့နိုင်ပေ။

သို့ပေမယ့် သူမကို သူနှင့်ခေါ်ထားဖို့ကျပြန်တော့လည်း လက်တွေ့မကျပေ။

တစ်ခဏစဥ်းစားပြီးနောက် ဂျန်ဖန်း သူ့အိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်ခုထုတ်ယူလိုက်သည်။

အထဲ၌ ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏အမြုတေရှိနေခဲ့သည်။

သူက တစ်ဖက်လှည့်ပြီး ယုယင်ချန်းဘက်လှည့်လိုက်သည်။

"ဆရာ..."

"ဒါက ငွေတောင်ပံမိုးကြိုးသိမ်းငှက်အမြုတေပါ။ သိုင်းပညာရှင်တွေဆီရောင်းရင် အတော်လေးရပါတယ်.."

မြင့်မြတ်အကြီးအကဲအုပ်စု ထိုအရာကိုကြည့်ပြီး တစ်ခဏကြောင်သွားကြ၏။

ဤအရာက ရှုချင်းယန်မြေလှန်ရှာနေသည့် ငွေတောင်ပံမိုးကြိးသိမ်းငှက်အမြုတေမဟုတ်လား။

ထို့ပြင် ဤလူငယ်လေး၌ တစ်ခုရှိနေခဲ့သည်။ မယုံနိုင်စရာပင်။

ယုယင်ချန်း အံ့အားသင့်သွား၏။

နေပါအုန်း, ဤလူငယ်လေးက အတိအကျဘယ်သူလဲ...

အစ၌သူထင်ထားခဲ့တာ ချင်းဝမ်ချွမ်စနှောက်ပြီး ဘယ်ကမှန်းမသိရုပ်ချောသည့်စာသင်သားတစ်ယောက်ကို ခေါ်လာခဲ့တာဟုထင်ခဲ့သည်။

သို့ပေမယ့် ဘယ်လိုစာသင်သားမျိုးက ဤကဲ့သို့ရှားပါးသည့်ရတနာမျိုးထုတ်ပေးနိုင်မည်နည်း။

"မင်းက ငါ့ကိုပေးတာလား...."

ယုယင်ချန်း သူ့ရှေ့ရှိကျောက်စိမ်းသေတ္တာကိုကြည့်ပြီး ပိုလို့တောင် ပဟေဠိဖြစ်သွား၏။

ဂျန်ဖန်းပြန်ပြောလိုက်သည်။

"ဒီနတ်ဆိုးအမြုတေကို သူမကိုဂရုစိုက်ပေးတဲ့ အခကြေးအဖြစ်သတ်မှတ်လိုက်ပါ...."

"ခင်ဗျားသူမကို အနာဂတ်မှာ ကောင်းကောင်းဂရုစိုက်ဖို့မျှော်လင့်ပါတယ်။ သူမကို မရိုက်ပါနဲ့၊ မဆူပါနဲ့၊ အငတ်မထားပါနဲ့ အအေးမမိပါစေနဲ့...."

"ခင်ဗျား တကယ်ပဲ မစောင့်ရှောက်နိုင်တော့ဘူးဆိုရင် တိမ်စိမ်းဂိုဏ်းကို စာပို့လိုက်ပါ...."

"ကျွန်တော်ကိုယ်တိုင်လာပြီး ပြန်လာခေါ်ပါ့မယ်...."

ထိုအရာက သူကိုယ်တိုင်မုန်တိုင်းဒဏ်ခံခဲ့ရ၍ အခြားလူအတွက်ထီးမိုးပေးချင်တာဖြစ်ကောင်းဖြစ်နိုင်၏။

ဂျန်ဖန်းတကယ်ပဲ ချွမ်းချွမ်းကို တတ်နိုင်သလောက် ဂရုစိုက်ပေးချင်၏။

သူ၏စစ်မှန်သည့်ခံစားချက်ကို ကြားသည့်အခါ...

မူလက ဟာသပွဲကြည့်ဖို့ ပြင်ဆင်နသည့် မြင့်မြတ်အကြီးအကဲအုပ်စု မနေနိုင်ပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

သူနှင့်ဘာမှသွေးသားမတော်စပ်သည့်ကလေးတစ်ယောက်အတွက် ဤကဲ့သို့တွေးတောစဥ်းစားပေးပြီး ဂရုစိုက်နေခဲသည်။

သူတို့ လူငယ်တစ်ယောက်ဆီမှ ဤကဲ့သို့လေးနက်မှုကိုမမြင်ရတာ အတော်ကြာခဲ့ပြီဖြစ်သည်။

ယုယင်ချန်း သူ့လက်ထဲရှိ ကျောက်စိမ်းသေတ္တာပိုလေးလာသည်ဟု ခံစားရ၏။

သူက ချင်းဝမ်ချွမ်ကို အပြစ်တင်သည့်အကြည့်တစ်ချက်ကြည့်လိုက်သည်။

'မင်းဘယ်လိုတောင် ဒီလိုလူကောင်းလေးတစ်ယောက်ကို လှောင်ပြောင်နိုင်တဲ့နှလုံးသားရှိရတာလဲ....'

ကျန်မြင့်မြတ်အကြီးအကဲတွေလည်း ချင်းဝမ်ချွမ်နည်းလမ်းကို သဘောမကျသည့်အမူအရာတွေဖြင့်ကြည့်လိုက်သည်။

'ဒါ နည်းနည်းတော့ မလွန်လွန်းဘူးလား...'

'ဒီနေ့ခေတ်ကြီးမှာ ဒီလိုကလေးမျိုးဘယ်မှသွားရှာရမှာလဲ? မင်းကတော့ သူ့ကိုစနှောက်နေတယ်....'

'သူ့စိတ်နှလုံးကိုနှာကျင်အောင်လုပ်လိုက်တာပဲ-မင်းအသိစိတ်ဒါကိုတောင့်ခံနိုင်ဖို့ မျှော်လင့်တယ်....'

ချင်းဝမ်ချွမ် ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးဖြစ်သွားသည်။

'ဘယ်သူက သူ့ကိုစနှောက်နေလို့လဲ....'

'ငါက သူ့ကိုတစ်လမ်းလုံးစောင့်ရှောက်လာခဲ့ရတာပါ.....'

သူမက စိတ်ပျက်လက်ပျက်ဖြင့် အော်ပြောလိုက်သည်။

"နင်ဘာလို့စကားတွေအရမ်းများနေတာလဲ။ သွားမှာဆိုလည်းသွားလိုက်တော့..."

သူက သူမကိုလုံးဝရစရာမရှိအောင်အရှက်ခွဲဖို့ ဆုံးဖြတ်ထားသည်လား။

ဂျန်ဖန်း သူမခေါင်းလေးကိုပွတ်သပ်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, ဒါဆိုလည်း မင်းအကိုကြီးသွားတော့မယ်...."

"နောက်မှပြန်ဆုံကြတာပေါ့...."

"ချွမ်းချွမ်း..."

ဟမ်?....

သူ ဘယ်လိုခေါ်လိုက်တယ်?...

ချွမ်းချွမ်း?...

မြင့်မြတ်အကြီးအကဲတိုင်း တစ်ယောက်မကျန် လုံးဝကြက်သေသေသွားကြ၏။

တိမ်စိမ်းဂိုဏ်းဒေါသအိုးကို တစ်စုံတစ်ယောက်က တကယ်ပဲ ချွမ်းချွမ်းဟု ခေါ်ရဲသည်။

ဤအခြေအနေမှာ မြင့်မြတ်အကြီးအကဲတွေကိုပင် ဟန်မဆောင်နိုင်အောင်ဖြစ်သွားစေ၏။

အချို့က ရယ်ချင်စိတ်ကိုထိန်းထားပြီး ပါးစပ်ပိတ်ထားကြသည်။

အချို့ကတော့ နှုတ်ခမ်းတွေတလှုပ်လှုပ်ဖြင့် ရယ်ချင်စိတ်ကို ကြိုးစားဖိနှိပ်နေေခဲ့သည်။

ချင်းဝမ်ချွမ်မျက်နှာလေး ရှက်လွန်း၍ နီရဲသွားပြီး ခြေထောက်တွေက အငြိမ်မနေနိုင်ပဲ မြေကြီးကို ကုတ်ခြစ်နေခဲ့သည်။

သူမက ကျွင်းတစ်ခုရှာပြီးသာ ဝင်သွားလိုက်ချင်တော့သည်။

ဤအရာမှ သိက္ခာကျတာမဟုတ်လျှင် ဘယ်အရာဖြစ်နိုင်အုန်းမည်နည်း။

သူတို့တွေ တားမရဆီးမရရယ်နေတာမြင်သည့်အခါ ချင်းဝမ်ချွမ် ပေါက်ကွဲသွား၏။

"ငါရှက်လွန်းပြီးသေသွားရင် လူတိုင်း ငါနဲ့အတူတူသေရမယ်။ ငါတစ်ယောက်တည်းတော့ အရှက်မကွဲနိုင်ဘူး..."

"ဂျန်ဖန်း မသွားနဲ့အုန်း...."

ချင်းဝမ်ချွမ် ဂျန်ဖန်းကိုတားပြီး ပြောလိုက်သည်။

"နင် မြင့်မြတ်ဂိုဏ်းတပည့်ပြိုင်ပွဲမှာ ဘာတွေလုပ်ခဲ့လဲ အဲ့ဆံပင်ဖြူအဖွားကြီးကိုပြောလိုက်စမ်းပါ..."

အာ...

ဂျန်ဖန်း လုံးဝကို ကြောင်တောင်တောင်ဖြစ်သွား၏။

ဤလူကြီးတွေက ဘာကိစ္စရယ်နေကြသနည်း။

ထို့ပြင် ချင်းဝမ်ချွမ်ကကော ဘာကြောင့် မြင့်မြတ်ဂိုဏ်းကကိစ္စပြောခိုင်းရသနည်း။

"နင်ပြောမှာလား မပြောဘူးလား..."

ချင်းဝမ်ချွမ် ခြေဆောင့်ပြီး အမိန့်ပေးလိုက်သည်။

ဂျန်ဖန်း ပဟေဠိဖြစ်စွာဖြင့် ပြောလိုက်သည်။

"ဘာပြောစရာရှိလို့လဲ...."

"ငါ မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေကို အနိုင်ပိုင်းခဲ့လို့ မြင့်မြတ်ဂိုဏ်းချုပ်ဒေါသထွက်သွားပြီး ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို တိုင်ကြားခဲ့တယ်။ သူတို့က ဒါတွေကိုနားလည်မှာတဲ့လား...."

ဆံပင်ဖြူအဖွားကြီးက ထိန်းမရသိမ်းမရရယ်နေသည့် မြင့်မြတ်ဂိုဏ်း မြင့်မြတ်အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်၏။

ထိုအရာကိုကြားသည့်အခါ သူမအမူအရာ အေးခဲတောင့်တင်းသွား၏။

အခြားမြင့်မြတ်အကြီးအကဲတွေလည်း သူမကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

"နေပါအုန်း, ဒီလိုကိစ္စမျိုးတကယ်ဖြစ်ခဲ့တာလား...."

"ဒီကောင်လေးက တပည့်သစ်တစ်ယောက်မဟုတ်ဘူးလား..."

"မြင့်မြတ်ဂိုဏ်းပါရမီရှင်တပည့်တွေကို အနိုင်ပိုင်းခဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

"ပြီးတော့ မြင့်မြတ်ဂိုဏ်းချုပ်က ဒေါသထွက်ပြီး တိုင်တန်းစာတောင်ရေးလိုက်သေးတယ်။ ဟာသပဲ...."

ချင်းဝမ်ချွမ်း အေးစက်စွာလှောင်ပြောင်လိုက်သည်။

"ဘာမှားလို့လဲ။ ဆက်မရယ်တော့ဘူးလား။ အဘွားကြီးနင်ရယ်ရတာကြိုက်တယ်မဟုတ်ဘူးလား...."

မြင့်မြတ်ဂိုဏ်း မြင့်မြတ်အကြီးအကဲမျက်နှာနီရဲသွားပြီး ရှက်သွားတာသိသာ၏။

သူမက ကို့ရို့ကားယားရေရွတ်လိုက်သည်။

"ဒါ... ဒါတွေအားလုံးက အတိတ်ကကိစ္စတွေပါ။ မပြောတာအကောင်းဆုံးပဲ, မပြောတာအကောင်းဆုံးပဲ...."

ထိုမတော်တဆဖြစ်ရပ်က မြင့်မြတ်ဂိုဏ်း၏ အရှက်ရစရာကိစ္စဖြစ်သည်။

သူတို့က ထိုကိစ္စကို ထုတ်မပြောပြီး မေ့ထားခဲ့ကြသည်။

မည်သူထင်ထားမည်နည်း။ ချင်းဝမ်ချွမ်ခေါ်လာသည့်ကောင်လေးက လက်စသတ်တော့ ဂျန်ဖန်းဖြစ်နေခဲ့သည်။

ထို့ပြင် သူက အားလုံးရှေ့မှာ အကုန်ဖွင့်ချလိုက်ရာ သူမမျက်နှာဘယ်နားသွားထားရမှန်းမသိတော့ပေ။

သို့ပေမယ့် ချင်းဝမ်ချွမ်း ရပ်တန့်ရန်အစီအစဥ်မရှိသေးပေ။

"ပြီးတော့, ဂျန်ဖန်း ဟိုဘက်က အာဟုကိုင်ထားတဲ့ အဘိုးကြီးကို သံစဥ်တစ်ခုလောက်တီးပြလိုက်စမ်းပါ...."

ဂျန်ဖန်းတွေဝေနေ၏။

"ဒါ မသင့်တော်လောက်ဘူးနော်...."

"ငါ့အသံနည်းစနစ်က ကောင်းကင်သံစဥ်ဂိုဏ်းကလာတာ၊ လူတွေကို ထိခိုက်စေလိမ့်မယ်...."

ခနနေပါအုန်း, ဘာ?...

အာဟုကိုင်ထားသည့်အဘိုးကြီးက ကောင်းကင်သံစဥ်ဂိုဏ်းမြင့်မြတ်အကြီးအကဲမှလွဲပြီး အခြားသူမဟုတ်ပေ။

အစောပိုင်း၌ သူက ချင်းဝမ်ချွမ်အဘိုးဟု ဂုဏ်ယူစွာပြောခဲ့ပြီး ဟက်ဟက်ပက်ပက်ရယ်တဲ့အထဲပါဝင်ခဲ့သည်။

ဂျန်ဖန်းပြောတာကြားသည့်အခါ သူက ရယ်ပြီး ပြောလိုက်သည်။

"လူငယ်လေး, မင်းပြောတာ မင်းက ကောင်းကင်သံစဥ်ဂိုဏ်းနည်းစနစ်ကိုသိတယ်ပေါ့။ အဲ့တာငါဘယ်လိုလုပ်မသိရတာလဲ...."

ကောင်းကင်သံစဥ်ဂိုဏ်းနည်းစနစ်တွေက ဘယ်တုန်းကမှ အလွတ်တကူ အပြင်မပျံ့ဘူးပေ။

ထို့ပြင် ရှိခဲ့လျှင်တောင် လူအနည်းငယ်သာ ၎င်းတို့၏လျို့ဝှက်ချက်အစစ်အမှန်ကို ဆုပ်ကိုင်မိကြ၏။

သူက ဂျန်ဖန်း ကောင်းကင်သံစဥ်ဂိုဏ်းမှနည်းစနစ်တစ်ခု ကျွမ်းကျင်မယ်လို့ သေချာပေါက်မယုံပေ။

All Chapters