အခန်း (၃၈၅)
Vol. 29 Ch. 385
ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်။
သူဖြည်းဖြည်းချင်းနားလည်စပြုလာ၏။
ဤလူအိုကြီးအမျိုးသမီးအိုကြီးတွေက သာမန်လူတွေမဟုတ်ကြပေ။
သူတို့ကလည်း သိုင်းပညာလမ်းစဥ်မှဖြစ်နိုင်၏။
ဤအရာက ကိစ္စတွေကိုပိုလွယ်ကူသွားစေ၏။
သာမန်လူတွေသူ့သိုင်းပညာစွမ်းအားကို မြင်နိုင်မည်မဟုတ်သော်လည်း သိုင်းပညာရှင်တွေကတော့ရ၏။
ထိုအခါ သူတို့ချွမ်းချွမ်းကိုဆက်ဆံသည့်အခါ အကျိုးဆက်ကို နှစ်ခါပြန်စဥ်းစားရတော့မည်ဖြစ်သည်။
"ကောင်းပြီလေ, ဒါဆိုလည်း ငါတီးပြမယ်...."
ဂျန်ဖန်း ကျောမှသစ်သာသေတ္တာထုတ်ပြီး အဖြူရောင်ရှေးဟောင်းဗျတ်စောင်းကို ထုတ်ယူလိုက်သည်။
ထိုဗျတ်စောင်းထွက်ပေါ်လာသည်နှင့်....
ကောင်းကင်သံစဥ်ဂိုဏ်းမြင့်မြတ်အကြီးအကဲအပြုံးတွေ ရုတ်ချည်းအေးခဲသွား၏။
"ကောင်းကင်သံစဥ်ဂိုဏ်းမဟာအကြီးအကဲရဲ့ အသက်ရတနာ?..."
သူက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
"ဒါ မင်းလက်ထဲဘယ်လိုလုပ်ရောက်နေတာလဲ...."
အို?...
ကြည့်ရတာ ဤအရာကိုသိသည့်တစ်စုံတစ်ယောက်ရှိနေခဲ့သည်။
ထိုအရာက ပိုကောင်း၏။
ဂျန်ဖန်း ဗျတ်စောင်းကြိုးတွေကိုပွတ်သပ်ရင်း ပြောလိုက်သည်။
"ကောင်းကင်သံစဥ်ဂိုဏ်းရဲ့တပည့်ကြီး ဖုချောင်ဟွမ် အန္တရာယ်ကြုံခဲ့အခါမှာ ကျွန်တော့်ကိုထောင်ချောက်ဆင်ခဲ့တယ်..."
"ဒီရှေးဟောင်းဗျတ်စောင်းကိုသုံးပြီး မဟာအကြီးအကဲမင်းရို့လင်က ဖုချောင်ဟွမ်အကြွေးကို ပြန်ဆပ်ခဲ့တာ..."
"ဒါနဲ့စကားမစပ်, ဖုချောင်ဟွမ် ကျွန်တော့်နဲ့ တိုက်ပွဲမှာရှုံးခဲ့တယ်လေ..."
သူက ခွန်အားပြတော့မည်ဆိုကတည်းက ထိုတိုက်ပွဲအောင်မြင်မှုတွေပါ ထုတ်ပြောရမည်ဖြစ်သည်။
ဘာ?...
သူတို့၏ဂုဏ်ယူရသည့်တပည့်ကြီးက ဤလူသစ်လေးဆီမှာ ရှုံးနိမ့်ခဲ့သည်။
မြင့်မြတ်အကြီးအကဲ၏အမူအရာမယုံကြည်နိုင်မှုတွေနှင့်ပြည့်နှက်သွားခဲ့သည်။
ဂျန်ဖန်းပြောလိုက်သည်။
"အခု ကျွန်တော် ကောင်းကင်သံစဥ်ဂိုဏ်းရဲ့နည်းစနစ်ကို တီးခတ်ပြမယ်...."
"ဒီနည်းစနစ်ကို အစီရင်ချိုးဖြတ်ခြင်းသံစဥ်လို့ခေါ်ပြီး ကောင်းကင်သံစဥ်ဂိုဏ်းမျိုးဆက်ပေါင်းများစွာ အပြည့်အဝနားမလည်ခဲ့ဘူး...."
"သူတို့က ကျွန်တော်ဒါကိုနားလည်အောင်ကြိုးစားဖို့ မောက်မောက်မာမာစိန်ခေါ်ခဲ့ကြတယ်လေ....."
မြင့်မြတ်အကြီးအကဲတွေ တိတ်တဆိတ်ခေါင်းညိတ်လိုက်ကြ၏။
ကောင်းကင်သံစဥ်ဂိုဏ်းက တကယ်ပဲ အစီရင်ချိုးဖြတ်ခြင်းသံစဥ်ဟုခေါ်သည့် မြေကမ္ဘာအဆင့်နည်းစနစ်တစ်ခုပိုင်ဆိုင်၏။
ကောလဟာလတွေအရ ၎င်းနည်းစနစ်မှာ ချို့ယွင်းချက်တွေရှိပြီး တစ်ယောက်မှ အောင်အောင်မြင်မြင်နားမလည်နိုင်ခဲ့ပေ။
အသံလမ်းစဥ်၏ ရာစုနှစ်ကြာပါရမီရှင်ဖြစ်သည့် ဖုချောင်ဟွမ်တောင် အနည်းငယ်သာတိုးတက်မှုရှိခဲ့၏။
ကောင်းကင်သံစဥ်ဂိုဏ်းမြင့်မြတ်အကြီးအကဲ ရယ်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ, ဒါဆိုလည်းတီးပြပါအုန်း။ မင်းဘာတွေနားလည်ထားလည်း ဒီလူအိုကြီးနားထောင်စမ်းပါရစေ..."
မျိုးဆက်များစွာကျော်ဖြတ်လာပြီးနောက် ဤအစီရင်ချိုးဖြတ်ခြင်းသံစဥ်က တဖြည်းဖြည်း အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ဖို့ မဖြစ်နိုင်သည့် ချို့ယွင်တဲ့ကျင့်စဥ်တစ်ခုအဖြစ် ဖယ်ထုတ်ခံလာရသည်။
ယခုချိန်၌ စိတ်ဝင်စားသည့်တပည့်တွေကို သူတို့အသံလမ်းစဥ်ပါရမီစမ်းသပ်ဖို့သာသုံးတော့သည့် အသုံးမဝင်သည့်အရာတစ်ခုဖြစ်သည်။
သူက ဘယ်လိုနည်းနှင့်မှ ဂျန်ဖန်းလိုအပြင်လူတစ်ယောက် နားလည်သွားမည်ဟု မယုံပေ။
သို့ပေမယ့် ထိုစဥ်မှာပဲ....
ဂျန်ဖန်း ဗျတ်စောင်းပေါ် လက်ချောင်းတွေတင်ပြီး တီးခတ်လိုက်ရာာ ပေါက်ကွဲထွက်လာသည့်အသံက လေထုကို ဆုတ်ဖြဲသွားခဲ့သည်။
၎င်းက အစွမ်းထက်နဂါးတစ်ကောင် ပင်လယ်ပြင်မှပေါ်လာပြီး နားနားကပ်ဟိန်းဟောက်လိုက်သလိုပင်။
တီးခတ်မှုမှထွက်ပေါ်လာသည့် ကြောက်စရာအသံလှိုင်းတွေက အနီးနားရှိသစ်ရွက်တွေကို ဖုန်မှုန့်တွေအဖြစ်ပြောင်းသွားစေခဲ့သည်။
မြေပြင်လည်းအက်ကွဲလာပြီး မီးခိုးငွေ့တွေထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပဲ မြင်ကွင်းက ဖရိုဖရဲဖြစ်သွား၏။
ကောင်းကင်သံစဥ်ဂိုဏ်းမှ မြင့်မြတ်အကြီးအကဲမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
"မြေ... မြေကမ္ဘာအဆင့်အသံနည်းစနစ်...."
"မင်းဒါကို အစီရင်ချိုးဖြတ်ခြင်းသံစဥ်ကနေ နားလည်ခဲ့တာလား...."
ဂျန်ဖန်း ဖျတ်စောင်းကြိုးတွေကိုဖိလိုက်ပြီး ပြန်သိမ်းကာ ပြောလိုက်သည်။
"အတိအကျပဲ, ကျွန်တော်ဒါကို ကျားနဂါးဟိန်းသံလို့နာမည်ပေးထားတယ်..."
"ကောင်းကင်သံစဥ်ဂိုဏ်းကတော့ ဒီကျင့်စဥ်ကို မျိုးဆက်ပေါင်းများစွာသိမ်းထားပြီး ဒီကျားနဂါးဟိန်းသံနည်းစနစ်ကို ပျောက်ကွယ်လုနီးပါးဖြစ်အောင်လုပ်ခဲ့ကြတာ..."
မြင့်မြတ်အကြီးအကဲတွေ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"ကောင်းကင်သံစဥ်ဂိုဏ်းက သူတို့ဆီဝင်ရောက်ဖို့ အသံလမ်းစဥ်ပါရမီအထူးကောင်းမွန်ရမယ်လို့ ကြွားဝါနေတာမဟုတ်ဘူးလား...."
"ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်က ကျော်တက်သွားရတာလဲ...."
"တစ်ဂိုဏ်းလုံးမှာ တစ်ယောက်မှ ဒါကိုနားမလည်ကြတာလား...."
"ရိုးရိုးသားသားပြောရရင် ကောင်းကင်သံစဥ်ဂိုဏ်းကို ချီးကျူးရမယ်။ သူတို့ကိုယ်ပိုင် မြေကမ္ဘာအဆင့်နည်းစနစ်ကိုမဆုပ်ကိုင်နိုင်ပဲ အပြင်လူကို အလကားပေးပစ်လိုက်တယ်။ ဒီလိုရက်ရောမှုမျိုးက တကယ်ကို အထင်ကြီးစရာပဲ...."
မြင့်မြတ်အကြီးအကဲမျက်နှာ နီရဲသွား၏။
ဤအရာက လုံးဝကို အရှက်ကွဲခြင်းပင်။
ချင်းဝမ်ချွမ် အားရပါးရရယ်လိုက်၏။
"ဒုတိယအဘိုး, ကောင်းကင်သံစဥ်ဂိုဏ်းက လူတွေအကုန်လုံးက အရူးတွေနော်..."
"တိမ်စိမ်းဂိုဏ်းဂျူနီယာတပည့်ထက်တောင် ပိုဆိုးနေသေးတယ်..."
ကောင်းကင်သံစဥ်ဂိုဏ်းမြင့်မြတ်အကြီးအကဲ ကျွင်းတူးပြီးသာဝင်သွားချင်တော့၏။
သူက အကြိမ်များစွာ ကို့ရို့ကားယား ချောင်းဟန့်လိုက်ရ၏။
"ငါမသိဘူး, ဒီကိစ္စနဲ့ပတ်သက်ပြီး ငါဘာမှမသိဘူး..."
ဤသို့ဖြင့် နောက်ထပ်လူတစ်ယောက် ဂုဏ်သိက္ခာကျဆင်းသွားခဲ့သည်။
ချင်းဝမ်ချွမ် အခွင့်ရေးကိုဆုပ်ကိုင်ပြီး အကြည့်က ရမ္မက်ဂိုဏ်းမြင့်မြတ်အကြီးအကဲဆီရောက်သွားသည်။
ရမ္မက်ဂိုဏ်းမြင့်မြတ်အကြီးအကဲ ရင်ဘတ်ပုတ်ပြီး ယုံကြည်မှုရှိစွာပြောလိုက်သည်။
"ရမ္မက်ဂိုဏ်းဆိုတာ အရှက်ရစရာကိစ္စတွေနဲ့ ရင်းနှီးပြီးသား။ ငါတို့ကတော့ ဒါတွေကို ဂရုမစိုက်ဘူး..."
ရမ္မက်ဂိုဏ်းက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလေ့ကျင့်ပြီး ဂုဏ်ယူစရာနှင့်အရှက်ရစရာကိစ္စတွေက သူတို့အတွက် အများကြီးခြားနားမနေပေ။
ဂျန်ဖန်း အတိတ်ကိုအမှတ်ရသွားပြီး ကျယ်လောင်စွာပြောလိုက်သည်။
"ရမ္မက်ဂိုဏ်း, အဲ့မှာတော့ ဘာမှကြီးကြီးမားမားမဖြစ်ခဲ့ဘူး..."
"ဒါပေမယ့် သူတို့ဂိုဏ်းချုပ်အပြုအမူက တကယ်ကို ချီးကျူးစရာပဲ...."
"သူမက ငါ့ကိုရမ္မက်ဂိုဏ်းဆီအင်အားသုံးဝင်ခိုင်းပြီး ကျရှုံးသွားတဲ့အခါကျတော့ ဖမ်းဆီးဖို့ဝရမ်းထုတ်ခဲ့တယ်လေ...."
"အတော်လေး အမြင်ကျယ်ရပါတယ်...."
အာ...
မြင့်မြတ်အကြီးအကဲတွေ ရမ္မက်ဂိုဏ်းမြင့်မြတ်အကြီးအကဲကို ကြောင်အစွာဖြင့် ကြည့်လိုက်ကြသည်။
"တကယ်လား? သူမက တစ်စုံတစ်ယောက်ကို မခေါ်ယူနိုင်တာနဲ့ ဝရမ်းထုတ်ခဲ့တယ်ပေါ့...."
"ရမ္မက်ဂိုဏ်းက လိုအင်ဆန္ဒနောက်လိုက်တယ်ဆိုပေမယ့် ဒါကတော့ နည်းနည်းလွန်တာပေါ့...."
ရမ္မက်ဂိုဏ်းအကြီးအကဲ ကို့ရို့ကားယားပြန်ပြောလိုက်သည်။
"ငါတို့ဂိုဏ်းချုပ်က နည်းနည်းစိတ်ထင်တိုင်းလုပ်တတ်ပေမယ့် ဒါမျိုးကိစ္စတော့မလုပ်လောက်ပါဘူး...."
"မဟုတ်ရင်, ဂျန်ဖန်းလိုဂျူနီယာလေးတစ်ယောက်က သူ့လက်က ဘယ်လိုလုပ်လွတ်မှာလဲ..."
သူတို့တွေ ဘယ်လောက်ပဲဂုဏ်သိက္ခာတွေကို အရေးမလုပ်ပါစေ ဤအရာက ငြင်းမရသည့်အရှက်ရမှုပင်။
ဂျန်ဖန်း ထိုအရာကိုကြားသည့်အခါ စိတ်တိုသွား၏။
"အို, သူမ ကျွန်တော့်ကို တကယ်ဖမ်းဖို့ကြိုးစားခဲ့တာ။ ကောင်းကင်တောင်ထွဋ်ပိုးမျှင်တောင်သုံးခဲ့သေးတယ်..."
"ကံကောင်းလို့ ကျွန်တော်လှုပ်ရှားမှုနည်းလမ်းသုံးပြီး ရှောင်ထွက်လာနိုင်ခဲ့တာ...."
ကောင်းကင်တောင်ထွဋ်ပိုးမျှင်အကြောင်းကြားတော့ လူအုပ်အထင်အမြင်တွေ အတော်လေး ယိမ်းယိုင်လာကြ၏။
သို့ပေမယ့် ဂျန်ဖန်း ရမ္မက်ဂိုဏ်းချုပ်ဆီမှလွတ်မြောက်လာသည်ကတော့ အများစု ယုံဖို့ခက်နေ၏။
ထို့ကြောင့် ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းဖြင့် ဥယျာဥ်အနောက်ပိုင်းကို လျှပ်စီးကဲ့သို့အရှိန်ဖြင့် ပြေးပြလိုက်ရာ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပဲ တစ်ပတ်ပြည့်သွားခဲ့၏။
မြင့်မြတ်ကအကြီးအကဲတွေ အံ့အားသင့်စွာပဲ ပင့်သက်ရှိုက်လိုက်သည်။
"ဘယ်လောက်တောင်ထူးခြားတဲ့ လှုပ်ရှားမှုနည်းစနစ်လဲ...."
"ရမ္မက်ဂိုဏ်းချုပ် မဖမ်းနိုင်တာ မအံ့သြတော့ပါဘူး...."
"သူမ သေချာပေါက် ဒေါသထွက်နေလောက်တယ်...."
"တစ်စုံတစ်ယောက်ကို အားသုံးခေါ်ယူတာ ကျရှုံးတော့ ဝရမ်းတောင်ထုတ်လိုက်သေးတယ်။ သူမဒေါသထွက်နေမှာ ငါလောင်းရဲတယ်...."
"ရမ္မက်ဂိုဏ်းကိုသွားရင် သတိထားဖို့ ငါတို့ဂျူနီယာတွေကို မှာထားရမယ်။ အဆင့်မြင့်လှုပ်ရှားမှုနည်းစနစ်လေ့ကျင့်ထားဖို့ ဒါမှမဟုတ်ရင် နှိမ့်နှိမ့်ချချနေဖို့ပေါ့...."
"မဟုတ်ရင် အဖမ်းခံသွားရနိုင်တယ်...."
ရမ္မက်ဂိုဏ်းမြင့်မြတ််အကြီးအကဲ မချိပြုံးပြုံးလိုက်သည်။
"ပုံကြီးချဲ့နေတာပဲ, အတော်ကိုပုံကြီးချဲ့နေတာပဲ...."
"ဒါက မင်းတို့ပြောသလောက်မဆိုးပါဘူး..."
သူ၏အစောပိုင်းတည့်မတ်သည့်ပုံစံ သိသိသာသာ အိကျလာ၏။
သူက နောက်ထပ် ခေါင်းမထောင်နိုင်တော့ပေ။
ချင်းဝမ်ချွမ်း ဟက်ဟက်ပက်ပက်ရယ်လိုက်၏။
ဒီတော့ ဂျန်ဖန်းက ရမ္မက်ဂိုဏ်းမှာလည်း လှိုင်းလုံးတွေ လုပ်ခဲ့တာကိုး....
ကောင်းတယ်, နောက်တစ်ယောက်ခံသွားရပြီ....
သူမအကြည့်ထပ်ရွေ့သွားပြီး ယခုအခါ အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲထံရောက်သွားခဲ့သည်။
အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ တယိမ်းတယိုင်ဖြစ်သွားပြီး စိုးရိမ်တကြီးပြောလိုက်သည်။
"ဂျန်ဖန်း... အသင်္ချေဓားဂိုဏ်းမသွားခဲ့ဖူးလေ, ဟုတ်တယ်မလား..."
သူတို့ဂိုဏ်းက ကိစ္စတွေကို တရားမျှတစွာပဲ ကိုင်တွယ်ခဲ့၏။
အရှက်ရစရာကိစ္စမရှိဘူးဟု မျှော်လင့်နေခဲ့သည်။
သို့ပေမယ့် အစောပိုင်းဥပမာတွေကိုကြည့်ပြီး မနေနိုင်ပဲ စိုးရိမ်သွား၏။
"ကျွန်တော်သွားခဲ့တယ်...."
ဂျန်ဖန်းအပြုံးတစ်ဝက်ဖြင့်ပြောလိုက်ရာ အကြီးအကဲနှလုံးသား ချက်ချင်းပဲ ဒယိမ်းဒယိုင်ဖြစ်သွား၏။
"ဘာမှမဖြစ်ခဲ့ဘူးမလား..."
ဂျန်ဖန်း ခပ်ဖွဖွပြုံးပြီး ပြန်ပြောလိုက်သည်။
"အသင်္ချေဓားဂိုဏ်းစီနီယာတွေက ကျွန်တော့်အပေါ် အတော်လေးကြင်နာကြပါတယ်...."
"သူတို့ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံကြတယ်...."
ထိုအရာကိုကြားသည့်အခါ အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ သက်သာယာရစွာသက်ပြင်းချလိုက်သည်။
နောက်ဆုံးမှာတော့ အရှက်တရားကို တောင့်ခံဖို့မလိုတော့ပေ။
သို့ပေမယ့် နောက်တစ်ခဏမှာပဲ သူ့မျက်နှာ ကြောက်ရွံ့မှုကြောင့်တွန့်လိမ်သွားပြီး ကျောက်တုံးကဲ့သို့ တောင့်တင်းသွား၏။
"စီနီယာရှုချင်းယန် ကျွန်တော့်ကို ကြင်နာစွာနဲ့ ဓားထိန်းချုပ်ခြင်းနည်းစနစ်သင်ပေးခဲ့တယ်လေ..."
ရွစ်!
ဂျန်ဖန်း၏ဓားနှလုံးသားအသက်သွင်းမှုနှင့်အတူ ကျောရှိလွမ်းဆွတ်ခြင်းဆီးနှင်းဓား ဓားအိမ်ထဲမှပျံထွက်သွားခဲ့သည်။
ထို့နောက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းပြီး ကောင်းကင်ကို ထိုးတက်သွားခဲ့သည်။
"ဘာ? ဓားထိန်းချုပ်ခြင်းနည်းစနစ်...."
"အသင်္ချေဓားဂိုဏ်းမှာ ဒီဓားသိုင်းကို ဘယ်သူမှမအောင်မြင်ကျတော့ဘူးဆို...."
"ဘယ်လိုလုပ် ဒီကောင်လေးက တတ်နေရတာလဲ...."
မြင့်မြတ်အကြီးအကဲတွေ အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ အမြင်တွေမဲမှောင်သွား၏။
"ဒါက အဓိပ္ပာယ်မရှိဘူး။ တစ်ခုခုမှားနေတာဖြစ်ရမယ်...."
"ငါတို့ဂိုဏ်းရဲ့ အမြင့်ဆုံးဓားသိုင်းကို အပြင်လူတစ်ယောက်ကတတ်သွားတယ်...."
"ပြီးတော့ အလွတ်တကူတတ်မြောက်သွားတယ်...."
"ဒီကိစ္စသာပျံ့သွားရင် အသင်္ချေဓားဂိုဏ်းမှာ အမှိုက်တွေစုနေတယ်လို့ လူတွေထင်ကုန်ကြတော့မှာ...."
ချင်ဝမ်ချွမ် အောင်နိုင်သူတစ်ဦးအဖြစ်ပြုံးလိုက်သည်။
"ကဲ, ခုကော ရယ်ချင်သေးလား...."
အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ ခါးသီးစွာပြုံးလိုက်သည်။
ဤဓားပညာပါရမီရှင်က ဘယ်ကပေါ်လာရသနည်း။
ဓားထိန်းချုပ်ခြင်းနည်းစနစ်တစ်ကွက်နှင့်ပင် အသင်္ချေဓားဂိုဏ်းတစ်ခုလုံး၏ဂုဏ်သတင်းကို ပျက်စီးသွားစေခဲ့သည်။