← Chapters

နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေ

Vol. 29 Ch. 386

နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေ

Vol. 29 Ch. 386

ချင်းဝမ်ချွမ် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး သူမအကြည့်က သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းမြင့်မြတ်အကြီးအကဲ ယုယင်ချန်းအပေါ် ကျရောက်သွားခဲ့သည်။

ထိုအခိုက်အတန့်၌ ယုယင်ချန်း တုန်ယင်သွားပြီး အပြစ်ရှိစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

"ငါ, ငါမရယ်ခဲ့ဘူးနော်...."

"စောနက ငါတကယ်မရယ်ခဲ့ဘူး...."

သူ အပြစ်ရှိသလိုခံစားနေရတာ မထူးဆန်းပေ။

ဂျန်ဖန်းခုလက်ရှိကိုင်ထားသည့် လွမ်းဆွတ်ခြင်းဆီးနှင်းဓားကို ယုယင်ချန်း ချက်ချင်းမှတ်မိ၏။

ဤအရာ သူတို့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ် သွန်းလုပ်ထားသည့် အရာဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်ငယ် ဂျန်ဖန်းကြောင့်အရှက်ကွဲခဲ့သလားဆိုတာ မိုးကောင်းကင်ပဲသိမည်ဖြစ်သည်။

ဂျန်ဖန်း ဓားပြန်သိမ်းပြီ အမှတ်ရသွားကာပြောလိုက်သည်။

"စကားမစပ်, ဒီဓားကို လွမ်းဆွတ်ခြင်းဆီးနှင်းလို့ခေါ်တယ်, ဒါက...."

"လူငယ်လေး, လူငယ်လေး ဆက်မပြောပါနဲ့တော့...."

ယုယင်ချန်း အလျှင်အမြန်ပဲ တားလိုက်သည်။

"ငါ ဝမ်ချွမ်းကို သေချာဂရုစိုက်လိုက်ပါ့မယ်..."

"စိတ်ချလက်ချနေပါ၊ မင်းစိတ်ချလက်ချနေလို့ရပါတယ်...."

အခြား အရှက်မကွဲသေးသည့်မြင့်မြတ်အကြီးအကဲတွေလည်း အပြစ်ရှိသည့်အမူအရာပြသလိုက်ကြ၏။

"လုံလောက်ပါပြီ၊ တကယ်လုံလောက်ပါပြီ။ နောက်ထပ်ဆက်မပြောပါနဲ့တော့..."

"မင်းမှာ လုပ်စရာရှိသေးတယ်မလား, သွားတော့လေ...."

"ငါတို့ဝမ်ချွမ်းကို သေချာဂရုစိုက်လိုက်ပါ့မယ်..."

ဂျန်ဖန်း အထင်ကြီးစရာအရည်အချင်းအများအပြားပြသပြီး၍ ဤလူအိုကြီးနှင့် အမျိုးသမီးအိုကြီးတွေကို လုံလောက်အောင်ခြိမ်းခြောက်ပြီးပြီဟု ခံစားရ၏။

သူက ချက်ချင်းပဲ ဓားပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ, ကျွန်တော်ချွမ်းချွမ်းကို ခင်ဗျားတို့နဲ့စိတ်ချမယ်နော်..."

"နှုတ်ဆက်ပါတယ်...."

ပြောပြီးနောက် လက်နှောက်ပစ်ပြီး ထွက်ခွာသွားခဲ့သည်။

မြင့်မြတ်အကြီးအကဲတွေပဲ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်ပြီး အံ့အားသင့်စွာကျန်ခဲ့ကြ၏။

ချင်းဝမ်ချွမ်း သူမလက်သေးသေးတွေကို အင်္ကျီလက်အိတ်ထဲထည့်ထားပြီး ရယ်လိုက်သည်။

"နင်တို့ ငါအရှက်ကွဲကို သဘောကျနေကြတာမလား...."

"အခုကော ဘယ်လိုလဲ...."

မြင့်မြတ်ဂိုဏ်းမှ မြင့်မြတ်အကြီးအကဲ ရှက်ရွံ့ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"အဖွားကြီး, မင်း မျှမျှတတမကစားဘူး...."

"ငါတို့ကိုအရှက်ရစေဖို့ ဒီလိုမကောင်းဆိုးဝါးလေး ဘယ်ကရှာလာခဲ့တာလဲ..."

ရမ္မက်ဂိုဏ်းမြင့်မြတ်အကြီးအကဲ သူ့မျက်နှာကိုပွတ်သပ်လိုက်ပြီး မေးလိုက်သည်။

"ဒီကောင်လေးနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ...."

"နည်းစနစ်တွေအများကြီးတတ်ထားတယ်။ ငါတောင် ကြောက်မိတယ်..."

ယုယင်ချန်းလည်း အံ့အားသင့်နေ၏။

"ဟုတ်တယ်, နဂါးလေးပဲ။ ဒီဂျန်ဖန်းက တကယ်ပဲ မင်းတို့တိမ်စိမ်းဂိုဏ်းလေ့ကျင့်ပေးထားတဲ့တပည့်လား...."

"သူက တကယ်ကို လူသားမဆန်တဲ့ မကောင်းဆိုးဝါးပဲ...."

ချင်းဝမ်ချွမ် နောက်တစ်ကြိမ် ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

ဂျန်ဖန်း နောက်တစ်ကြိမ် သူမကို မျက်နှာရအောင် ကူညီပေးလိုက်ပြန်ပြီဖြစ်သည်။

"နင်တို့အားလုံး မနာလိုဖြစ်လို့ရတယ်...."

ချင်းဝမ်ချွမ် ဟိတ်ဟန်လုပ်၍ လမ်းလျှောက်လိုက်သည်။

"သူ့ကိုအချိန်သာပေးလိုက်, အနှေးနဲ့အမြန် နင့်တို့ဂိုဏ်း ၈ ဂိုဏ်းကို အညံခံအောင်လုပ်နိုင်လာလိမ့်မယ်...."

"အဲ့အခါကျရင် ငါတို့တိမ်စိမ်းဂိုဏ်းက ဂိုဏ်း ၉ ဂိုဏ်းကိုပေါင်းစည်ပြီး လောကကြီးကို အုပ်စိုးမယ်...."

"ဟ..ဟ..."

လူအိုကြီးတွေ မျက်လုံးလှန်လိုက်၏။

ယုယင်ချန်း ပြန်ပြောလိုက်သည်။

"ဂိုဏ်း ၉ ဂိုဏ်းကို ပေါင်းစည်းမယ်..."

"ငါတို့ နတ်ဆိုးမျိုးနွယ်ကိုသာ နည်းနည်းအချိန်ပိုပေးလိုက်ရင် ဂိိုဏ်း ၉ ဂိုဏ်း နင်းခြေခံသွားရလိမ့်မယ်..."

သူက အင်္ကျီလက်ထဲမှ ရှုံ့တွနေသည့် သားအိမ်တစ်ခုထုတ်ပြီး စားပွဲပေါ်ပစ်တင်လိုက်သည်။

၎င်းအပေါ်၌ သိပ်သည်းသည့်နတ်ဆိုးစွမ်းအင်တွေ ကျန်ရှိနေဆဲဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် နေရာတင် မူးမေ့သွားနိုင်၏။

ချင်းဝမ်ချွမ်အမူအရာ အလေးအနက်ဖြစ်သွားပြီး မနေနိုင်ပဲ အင်္ကျီလက်ထဲမှ လက်ထုတ်လိုက်၏။

သူမက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဒီလိုသန်မာတဲ့နတ်ဆိုးစွမ်းအင်, ဒီသားအိမ်မှာ ကြောက်စရာကောင်းတဲ့ သွေးမျိုးဆက်တစ်ခုရှိနေတယ်..."

"ဒါ လွန်ခဲ့တဲ့နှစ်တွေက နတ်ဆိုးကျားရဲ့မျိုးဆက်ဖြစ်နိုင်လား..."

ယုယင်ချန်း အလေးအနက် ခေါင်းညိတ်လိုက်သည်။

"အတိအကျပဲ..."

"အဲ့ဒီ နတ်အသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးကျား ကျရှုံးခဲ့တယ်..."

"ဒါပေမယ့် သူ့ရဲ့နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေထဲမှာ သားအိမ်တစ်ခုပုန်းကွယ်နေပြီး သူ့မျိုးဆက်ကို ပျိုးထောင်နေခဲ့တာ..."

အခြားမြင့်မြတ်အကြီးအကဲတွေလည်း ချက်ချင်း လေးနက်သွားကြ၏။

ဒီတော့ ဤအရာက ယုယင်ချန်း ဂိုဏ်းအားလုံးမှမြင့်မြတ်အကြီးအကဲတွေကို ဆင့်ခေါ်ရသည့် အကြောင်းအရင်းဖြစ်သည်။

တကယ်ပင်၊ တစ်စုံတစ်ခု ကြီးကြီးမားမားဖြစ်တော့မည်ဖြစ်သည်။

တစ်ခါက နတ်ဆိုးနယ်မြေကို ပေါင်းစည်းခဲ့သည့် ထိုအစွမ်းထက်ပုဂ္ဂိုလ်က ဂိုဏ်း ၉ ဂိုဏ်းကို ကသောင်းကနင်းဖြစ်သွားစေခဲ့သည်။

၎င်းမျိုးဆက်, နှစ်များစွာပျိုးထောင်ပြီးနောက် မွေးဖွားလာခဲ့ပြီဖြစ်သည်။

မည်သူမှ သူ၏ကျင့်ကြံရေးအတိအကျကို မသိပေ။

သို့ပေမယ့်....

ယုယင်ချန်း မဟေဠိဖြစ်သည့်အမူအရာ ပြသလာ၏။

"ဒါပေမယ့်, ငါစိတ်ရှုပ်နေတာတစ်ခုရှိတယ်...."

"ဒီနတ်ဆိုးအင်ပါယာမျိုးဆက်ပေါ်ထွက်လာတဲ့ကိစ္စက ဆန်းကြယ်နေတယ်...."

သူက သားအိမ်ကို တစ်ဖက်လှန်လိုက်၏။

ထိုအခါမှသာ လူတိုင်း သားအိမ်အခြားတစ်ဖက်၌ လက်သီးဆုပ်အရွယ်အပေါက်တစ်ခုရှိနေတာ သတိထားမိလိုက်သည်။

အနားတွေ၌ ကိုက်ဖြတ်ထားသည့် အမှတ်အသားတွေရှိနေခဲ့သည်။

ကြည့်ရတာ တစ်စုံတစ်ခုက သားအိမ်ကို ကိုက်ဖောက်ထားသလိုပင်။

ချင်းဝမ်ချွမ်း ရုတ်တရက်ထပြောလိုက်သည်။

"အဲ့ဒီနတ်ဆိုးအင်ပါယာမျိုးဆက်ကို တစ်ယောက်ယောက်က စားသွားပြီလို့ နင်တို့မထင်ဘူးလား..."

မြင့်မြတ်အကြီးအကဲတွေအားလုံး ကြောင်သွားကြ၏။

ယုယင်ချန်းတောင် သူမစိတ်ကူးကြောင့် အံ့အားသင့်သွား၏။

ထူးဆန်း၏၊ သူသေချာကြည့်လေလေ ၎င်းမှာ ဖြစ်နိုင်ချေရှိလေလေပင်။

သူက ထူးဆန်းသည့်အမူအရာတစ်ခုပြသလာ၏။

"ဒါပေမယ့်, ဘယ်လိုအရာက အဲ့လောက်ထိ အစွမ်းထက်မှာလဲ..."

"ဒီသားအိမ်ကခြောက်သွေ့နေပေမယ့် နတ်ဆိုးမျိုးနွယ်အစွမ်းထက်ပုဂ္ဂိုလ်ထားခဲ့တဲ့ နတ်ဆိုးစွမ်းအင်က ရှိနေဆဲပဲ...."

"ဘယ်လိုအရာက အတားအဆီးကိုလျှစ်လျူရှုပြီး နတ်ဆိုးအင်ပါယာမျိုးဆက်ကို စားသွားတာလဲ..."

ဒါ...

တစ်ယောက်မှ ချက်ချင်း မဖြေမပေးနိုင်ကြပေ။

သို့ပေမယ့် စိတ်ဝိညာဥ်သားရဲဂိုဏ်းမြင့်မြတ်အကြီးအကဲ တစ်ခဏတွေဝေနေပြီး ပြောလိုက်သည်။

"လူတိုင်းပဲ, ရိုးရိုးသားသားပြောရရင်..."

"ငါတိုဂိုဏ်းသတင်းတွေအရ မကြာသေးခင်ကျူးကျော်လာတဲ့နတ်ဆိုးမျိုးနွယ်အများအပြားက ဆန်းကြယ်တဲ့စိတ်ဝိညာဥ်သားရဲလေးကို အမဲလိုက်ဖို့ပဲ...."

"ဖြစ်နိုင်တာ နတ်ဆိုးအင်ပါယာမျိုးဆက်ကို စားသွားတာ အဲ့သားရဲလေးပဲဖြစ်ရမယ်...."

အာ....

ထိုသို့ဆိုလျှင် လက်ရှိနတ်ဆိုးအင်ပါယာ ဘာကြောင့် ဤကဲ့သို့ကြီးမားသည့်နတ်ဆိုးလှိုင်းကြီး လုပ်ရလဲဆိုတာ အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။

ဤကဲ့သို့ နောက်ခံအကြောင်းအရင်းရှိနေသည်ကိုး။

ချင်းဝမ်ချွမ် စဥ်းစားချင့်ချိန်လိုက်၏။

"နတ်ဆိုးမျိုးနွယ် အဲ့သားရဲလေးအပေါ် ဒီလောက်အလေးထားနေပုံထောက်ရင် နတ််ဆိုးအင်ပါယာမျိုးဆက်ကို စားသွားရုံလောက်မဟုတ်လောက်ဘူး..."

"လျို့ဝှက်နယ်မြေကနေ တစ်ခုခုယူလာလို့ပဲဖြစ်ရမယ်..."

"ဒါကြောင့် နတ်ဆိုးမျိုးနွယ်က အစွမ်းကုန်သုံးပြီး စစ်ပွဲဆင်နွဲနေတာဖြစ်မယ်...."

မြင့်မြတ်အကြီးအကဲတစ်ယောက်၏ မျက်လုံးတွေ တောက်ပသွား၏.

"ငါတို့သာ အဲ့တာကိုအရင်ရှာတွေ့ရင် ဒီရတနာက ငါတို့ဂိုဏ်း ၉ ဂိုဏ်းလက်ထဲရောက်သွားပြီ မဟုတ်လား..."

ချင်းဝမ်ချွမ် မျက်လုံးလှန်လိုက်ပြီး ပြောလိုက်သည်။

"ရှာမယ်..."

"ဂိုဏ်း ၉ ဂိုဏ်းက အကျယ်ကြီး, ကောက်ရိုးပုံထဲအပ်ရှာသလိုဖြစ်နေမှာပေါ့...."

သေချာပေါက်ပင်။

သဲလွန်စမရှိလျှင် စိတ်ဝိညာဥ်သားရဲတစ်ကောင်ရှာတာက သမုဒ္ဒယာထဲ အပ်ရှာသလိုဖြစ်နေမည်ဖြစ်သည်။

ယုယင်ချန်း ခေါင်းညိတ်လိုက်သည်။

"မင်းတို့ကိုဆင့်ခေါ်လိုက်ရတဲ့ရည်ရွယ်ချက်က နတ်ဆိုးအင်ပါယာမျိုးဆက်ရှာဖို့လဲမဟုတ်သလို ဆန်းကြယ်တဲ့စိတ်ဝိညာဥ်သားရဲလေးရှာဖို့လဲမဟုတ်ဘူး...."

"အဲ့ထက်, စိတ်ဝိညာဥ်သားရဲလေး နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေက လွတ်မြောက်နိုင်တယ်ဆိုမှတော့...."

"ဒါက နတ်ဆိုးအင်ပါယာလျို့ဝှက်နယ်မြေပွင့်သွားပြီလို့ ဆိုလိုနေတာမဟုတ်ဘူးလား...."

"ဒါကမှ တကယ့် အန္တရာယ်...."

မြင့်မြတ်အကြီးအကဲတွေ ထိတ်လန့်သွားကြ၏။

ထိုအခါမှသာ သူတို့ အခြေအနေ၏အရေးပါမှုကို နားလည်သွားခဲ့သည်။

အထဲ၌ နတ်ဆိုးတစ်ကောင်ကောင်သာ အခွင့်ရေးရပြီး နတ်ဆိုးအင်ပါယာနယ်ပယ်ကို ချိုးဖျက်သွားလျှင်...

နတ်ဆိုးနယ်မြေ၌ နတ်ဆိုးအင်ပါယာ ၂ ယောက်ရှိသွားမည်မဟုတ်လား။

ထိုအချိန်ရောက်လျှင် ဂိုဏ်း ၉ ဂိုဏ်း မည်သို့ ခုခံနိုင်တော့မည်နည်း။

သိထားရမှာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏အထောက်အပံ့က သန္ဓေသားအဆင့်သာရှိသည်မဟုတ်လား။

"ဒါကြောင့်, ငါ မင်းတို့အားလုံးကို ငါနဲ့အတူ နတ်ဆိုးနယ်မြေဆီထောက်လှမ်းဖို့ ဖိတ်ခေါ်ချင်တယ်..."

"ငါတို့သာ လျို့ဝှက်နယ်မြေကို ပိတ်နိုင်ရင် အကောင်းဆုံးပဲ..."

"မလုပ်နိုင်ခဲ့ရင်လည်း အနည်းဆုံး နတ်ဆိုးမျိုးနွယ်မှာပြဿနာအချို့ရှာပြီး သူတို့ကို နှောင့်နှေးကြန့်ကြာအောင်လုပ်လို့ရတယ်...."

နတ်ဆိုးနယ်မြေဆီ ခိုးဝင်မယ်...

မြင့်မြတ်အကြီးအကဲတွေ စိုးရိမ်သည့်အမူအရာတွေပြသလာ၏။

ဤအရာက ဟာသတစ်ခုမဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်အနက်ပိုင်းကို နတ်ဆိုးအင်ပါယာက စောင့်ရှောက်ထား၏။

သူတို့သာ ထိုလူနှင့်တဲ့တဲ့တိုးလျှင် ၉ ယောက်လုံး တစ်ယောက်ပြီးတစ်ယောက် နေရာတင်အသတ်ခံရမည်ဖြစ်ည်။

ယုယင်ချန်း ပြောလိုက်သည်။

"ဒါပေါ့, ငါတို့အတွက်ယုံကြည်မှုမရှိတဲ့တိုက်ပွဲတစ်ခုကို မတိုက်ပါဘူး..."

"ငါတို့ မျိုးနွယ်နှစ်ခုရဲ့စစ်ပွဲ အထွတ်အထိပ်ကိုရောက်တဲ့အထိစောင့်ကြမယ်။ အဲ့ဒီအချိန် နတ်ဆိုးအင်ပါယာရှေ့တန်းရောက်လာရင် ငါတို့ ခိုးဝင်ကြမယ်...."

ထိုအခါမှ လူတိုင်း သက်သာယာရသွားကြသည်။

ထိုသို့ဆိုလျှင် အများကြီးပိုလုံခြုံသွားပြီဖြစ်သ်ည။

ယုယင်ချန်း ပြောလိုက်သည်။

"လာမယ့်ရက်တွေမှာ မင်းတို့အားလုံးကောင်းကောင်းပြင်ဆင်ထားကြပါ..."

"လက်ရှိတိုက်ပွဲအခြေအနေအရ နောက်ဆုံးတိုက်ပွဲက မဝေးတော့ဘူး....'

ဘာ?....

ချင်းဝမ်ချွမ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"မြန်လှကြီလား...."

"မကြာသေးခင်ကတောင် ရှေ့တန်းမှာ သူမသာကိုယ်မသာပဲရှိပါသေးတယ်။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြင်းထန်လာရတာလဲ...."

ယုယင်ချန်း အနည်းငယ်ခေါင်းခါယမ်းလိုက်ပြီး ပဟေဠိဖြစ်သည့်အမူအရာပြသလာ၏။

"ငါလည်း နားမလည်ဘူး..."

"မူလက ရမ္မက်ဂိုဏ်းအနောက်ဘက်စစ်မျက်နှာစာက ကြီးမားတဲ့သားရဲလှိုင်းကို ရင်ဆိုင်ရတော့မှာ...."

"ဒါပေမယ့် မသိရတဲ့အချို့အကြောင်းပြချက်အချို့ကြောင့် သူတို့အားလုံးပြန်ဆုတ်သွားပြီး မြောက်ဘက်စစ်မျက်နှာစာမှာ စုဝေးသွားကြတယ်...."

"သူတို့ရည်ရွယ်ချက်က သိသာပါတယ်။ အင်အားအားလုံးစုပြီး ငါတို့လူသားကလန်နဲ့ အဆုံးဖြတ်တိုက်ပွဲတိုက်ခိုက်ချင်နေတာ..."

သူတို့စိတ်ရှုပ်နေစဥ်မှာပဲ....

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ ရယ်ချင်စိတ်ကော ဒေါသကောဖြင့် ပြောလိုက်သည်။

"ခန့်မှန်းနေဖို့မလိုပါဘူး..."

"ဒီကိစ္စက မျက်နှာဖုံးနဲ့ကောင်လေးနဲ့ နတ်ဆိုးအင်ပါယာသမီးတော်တို့နှင့် ပတ်သက်နေတယ်....."

All Chapters