← Chapters

ယို့ယွင်ကျီနှင့် နောက်တစ်ကြိမ်ပြန်တွေ့ခြင်း

Vol. 29 Ch. 387

ယို့ယွင်ကျီနှင့် နောက်တစ်ကြိမ်ပြန်တွေ့ခြင်း

Vol. 29 Ch. 387

မျက်နှာဖုံးနှင့်ကောင်လေးကဘယ်သူနည်း။

ထို့ပြင် ဘာကြောင့် နတ်ဆိုးအင်ပါယာသမီးတော်နှင့် ဆက်စပ်နေရသနည်း။

ချင်းဝမ်ချွမ် မျက်ခုံးပင့်လိုက်သည်။

"ပြောစရာရှိတာပြော, ချုံပုတ်တွေပတ်ရိုက်ပြီး အချိန်ဆွဲမနေနဲ့...."

ဆက်သည်းမခံနိုင်တော့ပေ။

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ အမူအရာ တင်းမာသွား၏။

"အဖွားကြီး, မင်းစကားကိုကြည့်ပြော..."

"ဒီလိုကြမ်းတမ်းတဲ့စကားတွေက အတော်လေးရှိုင်းတယ်...."

ဘန်း...

ရုတ်တရက် ချင်းဝမ်ချွမ်းခြေထောက်အောက်ရှိမြေပြင် အက်ကွဲသွား၏။

လက်သီးသေးသေးလေးနှစ်ခုကလည်း တင်းကြပ်စွာဆုပ်ထားပြီး မျက်လုံးဝိုင်းကြီးတွေထဲ၌ ဒေါသမီးတွေတောက်လောင်နေခဲ့သည်။

ကြည့်ရတာ တိုက်ခိုက်တော့မလိုပင်။

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ တုန်ယင်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"အဟမ်း, ကိစ္စကတကယ်တော့ ရိုးရှင်းပါတယ်...."

"နတ်ဆိုးအင်ပါယာသမီးတော်လျိုလီ အနောက်ဘက်စစ်မျက်နှာစာကိုချီတက်လာပြီး ငါတို့လူသားမျိုးနွယ်ဂျူနီယာလက်ထဲမှာ ရှုံးသွားတယ်လေ..."

"အဲ့လိုနဲ့ အနောက်ဘက်စစ်မျက်နှာစာကိုစွန့်ခွာပြီး နတ်ဆိုးမျိုးနွယ်ကို ပြန်ပြေးသွားတာ...."

"အနောက်ဘက်မှာခေါင်းဆောင်မရှိတော့ဘူးဆိုတော့ နတ်ဆိုးမျိုးနွယ်တွေပြန်ပြေးကုန်တာ...."

အာ...

မြင့်မြတ်အကြီးအကဲများစွာ နားထောင်နေခဲ့သည်။

ချင်းဝမ်ချွမ် သံသယဖြင့်မေးလိုက်သည်။

"နတ်ဆိုးအင်ပါယာသမီးတော်က ငါတို့လူသားကလန်ဂျူနီယာလက်ထဲမှာရှုံးနိမ့်သွားတယ်...."

"သူမက နတ်ဆိုးအင်ပါယာသွေးမျိုးဆက်သယ်ဆောင်ထားပြီး အရမ်းအားကောင်းတယ်လေ။ ဘယ်လိုလုပ် လူသားကလန်ဂျူနီယာတစ်ယောက်လက်ထဲမှာ ရှုံးနိမ့်သွားရတာလဲ..."

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ ရွတ်နှောက်နှောက်အပြုံးတစ်ခု ထုတ်ပြလိုက်၏။

"ငါပြောတာသေချာနားထောင်အုန်း၊ သူမက အကြီအကျယ်ရှုံးနိမ့်သွားတာ...."

"မင်းယုံလားတော့မသိဘူး။ သူက နတ်ဆိုးအင်ပါယာသမီးတော်ရဲ့ အပျိုစင်ဘဝကို ယူသွားတာ...."

ဘာ?...

မြင့်မြတ်အကြီးအကဲတွေ နေရာတင်ပဲ ကြောင်သွားကြ၏။

ဂုဏ်သရေရှိနတ်ဆိုးအင်ပါယာသမီးတော်၊ အနောက်ဘက်စစ်ကြောင်းရဲ့တပ်မှူး...

လူသားဂျူနီယာတစ်ယောက်၏ ဖျက်စီးခြင်းကို ခံခဲ့ရသည်။

ယုယင်ချန်း တုန်လှုပ်သွား၏။

"သူ သူမကို ဘယ်လိုများထိနိုင်ခဲ့တာလဲ...."

"နတ်ဆိုးမျိုးနွယ်တွေရဲ့ပုံစံက အရမ်းကြောက်စရာကောင်းတာ။ ထိရုံနဲ့တင် ပျို့အန်ချင်စရာပဲ..."

"ဒါ့ပြင် သူမနဲ့ ဟိုဟာတောင်လုပ်..."

လူအိုကြီး မနှစ်မြို့လွန်း၍ တုန်ယင်သွားခဲ့သည်။

"ယု... မင်းသိရင်လည်း သိတဲ့အတိုင်းထား။ ထုတ်မပြောနဲ့...."

"ငါ ကြက်သီးတောင်ထတယ်....."

"ဒီတစ်ချက်တည်းနဲ့ကို ငါ အဲ့ကောင်လေးကို ချီးကျူးသွားပြီ...."

သို့ပေမယ့် အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ ထူးဆန်းသည့်အမူအရာ ပြသလာ၏။

"မင်းတို့ နားလည်မှုလွဲနေပြီ...."

"အဲ့ဒီနတ်ဆိုးအင်ပါယာသမီးတော်က လူသားအသွင်နဲ့မွေးလာတာ။ ငါတို့လူသားတွေနဲ့ ချွတ်စွတ်ပဲ..."

"ပြီးတော့... ဂိုဏ်း ၉ ဂိုဏ်း နံပါတ် ၁အလှ ဖြစ်တဲ့ လျိုချင်းရှန်လောက်ကို လှတယ်...."

အာ....

လူအိုကြီးတွေ တစ်ခဏကြောင်သွားကြပြီး မျက်နှာတွေ မဲပြာသွားကြ၏။

"ကောင်စုတ်လေး ကံကောင်းသွားတာပဲ..."

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲလည်း အနည်းငယ်မနာလိုမှု ပြသလာ၏။

ခေါင်းအနည်းငယ်ခါယမ်းပြီး ပြောလိုက်သည်။

"အဲ့လောက်ပဲဆိုရင် ဘာမှမဖြစ်သေးဘူး..."

"အဲ့ကောင်လေးက သူမရတနာအကုန်လုသွားပြီး နတ်ဆိုးမျိုးနွယ်ရဲ့ထိပ်တန်းမှော်လက်နက် ကောင်းကင်ခွဲလေးတောင်ပါသေးတယ်...."

သေစမ်း...

သူမအပျိုစင်ကိုယူရုံသာမက ရတနာတွေပါယူသွားခဲ့သည်။

"ဘောင်းဘီဆွဲတင်ပြီး ဘာမှမဖြစ်ခဲ့သလိုနေတာက ဆိုးလှပြီလို့ ငါထင်ခဲ့တာ။ ဒီကောင်လေးက ပိုဆိုးနေပါ့လား..."

"နတ်ဆိုးအင်ပါယာသမီးတော် သူနဲ့တွေ့တာ တကယ်ကံမကောင်းတာပဲ..."

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ ပါးစပ်တွန့်လိမ်သွား၏။

"ပြီးတော့ ရှိသေးတယ်....."

"သူက ငါတို့ဂိုဏ်းမြင့်မြတ်အကြီးအကဲရှုချင်းယန်ကိုခေါ်ပြီး အဲ့ကောင်မလေးကို အကြင်နာမဲ့အမဲလိုက်ခိုင်းတာ။ သူမ ငါတို့လူသားမျိုးနွယ်မှာ သေတော့မလို..."

"ကောင်းကင်ဝါးမျိုးကျားကွာကွယ်ပေးလို့မဟုတ်ရင် အခုလောက်ဆို သေနေလောက်ပြီ...."

မြင့်မြတ်အကြီးအကဲတွေ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

"ခန္ဓာကိုယ်ယူတယ်၊ ရတနာလုတယ်။ လိုက်သတ်ခိုင်းတယ်...."

"ဘာသဲလွန်စမှမချန်ပဲ အပြတ်ရှင်းတာပဲ...."

"အဲ့ကောင် တကယ်ကို အသည်းနှလုံးမရှိတဲ့ကောင်ပဲ.."

"နတ်ဆိုးမလေး အနောက်ဘက်စစ်မျက်နှာစာမလာရဲတော့တာ မအံ့သြတော့ပါဘူး...."

ယုယင်ချန်း ကြောင်အနေ၏။

"ဒါဆို နတ်ဆိုးမျိုးနွယ်တိုက်ပွဲက နတ်ဆိုးအင်ပါယာသမီးတော်အတွက် လက်စားချေတာလည်းပါတာပေါ့...."

"ဒီကောင်လေးတစ်ယောက်တည်းနဲ့ တိုက်ပွဲအခြေအနေကို ပြောင်လဲပစ်လိုက်တာလား...."

အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲ သူ့နှာခေါင်းကို ထိလိုက်သည်။

"မင်း အဲ့လိုပြောလို့ရတယ်...."

မြင့်မြတ်အကြီးအကဲတွေအားလုံး နေရာတင်ပဲ တိတ်ဆိတ်ကုန်၏။

သူတို့က ရှေ့တန်းမှာပြင်းထန်စွာတိုက်ခိုက်နေရ၏။

သို့ပေမယ့် ဂျူနီယာတစ်ယောက်လုပ်ရပ်၏ နောက်ဆက်တွဲက ပိုလို့တောင် အကျိုးသက်ရောက်မှုကြီးနေခဲ့သည်။

ချင်းဝမ်ချွမ် ဆံထွေးထွေးလိုက်သည်။

"လူယုတ်မာကောင်..."

"အဓိကတိုက်ပွဲကစတော့မှာဆိုတော့ နတ်ဆိုးအင်ပါယာရှေ့တန်းကို မကြာခင်ရောက်လာတော့မယ်..."

"အဲ့ဒီအချိန်က ငါတို့နတ်ဆိုးမျိုးနွယ်ဆီခိုးဝင်ဖို့ အချိန်ပဲ...."

"အခုတော့ လူစုခွဲကြတာပေါ့...."

ယုယင်ချန်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားပြီး နဖူးရိုက်ကာ ပြောလိုက်သည်။

"အို ဟုတ်သားပဲ။ ငါ စောနက ဂျန်ဖန်းကို သတိပေးလိုက်သင့်တာ..."

ချင်ဝမ်ချွမ် စူးစမ်းသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။

ယုယင်ချန်း ရမ္မက်ဂိုဏ်းမြင့်မြတ်အကြီးအကဲကို ကြည့်ပြီးပြောလိုက်သည်။

"ရှေ့တန်းကို စီမံခန့်ခွဲဖို့ ဂိုဏ်းချုပ်အများအပြားရောက်နေပြီ..."

"အဲ့ထဲမှာ ရမ္မက်ဂိုဏ်းချုပ်လည်းပါတယ်...."

"ဂျန်ဖန်းသာ သူမနဲ့တွေ့ရင်....."

ဂျန်ဖန်း ထိုအကြောင်းတွေဘာမှမသိပေ။

ချွမ်းချွမ်းကို လိုက်ပို့ပြီးနောက် သူက ဧရာမဂိုဏ်းကို ဦးတည်လိုက်သည်။

"ငါက တိမ်စိမ်းဂိုဏ်းတပည့်ဂျန်ဖန်းပါ, ဒီမှာ ထိပ်တန်းအဆင့်တာဝန် လုပ်ဆောင်ဖို့လာခဲ့တာ..."

သူထွက်မလာခင် ဂိုဏ်းချုပ်ကို ထိပ်တန်းအဆင့်တာဝန်တစ်ခုပေးဖို့ တောင်းဆိုခဲ့၏။

ဂိုဏ်းချုပ်က အများအပြားထုတ်ပြခဲ့ပြီး သူက စိန်ခေါ်မှုအရှိဆုံးတစ်ခုကိုရွေးခဲ့၏။

ထိုအရာက ဖမ်းမိထားသည့်နတ်ဆိုးဘုရင်တစ်ယောက်ကို စစ်မေးဖို့ပင်။

ဤနတ်ဆိုးဘုရင်ကို ရှေ့တန်းမှအရှင်လတ်လတ်ဖမ်းမိခဲ့တာဖြစ်သည်။

၎င်းက သားရဲလှိုင်း၌ အဆင့်တန်းမြင့်ရာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ၎င်းမှတဆင့် သားရဲလှိုင်း၏နောက်ထပ်လှုပ်ရှားမှုတွေကို သိချင်နေတာဖြစ်သည်။

သူတို့က နတ်ဆိုးမျိုးနွယ်အတွက်ထောင်ချောက်ဆင်ထားဖို့ စီစဥ်ထားခဲ့သည်။

သို့ပေမယ့် နတ်ဆိုးဘုရင်က အလွန်ခေါင်းမာပြီး သေရင်တောင် ပြောဖို့ငြင်းဆန်နေခဲ့သည်။

မအောင်မြင်သည့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းက စစ်မေးခြင်းတာဝန်ကို ထိပ်တန်းတာဝန်အဖြစ်သတ်မှတ်ခဲ့၏။

လူများစွာ ထိုတာဝန်ကိုယူပြီး နည်းပေါင်းစုံဖြင့် စစ်မေးခဲ့ပေမယ့် အချည်းနှီးသာဖြစ်သည်။

သတင်းတွေအရ စိတ်ဝိညာဥ်သားရဲဂိုဏ်းအကြီးအကဲတောင် လာခဲ့သည်ဟုသိရ၏။

သို့ပေမယ့် စိတ်ဝိညာဥ်သားရဲတွေနှင့်ပတ်သက်ပြီး ကျွမ်းကျင်သည့် ထိုလူတောင် ထိုသားရဲပါးစပ်ဟအောင်မလုပ်နိုင်ခဲ့ပေ။

"နောက်တစ်ယောက် အချိန်ဖြုန်းနေတာပဲ...."

တာဝန်ခန်းမကြီးကြပ်သူ ထွားထွားကြိုင်းကြိုင်းလူတစ်ယောက် စိတ်မရှည်သည့်အမူအရာ ပြသလိုက်၏။

သားရဲဘုရင်စစ်မေးသည့်တာဝန်နှင့် တိမ်စိမ်းဂိုဏ်းမှတပည့်ဆိုတာ မြင်သည့်အခါ သူအမူအရာက စိတ်မရှည်ဖြစ်လာခဲ့သည်။

သူ၏ တိမ်စိမ်းဂိုဏ်းအပေါ်ထားသည့်မုန်းတီးမှုက သိသာလှ၏။

ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။

အစကတည်းက တိမ်စိမ်းဂိုဏ်းနှင့် ဧရာမဂိုဏ်းက ဆက်ဆံရေးမကောင်းပေ။

ရုတ်တရက် တိမ်စိမ်းဂိုဏ်းနယ်စပ်၌ ဧရာမဂိုဏ်းမဟာအကြီးအကဲတိုင်ပုပိုင် သေဆုံးမှုက အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။

သူက ပြဿနာကို မျှော်လင့်ထားပြီဖြစ်သည်။

သို့ပေမယ့် ပေါ်တင်ဖြစ်သည့်မုန်းတီးမှုအရ တိမ်စိမ်းဂိုဏ်းတပည့်တွေ ဧရာမဂိုဏ်း၌ ဘယ်လောက်အနှိမ်ခံရမလဲဆိုတာ ပြသနေခဲ့သည်။

ဂျန်ဖန်း ဘာမှမပြောပေ။ သူက တာဝန်ကျောက်စိမ်းလိပ်ကို စားပွဲပေါ် ရိုက်ချလိုက်သည်။

"ဒီတာဝန်ကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက တင်ပြထားတာ။ မင်းပူးပေါင်းဆောင်ရွက်မှာလား။ မဆောင်ရွက်ဘူးလား...."

ကြီးကြပ်ရေးမှူး မျက်လုံးမှေးကျဥ်းသွားပြီး လှောင်ပြောင်လိုက်သည်။

"ငါ့ကိုခြိမ်းခြောက်နေတာလား...."

"ဒါ ဘယ်နေရာလဲဆိုတာ မင်းသိလား...."

ဂျန်ဖန်း ပြန်မဖြေပေ။

သူက စာရွက်နှင့်စုတ်တံဆွဲယူပြီး စာတစ်စောင် စတင်ရေးလိုက်၏။

အကြောင်းအရာကိုမြင်သည့်အခါ ကြီးကြပ်ရေးမှူးမျက်လုံးတွေ တွန့်လိမ်သွား၏။

ထိုအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းဆီ တိုင်တန်းစာရေးနေတာပင်။

တိုင်တန်းစာအရ ဧရာမဂိုဏ်းက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတာဝန်တွေကို လျစ်လျူရှုပြီး နတ်ဆိုးဘုရင်ကို ကာကွယ်ပေးနေကာ ရည်ရွယ်ချက်မသိရဟူ၍ပင်။

"မင်းမရှက်ဘူလား။ ဒီလောက်ကိစ္စလေးကို တိုင်စာရေးရလား..."

ကြီးကြပ်ရေးမှူး ဒေါသထွက်သွား၏။

ဤအရာက ပြဿနာသေးသေးကို ပုံကြီးချဲ့နေတာဖြစ်သည်။

သူတို့အား မရှင်းလင်းသည့်ရည်ရွယ်ချက်ဖြင့် နတ်ဆိုးဘုရင်ကို ကာကွယ်နေသည်ဟု စွပ်စွဲနေခဲ့သည်။

ဤကဲ့သို့ ပြင်းထန်သည့်စွပ်စွဲချက်ကို မည်သူက ခံနိုင်မည်နည်း။

ဧရာမဂိုဏ်း နတ်ဆိုးမျိုးနွယ်နှင့်ပူးပေါင်းနေသည်ဟု ဘာကြောင့်တိုက်ရိုက်မပြောသနည်း။

ဂျန်ဖန်း ယုံကြည်မှုရှိရှိပြန်ပြောလိုက်သည်။

"မြင့်မြတ်ဂိုဏ်းချုပ်တောင် တိုင်စာရေးတာမရှက်ပဲနဲ့ ငါက ဘာလို့ရှက်ရမှာလဲ...."

ထိုစဥ်...

ပျာယာခတ်နေသည့်ဧရာမဂိုဏ်းအကြီးအကဲတစ်ယောက် အရိုအသေပေးပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယွင်, ကျွန်တော့်ရဲ့ကြိုဆိုမှုပျက်ကွက်တာကို ခွင့်လွတ်ပေးပါ..."

"ကျွန်တော်ဂိုဏ်းချုပ်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်...."

တာအိုဝတ်စုံနှင့်အကြီးအကဲတစ်ယောက် အင်မော်တယ်တစ်ယောက်ကဲ့သို့အရှိန်အဝါဖြင့် တာဝန်ခန်းမနားကို တည်ငြိမ်စွာချည်းကပ်လာခဲ့သည်။

သူက ပြန်လှည့်မကြည့်ပဲ ပြောလိုက်သည်။

"မလိုဘူး...."

"ငါ ဒီလာတာ တာဝန်မှတ်တမ်းစာအုပ်လာယူတာ...."

"ပြီးတာနဲ့ချက်ချင်းပြန်မှာ...."

ဂိုဏ်းအသီးသီး၏ ပြီးမြောက်သွားသည့်တာဝန်တွေကို လစဥ်စာရင်းပြုစုပြီး တပည့်တစ်ယောက်ချင်းစီ၏ အကျိုးပြုမှတ်တွေကို ထုတ်ပြန်လေ့ရှိ၏။

ယခုချိန်က တာဝန်တွေထုတ်ပြန်ချိန်မှစ၍ တစ်လပြည့်သည့်နေ့ဖြစ်သည်။

ယို့ယင်ကျီ အမိန့်အရ ဂိုဏ်း ၉ ဂိုဏ်းမှ တာဝန်တွေ လာသိမ်းဆည်းတာဖြစ်သည်။

သို့ပေမယ့် သူခန်းမထဲဝင်လိုက်ချိန်မှာပဲ....

တစ်စုံတစ်ယောက် တိုင်တန်းစာရေးနေတာကြားပြီး မျက်နှာတင်းမာသွား၏။

ဤအရာက အခုတလော အတော်လေးခေတ်စားနေခဲ့သည်။

မြင့်မြတ်ဂိုဏ်းချုပ် အနည်းငယ်မကျေမနပ်ခံစားရပြီး ဂျူနီယာတစ်ယောက်ကို တိုင်တန်းစာရေးခဲ့သည်။

ယခု ဂျူနီယာတစ်ယောက်က ဧရာမဂိုဏ်းကို အသေးအဖွဲ့ကိစ္စလေးနဲ့ တိုင်စာရေးနေပြန်ပြီဖြစ်သည်။

ဤအတိုင်းသာဆက်သွားနေလျှင် တိုင်စာရေးတာက ဟာသတစ်ခုဖြစ်သွားတော့မည်ပင်။

"မင်း ဘယ်ဂိုဏ်းကလဲ...."

ယို့ယွင်ကျီ ကျောပေးပြီးတိုင်စာရေးနေသည့် တပည့်ဆီလျှောက်လှမ်းလာခဲ့သည်။

ယနေ့ သူက သူ၏လက်ထောက်ခန်းမသခင်ဆိုသည့်အာဏာသုံးပြီး ဤတပည့်ကို သင်ခန်းစာပေးရမည်ဖြစ်သည်။

All Chapters