နတ်ဆိုးဘုရင်ကိုစစ်မေးခြင်း
Vol. 29 Ch. 388
ထိုအရာကိုမြင်သည့်အခါ တာဝန်ခန်းမကြီးကြပ်ရေးမှူး ထိတ်လန့်သွားပြီး အလျှင်အမြန်ပြေးသွားလိုက်သည်။
ထို့နောက် လက်ချင်းယှက်အရိုအသေပေးပြီး အကြီးအကဲနောက်၌ နာခံစွာရပ်နေလိုက်သည်။
သူက အသက်ပြင်းပြင်းတောင်မရှူရဲပေ။
မမျှော်လင့်စွာပဲ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမအကျိုးပြုမှတ်တွေကို လက်ထောက်ခန်းမသခင် ကိုယ်တိုင်လာရောက်တွက်ချက်နေခဲ့သည်။
ထိုအရာအရ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ ဤအကျိုးပြုမှတ်တွေကို ဘယ်လောက်အလေးအနက်ထားလည်း ပြသနေခဲ့သည်။
သို့ပေမယ့် သေချာတွေးကြည့်တော့ ဤအရာက ကျိုးကြောင်းဆီလျော်၏။
အကျိုးပြုမှတ်တစ်ခုစီက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရတနာအိမ်တော်၏ကြွယ်ဝမှုနှင့် လဲလှယ်ရတာဖြစ်သည်။
သူတို့ရေတွက်နေတာက အကျိုးပြုမှတ်တွေသာမကပဲ ခန်းမ၏ငွေတွေပဲဖြစ်သည်။
ဘယ်လိုလုပ် အလေးအနက်မထားပဲနေမည်နည်း။
ကြီးကြပ်ရေးမှူးကိုပိုရယ်စေချင်သွားတာက...
ဤလက်ထောက်ခန်းမသခင်က ဂျန်ဖန်းတိုင်တန်းစာရေးတာကို ကြားချင်နေပုံရပြီး အတော်လေးမကျေမနပ်ဖြစ်နေပုံရသည်။
အပြစ်တင်ဖို့ ရည်ရွယ်ထားသလိုပင်။
"ဟ, မင်းကိုယ်မင်းဘယ်သူထင်နေလဲ, တိုင်တန်းစာရေးချင်နေတယ်...."
ကြီးကြပ်ရေးမှူး စိတ်ထဲက လှောင်ပြောင်လိုက်၏။
သူက ဂျန်ဖန်းအဆူခံရမည့်မြင်ကွင်းကို မြင်ယောင်ပြီးနေပြီဖြစ်သည်။
ဂျန်ဖန်း တစ်စုံတစ်ယောက်ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွား၏။
ချက်ချင်းပဲ လက်ထဲမှစုတ်တံကိုချပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"တိမ်စိမ်းဂိုဏ်းဂျူနီယာဂျန်ဖန်း,လက်ထောက်ခန်းသခင်ယို့ကို နှုတ်ဆက်ပါတယ်...."
ဂျန်ဖန်း?...
အတော်လေးအံ့အားသင့်နေသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ဘာလို့မင်းလဲ..."
ဂျန်ဖန်း ပြုံးပြီးပြောလိုက်သည်။
"ဂျူနီယာ ဒီကို အဆင့် ၁တာဝန်လုပ်ဆောင်ဖို့လာခဲ့တာပါ...."
အဆင့် ၁?....
စိတ်ထဲ၌ ယို့ယွင်ကျီ သဘောကျသွားသည်။
ဘယ်လောက်ကြာသေးလို့နည်း။ ဂျန်ဖန်းက အဆင့် ၁ တာဝန်ကို လုပ်ဆောင်နိုင်နေပြီတဲ့လား။
သူ သဘောကျရသည့်လူငယ်ပါရမီရှင်လို့ မပြောရပေ။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ တပည့်ခေါ်ယူချိန်၌ ဘယ်လိုအကြောင်းကိစ္စပဲရှိရှိ ဤကဲ့သို့ထူးချွန်သည့်တပည့်ကို ရအောင်ခေါ်ယူရမည်ဖြစ်သည်။
"ဘာတာဝန်လဲ, ငါကြည့်ပါရစေ..."
စားပွဲပေါ်ရှိ ကျောက်စိမ်းစာလိပ်ကိုယူကြည့်လိုက်ရာ ယို့ယွင်ကျီ အံ့အားသင့်သည့်အမူအရာပြသလာ၏။
"နတ်ဆိုးဘုရင်စစ်မေးခြင်း? ဒီတာဝန်က မလွယ်ဘူး...."
"အနည်းဆုံး လူ၁၀ ယောက် ဒီတာဝန်ကိုယူပြီး ကျရှုံးခဲ့ကြတယ်..."
"မင်းဂရုစိုက်မှရမယ်။ ဒီတာဝန်ကျရှုံးသွားရင် မင်းရဲ့အကျိုးပြုမှတ်တွေကို သက်ရောက်မှုရှိလိမ့်မယ်...."
ကျရှုံးမှုကလည်း အဆင့်ကို အကျိုးသက်ရောက်စေသည်လား။
ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွား၏။
ယို့ယွင်ကျီ အံ့အားသင့်စွာပြောလိုက်သည်။
"အဆင့် ၁တာဝန် ယူတုန်းက ဘယ်သူမှမင်းကို သတိမပေးလိုက်ဘူးလား..."
"အချို့တပည့်တွေ ရမှတ်မြင့်တဲ့တာဝန်တွေယူပြီး သေချာမလုပ်မှာစိုးလို့ ကောင်းကင်ဘုံစက်ယန္ဒရားခန်းမက အစောတည်းက စည်းမျဥ်းတွေသတ်မှတ်ထားတယ်...."
"အဆင့် ၁ တာဝန်သာကျရှုံးရင် အဲ့ဒီတာဝန်ရမှတ်ရဲ့တစ်ဝက်အနှုတ်ခံရမယ်..."
ဂျန်ဖန်း စုပ်သပ်လိုက်၏။
အခြားနည်းဖြင့်ပြောရလျှင် လူတစ်ယောက်က တာဝန်ကျရှုံးလျှင် အကျိုးပြုမှတ်မရရုံသာမက ရမှတ်တစ်ဝက်ကိုပါကျရှုံးမည်ဖြစ်သည်။
သူ့ခွန်အားသန်မာလွန်း၍ လျိုဝူချန်းနှင့် အခြားသူတွေ အထင်မှားပြီးမကျရှုံးနိုင်ဘူးဟု ထင်သွားကြသည်လား။
ထို့ကြောင့် ဤကဲ့သို့အရေးကြီးကိစ္စကို အသိမပေးခဲ့တာဖြစ်နိုင်သည်။
မချိပြုံးပြုံးလိုက်ပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"သတိပေးလို့ ကျေးဇူးတင်ပါတယ်, လက်ထောက်ခန်းမသခင်ယို့...."
"ဒါပေမယ့်, ဒီတပည့် တာဝန်လက်ခံပြီးမှတော့ သဘာဝအတိုင်း ယုံကြည်မှုအချို့ရှိပါတယ်...."
ဤအရာကိုမြင်သည့်အခါ ယို့ယွင်ကျီ နောက်ထပ်ဖျောင်းဖျဖို့ မကြိုးစားတော့ပဲ အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်၏။
"ဒါဆိုလည်း သွားပါ...."
"ရမှတ်ဇယားမှာ မင်းနာမည်မြင်ရဖို့မျှော်လင့်နေမယ်..."
ဂျန်ဖန်း တွေဝေနေပြီးပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်ယို့ ခဏနေပါအုန်း။ ကျွန်တော်တိုင်စာပြီးအောင်ရေးလိုက်အုန်းမယ်။ ခင်ဗျားဒါကို ကောင်းကင်ဘုံစက်ယန္ဒယားခန်မဆီပြန်ယူသွားပေးပါ...."
ယို့ယွင်ကျီပါးစပ် တွန့်လိိမ်သွား၏။
သူမေ့လုနီးပါးပင်။ သူက တိုင်စာရေးသည့်ဂျန်ဖန်း၏မသင့်တော်သည့်အပြုအမူကို အပြစ်တင်ချင်၏။
သို့ပေမယ့် ထိုအရာက ဂျန်ဖန်းတိုင်စာဖြစ်မှတော့....
ရမ်းကားစွာပြုမူခြင်းဟု ပြောနိုင်အုန်းမည်လား။
ဤအရာက ဖြောင့်မတ်သည့်လုပ်ရပ်ဖြစ်ရာ အမှားထောက်ပြသည့်စံပြလုပ်ရပ်တစ်ခုဖြစ်၏။
"ငါဒီမှာရှိနေတာပဲ မင်းတိုင်စာရေးဖို့လိုသေးလို့လား...."
ယို့ယွင်ကျီ ဒေါသမထွက်ပဲ အာဏာထုတ်ပြလိုက်သည်။
"မင်းမှာဘာပြဿနာရှိလို့လဲ။ ငါချက်ချင်း ကိုင်တွယ်ပေးမယ်...."
အဆုံးမှာတော့ သူက လက်ထောက်ခန်းမသခင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်၏။
ခန်းမသခင်ကိုင်တွယ်ရမည့် ဂိုဏ်း ၉ ဂိုဏ်းကိုသက်ရောက်စေသည့်ကိစ္စတွေမှလွဲပြီး အခြားကိစ္စတွေအားလုံးကို သူကိုယ်တိုင်ကိုင်တွယ်လို့ရတာဖြစ်သည်။
ဂျန်ဖန်းမျက်လုံးတွေ တောက်ပသွား၏။
တိုင်စာတစ်ခုက တိုက်ရိုက်ပြောတာလောက် ဘယ်လိုလုပ်အကျိုးသက်ရောက်မှုရှိမည်နည်း။
ချက်ချင်းပဲ သူ့အခြေအနေကို ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက်ယို့ယွင်ကျီအမူအရာ ပြောင်းလဲသွားခဲ့သည်။
မူလက သူထင်ထားခဲ့တာ ထိုအရာက အသေးအဖွဲ့ကိစ္စဟုထင်ခဲ့၏။
နားလည်သွားသည့်နောက်၌ ဧရာမဂိုဏ်းကြီးကြပ်ရေးမှူးက အဆင့် ၁ တာဝန်လုပ်ဆောင်မည့်လူတစ်ယောက်ကို ဟန့်တားရဲတာ သိလိုက်ရ၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်ထုတ်ပြန်ထားသည့်တာဝန်တိုင်းက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြားတိုက်ပွဲနှင့် ဆက်စပ်မှုရှိ၏။
အထူးသဖြင့် အဆင့် ၁ တာဝန်တွေပင်။
၎င်းတို့က တိုက်ပွဲကွင်းပြင်နှင့်တောင် တိုက်ရိုက်ပတ်သက်မှုရှိ၏။
ဤအရာက အသေးအဖွဲ့ကိစ္စမဟုတ်ပေ။
နတ်ဆိုးဘုရင်စစ်မေးသည့်တာဝန်က ၁၀ကြိမ်ကျရှုံးခဲ့ပြီး တိုးတက်မှုမရှိခဲ့ပေ။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းသခင်တောင် စိုးရိမ်ပြီး တာဝန်အခြေအနေတွေကိုစုံစမ်းနေခဲ့သည်။
မည်သူမှပြီးမြောက်အောင်မလုပ်နိုင်ဘူးဆိုရင် တာဝန်ကိုပြန်ရုတ်သိမ်းပြီး ခန်းမကတစ်စုံတစ်ယောက်ကိုပဲ တိုက်ရိုက်စစ်ဆေးခိုင်းရမည်ဖြစ်သည်။
သို့ပမယ့် ယို့ယွင်ကျီမမျှော်လင့်ထားတာက ဤကဲ့သို့အရေးကြီးတာဝန်ကို...
ဧရာမဂိုဏ်းက ပြီးမြောက်အောင်လုပ်မည့်လူ တက်တက်ကြွကြွရှာဖွေရမည့်အစား အမှန်တကယ်ပဲ ဟန့်တားရဲ၏။
လုံးဝကိုပူးပေါင်းဆောင်ရွက်မှုမရှိပေ။
"မင်းဘယ်လိုတောင်လုပ်ရဲတာလဲ..."
ယို့ယွင်ကျီအကြည့် ထက်ရှလာပြီး တင်းမာစွာအော်ပြောလိုက်သည်။
ကြီးကြပ်ရေးမှူးကိုမပြောလိုသေးပေ ဘေးရှိအကြီးအကဲတောင် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့သည်။
သူက တစ်ဖက်လှည့်ပြီး ကြီးကြပ်ရေးမှူးကို မြေပြင်ပေါ်လဲကျသွားအောင် ကန်ချလိုက်၏။
"အဆင့် ၁ တာဝန်ကိုဟန့်တားရဲရအောင် မင်းကိုဘယ်သူသတ္တိပေးလိုက်တာလဲ...."
"သေချင်နေတာလား...."
ကြီးကြပ်ရေးမှူး ကြောက်လန့်တကြားပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်ယို့ကို လျှောက်... လျှောက်တင်ပါတယ်...."
"ဒါ...ဒါက ဂျင်ကျောင်းမင်ပါ။ သူက ဒီတာဝန်ဘယ်သူ့မှမပေးရဘူလို့ ကျွန်တော့်ကိုအမိန့်ပေးထားတာပါ...."
ဂျင်ကျောင်းမင်?...
ယို့ယွင်ကျီ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
ဤနာမည်ကို သူက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် ကြားဖူး၏။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်း ၉ဂိုဏ်းပါရမီရှင်တွေကြား၌ ရှချောင်ကောပြီးလျှင် ဒုတိယဖြစ်သောကြောင့်ပင်။
ဧရာမဂိုဏ်း၏ လက်ရှိတပည့်ကြီးလည်းဖြစ်သည်။
လက်ထောက်ခန်းမသခင်တွေထဲကတစ်ယောက် သူ့အား တပည့်အဖြစ်ခေါ်ယူမည်ဟု ကြေညာထား၏။
ဂျန်ဖန်းလည်း အံ့အားသင့်သည့်အမူအရာပြသလာ၏။
နာမည်ကြီးလျှင် အရိပ်ကြီး၏။
ဂိုဏ်း ၉ ဂိုဏ်း၌နေထိုင်တာဖြစ်၍ သူက ဘယ်လိုလုပ် ဂျင်ကျောင်းမင်ကို မကြားဖူးပဲနေမည်နည်း။
ဤကြီးကြပ်ရေးမှူး ပြဿနာရှာတာ မအံ့သြတော့ပေ။
ဂျင်ကျောင်းမင်အဆင့်အတန်းက ဧရာမဂိုဏ်းအကြီးအကဲအချို့ထက်မနိမ့်ပေ။
ကြီးကြပ်ရေးမှူးသူ့စကားတွေကို လုံးဝဆန့်ကျင်ရဲမည်မဟုတ်ပေ။
ယို့ယွင်ကျီ ဂျန်ဖန်းကိုကြည့်ပြီးမေးလိုက်သည်။
"မင်း ဒီတာဝန်ကို ဆက်ယူချင်သေးလား...."
သူ့အသံက အရင်လောက် မပြင်းထန်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ဂျန်ဖန်းအခြေအနေကို စဥ်းစားပေးဖို့လိုအပ်၏။
သူသာ သူ၏လက်ထောက်ခန်းမသခင်ဆိုသည့်အဆင့်အတန်းကိုအသုံးပြုပြီး အတင်းအကြပ်လုပ်ဆောင်ခိုင်းလျှင် သဘာဝအတိုင်းဘာပြဿနာမှရှိမည်မဟုတ်ပေ။
ဂျင်ကျောင်းမင်နောက်ရှိ လက်ထောက်ခန်းမသခင်တောင် ဘာမှပြောလို့ရမည်မဟုတ်ပေ။
ပြဿနာက သူဤနေရာကထွက်သွားလျှင်...
ဂျန်ဖန်း ဂျင်ကျောင်းမင်ကို ရန်စမိခြင်းနှင့်အဆုံးသတ်သွားမည်ဖြစ်သည်။
သားရဲလှိုင်းမပြီးခင် ဂျန်ဖန်း ဧရာမဂိုဏ်းနယ်မြေထဲမှာနေရဖို့များ၏။
အကယ်၍ ဂျင်ကျောင်းမင်သာ လက်စားချေဖို့ကြိုးစားလာလျှင်....
သို့ပေမယ့် ယို့ယွင်ကျီမျှော်လင့်မထားတာက ဂျန်ဖန်းတုံ့ပြန်မှုပင်။
"ဘာလို့ လက်ထောက်ခန်းမသခင်က ဒီလိုစကားမျိုးပြောရတာလဲ...."
သူ စိတ်ရှုပ်သွား၏။
ယို့ယွင်ကျီလည်း ဂျင်ကျောင်းမင်းကို ကြောက်သည်လား။
ယို့ယွင်ကျီ ကြင်နာစွာသတိပေးလိုက်သည်။
"ငါသိသလောက်ဆိုရင် ဂျင်ကျောင်းမင်က စိတ်ဓာတ်သေးသိမ်တယ်...."
ဒီတော့ သူအနိုင်ကျင့်ခံရမှာကို ကြောက်နေတာပင်။
ဂျန်ဖန်း ပြုံးပြီး ပြောလိုက်သည်။
"ဧရာမဂိုဏ်းရဲ့ ဘယ်တစ်ယောက်က စိတ်ဓာတ်မသေးသိမ်လို့လဲ။ ကျွန်တော်သူတို့ဂိုဏ်းချုပ်ကိုတောင် ရန်စဖူးတယ်..."
"တပည့်ကြီးတစ်ယောက်ပါပဲ။ ကိစ္စမရှိပါဘူး...."
အာ?....
ယို့ယွင်ကျီ လျှာလိပ်သွား၏။
မဟုတ်သေးဘူး, မင်းက ဂျူနီယာတပည့်တစ်ယောက်လေးပဲလေ....
ဘယ်လိုလုပ် ဧရာမဂိုဏ်းချုပ်ကို ရန်စနိုင်ခဲ့တာလဲ....
သို့ပေမယ့် သူ၏ဂျန်ဖန်းအပေါ်အထင်ကြီးမှုက ပိုကြီးမားလာခဲ့သည်။
သိုင်းပညာရှင်တစ်ယောက်အနေဖြင့် တိုက်ခိုက်လို့သည့်စိတ်မရှိပဲနှင့် ရှေ့တိုးနိုင်မည်မဟုတ်ပေ။
"မင်းဒီလိုပြောမှတော့ ဒီလက်ထောက်ခန်းမသခင် မင်းကိုကူညီပေးမယ်..."
"အဲ့ဒီနတ်ဆိုးဘုရင်ရဲ့ပါးစပ် ဘယ်လောက်လုံလဲဆိုတာ ငါလည်းမြင်ချင်သေးတယ်..."
ယို့ယွင်ကျီ အနည်းငယ်ခေါင်းညိတ်လိုက်သည်။
ထို့နောက် မြေပြင်ပေါ်ဒူးထောက်နေသည့် ကြီးကြပ်ရေးမှူးကို အေးစက်စွာကြည့်လိုက်သည်။
"လမ်းမပြသေးပဲဘာလုပ်နေတာလဲ...."
ကြီးကြပ်ရေးမှူး ထိတ်လန့်သွားပြီး ထပ်ခါထပ်ခါပြောလိုက်သည်။
"ဟုတ်ကဲ့, ဟုတ်ကဲ့, ဟုတ်ကဲ့...."
သူက အလျှင်အမြန်ပဲ ယို့ယွင်ကျီနှင့် ဂျန်ဖန်းကို ဧရာမဂိုဏ်းအကျဥ်းထောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အကြီးအကဲ တစ်ခုခုမှားနေတာခံစားမိပြီး အလျှင်အမြန်ပဲ ဂိုဏ်းသခင်ခန်းမကို ဦးတည်လိုက်သည်။
ဤအခိုက်အတန့်၌ ဂိုဏ်းချုပ်ကုန်းယွမ်ဘ...
ပြုံးနေပြီး ဂိုဏ်းချုပ်ထိုင်ခုံမှာထိုင်နေသည့် အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ကို ဧည့်ခံနေခဲ့သည်။
သူမဆံပင်တွေကအဖြူရောင်ဖြစ်ပေမယ့် အသာအရည်က နှင်းဆီရောင်သန်းနေကာ အသက်သုံးဆယ်အရွယ်ကဲ့သို့ပင်။
နက်ရှိုင်းသည့်မျက်လုံးတစ်စုံက ဉာဏ်ပညာတွေနှင့် ပြည့်နှက်နေခဲ့သည်။
"လက်ထောက်ခန်းမသခင်ဂု, မင်းရဲ့အသိပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ နတ်ဆိုးဘုရင်မှာ ဒီလောက်အရေးကြီးလျို့ဝှက်ချက်ရှိနေမှန်း ကျွန်တော်တို့မသိခဲ့ဘူး...."
"ဒီအခွင့်အရေးက အခြားလူလက်ထဲရောက်တော့မလို့..."
ကုန်းယွမ်လက်ချင်းယှက်ပြောလိုက်ပြီး အလွန်းအမင်းကျေးဇူးတင်နေခဲ့သည်။
သူ့ရှေ့ရှိအမျိုးသမီးက ဂုဟွာရှီဖြစ်ပြီး ကောင်းကင်ဘုံစက်ယန္ဒယားခန်းလက်ထောက်ခန်းမသခင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်၏။
သူမက ဂျင်ကျောင်းမင်းကို တပည့်အဖြစ်ခေါ်ယူဖို့ ကြေညာခဲ့သည့် လက်ထောက်ခန်းမသခင်လည်းဖြစ်သည်။
ဤတစ်ချိန် သူမက ဧရာမဂိုဏ်းကို နတ်ဆိုးဘုရင်စစ်မေးသည့်တာဝန်က အကျိုးပြုမှတ်များစွာရမည်ဖြစ်ကြောင်း အထူးသတိလာပေးတာဖြစ်သည်။
ဂျင်ကျောင်းမင်သာ ထိုအရာကိုရရှိလိုက်လျှင်...
ကောင်းကင်ဘုံစက်ယန္ဒယားခန်းက အကြီးအကျယ်ဆုချမှာ အသေအချာပဲဖြစ်သည်။
ဂုဟွာရှီ အနည်းငယ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ခုလိုပြောတာက ငါစည်းကမ်းဖောက်ရာရောက်နေပြီ..."
"ဒီစကားသာအပြင်ပျံ့သွားရင် ငါစစ်မေးခံလိမ့်မယ်..."
ကုန်းယွမ်ဘနားလည်စွာဖြင့် ပြောလိုက်သည်။
"စိတ်ချလက်ချနေပါ လက်ထောက်ခန်းမသခင်ဂု။ အကြီးအကဲ ဧရာမဂိုဏ်းကိုလာတာ ကျွန်တော်တို့မသိပါဘူး...."
သူ၏နားလည်မှုကိုမြင်သည့်အခါ ဂုဟွာရှီ အနည်းငယ် သက်သာယာရသွားပြီး ပြောလိုက်သည်။
"ဂျင်ကျောင်းမင်ကို ဂိုဏ်းဆီတတ်နိုင်သလောက်မြန်မြန်ပြန်လာခိုင်းပြီး အဲ့ဒီသားရဲကို ကိုင်တွယ်ခိုင်းလိုက်...."
"ဒါ ငါသူ့ကိုကူညီနိင်တာ အကုန်ပဲ..."
"နှုတ်ဆက်ပါတယ်...."
သို့ပေမယ့် ထိုအခိုက်အတန့်မှာပဲ...
အကြီးအကဲ အလျှင်အမြန် သတင်းပို့လာသည်။
"ဂိုဏ်းချုပ်, တိမ်စိမ်းဂိုဏ်းကတပည့်တစ်ယောက် နတ်ဆိုးဘုရင်ကို စစ်မေးဖို့သွားနေပါတယ်...."
ကုန်ယွမ်ဘမျက်မှောင်ကြုတ်လိုက်သည်။
"ဒါကို ဘယ်သူခွင့်ပြုလိုက်တာလဲ...."
"သူပြန်မရောက်မချင်း ဒီတာဝန် ဘယ်သူ့မှမပေးရဘူးလို့ ဂျင်ကျောင်းမင် တာဝန်ခန်းမကို အကြောင်းကြားထားတယ်မဟုတ်ဘူးလား..."
"ဒါ့ပြင်, တိမ်စိမ်းဂိုဏ်းကတပည့်တစ်ယောက်?..."
သူ့မျက်လုံးထဲ၌ ဒေါသအလင်းရောင်တွေတောက်ပလာခဲ့သည်။