← Chapters

ချစ်စရာကောင်လေး

Vol. 29 Ch. 389

ချစ်စရာကောင်လေး

Vol. 29 Ch. 389

အခြားဂိုဏ်းတပည့်တွေကိုတောင် ဤတာဝန်လုပ်မာခွင့်မပြုတာ တိမ်စိမ်းဂိုဏ်းဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

ဂိုဏ်း ၂ ဂိုဏ်းက အမြဲမတည့်ကြပေ။

ထို့ပြင် မကြာသေးခင်က တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက် ဧရာမဂိုဏ်းတပည့်ကုန်းဝူရွမ်းကို ခန္ဓာကိုယ်နည်းစနစ်ဖြင့်အနိုင်ယူခဲ့ရာ ဧရာမဂိုဏ်းကို အရှက်ရစေခဲ့၏။

ထို့နောက် မဟာအကြီးအကဲ ဂိုဏ်း ၂ ဂိုဏ်း နယ်စပ်မှာ သေဆုံးခဲ့ရ၏။

သက်သေအတိအကျမရှိသော်လည်း တိမ်စိမ်းဂိုဏ်းလက်ချက်ဆိုတာ သံသယရှိစရာမလိုပေ။

ဂိုဏ်း ၂ ဂိုဏ်းကြားရန်ငြိုးက အချိန်အတော်ကြာကတည်းက ဖြစ်တည်နေခဲ့ပြီဖြစ်သည်။

ယခု တိမ်စိမ်းဂိုဏ်းတပည့် ဤတာဝန်လုပ်ဆောင်တာကို ခွင့်ပြုပေးလိုက်သည်။

တရားလွန်လွန်း၏။

တာဝန်ခန်းမကြီးကြပ်ရေးမှူး စိတ်လွတ်သွားတာပဲဖြစ်ရမည်ပင်။

အကြီးအကဲအလျှင်အမြန်ပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကိုတင်ပြပါတယ်။ အဲ့ဒီတိမ်စိမ်းဂိုဏ်းကတပည့်မှာ ကောင်းကင်ဘုံစက်ယန္ဒယား လက်ထောက်ခန်းမသခင် နောက်ခံရှိပါတဘယ်...."

"ကျွန်တော်တို့ ဘယ်လိုလုပ်တားရဲမှာလဲ...."

ဟမ်?...

ကုန်းယွမ်ဘအမူအရာအနည်းငယ်ပြောင်းလဲသွားပြီး မနေနိုင်ပဲ ဂုဟွာရှီကို ကြည့်လိုက်သည်။

ဂုဟွာရှီလည်း ပဟေဠိဖြစ်သည့်အမူအရာပြသလာ၏။

"လက်ထောက်ခန်းမသခင်တစ်ယောက်ယောက် တိမ်စိမ်းဂိုဏ်းနဲ့ဆက်ဆံရေးကောင်းရှိတယ်လို့ ငါတစ်ခါမှမကြားမိပါဘူး..."

ဂုဟွာရှီ နဂါးတောင်ဝှေးအကူအညီဖြင့် ထရပ်ပြီး ပြောလိုက်သည်။

"ဘယ်လက်ထောက်ခန်းမသခင်လဲ..."

အကြီအကဲ သတိထားပြီး ပြန်ပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယို့ယွင်ကျီပါ..."

ဂုဟွာရှီ ပိုလို့တောင် စိတ်ရှုပ်သွား၏။

"ဘာလို့သူဖြစ်နေရတာလဲ...."

"နောက်ဆုံးအကြိမ် သူ တိမ်စိမ်းဂိုဏ်းဆီ သားရဲလှိုင်းသတင်းသွားပေးပြီးသွားကတည်းက သူတို့အကြောင်း နောက်တစ်ကြိမ်မပြောတော့ဘူး..."

"တိမ်စိမ်းဂိုဏ်းသူ့ကိုရန်စလိုက်သလိုပဲ...."

"ဘာလို့ ရုတ်တရက်ကြီး တိမ်စိမ်းဂိုဏ်းတပည့်ကို ကူညီနေရတာလဲ..."

ယို့ယွင်ကျီ တိမ်စိမ်းဂိုဏ်းက တစ်ခုခုရှာတွေ့ခဲ့သည်ဟု သူမမသိစိတ်ကပြောနေခဲ့သည်။

ထို့ကြောင့် သူက လျို့ဝှက်ချက်ကိုသိမ်းထားပြီး တိမ်စိမ်းဂိုဏ်းအကြောင်း တစ်ခွန်းမှမဟတာဖြစ်သည်။

ဤအရာက သူမသိချင်စိတ်ကို နိုးဆွပေးနေခဲ့သည်။

တစ်ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။

"ငါတို့က နှစ်အတော်ကြာခင်လာတဲ့ မိတ်ဆွေဟောင်းတွေပဲ။ ကြုံကြိုက်မှတော့ သွားနှုတ်ဆက်တာပေါ့...."

"သွားမယ်, ငါ့ကိုလမ်းပြ...."

ကုန်ယွမ်ဘ သက်သာယာရစွာသက်ပြင်းချလိုက်သည်။

ဂျန်ဖန်း၌ ယို့ယွင်ကျီနောက်ခံရှိလျှင် သူ့အနေနဲ့ မဟန့်တားရဲပေ။

ယခု ဂုဟွာရှီပါဝင်လာ၍ ကိစ္စတွေက အများကြီးပိုလွတ်ကူသွားပြီဖြစ်သည်။

ဧရာမဂိုဏ်းမြေအောက်အကျဥ်းတိုက်....

ထိုနေရာက မူလက ကြီးလေးတဲ့ ရာဇဝတ်သားတွေကို ဖမ်းချုပ်ထားရာနေရာဖြစ်သည်။

ယနေ့မှာတော့ ဗလာဖြစ်နေပြီး သားရဲဘုရင်ကိုထိန်းသိမ်းထားသည့် အထူးနေရာတစ်ခုဖြစ်လာခဲ့သည်။

ကံကောင်းစွာနှင့် ဧရာမဂိုဏ်းကလူတွေအားလုံး ထွားကြိုင်းကြရာ အကျဥ်းထောင်ကို ပုံမှန်ထက်ပိုကြီးကြီးဆောက်ထားကြ၏။

မဟုတ်လျှင် သက်ရှိသားရဲဘုရင်တစ်ကောင်ကိုထည့်ထားဖို့က တကယ်ပဲ မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင်တောင်....

ဂျန်ဖန်း သားရဲဘုရင်ကိုမြင်သည့်အခါ ၎င်းဘယ်လောက်သနားစရာကောင်းလဲဆိုတာ ခံစားမိနိုင်၏။

မီးခိုးရောင်အမွေးအမျှင်တွေနှင့် နတ်ဆိုးဝံပုလွေတစ်ကောင် ထူထည်းသည့်အနက်ရောင်ချိန်းကြိုး တစ်ဒါဇင်ကျော်ဖြင့် တင်းတင်းကြပ်ကြပ်ချည်နှောင်ခံထားရသည်။

၎င်းက ၁၀ ဇန်လောက်မြင့်မားပြီး ခြေလက်တွေကကွေးနေကာ မြေပြင်ပေါ်ဒူးထောက်လုနီးပါးပင်။

၎င်း၏ဦးခေါင်းက အကျဥ်းထောင်ထိပ်ဖျားကိုထိနေပြီဖြစ်ရာ ဤပုံစံက ဝပ်လည်းဝပ်မရ မတ်တပ်လည်းရပ်မရနှင့် အတော်လေးသနားစရာကောင်း၏။

စကားပြောသံတွေကြားသည့်အခါ ၎င်းနားတွေလှုပ်ရှားသွားပြီး ငိုင်မျဥ်းနေသည့်မျက်လုံးတွေ ချက်ချင်းပွင့်လာကာ ကြမ်းကြုတ်သည့်အလင်းတန်းနှစ်ခု ထုတ်လွတ်လိုက်၏။

ထို့နောက် ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

ဂျန်ဖန်း အံ့အားသင့်သွား၏။

"စစ်မေးတာတွေအားလုံးပြီးတဲ့နောက်မှာတောင် ဒီလောက်ကြမ်းကြုတ်နေသေးတယ်လား...."

"သူ့အရိုးတွေက တကယ်မာတာပဲ...."

"လူအများကြီးကျရှုံးခဲ့တာ မအံ့သြတော့ပါဘူး..."

ယို့ယွင်ကျီ လက်နှောက်ပစ်ထားပြီး ပဟေဠိဖြစ်သွား၏။

"ဘယ်လောက်ကြမ်းကြုတ်တဲနတ်ဆိုးသားရဲဖြစ်ပါစေ,အသွေးအသားနဲ့လုပ်ထားတာပါ..."

"အရင်ကဖမ်းမိတဲ့နတ်ဆိုးသားရဲတွေ ဘယ်တုန်းကမှ ဒီကောင်လောက် ခေါင်းမမာဘူး...."

"တစ်ခါလောက်နှိပ်စက်လိုက်တာနဲ့ အားလုံး နာခံသွားကြတာ...."

"ဒီကောင်ကြမှ ဘာလို့ ဒီလောက်ထိတင်းခံနေရတာလဲမသိဘူး...."

သူက တစ်ခဏရပ်လိုက်၏။

ထို့နောက် ဂျန်ဖန်းကိုကြည့်ပြီး စိုးရိမ်စွာပြောလိုက်သည်.

"ဒီသားရဲရဲ့ပါးစပ်ကိုဟအောင်လုပ်ဖို့က မလွယ်ဘူး...."

ဂျန်ဖန်း အရင်လူတွေကဲ့သို့အဆုံးသတ်သွားမှာ သူကြောက်မိ၏။

ထိုအခါ အကျိုးပြုမှတ်တွေ ဆုံးရှုံးရမည်ဖြစ်သည်။

ဂျန်ဖန်း မေးစေ့ပွတ်ပြီး ပြောလိုက်သည်။

"ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်...."

သူက အင်္ကျီလက်ကို ခပ်ဖွဖွမလိုက်သည်။

အထဲ၌ပုန်းအောင်းနေသည့်အနက်ရောင်မှန် တိတ်တဆိတ် နတ်ဆိုးသားရဲအပေါ် တောက်ပသွား၏။

ထို့နောက်...

မရှင်းလင်းသည့်ရေရွတ်သံတွေ ဂျန်ဖန်းစိတ်ထဲဝင်ရောက်လာခဲ့သည်။

ထိုအရာက နတ်ဆိုးဘာသာစကားပင်။

အာ...

စစ်ဆေးရမှာက နတ်ဆိုးသားရဲတစ်ကောင်ဆိုတာ မေ့တော့မလို့...

သူက နတ်ဆိုးဘာသာစကားကျွမ်းကျင်သည့် အကူအညီတစ်ခုလိုအပ်၏။

သို့ပေမယ့် ထိုအရာကလည်း ဂျန်ဖန်းအတွက် ပြဿနာမရှိပေ။

သူက သူ့လက်မောင်ထဲဟောက်အိပ်နေသည့် ချီလင်းလေးကို ပုတ်လိုက်သည်။

"အလုပ်လုပ်ဖို့အချိန်ရောက်ပြီ...."

အကြောင်းပြချက်အချို့ကြောင့်...

ချီလင်းလေး ပိုပိုပြီး အပျင်းကြီးလာခဲ့သည်။

၎င်းက ပုံမှန်ဆို စိတ်ဝိညာဥ်ဆေးလုံးတွေ အဆက်မပြတ်တောင်းနေပေမယ့် ယခုတော့ တစ်ချိန်လုံးအိပ်နေပြီး စိတ်ဝိညာဥ်ဆေးလုံးအကြောင်းတောင် မမေးတော့ပေ။

ထိုကောင်ဖျားနေသည်လား?

"ဝါး..."

ချီလင်းလေး အကြောချင်ဆန့်သန်းဝေလိုက်ပြီး ၎င်း၏သန်းဝေသံက ဂျန်ဖန်းစိတ်ထဲပဲ့တင်ထပ်လာခဲ့သည်။

ရုတ်တရက်....

၎င်းက ညည်းတွားလိုက်၏။

"သခင်, ဘာလို့တစ်စုံတစ်ယောက်က ငါတို့ကိုကျိန်ဆဲနေတာလဲ...."

"သခင်က သစ်ကိုင်ခြောက်လိုပိန်ခြောက်နေပြီး သူသွားကြားထိုးလို့တောင်မရဘူးတဲ့..."

"ပြီးတော့ သူ့ဆီလာပြီးတောင် စစ်မေးရဲသေးတယ်တဲ့...."

ဂျန်ဖန်းမျက်နှာမဲမှောင်သွားပြီး စိတ်ထဲကတဆင့်ပြန်ပြောလိုက်၏။

"အဲ့ဒီအရိုင်းအစိုင်းကောင်ကို အာရုံစိုက်မနေနဲ့...."

"ခုကစပြီး သူဘာပြောလဲသေချာနားထောင်..."

"ပြီးရင်ငါ့အတွက် ဘာသာပြန်ပေး..."

"အခြားကိစ္စတွေတော့ မေ့ထားလိုက်...."

နတ်ဆိုးဝံပုလွေ၏အတွေးတွေကို ဂျန်ဖန်းကြားနိုင်သလို ချီလင်းလေးလည်းကြားနိုင်၏။

ချီလင်းလေး၏ဘာသာပြန်ပေးမှုနှင့် နတ်ဆိုးဝံပုလွေစကားတွေကို နားမလည်မှာမကြောက်ရတော့ပေ။

"ဟုတ်ကဲ့, ဟုတ်ကဲ့, သူနောက်တစ်ကြိမ် ဆဲနေပြန်ပြီ...."

"အို, သူက တော်တာ်ဆိုးဆိုးကို ကျိန်ဆဲနေတာ။ ကျွန်တော့်နားတွေ ညစ်ညမ်းကုန်ပြီ...."

ဂျန်ဖန်းမျက်နှာ ပိုလို့တောင်မှုန်ကုတ်လာ၏။

သေချင်းစိုးသတ္တဝါက မစစ်မေးရသေးတာကို ကျိန်ဆဲနေသည်လား။

အတော်ရိုင်းစိုင်းသည့်ကောင်ပင်။

"ဂျန်ဖန်း မင်းဘယ်လိုစစ်မေးဖို့ပြင်ထားလဲ...."

ဂျန်ဖန်းယုံကြည်မှုရှိနေတာမြင်တော့ ယို့ယွင်ကျီ စူးစမ်းချင်လာ၏။

ဂျန်ဖန်း၌ နတ်ဆိုးဝံပုလွေအညံ့ခံလာစေမည့် ထူးခြားသည့်နည်းလမ်း တကယ်ပဲရှိသည်လား။

ဂျန်ဖန်း ပြန်မပြောပေ။

သူက ဝံပုလွေသားရဲနားကပ်သွားပြီး ၎င်းခြေလက်တွေ ပြန်မတိုက်နိုင်တာသေချာအောင်စစ်ဆေးပြီးနောက် ဘာမပြောညာမပြောပါးစပ်ဖြတ်ရိုက်လိုက်သည်။

အာ...

ယို့ယွင်ကျီ ကြောင်သွား၏။

ပါးစပ်ဖြတ်ရိုက်တယ်?...

ဘယ်လိုတည့်တိုးဆန်သည့် စစ်မေးမှုကြီးနည်း။

သို့ပေမယ့် ထိုအရာက ဘယ်လိုလုပ် နတ်ဆိုးဝံပုလွေကို ထိခိုက်စေနိုင်မည်နည်း။

နတ်ဆိုးဝံပုလွေကိုယ်ပေါ်၌ ဒဏ်ရာများစွာဖြင့်ဖုံးလွမ်းနေခဲ့သည်။

၎င်း၏ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်နယ်ပယ်နှင့် ကိုယ်ပေါ်ရှိအမာရွတ်များစွာက အတော်လေးနှိပ်စက်ခံထားရတာကို ပြသနေ၏။

သာမန်ရိုက်ချက်လေးတစ်ခုက ဘာထူးမည်နည်း။

နတ်ဆိုးဝံပုလွေတစ်ခဏကြောင်သွား၏။ ထို့နောက် ၎င်းမျက်လုံးထဲမှ လှောင်ပြောင်သည့်အပြုံးတစ်ခုထုတ်ပြပြီး စတင်ငြီးတွားလိုက်၏။

တစ်ချိန်တည်းမှာပဲ ချီလင်းလေး ဂျန်ဖန်းအတွက်ဘာသာပြန်ပေးနေခဲ့သည်။

"သစ်ကိုင်ခြောက်ကောင်, မင်းငါ့ကိုလာကလိထိုးနေတာလား...."

"ဘာလို့မိန်းမကြီးလိုပြုမူနေတာလဲ။ အရင်လူတွေထက်အများကြီးအားနည်းတယ်..."

ဂျန်ဖန်း ညင်သာစွာရယ်လိုက်၏။

စကားတစ်ခွန်းမှမပြောပဲ နောက်တစ်ကြိမ်လက်ဝါးမြောက်လိုက်သည်။

သို့ပေမယ့် ဤတစ်ချိန်၌ သူ့လက်ဝါး၌ ရောင်စုံအလင်းတန်းနှင့် ခရမ်းရောင်တွေတောက်ပနေခဲ့ပြီး သာမန်ရိုက်ချက်ထက် အများကြီးသာ၏။

ချက်ချင်းဆိုသလိုပဲ...

နတ်ဆိုးဝံပုလွေ တစ်ခုခုကိုခံစားမိကာ နားကွဲမတတ်ဆွဲဆွဲငင်ငင်အော်ဟစ်လိုက်၏။

"ဟစ်, နာတယ်, နာတယ်။ မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ..."

အရိုက်ခံရသည့်သူ့ပါးစပ်နေရာ၌ ချက်ချင်းရောင်ကိုင်းလာပြီး ညိုမဲသွားခဲ့သည်။

၎င်းက အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် သားရဲဘုရင်ဖြစ်လျှင်တောင်...

၇ရောင်ခြယ်အဆိပ်ဖားနှင့် အဆိပ်နဂါးရိုးတွင်းချင်ဆီ၏အဆိပ်ကို ခံနိုင်မည်မဟုတ်ပေ။

ထို့နောက်...

ဂျန်ဖန်း ၎င်းဒဏ်ရာတွေကို နောက်ထပ်အနည်းငယ်ထပ်ရိုက်လိုက်၏။

ရိုက်ခံရသည့်နေရာတစ်ခုချင်းဆီ ပုပ်သိုးဆွေးမြေ့လာခဲ့သည်။

နာကျင်မှုကြောင့် နတ်ဆိုးဝံပုလွေ သနားစရာကောင်းစွာ ညည်းညူနေရ၏။

အနည်းငယ်ရိုက်ပြီးနောက် နတ်ဆိုးဝံပုလွေ ဂျန်ဖန်းကိုကြည့်သည့်အကြည့် လုံးဝပြောင်းလဲသွားခဲ့သည်။

၎င်းက နောက်ထပ် အကျယ်ကြီးမဆဲရဲတော့ပေ။

မတတ်သာသည့်အဆုံး စိတ်ထဲကပဲ ကျိန်ဆဲလိုက်၏။

"ဒီအယုတ်တမာလေးက ဘယ်ကရောက်လာတာလဲ။ ဘယ်လိုလုပ် ၇ရောင်ခြယ်အဆိပ်ဖားရဲ့အဆိပ်ကိုပိုင်ဆိုင်နေရာတာလဲ။ မယုံနိုင်စရာပဲ..."

အတွေးတွေပေါ်လာသည်နှင့် ချီလင်းလေး ချက်ချင်း ဘာသာပြန်ပေးလိုက်သည်။

"သခင်, သူက မင်းကို အယုတ်တမာလေးလို့ ခေါ်နေတယ်...."

ဂျန်ဖန်း နောက်တစ်ကြိမ်လက်မြောက်ပြီး ရိုက်ချလိုက်သည်။

အူး...

နတ်ဆိုးဝံပုလွေ နာကျင်လွန်း၍ တုန်တက်သွားပြီး အော်ဟစ်နေခဲ့သည်။

"သခင်, သူကပြောတယ်, သူမင်းကိုမဆဲပဲနဲ့ ဘာလို့ရိုက်တာလဲတဲ့...."

ဂျန်ဖန်း လက်နှောက်ပစ်ထားပြီး ထူးမခြားနားစွာပြောလိုက်သည်။

"မင်းစိတ်ထဲမှာဆဲနေတာလည်း အကျုံးဝင်တယ်...."

နတ်ဆိုးဝံပုလွေမျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွား၏။

"မင်းက ငါ့စိတ်ကိုဖတ်နိုင်တာလား..."

"မင်းကောင်..."

ဂျန်ဖန်းနောက်တစ်ကြိမ်လက်မြောက်လာတာမြင်တော့...

၎င်း အလျှင်အမြန်ပဲ ပလုံးပထွေးအသံဖြင့် ပြောလိုက်သည်။

"မရိုက်နဲ့, မရိုက်နဲ့..."

"ငါမင်းကို ချစ်စရာကောင်လေးလို့ ခေါ်မလို့ပါ...."

All Chapters