သေလမ်းမှ ပြန်လည်လွတ်မြောက်ခြင်း
Vol. 49 Ch. 562
“...”
ယွမ်မြို့သို့ ပျံသန်းနေသော ပျံသန်းစံအိမ် အတွင်းတွင် အလွန် တိတ်ဆိတ်နေသည်။ အနက်ရောင် သူတော်စင်များ အားလုံးသည် ကျန်းပေရန်က အဆိပ်သင့်နေသော သူတော်စင် တစ်ဦးကို ကုသပေးနေသည်ကို စူးစိုက်ကြည့်နေကြသည်။
“အဟွတ်”
ကျန်းပေရန်၏ ကျွမ်းကျင်သော ကုသမှုကြောင့် ထိုသူတော်စင်သည် သတိရလာသည်။ အရင်လူများ လိုပင် မည်းနက်သော သွေးခဲများ အန်ထုတ်လိုက်ပြီး ပုပ်သိုးနေသော အသားစိုင်များ ပါဝင်နေသည်။ အဆိပ်သင့်မှု မည်မျှ ပြင်းထန်သည်ကို ဖော်ပြနေသည်။
“ပျံသန်းစံအိမ်ပေါ်မှာ အစီအရင် အစွမ်းက အပြည့်အဝ မထိရောက်ဘူး ပြန်ရောက်မှ နောက်တစ်ခါ ထပ်ကုပေးမယ်”
ကျန်းပေရန် အသက်ရှူလိုက်ပြီး ဘေးနားသို့ ကြည့်ကာ ပြောလိုက်သည်
“နောက်တစ်ယောက် လာခဲ့ပါ”
မကြာမီ သတိမေ့မြောနေသော သူတော်စင် တစ်ဦးကို ကျန်းပေရန် ရှေ့သို့ သယ်ဆောင်လာကြသည်။ ကျန်းပေရန် သွေးခုန်နှုန်း စမ်းသပ်ကြည့်ပြီးနောက် ပြောလိုက်သည်
“အနက်ရောင်သခင်ကြီး ၁၈ ယောက် လိုတယ်”
ကျန်းပေရန်၏ တောင်းဆိုချက်အရ အနက်ရောင်သခင်ကြီး ၁၈ ဦးသည် အလိုအလျောက် ထွက်လာပြီး နေရာယူလိုက်ကြသည်။
ဒီသူတော်စင်ကို ကုသပေးနေစဉ် ကျန်းပေရန် တွေ့ရှိရသည်မှာ သူ့ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများ ပြည့်နှက်နေပြီး အားလုံး ပုပ်သိုးနေသည်။ အချိန်မီ မကုသလျှင် သူ့ခွန်အားများကို စုပ်ယူသွားလိမ့်မည်။
ဒဏ်ရာများ အခြေအနေ ဆိုးရွားလွန်းသဖြင့် ကျန်းပေရန်သည် ဒဏ်ရာများကို အရင် သန့်ရှင်းရေး လုပ်ပြီးမှ အပ်စိုက်ကုသရသည်။
ကုသမှု လုပ်ဆောင်နေစဉ် ဘေးနားမှ ဘာအသံမှ မထွက်ပေ။ ချီးကျူးသံ မရှိ၊ မေးခွန်းထုတ်သံ မရှိ အဆင့် ၉ ဆေးပညာရှင် ငါးဦးတောင် ဘာမှ မပြောဘဲ တိတ်ဆိတ်နေကြသည်။
ခန်းမတစ်ခုလုံး ထူးဆန်းလောက်အောင် တိတ်ဆိတ်နေသည်။
ဘာကြောင့် ဒီလောက် လေးလံနေလဲ ဆိုတာ ကျန်းပေရန် သိသည်။
ဂူကျင့်ကြံသူများ၏ ပြင်းထန်သော တိုက်ခိုက်မှုကြားမှ ပျံသန်းစံအိမ် ကို ကာကွယ်ပြီး ထွက်ပြေးရတာ မလွယ်ကူပေ။
သူတော်စင် အများစု လွတ်မြောက်နိုင်ရန် အတွက် သူတော်စင် နှစ်ပါးက နောက်ချန်ပြီး တိုက်ခိုက်ပေးခဲ့ရသည်။
ရက်စက်ကြမ်းကြုတ်သော ဂူကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် နောက်ချန်နေခဲ့သော သူတော်စင် နှစ်ပါးသည် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့ဘဲ မြေကမ္ဘာအဆင့် သိုင်းကွက်များကို ထုတ်သုံးပြီး တားဆီးပေးခဲ့ကြသည်။
သူတို့နှစ်ယောက်၏ စွန့်လွှတ်မှုကြောင့် ကျန်သူများ လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှန့်တိုင်းပြည်၏ ထိပ်တန်း ခွန်အားရှင်များ ဖြစ်ကြသဖြင့် သူတို့ အချင်းချင်း ရင်းနှီးမှု ရှိကြသည်။ တိုက်ပွဲတွေ အတူတူ ဆင်နွှဲဖူးကြသည်။
ဒါပေမဲ့ တခြား တိုင်းပြည် ငါးပြည်နဲ့ တိုက်ခိုက်တုန်းကတောင် ဒီလို အခြေအနေမျိုး မကြုံဖူးခဲ့ပေ။ ထွက်ပြေးဖို့ အတွက် လူချန်ထားခဲ့ရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ဒါကြောင့် ဒီဆုတ်ခွာမှုက သူတို့ကို စိတ်ဓာတ်ကျစေသည်။
နောက်ချန်နေခဲ့တဲ့ သူတော်စင် နှစ်ပါး ဘာဖြစ်သွားမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်သည်။ တိုက်ပွဲ စတာမှ မကြာသေးဘူး ထိပ်တန်း ခွန်အားရှင် နှစ်ပါး ဆုံးရှုံးသွားရပြီ။ ဒီလို တိုက်ပွဲမျိုး သူတို့ တစ်ခါမှ မကြုံဖူးပေ။
တိတ်ဆိတ်မှုများကြားတွင် ပျံသန်းစံအိမ် သည် ယွမ်မြို့ သို့ ပြန်လည် ရောက်ရှိလာသည်။
ကျန်းပေရန်က ကုသပြီးသား သူတော်စင်များကို အောက်သို့ သယ်သွားပြီး နောက်တစ်ကြိမ် ကုသရန် ပြင်ဆင်နေစဉ် သူတော်စင်များ၏ မျက်နှာတွင် ထူးခြားသော အမူအရာများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အံ့သြခြင်း၊ ဒေါသထွက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း...
နောက်တစ်စက္ကန့်တွင် သူတော်စင် အားလုံး ပျံသန်းစံအိမ် ပေါ်မှ ဆင်းသွားကြသည်။ ကျန်းပေရန် ကြောင်နေစဉ် ရှီဟုန်ယွင်က သူ့ဘေးနားသို့ ရောက်လာပြီး ပြောလိုက်သည်
“ဂူကျင့်ကြံသူတွေ လိုက်လာပြီ”
‘သေစမ်း’
ကျန်းပေရန် စိတ်ထဲတွင် ဆဲရေးလိုက်မိသည်။
လုံခြုံတယ်လို့ ထင်ထားတဲ့ ပျံသန်းစံအိမ်က ရန်သူကို ဖြတ်မချနိုင်ဘူးတဲ့လား။
‘တကယ်ပဲ သေလမ်း ရောက်နေပြီလား’
ကျန်းပေရန် အံ့သြနေစဉ် ရှီဟုန်ယွင်လည်း ထွက်ခွာသွားပြီ ဖြစ်သည်။
ကျန်းပေရန် ဦးနှောက် အလုပ်ရှုပ်သွားသည်။
ယွမ်မြို့က ရှန့်တိုင်းပြည်ရဲ့ အလုံခြုံဆုံး နေရာ ဖြစ်သည်။ ဂိုဏ်းပေါင်းစုံက သူတော်စင်တွေလည်း စုနေကြသည်။ ဒီနေရာသာ ကျသွားရင် ရှန့်တိုင်းပြည် တစ်ခုလုံး ကျသွားပြီ။
တကယ်လို့ အဲဒီလို ဖြစ်လာရင် ကျန်းပေရန်လည်း လွတ်မြောက်နိုင်မယ် မထင်ပေ။
ပျံသန်းစံအိမ်ကလည်း မလုံခြုံတော့ဘူးလေ။
အခု ကျန်းပေရန် လုပ်နိုင်တာက အဆိပ်သင့်နေတဲ့ သူတော်စင်တွေကို ကုသပေးပြီး ကံတရားကို ပုံအပ်လိုက်ဖို့ပဲ ရှိသည်။
ဒါပေမဲ့ ကျန်းပေရန်က တခြား သူတော်စင်တွေထက် ပိုပြီး ယုံကြည်ချက် ရှိသည်။
တကယ်လို့ သေလမ်း ဖြစ်နေရင် စနစ်က သတိပေးမှာပဲလေ။ အခု ဘာမှ မပြောသေးတော့ လွတ်မြောက်လမ်း ရှိသေးတယ် ဆိုတဲ့ သဘောပေါ့။
စိတ်လှုပ်ရှားစွာဖြင့် ကျန်းပေရန် ကောင်းကင်မျက်လုံး အစီအရင် မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် မှင်သက်သွားသည်။
စောစောက ထွက်သွားတဲ့ သူတော်စင်တွေက ရူးသွပ်သွားသလိုမျိုး သိုင်းကွက်တွေကို ထုတ်သုံးနေကြသည်။ ယွမ်မြို့ ကောင်းကင်ယံ တစ်ခုလုံး ရောင်စုံ သိုင်းကွက်များဖြင့် ပြည့်နှက်နေသည်။ လွန်ခဲ့တဲ့ အကြိမ်က သစ်သားဝိညာဉ် ဂူထဲမှာ မြင်ခဲ့ရတာထက် ပိုမို ခမ်းနားနေသည်။
‘ဒါက အကုန်ပုံအောပြီး တိုက်ခိုက်နေတာလား’
ကျန်းပေရန် စိတ်ပူနေစဉ် စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်ရာ သူတော်စင်များ၏ ကိုယ်ထဲမှ အဆိပ်အတောက်များသည် ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ အတွင်းအားများလည်း တည်ငြိမ်နေသည်။
‘ဟင်’
ကျန်းပေရန် နားမလည်နိုင် ဖြစ်သွားသည်။
‘ဘယ်လိုလုပ်ပြီး အတွင်းအားတွေ တည်ငြိမ်နေရတာလဲ’
သိုင်းကွက် ထုတ်သုံးဖို့ အတွင်းအား မသုံးလို့ မရပေ။ တကယ်လို့ အတွင်းအား မသုံးဘဲ တိုက်ခိုက်နိုင်ရင် နတ်ဘုရားအိပ်မက်ဂိုဏ်း မှာတုန်းက ဒီလောက် အထိနာပြီး ထွက်ပြေးလာစရာ အကြောင်း မရှိပေ။
‘ဘာဖြစ်သွားတာလဲ’
တခြား သူတော်စင်တွေကို စစ်ဆေးကြည့်တော့လည်း အတူတူပင်။ သိုင်းကွက်တွေ တရစပ် ထုတ်သုံးနေပေမဲ့ အဆိပ်ရော အတွင်းအားရော တည်ငြိမ်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက မျှော်လင့်ချက် ရောင်ခြည် တစ်ခု ဖြစ်သည်။
အမွေးတိုင် တစ်တိုင်စာအကြာ တိုက်ခိုက်ပြီးနောက် သူတော်စင်များ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဂူကျင့်ကြံသူများ ဆုတ်ခွာသွားကြသည်။ သူတော်စင်များ နိုင်ပွဲ ရရှိသွားကြသည်။
ဘေးကင်းသွားပြီ ဖြစ်သဖြင့် ကျန်းပေရန်သည် မကျန်းမာသေးသော သူတော်စင်များကို အောက်သို့ သယ်ဆောင်သွားပြီး မြေပြင်တွင် အစီအရင် ခင်းကာ သေချာ ကုသပေးရန် ပြင်ဆင်လိုက်သည်။
ပျံသန်းစံအိမ် ပေါ်မှ ဆင်းလာသော ကျန်းပေရန်သည် ကောင်းကင်ယံမှ "စစ်နတ်ဘုရား" များကို ကြည့်ပြီး ပိုမို နားမလည်နိုင် ဖြစ်သွားသည်။ တစ်စုံတစ်ခုက သူတို့ကို ကူညီပေးနေတာ သေချာသည်။
မဟုတ်လျှင် အစကတည်းက ဒီလို စွမ်းရည်မျိုး ရှိနေရင် ဂူကျင့်ကြံသူတွေကို အလွယ်တကူ နှိမ်နင်းနိုင်မှာ ဖြစ်သည်။
ကျန်းပေရန် ခေါင်းခါလိုက်သည်။ အခု ဒါတွေ စဉ်းစားနေရမည့် အချိန် မဟုတ်ပေ။ သတိမေ့နေသော သူတော်စင်များကို ကုသပေးဖို့က အဓိက ဖြစ်သည်။
နာရီဝက် ကြာပြီးနောက် သူတော်စင်များ မြေကြီးပေါ်သို့ ဆင်းသက်လာကြသည်။ ဂူကျင့်ကြံသူများ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သေချာသွားပုံ ရသည်။
ဒါပေမဲ့ ပေါ့ပေါ့ဆဆ မနေကြဘဲ အုပ်စုဖွဲ့ပြီး ယွမ်မြို့ ပတ်ဝန်းကျင်ကို ကင်းလှည့်နေကြသည်။
ကျန်းပေရန် ဘက်တွင်လည်း နောက်ထပ် သူတော်စင် တစ်ဦးကို ကုသပြီးနောက် အနက်ရောင်သခင်ကြီး မလုံလောက်တော့သည်ကို တွေ့လိုက်ရသည်။
ဒါက မဖြစ်ဘူး။ ဆန်မရှိဘဲ ထမင်းချက်လို့ မရဘူး။ အနက်ရောင်သခင်ကြီး မရှိရင် သူတော်စင် အားလုံးကို ကုသပေးနိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ အခု ကျန်းပေရန်၏ အဆင့်အတန်း အရ တောင်းဆိုသမျှ ရနိုင်သော အနေအထား ဖြစ်သည်။ အနက်ရောင်သခင်ကြီး ပိုလိုတယ်လို့ ပြောလိုက်တာနဲ့ တစ်ခဏချင်း ယွမ်မြို့က အနက်ရောင်သခင်ကြီး အများအပြား ရောက်လာကြသည်။
ကျန်းပေရန်လည်း မငြင်းတော့ပေ။ နတ်ဘုရားအိပ်မက်ဂိုဏ်း တိုက်ပွဲတွင် အဆိပ်သင့်သော သူတော်စင် အရေအတွက် များပြားလှသည်။ ကူလျန်ချန် ဦးဆောင်ပြီး လာမကယ်ရင် အကုန် သေကုန်ကြမှာ သေချာသည်။
ညနေစောင်းထိ အလုပ်လုပ်ပြီးနောက် နောက်ဆုံး သူတော်စင် သတိရလာသောအခါ ကျန်းပေရန် သက်ပြင်းချလိုက်နိုင်သည်။ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။
ဒါပေမဲ့ မျက်လုံးမှိတ်လိုက်တာနဲ့ စိတ်မအေးနိုင် ဖြစ်နေသည်။
နတ်ဘုရားအိပ်မက်ဂိုဏ်း ကျဆုံးသွားပြီ ဆိုတော့ ဂူကျင့်ကြံသူတွေရဲ့ မဟာဗျူဟာ အောင်မြင်သွားပြီ။ ရှန့်တိုင်းပြည် တစ်ခုလုံး ဝိုင်းရံပိတ်ဆို့ခံလိုက်ရပြီ။
ဆက်သွယ်ရေး လိုင်းတွေလည်း ပြတ်တောက်နေတော့ အကူအညီ တောင်းလို့လည်း မရဘူး။ သေလမ်းပဲ ရှိတော့သည်။
‘လာတုန်းက ကောင်းကောင်း... ပြန်တော့ မရတော့ဘူး’
ရှန့်တိုင်းပြည်က ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေသလို ကျန်းပေရန်လည်း သူ့တပည့်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေသည်။
‘ဒါပေမဲ့ သူတို့ အရည်အချင်းနဲ့ ဆိုရင် အံ့ဖွယ်နဂါး တိုက်ကြီး တစ်ခုလုံး မပျက်စီးသရွေ့ အသက်ရှင်နိုင်မှာပါ’
"ဆရာကျန်း"
ထိုအချိန်တွင် နက်ရှိုင်းသော အသံတစ်သံ ကျန်းပေရန် နားထဲ ရောက်လာသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကူလျန်ချန် သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
‘ထိပ်တန်း ပုဂ္ဂိုလ်ကြီး ဆိုတော့... လျှောက်လာတာတောင် အသံမကြားရပါလား’
မတ်တတ်ရပ်လိုက်ပြီး ကျန်းပေရန် ဂါရဝပြုလိုက်သည်။
"စီနီယာကြီး ကူ"
ကူလျန်ချန် ၏ စွမ်းအားနှင့် တခြား သူတော်စင်များ၏ လေးစားမှုကို ကြည့်ခြင်းအားဖြင့် သူသည် ရှန့်တိုင်းပြည်၏ ခေါင်းဆောင် ဖြစ်ကြောင်း သိသာသည်။
ဒါကြောင့် သူ ကိုယ်တိုင် လာရှာတယ် ဆိုကတည်းက ကိစ္စကြီး ရှိနေပြီ ဆိုတာ ကျန်းပေရန် ရိပ်မိလိုက်သည်။
"ဒီတစ်ခေါက် ဆရာကျန်း ရဲ့ ကုသမှုကြောင့် ရှန့်တိုင်းပြည် အထိအခိုက် နည်းသွားတာ ရှန့်တိုင်းပြည် ကိုယ်စား ကျေးဇူးတင်ပါတယ်"
ကူလျန်ချန် ၏ လေးစားသမှု ဆက်ဆံပုံက ပညာရှင်တွေကို တန်ဖိုးထားမှန်း သိသာစေသည်။
ဒါပေမဲ့ ကျန်းပေရန် တွေးမိတာက အခု ဒီလောက် သဘောကောင်းနေရင် နောက်ကျရင် ဖိအားတွေ အများကြီး ပေးလာတော့မှာ သေချာသည်။
"စီနီယာကြီးကူ ယဉ်ကျေးလွန်းပါပြီ ရှန့်တိုင်းပြည်ရဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ အရေးကြုံရင် ကူညီရမှာ ကျွန်တော့် တာဝန်ပါ ဒီလောက် ကျေးဇူးတင်စရာ မလိုပါဘူး"
"လိုပါတယ် တကယ် လိုအပ်ပါတယ် အခု ရှန့်တိုင်းပြည်က အန္တရာယ် ကြုံနေရပြီ အားလုံး ဝိုင်းဝန်း ကူညီမှ ရမှာပါ အထူးသဖြင့် ဆရာကျန်း လို လူမျိုးက အဆိပ်ဖြေဆေး မြန်မြန် ရှာတွေ့ရင် ရှန့်တိုင်းပြည် တော်ဝင်မိသားစုရဲ့ ထာဝရ ဧည့်သည်တော် ဖြစ်လာမှာပါ"
တော်ဝင်မိသားစု ဧည့်သည်တော် ဆိုတာ ဘာအဆင့်လဲ မသိပေမဲ့ နိမ့်မှာ မဟုတ်တာတော့ သေချာသည်။
ကျန်းပေရန် ပြန်မပြောရသေးခင် ကူလျန်ချန် ဆက်ပြောလိုက်သည်
"အခု ယွမ်မြို့ မှာ ရှုပ်ထွေးနေလို့ ငါ သွားပြီး စီစဉ်ရဦးမယ် ဆရာကျန်း အနားယူလိုက်ပါဦး နောက်နေ့မှ သေချာ စကားပြောကြတာပေါ့"
ကူလျန်ချန် ခေါင်းညိတ်ပြပြီး ထွက်ခွာသွားသည်။
ကျန်းပေရန် ပြန်ထိုင်ပြီး စဉ်းစားရန် ပြင်လိုက်စဉ် ရှီဟုန်ယွင် ရောက်လာပြန်သည်။
"သူတော်စင်ကြီး" ကျန်းပေရန် နှုတ်ဆက်လိုက်သည်။
ရှီဟုန်ယွင်က ရယ်မောလိုက်သည်။
"ပေရန်လေး... ဪ မဟုတ်ဘူး ဆရာကျန်း နောက်ဆိုရင် မင်းကို တွေ့ရင် ငါတောင် ဂါရဝပြုရတော့မယ် ထင်တယ်"
"သူတော်စင်ကြီးက နောက်နေပြန်ပြီ"
"နောက်တာ မဟုတ်ဘူး အခု မင်းရဲ့ အဆင့်အတန်းက ငါ့ထက် မြင့်နေပြီ"
ရှီဟုန်ယွင်က မုတ်ဆိတ်မွေးကို သပ်လိုက်သည်။
"မင်းကို စတွေ့ကတည်းက သာမန် မဟုတ်မှန်း သိပေမဲ့ ဒီလောက်ထိ နက်နဲမယ် မထင်ထားဘူး တော်လိုက်တာ... တကယ် တော်လိုက်တာ"
"သူတော်စင်ကြီး မြှောက်ပင့်လွန်းပါပြီ ဂျူနီယာက သိပ်ပြီး ထင်ပေါ်ကျော်ကြားတာ မကြိုက်လို့ပါ"
"ကောင်းပြီ ကောင်းပြီ မချီးကျူးတော့ပါဘူး" ရှီဟုန်ယွင်က နောက်ကို လှည့်ကြည့်ပြီး အဓိပ္ပာယ်ပါပါ မေးလိုက်သည်။
"အခု အခြေအနေကို ဘယ်လို မြင်လဲ"
"မမြင်ပါဘူး"
"..."
ရှီဟုန်ယွင် စကားဆွံ့သွားပြီး ကျန်းပေရန်ကို ပြန်ကြည့်လိုက်သည်။
ကျန်းပေရန်က ဆက်ပြောလိုက်သည်။
"ဂျူနီယာက ကျင့်ကြံဆင့် နိမ့်ပါးတော့ ပါဝင်ပတ်သက်မိရင် အရိုးတောင် ရှာမရ ဖြစ်သွားမှာ စိုးလို့ပါ မကြားချင် မမြင်ချင်ဘဲ အဆိပ်ဖြေဆေး ရှာဖို့ပဲ အာရုံစိုက်ထားတာ ပိုကောင်းပါတယ် စီနီယာကြီးတွေကို ကူညီနိုင်ဖို့လေ"
"ဟား ဟား ဟား မင်း ပြောတတ်တဲ့ စကားမျိုးပါပဲ"
ရှီဟုန်ယွင် ရယ်မောလိုက်ပြီး လက်ကာပြလိုက်သည်။
"ငါ မိသားစုဝင်တွေကို နေရာချပေးရဦးမယ် ပြီးမှ မင်းကို လာခေါ်မယ်"
‘ဒါက ရင်းနှီးအောင် လုပ်တာလား... ပိုင်ဆိုင်မှု ပြတာလား...’
ဒါပေမဲ့ ကျန်းပေရန်က ဂရုမစိုက်ပေ။ သူက အကျိုးရှိရင် လိုက်တဲ့လူ မဟုတ်ဘဲ အန္တရာယ်ကင်းရင် လိုက်တဲ့လူ ဖြစ်သည်။
ဒါကြောင့် ဘယ်သူက ဘယ်လိုပဲ ဆွဲဆောင် ဆွဲဆောင် သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
သူ့ရဲ့ အဓိက စည်းကမ်းက တစ်ခုတည်း ရှိသည်။
အန္တရာယ် အကင်းဆုံးကို ရွေးမယ်။
"ဆရာ... ကျန်း"
နောက်ထပ် ခေါ်သံ ကြားလိုက်ရသဖြင့် ကျန်းပေရန် သက်ပြင်းချလိုက်သည်။ ဒီလောက် နာမည်ကြီးနေမှတော့ အေးအေးဆေးဆေး နားရဖို့ မလွယ်တော့ပေ။
လှည့်ကြည့်လိုက်ရာ ယောင်ယိချန် နှင့် အဆင့် ၉ ဆေးပညာရှင် ငါးဦးကို တွေ့လိုက်ရသည်။
"စီနီယာကြီးတို့" ကျန်းပေရန် ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။
"စောစောက မင်း ကုသတာကို ငါတို့ သေချာ ကြည့်ခဲ့တယ် မတူညီတဲ့ အတတ်ပညာတွေ ပေါင်းစပ်ထားတာ တကယ် ထူးခြားပါတယ် အရင်က ပေါက်ကရ နည်းလမ်းလို့ ပြောမိတာ တောင်းပန်ပါတယ်"
ယောင်ယိချန် ပြောပြီးနောက် ငါးယောက်လုံး ကျန်းပေရန်ကို ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
ကျန်းပေရန် အံ့သြသွားသည်။ ဒီလောက် ပညာရှင်ကြီးတွေက သူ့ကို တောင်းပန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မာနကြီးမနေဘဲ အမှားကို ဝန်ခံရဲကြသည်။
ဒါကို ကြည့်ရင် သူတို့က ပညာကို တကယ် လိုလားသူတွေ ဖြစ်ကြောင်း သိသာသည်။ အသုံးဝင်ရင် ဘယ်နည်းလမ်း မဆို လက်ခံကြသည်။
"စီနီယာကြီး ယောင် ဒီလို လုပ်စရာ မလိုပါဘူး အယူအဆ မတူတာ သဘာဝပါပဲ ကျွန်တော် စိတ်ထဲ မထားပါဘူး"
ကျန်းပေရန် စကားကို ကြားပြီး ယောင်ယိချန် ပြုံးလိုက်သည် ကျန်းပေရန် နားသို့ တိုးကပ်လာပြီး ပြောလိုက်သည်
"ဆရာကျန်းက တကယ့် ပါရမီရှင်ပဲ ငါလည်း အရမ်း လေးစားပါတယ် မင်း မပေါ်လာခင် အထိ မတူညီတဲ့ အတတ်ပညာတွေကို ဒီလောက် ပြီးပြည့်စုံအောင် ပေါင်းစပ်လို့ ရမယ် မထင်ထားခဲ့ဘူး မျက်စိပွင့်သွားပြီ"
"ပြီးပြည့်စုံတယ်လို့ မခေါ်နိုင်ပါဘူး အပေါ်ယံလေး နည်းနည်း တတ်ထားရုံပါ"
ယောင်ယိချန် ကြောင်သွားသည်။ နှိမ့်ချတာ ဖြစ်မှန်း သိသော်လည်း ကျန်းပေရန်က သူ့ဆရာကို ဘယ်လောက် လေးစားလဲ ဆိုတာ သိသာနေသည်။
‘တပည့်ကတောင် ဒီလောက် တော်နေရင် ဆရာက ဘယ်လောက်တောင် စွမ်းမလဲ’
အံ့သြပြီးနောက် ယောင်ယိချန် ဆက်ပြောလိုက်သည်။
"ဆရာကျန်း နှိမ့်ချလွန်းပါပြီ ဒီလောက် အရည်အချင်းကို အပေါ်ယံပဲ ရှိသေးတယ် ဆိုရင် ငါတို့က ဘာလုပ်ရတော့မှာလဲ"
ယဉ်ကျေးမှု ဖလှယ်ပြီးနောက် ကျန်းပေရန်က မေးလိုက်သည်။
"စီနီယာကြီးတို့ ကျွန်တော့်ကို ဘာကိစ္စ ရှာတာလဲ"
"အဆိပ်အကြောင်း အတူတူ လေ့လာဖို့ပေါ့"
နားလို့လည်း မရတော့ဘူး ဆိုတော့ အလုပ်လုပ်တာ ပိုကောင်းပါတယ်လေ။ ကျန်းပေရန် ခေါင်းညိတ်လိုက်သည်
"ကောင်းပြီ ကျွန်တော်လည်း စိတ်ကူး ရှိပါတယ် ဆေးခန်းမကို သွားကြတာပေါ့"
"ကောင်းပါပြီ ဆရာကျန်း ဒီဘက် ကြွပါ"