နှလုံးသားထဲက အချစ်တော်
Vol. 49 Ch. 563
ယောင်ယိချန် ၏ ဦးဆောင်မှုအောက်တွင် ကျန်းပေရန်သည် ကူလျန်ချန် ၏ ပျံသန်းစံအိမ် ပေါ်ရှိ ဆေးခန်းမသို့ မသွားဘဲ ယွမ်မြို့တော် တော်ဝင်နန်းတော် အတွင်းရှိ ဆေးခန်းမသို့ သွားရောက်ခဲ့သည်။
လမ်းတွင် ယောင်ယိချန် မိတ်ဆက်ပေးချက်အရ သူတို့ငါးယောက်ထဲတွင် တစ်ယောက်သည် တော်ဝင်မိသားစု၏ အကြီးတန်း သမားတော် ဖြစ်ပြီး နာမည်မှာ ဖန်ယွင် ဖြစ်ကြောင်း သိရသည်။
ရှန့်တိုင်းပြည်၏ နိုင်ငံရေး စနစ်ကို ကျန်းပေရန် သေချာ မသိသော်လည်း အပေါ်ယံ ကြည့်လျှင် ချန်တိုင်းပြည်နှင့် ဆင်တူသည်ဟု ထင်ရသည်။ တိုင်းပြည် ခြောက်ပြည်လုံး ဆင်တူသည်ဟု ဆိုလျှင် ပိုမှန်မည်။ ချန်တိုင်းပြည်က တခြား တိုင်းပြည်တွေကို အတုယူထားခြင်း ဖြစ်သည်။
တိုင်းပြည် တစ်ခုလုံးကို တော်ဝင်မိသားစုက အုပ်ချုပ်ပြီး ဧကရာဇ်ကို အင်အားအကြီးဆုံး ဂိုဏ်းများက ရွေးချယ် တင်မြှောက်ကြသည်။
ဧကရာဇ် ဘယ်လောက် အာဏာရှိလဲ၊ အကျိုးစီးပွား ဘယ်လို ခွဲဝေကြလဲ ဆိုတာတော့ ကျန်းပေရန် မသိပေ။
ရေကတော့ နက်မှာ သေချာသည်။
ဒါပေမဲ့ တော်ဝင်မိသားစုက အဆင့် ၉ ဆေးပညာရှင်ကို အကြီးတန်း သမားတော် အဖြစ် ခန့်ထားနိုင်တာကို ကြည့်ရင် တော်ဝင်မိသားစု၏ အဆင့်အတန်း မြင့်မားကြောင်း သိသာသည်။
ကျန်းပေရန် လေ့လာမိသလောက် ရှီမိသားစုလို အနက်ရောင် သူတော်စင် ရှိတဲ့ မိသားစုကြီးတွေတောင် အဆင့် ၇၊ အဆင့် ၈ လောက်သာ ငှားရမ်းနိုင်ကြသည်။
အဆင့် ၉ လား။
ကျန်းပေရန် တစ်ခါမှ မမြင်ဖူးသေးပေ။
ဒါကြောင့် တော်ဝင်မိသားစုက အဆင့် ၉ ဆေးပညာရှင်ကို ငှားရမ်းနိုင်တာ အံ့သြစရာ ကောင်းသည်။ နာမည်ခံ သက်သက် ဆိုရင်တောင် တော်ဝင်မိသားစု၏ အရှိန်အဝါကို ပြသနေသည်။
ဖန်ယွင်က စကားသိပ်မပြောတတ်သဖြင့် လမ်းတစ်လျှောက်လုံး ဆေးပညာ အကြောင်းသာ ဆွေးနွေးလာကြသည်။
စကားပြောရင်း ကျန်းပေရန်သည် ဖန်ယွင် နောက်သို့ လိုက်ကာ နန်းတော်ထဲသို့ ဝင်ရောက်လာသည်။
ကျန်းပေရန် မြင်ဖူးသမျှ နန်းတော်များ လိုပင် ယွမ်မြို့ နန်းတော်သည်လည်း ခမ်းနားထည်ဝါလှသည်။
အဆောင်အယောင်များ၊ ပန်းခြံများ၊ လမ်းများ အားလုံး စနစ်တကျ ရှိပြီး လှပသည်။
သို့သော် ကျန်းပေရန် စိတ်မဝင်စားနိုင်ပေ။ လေထဲတွင် ပျံ့လွင့်နေသော အဆိပ်မြူများကြောင့် စိတ်ဓာတ်ကျနေသည်။
ရှန့်တိုင်းပြည် ခေါင်းဆောင်များက ယွမ်မြို့ကို နောက်ဆုံး ခံတပ် အဖြစ် ရွေးချယ်လိုက်ခြင်းသည် လုံခြုံရေးကို ယုံကြည်သောကြောင့် ဖြစ်သည်။
ဒါပေမဲ့ ဒီနေရာမှာတောင် အဆိပ်မြူတွေ ဝင်ရောက်နေပြီ ဆိုတော့ ကျောချမ်းစရာ ကောင်းသည်။
စင်္ကြံလမ်း အနည်းငယ် ဖြတ်ကျော်ပြီးနောက် ကျန်းပေရန်သည် ဖန်ယွင် နောက်သို့ လိုက်ကာ ခမ်းနားထည်ဝါသော ဆေးခန်းမထဲသို့ ဝင်ရောက်လာသည်။
‘ဝိုး...’
နန်းတော်ထဲက ဆေးခန်းမ ဆိုတော့ ကောင်းမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်း မြင်လိုက်ရတော့ အံ့သြသွားသည်။
အပြင်အဆင် ကောင်းတာ ထားလိုက်တော့။ ပစ္စည်းကိရိယာတွေ ပြည့်စုံလွန်းသည်။ မရှိတာ မရှိဘူး။
တချို့ ပစ္စည်းတွေဆို ကျန်းပေရန် နာမည်တောင် မခေါ်တတ်ဘူး။
ဒါပေမဲ့ ဆေးပေါင်းအိုး အပိုင်းမှာတော့ ကျန်းပေရန်က ပိုသာသည်။ ဒီမှာ ရှိတဲ့ ဆေးပေါင်းအိုးတွေ ဘယ်လောက် ကောင်းကောင်း ဒဏ္ဍာရီလာ ဆေးပေါင်းအိုး ကိုးလုံးကိုတော့ မမီနိုင်ဘူးလေ။
ဒါကြောင့် ကျန်းပေရန် အားမနာတော့ဘဲ ခန်းမအလယ်က ကျောက်စိမ်းရောင် ဆေးပေါင်းအိုးကြီးကို ခြေထောက်နဲ့ ကန်ဖယ်လိုက်ပြီး ရွှေကျီးကန်း ဆေးအိုး ကို ချလိုက်သည်။
ဆေးပညာရှင်တွေ အတွက် ဆေးပေါင်းအိုး ဆိုတာ ဘယ်လောက် အရေးကြီးလဲ ပြောစရာ မလိုတော့ဘူး။ အဆင့် ၁ ကနေ အဆင့် ၉ အထိ အားလုံး အတူတူပဲ။ ဒဏ္ဍာရီလာ ဆေးပေါင်းအိုး ကိုးလုံးကို မြင်လိုက်ရင် ခြေလှမ်း ရပ်သွားမှာ သေချာသည်။
"ဒါ... ဒါ ရွှေကျီးကန်း ဆေးအိုး မဟုတ်လား"
ယောင်ယိချန် က အရင်ဆုံး သတိထားမိပြီး အနားကပ် ကြည့်လိုက်သည်။
ကျန်တဲ့ လေးယောက်လည်း ဝိုင်းကြည့်ကြသည်။
"ဟုတ်တယ် ရွှေကျီးကန်း ဆေးအိုး "
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
တစ်ခဏချင်း ဆေးပညာရှင် ငါးဦး၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူတို့ အဆင့်အတန်းနဲ့ နေရာအနှံ့ ရှာဖွေခဲ့ဖူးပေမဲ့ တစ်လုံးမှ မတွေ့ခဲ့ရဘူး။
အခု ဒီလူငယ်လေး လက်ထဲမှာ ရောက်နေတာ မြင်တော့ မနာလို ဖြစ်မိသည်။
ဒါပေမဲ့ ကျန်းပေရန်၏ အရည်အချင်းကို မြင်ဖူးထားတော့ လက်ခံနိုင်ကြသည်။
ဒီလို ပါရမီရှင်မျိုးမှ ဒီလို ရတနာမျိုးနဲ့ ထိုက်တန်တယ်လို့တောင် တွေးလိုက်ကြသည်။
လုယူချင်စိတ် လုံးဝ မရှိကြပေ။
"ဆရာကျန်း... အခြေအနေ အရေးကြီးမှန်း သိပေမဲ့ တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ"
ယောင်ယိချန် က ပြောလိုက်သည်။
"ပြောပါ"
"ဆရာကျန်း အနေနဲ့ အခု ဆေးတစ်အိုးလောက် ဖော်စပ်ပြလို့ ရမလား။ ကျွန်တော်တို့ မျက်စိဖွင့်ပေးပါဦး"
ယောင်ယိချန် ပြောလိုက်တာနဲ့ ကျန်တဲ့ လေးယောက်လည်း ထောက်ခံကြသည်။
"ဟုတ်တယ် ဆရာကျန်း... ကျွန်တော်တို့ကို ပြသပေးပါဦး"
သူတို့ပုံစံက ပညာရှင်ကြီးတွေနဲ့ မတူတော့ဘဲ အရုပ်တွေ့တဲ့ ကလေးတွေလို ဖြစ်နေသည်။
ယောကျ်ားလေးတွေက အသက်ဘယ်လောက်ကြီးကြီး ကလေးစိတ် မပျောက်ဘူး ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မည်။
ကျန်းပေရန် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် လုပ်ပြတာ ကြည့်ရင် ဘာအရသာ ရှိမှာလဲ ခင်ဗျားတို့ ကိုယ်တိုင် စမ်းကြည့်ကြပါလား"
"ဟင်..."
ကျန်းပေရန်၏ စကားကို ကြားပြီး ဆေးပညာရှင် ငါးဦး အံ့သြသွားကြသည်။
ဒါမှ စေတနာ အစစ်မှန် ဆိုတာ။
ဆေးပညာရှင် အများစုက ကိုယ့်ဆေးပေါင်းအိုးကို အသက်လို တန်ဖိုးထားကြတာ။ သူများ ကိုင်တာတောင် မကြိုက်ကြဘူး။ သုံးခွင့်ပေးဖို့ ဆိုတာ ဝေလာဝေး…..
ဒီပညာရှင်ကြီး ငါးယောက်လည်း အတူတူပါပဲ။
သူတို့မှာလည်း ကိုယ်ပိုင် ဆေးပေါင်းအိုးကောင်းတွေ ရှိသည်။ ဘယ်သူ့ကိုမှ ပေးမကိုင်ကြဘူး။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင် ရွှေကျီးကန်း ဆေးအိုး ပိုင်ဆိုင်ခဲ့ရင် သူများ ပေးသုံးဖို့ နေနေသာသာ ပြတောင် ပြမှာ မဟုတ်ဘူး။
ဒါပေမဲ့ ကျန်းပေရန်ကတော့ ရက်ရက်ရောရော ပေးသုံးလိုက်တယ်။ တကယ့်ကို ထူးခြားတဲ့ လူငယ်လေးပဲ။
တစ်ခဏချင်း ကျန်းပေရန်၏ ပုံရိပ်သည် သူတို့ စိတ်ထဲတွင် အဆပေါင်းများစွာ မြင့်တက်သွားသည်။
ဘယ်လို မိသားစုကများ ဒီလို လူငယ်မျိုး မွေးထုတ်ပေးလိုက်တာလဲ စဉ်းစားလို့တောင် မရနိုင်ဘူး။
...
ညနေစောင်းထိ ဆေးပညာရှင် ငါးဦး တစ်လှည့်စီ သုံးကြည့်ကြသည်။
"တကယ့်ကို ဒဏ္ဍာရီလာ ဆေးပေါင်းအိုး ပါပဲ။ တခြားဟာတွေနဲ့ မတူဘူး"
ဖန်ယွင် သက်ပြင်းချလိုက်သည်။
အဆင့် ၉ ဆေးပညာရှင် တစ်ယောက် အနေနဲ့ ဆေးပေါင်းအိုး ပေါင်းစုံ သုံးဖူးပေမဲ့ ဒီအိုးကိုတော့ မမီဘူး။
ရွှယ်ချန် ကလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ် တကယ် ကောင်းလွန်းတယ်။ ဒါပေမဲ့..."
ကျန်းပေရန်ကို ကြည့်ပြီး မေးလိုက်သည်။
"ဆရာကျန်း... ဒီအိုးကို ပြုပြင်ထားသေးတာလား"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"အင်း နည်းနည်း အဆင်မပြေတာလေးတွေ ရှိလို့ ပြင်လိုက်တာ"
"ဟင်..."
ကျန်းပေရန်၏ ပေါ့ပေါ့ပါးပါး အဖြေကို ကြားပြီး ငါးယောက်လုံး အံ့သြသွားကြသည်။
ရွှယ်ချန် က စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ပုံစံနဲ့ မတူလို့ မေးကြည့်တာ။ ကျန်းပေရန် တကယ် ပြင်ထားတယ် ဆိုတော့ အံ့သြသွားသည်။
ဒဏ္ဍာရီလာ ဆေးပေါင်းအိုးလေ…. ဘယ်သူက ပြင်ရဲမှာလဲ။
ဒါပေမဲ့ ဒီလူငယ်လေးက ပြင်ရဲတယ်။ ကိုယ်တိုင် ပြင်လိုက်တာတဲ့။
‘ပါရမီရှင်တွေက သတ္တိလည်း ကောင်းကြတာပဲ’
ယောင်ယိချန် က ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
"ဒါဆို ဆရာကျန်း က လက်နက်သွန်းလုပ်ခြင်း အတတ်ပညာ ကိုလည်း ကျွမ်းကျင်တာပေါ့"
"နည်းနည်းပါးပါးပါ အဆင့် ၈၊ အဆင့် ၉ လောက်ပါပဲ"
"ဟင်..."
ငါးယောက်လုံး ထပ်ပြီး အံ့သြသွားကြသည်။ ဆေးပညာ၊ အစီအရင်၊ အဆောင်၊ အခု လက်နက်သွန်းလုပ်ခြင်း ပါ တတ်တယ်တဲ့လား။
သူတို့ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာသည်။
‘ဒီလူငယ်လေး... အတတ်ပညာ ၁၆ မျိုးလုံး တတ်နေတာများလား’
တွေးကြည့်ရုံနဲ့ ရင်ခုန်စရာ ကောင်းနေသည်။ ဆယ်နှစ်သားနဲ့ သူတော်စင် ဖြစ်တယ် ဆိုတာထက် ပိုပြီး အံ့သြစရာ ကောင်းသည်။
တကယ်လို့ ဟုတ်ခဲ့ရင် အံ့ဖွယ်နဂါး တိုက်ကြီး တစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်။
အံ့သြပြီးနောက် ဖန်ယွင်က မေးလိုက်သည်။
"ဆရာကျန်း... ဘာတွေ ပြင်လိုက်လဲ ဆိုတာ ရှင်းပြပေးလို့ ရမလား"
အသက်ကြီးတဲ့ ဖန်ယွင်က လေးလေးစားစား မေးလာတော့ ကျန်းပေရန် သဘောကျသွားသည်။ ပညာလိုချင်ရင် မာနချရမယ် ဆိုတာ သူတို့ သိကြသည်။
ကျန်းပေရန်က ဆေးပေါင်းအိုး အပေါ်က အပေါက်ကို ပုတ်ပြပြီး ပြောလိုက်သည်။
"ဒါက ဝိညာဉ်စွမ်းအင် ဝင်ပေါက်။ ဝိညာဉ်ကျောက်တုံး ထည့်ပြီး စွမ်းအင် ဖြည့်လို့ ရတယ်"
"ဝိညာဉ်ကျောက်တုံးလား"
ငါးယောက်လုံး အော်လိုက်ကြသည်။ ယောင်ယိချန် က မေးလိုက်သည်။
"ဖိအား မလုံလောက်တဲ့ အခါ သုံးတာလား"
"ဒါပေါ့ ဘာလုပ်ဖို့လဲ"
ကျန်းပေရန်၏ အကြည့်ကြောင့် ယောင်ယိချန် မျက်နှာရဲသွားသည်။ ငယ်ငယ်က ဆရာသင်ပေးတုန်းကလို ခံစားလိုက်ရသည်။
"အဟွတ်... ဒါပေမဲ့ ဆေးပေါင်းအိုးထဲက ဖိအားက မတည်ငြိမ်ဘူးလေ။ ထပ်ပြီး စွမ်းအင် ထည့်လိုက်ရင် ပေါက်ကွဲမသွားဘူးလား"
"ခင်ဗျားတို့ လုပ်ရင် ပေါက်ကွဲမှာပေါ့။ ကျွန်တော် လုပ်ရင် မပေါက်ကွဲဘူး"
ယောင်ယိချန် မကျေမနပ် ဖြစ်သွားသည်။ သူက တစ်သက်လုံး ဆေးဖော်လာတာ။ ဒီကိစ္စမှာ ဘယ်သူ့ကိုမှ အရှုံးမပေးချင်ဘူး။
သူ့အမူအရာကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်သည်။
"စီနီယာ ယောင် အထင်မလွဲပါနဲ့ ကျွန်တော် ဆိုလိုတာက ဒီအပေါက်ကို ကောင်းကောင်း သုံးနိုင်ဖို့ လက်နက်သွန်းလုပ်ခြင်း အတတ်ပညာ လိုအပ်တယ် မဟုတ်ရင် စွမ်းအင် ဝင်ရောက်မှုကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"
ဒီအဖြေကို ကြားတော့ ယောင်ယိချန် လက်ခံလိုက်သည်။ သူက လက်နက်သွန်းလုပ်ခြင်း နားမလည်ဘူးလေ။
ဘိုကျင်းယွင် က ဝင်မေးလိုက်သည်။
"ဆရာကျန်း... လက်နက်သွန်းလုပ်ခြင်း ဘယ်အဆင့် ရောက်မှ ထိန်းချုပ်နိုင်မှာလဲ"
"အင်း..." ကျန်းပေရန် မေးစေ့ကို ပွတ်လိုက်သည်။
"သေချာတော့ မစဉ်းစားဖူးဘူး။ ဒါပေမဲ့ အဆင့် ၇၊ အဆင့် ၈ လောက်တော့ လိုမယ် ထင်တယ်။ မဟုတ်ရင် လူနဲ့ ကိရိယာ တစ်သားတည်း မဖြစ်နိုင်ဘူး"
‘လူနဲ့ ကိရိယာ တစ်သားတည်း’
ဒီစကားလုံးကို ကြားလိုက်တော့ ဆေးပညာရှင် ငါးဦး မျက်လုံးပွင့်သွားသလို ခံစားလိုက်ရသည်။
သူတို့က အဆင့် ၉ ရောက်နေပြီ ဆိုတော့ တတ်စရာ ကုန်ပြီလို့ ထင်နေကြတာ။ ရှေ့ဆက်စရာ လမ်းမရှိတော့ဘူးလို့ ခံစားနေကြတာ။
ဒါပေမဲ့ ကျန်းပေရန် စကားက လမ်းသစ် ဖွင့်ပေးလိုက်သလို ဖြစ်သွားသည်။
သူတို့က ဆေးပေါင်းအိုး အကြောင်း အကုန်သိတယ် ထင်နေပေမဲ့ တကယ်တမ်းကျတော့ ဘယ်လို သုံးရမလဲ ဆိုတာလောက်ပဲ သိကြတာ။
ဘယ်လို လုပ်ထားလဲ၊ သဘောတရားက ဘာလဲ ဆိုတာ မသိကြဘူး။
တကယ်လို့ သိခဲ့ရင် ဆေးပညာ လမ်းကြောင်းမှာ ပိုပြီး ခရီးပေါက်နိုင်မှာ သေချာသည်။
သူတို့၏ အံ့သြနေသော မျက်နှာများကို ကြည့်ပြီး ကျန်းပေရန် သဘောကျသွားသည်။
သူတို့ အတွက်တော့ ဆေးပေါင်းအိုးမှာ ဝိညာဉ်စွမ်းအင် ဝင်ပေါက် တပ်ဆင်တာက မဖြစ်နိုင်ဘူးလို့ ထင်ကြသည်။ ပေါက်ကွဲသွားမယ်လို့ တွေးကြသည်။
ဒါပေမဲ့ ကျန်းပေရန် အတွက်တော့ ဒါက သာမန် ကိစ္စလေး တစ်ခုသာ ဖြစ်သည်။
ဘာလို့လဲ ဆိုတော့ သူက အတတ်ပညာ နှစ်ခုလုံး ကျွမ်းကျင်လို့ပဲ။
"ဟား ဟား ဟား"
ယောင်ယိချန် ရယ်မောလိုက်သည်။
"လူနဲ့ ကိရိယာ တစ်သားတည်း... ကောင်းလိုက်တဲ့ စကား ဆရာကျန်း... မင်းက ငါတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်တာပဲ"
"ဟုတ်တယ်"
ဖန်ယွင် ကလည်း ခေါင်းညိတ်လိုက်သည်။
"တကယ့်ကို ဗဟုသုတ ရလိုက်ပါတယ်။ ဆရာကျန်းရဲ့ အရည်အချင်းက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတယ် ဆိုတာ သိလိုက်ရပြီ။ လေးစားပါတယ်"
သူတို့ ချီးကျူးတာ ခံယူပြီးနောက် ကျန်းပေရန် ပြောလိုက်သည်။
"ကဲ... တခြား အတတ်ပညာတွေ စိတ်ဝင်စားနေကြပြီ ဆိုပေမဲ့ အခု အခြေအနေက အရေးကြီးနေတယ်။ ကျွန်တော်တို့ အလုပ် ကို အရင် လုပ်ကြရအောင်။ အဆိပ်ဖြေနည်း ရှာကြစို့"
ငါးယောက်လုံး သတိဝင်လာကြသည်။
"ဟုတ်တယ် ဆရာကျန်း ပြောတာ မှန်တယ်။ အခု အချိန်ဖြုန်းနေလို့ မရဘူး"
"ဒါဆိုရင် တစ်ယောက်ချင်းစီ အကြံဉာဏ်တွေ ထုတ်ကြမယ်။ ပြီးရင် ဆွေးနွေးကြမယ်။ အဲဒါဆိုရင် ပိုကောင်းတဲ့ နည်းလမ်းတွေ ပေါ်လာလိမ့်မယ်"
"ကောင်းပြီ။ ငါ အရင် စပြောမယ်"
ယောင်ယိချန် က မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ စာလိပ် တစ်ခု ထုတ်ယူလိုက်သည်။