← Chapters

ဒိုရေမွန်

Vol. 49 Ch. 564

ဒိုရေမွန်

Vol. 49 Ch. 564

အဆင့် ၉ ဆေးပညာရှင် ငါးဦးနှင့် တစ်ညလုံး ဆွေးနွေးပြီးနောက် ကျန်းပေရန်သည် အသိပညာ အများအပြား ရရှိခဲ့သည်။

အမှန်တော့ အဆင့် ၉ အစီအရင် ပညာရှင် စစ်ထူကျိ နှင့် စကားပြောခဲ့ကတည်းက အဆင့် ၉ အတတ်ပညာရှင်တွေမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ် ဆိုတာ ကျန်းပေရန် သိခဲ့သည်။

အစီအရင်ပိုင်းမှာ ဆိုရင် စစ်ထူကျိကို သူ မမှီနိုင်သေးဘူး ဆိုတာ လက်ခံထားသည်။

ဥပမာ ချီတိုင်းပြည်၏ အကာအကွယ် အစီအရင်ကြီး ဆိုရင် သူ လုံးဝ မလုပ်နိုင်သေးတဲ့ အရာ ဖြစ်သည်။

ဒါကြောင့် ဒီ အဆင့် ၉ ဆေးပညာရှင် ငါးဦးကို တွေ့ကတည်းက သူတို့ကို ဖိနှိပ်ထားပြီး ဆွေးနွေးပွဲမှာ ဦးဆောင်သူ နေရာ ရယူနိုင်အောင် ကြိုတင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

ဘာကြောင့် ဦးဆောင်သူ နေရာ ရယူချင်ရတာလဲ ဆိုရင်တော့ ရှင်းပါတယ်။

သူတို့ကို ပညာပေးသလိုလိုနဲ့ မေးခွန်းထုတ်လို့ ရတယ်လေ။

ဥပမာ "ဪ စီနီယာယောင် က အပ်စိုက်သွေးကြောဖွင့်နည်း နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အမြင် ရှိတာလား"

"စီနီယာဖန်... ဝိညာဉ်သွေးကြော ဆေးဖော်စပ်နည်း ကို တစ်ခါလောက် လုပ်ပြပါလား ဘာတွေ ပြင်ဆင်လို့ ရမလဲ ကြည့်ချင်လို့ပါ"

စသဖြင့်ပေါ့။

အခုဆိုရင် သူတို့စိတ်ထဲမှာ ကျန်းပေရန်က အဆင့်အတန်း မြင့်မားသူ ဖြစ်နေပြီ ဆိုတော့ ဒီလို ပြောလည်း သဘာဝကျနေသည်။ သူတို့ဆီက ပညာတွေ အလကား ရတဲ့အပြင် သူတို့ကပါ ကျေးဇူးတင်နေဦးမည်။

တကယ်လို့သာ ကျန်းပေရန်က ဒီလို အရှိန်အဝါ မယူထားဘဲ သာမန်အတိုင်း ဆွေးနွေးမယ် ဆိုရင် သူတို့က ပညာဝှက်ထားကြမှာ သေချာသည်။ မဝှက်ရင်တောင် အလကား သင်ပေးမှာ မဟုတ်ဘူး။

လက်တွေ့မှာတော့ သူ့အကြံအစည် အောင်မြင်သွားသည်။ အဆင့် ၉ ဆေးပညာရှင် ငါးဦးသည် ကျောင်းသားလေးတွေလို ရိုကျိုးနေပြီး မေးသမျှ ဖြေပေးနေကြသည်။

တစ်ညလုံး ဆွေးနွေးပြီးနောက် သူတို့ ငါးယောက် ဘာတွေ ကျွမ်းကျင်လဲ ဆိုတာ ကျန်းပေရန် သိလိုက်ရသည်။

ပညာရှင်ကြီးတွေ ဖြစ်တဲ့ အားလျော်စွာ အကုန်လုံး တတ်ကျွမ်းကြပေမဲ့ ပိုထူးချွန်တဲ့ နယ်ပယ်တွေ ရှိကြသည်။

ယောင်ယိချန် က အတွင်းအား တိုးပွားစေတဲ့ ဆေးဝါးတွေ ဖော်စပ်ရာမှာ အထူးချွန်ဆုံး ဖြစ်သည်။

ဖန်ယွင် က အရိုးတည်ဆောက်ခြင်း မှာ အထူးချွန်ဆုံး ဖြစ်သည်။ ဒါကြောင့်လည်း တော်ဝင်မိသားစုက အကြီးတန်း သမားတော် အဖြစ် ခန့်ထားတာ ဖြစ်သည်။ နောက်မျိုးဆက်သစ်တွေရဲ့ ပါရမီ မနိမ့်ကျအောင် တာဝန်ယူပေးရသည်။

ရွှယ်ချန် က စွမ်းအင် လွှဲပြောင်းခြင်း မှာ ကျွမ်းကျင်သည်။ ကျင့်ကြံသူ တစ်ယောက်ကို ဓာတ်သဘာဝ နှစ်မျိုး ပိုင်ဆိုင်အောင် လုပ်ပေးနိုင်သည် ဆိုတာ ကြားလိုက်ရတော့ ကျန်းပေရန် အံ့သြသွားသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူ တစ်ယောက်က ဓာတ်သဘာဝ တစ်မျိုးပဲ ပိုင်ဆိုင်နိုင်တာလေ။ အတတ်ပညာ တစ်ခုတည်းပဲ တတ်မြောက်နိုင်တယ် ဆိုတာလိုပဲ ဒါက အခြေခံ သဘောတရား ဖြစ်သည်။

ဒါပေမဲ့ ရွှယ်ချန် က ဒီအယူအဆကို ချိုးဖျက်ပစ်လိုက်သည်။

‘အဆင့် ၉ ဆေးပညာရှင် ဆိုတာ တကယ် မခေပါလား’ ဟု ကျန်းပေရန် ချီးကျူးမိသည်။

လေဟန်ချင်း က အပ်စိုက်ပညာ မှာ နာမည်ကြီးသည်။ သူ့ရဲ့ ပျံသန်းအပ် နည်းစနစ်က လူကို ကုသပေးနိုင်သလို သတ်လည်း သတ်နိုင်သည်။ သေလူကိုတောင် ရှင်အောင် လုပ်ပေးနိုင်သည်ဟု ကောလာဟလ ရှိသည်။

သူက စကားအနည်းဆုံး ဖြစ်ပေမဲ့ ဆေးပညာ အပေါ်ထားတဲ့ စိတ်ဆန္ဒကတော့ မလျော့နည်းပေ။ ကျန်းပေရန်ကိုလည်း လေးစားသည်။

နောက်ဆုံးတစ်ယောက် ဘိုကျင်းယွင် က အဆိပ်ဖြေခြင်း မှာ ကျွမ်းကျင်သည်။ ကျန်းပေရန် မရောက်ခင်က သူက ခေါင်းဆောင် ဖြစ်သည်။

ဒါပေမဲ့ ဂူကျင့်ကြံသူတွေ ပျောက်သွားကတည်းက ဂူအဆိပ်တွေလည်း ပျောက်ကွယ်သွားလို့ သူ လေ့လာစရာ မရှိ ဖြစ်နေသည်။ အစက ပြန်စနေရသလို ဖြစ်နေသည်။

ဒီလို မတူညီတဲ့ ကျွမ်းကျင်မှုတွေ ရှိတဲ့ ပညာရှင် ငါးယောက်နဲ့ တွဲလုပ်ရတာ ကျန်းပေရန် အတွက် အတွေ့အကြုံ ရွှေအိုးကြီး ရလိုက်သလို ဖြစ်နေသည်။ သူတို့ဆီက ပညာတွေ ရရင် သူ့ဆေးပညာ အဆင့် အများကြီး တက်လာမှာ သေချာသည်။

သုံးရက် ကြာပြီးနောက် ကျန်းပေရန်သည် ရွှေကျီးကန်း ဆေးအိုး ကို ဖွင့်လိုက်ပြီး အထဲမှ ဆေးလုံးကို ကြည့်ကာ အော်ပြောလိုက်သည်

"အားလုံးပဲ လာကြည့်ကြပါဦး"

ကျန်းပေရန် အသံကြားတော့ သုတေသန လုပ်နေကြတဲ့ ငါးယောက်လုံး ပြေးလာကြသည်။

ဆေးအိုးထဲ ငုံ့ကြည့်ပြီး အံ့သြသွားကြသည်။

ယောင်ယိချန် က ဆေးလုံး တစ်လုံး ယူလိုက်ပြီး သေချာ ကြည့်ကာ ပြောလိုက်သည်။

"မင်း ဒီလောက် မြန်မြန် ဖော်စပ်နိုင်ခဲ့တာလား"

ကျန်းပေရန် ခေါင်းခါလိုက်သည်။

"နှေးနေပါသေးတယ်"

မနေ့ နေ့လယ်က ခြောက်ယောက်သား အပြင်းအထန် ဆွေးနွေးပြီးနောက် ပထမဆုံး ကုသနည်း တစ်ခု ရရှိခဲ့သည်။

ဆေးဖော်စပ်ခြင်း

ဆေးပညာရှင်တွေရဲ့ အဓိက စွမ်းရည် ဖြစ်တဲ့ ဆေးဖော်စပ်ခြင်း ဖြစ်သည်။

အရင်တုန်းကလည်း သူတို့ ဆေးဖော်စပ်ဖူးပေမဲ့ အဆိပ်ပြန်ထတာကို မတားဆီးနိုင်ခဲ့ပေ။

ဆွေးနွေးပြီးနောက် ကျန်းပေရန်က အကြံတစ်ခု ပေးခဲ့သည်။

အခြေအနေက အရေးကြီးနေတော့ အထူးနည်းလမ်း သုံးမှ ရမည်။

အဆိပ်ကို အမြစ်ပြတ် ကုသဖို့ထက် အဆိပ်ပြန်ထတာကို နှောင့်နှေးအောင် လုပ်ဖို့က ပိုလွယ်ကူလိမ့်မည်။

ကျန်းပေရန်၏ အကြံပြုချက်ကို အားလုံး သဘောတူလိုက်ကြသည်။

အဆိပ်ရွှေ့ပြောင်းနည်း လိုပဲ အမြစ်မပြတ်ပေမဲ့ ထိရောက်တဲ့ နည်းလမ်း ဖြစ်သည်။

သဘောတူပြီးနောက် ခြောက်ယောက်သား ဝိုင်းဝန်း စဉ်းစားကြပြီး လက်တွေ့ စမ်းသပ်ကြသည်။

ကျန်းပေရန်က အရင်ဆုံး အောင်မြင်သွားခြင်း ဖြစ်သည်။

ဆေးနံ့ကို ရှူရှိုက်လိုက်ပြီး ယောင်ယိချန် က ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

အခုချိန်မှာ အတွင်းအား ရှိသူတိုင်း အဆိပ်သင့်နေတာ ဆိုတော့ စမ်းသပ်မယ့်သူ ရှာနေစရာ မလိုပေ။ ကိုယ့်ဘာသာ စမ်းသပ်လိုက်ရုံပဲ။

ယောင်ယိချန် ဆေးသောက်လိုက်တာကို ကျန်တဲ့ လေးယောက်က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဖန်တီးသူ ကျန်းပေရန် ကတော့ အေးဆေးပင်။ ဆေးအိုးကို ဆေးကြောပြီး ဘာတွေ ထပ်ပြင်လို့ ရမလဲ စဉ်းစားနေသည်။

...

"အောင်မြင်ပြီ"

တစ်မွှေးတိုင်ညှိချိန် ကြာပြီးနောက် ယောင်ယိချန် ဝမ်းသာအားရ အော်လိုက်သည်။

ဆေးသောက်လိုက်တာနဲ့ အဆိပ်ပြေသွားတာက ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပေ။ အရင်ကလည်း ရခဲ့ဖူးသည်။

ဒါပေမဲ့ အရင်တုန်းက ဆေးသောက်ပြီးတာနဲ့ ချက်ချင်း အဆိပ်ပြန်ထလာတတ်သည်။ အခု တစ်မွှေးတိုင်ညှိချိန် အထိ ခံတယ် ဆိုတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဆိုတာ သေချာသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ယောင်ယိချန် မျက်နှာပျက်သွားပြီး ပြောလိုက်သည်။

"ပြန်ဖြစ်လာပြီ" ဒါပေမဲ့ လေသံကတော့ သိပ်စိတ်ပျက်ပုံ မရပေ။

ဖန်ယွင် က ဝင်ပြောလိုက်သည်။

"မဆိုးပါဘူး လမ်းကြောင်း မှန်နေပြီ ဆိုတော့ အချိန် ပိုကြာအောင် လုပ်ဖို့က မခက်တော့ပါဘူး"

"ဟုတ်တယ်" ယောင်ယိချန် က ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်သည် ။

"ဆရာကျန်းရဲ့ ဆေးပညာက တကယ် ထူးချွန်တာပဲ လေးစားပါတယ်"

သီအိုရီနဲ့ လက်တွေ့က ကွာခြားသည်။ မနေ့က ဆွေးနွေးပြီးကတည်းက ယောင်ယိချန် ပြင်ဆင်နေတာ အခုထိ မပြီးသေးဘူး။

ကျန်းပေရန်ကတော့ ဆေးတောင် ရနေပြီ။

ဒါကြောင့် ယောင်ယိချန် အရှုံးပေးလိုက်ရသည်။

ယောင်ယိချန် ချီးကျူးတာကို ကြားပြီး ကျန်းပေရန် ခဏ စဉ်းစားလိုက်သည်။

"အမွှေးတိုင်တစ်တိုင် ကြာချိန် ဆိုတာ နည်းလွန်းတယ် ပြန်ဆွေးနွေးပြီး ဘယ်နေရာ မှားနေလဲ ရှာကြရအောင်"

အဆင့် ၉ ဆေးပညာရှင် ငါးဦးနဲ့ ဆွေးနွေးရတာ ကျန်းပေရန် အတွက် အကြံဉာဏ်သစ်တွေ အများကြီး ရစေသည်။ တစ်ယောက်တည်း လုပ်ရင် ဒီလောက် မရနိုင်ဘူး။

ဒါကြောင့်လည်း ရှန့်တိုင်းပြည်ကို လာခဲ့တာ။

ကျန်းပေရန်၏ လုံ့လဝီရိယကို မြင်သောအခါ ယောင်ယိချန် ကလည်း လေးစားသမှုဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ သံပူတုန်း ထုရအောင် လမ်းကြောင်းမှန်နေပြီ ဆိုတော့ ကျန်တာ လွယ်သွားပြီ"

"ဟုတ်တယ်"

ခြောက်ယောက်သား ဝိုင်းဖွဲ့ပြီး ပြန်လည် ဆွေးနွေးရန် ပြင်လိုက်စဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။

"ငါ သွားဖွင့်လိုက်မယ်" တံခါးနဲ့ အနီးဆုံး ကျန်းပေရန် ထသွားလိုက်သည်။

တံခါးဖွင့်လိုက်တော့ ရပ်နေတဲ့သူကို မြင်ပြီး အံ့သြသွားသည်။

"စီနီယာချောင်... ဘာကိစ္စ ရှိလို့လဲ"

ကျန်းပေရန်ကို မြင်တော့ ချောင်ကျင်းဟွာ က ချက်ချင်း ပြောလိုက်သည်။

"အရေးကြီးတယ် ငါနဲ့ ချက်ချင်း လိုက်ခဲ့ပါ"

ကျန်းပေရန် ခေါင်းခါလိုက်သည်။

"အဆိပ်ဖြေဆေး ရှာတာထက် ဘာက ပိုအရေးကြီးလို့လဲ အခုမှ လမ်းစလေး ပေါ်လာတာ..."

"အချိန်မရှိတော့ဘူး မင်း မကူညီရင် ယွမ်မြို့က လူတွေ အကုန် သေကုန်လိမ့်မယ်"

"ဘာကိစ္စ ဒီလောက် အရေးကြီးနေရတာလဲ" ကျန်းပေရန် နားမလည်နိုင် ဖြစ်သွားသည်။

"အချိန်မရှိဘူး လာ အရင် လိုက်ခဲ့"

ချောင်ကျင်းဟွာ ပြောပြီး ကျန်းပေရန်ကို ပျံသန်းစံအိမ် ထဲ ဆွဲခေါ်သွားကာ နန်းတော် အပြင်ဘက်သို့ ပျံသန်းသွားသည်။

လမ်းတွင် ချောင်ကျင်းဟွာ က ရှင်းပြလိုက်သည်။

"ယွမ်မြို့ကို ခံတပ် အဖြစ် ရွေးချယ်လိုက်ရတာက ကျောက်စိမ်းတောင်ခြေ အစီအရင် ရှိလို့ပဲ ဒါပေမဲ့ အခု အဲဒီ အစီအရင်က မခံနိုင်တော့ဘူး"

ကျောက်စိမ်းတောင်ခြေ အစီအရင် ဆိုတဲ့ နာမည်ကြားတော့ ကျန်းပေရန် သဘောပေါက်သွားသည်။

‘ဪ... ဒါကြောင့် ဟိုနေ့က သူတော်စင်တွေ ကြက်သွေးသောက်ထားသလို စွမ်းနေကြတာကိုး...’

ကျောက်စိမ်းတောင်ခြေ အစီအရင် ဆိုတာ ဒဏ္ဍာရီထဲက အစီအရင် ဖြစ်သည်။ ဖန်တီးနိုင်တဲ့သူ ရှားပါးသည်။

ဒါကြောင့် ကျန်းပေရန် ထင်မထားခဲ့မိပေ။

အခု ချောင်ကျင်းဟွာ ပြောပြတော့မှ သဘောပေါက်သွားသည်။

ကျောက်စိမ်းတောင်ခြေ အစီအရင် ရဲ့ အကျိုးကျေးဇူးက နှစ်ချက် ရှိသည်။

တစ်ချက်က ကျင့်ကြံသူတွေကို အတွင်းအား အများအပြား ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ဒီအတွင်းအားက သဘာဝ ဝိညာဉ်စွမ်းအင်ကနေ ပြောင်းလဲတာ မဟုတ်ဘဲ အစီအရင်က တိုက်ရိုက် ထုတ်လုပ်ပေးတာ ဖြစ်လို့ သန့်ရှင်းပြီး စွမ်းအား ပြင်းထန်သည်။

ဒုတိယ အချက်က ကျင့်ကြံသူတွေရဲ့ သိုင်းကွက် စွမ်းအားကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ အစီအရင် အတွင်းမှာ ဆိုရင် စွမ်းအား နှစ်ဆ တိုးလာသည်။

ဒါကြောင့် ဂူကျင့်ကြံသူတွေ လိုက်လာတုန်းက သူတော်စင်တွေ အကုန်ထုတ်သုံးပြီး ပြန်တိုက်နိုင်ခဲ့တာ ဖြစ်သည်။

ဂူအဆိပ်က သဘာဝ ဝိညာဉ်စွမ်းအင်ကို ကူးစက်နိုင်ပေမဲ့ အစီအရင်က ထုတ်ပေးတဲ့ အတွင်းအားကို မကူးစက်နိုင်ပေ။ ဒါကြောင့် စိတ်ချလက်ချ သုံးနိုင်ခဲ့ကြသည်။

"ဘယ်သူက ဒီ အစီအရင်ကို ခင်းကျင်းထားတာလဲ"

ကျောက်စိမ်းတောင်ခြေ အစီအရင် က ရိုးရှင်းပေမဲ့ အရမ်း အသုံးဝင်တဲ့ ထိပ်တန်း အစီအရင် ဖြစ်သည်။

ဒဏ္ဍာရီထဲမှာပဲ ရှိတယ် ထင်ထားတာ ရှန့်တိုင်းပြည်မှာ တကယ် တွေ့လိုက်ရပြီ။

"အဆင့် ၉ အစီအရင် ပညာရှင် တစ်ယောက်ပါ ဒါပေမဲ့ သူက အခု ရှန့်တိုင်းပြည်မှာ မရှိဘူး ဒါကြောင့် အားလုံး စိတ်ပူနေကြတာ"

"ဒါဆို စီနီယာချောင် က ကျွန်တော့်ကို..."

ကျန်းပေရန် စကားမဆုံးခင်မှာပင် မျက်စိရှေ့ မည်းမှောင်သွားပြီး လျှို့ဝှက်အခန်း တစ်ခုထဲ ရောက်သွားသည်။

"လူ ခေါ်လာပါပြီ"

ချောင်ကျင်းဟွာ ပြောလိုက်တော့ ကူလျန်ချန် က ကျန်းပေရန်ကို စိတ်ဝင်တစား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဆရာကျန်း... မတွေ့တာ ကြာပြီနော်" ကူလျန်ချန် က ပြုံးပြီး ပြောလိုက်သည်။

"စီနီယာကြီးကူ ကို ဂါရဝပြုပါတယ်"

"ခေါ်လိုက်တဲ့ အကြောင်းရင်းကို ကျင်းဟွာ ပြောပြပြီးပြီ မဟုတ်လား"

"ကျောက်စိမ်းတောင်ခြေ အစီအရင် ကိစ္စလား"

"ဟုတ်တယ် ငါတို့ အားလုံးက ဒီ အစီအရင်ကို အားကိုးပြီး ဂူကျင့်ကြံသူတွေကို ခုခံနေရတာ ဒီနေ့ တိုက်ပွဲမှာ အစီအရင်က အားနည်းလာတာ သတိထားမိတယ် မကြာခင် ကုန်ခမ်းတော့မယ့် ပုံပဲ တကယ်လို့ အစီအရင် အလုပ်မလုပ်တော့ရင် နောက်တစ်ခါ ဂူကျင့်ကြံသူတွေ လာရင် ငါတို့အားလုံး သေကုန်ကြလိမ့်မယ်"

ကူလျန်ချန် စကားက ရှင်းလင်းပြတ်သားသည်။

မင်း မပြင်နိုင်ရင် အားလုံး အတူတူ သေရမယ်။

သေမိန့် ပေးလိုက်သလိုပါပဲ။

"အစီအရင်ရဲ့ အရေးပါပုံကို နားလည်ပါတယ် ဒါပေမဲ့ ကျွန်တော် တစ်ခါမှ မခင်းကျင်းဖူးတော့ အာမ မခံရဲ..."

"အဲဒါတွေ ပြောမနေနဲ့တော့ အခြေအနေကို မင်း သိပြီးပြီပဲ အကောင်းဆုံး ကြိုးစားပေးမယ်လို့ ယုံကြည်ပါတယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

"တခြား အစီအရင် ပညာရှင်တွေ ရှိသေးလား"

"ရှိတာပေါ့ လိုက်ခဲ့"

ကူလျန်ချန် ပြောပြီး လျှို့ဝှက်ခန်း အတွင်းပိုင်းသို့ ခေါ်သွားသည်။

စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရာ အဆောက်အဦး တစ်ခု၏ မြေအောက်ခန်းတွင် ရောက်နေကြောင်း သိလိုက်ရသည်။ ကျောက်စိမ်းတောင်ခြေ အစီအရင် ရှိနေသည်ကိုလည်း အာရုံခံမိသည်။

အစီအရင်ရဲ့ နှလုံးသည်းပွတ် နေရာ ဖြစ်သည်။

‘နက်နဲလိုက်တဲ့ အစီအရင်’

လေ့လာရင်း အခန်းတစ်ခန်းထဲသို့ ရောက်သွားသည်။

တံခါးဖွင့်လိုက်သည်နှင့် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

"စီနီယာ စစ်ထူ" ကျန်းပေရန် နှုတ်ဆက်လိုက်သည်။

စစ်ထူကျိ က ပြုံးလိုက်ပြီး ပြန်နှုတ်ဆက်သည်။

"ဒုတိယအကြိမ် ပြန်တွေ့တာ ဒီလို အခြေအနေမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး"

"ဟုတ်ပါ့ဗျာ ရှီအိမ်တော်ကို အလည်လာမယ် ပြောပြီး အခုထိ ပေါ်မလာဘူး စောင့်လိုက်ရတာ"

"ဟား ဟား ဟား ကိစ္စတွေ များနေလို့ပါကွာ ဒီကိစ္စ ပြီးသွားရင် မင်းကို အရက်ဝယ်တိုက်ပြီး ပြန်ချော့ပါ့မယ်"

"မဖြစ်ပါဘူး ဂျူနီယာက တိုက်ရမှာပါ"

နှုတ်ဆက်ပြီးနောက် ကူလျန်ချန် က ပြောလိုက်သည်။

"ဆရာကြီး စစ်ထူ ကိုယ်တိုင်က မင်းကို အကူအညီ တောင်းချင်လို့ ခေါ်ခိုင်းလိုက်တာ ဟိုဘက်က ကိစ္စလည်း အရေးကြီးမှန်း သိပေမဲ့ ဒီဘက်က ပိုအရေးကြီးနေလို့ပါ"

‘ငါ့ကို ဒိုရေမွန် လို့များ ထင်နေကြလား’

ကျန်းပေရန် တွေးလိုက်မိသည်။ သူ့ကို အရာရာ တတ်ကျွမ်းသူ အဖြစ် သတ်မှတ်လိုက်ကြပြီ။ နောက်ဆိုရင် ပြဿနာ တက်တိုင်း သူ့ကို သတိရကြတော့မည်။

‘ဟူး... အလုပ်သမားခေါင်းဆောင် ဖြစ်ရမယ့် ကိန်း ဆိုက်နေပြီ’

စိတ်ထဲတွင် ညည်းတွားလိုက်ပြီး ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ"

စစ်ထူကျိ ဘေးနားကို ကြည့်လိုက်တော့ လူတစ်ယောက်တည်း ရှိနေတာ တွေ့လိုက်ရသည်။

ဆေးပညာရှင်တုန်းက ငါးယောက်တောင် ရှိတာ အစီအရင် ပညာရှင်ကျတော့ နှစ်ယောက်တည်းလား။

အစီအရင် ပညာက ခက်ခဲလွန်းလို့ အဆင့် ၉ ရောက်ဖို့ မလွယ်တာတော့ ဟုတ်ပါရဲ့။

ဒါပေမဲ့ ရှန့်တိုင်းပြည် တစ်ခုလုံးမှာ နှစ်ယောက်တည်း ရှိတယ် ဆိုတာတော့ နည်းလွန်းသည်။

‘မဟုတ်သေးပါဘူး တခြား အဆင့် ၉ ပညာရှင်တွေ ရှန့်တိုင်းပြည်မှာ မရှိတာ ဖြစ်မယ် ဒီ အစီအရင် ခင်းသွားတဲ့သူ မရှိသလိုမျိုးပေါ့’

‘နှစ်ယောက်တည်း ဆိုတော့... ငါးယောက်လောက် ပညာမရနိုင်တော့ဘူး ရှုံးပြီဟေ့’

စိတ်ထဲတွင် တွေးလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။

"ဂျူနီယာ အကောင်းဆုံး ကြိုးစားပါ့မယ် စိတ်ချပါ"

"ကောင်းပြီ မင်းတို့ အလုပ်လုပ်ကြတော့ ငါ အပြင်က စောင့်နေမယ်"

ကူလျန်ချန် ပြောပြီး ထွက်ခွာသွားသည်။

All Chapters