သင်္ဘောခန်းများ၏ ကြောက်မက်ဖွယ်
Vol. 109 Ch. 1459
တစ္ဆေသင်္ဘော က ကြောက်စရာ ကောင်းတယ် ဆိုတာ သိပေမယ့် ရဲကျန့်လို ဆရာကြီး တစ်ယောက်တောင် လွယ်လွယ်လေး ဖမ်းခေါ်သွားခံရတာ ယန်ကျန့် အတွက် ထိတ်လန့်စရာပဲ။
"ဘာမှ မဖြစ်ပါဘူး"
ယန်ကျန့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။ ရဲကျန့် အရည်အချင်းနဲ့ ဆိုရင် ပထမဆုံး အခန်းက တစ္ဆေလောက်တော့ နိုင်မှာပါ။
ဒါပေမဲ့ ဒီသင်္ဘောပေါ်မှာ တစ္ဆေစွမ်းအားတွေက အကန့်အသတ် ရှိနေတော့ ပြောမရဘူး။
ယန်ကျန့် ချက်ချင်း ဝင်မကယ်ဘဲ အခြေအနေ စောင့်ကြည့်နေလိုက်သည်။
၁၀ စက္ကန့်လောက် ကြာတော့...
"ငါ့ကို အလစ်ဝင်တိုက်တာလား တော်တော် အနိုင်ကျင့်တဲ့ ကောင်ပဲ"
ရဲကျန့်ရဲ့ ဒေါသတကြီး အော်သံ ထွက်လာသည်။
အခန်းထဲက အမှောင်ထု ပျောက်ကွယ်သွားပြီး မြင်ကွင်း ပေါ်လာသည်။
အခန်းက စုတ်ပြတ်နေပြီး ကြမ်းပြင်ပေါ်မှာ ပုပ်ပွနေတဲ့ အလောင်း အစိတ်အပိုင်းတွေ ပြန့်ကျဲနေသည်။ တချို့က လှုပ်ရှားနေတုန်းပဲ။ ဒါပေမဲ့ ကွဲအက်နေပြီး ပျက်စီးတော့မယ့် ပုံပဲ။
ရဲကျန့်က မြေကြီးတွေ ပေကျံနေတဲ့ ဓားရှည်ကြီးကို ကိုင်ပြီး မတ်တတ်ရပ်နေတယ်။ မောဟိုက်နေပုံ ရတယ်။
"မင်း အဆင်ပြေသားပဲ ဒါဆို ငါ ကူညီစရာ မလိုတော့ဘူး အချိန်မဖြုန်းဘဲ ဒုတိယ အခန်းကို သွားကြမယ်"
ယန်ကျန့် စိတ်သက်သာရာ ရသွားသည်။
"မရဘူး ငါ့ဒေါသ မပြေသေးဘူး ဒီတစ္ဆေကို ဒီတိုင်း လွှတ်မပေးနိုင်ဘူး"
ရဲကျန့် ကြမ်းပြင်ပေါ်က အလောင်း အစိတ်အပိုင်းတွေကို ကြည့်လိုက်သည်။
တစ္ဆေက သေသွားတာ မဟုတ်ဘူး။ ခန္ဓာကိုယ် ကွဲသွားရုံပဲ။ ခဏနေရင် ပြန်ဆက်ပြီး အသက်ပြန်ရှင်လာမှာ။
"မင်း သူ့ကို ထိန်းချုပ်မထားနိုင်ရင် မသတ်နိုင်ပါဘူး အချိန်ဖြုန်းမနေနဲ့"
"ဒါဆို သူ့ကို ဖမ်းသွားပြီး ငါ ပျင်းတဲ့အချိန် လက်ဝှေ့ထိုးမယ် ငါ့ကို စော်ကားတဲ့ ကောင်ကို အလွယ်တကူ လွှတ်မပေးနိုင်ဘူး အနှစ် ၂၀ လောက် နှိပ်စက်ပစ်မယ်"
ရဲကျန့် မြေအိုးလေး တစ်လုံး ထုတ်လိုက်သည်။ သွေးတွေ ပေကျံနေပြီး အထဲကနေ ဆံပင်မည်းတွေ ထွက်နေတယ်။ ထူးဆန်းတဲ့ အသံတွေလည်း ကြားနေရတယ်။
"ဒါ သဘာဝလွန် ပစ္စည်းလား ချောင်ယန် ရဲ့ လူရေခွံအိတ် လိုမျိုးလား"
ယန်ကျန့် မေးလိုက်သည်။
ရဲကျန့်က အလောင်း အစိတ်အပိုင်းတွေကို အိုးထဲ ထည့်နေသည်။ အိုးက သေးပေမယ့် ဘယ်လောက် ထည့်ထည့် ဝင်နေသည်။
"ပြီးပြီ"
နောက်ဆုံး အစိတ်အပိုင်းကို ထည့်ပြီး ရဲကျန့် ကျေနပ်သွားသည်။
"ဒါ ဘယ်က ရတာလဲ တစ္ဆေဖမ်းဖို့ ကောင်းသားပဲ"
" သင်္ချိုင်းက တူးမိတာ မင်း လိုချင်ရင် ငါ့ဆီ လာခဲ့ လိုက်ပြမယ် မင်း ကြိုက်တာ တွေ့မှာ"
"သင်္ချိုင်း ဟုတ်လား တော်ပြီ မင်းဘာသာ တူး"
ယန်ကျန့် ငြင်းလိုက်သည်။
အဲဒီ သင်္ချိုင်းက အန္တရာယ် များကာ သင်္ချိုင်းစောင့် လော်ချန် နဲ့ ပတ်သက်နေသည်။ အုတ်ဂူဟောင်းတွေထဲမှာ တစ္ဆေတွေ ရှိကာ တူးမိရင် ထွက်လာပြီး သတ်လိမ့်မယ်။ အဲဒီမှာ ပစ္စည်း ရှာတာက သေမင်းနဲ့ ကစားတာပဲ။
"ငါက မင်းကို သူငယ်ချင်းလို သဘောထားလို့ ဖိတ်ခေါ်တာ တခြားလူဆို ပေးမဝင်ဘူး အဲဒီနေရာက ရတနာသိုက်ပဲ ငါက ရတနာ ရှာဖွေသူပေါ့ မင်းက စေတနာကို နားမလည်ပါလား"
ရဲကျန့် သက်ပြင်းချလိုက်သည်။
"မင်း နေ့တိုင်း သွားတူးတာလား"
"နေ့တိုင်းတော့ မဟုတ်ပါဘူး တစ်ပတ် ၃-၄ ရက်လောက်ပဲ"
ယန်ကျန့် ဘာပြောရမှန်း မသိတော့ဘူး။ ရဲကျန့်က အစားထိုးအရုပ် ရှိလို့ မသေနိုင်တာ။ တခြားလူဆိုရင် သေတာ ကြာပြီ။
"သွားကြစို့"
ယန်ကျန့် ဒုတိယ အခန်းဆီ ထွက်လာခဲ့သည်။
ဒုတိယ အခန်းက တံခါးပွင့်နေတယ်။ လူနေခဲ့တဲ့ လက္ခဏာတွေ ရှိတယ်။ ကုတင်၊ လက်ဖက်ရည်ခွက် တွေ ရှိနေတယ်။
ဒီသင်္ဘောက အစက သာမန် သင်္ဘော ဖြစ်လောက်တယ်။ နောက်ပိုင်းမှ တစ္ဆေသင်္ဘော ဖြစ်သွားတာ။
ယန်ကျန့် အခန်းထဲကို သေချာ ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပစ္စည်း တစ်ခု တွေ့လိုက်ရတယ်။
အပြာရောင် ပန်းကန်လုံး တစ်လုံး။ ဟောင်းနွမ်းနေပေမယ့် သစ်လွင်နေသေးတယ်။ ပတ်ဝန်းကျင်နဲ့ မလိုက်ဖက်ဘူး။
"ဒါ ပန်းကန်လုံး မဟုတ်ဘူး တစ္ဆေပဲ သင်္ဘောရဲ့ စွမ်းအားကြောင့် ငြိမ်သက်နေတာ ငါတို့ သူ့စည်းကမ်းကို မဖောက်ဖျက်သေးလို့ မလှုပ်ရှားတာ"
ယန်ကျန့် တွေးလိုက်သည်။
"သင်္ဘောဦး မရှိဘူး နောက်တစ်ခန်း သွားကြည့်ရအောင်"
ယန်ကျန့် ထွက်သွားဖို့ ပြင်လိုက်သည်။
"မဝင်ကြည့်ဘူးလား" ရဲကျန့်က အခန်းထဲ ဝင်သွားသည်။
"သေချာ မရှာရင် ဘယ်တွေ့မလဲ ယန်ကျန့်... မင်းက တိုက်ရည်ခိုက်ရည် ကောင်းပေမယ့် ဦးနှောက် သိပ်မရှိဘူး"
ရဲကျန့်က ကုတင်ပေါ်က စောင်ကို လှန်လိုက်သည်။ ဘာမှ မရှိဘူး။ ပန်းကန်လုံးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
ရဲကျန့် ပန်းကန်လုံးကို ကောက်ယူလိုက်သည်။
"ငါ စိတ်မဝင်စားဘူး မင်း လိုချင်လား ပေးမယ်"
"မလိုဘူး မသန့်ရှင်းတဲ့ ပစ္စည်းပဲ မယူတာ ကောင်းတယ် ပြဿနာ မရှာနဲ့"
"ငါ ရဲကျန့်က ပြဿနာ မရှာပေမယ့် ပြဿနာကို မကြောက်ဘူး ဒီကောင် ငါ့ကို လာစရင် ရိုက်ခွဲပစ်လိုက်မယ်"
ရဲကျန့် ပန်းကန်လုံးကို ပစ်ချလိုက်သည်။
ပန်းကန်လုံးက မကွဲဘူး။ သဘာဝလွန် စွမ်းအား ရှိနေလို့ပါ။
ရဲကျန့်က တကယ် မိုက်ရူးရဲ ဆန်တာပဲ။ အစားထိုးအရုပ် မရှိရင် သေတာ ကြာပြီ။
ယန်ကျန့် တတိယ အခန်းဆီ ထွက်လာခဲ့သည်။
ရဲကျန့် ထွက်သွားပြီးနောက်...
ကြမ်းပြင်ပေါ်က မှောက်နေတဲ့ ပန်းကန်လုံးက နည်းနည်း ကြွတက်လာသည်။ အက်ကြောင်းကြားထဲကနေ မီးခိုးရောင် မျက်လုံးတစ်စုံ ပေါ်လာပြီး ရဲကျန့် ကျောပြင်ကို စိုက်ကြည့်နေသည်။
ခဏနေတော့ ပြန်ပိတ်သွားသည်။ သင်္ဘောရဲ့ စွမ်းအားက သူ့ကို ဖိနှိပ်လိုက်လို့ပါ။
ဒါပေမဲ့ ဒီကန့်သတ်ချက်က ထာဝရ မဟုတ်ပါဘူး။ သင်္ဘော ကမ်းကပ်ရင် ကန့်သတ်ချက် ပျက်ပြယ်သွားပြီး တစ္ဆေတွေ အကုန် ထွက်လာတော့မှာ။
တတိယ အခန်း…
တံခါး ပိတ်ထားသည်။
"ငါ ဖွင့်လိုက်မယ်" ယန်ကျန့် ပြောလိုက်သည်။
ရဲကျန့် ကန်ဖွင့်မှာ စိုးလို့ပါ။
ယန်ကျန့် တံခါးလက်ကိုင်ကို ကိုင်ပြီး တစ္ဆေအရိပ် စွမ်းအားနဲ့ ဖွင့်လိုက်သည်။
အခန်းထဲမှာ စားပွဲပေါ် မှောက်နေတဲ့ ခြောက်သွေ့နေတဲ့ အလောင်း တစ်လောင်း ရှိကာ လက်ထဲမှာ ဘောပင် ကိုင်ထားငဘ် ။ စာရေးရင်း သေသွားပုံ ရလေသည်။
"ဒါ ရိုးရိုး အလောင်းပါ တစ္ဆေ မဟုတ်ဘူး"
ယန်ကျန့် တစ္ဆေမျက်လုံး နဲ့ ကြည့်လိုက်သည်။
ဒီအခန်းက ဘေးကင်းပါတယ်။
"သင်္ဘောဦး မရှိဘူး သွားကြစို့" ရဲကျန့် ပြောလိုက်သည်။
"နေဦး"
ယန်ကျန့် အလောင်းနား သွားပြီး စာအုပ်ကို ယူလိုက်သည်။
"ဒါ သင်္ဘောမှတ်တမ်းပဲ စာလုံးတွေက ရှင်းနေတုန်းပဲ"
ဖတ်ကြည့်လိုက်တော့ ဒီသင်္ဘော နာမည်က 'စပရိုး' တဲ့။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က အပျော်စီး သင်္ဘော။ မြူခိုးတွေကြား ဖြတ်မောင်းရင်း ထူးဆန်းတာတွေ ဖြစ်ပြီး လူတွေ သေကုန်ကြတာ။
နောက်ဆုံးမှာ တစ္ဆေသင်္ဘော ဖြစ်သွားတာ။
ဒီအလောင်းက သင်္ဘော အရာရှိ တစ်ယောက်ပဲ။ အခန်းထဲ ပုန်းနေရင်း ၇ ရက်မြောက် နေ့မှာ သေသွားတာ။
"အသုံးဝင်တဲ့ သတင်း မရှိပါဘူး ဆုတောင်းစာတွေနဲ့ ဝမ်းနည်းစရာတွေပဲ ရေးထားတာ"
ယန်ကျန့် စာအုပ်ကို သိမ်းလိုက်သည်။
"ဘယ်သူလဲ"
ရဲကျန့် အမှောင်ထဲကို လှမ်းအော်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"တစ်ယောက်ယောက် ငါ့ကို စိုက်ကြည့်နေတယ်"
ရဲကျန့် တည်ငြိမ်သွားသည်။
"လူလား"
"မသေချာဘူး တိုက်ကြည့်ရင် သိမှာပေါ့"
ရဲကျန့် ဓားကို ကိုင်ပြီး ရှေ့တိုးလိုက်သည်။
လမ်းလျှောက်လမ်းမှာ အရိပ်မည်းကြီး တစ်ခု ရပ်နေသည်။ လမ်းပိတ်နေသလိုပဲ။
ယန်ကျန့် ထွက်လာပြီး တစ္ဆေမီး ကို ထုတ်လိုက်သည်။ အစိမ်းရောင် မီးတောက်တွေက အမှောင်ထုကို ဖယ်ရှားလိုက်သည်။ ဒါပေမဲ့ မီးတောက်တွေက တဖြည်းဖြည်း သေးငယ်သွားသည်။ သင်္ဘောရဲ့ ဖိနှိပ်မှုကြောင့်ပါ။
ဒါပေမဲ့ မြင်ကွင်း ရှင်းသွားသည်။
အေးစက်နေတဲ့ အလောင်းကောင် တစ်ခု…. နိုင်ငံခြားသား ပုံစံ ဖြစ်ကာ ဘုရင်အဖွဲ့အစည်း က တင်ပေးလိုက်တဲ့ တစ္ဆေ ဖြစ်လောက်သည်။
အလောင်းကောင်က ပြုံးပြပြီး သူတို့ဆီ လျှောက်လာသည်။
"ဒီသင်္ဘောပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ တစ္ဆေ ဟုတ်လား"
ယန်ကျန့် မျက်ခုံးလှုပ်သွားသည်။
ရဲကျန့် ဘာလို့ ဒီလောက် တည်ငြိမ်နေလဲ ဆိုတာ သဘောပေါက်လိုက်ပြီ။