← Chapters

ပစ္စည်းကောင်းတွေ အမှန်တကယ်ရှိသူက ဧကရာဇ်ရွှင်းဝူ ဖြစ်နေဆဲပါပဲ

Vol. 21 Ch. 238

ပစ္စည်းကောင်းတွေ အမှန်တကယ်ရှိသူက ဧကရာဇ်ရွှင်းဝူ ဖြစ်နေဆဲပါပဲ

Vol. 21 Ch. 238

မော့ကျုံးယွမ်က သူ့အတွေ့အကြုံတွေကို ပြောပြပြီးသွားတဲ့အခါ သူ့စိတ်နှင့် ခန္ဓာကိုယ်မှာ အများကြီး ပေါ့ပါးလာသလို ခံစားရပြီး နာကျင်နေတဲ့ မျက်နှာအမူအရာလည်း ပျောက်ကွယ်သွားခဲ့သည်။

သခင်မကြီးမော့က မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ဖယ်ပြီး ပြောလိုက်သည်။

“ဆိုရိုးစကားအတိုင်း ဘေးဒုက္ခဆိုးကြီးကနေ လွတ်မြောက်လာသူတွေက အနာဂတ်မှာ ကောင်းမွန်တဲ့ ကံကြမ္မာကို ရရှိကြတယ်တဲ့။ ကျုံးယွမ်က ဒီဘဝရဲ့ ဒုက္ခတွေကို ခံစားပြီးသွားပြီမို့ ယခုကစပြီး သူ့အတွက် အရာအားလုံး ပိုကောင်းလာမှာပါ။

အမေက အခု အသက်ကြီးလာပြီ၊ ငါတို့မိသားစုတစ်ခုလုံး အခုအချိန်ကနေစပြီး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့ကိုပဲ မျှော်လင့်တယ်။”

“အမေ၊ ဒီလိုမျိုးပဲ ဖြစ်လာမှာပါ။ ကျွန်တော်နဲ့ အဋ္ဌမညီလေး၊ နဝမညီလေးတို့က အမေ့ကို နောက်ပိုင်းမှာ ကောင်းကောင်း ဂရုစိုက်ပေးမှာပါ။” ဟု မော့ကျုံးယွမ်က ပြောသည်။

မော့ကျုံးယွမ်ဟာ ထိုသို့ပြောရင်း ကုတင်ပေါ်ကထပြီး သူ့ရဲ့ မိခင်အိုကြီးရှေ့မှာ တရိုတသေ ဒူးထောက်လိုက်သည်။

“သားက အရင်က သားလိမ္မာတစ်ယောက် မဟုတ်ခဲ့ဘူး၊ အမေကို စိတ်ပူပင်စေခဲ့တယ်။”

သားဖြစ်သူရဲ့ ဒီလိုပုံစံကို မြင်လိုက်ရတော့ သခင်မကြီးမော့ရဲ့ မျက်လုံးထဲမှာ မျက်ရည်အသစ်တွေ ပြည့်လာပြီး မကြာခင်မှာ အခြားချွေးမများကလည်း မျက်ရည်သုတ်နေခဲ့ကြသည်။

ဟဲကျစ်ယန်လည်း မိန်းမသားတစ်ယောက်ဖြစ်ပြီး သူမဟာ အခြားသော မရီးများနှင့် မော့ဟန်ယွဲ့ထက် စိတ်ဓာတ်ပိုင်းမှာ အနည်းငယ် ပိုပြီး မာကြောပေမယ့် သူမဟာ ရေနဲ့ပဲ ဖွဲ့စည်းထားတယ်ဆိုတာကို ဝန်ခံရမည်။

ဒီလို မြင်ကွင်းမျိုးကို သူမ မခံနိုင်ဘူး။ လူတိုင်း ကျယ်ကျယ်လောင်လောင် ငိုနေတာကို မြင်ရတော့ ဒါဟာ မကြာခင်မှာ ပြီးဆုံးမှာ မဟုတ်ဘဲ နာကျင်စရာ မှတ်ဉာဏ်တွေ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာနိုင်တယ်လို့ သူမ ထင်သည်။

ဒါကြောင့် သူမက အနည်းငယ် နီရဲနေတဲ့ မျက်လုံးတွေကို သုတ်လိုက်ပြီး ပြောလိုက်သည်။

“အမေ၊ အစ်မတွေ၊ ပဉ္စမအစ်ကိုက မှတ်ဉာဏ်တွေ ပြန်ရလာတာ ကောင်းတဲ့အချက်ပဲ။ အမေက ပဉ္စမမြောက်အစ်ကိုကို မီးဖိုချောင်နတ်ဘုရားပုံဆွဲခိုင်းဖို့ လိုလားနေတာ မဟုတ်ဘူးလား။ အခု နေ့လည်နီးနေပြီ၊ ဘာကို စောင့်နေတာလဲ။”

သခင်မကြီးမော့လည်း သူ့ချွေးမရဲ့ ရည်ရွယ်ချက်ကို သိပြီး မျက်ရည်တွေကို ဦးဆောင်သုတ်လိုက်ပြီး မော့ကျုံးယွမ်အား မီးဖိုချောင်နတ်ဘုရားပုံဆွဲဖို့ တိုက်တွန်းလိုက်လေ၏။

ထင်ထားတဲ့အတိုင်း မော့ကျုံးယွမ်ဟာ စာပေအရည်အချင်းမှာ ထူးကဲပြီး သူ ရေးဆွဲတဲ့ မီးဖိုချောင်နတ်ဘုရားပုံဟာ လုံးဝ ခမ်းနားထည်ဝါလေသည်။

ဟဲကျစ်ယန်ကတော့ သူ့ကို အခြား အရာ တချို့ ဆွဲခိုင်းပြီး သူမရဲ့ အွန်လိုင်းဆိုင်မှာ ထည့်ရောင်းဖို့တောင် စဉ်းစားမိသည်။

သူမရဲ့အွန်လိုင်းဆိုင်အကြောင်းပြောရမယ်ဆိုရင်၊ ဟဲကျစ်ယန်ဟာ အချိန်အတော်ကြာ ဆိုင်ကို စီမံအုပ်ချုပ်မထားခဲ့ဘဲ ဝင်ငွေတိုးလာသလားဆိုတာကိုသာ တစ်ချက်တစ်ချက် စစ်ဆေးကြည့်ရှုနေခဲ့သည်။

ထို့အပြင် ပစ္စည်းစုဆောင်းသူကလည်း မကြာသေးခင်က ပစ္စည်းတွေဝယ်ဖို့ မရောက်လာခဲ့ဘဲ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့၏။

ဟဲကျစ်ယန်ဟာ နှစ်သစ်ကူးပွဲတော်နှင့် ပတ်သက်တဲ့ ဓလေ့ထုံးတမ်းတွေအကြောင်း သိပ်မသိခဲ့ဘူး။ သူမနဲ့ မော့ကျိုးယွီတို့ဟာ မနေ့က အပြင်ထွက်သွားစဉ်မှာ လိုအပ်တဲ့ အစားအသောက်တွေကို စီစဉ်ပြီးခဲ့ပြီ။

အခုဆိုရင် အိမ်က အသားတွေအားလုံးဟာ သူမရဲ့ ကိုယ်ပိုင်နေရာလပ်ထဲမှ လာတာ ဖြစ်ပြီး၊ တံငါရွာကနေ ပင်လယ်စာတွေ အများကြီး ဝယ်ထားခဲ့သလို၊ သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တချို့ကိုလည်း ပြင်ဆင်ထားပေးခဲ့သည်။

အိမ်မှာ အစားအသောက်တွေ အားလုံးပြင်ဆင်ပြီးဖြစ်တာမို့ သူမရဲ့ မရီးတွေအား ဟဲကျစ်ယန် စီမံခန့်ခွဲပေးဖို့ မလိုအပ်တော့ပါ။ သူမဟာ ထူးခြားတဲ့ဟင်းလျာတွေကိုသာ ချက်ပြုတ်ပေးဖို့ လိုအပ်‌သည်။

အချိန်အားလပ်ရတုန်း ဟဲကျစ်ယန်ဟာ သူမရဲ့အခန်းထဲ ပြန်လာပြီး သူမရဲ့ နေရာလပ်ထဲကို ဝင်လိုက်သည်။

သိုလှောင်ခန်းထဲမှာ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ဆီက ယူလာခဲ့တဲ့ ပစ္စည်းတွေ အများကြီး ရှိနေသေးသည်။

အဲဒီပစ္စည်းတွေဟာ ဧကရာဇ်ဘဏ္ဍာတိုက်က ပစ္စည်းတွေလောက် တန်ဖိုးမများပေမယ့် သူမရဲ့ ဆိုင်မှာ တင်ထားပြီး ရောင်းချဖို့ ထိုက်တန်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်သည်။

ဒီပစ္စည်းတွေက သိုလှောင်ခန်းထဲမှာ နေရာယူမနေရအောင် ဟဲကျစ်ယန်က အားလုံးကို ဓာတ်ပုံရိုက်ပြီး သူမရဲ့ ဆိုင်မှာ တင်ရောင်းဖို့ လုပ်လိုက်သည်။

ဒီပစ္စည်းတွေကို စီစဉ်ပြီးသွားတာနဲ့ သူမရဲ့ ဖုန်းမျက်နှာပြင်အောက်ခြေက ကိုယ်ပိုင်အိုင်ကွန်တစ်ခုက လှုပ်ခါသွားခဲ့သည်။

ဒီအိုင်ကွန်ဟာ ဟဲကျစ်ယန်အတွက် ရင်းနှီးတဲ့အရာဖြစ်ပြီး၊ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တဲ့ ပစ္စည်းစုဆောင်းသူလေး မဟုတ်ရင် ဘယ်သူဖြစ်မလဲ။

ပစ္စည်းစုဆောင်းသူလေး : [ဆိုင်ရှင်၊ တကယ့်ကို အံ့သြစရာပဲ၊ ဆိုင်ထဲမှာ ပစ္စည်းအသစ်တွေ ထပ်ထည့်ထားပြီပဲ။]

ဟဲကျစ်ယန် : [တန်ဖိုးမရှိတဲ့ ပစ္စည်းတချို့ပါပဲ။]

ပစ္စည်းစုဆောင်းသူလေး : [ဆိုင်ရှင်က သိပ်နှိမ့်ချလွန်းတယ်၊ ရှေးဟောင်းပစ္စည်းဆိုရင် တန်ဖိုးမရှိတဲ့ပစ္စည်းလို့ မခေါ်နိုင်ပါဘူး။]

ဟဲကျစ်ယန် : [အားလုံးက နှိုင်းယှဉ်မှုပါပဲ။]

ဒါဟာ လိမ်ညာစကား မဟုတ်ပါ။ သူမ အခု တင်လိုက်တဲ့ ဓာတ်ပုံတွေမှာ၊ ဥပမာ ကျောက်စိမ်းအဆင်တန်ဆာတချို့ဆိုရင်၊ ဧကရာဇ်ဘဏ္ဍာတိုက်က ပစ္စည်းတွေရဲ့ တစ်ဝက်မပြည့်တဲ့ ဈေးနှုန်းနဲ့ပဲ သတ်မှတ်ထားသည်။

ဒါက လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ဟာ ကျေးလက်ဒေသရဲ့ မြေရှင်တစ်ဦးသာ ဖြစ်ပြီး၊ တကယ့်ကို ပစ္စည်းကောင်းတွေရှိသူကတော့ ဧကရာဇ်ရွှင်းဝူ ဖြစ်နေဆဲပဲဆိုတာကို ပြသနေသည်။

ပစ္စည်းစုဆောင်းသူလေး : [ဆိုင်ရှင်၊ ရှင့်ဆိုင်မှာ ရောင်းတဲ့ ရှေးဟောင်းပစ္စည်းတွေက တကယ့်ကို စစ်မှန်ပြီး တန်ဖိုးရှိတယ်။ ကျွန်မရဲ့ ရန်ပုံငွေတွေ အခု လည်ပတ်နိုင်မယ်ဆိုရင်၊ ရှင့်ဆိုင်ထဲက ပစ္စည်းအားလုံးကို ဝယ်ယူလိုက်မှာ သေချာတယ်။]

ဟဲကျစ်ယန် : [တစ်ခုခုဖြစ်ခဲ့တာလား။]

သူမက ပုံမှန်ဖောက်သည်တစ်ယောက်ကို တစ်ချက်လောက် ဂရုစိုက်လိုက်တာပါ။ ပစ္စည်းစုဆောင်းသူက အရမ်းရိုးသားစွာ ဖြေကြားလာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

[ကျွန်မတို့မိသားစုဟာ ရှေးဟောင်းပစ္စည်းလုပ်ငန်းကို အမြဲလုပ်ကိုင်လာခဲ့ပြီး အရင်က ဘယ်တုန်းကမှ ငွေကြေးပြဿနာ မရှိခဲ့ဘူး။ ဒါပေမယ့် မကြာသေးခင်က သူငယ်ချင်းတစ်ယောက်နဲ့ ပူးပေါင်းပြီး အချင်း ( ၁၀ ) စင်တီမီတာ ရှိတဲ့ တောင်ပင်လယ် ပုလဲ တစ်လုံးကို ဝယ်ယူခဲ့တယ်။ အဲဒီပုလဲကို ပြပွဲအတွက် စီစဉ်နေရင်း အခိုးခံလိုက်ရတယ်။

အဲဒီပုလဲက အရမ်းတန်ဖိုးရှိပြီး ကျွန်မရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုရဲ့ တစ်ဝက်ကျော်ကို သုံးလိုက်ရတယ်။ ပုလဲဟာ ကျွန်မရဲ့ စောင့်ကြပ်မှုအောက်မှာ ဆုံးရှုံးသွားတာမို့ ကျွန်မသူငယ်ချင်းရဲ့ အစုရှယ်ယာအတွက်ပါ သေချာပေါက် ပြန်ပေးချေရမှာပေါ့။]

တောင်ပင်လယ် ပုလဲတွေဟာ ဟဲကျစ်ယန်အတွက် ရင်းနှီးတဲ့အရာတွေဖြစ်ပြီး၊ သူတို့ရဲ့ တန်ဖိုးဟာလည်း အလွန် ကွဲပြားခြားနားသည်။

သူမဟာ ပစ္စည်းစုဆောင်းသူလေး ဆုံးရှုံးသွားတဲ့ ပုလဲရဲ့ အရည်အသွေးက ဘယ်လိုဖြစ်မလဲဆိုတာ အရမ်းသိချင်နေသည်။

[မင်းပြောတဲ့ တောင်ပင်လယ် ပုလဲက ဘယ်လိုမျိုးလဲ။]

ပစ္စည်းစုဆောင်းသူလေး : [အဲဒီ တောင်ပင်လယ် ပုလဲဟာ အလွန်ထူးခြားတယ်။ အချင်း ( ၁၀ ) စင်တီမီတာ၊ ပုလဲ တစ်ခုလုံးက အနက်ရောင်၊ အပြစ်အနာအဆာ မရှိဘူး။ ကျွမ်းကျင်သူတွေများစွာက အကဲဖြတ်ထားပြီး တာ့ရွှင်းမင်းဆက်က ထွက်ရှိခဲ့တဲ့ အလွန်ရှားပါးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလို့ အတည်ပြုထားတယ်။]

ဟဲကျစ်ယန်ဟာ တောင်ပင်လယ်ပုလဲများကို မြင်ဖူးခဲ့ပေမယ့် အနက်ရောင် အချင်း ( ၁၀ ) စင်တီမီတာရှိတဲ့ ပုလဲကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အဲဒီလို ပုလဲကို ထုတ်လုပ်တဲ့ ဂုံးကောင်ဟာ နတ်ဆိုးဖြစ်သွားပြီလားမသိ…

ပစ္စည်းစုဆောင်းသူက တောင်ပင်လယ် ပုလဲဟာ တာ့ရွှင်းမင်းဆက်က ဆင်းသက်လာတယ်လို့ ပြောခဲ့တာမို့ ဟဲကျစ်ယန်ရဲ့ စိတ်ဝင်စားမှုကို အလွန်ဖြစ်ပေါ်စေခဲ့သည်။

[မင်း ပြောတဲ့ တောင်ပင်လယ်ပုလဲက တာ့ရွှင်းမင်းဆက်က ဆင်းသက်လာတယ်ပေါ့။]

ပစ္စည်းစုဆောင်းသူလေး : [ဟုတ်တယ်၊ ကျွမ်းကျင်သူတွေက ဒီပုလဲဟာ တာ့ရွှင်းမင်းဆက်ကနေ ဆင်းသက်လာတယ်လို့ အတည်ပြုထားတယ်။ ဒီပုလဲမှာ နောက်ကြောင်း ရာဇဝင်တစ်ခုလည်း ရှိတယ်လို့ ပြောကြတယ်။]

ဟဲကျစ်ယန်ဟာ ပိုပြီး စိတ်ဝင်စားလာသည်။ [ဘယ်လိုနောက်ကြောင်းရာဇဝင်လဲ။]

ပစ္စည်းစုဆောင်းသူလေး : [ဒီပုလဲဟာ ရှင်းကျန်းတောင်ပိုင်းက လာတယ်လို့ ပြောကြတယ်။ အဲဒီအချိန်တုန်းက ရှင်းကျန်းတောင်ပိုင်းဧကရာဇ်ဟာ စစ်ပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့တယ်။ ဧကရာဇ်ရွှင်းဝူက အဲဒီပုလဲကို စစ်လျော်ကြေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးဖို့ အဆိုပြုခဲ့ပေမယ့် ရှင်းကျန်းတောင်ပိုင်းရဲ့ ဧကရာဇ်က ခေါင်းမာစွာ ငြင်းဆန်ခဲ့တာတဲ့။]

“အဲဒီပုလဲဟာ ရှင်းကျန်းတောင်ပိုင်း ဧကရီယွင်လီရဲ့ အရမ်းသဘောကျမြတ်နိုးတဲ့ပစ္စည်းဖြစ်ပြီး ရှင်းကျန်းတောင်ပိုင်းဧကရာဇ်က သူ့ဇနီးကို အလွန်ချစ်ခင်တန်ဖိုးထားတာမို့ အဲဒီပုလဲကို လွှဲပေးဖို့ထက် မြို့တစ်မြို့ကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ်။”

ဒီသမိုင်းအကြောင်းနဲ့ ပတ်သက်ပြီး ဟဲကျစ်ယန်ဟာ တကယ်တော့ သိပ်မသိခဲ့ဘူး။

ဘာပဲဖြစ်ဖြစ်၊ နောက်ပိုင်းမျိုးဆက်တွေဟာ အလယ်ပိုင်းလွင်ပြင်၏ ယဉ်ကျေးမှုကို သင်ယူခဲ့ကြပြီး ရှေးဟောင်းအစွန်အဖျားနိုင်ငံလေးတွေကို သမိုင်းပညာရှင်တချို့ကသာ နက်နက်ရှိုင်းရှိုင်း သုတေသနပြုလေ့ ရှိသည်။

ဒါကြောင့် သူမ ဝယ်ထားတဲ့ သမိုင်းစာအုပ်တွေမှာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းမရှိခဲ့ဘူး။ ယွင်လီ၏ အကြောင်း ပြောရမယ်ဆိုရင် ဒီသမိုင်းဟာ သူမကြောင့်လည်း ပြောင်းလဲသွားပေလိမ့်မည်။

အကယ်၍ သူမ ဒီကို မဖြတ်သန်းလာခဲ့ရင်၊ မော့ကျိုးယွီရဲ့ အသက်ရှင်နိုင်ခြေဟာ သိပ်မများခဲ့ဘူး။ ယွင်လီနှင့် နန်ဟန်တို့ကို ဆားကန်မှာ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာကို ပိုတောင်မပြောနဲ့။

ဒါပေမယ့် ပစ္စည်းစုဆောင်းသူ ပြောတဲ့ တောင်ပင်လယ်ပုလဲအကြောင်းကို တွေးကြည့်တဲ့အခါ၊ အခုဆိုရင် အဲဒီပုလဲဟာ ရှင်းကျန်းတောင်ပိုင်းရဲ့ ဘဏ္ဍာတိုက် ဒါမှမဟုတ် နန်းတော်ထဲမှာ သိမ်းဆည်းထားနိုင်ခြေ အများကြီး ရှိသည်။

ဟဲကျစ်ယန် အခု တွေးနေတာက သူမ ရှင်းကျန်းတောင်ပိုင်းကို သွားပြီး ဒီခေတ်က ပစ္စည်းစုဆောင်းသူရဲ့ တောင်ပင်လယ် မဟူရာပုလဲကို ရှာပေးနိုင်မယ်ဆိုရင်၊ ပြီးတော့ သူမရဲ့ ဆိုင်မှာ အဲဒါကို သူ့ကို ရောင်းလိုက်မယ်ဆိုရင်၊ ဒါဟာ နှစ်ဖက်စလုံးအတွက် အပြန်အလှန် အကျိုးရှိစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်လာမှာ မဟုတ်လား။

ဒါကို တွေးပြီး သူမက စမ်းသပ်မေးကြည့်လိုက်သည်။

[အကယ်၍ ငါ အဲဒီပုလဲကို ရှာနိုင်မယ်ဆိုရင်၊ မင်း လိုချင်လား။]

တစ်မိနစ်လောက် စောင့်ပြီးနောက် ပစ္စည်းစုဆောင်းသူရဲ့ အကြောင်းပြန်မလာတာကို မြင်ရတော့ ဟဲကျစ်ယန်က သူ အွန်လိုင်းပေါ်မှာ မရှိတော့ဘူး ဒါမှမဟုတ် ဖုန်းကို မကြည့်နေတာဖြစ်မယ်လို့ ထင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒါဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အကြံတစ်ခုပဲဆိုတော့ သူမက ဖုန်းကို ဘေးဖယ်ထားပြီး တခြားကိစ္စတစ်ခုကို သွားလုပ်ဖို့ ပြင်လိုက်သည်။ ဒါပေမယ့် သူမလက်ချောင်းတွေ မျက်နှာပြင်ကို မထိခင်မှာပဲ ပစ္စည်းစုဆောင်းသူလေးက အကြောင်းပြန်လာသည်။

[အဲဒီလောက်တန်ဖိုးရှိတဲ့ ပုလဲတစ်လုံးကို ကျွန်မရဲ့ အင်အား အကုန် သုံးပြီး ရဲတွေကိုပါ ပါဝင်ခိုင်းခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ ပုလဲခိုးမှုနဲ့ ရှင်နဲ့ တစ်ခုခု ဆက်နွယ်နေတာလား။]

သူက အရမ်းတိုက်ရိုက်မေးခဲ့သည်။ ဘာဖြစ်လို့လဲဆို ခိုးယူမှုမှာ ပါဝင်ပတ်သက်သူတွေမှလွဲလို့ ပုလဲရဲ့ တည်နေရာကို တခြား ဘယ်သူမှ သိဖို့ မဖြစ်နိုင်ဘူး။

All Chapters