← Chapters

တည်ငြိမ်ပြီး ခန့်ညားချောမောတယ်

Vol. 22 Ch. 242

တည်ငြိမ်ပြီး ခန့်ညားချောမောတယ်

Vol. 22 Ch. 242

အကြီးအကဲများက ပြောပြီးဖြစ်သဖြင့် လူတိုင်းသည် နားထောင်ရမည်ဖြစ်သည်။

လူအုပ်သည် မော့ယွင်ဖုန့်ကို ဧည့်ခန်းသို့ ပို့ဆောင်ပြီး ထမင်းစားပွဲဝိုင်းတွင် ထိုင်ခဲ့ကြသည်။

ညီအစ်ကိုအနည်းငယ်သည် အတူစုဝေးနေရင်း မေးမြန်းစရာ မေးခွန်းများ ဗိုက်ထဲတွင် ပြည့်နှက်နေသလို ခံစားရသည်။

သို့သော် စားပွဲပေါ်ရှိ ဟင်းလျာများသည် အေးစက်လာတော့မည်ဖြစ်ပြီး မော့ယွင်ဖုန့်၏ ခရီးပန်းနေသော ပုံစံကို မြင်လိုက်ရသဖြင့် ညီအစ်ကိုတို့သည် ချက်ချင်း မေးမြန်းခြင်း မပြုရန် သဘောတူညီခဲ့ကြသည်။

သခင်မကြီးမော့လည်း ထိုနည်းတူ ခံစားရသည်။ သူမ၏ သားဖြစ်သူသည် ခက်ခဲစွာ ပြန်ရောက်လာခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်ကိစ္စများရှိသည်ပင်ဖြစ်စေ မိသားစုအား ကောင်းမွန်သော ပြန်လည်ဆုံစည်းညစာကို နှောင့်ယှက်ရန် မဖြစ်နိုင်ပေ။

အနားပတ်လည်ကို အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် သခင်မကြီးမော့က ပြောသည်။

"အရင်စားကြစို့၊ မေးချင်တာ တစ်ခုခုရှိရင် နှစ်သစ်ကူးအကြိုညမှာ စကားပြောဖို့ အချိန်တွေ အများကြီး ရှိသေးတယ်၊ အဲ့ကျမှ မေးကြပေါ့။"

မော့ယွင်ဖုန့်သည်လည်း ထိုကိစ္စများသည် ခက်ခဲသည် မဟုတ်ကြောင်း တွေးမိပြီး နောက်မှပြောဆိုရန် အဆင်ပြေမည်ဟု ယူဆသည်။

"အားလုံး အမေ့စကားနားထောင်ပြီး အရင်စားကြစို့။" ဤအချိန်တွင် မော့မိသားစုတွင် သခင်မကြီးမော့အပြင် ညီအစ်ကိုများထဲတွင် မော့ယွင်ဖုန့်သည် အသက်အကြီးဆုံး ဖြစ်သဖြင့် ထမင်းစားပွဲတွင် သူ၏ စကားသည် ပို၍ အလေးသာသည်။

မော့ကျိုးယွီသည် မိသားစုအတွင်းရှိ တင်းမာမှု အငွေ့အသက်များ ပြေလျော့သွားသည်ကို မြင်လိုက်ရပြီး အိမ်ဝိုင်းထဲသို့ ထွက်ကာ မီးရှူးမီးပန်းများကို ထွန်းညှိလိုက်သည်။

မီးရှူးမီးပန်းများ ပေါက်ကွဲသံများနှင့်အတူ အနောက်မြောက်ပိုင်းရှိ မော့မိသားစုသည် နှစ်သစ်ကူးအကြိုနေ့တွင် သူတို့၏ ပထမဆုံး ပြန်လည်ဆုံစည်းညစာကို စတင်ခဲ့သည်။

စားပွဲပေါ်ရှိ ဟင်းလျာများသည် အမျိုးသမီးများမှ ဂရုတစိုက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

အထူးသဖြင့် ပါဝင်ပစ္စည်းများနှင့် ဟင်းလျာစာရင်းအတွက် ဟဲကျစ်ယန်၏ စီစဉ်မှုကြောင့် နန်းတော်စားသောက်ပွဲများကို ချေမှုန်းနိုင်သည့် အဆင့်တွင် ပါဝင်နိုင်ပေသည်။

ငါးပေါင်း၊ ကဏန်းအစပ်ချက်၊ ပုစွန်ထုပ်ပေါင်း၊ ပုစွန်အစပ်ကြော်၊ ပုစွန်ခေါက်ဆွဲကြော်၊ ကဏန်းပေါင်း၊ ပင်လယ်ငါးကြော်၊ ပင်လယ်မျှော့စတူးဟင်းတို့ကို ပြင်ဆင်ပေးထားသည်။

ပင်လယ်ကမ်းစပ်တွင် နေထိုင်ရခြင်းသည် ကောင်းမွန်သည်။ မော့မိသားစု၏ နှစ်သစ်ကူးအကြိုညစာတွင် ပင်လယ်စာဟင်းလျာများသည် စုစုပေါင်း ရှစ်မျိုး ရှိသည်။

၎င်းအပြင် အသားဟင်းလျာ ရှစ်မျိုး၊ အအေးဟင်းလျာများနှင့် သက်သတ်လွတ်ဟင်းလျာ အချို့လည်း ရှိသေးသည်။ မော့မိသားစု၏ နှစ်သစ်ကူးအကြိုညစာတွင် ဟင်းလျာ အရေအတွက်ပေါင်း နှစ်ဆယ်ကျော်အထိ ရှိပေသည်။

ကံကောင်းစွာဖြင့် မော့ကျိုးယွီနှင့် ဟဲကျစ်ယန် ဝယ်ယူလာသော ထမင်းစားပွဲသည် လုံလောက်စွာ ကြီးမားသဖြင့် ဟင်းလျာအားလုံးကို ထားရန် နေရာ မလုံလောက်မည်ကို စိုးရိမ်စရာ မလိုပေ။

သို့သော်လည်း ဟင်းလျာများသည် နီးကပ်စွာ စုပုံထားရသည်။ ထို့အပြင် ဤဟင်းလျာအများစုကို ဟဲကျစ်ယန်ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်ထားခြင်း ဖြစ်သဖြင့် အရသာသည် ထူးခြားမည်မှာ သေချာသည်။ မိသားစုအား ကောင်းမွန်စွာ စားသုံးနိုင်ရန်အတွက် ဟဲကျစ်ယန်သည် သူမ၏ နေရာလပ်ထဲမှ လိမ္မော်ရည်ကိုလည်း ထုတ်ယူပြင်ဆင်ခဲ့သည်။

အရက်သောက်ရတာ နှစ်သက်သော အမျိုးသားများအတွက် မောက်ထိုင်အရက်ရှိပြီး သူမနှင့် အခြားအမျိုးသမီးများအတွက်က လိမ္မော်ရည် ရှိသည်။

ပြည်နှင်ဒဏ်ခံရပြီးနောက် မိသားစုသည် ထူးဆန်းသော ပစ္စည်းများစွာကို မြင်တွေ့ခဲ့ရပြီး ဤချိုမြပြီး လန်းဆန်းသော လိမ္မော်ရည်သည် ဘယ်က လာသည်ကို မေးမြန်းရန်ပင် ပျင်းရိလာကြသည်။

နဝမမြောက်မတ်လေးနှင့် ယောင်းမလေးတို့သာရှိနေလျှင် သူတို့သည် ကောင်းမွန်သော ပစ္စည်းမျိုးစုံကို ရရှိနိုင်မည်ဖြစ်သည်…

ဤအချိန်တွင် လူတိုင်းသည် မော့ယွင်ဖုန့်အတွက် စိုးရိမ်မှုကို ယာယီမေ့လျော့ထားပြီး အရသာရှိသော အစားအစာများထဲတွင် လုံးလုံးလျားလျား နှစ်မြှုပ်နေခဲ့ကြသည်။

မော့ယွင်ဖုန့်၏ သေဆုံးသွားသည်ဟူသော သတင်းထွက်ပေါ်ပြီးနောက် အချိန်ကာလ လေးနှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မိသားစုနှင့် ပြန်လည်ဆုံစည်းပြီးနောက် အိမ်တွင်းရှိ ဟင်းလျာများသည် ဤမျှ အရသာရှိလာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဤကာလအတွင်း သူသည် အပြင်တွင် ပထမအစ်ကိုနှင့် ဒုတိယအစ်ကိုတို့၏ သတင်းကို ရှာဖွေနေခဲ့ပြီး နေ့စဉ် ရိုးရှင်းသော အစားအစာများကိုသာ စားသုံးခဲ့ရသည်။ သူသည် သင့်လျော်သော အစားအစာ တစ်နပ်ကိုပင် မစားခဲ့ရပေ။

အထူးသဖြင့် ယနေ့တွင် မိသားစုနှင့် စောစီးစွာ ပြန်လည်ဆုံစည်းရန်အတွက် သူသည် အရုဏ်တက်ချိန်မှစ၍ ကိုယ်ဖော့ပညာကို အသုံးပြုကာ အပြေးအလွှား ပြန်လာခဲ့သည်။

တစ်နေ့လုံး ထမင်း တစ်စေ့ ရေ တစ်စက်မျှ မစားသောက်ခဲ့ရသည့်အပြင် စွမ်းအင်များ လွန်ကဲစွာ သုံးစွဲခဲ့ရသည်။ ဤအချိန်တွင် သူသည် ဗိုက်ဆာလွန်းနေခဲ့သည်။

ထို့ကြောင့် သူသည် သူ့ညီများ၊ လျန့်ဟောက်တို့နှင့် စကားမပြောနိုင်တော့ဘဲ ခေါင်းငုံ့လျက် အစားအစာများကို ပါးစပ်ထဲသို့ တရစပ် ထည့်နေခဲ့သည်။ သူသည် မူလက ဂုဏ်သိက္ခာရှိသော မိသားစုမှ လူငယ်သခင်တစ်ဦးဖြစ်ပြီး သင့်လျော်သော အကျင့်စာရိတ္တများ ပြည့်စုံရမည်ဖြစ်ပြီး သူတို့သည် စွဲမြဲစွာ ရှိနေမည် ဖြစ်သည်။

သို့သော် ဤမျှ အရသာရှိသော ဟင်းလျာများကို ရင်ဆိုင်ရသောအခါ မော့ယွင်ဖုန့်သည် ထိန်းထိန်းသိမ်းသိမ်း ရှိရမည့် အဆင့်အတန်းကို နောက်ကျောသို့ လုံးလုံးလျားလျား ပစ်ထားလိုက်သည်။ သူသည် အလွန်ရှက်ရွံ့ရမည်ဟု ထင်ခဲ့သော်လည်း ထမင်းပန်းကန် တစ်ဝက်မျှ စားသောက်ပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ ညီအစ်ကိုများသည် သူနှင့် အတူတူပင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ပုံမှန်အားဖြင့် သူတို့ရှေ့တွင် ထိန်းထိန်းသိမ်းသိမ်း ရှိတတ်သော လျန့်ဟောက်နှင့် အခြားသူများပင်လျှင် ထိုနည်းတူ ဖြစ်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မော့ယွင်ဖုန့်သည် နားလည်လိုက်သည်။

သူ့တွင် အကျင့်စာရိတ္တ မရှိသည် မဟုတ်၊ လူတိုင်းသည် သူနှင့် တူညီစွာ ဖြစ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် မော့ယွင်ဖုန့်သည် စိတ်ထဲတွင် ထိန်းချုပ်မှုများကို လုံးဝ ဖယ်ရှားလိုက်ပြီး ညီအစ်ကိုများနှင့် စိတ်ရှင်းလက်ရှင်း စားသုံးခဲ့သည်။ မော့ယွင်ဖုန့် တစ်ဦးတည်းသာ ဤပြဿနာအပေါ် သံသယရှိခဲ့သည် မဟုတ်ပေ။ မော့ကျုံးယွမ်၊ မော့ချူဟန်နှင့် မော့ကျိုးယွီတို့သည်လည်း အလားတူ မိမိကိုယ်ကို မေးခွန်းထုတ်ခဲ့ကြဖူးသည်။

နောက်ပိုင်းတွင် ညီအစ်ကိုများသည် ယခုအခါ စားသောက်ရာတွင် ယဉ်ကျေးမှု မထားရခြင်း၏ အကြောင်းရင်းကို တွေ့ရှိခဲ့သည် - အိမ်တွင်းရှိ ဟင်းလျာများသည် အလွန်အရသာရှိလွန်းသဖြင့် သူတို့၏ စိတ်ထဲရှိ ယဉ်ကျေးမှုဟု ခေါ်ဆိုသော အရာကို လုံးဝ အနိုင်ယူလိုက်သည်။

အမျိုးသမီးများသည် ယောကျ်ားများထက် ပို၍ ယဉ်ကျေးသည်၊ သူတို့၏ စားသောက်သည့် လှုပ်ရှားမှုများသည် အမျိုးသားများလောက် မမြန်ဆန်ပေ။ သို့သော်လည်း နှစ်သစ်ကူးအကြိုညစာ ပြီးဆုံးသည့်အခါ စားပွဲပေါ်တွင် မည်သည့်အရာမျှ မကျန်ရစ်ခဲ့ပေ။ အမျိုးသမီးများသည် စားပွဲပေါ်မှ ပန်းကန်များနှင့် တူများကို ရှင်းလင်းရန် ဦးစွာ ထရပ်လိုက်ကြသည်။

ထိုအခါမှသာ သခင်မကြီးမော့သည် မော့ယွင်ဖုန့်ကို ကြည့်လိုက်သည်။ မော့ယွင်ဖုန့်၏ အနက်ရောင် အပေါ်ဝတ်ရုံသည် အလွန်တရာ ညစ်ပတ်နေပြီ ဖြစ်သည်။ သူ၏ ဆံပင်သည် သခင်မကြီးမော့ ဆားကန်ဒေသတွင် ပထမဆုံး တွေ့ခဲ့သည့်အခါကဲ့သို့ ဖရိုဖရဲ မဖြစ်နေသော်လည်း ဖုန်မှုန့်တစ်လွှာ ဖုံးအုပ်နေဆဲ ဖြစ်သည်။ သူ၏ မျက်နှာပေါ်ရှိ မုတ်ဆိတ်မွေးများသည် ထင်ရှားစွာ ပေါ်လွင်နေပြီး အချိန်ကြာရှည်စွာ သန့်ရှင်းရေး မပြုလုပ်ထားသည်မှာ ထင်ရှားသည်။

ယခင်က သန့်ရှင်းမှုကို နှစ်သက်ခဲ့သော သူမ၏ သားဖြစ်သူသည် ယခုအခါ ဤမျှ ဖရိုဖရဲဖြစ်နေသည်ကို တွေးမိရင်း သခင်မကြီးမော့၏ နှလုံးသားထဲတွင် နာကျင်မှုကို မထိန်းနိုင်ခဲ့ပေ။

"ယွင်ဖုန့်၊ လမ်းတစ်လျှောက် အများကြီး ဆင်းရဲဒုက္ခ ခံစားခဲ့ရမှာပဲ မဟုတ်လားး။”

မိခင်ဖြစ်သူကို ရင်ဆိုင်ရသည့်အခါ မော့ယွင်ဖုန့်သည် အလွန်ရိုသေလေးစားစွာ ပြုမူသည်။

"အမေ စိတ်ပူစရာ မလိုပါဘူး၊ သား အဆင်ပြေပါတယ်။"

သားအမိသည် စကားအနည်းငယ်သာ ပြောပြီးသည့်အခါ တတိယမြောက်မရီးသည် ရောက်လာသည်။

"ခင်ပွန်း၊ ရှင် ဘယ်လောက်တောင် ညစ်ပတ်နေလဲ ကြည့်ပါဦး။ ကျွန်မက ရေနွေးတချို့ ပြင်ဆင်ပေးထားတယ်၊ အရင်ဆုံး သွားပြီး ဆေးကြောလိုက်ပါဦး။"

တတိယမြောက်မရီးသည် ယောက္ခမထံမှ ခင်ပွန်းကို လုယူလိုခြင်း မဟုတ်ဘဲ သူမခင်ပွန်းဖြစ်သူ၏ သန့်ရှင်းမှုကို နှစ်သက်သည့် အကျင့်ကို ပိုမို သိရှိပေသည်။

ယခင်က နှစ်သစ်ကူးအကြိုညစာကို အလျင်စလို မစားရလျှင် သူမ၏ ခင်ပွန်းသည် အရင်ဆုံး ရေသွားချိုးဖွယ် ရှိသည်။

သခင်မကြီးမော့သည်လည်း ဤရည်ရွယ်ချက်ရှိခဲ့ပြီး ညင်သာစွာ ပြောသည်။ "ယွင်ဖုန့် အရင်ဆုံး ကိုယ်လက်သန့်ရှင်းရေး သွားလုပ်လိုက်ပါ၊ ပြီးမှ စကားပြောကြမယ်။" မော့

ယွင်ဖုန့်သည် တစ်ကိုယ်လုံး မသက်မသာဖြစ်နေသည်ကို ခံစားနေရပြီဖြစ်သဖြင့် ဇနီးဖြစ်သူနှင့်အတူ ထွက်ခွာသွားခဲ့သည်။

အားလပ်ချိန်အတွင်း တတိယမြောက်မရီးသည် သူ့အတွက် အတွင်းခံအဝတ်အစားများ၊ အပြင်ဝတ်ရုံများ၊ အနွေးထည်များနှင့် ဖိနပ်များကိုပါ အတွဲလိုက် ပြင်ဆင်ပေးထားခဲ့သည်။ တစ်နာရီ မပြည့်မီတွင် မော့ယွင်ဖုန့်သည် ဆေးကြောသန့်စင်ပြီး သပ်ရပ်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဟဲကျစ်ယန်သည် တံခါးဖွင့်လိုက်သည့်အခါ စက္ကန့်အနည်းငယ်မျှ အံ့အားသင့်သွားခဲ့သည်။

ယခင်က ဖရိုဖရဲ ဖြစ်နေသော တတိယအစ်ကိုက ဘယ်သူများပါလိမ့်။

သူက အရပ်ရှည်၊ ချမ်းသာပြီး ချောမောခန့်ညားတဲ့ ကောင်လေးနဲ့ တူတယ်…။

မော့ညီအစ်ကိုများသည် အားလုံးနီးပါး အရပ် ( ၁၈၀ ) စင်တီမီတာကျော် ရှိပြီး ခန္ဓာကိုယ် အချိုးအစား မိမိုက်ကြသည်။

သူတို့၏ ရုပ်ရည်များအကြောင်းကတော့ ထည့်ပြောစရာပင် မလိုပေ၊ ဟဲကျစ်ယန် မြင်တွေ့ခဲ့ဖူးသူတိုင်း ချောမောတယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါပဲ။

တတိယမြောက်အစ်ကိုက အခုဆို အသက် ( ၃၀ ) ကျော်လောက်ရှိပြီး အရမ်းတည်ငြိမ်ပုံရတယ်။

တတိယမြောက်မရီးသည် သူမ၏ ခင်ပွန်းကို ကြည့်သည့် အကြည့်များထဲတွင် ချစ်ခင်မှုများ ပြည့်နှက်နေသည်။

သခင်မကြီးမော့သည် သူမ၏ ဘေးနားရှိ နေရာကို ညွှန်ပြသည်။

"ယွင်ဖုန့်၊ လာ၊ အမေ့ဘေးမှာ လာထိုင်ချေ။" တတိယမြောက်အစ်ကို ထိုင်သွားသည်ကို မြင်သောအခါ မော့ဟန်ယွဲ့သည် လျင်မြန်စွာ ရှေ့သို့သွားကာ သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။

မော့ယွင်ဖုန့်သည် လူတိုင်းတွင် မေးခွန်းများစွာ ရှိနေသည်ကို သိရှိပြီး လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် စတင်ပြောဆိုရန် ဦးစွာ ဦးဆောင်လိုက်သည်။

"ဆားကန်ဒေသကနေ ထွက်လာပြီးနောက် ကျွန်တော်က ရှင်းကျန်းတောင်ပိုင်းကို တန်းသွားခဲ့တယ်။ ရှင်းကျန်းတောင်ပိုင်းဒေသ ရောက်ပြီးမှသာ အဲဒီနေရာမှာ လူတော်တော်များများက ကူပိုးကောင်မွေးမြူကြတယ်ဆိုတာကို သိရှိခဲ့ရတယ်။ အဲဒီကူပိုးမွေးမြူသူတွေက အရမ်းကို သိုဝှက်စွာ နေထိုင်ကြပြီး သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုများက သာမန်လူတွေနဲ့ မကွဲပြားတာမို့ ဘယ်သူက ကူပိုးမွေးမြူသူလဲဆိုတာကို ခွဲခြားမရနိုင်ဘူး။

နောက်ပိုင်းတွင် ကျွန်တော် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းမေးမြန်းပြီးနောက် ရှင်းကျန်းတောင်ပိုင်းမှာ စစ်မုန့်အိမ်တော်လို့ ခေါ်တဲ့ ကူပိုးမွေးမြူတဲ့ မြင့်မြတ်နေရာတစ်ခု ရှိကြောင်း သိရှိခဲ့ရတယ်။ သူတို့ တည်ထောင်သူရဲ့ နာမည်အမှန်ကို မသိရှိကြဘဲ လူတိုင်းက သူ့ကို သခင်စစ်မုန့်လို့ ခေါ်ကြတယ်။"

"စစ်မုန့်" ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသည့်အခါ သခင်မကြီးမော့သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ယောက္ခမဖြစ်သူ၏ ထူးခြားသော တုံ့ပြန်မှုသည် ဟဲကျစ်ယန်၏ မျက်လုံးအောက်မှ လွတ်မသွားခဲ့ပေ။

All Chapters