တုချင်းကို အလန့်တကြား ဖြစ်သွားစေခြင်း
Vol. 135 Ch. 1864
တုချင်းသည် ပြတ်သားသောအကြည့်ကို လှစ်ဟဖော်၏။ သူသည် မီးထံသို့ တုန့်နှေးခြင်းမရှိ တိုးဝင်လာတော့သည်။
တုချင်းက ဝမ်လင်းကို မြင်၏။ မီးအတွင်းရှိ ဝမ်လင်းကလည်း မီးအပြင်ဘက်ရှိ တုချင်းကို မြင်ပေသည်။
တုချင်း၏ခန္ဓာကိုယ်ထံမှ လေဟာနယ်အတိဒုက္ခအဆင့်နှင့် အလွန်နီးကပ်သော အော်ရာ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် သစ်သားခန္ဓာအဖြစ်သို့ ပြောင်းသွားသည့်အခါ ဝမ်လင်းက ထိုအော်ရာကို ပို၍ ရှင်းလင်းစွာ အာရုံခံမိသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူသည် တုချင်း သူ့နောက်သို့ လိုက်လာခဲ့တာ ကြာပြီကို သိ၏။ သူက ထိုသူ သူ့ကို မှီလာဖို့လည်း မျှော်လင့်ထားပြီးသားပင်။ သည်အခိုက်တွင် သူသည် ထိတ်ပျာသွားခြင်း မရှိသလို တုချင်းကို အရေးပင် မစိုက်ပေ။ မီးနဂါးဆယ့်ခြောက်ကောင်နှင့် ဟင်္သာငှက်တို့က ပင်မမီးကြောငယ်ကနေ ဖြစ်ပေါ်လာသော တိုးဝင်လာသည့် မီးနဂါးထံ ဦးတည်လေကြသည်။
ထိုဘက်နှစ်ဖက်သည် နီးကပ်လာကာ ချက်ခြင်း ထိပ်တိုက်တွေ့ကြ၏။ တုချင်းသည် တိုးဝင်လာချင်လျှင်ပင် သူသည် ခြေတစ်လှမ်းမျှ နှေးလေ၏။
ဦးဆုံး မီးနဂါးဆယ့်ခြောက်ကောင်က မြေကမ္ဘာပင်မမီးကြောငယ်၏ စိတ်ဝိညာဉ်နှင့် တွေ့ဆုံ၏။ မြေပြင်အနှံ့ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ နှစ်ဖက် ထိပ်တိုက်တွေ့ချိန်၌ ဝမ်လင်းသည် ဟင်္သာငှက်၏ဦးခေါင်းပေါ်တွင်ရပ်ကာ အောက်ဘက်သို့ လက်ညွှန်သည်။
ထိုမီးနဂါးဆယ့်ခြောက်ကောင်သည် ဟိန်းသံပေးကာ ပင်မမီးသွေးကြောငယ်ကို ချိန်းကြိုးကဲ့သို့ ဝန်းပတ်ကာ ဆွဲချဖို့ ကြိုးစားကြသည်။ ပင်မမီးကြောငယ်စိတ်ဝိညာဉ်က အညံ့မခံမည့်ဟိန်းသံကို ထုတ်ဖော်သည်။
တချိန်တည်းမှာ ဝမ်လင်းအောက်ရှိ ဟင်္သာငှက်က တိုးဝင်လာကာ ၎င်းစိတ်ဝိညာဉ်ပေါ်သို့ ထပ်ရောက်ကာ အရူးအမူး ဝါးမြိုမှုနှင့် ပေါင်းစပ်မှုကို စတင်တော့သည်။
ထိုအဖြစ်အပျက်သည် မြန်လှ၏။ တုချင်း၏ရှုထောင့်အရ အရာအားလုံးသည် နှေးဖင့်ခြင်းမရှိ ချောမွတ်နေသည်။
ပင်မမီးကြောငယ်၏ စိတ်ဝိညာဉ်ခန္ဓာမှာ တွန့်ခေါက်လာပြီး ၎င်းက အဆက်မပြတ် ဟိန်းသံပြုသည်။ ၎င်းသည် ဆက်၍ ကြမ်းကြုတ်ဟန် မရှိတော့၊ နာကျင်ဟန် လှစ်ဟပေါ်သည်။ လူတစ်ယောက်သည် ၎င်းအတွင်း၌ ဟင်္သာငှက်တစ်ကောင် ရှိနေသည်ကို ဝါးတဝါးမြင်နိုင်မည်။ ထိုဟင်္သာငှက်၏ ဦးခေါင်းပေါ်ရှိ ချိုများကြားတွင် ဆံပင်ဖြူဝမ်လင်းက ရပ်နေသည်။
ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ မီးနဂါးဆယ့်ခြောက်ကောင်မှ ဖြစ်ပေါ်လာသော ချိန်းကြိုးဆယ့်ခြောက်ခုကို ထိန်းချုပ်နေ၏။ သူသည် ချိန်းကြိုးများကို ကိုင်ဆွဲထားသည့်အလား။
ဤသည်မှာ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။
ဝမ်လင်းသည် မီးများဖြင့် ဝန်းရံထား၏။ သူကား မီးတို့၏အင်ပါယာအလား။ သူ၏နောက်ရှိ နဂါးသည်ပင် အညံ့ခံပုံ ရလာကာ သူ့စီးတော်ယာဉ်သားရဲ ဖြစ်လာသည့်နှယ်။
ထိုနဂါး၏ ဟိန်းသံက ကျယ်လောင်လွန်း၏။ ထိုအခိုက်တွင် တုချင်းက မီးပင်လယ်ကို ဖြတ်၍ ဝမ်လင်းထံ တိုးဝင်လာသည်။
တုချင်း နီးကပ်လာစဉ် ဝမ်လင်းက ရုတ်တရက် မော့ကြည့်လိုက်၏။ ဝမ်လင်းအောက်မှ မီးနဂါးမှာလည်း ခေါင်းမော့လာကာ ဝမ်လင်းက ဘယ်လက်ဖြင့် ချိန်းကြိုးအားလုံးကို ဆွဲယူလိုက်၏။ မီးများသည် အဘက်ဘက်သို့ ဂယက်ထသွားချေသည်။
တချိန်တည်းမှာ ဝမ်လင်း၏ဘယ်လက်ထဲရှိ ချိန်းကြိုးဆယ့်ခြောက်ခုထံမှ မီးများ ပေါက်ကွဲထွက်လာကာ သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်၏။ ဝမ်လင်း၏အောက်ရှိ မီးနဂါးထံမှ ဟင်္သာငှက်အော်မြည်သံ ထွက်ပေါ်လာသည်။
ဟင်္သာငှက်သည် အော်မြည်သံ ပြုချိန်၌ အောက်ဘက်ရှိ နဂါးထံမှ ပြင်းထန်သောမီးများ အရှိန်အဟုန်ဖြင့် မြင့်တက်ကာ ဝမ်လင်းထံ တရဟော ဝင်ရောက်သည်။ သည်အခိုက်တွင် သူ ထိန်းချုပ်ထားသော မီးစွမ်းအားကား ကောင်းကင်ကြေမွစေနိုင်လောက်၏။
ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ သူ၏ရှေ့ရှိ လေဟာနယ်ထံ လက်ဝေ့ယမ်းသည်။
ထိုဝေ့ယမ်းမှု၌ အဆများစွာ ပိုအစွမ်းထက်လာသော သူ့မီးအနှစ်သာရ ပါဝင်၏။ သည်မီးအနှစ်သာရသည် လှိုဏ်ဂူလောက၌ ဝမ်လင်း သူ့အနှစ်သာရခုနစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်သည့် စွမ်းအားနှင့် ညီမျှနေလေပြီ။ အနှစ်သာရတစ်ခုသည် အရင်က အနှစ်သာရခုနစ်ခု စွမ်းအားနှင့် ယှဉ်နိုင်နေခြင်း။
သူ၏မီးအနှစ်သာရ တိုးတက်လာမှုက ဝမ်လင်းကို စိတ်လှုပ်ရှားမိစေသည်။
ထိုလက်ဝေ့ယမ်းမှုဖြင့် လောကသည် တုန်ဟိန်းကာ မီးပင်လယ်က သူ၏ပတ်လည်၌ စုဝေး၏။ ၎င်းမီးက သူ၏ခန္ဓာကိုယ်တွင်းရှိ မီးအနှစ်သာရနှင့် ပေါင်းစပ်ကာ ဧရာမလက်ဝါးချက်အသွင် ဖြစ်ပေါ်သည်။
ထိုလက်ဝါးရာ၌ ရှင်းလင်းသော လက္ခဏာများ ပါဝင်နေသည်။ ၎င်းမှာ ဝမ်လင်း၏ညာလက်ပင်။ ထိုညာလက်က ပေထောင်ချီ ရှည်လျားကာ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို လောင်ကျွမ်းစေလျက် တုချင်းထံ တိုးဝင်လာသည်။
တုချင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ၏ပတ်လည်တွင် ကြီးမားသောတွန့်ခေါက်ပုံပျက်မှု ပေါ်လာသည်။ ထိုသည်က ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်းသည်။ ထို့နောက် ဧရာမသစ်သားလက်တဖက် ထွက်ပေါ်လာကာ ဝမ်လင်း၏ တိုးဝင်လာသော လက်ဝါးချက်ထံ ဦးတည်သည်။
အဖြစ်အပျက်တို့မှာ မျက်စိတမှိတ်အတွင်းသာ။ ထိုလက်ဝါးချက်နှင့် သစ်သားလက်တို့ ထိမိသည့်အခါ၌ ကျယ်လောင်စွာ တုန်ဟည်းမှု ပဲ့တင်ထပ်၍ ကြောက်မက်ဖွယ်တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သည်။
ဝမ်လင်း၏ လက်ဝါးရာမှာ ပျက်စီးသွား၏။ သို့သော် တုချင်း၏မန္တာန်ဖြင့် ဝန်းရံထားသော သစ်သားလက်မှာလည်း လောင်ကျွမ်းခံရသည်။
တုချင်းက အွတ်ခနဲ ငြီးငြူလိုက်ရ၏။ သူသည် နောက်သို့ ခြေသုံးလှမ်းဆုတ်ကာ ရုတ်ချည်း မော့ကြည့်လာသည်။
သူသည် မီးနဂါးပေါ်၌ မတုန်မလှုပ်ရပ်နေသော ဝမ်လင်းကို မြင်၏။ သို့သော် မီးနဂါးခန္ဓာကိုယ်ရှိ မီးများသည် တုန်ယင်ကာ များစွာ ပျက်စီးကုန်၏။
ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ဝမ်လင်းက တုချင်း၏တိုက်ခိုက်မှုအားလုံးကို ၎င်းနဂါးပေါ်သို့ လွှဲပြောင်းပေးလိုက်ခြင်းကြောင့်တည်း။ သူသည် တုချင်း၏စွမ်းအားကို သုံး၍ သူ ခုထိ မဝါးမြိုနိုင်သေးသော မီးနဂါးကို ဒဏ်ရာရစေလိုက်ခြင်းသာ။
ထိုမီးနဂါးသည် နာကျင်စွာ အော်ဟစ်၍ နောက်ဆုတ်သည်။ ၎င်း၏ခန္ဓာကိုယ်က ဆက်လက် ပျက်စီးနေ၏။ ထိုစဉ် ၎င်း၏ခန္ဓာကိုယ်တွင်းရှိ ဟင်္သာငှက်မှာ ပို၍ ထင်ထင်ရှားရှား ရှိလာသည်။
တုချင်း၏အမူအရာ ပြောင်းလဲသွား၏။ သူ၏မျက်လုံးထံမှ သုန်မှုန်သောအကြည့် လှစ်ဟပေါ်သည်။ သူသည် ဆံဖြူကျင့်ကြံသူက ဒီမြေကမ္ဘာမီးကို ဝါးမြိုဖို့ သူ့အစွမ်းကို အသုံးချလိုက်သည်ကို ဖြတ်မြင်ပေသည်။
သူ အပေါ်သို့ မော့ကြည့်သည့်အခါ ဝမ်လင်း၏အေးစက်စက်အကြည့်နှင့် ပထမဆုံးတွေ့ဆုံရ၏။
သည်တိုက်ခိုက်မှုဖြင့် ဝမ်လင်းက တုချင်း၏ကျင့်ကြံမှုကို ဖြတ်မြင်လိုက်သည်။ သည်လူမှာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ မရောက်သေးပေ။ ဆန်းကြယ်အတိဒုက္ခအဆင့်၌သာ ရှိနေဆဲ ဖြစ်၏။ သူ့ အစောပိုင်းက တိုက်ခိုက်မှုစွမ်းအားက အုပ်စိုးသူထက် အားကောင်းလှသော်လည်း ခုနစ်ရောင်စုံတာအိုသခင် သို့မဟုတ် တစ္ဆေအိုကြီးကျန့်တို့ကိုမူ မယှဉ်နိုင်သေးပေ။
ဝမ်လင်းသည် တုချင်း မည်မျှ အစွမ်းထက်သည်ကို ဖြတ်မြင်လိုက်ပြီ ဖြစ်၏။ သို့သော် တုချင်းကမူ ဝမ်လင်းကို ဖြတ်မြင်နိုင်ခြင်း မရှိသေးပေ။
“အော်ရာအရ ဆုံးဖြတ်ရင် ဒီလူဟာ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်ပဲ အများဆုံး ရှိအုံးမယ်။ ဆန်းကြယ်လေဟာနယ်အဆင့်တောင် မရောက်လောက်သေးဘူး။ ဒါပေမဲ့ ဒီလိုအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ငါ့တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်သလို မြေကမ္ဘာမီးကိုလည်း ဝါးမြိုနိုင်လိမ့်မှာ မဟုတ်ဘူး…”
“ငါ့မန္တာန်ကြောင့် သူ့ခန္ဓာကိုယ်ဟာ ပျက်စီးသွားသင့်တာ။ ဒါပေမဲ့ သူ့အမူအရာက ပြောင်းလဲမသွားဘူး။ ဒါ့အပြင် သူက ငါ့တိုက်ခိုက်မှုအား အများစုကို သူ့အောက်မှာ ရှိတဲ့ နဂါးစိတ်ဝိညာဉ်ထံ ကူးပြောင်းပေးလိုက်တယ်။ ဒါ့ကြောင့် သူ့အစစ်အမှန်ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်ဖို့ မဖြစ်နိုင်တော့ဘူး…”
“ဒါပေမဲ့ သူဟာ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်မှာ ရှိလိမ့်မယ်လို့ ငါ မယုံဘူး။ သူဟာ သူ့ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူဟာ နဂါးပြာကလန်ကနေ လွတ်မြောက်လာနိုင်မှာ မဟုတ်ဘူး…”
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ တခြားတဖက်အပေါ် လေ့လာကြည့်နေ၏။
တုချင်းသည် သတိထားတတ်သည့်သူမျိုး ဖြစ်၏။ တလမ်းလုံး သူတွေ့ကြုံခဲ့ရသော အဖြစ်အပျက်အားလုံးက သူ့ကို ချီတုံချတုံ ဖြစ်စေသည်။ သူ၏မန္တာန် ပျောက်ကွယ်သွားသည့်နောက် သူ့မျက်လုံးသည် တောက်ပလာကာ သူက ဝမ်လင်းကို စိုက်ကြည့်သည်။ သူသည် အလျင်စလို မလှုပ်ရှားတော့ပေ။
“မင်းက ဘယ်သူလဲ။ ငါ့ နဂါးပြာကလန်ကို ဘာကြောင့်ဖျက်စီးခဲ့တာလဲ။ မင်း ရှင်းပြချက် မပေးရင် ဒီမှာပဲနေရမယ်…” တုချင်းသည် ထိုသို့ဆိုလာကာ သူ၏မျက်လုံးထဲတွင် အေးစက်မှု လင်းလက်သွား၏။
“မင်းရဲ့ နဂါးပြာကလန်ကတပည့်ဟာ ငါ့ကို ရုပ်သေးအဖြစ် သန့်စင်ချင်ခဲ့တယ်။ ငါက မင်းကလန်ကို ဖျက်စီးခဲ့ရုံလေးပဲ။ တစ်ယောက်မျှ မသတ်ခဲ့ဘူး။ ဒါဟာ ငါ သက်ညှာမှု ပြခဲ့တာပဲ…”
ဝမ်လင်း၏ ဘယ်လက်ဖြင့် ထိန်းချုပ်ထားသော မီးနဂါးဆယ့်ခြောက်ကောင်သည် ကြီးမားသောမီးနဂါးစိတ်ဝိညာဉ်ကို တောက်လောင်ပစ်နေသည်။ ထိုမီးစိတ်ဝိညာဉ်က ဟိန်းအော်သံ ပြု၍ ၎င်း၏ခန္ဓာသည် ဆက်လက်၍ ပျက်စီးလာသည်။ ဟင်္သာငှငအရိပ်က ထိုနဂါးကို ထွေးခြုံကာ ဝါးမြိုခြင်း အပြီးသပ်လေတော့မည် ဖြစ်၏။
တုချင်းက ထိုသည်ကို မြင်သည့်အခါ သူ့ခန္ဓာကိုယ်သည် ထပ်မံတွန့်ခေါက်ပုံပျက်ကာ သူသည် သစ်သားလူအဖြစ် ပြောင်းလဲလေသည်။ ပင်မမီးသွေးကြောငယ်၏ အော်သံက သူ၏ခန္ဓာကိုယ်ထဲရှိ မီးအနှစ်သာရအပေါ် သက်ရောက်ကာ ၎င်းကို ဂနာမငြိမ် ဖြစ်စေသည်။
“ဟာသပဲ။ မင်းက ငါ့နဂါးပြာကလန်ရဲ့ တပည့်ထောင်ချီကို သတ်ခဲ့တယ်။ ဒါတောင် မင်းက ဘယ်သူ့ကိုမျှ မသတ်ခဲ့ဘူးလို့ ပြောနိုင်သေးတယ်…” တုချင်းက ဝမ်လင်းနှင့် သူ့အောက်ရှိ မီးနဂါးစိတ်ဝိညာဉ်ကို စိုက်ကြည့်သည်။ သူသည် ထပ်မံ၍ တွေဝေလာပြန်သည်။
ဝမ်လင်းသည် သူ့ကို ဆန်းကြယ်သောခံစားမှုကို ပေးနေ၏။ တွေ့မြင်ခဲ့ရသမျှက တုချင်းကို ယုံကြည်မှု ဆုံးရှုံးစေသည်။
တုချင်း၏စကားကို ကြားရသည့်နောက် ဝမ်လင်းသည် ထပ်မံ၍ စကားခွန့်တုန့်မပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် မီးနဂါး၏ခန္ဓာကိုယ်ပေါ်တွင် ရပ်ကာ ထိုနဂါး၏စိတ်ဝိညာဉ်ကို ဝါးမြိုဖို့ သူ့မီးအနှစ်သာရကို ဆက်လက် ထိန်းချုပ်သည်။
ထိုမီးနဂါးစိတ်ဝိညာဉ်သည် စိုးရိမ်ပူပန်တကြီး အော်ဟစ်လာ၏။ တုချင်း၏မီးသည် သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းကာ ပေါ်လာ၏။ သူ၏မျက်လုံးထဲရှိ အေးစက်မှုက ပို၍ အားကောင်းလာသည်။ သူသည် မီး၏အကူအညီတောင်းခံသံကို ဆက်လက်လစ်လျူရှုပါက သူ့မီးအနှစ်သာရသည် သူ့အပေါ် စတင်၍ တွန်းကန်လာနိုင်လောက်သည်။
“ငါ့ကို ရှင်းပြချက်ပေးစမ်း…” တုချင်းသည် ဆက်လက်၍ တွေဝေမနေတော့ပေ။ သူသည် ဝမ်လင်းထံ တိုးဝင်လာတော့၏။ သူ နီးကပ်လာစဉ် ဝမ်လင်းက နှာခေါင်းရှုံ့ကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။
ကောင်းကင်သည် တုန်ဟည်းကာ တိမ်စိုင်များ တဝီဝီလှည့်ပတ်၏။ ထို့နောက်တွင် ကောင်းကင်ထက်၌ ဧရာမလက်ဝါးရာ တစ်ခု ပေါ်လာချေသည်။ ၎င်းမှာ စစ်စိတ်ဝိညာဉ်လက်ဝါးပင်။
ထိုလက်ဝါးချက် ပေါ်လာချိန်၌ လောကသည် အရောင်များ ပြောင်းလဲကုန်သည်။ ၎င်းသည် တုချင်းထံ တရှိန်ထိုး ဝင်ရောက်လာ၏။ ထိုအခါ တုချင်း၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။
“လောကကလန်ရဲ့ မဟာလက်ဝါးချက်၊ စစ်စိတ်ဝိညာဉ်လက်ဝါး…။ မင်းက စိတ်ဝိညာဉ်တိမ်ကုန်းမြေရဲ့ လောကကလန်ကလား…”
တုချင်း၏စကားကို ကြားရသည့်နောက် ဝမ်လင်းသည် စိတ်နှလုံး တချက်ခုန်ပေါက်မိသွားသညည်။ စစ်စိတ်ဝိညာဉ်လက်ဝါး ဆင်းသက်လာစေရင်း သူသည် နောက်ထပ် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်သည်။
ခုနစ်ရောင်စုံအလင်းက ချက်ခြင်း ဝမ်လင်းရှေ့တွင် စုဝေးကာ ဒီဧရိယာကို ခြုံလွှမ်းသည်။ ခုနစ်ရောင်စုံအလင်းသည် မြန်မြန်ဆန်ဆန် စုဝေးကာ ခုနစ်ရောင်စုံလှံအသွင် ဖြစ်ပေါ်သည်။
ထိုလှံရှည် ပေါ်လာသည်နှင့် တုချင်း၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားကာ ထိတ်လန့်မှုတို့ ပြည့်၏။ သူသည် ထပ်၍ ရှေ့ဆက်မတိုးတော့ဘဲ ထိုအစား နောက်သို့ ခြေလှမ်းများ ပြန်ဆုတ်သည်။
“တန်လင်းကလန်ရဲ့ ခုနစ်ရောင်စုံမန္တာန်၊ မင်း…မင်း…မင်းက လောကကလန်ကလား၊ တန်လင်းကလန်ရဲ့ တပည့်တစ်ယောက်လား…”
“မင်း ဘယ်လိုထင်လဲ…” မတူညီသောမန္တာန်နှစ်ခုကို ထုတ်ဖော်ပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်မှအတားအဆီးသန်းချီသည် ကောင်းကင်ထက်သို့ ပျံသန်းထွက်သည်။ လောကသည် အရောင်များ ပြောင်းလဲကာ ဧရာမရှေးဟောင်းထီးတစ်လက် တုချင်း၏မျက်လုံးရှေ့တွင် ပေါ်လာလေသည်။
တုချင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် မယုံကြည်နိုင်ဖွယ် ဖြစ်ပေါ်၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်မိကာ ဝမ်လင်းထံ ထိတ်လန့်တကြီး ကြည့်သည်။
“ကောင်းကင်ဘုံအင်ပါယာ ညွှန်းဆိုထားတဲ့ ကုန်းမြေခုနစ်ဆယ့်နှစ်ခုရဲ့ အသန်မာဆုံး တာအိုသုံးခုကလန်၊ စုန့်ယွမ်တောက်ရဲ့ လက်ဆင့်ကမ်းပေးခြင်း မရှိတဲ့ နယ်မြေလောင်ကျွမ်းခြင်းထီး မန္တာန်…” တုချင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောသွားကာ သူ့ဦးရေပြားပင် ထုံထိုင်းမိသွား၏။ သူသည် ဝမ်လင်းမှာ ထိုမန္တာန်များကို လျှို့ဝှက်၍ သင်ခဲ့သည်ဟု မထင်ပေ။ ထိုမန္တာန်များသည် အလွန်အစစ်အမှန် ဖြစ်လွန်း၏။ ယင်းတို့သည် လူတစ်ယောက် လျှို့ဝှက်၍ သင်နိုင်သော အရာများ မဟုတ်ပေ။
“သောက်ကျိုးနည်း…သင်က ဘယ်သူလဲ…”