← Chapters

ရွှမ်လော၏ အာရုံခံမိမှု

Vol. 135 Ch. 1867

ရွှမ်လော၏ အာရုံခံမိမှု

Vol. 135 Ch. 1867

ထိုရွှေရောင်လက်ဝါး ပျောက်ကွယ်သွားချိန်၌ ရွှေရောင်အလင်းသည် ဒီလောကထံမှ ကွယ်ပျောက်သွားတော့သည်။

ဝမ်လင်းက ရွှေရောင်လက်ဝါးကို ပြန်သိမ်းဆည်းပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ သင့်ကို လိုက်မပို့ပေးတော့ဘူး…”

ထိုရွှေရောင်လက်ဝါး ပျောက်ကွယ်သွားခါမှ တုချင်းသည် ကြိတ်၍ စိတ်အေးနိုင်တော့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ထွက်သွားရန် ဟန်ပြင်သည်။ သည်လိုက်လံမှု၌ ဝမ်လင်းကြောင့် သူသည် အကြိမ်များစွာ တုန်လှုပ်ခဲ့ရပေသည်။ နောက်ဆုံးတွင် မဟာအင်ပါယာတစ်ယောက်၏ အော်ရာနှင့် ရွှေရောင်လက်ဝါးက တိုက်ခိုက်မည့် သူ့အတွေးအားလုံးကို လက်လျှော့သွားစေခဲ့သည်။ သူသည် တတ်နိုင်သမျှ အမြန်ထွက်သွားချင်နေ၏။

“ရက်စက်လိုက်တာ။ ဒါက ရက်စက်လွန်းတယ်…”  တုချင်းသည် အတော်လေး စိတ်ဓာတ်ကျနေ၏။ သူသည် နောက်သို့ ခြေလှမ်းတစ်ရာ ပြန်ဆုတ်သည်။ ရုတ်တရက် သူ ရပ်ကာ မီးလုံး ဝန်းရံထားသော ဝမ်လင်းထံ လှမ်းကြည့်လိုက်သည်။

“ဒီလူရဲ့ နောက်ခံဟာ အလွန်အစွမ်းထက်တယ်။ ပြီးတော့ သူ့မှာ မဟာအင်ပါယာတစ်ယောက်ရဲ့ ရတနာကိုလည်း လက်ဆောင်ရထားသေးတယ်။ ဒီလိုလူမျိုးနဲ့ ဆုံရတာဟာ ငါ့အတွက် ကံကောင်းမှုတစ်ခုပဲ။ ငါက စိတ်ရှုပ်ထွေးပြီး ဒီလိုပုံစံနဲ့ ဘာကြောင့် ထွက်သွားမိတာလဲ။ ငါသာ မဟာအင်ပါယာတစ်ယောက်ရဲ့ လမ်းညွှန်မှု ရခဲ့ရင် ငါ့ကျင့်ကြံမှုဟာ ကျိန်းသေပေါက် တိုးတက်လာနိုင်မှာ…”

“ငါ သူ့နောက် လိုက်ရင် သူ့နောက်ခံနဲ့ဆို ငါ မဟာစိတ်ဝိညာဉ်ကလန်နဲ့ ပတ်သတ်လို့ ဆက်ပြီး စိတ်ပူစရာ မလိုတော့ဘူး။ ငါ မဟာအစိတ်ဝိညာဉ်ကလန်ရှိ ငါ ရှာတွေ့တဲ့ ရတနာကောင်းတွေကို ပို့ပေးစရာလိုတော့မှာ မဟုတ်ဘူး…”  ထိုသို့ တွေးမိကာ တုချင်း၏ စိတ်ဓာတ်ကျနေသော ဟန်ပန်သည် ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားလာသည်။

“ဟုတ်ပြီ…ဒီလိုပဲ လုပ်ရမယ်။ ဒါဟာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ အိပ်မက်မက်ရတဲ့ အခွင့်အရေးပဲ။ သူ့မှာ မဟာအင်ပါယာတစ်ယောက်ရဲ့ လက်ဆောင်ပေးထားတဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားတဲ့အကြောင်းကိုသာ ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ တခြားကလန်တစ်ခုခုကသာ သိသွားခဲ့ရင် သူတို့ ရူးသွပ်သွားနိုင်လောက်တယ်။ သူတို့က သူ့ကို ဧည့်သည်တော်အဖြစ် ချက်ခြင်း ဖိတ်ကြားလိမ့်မယ်။ သူ တောင်းဆိုသမျှကို ပေးကြလိမ့်မယ်…”

“မိုးကောင်းကင်က မျက်စိကောင်းတာပဲ။ ငါ့ကံကောင်းမှု ရောက်လာခဲ့ပြီ။ ခုချိန်မှာ ငါ တစ်ယောက်ပဲ သူ့နောက်ခံပုံရိပ်ကို သိထားတာ။ တခြား ဘယ်သူမှ သိခွင့် ပြုလို့ မဖြစ်ဘူး။ ဒီအကျိုးအမြတ်က ငါ့တစ်ယောက်တည်းအတွက်ပဲ…။ သူ့နောက်ကွယ်မှာ ဘယ်မဟာအင်ပါယာကများ ရပ်တည်ပေးနေလဲတော့ ငါ မသိဘူး…”

တုချင်း၏ ခန္ဓာကိုယ်မှာ သစ်သားဖြင့် ပြုလုပ်ထားခြင်းပင်။ သူ့ထံ၌ နှလုံးသား မရှိပေ။ သို့သော် သူက သည်အခိုက်၌ သူ့နှလုံးခုန်သံကို ကြားလိုက်ရသည်ဟု ခံစားမိသည်။

“ဟားဟား…ပွတာပဲ၊ကံကောင်းတာပဲ…”  တုချင်း၏မျက်လုံးသည် လင်းလက်လာကာ ဝမ်လင်းရှိနေသော မီးလုံးထံသို့ ကြည့်သည်။ ူသည် အသက်ဝဝရှုသွင်းကာ အတင်းလုပ်ယူ၍ ပြုံး၏။

“နားလည်မှု လွဲတာပါ။ နားလည်မှု လွဲတာပါ…။ ရောင်းရင်းကျင့်ကြံသူ…ဒီကိစ္စဟာ နားလည်မှု လွဲတာပါ။  နဂါးပြာကလန်ဟာ အိုမင်းနေပြီလို့ ငါ ထင်နေတာ။ ဒီကလန်ကို ပြန်တည်ဆောက်ပြုပြင်ချင်တယ်။ ရောင်းရင်းကျင့်ကြံသူက အချိန်ကိုက် ရောက်လာခဲ့တာပဲ။ တကယ်တော့ ငါ အမှီလိုက်လာတာက ရောင်းရင်းကျင့်ကြံသူကို ကျေးဇူးတင်ဖို့အတွက်ပါ…”  တုချင်းသည် မျက်တောင်ပင်မခတ်ဘဲ ထိုသို့ ပြောလာ၏။

“အို…”  ဝမ်လင်းက တုချင်းကို အပြုံးမမည်သောအပြုံးဖြင့် ကြည့်သည်။ သူသည် တုချင်း၏ အတွေးများကို ဖြတ်မြင်လေသည့်အလား။

“ရောင်းရင်းကျင့်ကြံသူက မီးကို ဝါးမြိုနေတာ။ ဒီကိစ္စဟာ အရေးကြီးတယ်။ ဒါ့ကြောင့် ငါ ဘယ်လိုလုပ် ထွက်သွားပါ့မလဲ။ ရောင်းရင်းကျင့်ကြံသူ စိတ်အေးအေးနေပါ။ ငါ သင့်ကို ကာကွယ်ပေးထားပါမယ်။ ဘယ်သူမှ အနားကပ်လာခွင့် ပေးမှာ မဟုတ်ဘူး…”

တုချင်းသည် ဝမ်လင်း၏အကြည့်ကြောင့် မတုန်လှုပ်သွားပေ။ သူက ဝမ်လင်း သူ့ကို မယုံမှာ စိုးရိမ်နေ၏။ ထို့ကြောင့် သူသည် ကောင်းကင်ထက်သို့ လက်ညှိုးထိုးကာ ထပ်မံ၍ ဆိုလာ၏။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ အထက်ဥပဒေသ၊ ဒီကနေ့ ငါဟာ ရောင်းရင်းကျင့်ကြံသူကို စောင့်ကြပ်ပေးပါ့မယ်။ ဒီ့အတွက် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ အဲ့လိုမဟုတ်ခဲ့ရင် ကောင်းကင်ဘုံမိုးကြိုးက ငါ့တာအိုနဲ့ ငါ့စိတ်ဝိညာဉ်ကို ဖျက်စီးပါစေ…”  ထိုသို့ပြောပြီးနောက် တုချင်း၏ ကျိန်ဆိုချက် ပါဝင်သော အနီရောင်အလင်းတန်းက အကွာအဝေးတစ်ခုထံသို့ ထိုးထွက်သွားသည်။

ဤသည်မျာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ ကျိန်ဆိုချက် သင်္ကေတ ဖြစ်၏။ လူအနည်းငယ်ကသာ ထိုကျိန်ဆိုချက်ကို ချိုးဖျက်နိုင်၏။ အကြောင်းမှာ အင်မောတယ်ကောင်းကင်ဘုံ၏ ဥပဒေသည် မျက်မြင်သက်သေရှိခြင်းကြောင့်တည်း။

ဝမ်လင်းသည် တုချင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရှိပါစေတော့…သင် လုပ်ချင်မှတော့ ငါ့ကို ကူညီစောင့်ကြပ်ပေးမယ့် အခွင့်အရေးကို သင့်ရှိ ပေးလိုက်မယ်…”

တုချင်းသည် ထိုစကားကို ကြားသည့်အခါ စိတ်လှုပ်ရှားလာ၏။ သူသည် ပြီးခဲ့သောအဖြစ်အပျက်တို့ကြောင့် ဝမ်လင်းသည် သတိထားကာ သူ့အပေါ် အခဲမကြေမည်ကို စိုးရိမ်ပူပန်နေခဲ့၏။  ထိုသို့ဖြစ်လာပါက သူသည် ဝမ်လင်းထံ ချဉ်းကပ်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးကာ မဟာကံကောင်းမှုကြီးနှင့် လွဲချောရလိမ့်မည်။

ဝမ်လင်း၏ သဘောတူမှုကို ကြားသည့်အခါ တုချင်းက စိတ်တက်ကြွလာ၏။ သူ၏အမူဟန်ပန်မှာ အလေးအနက် ဖြစ်လာကာ ဝမ်လင်းထံ ခေါင်းညိတ်ပြသည်။

“ရောင်းရင်းကျင့်ကြံသူဝမ်...စိတ်ချက်လက်ချနေပါ။ ဒီအဘိုးအိုက သင့်ဘေးကင်းလုံခြုံမှုအတွက် အသက်ကိုမမှုဘဲ စောင့်ကြပ်ပေးပါ့မယ်…”

ထိုသို့ ပြောနေရင်း သူက ရှေ့သို့ ခြေလှမ်းကာ လေထဲ၌ ပျောက်ကွယ်သွားပြီး ထိုင်ချလိုက်သည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ဧရိယာကို ခြုံလွှမ်းလိုက်၏။ သို့သော် သူသည် ဝမ်လင်း ပတ်လည်ဧရိယာကို ချန်ထားခဲ့၏။  သူက ဝမ်လင်းကို တကိုယ်တည်းအေးအေးဆေးဆေး ရှိစေရန် ထိုသို့ လုပ်ဆောင်ပေးလိုက်ခြင်းပင်။

ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းသာ။ တုချင်းက သူ့ရည်ရွယ်ချက်ကို မဖုံးကွယ်ထားပေ။ တုချင်းထိုသို့ အချိုးပြောင်းသွားခြင်းမှာ ဝမ်လင်း၏ ရွှေရောင်လက်ဝါးကြောင့်ပင်။ တုချင်းသည် ဝမ်လင်းကို ရွှေရောင်လက်ဝါး ပေးခဲ့သော မဟာအင်ပါယာနှင့် နီးစပ်လိုသည်မှာ ရှင်းလင်း၏။

“ဒီလိုဆိုလည်း ကောင်းပါတယ်။ အင်မောတယ်ကောင်းကင်ဘုံကို ငါ ခုမှ ပထမဆုံး ရောက်ဖူးတာဆိုတော့ ငါ မသိတဲ့အရာတွေ အများကြီး ရှိသေးတယ်။စိတ်ဝိညာဉ်တစ်ခုကို ရှာဖွေရုံနဲ့ ငါ အများအပြား မသိနိုင်ဘူး။ ဒါ့ကြောင့် အဲ့လိုလူမျိုး လိုအပ်တယ်…”

ဝမ်လင်းသည် သူ့စိတ်ထဲ၌ နှာခေါင်းရှုံ့ကာ သူ့မျက်လုံးကို မှိတ်လိုက်တော့သည်။ သူက မီးလုံးအတွင်း၌ သူ့ကိုယ်သူ တဖြည်းဖြည်း ဖုံးကွယ်လိုက်သည်။

တုချင်းသည် သူ့ကျိန်ဆိုချက်ကို အမှန်အကန် လိုက်နာကာ ပတ်ဝန်းကျင်ဧရိယာကို သေချာစစ်ဆေးကြည့်သည်။ တုချင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်ကာ အရင်တုန်းက ကတောက်ကဆ ဖြစ်ခဲ့မှုအပေါ် ချေဖျက်နိုင်ဖို့ ကောင်းကောင်းလုပ်ဆောင်ပေးမည်ဟု ဆုံးဖြတ်ထားသည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးလာ၏။ မျက်စိတမှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပြီ။

သည်သုံးရက်အတွင်း ဝမ်လင်းသည် အပြင်ဘက်ရှိ တုချင်းကို စောင့်ကြည့်ဖို့ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခု ထားရှိသည်။ တချိန်တည်းမှာ မီးလုံးအတွင်းရှိ သူ့ခန္ဓာကိုယ်က မီးအနှစ်သာရကို မြန်ဆန်စွာ စုပ်ယူနေသည်။

ထိုမီးလုံးသည် ပင်မမီးကြောငယ်ကြောင့်  ဖြစ်ပေါ်ခဲ့ခြင်းပင်။ မီးကြောခွဲတစ်ခု မဟုတ်ပေ။ သည့်အတွက်ကြောင့် စုပ်ယူမှုနှုန်းက မမြန်ပေ။ ၎င်းထံ၌ မီးအနှစ်သာရ မြောက်များစွာ ပါဝင်ကာ အတွင်း၌ ပုန်းကွယ်နေသော ဥပဒေသများပင် ပါရှိ၏။

ထိုဥပဒေသမှာ မီးဆန္ဒ ဖြစ်၏။ ဝမ်လင်းသည် မီးအနှစ်သာရကို ဝါးမြိုဖို့ လိုသည်သာမက ထိုစိတ်ဆန္ဒကိုလည်း ဝါးမြိုရန် လို၏။

မီးလုံးပတ်လည်၌ မီးနဂါးဆယ့်ခြောက်ကောင်သည် ရွှေ့လျားနေကာ သည်သုံးရက်အတွင်း မီးလုံးနှင့် ပေါင်းစပ်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ မီးလုံးထံမှ မီးဆန္ဒတစ်ခု ပျံ့နှံ့၏။ တုချင်းသည် ၎င်းကို အရင်ဆုံး ခံစားမိသည်။ သူသည် မီးလုံးထံ လှမ်းကြည့်သည်။ သို့သော် စကားမဆိုပေ။

ငါးရက်မြောက်နေ့၌ လေထဲတွင် နေမင်း မြင့်တက်လာကာ အမှောင်ထုလွင့်ပြယ်လာသည်။ သည်အခိုက်တွင် ဝမ်လင်း ရှိနေသော မီးလုံးထံမှ မြေကမ္ဘာအက်ကွဲစေလောက်မည့် တုန်ဟည်းမှုကို ထုတ်လွှတ်လာသည်။

ထိုအသံသည် အလွန်ကျယ်လောင်၏။ တုန်ဟည်းသံ ဆက်တိုက်ထွက်ပေါ်ကော မီးလုံးသည် ပေတစ်ရာလောက်ထိ ကြုံ့လာသည်။ ရုန်းကြွနေသော မီးလုံးအတွင်း၌ လူတစ်ယောက်သည် ဝမ်လင်း၏ပုံရိပ်နှင့် သူ့ကို လှည့်ပတ်နေသော ဟင်္သာငှက်တို့ကို ရေးတေးတေး မြင်နိုင်သည်။

မီးလုံးအတွင်းမှ ဟင်္သာငှက်၏ အော်မြည်သံများ ထွက်ပေါ်လာသည်။ ထိုအော်မြည်သံများ ပဲ့တင်ထပ်နေစဉ် မီးလုံးက ထပ်မံ ကြုံ့သည်။ ၎င်းကြုံ့နှုန်းမှာ မြန်တော့မမြန်ပေ။ နာရီများစွာ ကြာပြီးနောက် ထိုမီးလုံးသည် ပေခုနစ်ဆယ်လောက်ထိသာ ကျယ်ပြောတော့၏။

သို့ပေမည့် ပေခုနစ်ဆယ်မီးလုံးအတွင်း၌ မီးစိတ်ဆန္ဒတစ်ခု ပျံ့လွင့်သည်။ ထိုစိတ်ဆန္ဒက လောကကို ခြုံလွှမ်းကာ မြေကမ္ဘာမီးစိတ်ဆန္ဒနှင့် တိုက်ခိုက်တော့မည်ဟု ထင်မှတ်ရသည်။

မီးစိတ်ဆန္ဒနှစ်ခုသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ပေါ်လာလေသည့်အလား။

ထိုခံစားချက်မှာ အလွန်ထူးခြားသည်။ စိတ်ဆန္ဒနှစ်ခုထဲမှ တစ်ခုက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ မီးသွေးကြောဖြစ်၏။ တခြားစိတ်ဆန္ဒမှာ တုချင်း ကြည့်နေသော ပေခုနစ်ဆယ်ခန့်မီးလုံးထံမှ ဖြစ်သည်။

တုချင်းသည် မီးလုံးကို ကြည့်ကာ ပင့်သက်ရှိုက်မိသွား၏။ “မဟာအင်ပါယာတယောက်ရဲ့ ရတနာပေးအပ်ခြင်းခံရတဲ့ တစ်စုံတစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ။ သူ့မီးအနှစ်သာရဟာ ဒီမှာရှိနေတဲ့ မြေကမ္ဘာမီးဆန္ဒကို ခုခံနိုင်တယ်…”

ထိုအခိုက်တွင် မီးလုံးထံမှ တုန်ဟည်းမှုသည် ပို၍ ပြင်းထန်လာသည်။ ၎င်းသည် ပေခုနစ်ဆယ်ကနေ သုံးဆယ်ထိ ကြုံ့သွား၏။ ဝမ်လင်းသည် ပေသုံးဆယ်ခန့်မီးလုံးထံမှ လှမ်းလျှောက်ထွက်လာသည်။

သူ့ဆံပင်ဖြူတို့မှာ ဝေ့ခတ်လျက်၊ သူသည် မီးလုံးဘေးတွင် ထိုင်ချသည်။ သူ၏အမူအရာမှာ အလွန်အလေးအနက် ဖြစ်နေပြီး သူက လက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေကာ မီးလုံးထံသို့ ညွှန်လိုက်သည်။

ထိုအခါ မီးလုံးအတွင်းရှိ ဟင်္သာငှက်၏ ကောင်းကင်ပြိုလဲလေသလား ထင်မှတ်ရသော အော်မြည်သံ ထွက်ပေါ်သည်။ ပေသုံးဆယ်ခန့်မီးလုံးက ထပ်မံ ကြုံ့ကာ ဆယ်ပေလောက်သာ ကျန်တော့သည်။

ဟင်္သာငှက်သည်လည်း အဆများစွာ ကြုံ့သွားခဲ့၏။ ၎င်းက ဆယ်ပေခန့်မီးလုံးအတွင်း၌ လှည့်ပတ်နေသည်ကို မြင်နိုင်သည်။ ဟင်္သာငှက်အော်မြည်သံများက မီးလုံးအတွင်းမှ ထွက်ပေါ်နေသည်။

ထိုအဖြစ်က တုချင်း၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခုကို လှစ်ဟပေါ်စေသည်။ သူသည် မီးလုံးကို စိုက်ကြည့်နေရင်း သူ့စိတ်ထဲ၌ အတွေးတစ်ခု ဝင်လာသည်။

“ဟင်္သာငှက်ဟာ သူ့ရဲ့မီးအနှစ်သာရခန္ဓာပဲ။ သူဟာ မြေကမ္ဘာမီးကြောက မီးအနှစ်သာရအားလုံးကို ဟင်္သာငှက်ထဲ စိန်ခေါ်ထည့်သွင်းနေတယ်။ ဖြစ်နိုင်တာက သူဟာ…”

ထိုသို့ တွေးမိကာ တုချင်း၏မျက်လုံးသည် ပြူးကျယ်သွား၏။ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ထပ်မံ ပေါ်လာပြန်သည်။

“သူဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းချင်နေတာများလား…”  တုချင်းသည် ပင့်သက်ရှိုက်မိကာ သူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပို၍ အားကောင်းလာသည်။

“လူတစ်ယောက်ဟာ အနှစ်သာရတစ်ခု ပိုင်ဆိုင်တာနဲ့ တတိယအဆင့်၊ နိဗ္ဗာနလေဟာနယ်အဆင့်ကို ဝင်ရောက်နိုင်တယ်။ နောက်ပြီးသူတို့ဟာ ကျယ်ပြောတဲ့ လောကကနေ အနှစ်သာရစွမ်းအားကို စုပ်ယူ အသုံးပြုနိုင်တယ်။ အထည်ဒြပ်အနှစ်သာရ တစ်ခုဟာ ပိုင်ဆိုင်ဖို့ ပိုလွယ်ကူတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဆန်းကြယ်လေဟာနယ်အဆင့်ကို ရောက်ချင်ရင်တော့ ဆန်းကြယ်သိမ်မွေ့အနှစ်သာရတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ဖို့ လိုအပ်လိမ့်မယ်…”

“အနှစ်သာရ ပိုပိုင်ဆိုင်တဲ့သူဟာ ပိုအစွမ်းထက်တဲ့သူ ဖြစ်လာလေပဲ။ ဒါဟာ အင်မောတယ်ကောင်းကင်ဘုံရဲ့ ကျင့်ကြံသူတွေကြား လူသိများတဲ့အကြောင်းအရာပဲ…”

“အနှစ်သာရတွေကိုလည်း အလွှာလိုက် ပိုင်းခြားလို့ ရနိုင်တယ်။ အနှစ်သာရတစ်ခု စတင် ဖြစ်ပေါ်ခြင်းကနေ အနှစ်သာရရတနာတစ်ခုအဖြစ် သိပ်သည်းခြင်း၊ နောက်ဆုံးမှာ ပြီးပြည့်စုံခြင်း။ ဒီအဆင့်တိုင်းဟာ တစ်ခုပြီးမှ တစ်ခု ရောက်ရှိတယ်။ ဒါပေမဲ့ ဒဏ္ဍာရီအရတော့ ပါရမီရှင်တွေကြားမှာ တချို့က သူတို့ရဲ့ အနှစ်သာရကို ပြီးပြည့်စုံစေခြင်းထက် ပိုပြီး ခြေတစ်လှမ်း လှမ်းနိုင်ကြတယ်။ ဒီခြေလှမ်းဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖြစ်ပေါ်ခြင်းပဲ…”

“အနှစ်သာရအစစ်အမှန်ခန္ဓာဟာ ရှားပါးလွန်းတယ်။ အဲ့ခန္ဓာ ပေါ်လာတာနဲ့ ၎င်းရဲ့ စွမ်းအားဟာ ကြောက်မက်ဖွယ်ကောင်းတာထက် သာလွန်လိမ့်မယ်။ ငါ့ တဘဝလုံးမှာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူ ဆိုလို့ မဟာစိတ်ဝိညာဉ်ကလန် ဘိုးဘေးကိုပဲ မြင်ခဲ့ဖူးတယ်။ သူဟာ စိတ်ဝိညာဉ်အနှစ်သာရအစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ သူပဲ။ ဒီ…ဒီ ဝမ်လင်းဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ တကယ်ပဲ ကြိုးစားနေတာများလား…”

တုချင်းသည် ဝမ်လင်းကို မယုံကြည်နိုင်စွာ ကြည့်မိ၏။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင် ရှေးနိုင်ံများ၌ နယ်မြေသုံးဆယ့်ငါးခု ရှိ၏။ ရှေးတောက်နိုင်ငံက နယ်မြေဆယ့်နှစ်ခုကို သိမ်းပိုက်စိုးမိုးသည်။ ကောင်းကင်နယ်မြေသည် တော်ဝင်မြို့တော်၏ တည်ရှိသောနယ်မြေ ဖြစ်၏။

ထိုနေရာတွင် အစိမ်းရောင်တောင်တန်းများနှင့် စီးဆင်းနေသော မြစ်တစ်စင်း ရှိသည်။ သစ်ရွက်များက ကြွေကျကာ မြစ်သည် ရေစီးကြမ်း၏။ ထိုတောင်များ အတွင်းဘက်၌ မိုးထိမြင့်မတတ်  အပြာရောင်မျှော်စင်ကြီး တစ်ခု ရှိသည်။

ထိုမျှော်စင်သည် ရှေးကျသောအော်ရာကို ပေးစွမ်းသည်။ ထိုမျှော်စင်ပေါ်တွင် ဝတ်ရုံနက်ဖြင့် လူငယ်တစ်ယောက် ရှိနေသည်။ သူသည် လူငယ်ဆန်သော်လည်း သူ့ထံမှ ရှေးကျသော ခံစားမှုတစ်ခုကို ပေးစွမ်းလေ၏။ သူသည် ဟိုးလွန်ခဲ့သောအချိန်များတည်းက တည်ရှိခဲ့သည့်အလား။

သူက မဟာအင်ပါယာရွှမ်လော ဖြစ်၏။

ဝမ်လင်းသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ ပေါ်၌ ရွှေရောင်လက်ဝါးကို ထုတ်ယူလိုက်သည့်အခါ၌ တံခါးပိတ်ကျင့်ကြံနေသော ရွှမ်လောသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။

“သူ လာနေပြီ…”  ရွှမ်လောက ပြုံးမိလာသည်။ သူက သူ ရွေးချယ်ထားသော တပည့်သည် လေဟာနယ်အတွင်း၌ မသေနိုင်သည်ကို သိ၏။ သူ့တပည့်က  အင်မောတယ်ကောင်းကင်ဘုံမြေသို့ ရောက်လာပြီကို သိလိုက်လေပြီ။

All Chapters