← Chapters

ကျဆုံးသူများ

Vol. 23 Ch. 359

ကျဆုံးသူများ

Vol. 23 Ch. 359

"အရင်တုန်းကတော့ ဒီလိုယိုစိမ့်မှုတွေ မခဏခဏ မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ပိုများလာတယ်။ ကြည့်ရတာ ဟွန်တွန်နဲ့ ပတ်သက်နေမယ် ထင်တယ်" ယဲ့ယွီက ပြောလိုက်သည်။

"တာအိုရောင်းရင်းယဲ့ယွီ... ဒီတံဆိပ်ပြားကို ကျွန်တော် လက်ခံပါ့မယ်။ ဒါပေမဲ့... ပြင်ပနတ်ဘုရား စွမ်းအား ယိုစိမ့်တဲ့ကိစ္စမျိုးရှိရင် ကျွန်တော့်ကို အသိပေးပါ၊ ကျွန်တော် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်" လီချန်က ဧည့်အကြီးအကဲ တံဆိပ်ပြားကို လှမ်းယူလိုက်ရင်း ပြောလိုက်သည်။

"ကောင်းပြီလေ" ယဲ့ယွီ ခေါင်းညိတ်လိုက်သည်။

ဒီတာအိုရောင်းရင်းလီက ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှုကိစ္စတွေကို စိတ်ဝင်စားနေမှတော့ နောက်ပိုင်းကျရင် ဒီကိစ္စတွေကို လီချန်ကို လွှဲပေးလိုက်လို့ရပြီ။

ယဲ့ယွီ ပြန်သွားပြီးနောက် လီချန်သည် လက်ထဲမှတံဆိပ်ပြားကိုကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း ကျေနပ်နေမိသည်။ ဟုန်ယွင်နတ်ဘုရားဂိုဏ်းလို မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားတွေ ရှိတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားပြီဆိုတော့ နောက်ပိုင်းကျရင် ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှုကိစ္စတွေနဲ့ ထိတွေ့ခွင့်ရလာတော့မည်။

ပြီးတော့ အရင်က သူ စိုးရိမ်ခဲ့တဲ့ ပြဿနာလည်း ပြေလည်သွားပြီ။

ဒီအားနည်းချက်ကို ဟုန်ယွင်နတ်ဘုရားဂိုဏ်းက ကိုင်ထားတာဖြစ်လို့ သူ့အတွက် ခြိမ်းခြောက်မှု ရှိနေသေးပေမဲ့၊ ဟုန်ယွင်နတ်ဘုရားဂိုဏ်းနဲ့ ထိပ်တိုက် မတွေ့သရွေ့တော့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။

......

အချိန်တွေ ကုန်ဆုံးသွားလိုက်တာ ၁၃ နှစ်ဆိုတဲ့ ကာလတစ်ခု မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဒီ၁၃ နှစ်အတွင်း ဘာထွေထွေထူးထူးကိစ္စမှ မဖြစ်ခဲ့ပေ။ ဝူရွှမ်းတာအိုနန်းတော်သည်လည်း တည်ငြိမ်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

တပည့်အရေအတွက်သည်လည်း ၂၀၀၀ နီးပါး ရောက်ရှိလာပြီဖြစ်သည်။ ၉၀ ရာခိုင်နှုန်းကျော်သည် နတ်ဘုရားဓားဂိုဏ်းမှ အထက်ဘုံသို့ တက်လှမ်းလာသူများ ဖြစ်ကြသည်။

အဓိကကတော့ အောက်ဘုံမှ တက်လှမ်းလာသူအရေအတွက် များပြားလာခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် ဝူရွှမ်းတာအိုနန်းတော်၏ တပည့်အရေအတွက် ဆက်လက်တိုးပွားနေခြင်းဖြစ်သည်။

တပည့်အရေအတွက် များလာသော်လည်း ကျင့်ကြံခြင်းအရင်းအမြစ်များ ပြတ်လပ်သွားခြင်း မရှိပေ။

သူနှင့် လျှို့ဝှက်ရှန်ထျန်းဟွေ့တို့၏ ပူးပေါင်းဆောင်ရွက်မှု မရပ်တန့်သေးဘဲ ဆက်လက်ရှိနေဆဲဖြစ်သည်။

ဟုန်ယွင်နတ်ဘုရားဂိုဏ်းနှင့်လည်း အခြေခံတည်ဆောက်ခြင်း ဆေးလုံးကိစ္စ ပူးပေါင်းဆောင်ရွက်နေသည်။

ထို့ကြောင့် လီချန်၏ မွေးရာပါဝိညာဉ်ပစ္စည်းရရှိမှု လမ်းကြောင်းသည် တည်ငြိမ်နေပြီး၊ ဝူရွှမ်းတာအိုနန်းတော် တပည့်များ၏ အခြေခံတည်ဆောက်ခြင်း လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။

ကောင်းကင်တာအိုနယ်ပယ်၏ ဧရိယာသည်လည်း အဆများစွာ ကျယ်ပြန့်လာသဖြင့် နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း၏ နတ်ဘုရားစွမ်းအား သန့်စင်မှု စွမ်းရည်သည်လည်း များစွာ တိုးတက်လာခဲ့သည်။

ဒါတင်မကသေးပေ။ သူသည် နတ်ဘုရားကမ္ဘာ၏ ပတ်ဝန်းကျင်နှင့် ထပ်တူညီသော ဧရိယာတစ်ခုကို သီးသန့်ခွဲထုတ်ထားလိုက်သည်။ ထိုနေရာတွင် အပျက်သဘောဆောင် နတ်ဘုရားစွမ်းအားများ လုံးဝ မရှိတော့ဘဲ၊ အတွင်းရှိ နတ်ဘုရားစွမ်းအားများ အားလုံးကို သန့်စင်ပြီးသားဖြစ်သည်။

ဤကဲ့သို့သော နတ်ဘုရားစွမ်းအား ပတ်ဝန်းကျင်မျိုးတွင် နတ်ဆေးပင်များကို စိုက်ပျိုးပျိုးထောင်ရန် လွယ်ကူသွားသည်။

သူ၏ ဝိညာဉ်စိုက်ပျိုးနည်းပညာများကို အသုံးပြုလိုက်သောအခါ နတ်ဆေးပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။

ဒါက တိုက်ဆိုင်မှု မဟုတ်ဘဲ၊ အသုတ်လိုက် အသုတ်လိုက် တည်ငြိမ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။

......

အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။

လီချန်သည် အချိန်ခေါင်းလောင်း အောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ကျင့်ကြံမှု တစ်ကြိမ် ပြီးမြောက်သွားပြီဖြစ်၍ စနစ်မျက်နှာပြင်ကို ဖွင့်ကာ နောက်ဆုံးရ အချက်အလက်များကို စစ်ဆေးလိုက်သည်။

အိမ်ရှင်: လီချန်။

နတ်ဝိညာဉ် (ကောင်းကင်တာအို)။

တာအိုပေါင်းစည်းခြင်းနယ်ပယ် (အစောပိုင်း ၂၈/၁၀၀)။

အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ(၉၆၅၈၉/၁၀၀၀၀၀၀၀)။

ကောင်းကင်ဘုံသတ္တမဓား(နေရာခွဲ၊ သံချပ်ခွဲ၊ ဘုံခွဲ၊ ဝိညာဉ်ခွဲ၊ မိုးကြိုး၊ ကောင်းကင်ခွဲ၊ နတ်ဘုရားကွပ်မျက်)၊ ကောင်းကင်ဘုံအဋ္ဌမမြောက်ဓား (အခြေခံအဆင့် ၃/၁၀၀)။

မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ပရမ်းပတာ လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။

လင့်တုန်းလောကသစ်ပင် (အဆင့် ၃ ၇၃/၁၀၀)။

ချန်ယွမ်အစီအရင်ကျမ်း ( နှစ်ဆယ်အခြေခံ ၇၈/၁၀၀)။

ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်တစ်ဆယ် ၁၁/၁၀၀)။

လက်နက်သန့်စင်သူ (အဆင့်ကိုး ၇၆/၁၀၀)။

အဂ္ဂိရတ်ဆရာ (အဆင့်တစ်ဆယ် ၉၉/၁၀၀)။

သူ၏ လက်ရှိကျင့်ကြံမှုသည် တာအိုပေါင်းစည်းခြင်းနယ်ပယ် အစောပိုင်း ၂၈ မှတ်သို့ ရောက်ရှိနေပြီ။ ဒီနှုန်းထားက တော်တော်မြန်ဆန်သည်ဟု ပြောရမည်။

သာမန် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ နှင့် မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားများသည် အဆင့်ငယ်တစ်ခုတက်ဖို့အတွက် နှစ်ထောင်ချီ ကြာမြင့်တတ်ကြသည်။

ကောင်းကင်ဘုံအဌမဓားသိုင်းသည်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က အခြေခံအဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။

၇ ကွက်မြောက်က ကျူရှန်ဓား။ ၈ ကွက်မြောက်က လုရှန်ဓား။

ဒီ၈ ကွက်မြောက် ဓားသိုင်း၏ ဖော်ပြချက်အရ ဆိုလျှင် ၎င်းသည် ပြင်ပနတ်ဘုရားများကိုပင် ခြိမ်းခြောက်နိုင်သော ကြောက်မက်ဖွယ် ဓားသိုင်းဖြစ်သည်။

မူလက သူ သိပ်မယုံခဲ့ပေ။

ဒါပေမဲ့ ၈ ကွက်မြောက် ဓားသိုင်း အခြေခံအဆင့် ရောက်သွားတဲ့အခါ သူ ယုံသွားပြီ။

ဘာလို့လဲဆိုတော့ အခုမှ အခြေခံအဆင့်ပဲ ရှိသေးတာတောင် ပါဝင်တဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းနေပြီး၊ အထွတ်အထိပ်ရောက်နေတဲ့ ၇ ကွက်မြောက် ဓားသိုင်းထက်တောင် သာလွန်နေပြီဖြစ်သည်။

ဒါဆို ၉ ကွက်မြောက် ဓားသိုင်းကရော ဘယ်လောက်တောင် စွမ်းအားကြီးမလဲ မသိနိုင်ဘူး။

ရုတ်တရက် လီချန် မျက်နှာတွင် အံ့သြရိပ်များ ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် သူ့ပုံရိပ်သည် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံအတွင်းမှ ပျောက်ကွယ်သွားသည်။

......

၃၃ ဘုံ။

ပိုင်ကျူနတ်ဘုရားမြို့တော်။

လီချန်သည် သူ၏ ကျင့်ကြံခြင်း လှိုဏ်ဂူစံအိမ်အတွင်းသို့ ရောက်ရှိလာသည်။

သူသည် စံအိမ်တံခါးဝသို့ လျှောက်သွားပြီး အပြင်ဘက်မှ ယဲ့ယွီကို ဖိတ်ခေါ်လိုက်သည်။ "တာအိုရောင်းရင်းယဲ့ယွီ... မတွေ့ရတာကြာပြီပဲ"

"တာအိုရောင်းရင်းလီ... မကြာသေးခင်က ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ အဆင့် ၃ ညစ်ညမ်းမှုအထိ ရောက်သွားတယ်လို့ သံသယရှိရတယ်။ တာအိုရောင်းရင်း စိတ်ဝင်စားမလား" ယဲ့ယွီက တဲ့တိုးပင် ပြောလိုက်သည်။ "ပြီးတော့ ဒီတစ်ခါ ယိုစိမ့်မှုကလည်း တုန်းလိုင်အင်မော်တယ်နန်းတော်ကနေပဲ ဖြစ်တာ"

"အခြေအနေအတိအကျက ဘယ်လိုလဲ" လီချန် စိတ်ဝင်တစား မေးလိုက်သည်။

သူက လင့်တုန်းလောကသစ်ပင်တိုးတက်မှု နှေးကွေးနေတာကို စိတ်ညစ်နေတာ။

တကယ်လို့သာ နိယာမညစ်ညမ်းပစ္စည်းတွေ ပိုရနိုင်မယ်ဆိုရင် လင့်တုန်းလောကသစ်ပင်ကို အမြန် အဆင့်မြှင့်တင်နိုင်မှာလေ။

လင့်တုန်းလောကသစ်ပင်သာ အဆင့် ၄ ရောက်သွားပြီး၊ လုရှန်ဓားနဲ့ပါ တွဲဖက်လိုက်ရင် သူ ဘယ်လောက်တောင် စွမ်းအားကြီးသွားမလဲ။

ယဲ့ယွီက အခြေအနေအသေးစိတ်ကို ရှင်းပြသည်။

ဖြစ်ပုံမှာ ရတနာခုနစ်ပါးခန်းမဆောင်က တုန်းလိုင်အင်မော်တယ်နန်းတော်ကို ပြုပြင်ထိန်းသိမ်းမှု လုပ်ပြီးနောက် ပြင်ပနတ်ဘုရားစွမ်းအား ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်။ အဲဒါကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းရမည်။ မဟုတ်လျှင် နောက်ထပ် ယိုစိမ့်မှုတွေ ထပ်ဖြစ်လာနိုင်တယ်။

ဒါကြောင့် အင်မော်တယ်နန်းတော်က နှစ်ဆယ့်နှစ်အခြေခံအဆင့် ရှိသော အစီအရင်ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ပြီး၊ တုန်းလိုင်အင်မော်တယ်နန်းတော်ရဲ့ အစီအရင်တိုင် မူမမှန်တာကို အောင်မြင်စွာ ပြုပြင်နိုင်ခဲ့သည်။

မူလက ဒီကိစ္စ ဒီလောက်နဲ့ ပြီးပြီလို့ ထင်ခဲ့ကြတာ။

ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီနှစ်ဆယ့်နှစ်အခြေခံအဆင့် အစီအရင်ပညာရှင်က မကြာသေးခင်ကမှ ပုံမှန်မဟုတ်တော့ဘဲ၊ သူ့တပည့်တွေကို အကုန်သတ်ဖြတ်ပစ်လိုက်ပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။

"အခု အင်မော်တယ်နန်းတော်က အရေးပေါ် ရှင်းလင်းရေးအမိန့် ထုတ်ပြန်လိုက်ပြီ။ ညစ်ညမ်းမှု ခံထားရတဲ့ အဲဒီနှစ်ဆယ့်နှစ်အခြေခံအဆင့် အစီအရင်ပညာရှင်ကို ရှင်းလင်းပစ်ဖို့ပေါ့..." ယဲ့ယွီက ပြောသည်။

"အင်မော်တယ်နန်းတော်က ညစ်ညမ်းမှု အဆင့်တွေကို ဘယ်လို သတ်မှတ်ထားတာလဲ" လီချန်က ချက်ချင်း လက်မခံသေးဘဲ မေးခွန်းထုတ်လိုက်သည်။

"ညစ်ညမ်းမှုအဆင့်ကို ၉ ဆင့် ခွဲထားတယ်။ အဆင့် ၁ ဆိုတာက သွယ်ဝိုက်ထိတွေ့မိပြီး အငွေ့အသက် ညစ်ညမ်းရုံလောက်ပဲ။ အဆင့် ၂ ဆိုရင်လည်း သွယ်ဝိုက်ညစ်ညမ်းတာပဲ၊ ဒါပေမဲ့ အချိန်ကြာပြီး ရောဂါပျိုးချိန် ရှည်တယ်။ ညစ်ညမ်းသူက ပြန်ကောင်းလာဖို့ မဖြစ်နိုင်တော့ဘူး။ အပြီးတိုင် ရှင်းလင်းပစ်ဖို့ပဲ ရှိတော့တယ်။ အဆင့် ၃ ဆိုရင်တော့ အခြေခံအားဖြင့် ညစ်ညမ်းသူက ပြင်ပနတ်ဘုရား စွမ်းအားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ကျဆုံးသူဖြစ်သွားပြီလို့ သတ်မှတ်တယ်။ ဒီအဆင့် ၃ ညစ်ညမ်းမှုကို နိယာမနယ်ပယ် ပိုင်ဆိုင်ထားတဲ့ ရွှေနတ်ဘုရားတွေ ဖြေရှင်းလို့ ရနိုင်သေးတယ်။ ဒါပေမဲ့ အဆင့် ၄ နဲ့ အထက် ရောက်သွားရင်တော့ အထူးရွှေနတ်ဘုရားတွေမှပဲ ဖြေရှင်းနိုင်တော့တယ်" ယဲ့ယွီက ရှင်းပြသည်။

"ဒါဆို အဲဒီနှစ်ဆယ့်နှစ်အခြေခံအဆင့် အစီအရင်ပညာရှင်က အဆင့် ၄ နဲ့ အထက် မရောက်သေးဘူးလို့ ခင်ဗျားတို့ ဘယ်လိုသိလဲ" လီချန် မေးလိုက်သည်။

"ဒါက ဆုံးဖြတ်ရလွယ်ပါတယ်။ အဆင့် ၄ နဲ့ အထက် ညစ်ညမ်းသူတွေရှိတဲ့နေရာမှာ အရမ်းပြင်းထန်တဲ့ ညစ်ညမ်းနယ်ပယ်ဖြစ်ပေါ်လာလေ့ရှိတယ်။ အဲဒီနယ်ပယ်ထဲရောက်သွားတဲ့ သက်ရှိမှန်သမျှဟာ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအဆင့်မဟုတ်ရင် သေချာပေါက် ညစ်ညမ်းကုန်မှာပဲ" ယဲ့ယွီက ပြောသည်။

"တာအိုရောင်းရင်းယဲ့ယွီ... ခင်ဗျား ကျွန်တော့်ကို လာရှာတယ်ဆိုတော့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းက ဒီရှင်းလင်းရေးတာဝန်ကို လက်ခံလိုက်ပြီပေါ့" လီချန် ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

"ဒီရှင်းလင်းရေးတာဝန်က လက်ခံစရာ မလိုပါဘူး။ နတ်ဘုရားဂိုဏ်းကြီးတွေ အားလုံး လုပ်လို့ရပါတယ်။ ဒါပေမဲ့ အန္တရာယ် များတာကြောင့် တကယ်တမ်းလုပ်ချင်တဲ့ ရွှေနတ်ဘုရား သိပ်မရှိဘူး" ယဲ့ယွီက ပြောသည်။

"ဘာလို့လဲ။ အင်မော်တယ်နန်းတော်က အရေးပေါ်ရှင်းလင်းရေးအမိန့် ထုတ်ထားတာ မဟုတ်ဘူးလား" လီချန် အံ့သြသွားသည်။

"ပြင်ပနတ်ဘုရားကြောင့်ဖြစ်လာတဲ့ ကျဆုံးသူတွေက... အခြေအနေတစ်ခုခုအောက်မှာ ရုတ်တရက် အဆင့် ၄ ညစ်ညမ်းမှုအထိ ရောက်သွားနိုင်တယ်လေ" ယဲ့ယွီက ပြောသည်။

"ဒါဆို အထူးရွှေနတ်ဘုရားတွေကို တိုက်ရိုက်ရှင်းခိုင်းလိုက်ပါလား" လီချန် ပိုပြီး နားမလည်နိုင် ဖြစ်သွားသည်။

"အထူးရွှေနတ်ဘုရားတွေက လွယ်လွယ်နဲ့ လှုပ်ရှားလေ့မရှိဘူး... တကယ်လို့ အဆင့် ၄ ကျဆုံးသူ ပေါ်လာမှပဲ လှုပ်ရှားကြတာ" ယဲ့ယွီ ခေါင်းခါလိုက်သည်။

"ဘာလို့လဲ" လီချန် မေးလိုက်သည်။

"ကြားတာတော့ ဟွန်တွန်နဲ့ ပတ်သက်နေတယ်တဲ့" ယဲ့ယွီက အများကြီး ရှင်းမပြဘဲ ပြောလိုက်သည်။

လီချန်ကတော့ တစ်စုံတစ်ခုကို ရိပ်စားမိလိုက်သည်။

ကြည့်ရတာ ဒီအင်မော်တယ်နန်းတော် နဲ့ ဟွန်တွန်အဖွဲ့အစည်းကြားမှာ နက်ရှိုင်းတဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေပုံရတယ်။

ဒါပေမဲ့ လီချန် ဒါတွေကို စိတ်မဝင်စားပါဘူး။ သူ့နဲ့မှ မဆိုင်တာ။

သူက ပြင်ပနတ်ဘုရားရဲ့ ညစ်ညမ်းနိယာမတွေကိုသုံးပြီး သူ့ရဲ့ လင့်တုန်းလောကသစ်ပင်ကို အဆင့်မြှင့်ချင်ရုံ သက်သက်ပါ။

"တာအိုရောင်းရင်းယဲ့ယွီ... ပြောပါ၊ ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ" လီချန် ခေတ္တမျှ ချင့်ချိန်ပြီးနောက် မေးလိုက်သည်။

"ဒီအစီအရင်ပညာရှင် ကျဆုံးသူကို ရှင်းလင်းဖို့အတွက် အင်မော်တယ်နန်းတော်က မကြာသေးခင်ကပဲ ရှင်းလင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းနေတယ်။ နတ်ဘုရားဂိုဏ်းကြီးတွေက ရွှေနတ်ဘုရားတွေ စေလွှတ်ရမှာ။ တကယ်လို့ တာအိုရောင်းရင်းလီ စိတ်ဝင်စားရင် ကျွန်တော်တို့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းရဲ့ ဧည့်အကြီးအကဲအနေနဲ့ ဒီရှင်းလင်းရေးအဖွဲ့ထဲ ဝင်လို့ရတယ်"

လီချန် သဘောပေါက်လိုက်သည်။ ဟုန်ယွင်နတ်ဘုရားဂိုဏ်းက လူမထုတ်ချင်ဘူးဆိုတဲ့ သဘောပဲ။ အန္တရာယ် များလွန်းလို့လေ။

တကယ်လို့ လီချန်လို ဧည့်အကြီးအကဲတစ်ယောက်က ဝင်ပါပေးမယ်ဆိုရင်တော့ ကွက်တိဖြစ်သွားပြီ။

"ဒါဆို ဘာအကျိုးအမြတ်ရှိမလဲ" လီချန် တဲ့တိုးပင် မေးလိုက်သည်။

"အကျိုးအမြတ်ကတော့ ရှိတာပေါ့။ အရမ်းကို များတယ်။ အင်မော်တယ်နန်းတော်က ဆုကြေးအနေနဲ့ နိယာမဝိညာဉ်ကျောက်တုံးကိုတောင် ထုတ်ပေးထားတာ"

"နိယာမဝိညာဉ်ကျောက်တုံးဆိုတာ ဘာလဲ" လီချန် အံ့အားသင့်စွာ မေးလိုက်သည်။

ဒီပစ္စည်းအကြောင်း သူ တကယ် မကြားဖူးပေ။ ဒါပေမဲ့ နိယာမဆိုတဲ့ စာလုံးပါနေတော့ အသုံးပြုပုံကို ပြောစရာမလိုတော့ဘူး။ လောကသစ်ပင်ကို အဆင့်မြှင့်တင်တာနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ။

ယဲ့ယွီက လီချန်ရဲ့နောက်ခံကို သိထားတာမို့ မအံ့ဩပေ။

နိယာမဝိညာဉ်ကျောက်တုံး ဆိုတာမျိုးက မပျက်သုဉ်းနိုင်သော နတ်ဘုရားဂိုဏ်းကြီးတွေရဲ့ အတွင်းပိုင်းမှာပဲ သိကြတဲ့အရာလေ။

ထို့နောက် သူက ရှင်းပြသည်။

နိယာမဝိညာဉ်ကျောက်တုံးဆိုတာက အင်မော်တယ်နန်းတော်ရဲ့ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်တဲ့ ထျန်းယွမ် နတ်ဘုရားပေါင်းအိုးကနေ ကောင်းကင်နဲ့မြေကြီးရဲ့ မူလစွမ်းအင်တွေကို စုပ်ယူပြီး ပေါင်းခံထားတဲ့အရာတဲ့။

ကြားတာတော့ ထွက်ရှိနှုန်း အရမ်းနည်းတယ်ဆိုပဲ။ တန်ဖိုးဖြတ်မရအောင် ကြီးမားတယ်။ အင်မော်တယ်နန်းတော်က အထူးရွှေနတ်ဘုရားတွေမှပဲ သုံးစွဲခွင့်ရှိတာ။

သာမန်ရွှေနတ်ဘုရားတွေ လိုချင်ရင် အရေးကြီးပြီး အန္တရာယ်များတဲ့ အင်မော်တယ်နန်းတော် တာဝန်တွေကို ထမ်းဆောင်မှပဲ ရနိုင်ချေရှိတာ။

လီချန် အလွန်တုန်လှုပ်သွားသည်။ ဒီလောကမှာ နိယာမဝိညာဉ်ကျောက်တုံးကို ပေါင်းခံထုတ်လုပ်နိုင်တဲ့ ရတနာမျိုး ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

ယဲ့ယွီ ပြောပုံအရဆိုရင် ဒီနိယာမဝိညာဉ်ကျောက်တုံးက ရွှေနတ်ဘုရားတွေရဲ့ လောကသစ်ပင်ကို ကြီးထွားစေနိုင်တယ်တဲ့။

တကယ်တမ်း ပြောရရင် လုပ်ဆောင်ချက်ချင်း ယှဉ်ကြည့်လိုက်ရင် သူ့ရဲ့ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းမှာလည်း အလားတူ အာနိသင်ရှိနေသည်။

ဥပမာ - အချိန်ခေါင်းလောင်းက နိယာမညစ်ညမ်းပစ္စည်းတွေကို သန့်စင်ပေးနိုင်တယ်။

ဒါပေမဲ့ အချိန်ခေါင်းလောင်းရဲ့ လုပ်ဆောင်ချက်က ပိုပြီး စုံလင်တယ်။ နိယာမညစ်ညမ်းပစ္စည်းတွေကို သန့်စင်ပေးရုံသာမက နတ်ဘုရားစွမ်းအားကို သန့်စင်ပေးတယ်၊ ကျင့်ကြံခြင်းကို အထောက်အကူပြုတယ်၊ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး စွမ်းရည်တွေဆိုရင်လည်း ပြောနေစရာတောင် မလိုတော့ဘူး။

"ဒီတာဝန်က အန္တရာယ် အရမ်းမကြီးရင် အင်မော်တယ်နန်းတော်က ဆုကြေးအနေနဲ့ နိယာမဝိညာဉ်ကျောက်တုံးကို ထုတ်ပေးမှာမဟုတ်ဘူး" ယဲ့ယွီက ခံစားချက်ပါပါ ပြောလိုက်သည်။

ဒီနိယာမဝိညာဉ်ကျောက်တုံးကို သူလည်း လိုချင်မိသည်။

ဘာလို့လဲဆိုတော့ သူလည်း နိယာမဝိညာဉ်ကျောက်တုံးကို သုံးဖူးလို့လေ။

ဒါပေမဲ့ အဲဒီနိယာမဝိညာဉ်ကျောက်တုံးက သူ့ဂိုဏ်းတူဘိုးဘိုး ဆုချထားတာ။

အခြေခံအားဖြင့် နတ်ဘုရားဂိုဏ်းတစ်ခုမှာ အထူးရွှေနတ်ဘုရားရှိနေသရွေ့ အင်မော်တယ်နန်းတော်ဆီကနေ နိယာမဝိညာဉ်ကျောက်တုံးခွဲတမ်း ရလေ့ရှိတယ်။ အောက်က ရွှေနတ်ဘုရားတွေကလည်း ရံဖန်ရံခါ ဆုချခံရတတ်တယ်။

"ဒီတာဝန်ကို ကျွန်တော် လက်ခံမယ်" လီချန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

သူ့ကို တကယ် ဆွဲဆောင်နိုင်တာက နိယာမဝိညာဉ်ကျောက်တုံး မဟုတ်ပါဘူး။ နိယာမညစ်ညမ်းပစ္စည်းတွေသာဖြစ်သည်။ ကျဆုံးသူကို သတ်ဖြတ်နိုင်ရင်ရလာမယ့် နိယာမညစ်ညမ်းပစ္စည်းတွေက သူ့အတွက် အကျိုးကျေးဇူးမနည်းလှဘူးလေ။

ယဲ့ယွီ မပြန်ခင် လီချန်ကို နတ်လမ်းပြတံဆိပ်ပြားတစ်ခု ပေးသွားခဲ့သည်။ ဒီတံဆိပ်ပြားရှိရင် အင်မော်တယ်နန်းတော်က ဖွဲ့စည်းထားတဲ့ ရှင်းလင်းရေးအဖွဲ့ထဲ ဝင်ရောက်သွားပြီဖြစ်သည်။

ဒီတံဆိပ်ပြားကနေတဆင့် တခြားရှင်းလင်းရေးအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်လို့ရသည်။

ကျဆုံးသူရဲ့တည်နေရာကို တွေ့ပြီဆိုတာနဲ့ နတ်လမ်းပြတံဆိပ်ပြားကနေတဆင့် သတင်းပို့လိုက်ရင် တခြားသူတွေ သိသွားပြီး အမြန်ဆုံး လာရောက်စုဝေးကာ ကျဆုံးသူကို ဝိုင်းဝန်းရှင်းလင်းကြမှာဖြစ်သည်။

လီချန်ကတော့ အပြင်ထွက်ပြီး ကျဆုံးသူကို လိုက်ရှာဖို့ အစီအစဉ် မရှိပါဘူး။

အချိန်ဖြုန်းလွန်းရာ ကျသည်။

ကျဆုံးသူကိုတွေ့ရင် တာဝန်ထမ်းဆောင်မှု စွမ်းဆောင်ရည်မှတ်ရမယ်ဆိုပေမဲ့၊ သူက ဒါတွေကို မျက်လုံးထဲ မထည့်ပါဘူး။

စွမ်းဆောင်ရည်မှတ် မရလည်း ကိစ္စမရှိဘူး။ နောက်ဆုံးမှာ နိယာမညစ်ညမ်းပစ္စည်း ရရင် ကျေနပ်ပြီ။

ထို့နောက် လီချန်သည် နတ်လမ်းပြတံဆိပ်ပြားကို မြေခွေးဖြူ ကိုယ်ပွားထံ ပေးခဲ့ပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲသို့ ပြန်ဝင်သွားလိုက်သည်။

......

ဒီလိုနဲ့ နှစ်ဝက်လောက် ကုန်ဆုံးသွားသည်။

မြေနတ်ဘုရားကမ္ဘာ။

ဆိုင်းငံ့ကမ္ဘာ။

လီချန်သည် အားရို့ သီချင်းဆိုနေသည်ကို နားထောင်နေသည်။

တကယ်တမ်းတွင် အားရို့၏သီချင်းသံသည် သူ့ လင့်တုန်းလောကသစ်ပင် တိုးတက်မှုအတွက် အကျိုးသက်ရောက်မှု သိပ်မရှိတော့ပေ။

လင့်တုန်းလောကသစ်ပင် အဆင့် ၄ ရောက်သွားရင် လုံးဝအကျိုးသက်ရောက်မှုရှိတော့မယ် မထင်ဘူး။

အားရို့က ကျီလဲ့တရားဟောခရုသင်းကို ထုတ်သုံးရင်တော့ တစ်မျိုးပေါ့။

ဒါပေမဲ့ အဲဒီလိုလုပ်ရင် အားရို့အတွက် စွမ်းအင်ကုန်ခမ်းမှု အရမ်းများလွန်းတယ်။

အားရို့ သီချင်းဆိုပြီးသွားတော့ လီချန်ဘေးနားသို့ ခုန်ဆွခုန်ဆွရောက်လာပြီး လီချန်၏ လက်မောင်းကို ချိတ်ကာ ပြုံးဖြီးဖြီးဖြင့် ပြောသည်။ "ဦးဦး... သမီး မကြာသေးခင်က ပျော်စရာကောင်းတဲ့ နေရာတစ်ခု တွေ့ထားတယ်..."

"အို... ဘာပျော်စရာကောင်းတဲ့ နေရာလဲ" လီချန်က ပြုံးပြီး မေးလိုက်သည်။

အခုဆို ဒီအားရို့လေးက သူ့ကို ပိုပိုပြီး တွယ်ကပ်လာသည်။ သူ လာတိုင်း နေရာမှာတင် စောင့်နေတတ်သည်။

လီချန် ထင်တာကတော့ သူ ထွက်သွားကတည်းက အားရို့က စောင့်နေတာ ဖြစ်လောက်တယ်။

ဒီဆိုင်းငံ့ကမ္ဘာကြီးထဲမှာ သူ အရမ်းအထီးကျန်နေရှာတာကိုး။

လီချန်က အားရို့ကို အပြင်ခေါ်ထုတ်ဖို့ ကြိုးစားဖူးသည်။ ဒါပေမဲ့ အားရို့က ဆိုင်းငံ့ကမ္ဘာရဲ့ အစွန်းဖက် ရောက်တာနဲ့... ရုတ်တရက် အားနည်းသွားတတ်သည်။

လီချန် ခန့်မှန်းမိတာကတော့ ဆိုင်းငံ့ကမ္ဘာရဲ့ထူးခြားမှုကြောင့်သာ အားရို့ တည်ငြိမ်နေတာဖြစ်မည်။ ဒါကြောင့် သူလည်း အားရို့ကိုခေါ်ထုတ်ဖို့ မကြိုးစားတော့ပေ။

နောက်ပိုင်းကျမှ ကောင်းကင်တာအိုနယ်ပယ်က ဆိုင်းငံ့ကမ္ဘာထိ ရောက်လာရင်တော့ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံရဲ့ထူးခြားမှုကြောင့် အားရို့ တည်ငြိမ်သွားနိုင်လောက်သည်။

လီချန်သည် အားရို့ ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားလိုက်သည်။

မကြာခင်မှာပဲ သူတို့နှစ်ဦး မြေအက်ကြောင်း တစ်ခုထဲသို့ ရောက်ရှိသွားသည်။

ဆိုင်းငံ့ကမ္ဘာကြီးက အလွန်ကြီးမားပြီး၊ အပြင်ဘက်ကို ပေါက်နေတဲ့ မြေအက်ကြောင်းတွေက မရေမတွက်နိုင်အောင် များပြားသည်။

လီချန် ဒီနေရာကို စူးစမ်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ ရောက်ဖူးတဲ့နေရာတွေက အနည်းအကျဉ်းသာ ရှိသေးသည်။

ဒီမြေအက်ကြောင်းထဲမှာ နေရာတိုင်းလိုလို အလင်းရောင်ထွက်နေတဲ့ ရေညှိတွေရှိနေပြီး၊ တစ်လမ်းလုံးကို အိပ်မက်ဆန်ဆန် လှပနေစေသည်။

လီချန် သတိထားမိလိုက်သည်မှာ ဤရေညှိများသည် သက်ရှိတစ်ခုသဖွယ် တစ်ဆက်တစ်စပ်တည်း ဖြစ်နေပြီး၊ သူတို့နှစ်ဦး ဝင်ရောက်သွားသောအခါ အလင်းရောင်များက တုန်ခါသွားကြသည်။

ကြည့်ရတာ ဒီရေညှိတွေက အားရို့ကို ကြောက်ရွံ့နေပုံရသည်။

ခဏတာ လည်ပတ်ပြီးနောက် လီချန်နှင့် အားရို့တို့ ပြန်ထွက်လာခဲ့ကြသည်။

......

ကောင်းကင်တာအိုနယ်ပယ်ထဲ ပြန်ရောက်တာနဲ့ လီချန်ဆီကို မြေခွေးဖြူ ကိုယ်ပွားဆီကနေ သတင်းဝင်လာသည်။ နတ်လမ်းပြတံဆိပ်ပြားမှာ လှုပ်ရှားမှုရှိနေပြီတဲ့။

ရှင်းနေတာကတော့ တခြား ရှင်းလင်းရေး အဖွဲ့ဝင်တွေက ကျဆုံးသူရဲ့ တည်နေရာကို တွေ့ရှိသွားကြပြီ။

ထို့ကြောင့် လီချန် ပိုင်ကျူနတ်ဘုရားမြို့တော်က ကျင့်ကြံခြင်း လှိုဏ်ဂူစံအိမ်ဆီ ရောက်လာလိုက်သည်။

မြေခွေးဖြူ လက်ထဲက နတ်လမ်းပြတံဆိပ်ပြားကို ယူကြည့်လိုက်တော့ အခြေအနေကို အတည်ပြုနိုင်လိုက်သည်။ တကယ်ပဲ ကျဆုံးသူရဲ့ တည်နေရာကို တွေ့ထားကြတာပဲ။

"အင်မော်တယ်နန်းတော်က ကျဆုံးသူကို ရှာဖွေဖို့ ဒီလောက် အင်အားအများကြီး သုံးထားတာတောင် ဒီလောက်အကြာကြီး ရှာရတယ်ဆိုတော့..." လီချန် စိတ်ထဲတွင် တွေးလိုက်သည်။ ဒီကျဆုံးသူက သေချာပေါက် ပုန်းလျှိုးကွယ်လျှိုး ကောင်းကောင်းနေနိုင်သူပဲ။ ရှင်းလင်းရတာ သိပ်လွယ်မှာ မဟုတ်ဘူး။

သူ အချိန်မဆွဲတော့ဘဲ ပိုင်ကျူနတ်ဘုရားမြို့တော်ကနေ နေရာကူးပြောင်းခြင်းအစီအရင်နဲ့ ထွက်ခွာလာခဲ့လိုက်သည်။

သူ့မှာ လမ်းပြတံဆိပ်ပြားရော၊ ဟုန်ယွင်နတ်ဘုရားဂိုဏ်းရဲ့ ဧည့်အကြီးအကဲ တံဆိပ်ပြားပါ ရှိနေတော့ လီချန် တစ်လမ်းလုံး အဆင်ပြေပြေနဲ့ နေရာကူးပြောင်းခြင်းအစီအရင်တွေ စီးလာနိုင်ခဲ့ပြီး၊ ဝေးကွာလှတဲ့ ကီလိုမီတာသိန်းချီခရီးကို နေ့ဝက်လောက်နဲ့ ရောက်ရှိလာခဲ့သည်။ ကျဆုံးသူကို တွေ့ရှိထားတဲ့ နေရာဆီသို့...

***

All Chapters