ဦးစွာ လက်ဦးမှုရယူခြင်း
Vol. 23 Ch. 364
"ဝူရွှမ်းတာအိုသခင်... တကယ်တမ်းပြောရရင် အခု တခြားတာအိုနန်းတော်တွေကလည်း တော်တော်လေး သနားစရာကောင်းနေပါပြီ။ ဒီအတိုင်းသာဆက်သွားရင် နှစ်အနည်းငယ်အတွင်း တကယ်ပဲ ပြိုလဲသွားပါလိမ့်မယ်" ယွီဟွာဂိုဏ်းချုပ်က ခါးသက်စွာ ပြုံးရင်း ပြောလိုက်သည်။
ပါရမီရှင် တပည့်ကောင်းတွေ အကုန်လုံးကို ဝူရွှမ်းတာအိုနန်းတော်က လုယူသွားပြီဆိုတော့၊ တပည့်ကောင်းမရှိရင် တာအိုနန်းတော်တစ်ခု ကျဆုံးဖို့ဆိုတာ အချိန်မရွေးဖြစ်လာနိုင်တဲ့ ကိစ္စလေ။
"ဂိုဏ်းချုပ်... ရှင် လာတာ တခြား နန်းတော်တွေကိုယ်စား လာပြီး ငိုပြနေတာ သက်သက်တော့ မဟုတ်လောက်ဘူးမလား" ဝူရွှမ်းက ယွီဟွာဂိုဏ်းချုပ်ကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
"ဝူရွှမ်းတာအိုသခင်... ကိစ္စက ဒီလိုပါ။ တခြားနန်းတော်တွေကလည်း တွေးမိတာပေါ့... သူတို့လည်း ရှေးဟောင်းကျင့်ကြံသူလမ်းစဉ်ကို လိုက်လို့ရနိုင်မလားလို့လေ။ ဘာပဲပြောပြော ဝူရွှမ်းတာအိုနန်းတော်ရဲ့ အောင်မြင်မှုက သူတို့ကို မျှော်လင့်ချက်တွေ ပေးလိုက်တာကိုး။ တကယ်လို့သာ အောင်မြင်ခဲ့ရင် ကျွန်တော်တို့ ယွီဟွာနတ်ဘုရားဂိုဏ်းတစ်ခုလုံး စစ်မှန်တဲ့ ရှေးဟောင်းကျင့်ကြံသူ နတ်ဘုရားဂိုဏ်း ဖြစ်လာနိုင်တယ်လေ" ယွီဟွာဂိုဏ်းချုပ်က ပြောသည်။
ဝူရွှမ်း ဘာမှ ပြန်မပြောပေ။
သူမ အခြားနန်းတော်များ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဝူရွှမ်းတာအိုနန်းတော်ရဲ့ အောင်မြင်မှုက မျက်မြင်သက်သေပဲလေ။
မူလက ရှေးရိုးစွဲနေတဲ့ တာအိုသခင်တွေတောင် စိတ်လှုပ်ရှားလာကြတာ မဆန်းပါဘူး။
ဒါပေမဲ့... စိတ်လှုပ်ရှားရုံနဲ့ ဘာထူးမှာလဲ။
ရှေးဟောင်းကျင့်ကြံသူလမ်းစဉ်ကို လျှောက်ဖို့အတွက် အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေ လိုတယ်။ အဆင့်မြင့် ဆေးဝါးတွေလိုတယ်၊ နတ်ဘုရားချီ အရင်းအမြစ်တွေ လိုတယ်။ အခုဆိုရင် ဝူရွှမ်းတာအိုနန်းတော်အတွက်တောင် မလောက်မင ဖြစ်နေတာ။
ဝူရွှမ်း ဘာမှမပြောဘဲနေနေသည်ကို မြင်သောအခါ၊ ဝူရွှမ်းတာအိုနန်းတော်က အလကားသက်သက် အရင်းအမြစ်တွေထုတ်ပေးပြီး တခြားနန်းတော်တွေကို ကူညီပေးဖို့ဆိုတာ မဖြစ်နိုင်မှန်း ဂိုဏ်းချုပ် သိလိုက်သည်။
"ဝူရွှမ်းတာအိုသခင်... တကယ်လို့ တခြားနန်းတော်တွေက နတ်ဘုရားအထောက်အထားခွဲတမ်းတွေကို ဝူရွှမ်းတာအိုနန်းတော်ရဲ့ ရှေးဟောင်းကျင့်ကြံသူ အရင်းအမြစ်တွေနဲ့ လဲလှယ်မယ်ဆိုရင်ရော... ခင်ဗျား ဘယ်လို သဘောရလဲ" ယွီဟွာဂိုဏ်းချုပ်က စဉ်းစားချင့်ချိန်ပြီး ပြောလိုက်သည်။
"ဒီကိစ္စကို ကျွန်မတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ သေချာ ပြန်ဆွေးနွေးရဦးမယ်" ဝူရွှမ်း ပြောလိုက်သည်။
နတ်ဘုရားအထောက်အထား နဲ့ ရှေးဟောင်းကျင့်ကြံသူ အရင်းအမြစ် လဲလှယ်ခြင်းက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ နတ်ဘုရားအထောက်အထားရဲ့ အရေးပါမှုကို ဘယ်သူမှ မငြင်းနိုင်ဘူးလေ။
"ဒီကိစ္စ မလောပါဘူး။ အားလုံးအဆင်ပြေမယ့် နည်းလမ်းတစ်ခုရအောင် သေချာညှိနှိုင်းလို့ ရပါတယ်" ယွီဟွာဂိုဏ်းချုပ်က ပြောသည်။
ဒါက ကြီးမားတဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်နေတာမို့ စကားတစ်ခွန်းနှစ်ခွန်းနဲ့ ပြီးသွားမယ့် ကိစ္စ မဟုတ်မှန်း သူ သိသည်။
ဂိုဏ်းချုပ် ပြန်သွားပြီးနောက် ဝူရွှမ်းသည် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ ထဲသို့ ဝင်ရောက်သွားပြီး လီချန်ကို အကြောင်းစုံပြောပြလိုက်သည်။
"လီချန်... ဘယ်လိုလဲ၊ လဲသင့်လား" ဝူရွှမ်း မေးလိုက်သည်။
"မင်းရော ဘယ်လိုထင်လဲ" လီချန်က ပြုံးပြီး ပြန်မေးလိုက်သည်။
"လဲတာတော့ ရပါတယ်။ ဒါပေမဲ့ အရမ်းကြီး သက်သာအောင်တော့ မလုပ်ပေးသင့်ဘူး" ဝူရွှမ်းက ခေတ္တမျှ စဉ်းစားပြီး ပြောသည်။ "နတ်ဘုရားအထောက်အထားတစ်ခုကို အခြေခံတည်ဆောက်ခြင်း အရင်းအမြစ်တစ်စုံနဲ့ လဲရင်ရော"
"အဲဒီလိုဆိုရင် အရမ်းဖြုန်းတီးရာ မကျဘူးလား" လီချန်က ပေါ့ပါးစွာ ရယ်မောလိုက်သည်။ "အဲဒီအစား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့လဲတာ ပိုမကောင်းဘူးလား"
အရင်းအမြစ်တွေချည်းပဲပေးလိုက်ရင် အခြေခံတည်ဆောက်ခြင်း အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းတယ်လေ။
"ရှင် ဆိုလိုတာက... သူတို့ကို လှိုဏ်ဂူကောင်းကင်ဘုံထဲဝင်ပြီး အခြေခံတည်ဆောက်ခိုင်းမလို့လား" ဝူရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်" လီချန် ခေါင်းညိတ်လိုက်သည်။
အခြေခံတည်ဆောက်ခြင်း အောင်မြင်သွားတာနဲ့ အရောင်းအဝယ်ပြတ်ပြီလေ။
တကယ်တော့ တခြားတာအိုနန်းတော်တွေကို တွဲခေါ်လိုက်တာလည်း မဆိုးပါဘူး... ယွီဟွာနတ်ဘုရားဂိုဏ်းတစ်ခုလုံးကို ပြိုင်ဘက်ကင်းနတ်ဘုရားဂိုဏ်း ဖြစ်လာအောင် ပြောင်းလဲပစ်လိုက်တာက ဘာမှအပြစ်ပြောစရာမရှိဘူး။
ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြသည်။
.....
ယွီဟွာဂိုဏ်းချုပ် နောက်တစ်ခေါက် ထပ်ရောက်လာတော့ ဝူရွှမ်းက သတ်မှတ်ချက်တွေကို ပြောပြလိုက်သည်။ ဂိုဏ်းချုပ်က တခြားတာအိုနန်းတော်တွေနဲ့ ညှိနှိုင်းပေးရမည်။ ဝူရွှမ်းတာအိုနန်းတော်ရဲ့ တောင်းဆိုချက်က ဒါပဲ။ မထင်မှတ်ဘဲ ဂိုဏ်းချုပ်က ချက်ချင်း သဘောတူလိုက်သည်။
နတ်ဘုရားအထောက်အထားတစ်ခုကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ လဲလှယ်တာက... အရမ်းကြီးမြတ်တယ်လို့ မဆိုနိုင်ပေမဲ့၊ အနည်းဆုံးတော့ မရှုံးဘူးလေ။
တခြားတာအိုနန်းတော်တွေမှာ နတ်ဘုရားအထောက်အထား ခွဲတမ်းတွေက မနည်းဘူး... အဲဒီထဲက အနည်းငယ်လောက်ထုတ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူနဲ့ လဲလှယ်တာက အလွန်တရားမျှတပါတယ်။
ပထမအသုတ် အရောင်းအဝယ် အောင်မြင်သွားခဲ့သည်။
နတ်ဘုရားအထောက်အထား ၁၀ ခု။
ဒီနတ်ဘုရားအထောက်အထားတွေက တာအိုနန်းတော် ၇ ခု၊ တာအိုရိပ်သာ ၃ ခု ဆီက လာတာ... မူလက ဒီအထောက်အထားတွေက သူတို့အချင်းချင်း လည်ပတ်သုံးစွဲနေကြတာ။ အခုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ လဲလှယ်လိုက်ကြပြီ။
သဘောတူညီချက်ရပြီးနောက် တာအိုနန်းတော်၊ တာအိုရိပ်သာ အသီးသီးက ကျင့်ကြံသူတွေကို စုစည်းပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ ထဲသို့ ပို့ဆောင်လိုက်သည်။ ထို့နောက် ဝူရွှမ်းတာအိုနန်းတော်မှ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများက အစောင့်အရှောက်အဖြစ် တာဝန်ယူပြီး အခြေခံတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို ကူညီပေးကြသည်။
နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း၏ အကူအညီပါ ပါဝင်နေသဖြင့် သူတို့အားလုံး အခြေခံတည်ဆောက်ခြင်း အောင်မြင်သွားကြသည်။
ပထမအကြိမ်ရှိလာတော့ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေလည်း ဆက်ရှိလာသည်။
နောက်ဆက်ပြီး နှစ် ၁၀၀ ကျော်အတွင်း ဝူရွှမ်းတာအိုနန်းတော်သည် အခြားနန်းတော်များနှင့် အကြိမ်ကြိမ် အရောင်းအဝယ် လုပ်ခဲ့သည်။ တစ်ခါလုပ်ရင် ၁၀ ယောက်ဝန်းကျင်လောက် လုပ်ပေးခဲ့ရာ စုစုပေါင်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၁၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ဝူရွှမ်းတာအိုနန်းတော်အနေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၁၀၀ ကျော် ဆုံးရှုံးလိုက်ရပေမဲ့၊ နတ်ဘုရားအထောက်အထား ၁၀၀ ကျော် ပြန်ရလိုက်သည်။
ထို့အပြင်... အခြားတာအိုနန်းတော်များတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ တိုးပွားလာသော်လည်း ကျဆုံးနေသောအခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိပေ... ပိုဆိုးတာက ဝူရွှမ်းတာအိုနန်းတော်အပေါ် ပိုမိုမှီခိုလာရသည်။
တဖြည်းဖြည်းနှင့် အကြံဥာဏ်တစ်ခု ပေါ်ပေါက်လာသည်။ အဲဒါကတော့ တခြားတာအိုနန်းတော်၊ တာအိုရိပ်သာတွေကို ဖျက်သိမ်းပြီး ဝူရွှမ်းတာအိုနန်းတော်ထဲသို့ လုံးဝပေါင်းစည်းလိုက်ရန်ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအသစ်တွေက သက်ဆိုင်ရာနန်းတော်တွေမှာ နေရာရလာတာနဲ့အမျှ ဒီလိုပေါင်းစည်းလိုတဲ့ ဆန္ဒက ပိုပြင်းထန်လာသည်။
နောက်ဆုံးတွင် နှစ်အနည်းငယ် ကြာသောအခါ ယွီဟွာနတ်ဘုရားဂိုဏ်းသည် အောင်မြင်စွာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခဲ့သည်။
တာအိုနန်းတော်၊ တာအိုရိပ်သာ၊ တာအိုကျောင်းတော် အစရှိသော ဖွဲ့စည်းပုံများကို ဖျက်သိမ်းလိုက်ပြီး၊ ဝူရွှမ်းတာအိုနန်းတော် တစ်ခုတည်းကိုသာ ထားရှိလိုက်သည်။ ပြီးတော့ ဝူရွှမ်းတာအိုနန်းတော်ကို ယွီဟွာနတ်ဘုရားနန်းတော်အဖြစ် နာမည်ပြောင်းလိုက်သည်။
ယွီဟွာနတ်ဘုရားနန်းတော် လက်အောက်တွင် နတ်ဘုရားစံအိမ် ၉ လုံး နှင့် နတ်ဘုရားအတတ်ပညာကျောင်း ၅ ကျောင်းကို ဖွဲ့စည်းလိုက်သည်။
နတ်ဘုရားစံအိမ် ၉ လုံး မှာ -
လီဟွာနတ်ဘုရားစံအိမ်။
ရွှန်ဖုန်းနတ်ဘုရားစံအိမ်။
ကျန့်လေနတ်ဘုရားစံအိမ်။
ခန်ရွှေနတ်ဘုရားစံအိမ်။
ဟို့ထူနတ်ဘုရားစံအိမ်။
ကုန်းကျင်းနတ်ဘုရားစံအိမ်။
ချင်းမုနတ်ဘုရားစံအိမ်။
ယင်ယန်နတ်ဘုရားစံအိမ်။
ရွှမ်းမင်းနတ်ဘုရားစံအိမ်။
စံအိမ်တစ်ခုစီတွင် စံအိမ်သခင် တစ်ဦးစီ ရှိသည်။
လီချန်၏ တပည့်အရင်း ၈ ယောက်နှင့် ဝူရွှမ်း၏ တပည့်ကြီး ဟော့လင်းတို့က စံအိမ်သခင်များအဖြစ် တာဝန်ယူကြသည်။ သူတို့အားလုံးသည် မူလဝိညာဉ်အသွင်ပြောင်းခြင်းကျင့်ကြံသူများ ဖြစ်ကြပြီး၊ နိယာမမျိုးစေ့များ လောကသစ်ပင်အဖြစ်ကြီးထွားကာ ကောင်းကင်နှင့်မြေကြီး၌ အမြစ်တွယ်နေပြီ ဖြစ်သဖြင့် ဟွမ်ယွမ်တာအိုသခင်အဆင့်နှင့် ညီမျှသည်။
နတ်ဘုရားအတတ်ပညာကျောင်း ၅ ကျောင်း ကတော့ အရန်အတတ်ပညာများနှင့် သက်ဆိုင်သည်။ အစီအရင်ကျောင်း၊ ဆေးဖော်ကျောင်း၊ လက်နက်သွန်းလုပ်ကျောင်း၊ ဝိညာဉ်စိုက်ပျိုးကျောင်း၊ သားရဲထိန်းကျောင်း တို့ ဖြစ်ကြသည်။
ထို့အပြင် အခြားသောဌာနများကိုလည်း ပြုပြင်ပြောင်းလဲခဲ့ပြီး၊ အလုပ်ကြမ်းတပည့် အားလုံးကို အပြင်စည်း သိုင်းကျောင်း ၂၈ ကျောင်းအောက်သို့ ထည့်သွင်းလိုက်ကာ၊ အပြင်စည်းတပည့်များအတွက် စနစ်ကျသော အဆင့်တက်လမ်းကြောင်းကို ချမှတ်ပေးလိုက်သည်။
ဤသို့ဖြင့် ယခင်ယွီဟွာနတ်ဘုရားဂိုဏ်းဟောင်းသည် နာမည်သာ ကျန်ရစ်တော့သည်။
ယွီဟွာနတ်ဘုရားဂိုဏ်းမှ မူလတာအိုသခင်အိုကြီးများသည်လည်း... ရာထူးမှ အနားယူသွားကြပြီး ဂိုဏ်းကိစ္စများကို ဝင်မပါကြတော့ပေ။
အဓိကကတော့ သူတို့အနေနဲ့ ဒီလိုကွာခြားချက်ကြီးကို လက်မခံနိုင်ကြလို့ဖြစ်သည်။
ဒီနှစ် ၁၀၀ ကျော်အတွင်း ကောင်းကင်တာအိုနယ်ပယ်သည်လည်း တည်ငြိမ်စွာ တိုးချဲ့လာခဲ့သည်။ မူလ နယ်မြေများသည် နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း၏ သန့်စင်မှုအောက်တွင် တကယ့် နတ်ဘုရားကမ္ဘာပတ်ဝန်းကျင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ဒီနတ်ဘုရားကမ္ဘာ ပတ်ဝန်းကျင်ကို ယွီဟွာနတ်ဘုရားနန်းတော်၏ တပည့်များအတွက် တဖြည်းဖြည်း ဖွင့်လှစ်ပေးခဲ့သည်။
သို့သော် ပြိုင်ဆိုင်မှုရှိလာစေရန်အတွက် လီချန်သည် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ နှင့် ကောင်းကင်တာအိုနယ်ပယ်ကို အဆင့်ခွဲခြား သတ်မှတ်လိုက်ပြီး၊ မတူညီသော အဆင့်အတန်းရှိသည့် ကျင့်ကြံခြင်းလှိုဏ်ဂူများကို ဖန်တီးပေးလိုက်သည်။
မူလ ဝူရွှမ်းတာအိုနန်းတော်မှ တပည့်များသည် သေချာပေါက် ပိုမိုမြင့်မားသော ခံစားခွင့်များရရှိကြသည်။
......
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
"လီချန်... ကြယ်သုံးပွင့်တောင်တန်းထဲက မပျက်သုဉ်းနိုင်သော ရွှေရိုင်းတူးဖော်ရေး လျှို့ဝှက်နယ်မြေ ဖွင့်တော့မယ်" ဝူရွှမ်းက ပြောလိုက်သည်။ "ရှင် ဘယ်လိုလုပ်မလဲ"
ဝူရွှမ်း ဘာဆိုလိုလဲဆိုတာ လီချန် သိသည်။
ပုံမှန်နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင် အင်မော်တယ်နန်းတော်အတွက် အလုပ်လုပ်ပေးရုံ သက်သက်ပဲ ဖြစ်နေမယ်။ အထက်က ၈၀ ရာခိုင်နှုန်း ယူသွားပြီး ကိုယ့်အတွက် ၂၀ ရာခိုင်နှုန်းပဲ ကျန်မှာလေ။
အခု ယွီဟွာနတ်ဘုရားဂိုဏ်းမှာ ရှေးဟောင်းကျင့်ကြံသူတွေများလာတော့ အဆင့်မြင့် ဝိညာဉ်လက်နက် လိုအပ်ချက်က များလာတယ်။
အဆင့်မြင့် ဝိညာဉ်လက်နက် လုပ်ဖို့အတွက် မပျက်သုဉ်းနိုင်သော ရွှေ လိုအပ်သလို၊ တာအိုလက်နက်လုပ်မယ်ဆိုရင်တော့ မရှိမဖြစ်လိုအပ်သည်။
"အင်မော်တယ်နန်းတော်က အရမ်းအင်အားကြီးလွန်းတယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့် မဟုတ်သေးဘူး" လီချန် ခေါင်းခါပြီး ပြောလိုက်သည်။
သူက အင်မော်တယ်နန်းတော်နဲ့ ထိပ်တိုက် မတွေ့ချင်သေးပါဘူး။
သူ့အင်အားက အထူးရွှေနတ်ဘုရားနဲ့ ယှဉ်နိုင်တယ်ဆိုပေမဲ့... အင်မော်တယ်နန်းတော်မှာ အထူးရွှေနတ်ဘုရားတွေ အများကြီးရှိတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ အသက်ရှင်နေတဲ့ ရှေးဟောင်း ဘိုးဘေးကြီးတွေလည်း ပုန်းအောင်းနေဦးမှာ။ သူတို့ရဲ့ အင်အားအုတ်မြစ်က မြင်ရတာထက် အများကြီး ပိုနက်ရှိုင်းတယ်။
"ဒါပေမဲ့... အင်မော်တယ်နန်းတော်ကို အမြတ်ကြီးစားခွင့်တော့ မပေးနိုင်ဘူး" လီချန် ခဏတာ စဉ်းစားပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ ဒီလိုလုပ်ကြမယ်..."
ဝူရွှမ်း နားထောင်ပြီးနောက် ဒါက နည်းလမ်းကောင်းတစ်ခုပဲလို့ တွေးလိုက်မိသည်။
ယွီဟွာနတ်ဘုရားဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အများကြီးရှိတယ်။ သူတို့အားလုံး လျှို့ဝှက်နယ်မြေထဲဝင်ပြီး ရွှေတူးလို့ရတယ်။
ပြီးတော့ သူတို့က နိယာမကို နားလည်သဘောပေါက်ထားကြတော့... နိယာမစွမ်းအားကို သုံးပြီး ရွှေတူးနှုန်းကို မြှင့်တင်လို့ ရတာပေါ့။
အရင်တုန်းက လီချန် ရွှေတူးတုန်းကလည်း လင့်တုန်းနိယာမကို သုံးပြီး တူးဖော်နှုန်းကို အများကြီး မြှင့်တင်နိုင်ခဲ့တာပဲလေ။
ဒီလိုဆိုရင် ယွီဟွာနတ်ဘုရားဂိုဏ်းက အခွင့်ကောင်းယူလို့ရပြီ။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာသည်။ ရွှေတူးဖော်ရေးကိစ္စမှာ အင်မော်တယ်နန်းတော်က လူကိုယ်တိုင်ဆင်းလာပြီး ကြီးကြပ်တော့မည်တဲ့။
ပြီးတော့... ထိုက်ရွှမ်းနတ်ဘုရားဂိုဏ်းနဲ့ ယွီဟွာနတ်ဘုရားဂိုဏ်းတို့ တူးဖော်ရရှိတဲ့ မပျက်သုဉ်းနိုင်သော ရွှေတွေကို အထက်ကို ပို့စရာ မလိုတော့ဘူးတဲ့။
"ကြည့်ရတာ အင်မော်တယ်နန်းတော်က ရေရှည်စီမံကိန်း မချတော့ဘဲ၊ ဒီရွှေတွင်းကို တစ်ခါတည်း အပြောင်ရှင်းဖို့ ကြံစည်နေပုံပဲ" ဝူရွှမ်းက ပြောလိုက်သည်။
"တစ်ခုခုဖြစ်လို့နေမှာ။ အင်မော်တယ်နန်းတော်က မပျက်သုဉ်းနိုင်သော ရွှေ အမြောက်အမြား လိုအပ်နေပုံရတယ်" လီချန်က သုံးသပ်လိုက်သည်။
ဒီဆယ်စုနှစ်တွေအတွင်း သူ ၃၃ ဘုံကို ခဏခဏသွားရင်း သတင်းတချို့ ကြားခဲ့ရသည်။ အဆင့်မြင့် အရင်းအမြစ်တွေရဲ့ ဈေးနှုန်းတွေ တက်လာတယ်၊ မွေးရာပါဝိညာဉ်ပစ္စည်းတွေဆိုရင် ပိုပြီး ရှားပါးလာတယ်။
ဒီနှစ်တွေအတွင်း သူ အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေ အများကြီး ထုတ်လုပ်နိုင်ခဲ့တာက အထက်ပိုင်းဘုံတွေကနေ မွေးရာပါဝိညာဉ်ပစ္စည်းတွေ ဝယ်ယူနိုင်ခဲ့လို့ပဲ။
မွေးရာပါဝိညာဉ်ပစ္စည်းတွေက အောက်ပိုင်းနဲ့ အလယ်ပိုင်း ဘုံတွေမှာ ရှားပါးပေမဲ့ အထက်ပိုင်းဘုံတွေမှာတော့ ပေါများတယ်။
မဟုတ်ရင် လျှို့ဝှက်ရှန်ထျန်းဟွေ့ နဲ့ ဟုန်ယွင်နတ်ဘုရားဂိုဏ်းဆီကရတာလောက်နဲ့ လုံလောက်မှာ မဟုတ်ဘူး။
ဒါပေမဲ့ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း မွေးရာပါဝိညာဉ်ပစ္စည်းဝယ်ယူရတာ အရမ်းခက်ခဲလာတယ်။ နတ်ဘုရားဂိုဏ်းကြီးတွေက ဒီအရင်းအမြစ်တွေ ပြင်ပကို မစီးဆင်းအောင် ထိန်းချုပ်လိုက်ပုံ ရတယ်။
.....
တစ်လကျော် ကြာပြီးနောက်။
ကြယ်သုံးပွင့်တောင်တန်းအတွင်းရှိ မပျက်သုဉ်းနိုင်သော ရွှေရိုင်းတည်ရှိရာ လျှို့ဝှက်နယ်မြေ ပွင့်လာခဲ့ပြီ။
ယွီဟွာနတ်ဘုရားဂိုဏ်းမှ လူပေါင်း ၁ သိန်းကျော် နေရာကူးပြောင်းခြင်းအစီအရင်မှတဆင့် လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားကြသည်။
တစ်ချိန်တည်းမှာပင် ထိုက်ရွှမ်းနတ်ဘုရားဂိုဏ်းမှ လူများလည်း အခြားနေရာကူးပြောင်းခြင်းအစီအရင် တစ်ခုမှတဆင့် ဝင်ရောက်လာကြသည်။
သို့သော် ဒီတစ်ခေါက် ရွှေတူးဖော်ရေးရဲ့ အဓိကအင်အားစုက သူတို့ဂိုဏ်းနှစ်ခုမဟုတ်ဘဲ အင်မော်တယ်နန်းတော်ဖြစ်သည်။ လူအင်အားသန်းချီ စေလွှတ်ထားပြီး နတ်ဘုရားဂိုဏ်းကြီး အသီးသီးမှ ခေါ်ယူစုဆောင်းထားခြင်းဖြစ်သည်ဟု ဆိုကြသည်။
ယွီဟွာနတ်ဘုရားဂိုဏ်းမှ ရွှေတူးသမား ၁ သိန်းကျော်အထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၃၀၀၀ ကျော် ပါဝင်သည်။ ဒီလူတွေက လျှို့ဝှက်နယ်မြေထဲဝင်သွားလည်း ဘာမှမဖြစ်ပေ။
ဒါပေမဲ့ သူတို့မှာ နိယာမမျိုးစေ့တွေရှိနေတော့ ရွှေတူးရာမှာ အများကြီး အထောက်အကူဖြစ်စေတယ်။
ထို့အပြင် လီချန်ကိုယ်တိုင်လည်း တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူအနေနဲ့ ဒီလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာခဲ့သည်။
သူက နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းကိုသုံးပြီး ကိုယ့်အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်လို့ မိုးကြိုးပစ်တာကို မခံရဘူးလေ။
ဒါက သူ့ရဲ့ အားသာချက်ပဲ။
လျှို့ဝှက်နယ်မြေထဲရောက်တာနဲ့ သူက အစွမ်းထက်တဲ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ရွှေတွင်းတစ်ခုလုံးကို စစ်ဆေးလိုက်ရာ... မပျက်သုဉ်းနိုင်သော မူလရွှေ အများအပြားကို အလွယ်တကူ ရှာဖွေတွေ့ရှိလိုက်သည်။
ပုံမှန်ဆိုရင် သာမန်ကျင့်ကြံသူတွေရဲ့ နတ်ဘုရားအာရုံက ဒီရွှေတွင်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတယ်။
အထူးသဖြင့် မပျက်သုဉ်းနိုင်သော မူလရွှေတွေက နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတတ်တယ်။
ဒါကြောင့်လည်း ဒီရွှေရိုင်းတွင်းကို တူးဖော်ရတာ အရမ်းခက်ခဲတာ။
မြေနတ်ဘုရား၊ ဗလာနတ်ဘုရားအဆင့်လောက်ပဲ ဝင်တူးလို့ ရတာကိုး။ ထျန်းနတ်ဘုရား၊ ရွှမ်းနတ်ဘုရား၊ တာအိုသခင်အဆင့်တွေ ဝင်လာရင် အငွေ့အသက်ပြင်းထန်လွန်းလို့ ကြောက်မက်ဖွယ် မိုးကြိုးပစ်ဒဏ်ခံရတတ်တယ်။
အင်မော်တယ်နန်းတော်တောင် ဒီပြဿနာကို မဖြေရှင်းနိုင်လို့ မြေနတ်ဘုရား အများအပြားစေလွှတ်ပြီး တူးခိုင်းရတာ။
"ဟော... တော်တော်ကြီးတဲ့ မပျက်သုဉ်းနိုင်သော မူလရွှေတုံးကြီးပါလား" လီချန် နေရာတစ်ခုကို ဖြတ်ပျံသန်းသွားရင်း မျက်လုံးများအရောင်တောက်သွားသည်။
ဒီနေရာမှာ ထိုက်ရွှမ်းနတ်ဘုရားဂိုဏ်းကလူတွေ အများကြီးတူးနေကြတာပဲ။
ဒါပေမဲ့ သူ ရှိနေတာကို ဒီမြေနတ်ဘုရားတွေ ဘယ်လိုလုပ် အာရုံခံမိမှာလဲ။
မကြာခင်မှာပဲ သူက လမ်းကြောင်းကျဉ်းလေးတစ်ခုဖောက်ပြီး ဝင်သွားကာ မပျက်သုဉ်းနိုင်သော မူလရွှေတုံးကြီးတစ်တုံးကို တူးထုတ်လိုက်သည်။ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက သူရခဲ့တဲ့ အတုံးထက်တောင် ပိုကြီးသေးတယ်။
တူးပြီးတာနဲ့ လီချန် ဆက်လက် ရှာဖွေထွက်ခွာသွားသည်။
နောက်ပိုင်းလအနည်းငယ်အတွင်း လီချန်၏ခြေရာများသည် ရွှေတွင်း၏နေရာအနှံ့သို့ ရောက်ရှိသွားသည်။ နေရာတိုင်းတွင် တူးဖော်သူများ ရှိနေကြသည်။ အင်မော်တယ်နန်းတော်မှလူများ၏ တူးဖော်ရေးကိရိယာများက ပိုအဆင့်မြင့်သဖြင့် တူးဖော်နှုန်း ပိုမြန်ကြသည်။
ကံကောင်းသည်မှာ ယွီဟွာနတ်ဘုရားဂိုဏ်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၃၀၀၀ ကျော်ရှိနေသဖြင့် နိယာမစွမ်းအားကိုသုံးကာ တူးဖော်နှုန်း မြှင့်တင်နိုင်ခဲ့ကြသည်။
တူးဖော်ရေးကာလ ပြီးဆုံးခါနီးအချိန်တွင် လီချန်၏ ရိတ်သိမ်းမှုသည် ပြည့်လျှံနေပြီဖြစ်သည်။
သူသည် အရွယ်အစားအမျိုးမျိုးရှိသော မပျက်သုဉ်းနိုင်သော မူလရွှေ တုံးပေါင်း ၁၅၀ ကျော်ကို တူးဖော်ရရှိခဲ့သည်။ ပါဝင်သော မပျက်သုဉ်းနိုင်သော ရွှေပမာဏသည် ကီလိုဂရမ် ၇၀၀၀ ကျော် ရှိသည်။
သူ ထင်တာတော့ ဒီရွှေတွင်းထဲက မူလရွှေတုံးတွေ အကုန်လုံး သူ့လက်ထဲ ရောက်ကုန်ပြီဖြစ်လောက်တယ်။
ယွီဟွာနတ်ဘုရားဂိုဏ်း တပည့်တွေရဲ့ရလဒ်ကလည်း မဆိုးလှဘူး။ လွန်ခဲ့တဲ့ နှစ်ရာချီကထက် အများကြီး ပိုရတယ်။ ပြီးတော့ ဒီတစ်ခေါက် ရသမျှ မပျက်သုဉ်းနိုင်သော ရွှေရိုင်းတွေကို အကုန် ယူလို့ရတယ်။
လီချန် ခန့်မှန်းကြည့်တာတော့ သန့်စင်ပြီးရင် ၃၀၀ - ၄၀၀ ကီလိုဂရမ်လောက် ရနိုင်တယ်။
.....
အင်မော်တယ်နန်းတော်ဘက်ခြမ်း။
ရွှေတူးဖော်ရေးကို တာဝန်ယူထားသော ဟွမ်ယွမ်တာအိုသခင်အချို့ စုဝေးနေကြသည်။
"ထူးဆန်းလိုက်တာ... တူးဖော်ရေးကာလ ပြီးခါနီးနေပြီ။ ဘာလို့ မူလရွှေတုံး တစ်တုံးမှ မတွေ့ရတာလဲ" တစ်ယောက်က ပြောလိုက်သည်။
"ဟုတ်တယ်... မဖြစ်သင့်ဘူး။ ဒီရွှေတွင်းရဲ့ ရွှေပါဝင်မှုနှုန်းက မမြင့်ပေမဲ့ မူလရွှေတုံး အနည်းအကျဉ်းလောက်တော့ ထွက်သင့်တာ"
"နှမြောစရာကောင်းတာက ဒီလိုလျှို့ဝှက်နယ်မြေမျိုးက မိုးကြိုးမုန်တိုင်းဖြစ်လွယ်လို့ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားတွေတောင် အန္တရာယ်ရှိတယ်။ မဟုတ်ရင် ရွှေတူးရတာ ဒီလောက် လက်ဝင်မှာ မဟုတ်ဘူး"
"ဒီတစ်ခေါက်တော့ ရှုံးပြီ။ ဒီလောက် လူအများကြီး သုံးပြီး တူးတာတောင် ရွှေရိုင်းတွေ သန့်စင်လိုက်ရင် ၁၀၀၀ - ၂၀၀၀ ကီလိုဂရမ်လောက်ပဲ ရမယ်။ ဒါက တာအိုပေါင်းစည်းခြင်းအဆင့် ၁၀ ယောက်စာတောင် မရှိဘူး။ ဒီတစ်ခါတော့ အဆူခံရတော့မယ်... အဆိုးဆုံးကတော့ မူလရွှေတုံးတစ်တုံးမှမရတာပဲ"
"ဘာတတ်နိုင်မှာလဲ။ ဒီရွှေတွင်းက ဒီလိုပဲနေမှာပေါ့။ မူလရွှေတုံးမရှိတာလည်း ဖြစ်နိုင်တာပဲ"
"ဟိုနတ်ဘုရားဂိုဏ်း ငယ်လေးနှစ်ခုကို မေးကြည့်ရင် ကောင်းမလား။ သူတို့များ တူးမိသလားလို့"
"ငါတို့ လူအများကြီးနဲ့တောင် မတူးနိုင်တာ... သူတို့လို ဂိုဏ်းသေးသေးလေးတွေက ဘယ်လိုလုပ် တူးနိုင်မှာလဲ"
"အင်း... ဟုတ်သားပဲ"
သူတို့ စိတ်ပျက်ကြတာ မဆန်းပါဘူး။ ရွှေရိုင်းကနေ သန့်စင်ရတဲ့ ရွှေ နဲ့ သဘာဝ မူလရွှေတုံး ဆိုတာ တန်ဖိုးချင်း မတူဘူးလေ။
မူလရွှေတုံးက ပိုပြီး တန်ဖိုးကြီးတယ်။
သာမန် ရွှေ နဲ့ အဆင့်တက်လာတဲ့ ရွှေနတ်ဘုရားတွေက မူလရွှေတုံး သုံးပြီး အဆင့်တက်တဲ့သူတွေလောက် အလားအလာမကောင်းဘူးလို့ ဆိုကြတယ်။
အထူးရွှေနတ်ဘုရားဖြစ်လာတဲ့သူတွေ အကုန်လုံးနီးပါးက မူလရွှေတုံးကို သုံးခဲ့ကြတာ။
အခုတော့ သာမန် ရွှေရိုင်းတွေပဲရပြီး မူလရွှေတုံးတစ်တုံးမှမရတော့ သူတို့ စိတ်ပျက်မိမှာပေါ့။
မူလရွှေတုံးတွေ အကုန်လုံးကို တစ်စုံတစ်ယောက်က ဦးအောင်နှိုက်သွားပြီဆိုတာကို သူတို့ ဘယ်လိုလုပ် ထင်မိမှာလဲ။
တကယ်တမ်းကျတော့ အင်မော်တယ်နန်းတော်မှ လူများသာမက ထိုက်ရွှမ်းနတ်ဘုရားဂိုဏ်းမှ လူများလည်း အံ့သြနေကြသည်။
ဒီတစ်ခေါက် ရွှေရိုင်းရရှိမှုက ပြီးခဲ့တဲ့အခေါက်ထက် နည်းနေတယ်။
ပြီးတော့ မူလရွှေတုံး တစ်တုံးမှ မရဘူး...
သရဲခြောက်တာလား။ မူလရွှေတုံးတွေ ဘယ်ရောက်ကုန်တာလဲ။
....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
မပျက်သုဉ်းနိုင်သော ရွှေရိုင်းများ တောင်လိုပုံထားသည်။
သို့သော် အထင်ရှားဆုံးမှာ ဘေးနားရှိ မူလရွှေတုံး ပုံလေး ဖြစ်သည်။
"ဒါ... ဒါတွေအကုန်လုံးက မူလရွှေတုံးတွေလား" ဝူရွှမ်း မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။
လီချန် ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး တူးနိုင်ခဲ့တာလဲဆိုတာ သူမ စဉ်းစားလို့ မရဘူး။
"ဟုတ်တယ်။ အကုန်လုံး မူလရွှေတုံးတွေပဲ" လီချန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် ထင်တာတော့ အင်မော်တယ်နန်းတော်ဘက်က တစ်တုံးမှတောင် ရမယ်မထင်ဘူး"
"လီချန်... ရှင်က တကယ်ပဲ အံ့မခန်းပဲ" ဝူရွှမ်း အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
အဲဒီလျှို့ဝှက်နယ်မြေက အန္တရာယ်အရမ်းများတယ် မဟုတ်လား။
လီချန်က တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်နေလျက်နဲ့ ဘယ်လိုလုပ် ဝင်သွားလို့ ရတာလဲ။
***