← Chapters

ဆက်ဆံရေးအတွက်အကြံပေးချက်များ

Vol. 5 Ch. 75

ဆက်ဆံရေးအတွက်အကြံပေးချက်များ

Vol. 5 Ch. 75

"ကျုပ်တို့ကို ဧည့်ခံပေးလို့ကျေးဇူးတင်ပါတယ် ယင်းမျိုးနွယ်စုခေါင်းဆောင်၊ နောက်ကျနေပြီဆိုတော့ ကျုပ်တို့ခင်ဗျားကို ဆွဲမထားတော့ပါဘူး" ကူယွဲ့က စာချုပ်ကိုချပြီး အလယ်ပင်မခုံမှာ ထိုင်နေတဲ့ ပွဲစီစဉ်သူကို ဂုဏ်ပြုဖို့ သေရည်ခွက်မြှောက်လိုက်တယ်။

"အာ ဟမ်" ယင်းဖုန်းက တိတ်တိတ်လေးနေပြီး မညီမျှတဲ့စာချုပ်အကြောင်း စဉ်းစားနေတုန်း ကူယွဲ့ကတော့ ပြန်ဖို့ပြင်နေပြီ။

"သွားကြရအောင်" ကူယွဲ့ ရှန်းရင်ကိုဆွဲထူလိုက်တယ်။

"အော်" သူမဝေစုစားပြီးပြီဆိုတော့ ရှန်းရင် လက်ကဖုန်ခါပြီး မတ်တတ်ရပ်လိုက်တယ်။

"အဲဒါ နင့်နာမည်ဘာ... ကျေးဇူးပါ၊ သွားပြီ"

ယင်းဖုန်း ရွေးစရာမရှိတော့ဘဲ ဧည့်သည်တွေကိုလိုက်ပို့ရတော့တယ်။ နောင်တရနေလို့ အကျိုးမရှိဘူး။ သူ အပြုံးတစ်ပွင့်တပ်ဆင်ပြီး ဧည့်သည်တွေကို အရှေ့တံခါးဆီလိုက်ပို့လိုက်တယ်။

"မျိုးနွယ်စုခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်" ကူယွဲ့က လက်သီးဆုတ်ပြီး အကောင်းဆုံးစီးပွားရေးသမားအပြုံးမျိုးပြုံးတော့တယ်။

"ဂရုစိုက်ပါ၊ တာအိုရောင်းရင်းတို့"

သူတို့ နေရာရွှေ့ပြောင်းအစီအရင်ဆီ သွားမို့ဆဲဆဲမှာတင် စစ်ယွီဘေးနားမှာ တစ်ညလုံးဝေ့ဝဲနေတဲ့ ယင်းယွမ်ဖေးက ရုတ်တရက် ထပြောတယ်။

"မိန်းကလေးစစ်ယွီ"

လူတိုင်း ရပ်သွားပြီး လှည့်လာတယ်။ စစ်ယွီ အလိုလိုမျက်မှောင်ကြုတ်လိုက်မိတာပေါ့။

"တခြား ကိစ္စရှိသေးလို့လား"

"ဒါ... ဒါ..." ယင်းယွမ်ဖေးက မျက်နှာနီရဲသွားတယ်။ သူ စစ်ယွီကို လက်မလွှတ်နိုင်ပေမဲ့ နေခဲ့ခိုင်းဖို့ အကြောင်းရင်းလည်း စဉ်းစားမရဘူး။

သူက ယင်းမိသားစုမှာ မွေးဖွားလာတာ၊ ဘယ်လိုပဲဖြစ်ဖြစ် မျိုးနွယ်စုခေါင်းဆောင်ရဲ့သား။ သူလည်း ရှားပါးတဲ့လျှပ်စီးဝိညာဉ်ကြောကို ပိုင်ဆိုင်ထားတယ်။ အရည်အချင်းအစစ်အမှန်ရှိတာမို့ သူ့ကျင့်ကြံဆင့်ခရီးစဉ်က ချောမွတ်ပြီး အမြဲ အတော်ဆုံးတပည့်ဖြစ်ခဲ့တာ။ သူ့ဂိုဏ်းထဲ သူ့ပြိုင်ဘက်က မရှိသလောက်ပဲ။ ဆွေကြီးမျိုးကြီး မိသားစုလေးစုကြားမှာတောင်ပေါ့။ ပိုပြီးအဆင့်နိမ့်သွားတာကို ပထမဆုံးအကြိမ် သူကြုံဖူးတာပဲ။ သူ့ကို အဲနေရာရောက်အောင် ထားတဲ့သူကလည်း အချစ်အတွက် အသင့်ဖြစ်နေတဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးကျင့်ကြံသူ။ သေချာပေါက် သူမက သူ့နှလုံးသားကိုလှုပ်ခတ်ခဲ့တာပေ့ါ။ ဒါပေမဲ့ သူမက နူးညံ့ပြီး သူ့ကို လုံးဝစိတ်ဝင်စားပုံမပေါ်။

"မင်း... မင်း အပြန်လမ်းမှာသတိထားနော်၊ အရင်ဆုံး မနက်ဖြန်မနက်ကျ... ငါခြံဝန်းလေးထဲမှာ မင်းကိုလာရှာမယ်"

"ကျွန်မတို့ခြံဝန်းလေးထဲ ဘာလုပ်ဖို့လာချင်တာလဲ"

စစ်ယွီ မပျော်မရွှင် ရှေ့တက်လိုက်တယ်။ သူက ဒီလူနဲ့ အဲလောက်မှ မရင်းနှီးတာ။

ယင်းယွမ်ဖေးက တုံ့ဆိုင်းနေပြီး ပိုတောင် မျက်နှာရဲလာတော့တယ်။ သူ စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကိုကုတ်ပြီး အကျိုးအကြောင်းသင့်လျော်တဲ့ဆင်ခြေတစ်ခု တွေးမိသွားတယ်။

"အင်း... ယင်းမိသားစုက ဝူတိဂိုဏ်းရဲ့ ဝိညာဉ်ဆေးမြစ်တွေကို ဝယ်မှာမဟုတ်လား၊ ငါ... ငါ မနက်ဖြန် စရံငွေပေးဖို့ လာခဲ့မယ်"

ယင်းဖုန်း ။ ။ "..."

ရွှမ်းယွမ်ယွီ ။ ။ "..."

လက်ဖွာတဲ့ကောင်ပဲ

ဝိုး ငါတို့မှာ ဒီအူကြောင်ကြောင် အသင်းဖော်ရှိသေးတာပဲ။ ကူယွဲ့ ရင်ထဲကနေ အခမ်းအနား ကျင်းပနေတော့တယ်။ သူ နဂိုက စရံငွေယူဖို့ မရည်ရွယ်ခဲ့ပေမဲ့ အခုတော့ အရှေ့ကိုအပြေးတက်ပြီး ပြောလိုက်တယ်။

"ဒါဆို မနက်ဖြန်မနက်ကျ ကျုပ် သခင်လေးယင်းကို ဧည့်ခံဖို့ အသင့်ပြင်ထားပါ့မယ်"

သူ ယင်းမိသားစုကို စကားပြန်ရုပ်သိမ်းသွားဖို့ အခွင့်အရေးမပေးချင်တာမို့ စကားပြောပြီးတာနဲ့ တစ်ဖက်လှည့်ပြီး လူတိုင်းကို သွားဖို့လောတော့တယ်။ ယင်းယွမ်ဖေး အဲနေရာမှာရပ်ကျန်ခဲ့ပြီး လူအုပ်ကြီး ဝင်ရိုးစွန်းထဲပျောက်ကွယ်သွားတာကို စောင့်နေခဲ့တယ်။ သူ့အမူအရာက သဘောကျလေးစားနေတဲ့ပုံမျိုး။

—————————————

ဂိုဏ်းတွေကြားက ပြိုင်ပွဲပြီးတည်းက ကူယွဲ့က ဘဝရည်မှန်းချက်အသစ်တွေ့သွားသလိုပဲ။ သူက ယင်းကောင်းကင်ယံမြို့မှာ လူတိုင်းကို ရက်နည်းနည်းပိုနေခိုင်းတယ်။ နေ့တိုင်း မနက်စောစောထွက်ပြီး ညကျ နောက်ကျမှပြန်လာတယ်။ ဒါပေမဲ့ သူဘာလုပ်နေလဲ ဘယ်သူမှ မသိဘူး။ သူ ရှန်းရင်ကို လစဉ်သုံးစွဲကြေးနဲ့ ခြိမ်းခြောက်ထားတာ အတော်ကြာနေပြီ။

ရှန်းရင်တော့ လုံးဝကိုပျင်းနေတာ။

"ဂိုဏ်း... ဂိုဏ်းချုပ်" စစ်ယွီက ရုတ်တရက် အခန်းထဲ ဝင်လာတယ်။ သူ့မျက်လုံးတွေက အခက်တွေ့ပြီး တုံ့ဆိုင်းနေတဲ့ပုံ။

"ကျွန်မ... ကျွန်မမေးစရာရှိလို့"

"ကောင်းပြီလေ" ရှန်းရင် ဘယ်လိုပဲဖြစ်ဖြစ် ပျင်း‌နေတာ။ သူမဘေးက ခုံကို ပုတ်လိုက်တယ်။

"ထိုင်၊ နင်ဖရဲစေ့ကိုက်ချင်သေးလား"

"ကျေးဇူးပါ ဂိုဏ်းချုပ်" စစ်ယွီက တလေးတစား ဂါရ၀ပြုပြီး စိတ်လှုပ်ရှားစွာထိုင်ချတော့တယ်။

"ဘာကိစ္စလဲ"

"ကျွန်မ..." သူမ ရုတ်တရက် ခေါင်းမော့ပြီး ရှန်းရင်ဘေးက ယိချင်းကို ကြည့်လေတယ်။ ပြီးတော့ ရှက်ရွံ့တဲ့ဟန်နဲ့ ခေါင်းပြန်ငုံ့သွားပါလေရော။

ရှန်းရင် ဘာလုပ်ရမလဲနားလည်သွားပြီး လည်ချောင်းရှင်းလိုက်တယ်။

"အာ... စားဖိုမှူးရေ၊ နေ့လယ်စာသွားပြင်ပေးလို့ရလား"

"ဆရာ နေ့လယ်စာစားချိန် မရောက်သေးပါဘူး" ယိချင်းကနေရာမှာတင် အမြစ်တွယ်နေပြီး စစ်ယွီကို စူးစူးစိုက်စိုက်ကြည့်နေလေတယ်။ သူ သွားဖို့ကို အိပ်မက်ပဲမက်နေလိုက်။

"ဒါဆို အဆာသွတ်မုန့်လုပ်ပေးလို့ရမလား"

"လုပ်ပြီးပါပြီ"

"ဒါဆိုလက်ဖက်ရည်သွားယူပေး"

"အခန်းထဲက လက်ဖက်ရည်က ပူပါသေးတယ်"

"..."

ရှန်းရင်နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ သူမ ရွေးစရာမရှိတော့ဘဲ ရှင်းအောင် ပြောလိုက်ရတာပေါ့။

"တခြားတစ်နေရာသာ ခဏသွားနေစမ်းပါဟယ်၊ မိန်းကလေးကိစ္စပြောမို့"

ယိချင်း တုံ့ဆိုင်းသွားပြီး စိတ်ထိခိုက်သွားဟန်။

"တပည့်နားထောင်လို့ မရဘူးလား"

"အာ..." နင်က မိန်းကလေးမှမဟုတ်တာ။

"ဒါအမိန့်ပဲ၊ နားထောင်"

"... ဟုတ်ကဲ့ ဂိုဏ်းချုပ်" ယိချင်းက ထွက်သွားပေမဲ့ ခြေလှမ်းနည်းနည်းလှမ်းပြီးတိုင်း ပြန်လှည့်ကြည့်နေလေရဲ့။ သူ တံခါးကမထွက်ခင် စစ်ယွီကို အေးစက်စက် လှမ်းကြည့်လိုက်သေးတယ်။ ကလေးမ၊ ငါ့ဆရာကိုလုဖို့ကြိုးစားနေပြန်ပြီ

"ကဲပြော၊ ဘာကိစ္စလဲ" ရှန်းရင် ယိချင်း အခန်းတော်တော်ဝေးထိရောက်သွားတာစောင့်ပြီးမှ မေးလိုက်တယ်။

"ဂိုဏ်းချုပ်" စစ်ယွီက ခေါင်းငုံ့သွားတယ်။ ‌တစ်ခဏနေတော့ သူမက တီးတိုးပြောလိုက်တယ်။

"အနာဂတ်မှာ... ကျွန်မ သခင်လေးယင်းကို ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးလား"

"သခင်လေးယင်းလား" အဲဒါဘယ်သူလဲ။

"ယင်းမိသားစု သခင်လေး ယင်းယွမ်ဖေး"

"အော်..." အဲဒီနာရမှာကြိုက်တဲ့ကောင်ပဲ။ အဲတော့ ဆက်ဆံရေးပြဿနာကိုး။

"ဘာဖြစ်လို့လဲ၊ နင်သူ့ကိုမကြိုက်ဘူးလား"

စားသောက်ပွဲပြီးတည်းက ယင်းယွမ်ဖေးက သူတို့ဂိုဏ်းဆီ ချောင်းပေါက်မတတ် စစ်ယွီဆီ နေ့တိုင်းလာပြီး အပြင်ခေါ်သွားဖို့ တစ်ရာဖိုးသုံးပုဒ်ဆငိခြေတွေပေးနေတာ။ ပထမတော့ စရံပေးချင်လို့တဲ့။ နောက်တော့ စရံပေးတာနည်းသွားလို့တဲ့။ နောက်ကျ အပြည့်ပေးချင်ပြန်တယ်...။

ဖေဖေနျိုကတော့ ဒီလူငယ်လေးကို တကယ်သဘောကျနေတာ။

╮(╯▽╰)╭

"သခင်လေးယင်း... ကကောင်းပါတယ်" သူမခေါင်းက ပိုငုံ့သွားတယ်။

"ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက်မသင့်တော်ရုံပါ၊ ပြီးတော့ ကျွန်‌မက လူသားမီးပြင်း..."

"ရှောင်လွီ" ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ချက်ချင်း ကြားဖြတ်ပြောတော့တယ်။

"ဘယ်သူမှအတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်ကိုတော့ ပြောင်းလဲနိုင်တယ်၊ နင်က ကောင်းတယ်လို့ ငါထင်တယ်၊ လူတွေက နင်ကကောင်းမွန်တယ်လို့တွေးအောင် နင့်ကိုယ်နင်လည်း ကောင်းမွန်တယ်လို့ တွေးဖို့လိုတယ်၊ နင် သူများတွေကိုမချစ်ခင် နင့်ကိုယ်နင် ချစ်ဖို့သင်ယူရမယ်"

"ဒါပေမဲ့..."

"တစ်ခါတလေ၊ ကိစ္စတွေကို အရမ်းရှုပ်ထွေးပစ်တာ မကောင်းဘူး"

ရှန်းရင်က ပါးစပ်ထဲ အဆာသွတ်မုန့်တစ်ခုထိုးထည့်ပြီး ဆက်ပြောတယ်။

"နင်ပျော်နေသရွေ့ လုပ်ချင်တာသာလုပ်၊ သူ နင့်အတိတ်ကို စိတ်ထဲထားရင် နင့်အားထုတ်မှုနဲ့ မတန်ဘူးပေါ့၊ နင် သူ့ကိုကြိုက်ရင် တွဲလိုက်၊ မဟုတ်ရင် လမ်းခွဲလိုက်၊ ဘာအရေးကြီးလဲ"

"... အဲလိုလား"

"ဒါပေါ့" ရှန်းရင် အသည်းအသန်ခေါင်းညိတ်လိုက်တယ်။

"ငါအရင်က ဒါကိုဖြတ်သန်းခဲ့ပြီးပြီ၊ ယောက်ျားနဲ့မိန်းမ တွဲပြီးလမ်းခွဲတာ ပုံမှန်ပဲ၊ ကိစ္စတွေကို ပေါ့ပေါ့ပါးပါးပဲ သတ်မှတ်ဖို့ သင်ယူရမယ်၊ ငါတို့ အရမ်းခေါင်းကြောမာလို့မဖြစ်ဘူး၊ ငါတို့ရှေ့မှာ သက်တမ်းရှည်ကြီးရှိသေးတယ်၊ ဒါကြောင့် အနှေးနဲ့အမြန် ကိစ္စတွေကိုစမ်းကြည့်ရမှာပဲ၊ နင်က ငယ်သေးတယ်၊ ဒါကြောင့် နင် သူ့ကို ကြိုက်သင့်မကြိုက်သင့်တောင် ဗျာများနေရသေးတာပဲ"

"ဂိုဏ်းချုပ်က ကျင့်ကြံခဲ့တာ အတော်ကြာပြီလား"

"အေးပေါ့၊ နှစ်သုံးဆယ်နီးပါးလောက် ကျင့်ကြံခဲ့တာ"

"သုံးဆယ်လား" စစ်ယွီက တုံ့ဆိုင်းသွားတယ်။

"ဂိုဏ်းချုပ်စကားတွေက လေးနက်လွန်းတယ်၊ ကျွန်မ နှစ်၆၀၊ ၇၀လေ့ကျင့်နေတာတောင် အပြည့်အ ဝနားမလည်နိုင်သေးဘူး"

"အာ..." ရှန်းရင် လည်ချောင်းဟန့်လိုက်တယ်။

"အာ၊ ပိုပြီးကြိုးစားသင့်တယ်၊ နင်ကြီးလာတဲ့အချိန်ကျ နင်လူတစ်ယောက်ကို ကြိုက်သင့်မကြိုက်သင့်နဲ့ ပတ်သက်ပြီး အများကြီး ရုန်းကန်နေတော့မှာမဟုတ်ဘူး၊ နင်သူ့ကို သွားလုပ်ရမလားဆိုတာ ပိုပြီးစိတ်ထဲထားလာလိမ့်မယ်"

"ဒါ... ဒါဖြစ်နိုင်လား" စစ်ယွီ ကမ္ဘာသစ်ကြီးတစ်ခုကို မြင်လိုက်ရသလိုပဲ။

"သေချာပေါက်ပေါ့၊ င့ါကိုယုံ၊ ဒါ ဆက်ဆံရေးတွေ အလုပ်လုပ်ပုံပဲ"

"ဒါပေမဲ့..." စစ်ယွီရဲ့မျက်ဝန်းတွေ တောက်ပသွားတယ်။

"သူက ဘယ်လိုပဲဖြစ်ဖြစ် ယင်းမိသားစုရဲ့သခင်လေးလေ၊ ကျွန်မသူ့ကို အပြစ်ပြုမိရင် ဂိုဏ်းအတွက် ထိခိုက်နစ်နာမယ်မဟုတ်လား"

"မစိုးရိမ်နဲ့၊ ငါရှိနေတာပဲ၊ ဘာမှကြောက်စရာမရှိဘူး"

"‌ကောင်းပြီ၊ ဂိုဏ်းချုပ်ပြောတာမှန်တယ်၊ ကျွန်မ အခုနားလည်သွားပြီ" သူမ စိတ်ဆုံးဖြတ်ချက်ကို ပြန်အသစ်ပြင်ဆင်ပြီး အကြမ်းပတမ်းထရပ်လိုက်တယ်။

"ကျွန်မ ခုချက်ချင်းပဲ သွားလုပ်တော့မယ်" သူ ချက်ချင်း တံခါးကနေ ထွက်သွားတော့တာပဲ။

"အာ..."

ခဏနေပါဦး

သူဘယ်သွားနေတာလဲ။

ငါခုလေးတင် ဘာပြောမိခဲ့တာ။

(⊙o⊙)

...

All Chapters