← Chapters

အရှင်ကုန်းနျန်

Vol. 135 Ch. 1870

အရှင်ကုန်းနျန်

Vol. 135 Ch. 1870

 “ဒီလူ့မှာ ရတနာတွေအများကြီးနဲ့ အနှစ်သာရများစွာ ပိုင်ဆိုင်ထားတယ်။ ဒီလို သာမန်ထက်ထူးကဲလှတဲ့ သားရဲကိုပါ ပိုင်ဆိုင်ထားသေးတယ်။ သူ့မှာ အစွမ်းထက်တဲ့ နောက်ခံလည်း ရှိတဲ့အပြင် အနှစ်သာရခန္ဓာကိုပါ ဖွဲ့စည်းနိုင်သေးတယ်။ သူဟာ ရန်စမသင့်သလို မနှိုင်းယှဉ်အပ်တဲ့သူပဲ…” တုချင်းသည် သူ အစောပိုင်းက ဝမ်လင်းကို စမ်းသပ်ချင်ခဲ့တာ မှားပြီဟု ခံစားမိနေ၏။

သူသည် နေ့တဝက်လောက် ပျံသန်းလာပြီးသော်လည်း ဝမ်လင်းကို မမှီသေးပေ။

“ဒီလူဟာ မိုးကောင်းကင်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ။ မဟာကလန်ကြီးတွေက အစစ်အမှန်တပည့်တွေနဲ့ တူညီတယ်။ ဒါ့ကြောင့် ငါ သူ့ကို မနှိုင်းယှဉ်နိုင်ဘူး။ ဒါပေမဲ့ ငါ တုချင်းဟာ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ငါ့ရတနာတွေကို ငါ့ဘာသာ ကိုယ်တိုင် ရရှိခဲ့တာ။ သူဟာ ငါ့ထက် ပိုတော်ပေမယ့် သူ ရရှိခဲ့တဲ့ အရာအားလုံးဟာ မဟာအင်ပါယက သူ့ကို ပေးအပ်ခဲ့တာလို့ ငါ လောင်းရဲတယ်။ ဟက်…သူဟာ ကံကောင်းရုံလေးပါ…”

ထိုသို့တွေးခြင်းဖြင့်သာ တုချင်းသည် သူ့ကိုယ်သူ အနည်းငယ် ပို၍ စိတ်သက်သာရရတော့၏။

သူသာ ဝမ်လင်း၏ နှစ်ပေါင်းနှစ်ထောင်ကျော် အခက်အခဲများကို ဖြတ်သန်းရုန်းကန်ခဲ့ရပုံကိုသာ သိခဲ့ပါက သူ့စိတ်နှလုံးပင် ဂနာမငြိမ် ဖြစ်သွားပေလိမ့်မည်။ လျှပ်တပြတ်အတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။ သည်လဝက်အတွင်း ဝမ်လင်းသည် တုချင်း မှီလာဖို့ အကြိမ်များစွာ ရပ်ခဲ့၏။ လဝက်ခန့် ပျံသန်းလာပြီးနောက်တွင်ပင် ခြင်သားရဲဘုရင်က တက်တက်ကြွကြွ ရှိနေဆဲ ဖြစ်ပြီး မည်သည့်ပင်ပန်းမှုကိုမျှ မပြသပေ။ ၎င်းသည် ဆင့်ကဲတိုးတက်မှုများစွာ ဖြတ်သန်းပြီးနောက် ၎င်း၏အမြန်နှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာခဲ့ချေပြီ။ တုချင်းသည်ပင် လိုက်မမီနိုင်ပေ။

ခြင်သားရဲဘုရင်က ပျံသန်းနေရင်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာကို စုပ်ယူ၍ ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ကျင့်ကြံနေသည်။ ထို့အတွက် ၎င်းသည် ပိုမြန်မြန် ပျံသန်းလာနိုင်လေ ဖြစ်ကာ ဝမ်လင်း သူ့ဟာသူ ပျံသန်းခြင်းထက် အဆများစွာ ပိုမြန်ဆန်လာခဲ့ပေပြီ။

တုချင်းသည် နောက်ကောက်ကျ၍ သနားစရာအခြေအနေ ဆိုက်ရောက်နေ၏။ လဝက်အတွင်း သူသည် တစက်လေးမျှ အနားမယူဘဲ ဆက်တိုက် ပျံသန်းနေခဲ့သည်။ သူသည် ဝမ်လင်းနှင့် သူ ထိတ်လန့်ရသော သားရဲတို့က သူ့ကို စောင့်နေသည်ကို တွေ့မြင်ရသည့်အခါတိုင်း စိတ်ဓာတ်ကျမိနေ၏။

ခြင်သားရဲဘုရင်ကို ကြည့်ကာ ၎င်း၏မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်လာ၏။ သူသည် သူ့ဘဝတွင် ကြမ်းကြုတ်သောသားရဲများစွာ မြင်ခဲ့ဖူး၏။ သို့သော် မည်သည့်သားရဲကမျှ ဒီလောက်အမြန်နှုန်းမျိုး မပိုင်ဆိုင်ခဲ့ပေ။

တုချင်းသည် ခါးသီးစွာ ပြုံးမိ၏။

နောက်ထပ် ရက်အနည်းငယ် ကုန်လွန်လာခဲ့သည်။ တုချင်းသည် သူ့အကန့်အသတ်သို့ ရောက်တော့မည်ဟု ခံစားမိချိန်၌ အကွာအဝေးတစ်ခုတွင် နဂါးပြာကလန် ပေါ်လာ၏။

နဂါးပြာကလန်ကို ကြည့်ကာ တခုျင်းသည် တည်ငြိမ်စွာ ရှိနေသော ဝမ်လင်းထံ လှမ်းကြည့်၏။ ထို့နောက် သူက ဝမ်လင်းအောက်ရှိ လုံလုံလောက်လောက် မပျံသန်းရသေးပုံ ပေါ်သော သားရဲထံ  အကြည့်ရောက်သွားသည်။ တုချင်းသည် မည်သို့ပြောရမှန်းမသိ ဖြစ်မိ၏။

သူတို့နှစ်ယောက် နီးကပ်လာချိန်၌ နဂါးပြာကလန်မှ တပည့်များအားလုံးသည် ထွက်လာကြ၏။ ချိပ်ပိတ်မခံရသော အကြီးအကဲသုံးယောက်သည်လည်း လေထဲသို့ ပျံတက်လာကြသည်။

သူတို့က သူတို့၏ဘိုးဘေးသည် ထိုလူ့ကို ဖမ်းဆီး၍ ပြန်လာသည်ဟု အစက ထင်ထားခဲ့ကြ၏။ သို့သော် သူတို့ မြင်လိုက်ရသည်က ဝမ်လင်းမှာ တည်ငြိမ်စွာ ရှိနေစဉ် ဘိုးဘေးဖြစ်သူကတော့ အသက်ဟောဟဲလိုက်ကာ အမောတကော နောက်မှ လိုက်လာခြင်းကိုပင်။ ထိုအခါ သူတို့က မင်သက်ကုန်ကာ မည်သို့ဖြစ်ပျက်ကုန်မှန်းမသိ ဖြစ်ရ၏။

“မင်းတို့အားလုံး ဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ ဒီအဘိုးအိုရဲ့ မိတ်ဆွေကောင်းကို လာနှုတ်ဆက်ကြ။ သူက ငါတို့ကို အများကြီး ကူညီပေးခဲ့တာ။ သူဟာ ငါ့အတွက် ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ပဲ။ ဒီအဘိုးအိုက ကျေးဇူးတင်ကြောင်း ပြသဖို့ ဒီနေရာထိ သူ့ကို ဖိတ်ကြားလာခဲ့ရတာ…”

တုချင်း၏ အကြည့်တချက်ဖြင့်ပင် နဂါးပြာကလန်၏ လူတိုင်းသည် ချက်ခြင်း လမ်းရှင်းပေးကြ၏။

“ရောင်းရင်းကျင့်ကြံသူဝမ်…ကျေးဇူးပြုပြီး…ကျေးဇူးပြုပြီး…” တုချင်းသည် ပြုံး၍ ဝမ်လင်းကို နှုတ်ဆက်၏။

ထိုရုတ်ချည်းဆန်သော ပြောင်းလဲမှုက နဂါးပြာကလန်၏ တပည့်အားလုံး၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သို့သော် ဘိုးဘေးကို ကြောက်လန့်မှုက သူတို့၏စိတ်နှလုံးတွင်း၌ အမြစ်တွယ်နေပြီ ဖြစ်၏။ ထို့ကြောင့် သူတို့သည် ငြိမ်သက်တိတ်ဆိတ်စွာသာ ဆက်ရှိနေသည်။ သူတို့က ဘိုးဘေးသည် ထိုရက်စက်လှသောပုဂ္ဂိုလ်ကို တောင်အနောက်ဘက်သို့ ခေါ်သွားသည်အား စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။

လက်နှစ်ဖက် ဆုံးရှုံးခဲ့သော နဂါးပြာကလန်၏ သက်လတ်ပိုင်းလူမှာ အခုအခါ၌ ပြန်ကောင်းမွန်နေပြီ ဖြစ်၏။ သူ၏ မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ “တခုခုတော့ မှားနေပြီ။ ဘိုးဘေးရဲ့ စိတ်ဟာ အလွန်ရန်လိုတတ်တယ်။ ဒီတော့ ဝမ်လို့ အမည်ရတဲ့ ဆန်းကြယ်တဲ့သူဟာ ဘိုးဘေး ထိတ်လန့်ရတဲ့ တစုံတယောက် ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ဘိုးဘေးဟာ သူ့ကို ဧည့်သည်တော်တစ်ယောက်အဖြစ် အခုလိုမျိုး ခေါ်လာခဲ့တာပဲ နေမှာ…”

“ဘိုးဘေးဟာ ဒီလူနဲ့ တိုက်ခိုက်ခဲ့ပြီး အနိုင်မရခဲ့တဲ့ပုံပဲ…” တခြားအကြီးအကဲနှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိ၏။ သူတို့၏မျက်လုံးများ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။

တုချင်းက ဝမ်လင်းကို တောင်အနောက်ဘက်သို့ ခေါ်ဆောင်သွား၏။ သည်နေရာမှာ ဖျက်စီးခံလိုက်ရသော်လည်း တောင်တတောင် ရှိနေဆဲ ဖြစ်ပြီး အတွင်း၌ မထိမခိုက်မပျက်စီးသော လှိုဏ်ဂူတစ်ခုလည်း ရှိလေ၏။

ထိုလှိုဏ်ဂူအတွင်းမှာ အလွန်သာယာပျော်ဖွယ် ကောင်းသည်။ ညပုလဲများစွာက လှိုဏ်ဂူအတွင်း၌ ကြယ်များအလင်း လင်းထင်းနေသည်။ ယင်းလှိုဏ်ဂူအတွင်း၌ သန့်စင်မွန်းမံဖို့အခန်း၊ ဆေးဝါးဖော်စပ်ခန်း၊ တံခါးပိတ်ကျင့်ကြံဖို့နေရာ စသဖြင့် အခန်းများစွာ ရှိပေသည်။ ၎င်းလှိုဏ်ဂူအတွင်း၌ ကျင့်ကြံသူတစ်ယောက် လိုအပ်သောအရာများ ရှိနေသည်။

“ရောင်းရင်းကျင့်ကြံသူဝမ်…ဒီနေရာဟာ ရိုးစင်းပါတယ်။ ဒါပေမဲ့ ဒီမှာပဲ ကလန်အသစ် ပြန်တည်ဆောက်ပြီးတဲ့အခါထိ သည်းခံပြီး နေပေးပါအုံး။ အဲ့ဒီနောက်မှ သင် အနားယူဖို့ ပိုကောင်းတဲ့ နေရာတစ်ခု စီစဉ်ပေးပါ့မယ်…”

တုချင်းက ဟန်လုပ်ကာ ပြုံး၏။ သူသည် ဒီနေရာမှာ အလွန်ကောင်းနေပြီဟု ထင်ထားပြီးပင်။ လှိုဏ်ဂူကြမ်းပြင်တွင်လည်း လောက၏ အော်ရာကို ပိုတိုးမြင့်ပေးနိုင်သည့် အရှေ့ပင်လယ်ကျောက်တုံးများ စီခင်းထားသေး၏။ ညပုလဲများကလည်း သာမန်မဟုတ်ဘဲ ကြယ်ရောင်စုံကောင်းကင်ကို ဖော်ကြူးပေးနိုင်သည်။ သည့်အတွက် ဒီလှိုဏ်ဂူအတွင်း၌ လူတစ်ယောက်သည် လောက၏ ကျယ်ပြောမှုကို ခံစားကြည့်၍ ရမည်။

ဆေးဝါးဖော်စပ်ခန်းက အလွန်ကောင်းမွန်သေး၏။ သည်နေရာရှိ အရာအားလုံးမှာ သူ လုယူပိုင်ဆိုင်ခဲ့သော အရာများပင်။

“ကောင်းပြီ…” ဝမ်လင်းသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ထိုင်ချလိုက်၏။ သူက တုချင်းကို ကြည့်ကာ ရုတ်တရက် ပြောလာသည်။

“ရောင်းရင်းကျင့်ကြံသူတု…ငါဟာ တခြားကုန်းမြေတစ်ခုကနေ လာခဲ့တာ။ ဒါ့ကြောင့် ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ ပင်မမီးကြောဟာ ဘယ်နေရာမှာ ရှိလဲ ငါ သိချင်တယ်…”

ကောင်းကင်ဘုံနွားထီးကုန်းမြေက ကြီးမားကျယ်ပြန့်လွန်း၏။ ထို့အတွက် ဝမ်လင်းသည် ပင်မမီးကြောကို အချိန်တိုအတွင်း ရှာနိုင်မည် မဟုတ်ပေ။ သူက ၎င်းကို ရှာဖို့ အချိန်အတော်ပေးရနိုင်၏။

တုချင်းသည် ထိုစကားကို ကြားသည့်အခါ ဝမ်လင်း၏ ရည်ရွယ်ချက်ကို နားလည်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဝမ်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ပြောလာသည်။

“ကောင်းကင်ဘုံနွားထီးကုန်းမြေဟာ မီးဒြပ်စင်ကို ဆုပ်ကိုင်ထားတယ်။ မြေကမ္ဘာမီးကြော အများစုလည်း ရှိနေတယ်။ ပြောကြတာကတော့ မြေကမ္ဘာမီးကြောတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေကို ဖိနှိပ်ထားတဲ့ အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်နေတာတဲ့။ ဒဏ္ဌာရီအရတော့ ကောင်းကင်ဘုံဘိုးဘေးဟာ ကောင်းကင်ဘုံနွားထီးတစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်တဲ့။ ဒီသားရဲရဲ့ ခန္ဓာကိုယ်ကို ဒီကုန်းမြေအဖြစ် အသုံးပြုခဲ့တာတဲ့။ ဒီသားရဲရဲ့ မူလစိတ်ဝိညာဉ်ကိုတော့ မီးနဲ့ ဖိနှိပ်ထားခဲ့တာလို့ ဆိုကြတယ်…”

“ဒါဟာ ကောလဟာလ တစ်ခုပါပဲ။ လူအများအပြားက နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြပေမယ့် ဘာသဲလွန်စမျှ မတွေ့ခဲ့ကြဘူး…”

“ဒါပေမဲ့ နောက်ထပ်ကောလဟာလ တစ်ခု ရှိသေးတယ်။ မီးကြောတွေဟာ ကောင်းကင်ဘုံဘိုးဘေး နေရာချခဲ့တာ မဟုတ်ဘဲ ကောင်းကင်ဘုံနွားထီးသားရဲရဲ့ သွေးကြောတွေလို့ ဆိုကြတယ်။ သင်ရှာနေတဲ့ ပင်မမီးကြောဟာ ကောင်းကင်ဘုံနွားထီးသားရဲရဲ့ အကြီးမားဆုံး သွေးကြော ဖြစ်နိုင်လောက်တယ်…”

“မဟာစိတ်ဝိညာဉ်ကလန်ဟာ အဲ့မီးကြောနဲ့ ချိတ်ဆက်မှု ရှိတယ်…”  တုချင်းသည် ထိုနောက်ဆုံးစကားကို ပြောသည့်အခါ၌ သူ၏ အသံသည် ရုတ်တရက် တိတ်သွားသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဒီဧရိယာကို ချိပ်ပိတ်ဖို့ အတားအဆီးများ ပေါ်လာသည်။

တုချင်းက ခပ်တိုးတိုး ပြောလာ၏။ “မဟာစိတ်ဝိညာဉ်ကလန်ဟာ ကလန်ကိုးခု၊ အင်အားစု ဆယ့်သုံးခုထဲက တစ်ခုပဲ။ သူတို့မှာ ကျွမ်းကျင်သူတွေ များစွာနဲ့ ဆန်းကြယ်တဲ့မန္တာန်မျိုးစုံ ပိုင်ဆိုင်ထားကြတယ်။ ဒီကလန်နဲ့ ပတ်သတ်ပြီး ပြောမယ်ဆိုရင် ငါတို့အနေနနဲ့ ကြိုသတိထားဖို့ လိုအပ်တယ်…”

“ငါ့အနှစ်သာရတွေထဲက တစ်ခုဟာ မီးပဲ။ ဒီမီးဟာ မြေကမ္ဘာမီးကို ကောင်းကောင်းအာရုံခံနိုင်တယ်။ ငါ မဟာစိတ်ဝိညာဉ်ကလန်ကို သွားတဲ့အခါတိုင်း ငါ့ခန္ဓာကိုယ်ထဲက မီးဟာ ဖိနှိပ်တာ ခံရတယ်။ အဲ့နေရာမှာ လောကရဲ့ မီးအားလုံးကို အညံ့ခံစေနိုင်တဲ့ မီးဆန္ဒတစ်ခု ရှိနေသလိုမျိုးပဲ…”

“ငါ ထင်တာတော့ ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ ပင်မမီးကြောဟာ အဲ့ကလန်မှာ တည်ရှိလောက်တယ်။ ဒါ့အပြင် မဟာစိတ်ဝိညာဉ်ကလန်မှာ အလွန်တရာအစွမ်းထက်လှတဲ့ မီးအနှစ်သာရနဲ့ တစ်စုံတစ်ယောက်လည်း ရှိနေနိုင်တယ်…”

“ပြီးတော့ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေး၊ အရှင်ကုန်းနျန်( ကုန်းနျန်=နွားထီး)ဟာ မြင့်မားလှတဲ့ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားတယ်။ သူ့မှာလည်း သင့်လိုပဲ အနှစ်သာရခန္ဓာကို ပိုင်ဆိုင်ထားတယ်…”

တုချင်းသည် မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေး အရှင်ကုန်းနျန်အကြောင်း ပြောသည့်အခါ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။

ဝမ်လင်း၏ မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ သူသည် ထိုအမည်ကို မှတ်သားထားလိုက်သည်။

“ငါ့ကျင့်ကြံမှုအဆင့်နဲ့ ငါဟာ မဟာစိတ်ဝိညာဉ်ကလန်မှာဆို အပြင်အကြီးအကဲတစ်ယောက် ဖြစ်ဖို့ပဲ အရည်အချင်းမှီတာ။ ငါဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အတွင်းအကြီးအကဲ လုပ်ဖူးတဲ့သူနဲ့ သိတယ်။ အဲ့အဆက်အသွယ်နဲ့ ငါဟာ အပြင်အကြီးအကဲတစ်ယောက်အဖြစ် နေရာရခဲ့ပြီး မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အရိပ်အာဝါသအောက်မှာ ခိုလှုံခွင့်ရခဲ့တာပဲ…”

“ရောင်းရင်းကျင့်ကြံသူဝမ်မှာ မဟာအင်ပါယာတပါး ပေးထားတဲ့ ရတနာတစ်ခု ရှိနေတာပဲ။ ဒါ့ကြောင့် သင်ဆိုရင်တော့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ဆက်ဆံခံရလိမ့်မယ်။ ဒါပေမဲ့ သင်ဟာ ပင်မမီးကြောအပေါ်မှာ သက်ရောက်မှု ဖြစ်စေခဲ့ရင်တော့…အဲ့ကျရင်…” တုချင်းသည် အရိပ်အမြွက်ပေးကာ ပြောလာသည်။

ဝမ်လင်း၏အမူအရာသည် ပြောင်းလဲမသွားပေ။ သူက မဟာစိတ်ဝိညာဉ်ကလန်၌ လူနှစ်ယောက်ကိုသာ သိ၏။

“သင် မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဖန်ရှန်မင်နဲ့ ဖန်ရှန်လုဆိုတဲ့ တပည့်နှစ်ယောက် နာမည်ကို ကြားဖူးလား…” ဝမ်လင်းသည် တုချင်းကို ကြည့်၏။

“ဖန်ရှန်မင်…” တုချင်း၏အမူအရာသည် ပြောင်းလဲသွားသည်။

“ဖန်ရှန်မင်ဆိုတဲ့ နာမည်ကိုတော့ ငါ ကြားဖူးပါတယ်။ သူမဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပင်မတပည့်တစ်ယောက်ပဲ။ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပါရမီရှင်နှစ်ယောက်ထဲက တစ်ယောက်လည်း ဟုတ်တယ်။ ရောင်းရင်းကျင့်ကြံသူက သူမကို သိလို့လား…”

“ငါ ကြားဖူးတယ်…” ဝမ်လင်းသည် စဉ်းစားလိုက်ပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ကောက်ရီကလန်ကရော။ ဒီကလန်ဟာလည်း ကောင်းကင်ဘုံနွားထီးကုန်းမြေမှာပဲ တည်ရှိတာ။ သူတို့ဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ယှဉ်ရင် ဘယ်လိုအခြေအနေရှိလဲ…”

“ကောက်ရီကလန်ဟာ အလွန်အားကောင်းတယ်။ ခုချိန်မှာဆို သူတို့က မဟာစိတ်ဝိညာဉ်ကလန်ကို နည်းနည်း ဖိနှိပ်ထားနိုင်တဲ့ပုံပဲ။ ကလန်ကိုးခုနဲ့အင်အားစုဆယ့်သုံးခုကြား သတ်မှတ်ချက်က ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ်။ လွန်ခဲ့တဲ့နှစ်အချို့က ကောက်ရီကလန်မှာ ယွမ်ရီဖန်ဆိုတဲ့ တပည့်တစ်ယောက် ပေါ်လာခဲ့တယ်။ သူ့ကျင့်ကြံမှုဟာ အတော်လေး အားကောင်းပြီး သူက ပါရမီကောင်းလွန်းတယ်။ ရှေးမျိုးဆက်တွေကလွဲလို့ သူဟာ နံပါတ်တစ်ပဲ…”

“ငါ အဲ့လူနဲ့ တွေ့ကြုံဖူးတယ်။ သူဟာ သာမန်ထက်ထူးကဲတယ်…” တုချင်းသည် ယွမ်ရီဖန်က သူ့ဓားကို ဝေ့ယမ်းရုံဖြင့် ကောက်ရီကလန်မှ ကလန်ဝင်များကို နောက်သို့ အတင်းအကြပ် ဆုတ်သွားစေခဲ့သည်ကို ပြန်တွေးမိ၏။

“ယွမ်ရီဖန်အကြောင်းပြောမှ ငါ တစ်ခု တွေးမိသွားပြီ။ သူဟာ နှစ်ပေါင်းနှစ်ထောင်ကျော်ပဲ ကျင့်ကြံရသေးပြီး အလွန်အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် ရှိကြောင်းကို ပြောခဲ့ဖူးတယ်။ သူဟာ အဲ့လူရှေ့မှာဆို သူ့ဓားကိုပါ ဆွဲမထုတ်ဝံ့ဘူးတဲ့။ အရှေ့ပိုင်းကုန်းမြေရဲ့ ပါရမီရှင်လေးယောက်တောင် အဲ့လူရှေ့မှာဆို သူတို့ကိုယ်သူတို့ ပါရမီရှင်လို့ ခေါ်ဖို့ ထိုက်တန်လိမ့်မှာ မဟုတ်ဘူးလို့ ယွမ်ရီဖန်က ပြောခဲ့ဖူးတယ်…”

“အတိတ်တုန်းက ဒီကိစ္စဟာ ဟိုးလေးတကြော် ဂယက်ထခဲ့တယ်။ သံသယများစွာလည်း ရှိခဲ့တယ်။ ဒါပေမဲ့ မဟာစိတ်ဝိညာဉ်ကလန်က ဆိတ်ဆိတ်နေခဲ့သလို ကောက်ရီကလန်ကလည်း ရှင်းပြချက် မပေးခဲ့ဘူး…”

“အခု နှစ်များစွာ ကုန်လွန်လာခဲ့တော့ ဒီစကားတွေဟာ ရှစ်ဆယ်ရာခိုင်နှုန်းလောက် မှားနိုင်တယ်။ ဒီအဘိုးအိုကတော့ အဲ့လိုလူမျိုး ရှိလိမ့်မယ်လို့ မယုံဘူး…”

တုချင်းသည် ထိုသို့ ပြောနေစဉ် သူသည် ဝမ်လင်း၏ မျက်လုံးမှာ ထိုအခိုက်၌ လင်းလက်သွားသည်ကို သတိမပြုမိလိုက်ပေ။

“နှစ်ပေါင်းနှစ်ထောင်လောက်ပဲ ကျင့်ကြံရသေးပြီး ယွမ်ရီဖန်ကို သူ့ဓားကို ဆွဲမထုတ်ဝံ့စေတဲ့ သူက ဒီလောကမှာ ဘယ်လိုလုပ် ရှိနိုင်မလဲ…”

“ဒီလိုလူမျိုးသာ တကယ်ရှိခဲ့ရင် သူဟာ ကျော်ကြားနေခဲ့ပြီ မဟုတ်လား။ သူဟာ မဟာအင်ပါယာတစ်ယောက်ယောက်ရဲ့ တပည့်အဖြစ် လက်ခံတာကိုပါ ခံရလိမ့်မယ်…”

တုချင်းသည် ထိုသို့ ပြောနေရင်း ရုတ်တရက် ရပ်သွားကာ တစ်ခုခုကို အမှတ်ရသွားပုံ ပေါ်သည်။ သူသည် မျက်တောင်ခတ်ကာ ဝမ်လင်းထံ ကြည့်လာ၏။

သူ၏မျက်လုံးသူငယ်အိမ်သည် ရုတ်တရက် ကြုံ့သွားပြီး သူ့စိတ်ထဲတွင် ရဲတင်းသောအတွေးတစ်ခု ပေါ်လာ၏။ ထိုအတွေးက သူ့ကို ပင့်သက်ရှိုက်စေကာ ဝမ်လင်းထံ ကြည့်နေသော သူ့အကြည့်က မရေမရာဟန် ဖြစ်ပေါ်လာသည်။

“ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ မီးကြောတွေ ရှိနေမှတော့ တခြား ပတ်ဝန်းကျင်ကုန်းမြေတွေမှာလည်း မိုးကြိုးကြောတွေ ရှိလေလား…” ဝမ်လင်းသည် တုချင်း၏ စကားလမ်းကြောင်း ခေါင်းစဉ်ကို ရှောင်ဖယ်ကာ ပြောလိုက်၏။

All Chapters