← Chapters

မသေမျိုးတက်လှမ်းမှု

Vol. 6 Ch. 86

မသေမျိုးတက်လှမ်းမှု

Vol. 6 Ch. 86

"ငါလည်း စောနမှသတင်းရတာ" ဖုန်းယင် အပျက်အစီးပုံကြီးထဲက ထိုင်ခုံတစ်ခုံကို ဆွဲထုတ်ပြီး မျက်နှာပြင်ကို ဖုန်သုတ်လိုက်တယ်။

"မသေမျိုးတက်လှမ်းမှုစေတီက ဟွားယွမ်မြို့က ယွီမိသားစုအိမ်ထဲ ရုတ်တရက် ပေါ်ပေါက်လာတာ၊ ကြည့်ရတာ မင်းနဲ့ယွီမိသားစုကြားက တိုက်ပွဲကြောင့် မသေမျိုးတက်လှမ်းမှုစေတီကိုပါ တည်ပြီး အတော်လေး သတိကြီးတဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပဲ၊ ငါတို့မနေ့က ကြုံခဲ့ရတဲ့ ကောင်းကင်နဲ့မြေကြီး ထူးခြားဖြစ်စဉ်တွေက အဲမသေမျိုးတက်လှမ်းမှုစေတီကြောင့် ဖြစ်လာတာ၊ လာ ထိုင်လေ"

"အိုး" ရှန်းရင်က ဖုန်းယင်ဖုန်သုတ်ပေးတဲ့ ထိုင်ခုံပေါ်ဝင်ထိုင်လိုက်တယ်။

"အဲဒါ ဘယ်လိုဘုရားမျိုးလဲ၊ ဘာအတွက်လဲ"

[တင်း ဂုဏ်ယူပါတယ် လက်ခံသူကလေး၊ မင်းတာဝန်ပြီးမြောက်ပြီး အပြုအမူကောင်းတဲ့လူငယ်ဆု ရရှိသွားပါပြီ]

ဖုန်းယင်ပါးစပ် တွန့်ချိုးသွားတယ်။ သူ စနစ်ကို လျစ်လျူရှုပြီး ဆက်ပြောလိုက်တယ်။

"ယွီမိသားစုရဲ့ ရှေးဟောင်းကျမ်းတွေအရ ဘုရားဆိုတာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက သူတို့ဘိုးဘေးတွေ မသေမျိုးတက်လှမ်းမှုကို မအောင်မြင်ခင် ဖန်တီးခဲ့တဲ့ ဓမ္မရှေးအဆောင်အယောင်ပဲ၊ ဘုရားထဲမှာ အမတလောကနဲ့ချိတ်ဆက်ထားတဲ့ လေ့ကျင့်ရေးကွင်းတွေ အများကြီးရှိတယ်၊ မင်း ဘုရားရဲ့ သုံးဆင့်မြောက်ကို ရောက်နိုင်ရင် မသေမျိုးတက်လှမ်းမှုကို အောင်မြင်နိုင်တယ်၊ ဒါကြောင့် မသေမျိုးတက်လှမ်းမှုစေတီလို့ ခေါ်တာ"

"မသေမျိုးတက်လှမ်းမှု" ပတ်ပတ်လည်က လူတိုင်း အံ့ဩကုန်ကြတယ်။ မသေမျိုးတက်လှမ်းမှုကို အောင်မြင်ဖို့ဆိုတာ ခက်ထန်ပြီး အန္တရာယ်ရှိတဲ့ စွမ်းဆောင်မှုပဲ။ အထက်ထျန်းလန်လောကထဲက ပကတိပြည့်စုံ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ရှိပြီးသားလူတွေတောင် မသေမျိုးတက်လှမ်းမှု လျှပ်စီးဝဋ်ကြွေးချေခြင်းကို အစမပျိုးရဲကြဘူး။ လျှပ်စီးချက်တွေအောက် ပြိုကွဲသွားမှာ ကြောက်ကြတယ်လေ။ ပြိုကွဲသွားတဲ့ နယ်လှည့်ကျင့်ကြံသူတွေက အဓိကဥပမာပဲ။ ယွီမိသားစုရဲ့ ဘုရားက အထက်ထျန်းလန်ဂိုဏ်းကလူတိုင်းကို ရူးသွပ်သွားစေနိုင်တယ်။

"ငါ့ဝိညာဉ်ဖမ်းမျှော်စင်ကရတဲ့ အချက်အလက်အရတော့ ယွီမိသားစုက ဆွေကြီးမျိုးကြီး မိသားစုအားလုံးထဲမှာ ဒီဘုရားကြောင့် လူစိတ်ဝင်စားမှုအခံရဆုံးတဲ့၊ လူတိုင်းက ဒီမသေမျိုးတက်လှမ်းမှုစေတီအကြောင်း ပိုလေ့လာနိုင်ဖို့ သူတို့နဲ့ ဆက်ဆံရေးကောင်းအောင် နေကြတယ်" ဖုန်းယင်က ရှင်းပြလာတယ်။

"ယွီမိသားစုက သူတို့သခင်ကြ ပျောက်ဆုံးနေတော့ ဘုရားကို သူတို့ဘာသာ သိမ်းဆည်းထားလို့မရမှန်း အခုသိသွားကြပြီ၊ ယွီမိသားစုရဲ့အကြီးတော်တွေက ဘုရားထဲဝင်ရောက်ပြီး စမ်းသပ်ကြည့်ဖို့ တခြားဆွေကြီးမျိုးကြီး မိသားစုသုံးစုထဲက ကြီးမြတ်တဲ့ကျင့်ကြံသူတွေကို ဖိတ်ကြားဖို့ ‌ဆုံးဖြတ်လိုက်ကြတာပဲ"

"ကျွန်တော့်အဖေနဲ့ မိသားစုထဲက ဦးလေးတချို့က ဘုရားထဲဝင်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ လူတွေထဲပါတယ်"

ယင်းယွမ်ဖေးက ခပ်တိုးတိုးပြောတယ်။

ရှန်းရင် ခေါင်းညိတ််ပြလိုက်တယ်။

"ဒါဆို သူတို့ ဒုက္ခရောက်နေမှန်း နင်ဘယ်လိုသိတာလဲ" ဒါက ယွီမိသားစုရဲ့ အစီအစဉ်ထဲကများလား။

"ဒါက အသက်တည်ရှိတံဆိပ်ပြားပါ" သူ သူ့ဝတ်ရုံထဲက လေးထောင့်တံဆိပ်ပြားတစ်ခု ထုတ်လိုက်တယ်။ လေးထောင့်ရဲ့ အပေါ်ညာဘက်ထောင့်ပဲ ဖြူနေပြီးတော့ တံဆိပ်ပြားရဲ့ ကျန်တဲ့အပိုင်းတွေအားလုံးက မည်းနက်နေတယ်။

"ကျွန်တော်တို့ ယင်းမိသားစုက စီးပွားရေးသမားတွေပါ၊ ကျင့်ကြံသူတွေကို လူဆိုးတွေ အသည်းအသန် လိုက်ရှာဖွေနေကြတဲ့ ရှားပါးရတနာတွေ ရောင်းလို့ရအောင် ကူညီပေးတယ်၊ အပြန်အလှန်အနေနဲ့ကတော့ အဲလူဆိုးတွေက ဒီရတနာတွေကို ရဖို့အတွက် ကျွန်တော်တို့ကို သတ်ဖို့ ကြိုးစားကြတာပေါ့၊ ကျွန်တော်တို့မိသားစုထဲက လူတိုင်း အဲဒီလိုမျိုး အသက်တံဆိပ်ပြားလေးတွေ ဆောင်ထားတတ်ကြတယ်၊ တကယ်လို့ မည်းနက်လာပြီဆိုရင် မိသားစုဝင် တစ်ယောက်ယောက် အသက်အန္တရာယ် ကျရောက်နေပြီဆိုတဲ့ သဘောပါပဲ"

ယင်းယွမ်ဖေး အသက်တံဆိပ်ပြားကို မြှောက်ပြပြီး ပြောလိုက်တယ်။

"မသေမျိုးတက်လှမ်းမှုစေတီထဲ ကျွန်တော့်အဖေ ဝင်ရောက်သွားပြီးတော့ သိပ်မကြာခင်မှာပဲ ကျွန်တော့်တံဆိပ်ပြားက ဒီလိုပြောင်းသွားခဲ့တာ၊ သေချာပေါက် သူ အသက်အန္တရာယ်ရှိနေပြီ၊ သူ တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ ကျွန်တော့်အဖေက ဘုရားထဲမဝင်ခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်သွားပြီး သူ့နောက်လိုက်သွားတဲ့ တခြားဦးလေးနှစ်ယောက်အတွက် ဆင်တူ အသက်တည်ရှိ တံဆိပ်ပြားတွေ ပေးခဲ့တယ်၊ သူက တံဆိပ်ပြားပေါ်က ပြောင်းလဲမှုတိုင်းကို စောင့်ကြည့်ဖို့ ညွှန်ကြားခဲ့တယ်၊ မနေ့ညကလူတိုင်းရဲ့ တံဆိပ်ပြားတွေ တစစီဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဒီလိုမျိုးဖြစ်ကုန်တာ၊ စေတီက ဘယ်လောက်ပဲ အန္တရာယ်များများ လူတိုင်းရဲ့ တံဆိပ်ပြားတွေ..."

တခြားပုံစံပြောရရင်တော့ ဘုရားထဲဝင်သွားတဲ့ လူတွေအားလုံး အန္တရာယ်များနေပြီ။ ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ တကယ်ကို စိတ်ရှုပ်စရာပဲ သူမ လူအုပ်ကြီးဘက် လှည့်ပြောလိုက်တယ်။

"ဖေဖေနျိုဘယ်မှာလဲ"

"ဂိုဏ်းချုပ်မေ့သွားတာပဲ ဖြစ်ရမယ်" ယွီဟုန် ရှေ့တက်ပြီး ဖြေလေတယ်။

"အကြီးအကဲကူယွဲ့က ယင်းမိသားစုဆီ သွားခဲ့တာ၊ ယွီဟိုင်ဟုန် ပြောတဲ့စကားအရတော့ အကြီးအကဲကူယွဲ့လည်း... မနေ့က ဘုရားထဲဝင်သွားခဲ့တယ်တဲ့"

" ဖေဖေနျိုလည်း ဘုရားထဲပိတ်မိနေတာလား"

"ဆွေကြီးမျိုးကြီးမိသားစုတွေထဲက ခရီးသွားမသေမျိုးတွေတောင် ဘုရားထဲကနေ ထွက်မလာသေးဘူး"

ဖုန်းယင် ခေါင်းယမ်းလိုက်တယ်။

"ကြည့်ရတာ ဆရာသခင် ကူယွဲ့လည်း ဒုက္ခရောက်နေပုံပေါ်တယ်"

"တကယ်ကို ဒုက္ခများနေတာပဲ" ရှန်းရင် ခေါင်းကုတ်လိုက်တယ်။ ဖေဖေနျိုက ဉာဏ်ကောင်းတဲ့လူပဲကို၊ ဘာလို့ ဘုရားထဲ ဝင်သွားရတာလဲ။ ငါ ဘာလုပ်သင့်လဲ၊ သူတို့ကို သွားကယ်သင့်လား။ ဒါပေမဲ့ မနက်စာ မစားရသေးဘူးလေ။ သူမ လူအုပ်ကြီးကို နောက်တစ်ခေါက်ဝေ့ဝဲကြည့်လိုက်ပေမဲ့‌ တွေ့နေကြမျက်နှာကို ရှာမတွေ့ဘူး။

"စားဖိုမှူးရော ဘယ်မှာလဲ၊ သူတစ်ရက်ပဲ အပြင်သွားမှာပါလို့ မပြောခဲ့ဘူးလား"

ယွီဟုန် ခေါင်းယမ်းလိုက်တယ်။

“အကြီးအကဲယိ ပြန်မရောက်သေးပါဘူး"

"အသင်တို့ဂိုဏ်းထဲက တခြားအကြီးအကဲတစ်ယောက်အကြောင်း ပြောနေတာလားဗျ"

ယင်းယွမ်ဖေးက အရေးကြီးတာတစ်ခုခုကို မှတ်မိသွားတဲ့ပုံမျိုးနဲ့ ‌ရုတ်တရက် မေးလာတယ်။

"ကျွန်တော် သူ့ကို ဒီလာတဲ့လမ်းမှာတွေ့ခဲ့ပါတယ်၊ သူက ကျွန်တော့်ကို အဲမှာပြဿနာတက်နေတာကို ကြားပြီးပြီဆိုတဲ့အကြောင်း ပြောပြပြီး လူတွေကိုကယ်ဖို့ မသေမျိုးတက်လှမ်းမှုစေတီဆီ သွားနေပါတယ်၊ အကြီးတော်ယိက ကြီးမြတ်တဲ့ နတ်ဒေဝါနဲ့ ဂုဏ်သရေရှိဂိုဏ်းကို ဘယ်နေရာမှာ လာရှာရမလဲဆိုတာပါ ပြောပြပေးသွားခဲ့တာပါ၊ သူ အဲကို ရောက်နေပြီထင်တာပါပဲ၊ ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျေးဇူးပြုပြီး... ခဏစောင့်... ကြီးမြတ်တဲ့ နတ်ဒေဝါရော၊ ကြီးမြတ်တဲ့နတ်ဒေဝါ ဘယ်ရောက်သွားတာလဲ"

သူ ဟိုဟိုဒီဒီကြည့်ပြီး ငပျင်းရှန်းရင် ပျောက်နေတာ မြင်လိုက်ရတယ်။

လူအုပ်ကြီး ။ ။ "..."

တစ်ခဏအကြာ...။

"ဆရာတူအစ်မဟုန်၊ ဂိုဏ်းချုပ်က တစ်ယောက်တည်း သွားတာလား"

"ထင်တာပဲ၊ ဒါက ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲယိနဲ့ သက်ဆိုင်တာကိုး"

ရှန်းရင်ကလွဲ လူတိုင်းကျန်နေခဲ့ကြတယ်။

​"ဒါပေမဲ့ ဂိုဏ်းချုပ်က အနောက်ဘက်အဆောင်မှာတောင် လမ်းပျောက်နေတာ၊ သူ... မသေမျိုးတက်လှမ်းမှုစေတီဆီ ရောက်အောင်သွားနိုင်ပါ့မလား"

​ယွီဟုန် ။ ။ "..."

​ဖုန်းယင် ။ ။ "..."

​လူအုပ်ကြီး ။ ။ "..."

ရုတ်တရက် သူတို့ ဂိုဏ်းအနာဂတ်အတွက် စိုးရိမ်စပြုလာပြီ။

——————

ယိချင်း မနေ့ညက ယွီမိသားစုဆီ အပြေးလာခဲ့တာ။ မသေမျိုးတက်လှမ်းမှုစေတီက မြင့်လွန်းလို့ ကောင်းကင်ထိ ရောက်‌နေတဲ့အတိုင်းပဲ။ စေတီကို ဝန်းရံနေတဲ့ မသေမျိုးချီတွေက ရှေးဟောင်းမသေမျိုး မျှော်နန်းထဲကထက်တောင် ပိုထူထဲနေတယ်။ ထူးဆန်းတာက ယွီမိသားစုက ‌ဒီလိုကြီးကျယ်တဲ့ မသေမျိုးတက်လှမ်းမှုစေတီရဲ့ ဝင်ပေါက်ကို ကာကွယ်ဖို့ ဘယ်သူမှ လွှတ်မထားတာပဲ။ ကျင့်ကြံသူတွေ စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်တယ်။

သူ လူတွေကို ကယ်ဖို့ အပြေးလာရတာမို့ ယိချင်း တုံ့ဆိုင်းမနေနိုင်တော့ဘူး။ အတွေးတွေကို ဘေးဖယ်ထားပြီး စေတီထဲ အပြေးဝင်လာခဲ့တယ်။

​ယိချင်း ပိန်းပိတ်အောင် မှောင်မည်းနေတဲ့နေရာထဲ ဝင်ရောက်လာတော့ စေတီထဲ တခြားဘယ်သူမှ မမြင်ရဘူး။ မသေမျိုးချီမဟုတ်တဲ့ ယင်ချီတွေက လေထုထဲအပြည့်။ အခါအခွင့်သင့်တိုင်း ယင်ချီတွေက သိပ်သည်းစုစည်းသွားပြီး စေတီထဲက လူတွေကို တိုက်ခိုက်တယ်။

ယိချင်း မကောင်းဆိုးဝါးအရှိန်အဝါကို ခုခံရင်း စေတီနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အကြောင်း သေချာစဉ်းစားနေမိတယ်။ ခြောက်နာရီကြာသွားတဲ့နောက် သူ ဝိညာဉ်စွမ်းအင် ခပ်ဖျော့ဖျော့ ခံစားလိုက်ရတယ်။ သူ စေတီထဲက အက်ကွဲကြောင်းတွေကို နည်းစနစ်ကျကျရှာပြီး အမှောင်ထုကို ဖောက်ထွက်သွားနိုင်ခဲ့တယ်။ မျက်စိကျိန်းစရာ အလင်းရောင်က သူ့မျက်လုံးကို ရုတ်တရက် ထိမှန်လာတော့တာပဲ။

မျက်မှောင်ကြုတ်လိုက်တော့‌ ကျောက်သားအခန်းကျယ်ကြီးထဲ ဝင်လာမိတာ သိလိုက်ရတယ်။ ကြမ်းပြင်ပေါ်မှာ ရှိနေတာတွေကတော့ စေတီထဲ ဝင်ရောက်လာတဲ့ ကျင့်ကြံသူအားလုံးပဲ။ တစ်ယောက်ချင်းစီက စိတ်ကူးယဉ်ကမ္ဘာတစ်ခုခုထဲ ပိတ်မိနေတဲ့ပုံစံပဲ — အားလုံးက နာကျင်နေတဲ့ အမူအရာတွေနဲ့ သတိလစ်နေကြတယ်။

​စောနက အမှောင်ထုက စိတ်နတ်ဆိုးအတိဒုက္ခပဲ။ ကောင်းကင်အောက်က ဆိုးယုတ်မှုအားလုံးကို နှိမ်နင်းဖို့ သစ္စာဆိုခဲ့တဲ့ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ရတဲ့ ရလဒ်ကြောင့် သူမြင်ရသမျှက အမှောင်ထု ဖြစ်နေခဲ့တာ။ ​ ကံကောင်းတာက ထောင်ချောက်ကို သတိထားမိပြီး အမှောင်ထုကို ဖောက်ထွက်နိုင်ခဲ့လို့ပေါ့။ ကြမ်းပြင်ပေါ်က လူတွေကတော့ သိပ်ကံ‌မကောင်းရှာဘူး။ သူတို့တွေက သူတို့ရဲ့ စိတ်နတ်ဆိုးအတိဒုက္ခတွေထဲမှာပဲ ပိတ်မိနေကြရှာသေးတယ်။

ဒါက ယိချင်းကို မသေမျိုးတက်လှမ်းမှုစေတီက အတိအကျဘာလဲဆိုတာ မရေမရာဖြစ်သွားစေခဲ့တယ်။ ဘာလို့ စိတ်နတ်ဆိုးတွေကို နိုးကြွစေနိုင်ရတာလဲ။ သူ စဉ်းစားနေရင်း အပေါ်ဘက်က အသံတစ်သံကို ကြားလိုက်ရတယ်။ လှုပ်ရှားမှုပုံစံမျိုးပဲ။

သူ ခေါင်းမော့လိုက်တော့ နံရံပေါ်က သပ်သပ်ရပ်ရပ် စီထားတဲ့ အုတ်ချပ်တွေက တစ်ခုပြီးတစ်ခု ရွေ့နေတာ မြင်လိုက်ရတယ်။ အုတ်ချပ်တွေက တစ်ခုပေါ်တစ်ခု အလိုလိုဆင့်ပြီး ကောင်းကင်ထိ တိုက်ရိုက်ဦးတည်နေတဲ့ လှေကားတစ်တက် ဖြစ်သွားခဲ့တယ်။

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ သူ့ပတ်ဝမ်းကျင်ကို အနှံ့‌ကြည့်လိုက်ပေမဲ့ တခြားဘယ်သူမှ သတိရှိမနေတာမြင်လိုက်ရတယ်။ သူ ဓားကိုတင်းတင်းဆုပ်ကိုင်ပြီး လှေကားထစ်တွေပေါ် ပျံသန်းလာခဲ့တယ်။ သူ စေတီထဲ ဘာရှာတွေ့မလဲဆိုတာကို မကြောက်ဘူး။ သူသိသမျှက လှုပ်ရှားဖို့ ငြင်းဆန်ရင် ဘယ်တော့မှ အဖြေ ရှာမတွေ့တော့မှာကိုပဲ။

သူ လှေကားထစ်တွေပေါ် မှန်မှန်တက်လာခဲ့တာ ပတ်ဝန်းကျင်‌ ပြောင်းလဲသွားတဲ့အထိပဲ။ သူ တောအုပ်နက်ကြီးတစ်ခုထဲ ရောက်လာပြီး ပတ်ပတ်လည်မှာ အင်းဆက်နဲ့ငှက်သံတွေ ကြားလိုက်ရတယ်။ လှေကားတွေ ပျောက်သွားခဲ့ပြီ။

"အာ..."

သူ ရုတ်တရက် လူတစ်ယောက်လှမ်းခေါ်သံကို မိုးကုပ်စက်ဝန်းကနေ ကြားလိုက်ရတယ်။ အသံက တောအုပ်တစ်လျှောက် အက်ခိုးထပ်သွားခဲ့တယ်။

"တစ်ယောက်ယောက်က စိတ်နတ်ဆိုးတွေကို နှိမ်နင်းပြီး ပထမထပ်ကို တကယ်ရောက်လာနိုင်ခဲ့တာပဲ"

"မင်းက ဘယ်သူလဲ" ယိချင်း သတိတကြီး ဟိုဟိုဒီဒီကြည့်လိုက်ပေမဲ့ မရင်းနှီးတဲ့အငွေ့အသက် ဘာဆိုဘာမှ အာရုံမခံမိဘူး။

"မင်းမှာ မွေးရာပါ ဓားသရုပ်သကန်ရှိတာပဲ၊ အံ့ဩစရာမဟုတ်တော့ပါဘူး..."

တစ်ဖက်လူက သူ့မေးခွန်းကိုဖြေဖို့ အသေအချာကို ရည်ရွယ်ချက်မရှိတာပဲ။ အသံက ဆက်ပြောလာတယ်။

"မင်း စိတ်နတ်ဆိုးတွေကို နှိမ်နင်းနိုင်တာ – စိတ်ဆုံးဖြတ်ပြီးသားလူတစ်ယောက်ပဲဖြစ်ရမယ်၊ မင်းဒီပထမအဆင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ဖို့ လိုတဲ့အရာရှိလားဆိုတာ ကြည့်ကျတာပေါ့"

​အသံ စကားပြောပြီးပြီးချင်း ကောင်းကင်ကနေ တောက်ပ‌တဲ့အလင်းရောင် ထွန်းလင်းလာတယ်။ လူအရိပ်တစ်ခု ပေါ်လာတော့တာပဲ။

​"တကယ်လို့ မင်းရှေ့ကလူကို အနိုင်ရရင် တတိယအဆင့်ကို တက်နိုင်မယ်"

​အသံက သူ့ကို လှောင်နေတယ်။ အလင်းရောင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဝတ်ရုံဖြူနဲ့ လူတစ်ယောက် လက်ထဲမှာ ကျောက်စိမ်းပုလွေ ဓမ္မအသုံးအဆောင်ကို ကိုင်ထားရင်း ယိချင်းရှေ့ ရပ်နေတယ်။ သူ အဲလူရဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ထိန်းချုပ်မှုကို ခံစားလိုက်ရတယ်။

ယိချင်း အံ့အားသင့်သွားတယ်။ ဒီလူက ကူယွဲ့ပဲ။

သူ အစစ်လား။

"သူက ပုံရိပ်ယောင် မဟုတ်ဘူး၊ ဒါက ဒီမသေမျိုးတက်လှမ်းမှုစေတီရဲ့ပထမအဆင့်စမ်းသပ်မှုပဲ၊ တကယ်လို့ မင်း သူ့ကိုအနိုင်ရရင် မသေမျိုးတက်လှမ်းမှုကို အောင်မြင်ဖို့ တစ်ဆင့်ပိုနီးကပ်လာလိမ့်မယ်"

လှောင်နေတဲ့အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့တယ်။

"လမ်းက ရက်စက်တယ်၊ မြင်ရဖို့ကျန်သေးတာက မင်းနှလုံးသားက ထပ်တူထပ်မျှ ရက်စက်... အယ်"

အသံမဆုံးခင် ယိချင်းက ကူယွဲ့ဆီ လေးညှို့ကနေ ပစ်လိုက်တဲ့ မြားတစ်ချောင်းလို ပျံသန်းသွားတယ်။ တုံ့ဆိုင်းမှုမရှိ ကူယွဲ့ကို ထိုးကြိတ်တော့တာပဲ။ လက်တုံ့ပြန်ဖို့တောင် မဖြစ်နိုင်ရှာဘူး။

​သူ သူ့ဆရာကိုခိုးတဲ့အတွက် ဒီကောင်စုတ်လေးကို အမြဲကြိတ်ချင်နေခဲ့တာ

​တကယ် ကူယွဲ့ဖြစ်နေတာ ကောင်းချက်ပဲ

…

All Chapters