← Chapters

ဝိညာဉ်သခင်ပိုင်ဇယ်

Vol. 7 Ch. 96

ဝိညာဉ်သခင်ပိုင်ဇယ်

Vol. 7 Ch. 96

ရိုက်သံအကျယ်ကြီးနဲ့အတူ ရှန်းရင်လက်ဝါးက သားရဲကြီးရဲ့ခြေထောက်ပေါ် ဆင်းသက်သွားတယ်။ သားရဲက ဟန်ချက်ပျက်ပြီး ဘန်းခနဲ အသံကျယ်ကြီးနဲ့အတူ မြေကြီးပေါ်လဲကျသွားပါလေရော။

ရိဖုန်းက ရှန်းရင်ကိုမမြင်လိုက်ဘဲ အောင်ပွဲခံတော့တယ်။ သူ သားရဲကြီး ဘယ်လိုပြိုလဲသွားလဲ မသေချာပေမဲ့ ဒါက သူ့အခွင့်အရေးပဲ။

သူချက်ချင်း စည်းတံဆိပ်တစ်ခု ပုံဖော်ပြီး ကျန်တဲ့ အင်းကွက်တွေကို သုံးလိုက်တယ်။ အင်းကွက်ကားချပ်ကြီးတစ်ခုက လေထဲပေါ်လာပြီး သူ့ရွှေရောင်ဓမ္မအသုံးအဆောင်က စာလုံးတွေက ကားချပ်ကြီးထဲ စီးဆင်းနေတယ်။ ကားချပ်ကြီးတစ်ခုလုံးက သားရဲဆီ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့တယ်။

ဒေါသတကြီးဟိန်းဟောက်နေတဲ့ သားရဲက ဖြည်းဖြည်းချင်း တိတ်သွားပြီး အားနည်းလာတယ်။ သူ့မျက်ခွံတွေက မျက်ဝန်းနီကြီးတွေပေါ် မှိတ်ကျသွားတယ်။ အင်းကွက်က သားရဲနားနီးကပ်လာတော့ မျက်လုံးတွေက လုံးဝမှိတ်ကျသွားခဲ့တယ်။ အင်းကွက်က သူ့မျက်လုံးပေါ် ဆင်းသက်သွားပြီ။

ရုတ်တရက် သားရဲက ပါးစပ်ဟလာပြီး အင်းကွက်ကို ကိုက်တော့တယ်။ ဗျိခနဲအသံကြီးပေါ်လာပြီး အင်းကွက်က အစိတ်စိတ်အမြွှာမြွှာ ပြဲကာ ပျောက်ကွယ်သွားတယ်။ တိမ်တိုက်သယ်ပိုးသားရဲက နောက်တစ်ကြိမ် မျက်စိပွင့်လာပြီး စောနကထက်တောင် ဒေါသထွက်ပုံပေါ်နေပြီ။ ရိဖုန်းဆီ ပါးစပ်ကနေ အပ်တွေ ပစ်လွှတ်တော့တယ်။

ရိဖုန်းလည်း ပြန်ဆုတ်ရပြီး သူ့ဘက်ဦးတည်နေတဲ့ အဆိပ်အပ်တွေကို ရှောင်ရတော့တယ်။ သူ နောက်ထပ်တိုက်ခိုက်မှုကို ပြင်နေတုန်း တိမ်တိုက်သယ်ပိုးသားရဲက သူ့ကိုဆက်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘဲ လှည့်ထွက်သွားတယ်။ အရှေ့တောင်ဘက်ကို မျက်နှာမူ ဟိန်းဟောက်ကာ မြေကြီးကို ကိုက်တော့တယ်။

"ဂိုဏ်းချုပ်ရှန်း" ရိဖုန်း သူမ အင်းကွက်အစီအရင်အလယ်မှာ ရပ်နေသေးတာမြင်တော့ ထိတ်လန့်သွားကာ လှမ်းအော်လိုက်တယ်။

"ရှောင်နေပါ" သူမဆီ သူ ပျံသွားပေမဲ့ နောက်ကျသွားခဲ့ပြီ။ သူ သားရဲခေါင်းက သူမဆီဦးတည်သွားတာ မြင်လိုက်ရတယ်။

ရုတ်တရက် မိုးကြိုးတစ်ခုက တိမ်တိုက်သယ်ပိုးသားရဲခေါင်းကို ထိမှန်သွားတယ်။

ဝူး

သားရဲက ဆိုးဆိုးရွားရွား ဟိန်းဟောက်ပြီး ခေါင်း ပြန်ရုပ်သွားခဲ့တယ်။ သူ့နဖူးက ကွဲသွားပြီး သွေးတွေလျှံကျလာတော့တာပဲ။

အဖြူရောင်ပုံရိပ်တစ်ခုက ကောင်းကင်မှာပေါ်လာတယ်။ သူက အဖြူရောင်ဝတ်ရုံနဲ့ လေထဲမှာ ပျံနေတယ်။ ရှန်းရင်ဆီ ဆင်းသက်လာရင်း ခန္ဓာကိုယ်က အလင်းဖျော့ဖျော့ ထုတ်လွှင့်နေတဲ့ပုံပဲ။ ဒီအလင်း‌က မည်းမှောင်တဲ့ ပင်လယ်တွေနဲ့ ထူးထူးခြားခြားသိသာလှတယ်။

ရှန်းရင်ဘေး နောက်ဆုံးတော့ရောက်လာတဲ့ ရိဖုန်း။

သူ့မျက်စိကိုသူမယုံနိုင်တော့ဘူး။

"ဝိညာဉ်သခင်"

တစ်ဖက်လူက မတုံ့ပြန်ဘူး။ သူက မြေကြီးပေါ်က ဝိညာဉ်သားရဲကိုပဲ စူးစိုက်တဲ့မျက်ဝန်းတွေနဲ့ အေး‌စက်စက် စိုက်ကြည့်နေတယ်။

စောနတုန်းက အင်မတန် သောင်းကျန်းနေတဲ့ သားရဲက သဘာဝရန်သူကို တွေ့လိုက်ရသလို အခွံထဲ ပြန်ကျုံ့ဝင်သွားခဲ့တယ်။ တုန်ရီရင်း သားရဲကနောက်ဆုံးသွားတာ ကျွန်းပေါ်ကနေ ဆင်းသွားတဲ့အထိပဲ။ သားရဲက ရေထဲပုန်းနေပြီး ခုလေးတင် ပေါ်လာတဲ့လူကို လှမ်းကြည့်ဖို့ ခေါင်းတစ်ဝက် ဖော်ထားလေတယ်။ ကြည့်ရတာ ထွက်ပြေးသင့်၊ မပြေးသင့် ဆုံးဖြတ်မရတဲ့ပုံပဲ။

"ဒီကို... ဘယ်လိုလုပ်ရောက်လာတာပါလဲ" ရိဖုန်း သူ့ဝိညာဉ်သခင်ဆီ ခပ်သွက်သွက် လျှောက်လာခဲ့တယ်။

သူ ဘယ်တော့မှ အနန္တသားရဲတောင်ထွတ်ကနေ ထွက်မလာဘူးထင်နေတာ။ ငါ အန္တရာယ်ရှိနေတာ အာရုံခံမိလို့ ဒီကိုရောက်လာတာလ။

တစ်ဖက်လူက မတုံ့ပြန်ဘူး။ မေးခွန်းကို မကြားတဲ့ပုံတောင်လုပ်နေတယ်။ သူက အင်းကွက်ထဲ ခြေထောက်အမြစ်တွယ်နေသလိုမျိုး ငြိမ်ငြိမ်လေး ရပ်နေဆဲဖြစ်တဲ့ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။

ရှန်းရင် သူ့အကြည့်အောက် မသက်မသာဖြစ်လာတယ်။ သူမကိုယ်သူမ ကိုယ်ပေါ်မှာ ညစ်ပတ်နေတာများ ရှိလား စစ်ဆေးလိုက်တယ်။ ဒါပေမဲ့ ဘာမှမတွေ့တာတောင် အဲလူက သူ့ကို ဆက်စိုက်ကြည့်နေတုန်းပဲ။ သူမ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ရတော့တယ်။

"မင်္ဂလာပါ နေကောင်းလား၊ ငါက ရှန်းရင်ပါ"

အဲလူက တုံ့ဆိုင်းပြီး လက်သီးဆုပ်ကာ နှုတ်ခမ်းတွန့်သွားတယ်။ သူ တစ်ခုခုပြောမယ်လို့ ရှန်းရင်ထင်ခဲ့ပေမဲ့ ရုတ်တရက်ကြီး တစ်ဖက်လှည့်သွားပါလေရော။

သူက သူမကိုကျောပေးသွားတယ်။

"..." ဘာသဘောလို့မှတ်ယူရမှာလဲဟင်။

ငါ... ရှံခံနရေတာလားဟ။

ရှန်းရင် နှုတ်ခမ်း တွန့်ချိုးသွားတယ်။ တစ်ဖက်လူရဲ့ ဆံပင်အမည်းတစ်ခြမ်းက တဖြည်းဖြည်း ပန်းရောင်ပြောင်းသွားတာတော့ သူမ သတိမထားမိခဲ့ဘူး။

"ဂိုဏ်း... ဂိုဏ်းချုပ်ရှန်း" ရိဖုန်း ရုတ်တရက် တခြားလူရှိနေသေးမှန်း နားလည်သွားတယ်။ သူ အမြန် ရှင်းပြဖို့လုပ်တော့တယ်။

"ဝိညာဉ်... သူက စကားအများကြီး မပြောလို့ပါ"

"အော်" ရှန်းရင် မပျော်မရွှင် ခေါင်းညိတ်ပြလိုက်တယ်။

"သူက နင်တို့မိသားစုကလား"

"အာ..." သူ အင်းလို့ပြောရမလား ဟင့်အင်းလို့ ပြောရမလား။

ရှန်းရင်ကတော့ ဂရုမစိုက်။ သူမ ဆက်မေးလိုက်တယ်။

"သူ့မျိုးရိုးနာမည်ကဘာလဲ"

"အယ်..." ရိဖုန်း အဲလူရဲ့ကျောနောက်ကို လှမ်းကြည့်မိလိုက်တယ်။ သူ စကားပြောရမှာ တွ့န့်ဆုတ်မိနေတာပေါ့။

"ပိုင်ဇယ်" အဲလူက လှည့်လာပြီး ရှန်းရင်ကို ကြည့်လေတယ်။

"အဲဒါ ကျုပ်နာမည်ပဲ"

တစ်အောင့်နေတော့ ပြန်လှည့်သွားပါလေရော။

ရှန်းရင် ။ ။ "..." ငါ့ပုံက အဲလောက်တောင် ကြောက်စရာကောင်းလား။

ရိဖုန်း သွေးပျက်သွားတယ်။ ဝိညာဉ်သခင်က ဘယ်တုန်းက လူတွေကို သူ့နာမည်ပြောခဲ့ဖူးလဲ။ ဘာလို့ သူမကို သူ့နာမည်အစစ် ပြောရတာလဲ။ သူ ရှန်းရင်ကို စိုးရိမ်စွာ လှမ်းကြည့်လိုက်တော့ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့သလိုမျိုး တည်တည်ငြိမ်ငြိမ်ရှိနေသေးတာ မြင်လိုက်ရတယ်။ နာမည်နဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတာကို နားလည်ပုံမပေါ်ဘူး။ သူ သိသိသာသာ စိတ်အေးသွားခဲ့တယ်။

ရိဖုန်း အနေရခက်စွာရယ်လိုက်တယ်။

"ဟားဟား... ဂိုဏ်းချုပ်ရှန်း ကျေးဇူးပြုပြီး သူ့ကိုစိတ်မကွက်ပါနဲ့၊ ဝိညာဉ်... သူက တခြားလူတွေနဲ့ ပုံမှန် ဆက်ဆံလေ့မရှိလို့ပါ၊ ဒါကြောင့်..."

"သူ့မှာ လူမှုဆက်ဆံရေး ကြောက်စိတ်လွန်ကဲမှု ရှိတာလား"

"ဟမ် အာ" သောက်ကျိုးနည်း လူမှုဆက်ဆံရေး ကြောက်စိတ်လွန်ကဲမှုက ဘာကြီးလဲ။

"ထင်တာ... ပါပဲ" ရိဖုန်း ရှန်းရင်ဆက်ပြီးမမေးတော့အောင် ခေါင်းသာညိတ်ပြလိုက်တော့တယ်။

"အော်" အဲလိုကိုး။ သူမခေါင်းညိတ်ပြပြီး မေးခွန်းဆက်မမေးတော့ဘူး။ သူမရှေ့က အပုံကြီးကို လှည့်ကြည့်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တယ်။

"အကြီးအကဲရိ၊ ငါတို့ ဘယ်ဆက်သွားကြမှာလဲ"

"အင်း..." ရိဖုန်း သူ့ဘေးက အဖြူရောင်ပုံရိပ်ကို အလိုလိုလှမ်းကြည့်မိပြီး အမြန် အကြည့်လွှဲဘိုက်တယ်။ သူ အဲလူကို စိတ်ချင်းဆက်သွယ်ပြီး စကားပြောဖို့ပဲ ကြိုးစားရတော့တယ်။

"စောနကအကူအညီအတွက် ကျေးဇူးတင်ပါတယ် ဝိညာဉ်သခင်၊ နှစ်ယောက်သား ဝိညာဉ်သားရဲ‌တွေရှာဖွေဖို့ ပုံရိပ်ယောင်ပင်လယ်ကို ဆက်ရှာဖွေရဦးပါမယ်၊ တကယ်လို့..."

သူ တစ်ခဏလောက် စောင့်နေပြီးတဲ့နောက် အေးစက်တဲ့အသံထွက်လာတယ်။

"သွား"

"အာ၊ ဝိညာဉ်သခင်ဆိုလိုတာက... ကျွန်တော်တို့နဲ့အတူ လိုက်မှာလား"

"... အေး"

"ဒါပေမဲ့... ဒါပေမဲ့..." ရိဖုန်း သူ့နားသူတောင် မယုံနိုင်။

"ကျွန်တော်တို့ ဝိညာဉ်သခင်ကို ဒီလိုကိစ္စလေးနဲ့ ဒုက္ခမပေးရဲပါဘူး၊ ပုံရိပ်ယောင်ပင်လယ်က အန္တရာယ်များနိုင်ပေမဲ့ တိမ်တိုက်သယ်ပိုးသားရဲလို အဆင့်မြင့်သားရဲတွေနဲ့ ကြုံတာရှားပါတယ်၊ မစိုးရိမ်ပါနဲ့ ဝိညာဉ်သခင်၊ ပြီးတော့ အသွင်အစစ်ကို ဖော်ပြလို့ အဆင်မပြေဘူး၊ ဘာလို့..."

ရိဖုန်းစကားမဆုံးခင် အဖြူရောင်ပုံရိပ်က ရှေ့ကိုပျံတက်သွားတယ်။ သူ ကြားလိုက်ရတဲ့ တစ်ခွန်းတည်းက "လိုက်ခဲ့"

"..." ဝိညာဉ်သခင်က အမြဲ ဒီလိုစိတ်အားထက်သန်နေခဲ့တာလား။

အရာအားလုံးက ရိဖုန်းအတွက်တော့ ထူးဆန်းစွာ အိပ်မက်ဆန်ဆန်ဖြစ်နေတယ်။ သူအမြန် သူ့ဓားပျံကို ဆွဲပြီး ‌ရှန်းရင်ကို မေ့တော့မလို့။

"ဂိုဏ်းချုပ်ရှန်း၊ ခင်ဗျားပါ အတူတူလိုက်ချင်လား"

"ကောင်းပြီလေ၊ ကျေးဇူးပါ" ရှန်းရင် ဓားပေါ်တက်လိုက်တယ်။

သုံးယောက်သား ကျွန်းပေါ်ကနေ ပျံသန်းလာခဲ့တယ်။ ရိဖုန်း‌ကတော့ ပိုင်ဇယ်နောက်ကနေ ငါးပေအကွာကနေ လိုက်ခဲ့တာပေါ့။ သူ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့သလောက်ပဲ။ သူ့ဝိညာဉ်သခင်က အနားမှာရှိနေရင် တိမ်တိုက်သယ်ပိုးသားရဲလိုမျိုး အဆင့်မြင့်သားရဲတွေတောင် စိုးရိမ်စရာမလိုဘူး။ ရုတ်တရက် သူ ကျန်တဲ့ဝိညာဉ်သားရဲတွေကို ရှာဖို့မ‌စောင့်နိုင်တော့ဘူး။

တစ်ခဏနေသော်...။

"အကြီးအကဲရိ၊ ဝိညာဉ်သခင်ဆိုတာ ဘာလဲ" ရှန်းရင်က ရုတ်တရက်မေးလာတယ်။

ရိဖုန်း ဓားပေါ်ကနေ ခြေချော်ပြီး ပြုတ်ကျတော့မလို့။ သူ့နှလုံးခုန်နှုန်းရပ်ပြီး တောင့်တောင့်ကြီး လှည့်မိလိုက်တယ်။ သေစမ်း သူကြားသွားတာပဲ။

"ဝိညာဉ်... သခင်ဆိုတာက... ကျွန်တော်တို့ရိမိသားစုသုံးတဲ့ ထူးခြားတဲ့နှုတ်ဆက်မှုတစ်မျိုးပါ" ရိဖုန်း အတင်းပြုံးပြလိုက်ရတယ်။

"အော်" ရှန်းရင်က ခေါင်းတညိတ်ညိတ်နဲ့။

"သူက ဘာသရုပ်မှန်ကို ဖုံးကွယ်ဖို့လိုတာလဲ"

ရိဖုန်း နောက်တစ်ခေါက် ဟန်ချက်ပျက်ပြီး ဒီတစ်ကြိမ်တော့ တကယ်ပြုတ်ကျတော့မလို့။ တစ်အောင့်နေမှ စိတ်ပြန်ငြိမ်အောင်ထားပြီး မယုံကြည်နိုင်စွာ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"ခင်ဗျား... ခင်ဗျား ဘယ်လိုသိတာလဲ"

"နင်ကိုယ်တိုင် စောနက ပြောခဲ့တာ မဟုတ်ဘူးလား" ရှန်းရင် ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။

"..." ငါ ဘာပြောခဲ့တာလဲ။

"ဖြစ်နိုင်တာက..." ရှန်းရင် ခေါင်းကုတ်နေရင်း တစ်ခုခုတွေးမိသွားသလိုနဲ့။

"နင် တီးတိုးပြောဖို့ ကြိုးစားနေတာလား"

"..."

"ဟမ်၊ နင့်ပါးစပ်မှ မလှုပ်ခဲ့တာ..."

"..."

"ငါဘာမှမကြားခဲ့ဘူးလို့ ဟန်ဆောင်ဖို့ နောက်ကျသွားလွန်းပြီလား"

"..." ရိဖုန်း အဲနေရာမှာတင် သေချင်သွားတယ်။

မင်း ဘယ်လိုလုပ် စိတ်ချင်းဆက်သွယ်တဲ့ စကားတွေကို ကြားနိုင်ရတာတုံး။

…

All Chapters