← Chapters

နှုတ်ဆက်ပါတယ် အမွေးလုံး

Vol. 7 Ch. 103

နှုတ်ဆက်ပါတယ် အမွေးလုံး

Vol. 7 Ch. 103

ဘုံတံခါးက ပွင့်သွားခဲ့တယ်။

ပိုင်ဇယ် ရိဖုန်းပြောတာကို ကြားချိန် သူ့နားသူတောင် မယုံနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကြိုးစားနေခဲ့တာ နှစ်သောင်းချီရှိနေခဲ့ပြီ။ လူတစ်ယောက်အရပ်စာရှည်ပြီး မျောလွင့်နေတဲ့ အဖြူရောင်အဟကို မြင်တော့မှ ယုံနိုင်တယ်။ သူ ရင်းနှီးတဲ့အငွေ့အသက် - ကံမကောင်းစွာနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ ကောင်းကင်မျိုးနွယ်အငွေ့အသက်ကို ခံစားမိလိုက်တယ်။

ဒါက တကယ့်ကို ကောင်းကင်ဘုံဆီ ဦးတည်နေတဲ့ ဘုံတံခါးပဲ။

ဒါပေမဲ့ ဘာလို့ ဒီအချိန်မှလဲ

(⊙_⊙)

သူ... ပြန်မသွားချင်သလားလို့လေ။

ပိုင်ဇယ် နည်းနည်းလေးတောင် ပျော်မနေဘူး။ တကယ်တော့ ငိုပါငိုချချင်နေတာ။ သူ မဟူရာဝိညာဉ်ပွင့်ကိုပေးပြီး ဒီဘုံမှာနေမယ်လို့ ဆုံးဖြတ်ထားခါစရှိသေး။ ဘာလို့ဂိတ်တံခါးက အခုပွင့်လာရတာလဲ။

"ဝိညာဉ်သခင်၊ ဒါက..." ရိဖုန်း စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

ပိုင်ဇယ်က အဝနား တိုးပြီး ခေါင်းညိတ်ပြလိုက်တယ်။

"အင်း"

"ကောင်းတာပေါ့" ရိမိသားစုမျိုးဆက်လိုက် လက်ဆင့်ကမ်းလာတဲ့ကတိကို နောက်ဆုံးတော့ ဖြည့်ဆည်းနိုင်ခဲ့ပြီ။

"ဂုဏ်ယူပါတယ် ဝိညာဉ်သခင်၊ နောက်ဆုံးတော့ အိမ်ပြန်နိုင်ပြီပေါ့"

ပိုင်ဇယ်က ပြန်မဖြေ။ အဲအစား သူ့ဘေးရပ်နေတဲ့ ရှန်းရင်ကို လှည့်ကြည့်တယ်။ သူ့အမူအရာက အေးဆေးနေပေမဲ့ မျက်ဝန်းတွေကတော့... မလိုလားဟန်။ သူ ရှန်းရင် တစ်ခုခုပြောမှာကို စောင့်နေတဲ့ပုံပဲ။

ရှန်းရင် မသက်မသာရွှေ့ပြီး လည်ချောင်းဟန့် လက်ယမ်းပြလိုက်တော့တယ်။

"နှုတ်ဆက်ပါတယ် အမွေးလုံး"

သူ့မျက်ဝန်းတွေ ထိုင်းမှိုင်းသွားပြီး ပိုတောင် မသွားချင်တဲ့ပုံ ပေါ်လာတယ်။ သူ လက်သီးဆုပ်ပြီး သူမရှေ့တိုးသွားလိုက်တယ်။ မျက်နှာကတော့ နီရဲနေတာပဲ။ သူ အသက်ဝဝရှူပြီး နောက်ဆုံးတော့ စကားပြောနိုင်ခဲ့တယ်။

"ရှန်း... ရင် မင်းက ငါ မဟူရာဝိညာဉ်ပွင့်ပေးဖူးတဲ့ တစ်ဦးတည်းသောလူပဲ"

ရှန်းရင် တန့်သွားတယ်။

"အိုး" ဘာလို့ သူ ဒါလာပြောနေရတာပါလိမ့်။

"တကယ်ပြောတာ" သူက သူမ သူ့ကို မယုံဘူးထင်ပြီး ထပ်တောင်ပြောလာသေးတယ်။

"ငါ ဘယ်တော့မှ... ဘယ်တော့မှ တခြားလူကို ပေးမှာမဟုတ်ဘူး၊ ယုံပါ" အဲဒါက ကောင်းကင်မျိုးနွယ်ကြားမှာ အရေးကြီးဆုံး အမှတ်တရပစ္စည်းပဲ။

သူက သူမလက်ကို ရုတ်တရက် ဆုပ်ကိုင်လာတယ်။ သူမကသာ နှစ်ပေါင်းများစွာအကြာမှာ မဟူရာဝိညာဉ်ပွင့် ပေးချင်စိတ် ပေါ်လာအောင် လုပ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောမိန်းကလေးပဲ။

‌တစ်ချိန်လုံး ဘေးမှာရပ်နေတဲ့ ယိချင်း ရုတ်တရက် စိတ်တိုသွားတယ်။ သူက သူတို့နှစ်ယောက်ကြား ဝင်ပြီး ပိုင်ဇယ့်ဆီက စွဲစွဲလမ်းလမ်းအကြည့်ကို တားတော့တာပဲ။

"ဆရာက ခင်ဗျားအတွက် ဘုံတံခါးကူဖွင့်ဖို့ မဟုရာဝိညာဉ်ပွင့် သုံးပြီးပြီ" ငါ့ဆရာနဲ့ ဝေးဝေးနေ ကောင်စုတ်လေး

"ဘုံတံခါးက တခဏပဲ ပွင့်နေမှာ၊ တာအိုရောင်းရင်း ခင်ဗျားအခုသွားတာ အကောင်းဆုံးပဲ"

မြန်မြန်လှိမ့်ပါတော့။

ပိုင်ဇယ်က တုံ့ဆိုင်းသွားပြီး ယိချင်းကို ဒေါသတကြီး ကြည့်တော့တယ်။ နှစ်ယောက်သားကြားက တင်းမာမှုက ပြန်မြင့်တက်လာလေတယ်။ ငါ ဒီသေမျိုးကို တကယ်မုန်းလိုက်တာ။

"ဝိညာဉ်သခင်၊ မြန်မြန်လုပ်ဖို့လိုပါပြီ" ရိဖုန်း အမြန်ကျုံ့နေပြီဖြစ်တဲ့ ဘုံတံခါးကို စိတ်လှုပ်ရှားစွာနဲ့ လက်ညှိုးထိုးလိုက်တယ်။

ပိုင်ဇယ် ဘုံတံခါးကိုလှည့်ကြည့်ပြီး နောက်တော့ ရှန်းရင်ကို ပြန်ကြည့်တယ်။ နောက်ဆုံးတော့ ဘုံတံခါးဆီ လှမ်းသွားခဲ့ပြီ။ သူအရှေ့မှာရပ်လိုက်ပြီး နှင်းလိုဖြူဖွေးတောက်ပနေတဲ့ အဝင်ဝကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။ သူ မျက်မှောင်ကြုတ်ပြီး ဘုံတံခါးထဲလှမ်းဖို့ကို ငြင်းဆန်နေလေရဲ့။

သူသာ တံခါးကိုဖြတ်သွားရင် ပြန်လာနိုင်တော့မှာမဟုတ်ဘူး။ သူ ဘယ်တော့မှ မြင်ရတော့မှာမဟုတ်...။

"ကျေးဇူးပြုပြီး တာအိုရောင်းရင်း" ယိချင်းက စိတ်မရှည်တဲ့အမူအရာနဲ့ပြောလာတယ်။

"ဝိညာဉ်သခင်၊ ရိမိသားစုက နောက်ဆုံးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ဘိုးဘွားတွေ ထားခဲ့တဲ့ကတိကို တည်နိုင်ခဲ့ပါပြီ... ကျေးဇူးပြုပြီး ဂရုစိုက်ပါ" ရိဖုန်း ခံစားချက်မျိုးစုံ ရောပြွမ်းနေတယ်။ သူ့ဝိညာဉ်သခင်သွားမှာကို မမြင်ရက်ဘူး။

"မြန်မြန်ဝင်တော့လေ၊ ဘုံတံခါးက ပိတ်နေပြီ"

ကူယွဲ့ ဝင်ပြောလာတယ်။

ရှန်းရင်တောင် လက်ယမ်းပြနေပြီ။

"နှုတ်ဆက်ပါတယ် အမွေးလုံးရေ အိမ်ပြန်ပြီး ထမင်းကောင်းကောင်းစား" သူမက ရပ်သွားပြီးမှ ထပ်ဖြည့်ပြောလိုက်တယ်။

"သားရဲလှလှလေးရှာပေါ့" လူသားတွေနဲ့ သားရဲတွေက အနာဂတ်တူတူမရှိပါဘူးဟာ။

"..."

သူ သားရဲလိုချင်တာမှ မဟုတ်တာ ပိုင်ဇယ် ရင်ထဲ ဓားထိုးခံလိုက်ရသလိုပဲ။ ချဉ်စူးမှုက သူ့လည်ချောင်းထိ တက်လာပြီး အူတစ်ခွေလုံး ကျုံ့သွားတယ်။ သူတကယ်ပဲ လုံးဝမပြန်ချင်တာ။

သူ ရုတ်တရက် ရှန်းရင် ဟိုတစ်နေ့က သူ့ကိုပြောထားတဲ့ ငြင်းပယ်မှုကို သတိရသွားခဲ့တယ်။ မတူညီတဲ့ မျိုးဆက်တွေက ချစ်လို့မရဘူးတဲ့ သူတို့ စစတွေ့တဲ့နေ့က သူမ သူ့ကို သဘောကျခဲ့တာ အသိသာကြီးပဲကို။ ထိတောင်... ထိခဲ့သေးတယ်။ ဘာလို့ သူ့ကို ငြင်းနေရတာလဲ။

o(╥_╥)o

သူသာ ခုပြန်သွားရင် မျိုးစိတ်မတူရုံတင်မကဘူး ဘုံချင်းလည်း လုံးဝခြားနားသွားမှာ။ သူတို့ ဘယ်တော့မှ ပြန်မတွေ့ရလောက်တော့ဘူး။ ဒါဆို သူ...။

တစ်ခဏအတွင်း သူ ကောင်းကင်ဘုံကို မုန်းတီးစိတ်တွေ ပြည့်သွားတယ်။ သူထပ်ပြီး ဘုံတံခါးထဲ စိုက်ကြည့်လိုက်တယ်။ နောက်တော့ ‌စိတ်ဆုံးဖြတ်ချက်ချလိုက်သလိုမျိုုး အံကြိတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်ပါလေရော။ သူက ရှန်းရင်ဘက် လှည့်ပြီး ကြေညာဖို့လုပ်တော့တယ်။

"ငါဆုံးဖြတ်လိုက်ပြီ၊ မပြန်..."

သူ စကားမဆုံးခင် တင်ပါးနာသွားတယ်။ အရှိန်ပျက်ပြီး ဘုံတံခါးထဲ ခေါင်းစိုက်ကျသွားတော့တာပဲ။ နောက်တစ်စက္ကန့်မှာ သူ ပျောက်သွားခဲ့ပြီ။ သူဖြတ်သွားပြီးတဲ့နောက် ဘုံတံခါးလည်း ပိတ်ဆို့သွားတယ်။ ပိုင်ဇယ်နဲ့ တံခါးက သူတို့မျက်စိရှေ့မှာတင် ပျောက်သွားတော့လေတယ်။

ယိချင်းနဲ့ ကူယွဲ့ တည်တည်ငြိမ်ငြိမ် ခြေထောက်တွေကို ဖုန်ခါလိုက်သေး။

"မျိုးနွယ်စုခေါင်းဆောင်ရိ၊ ပိုင်ဇယ်က ကောင်းကင်ဘုံဆီ ပြန်သွားပြီ၊ အခုသူသွားပြီဆိုတော့ ရိမိသားစုမှာ ပြင်ဆင်စရာကိစ္စတွေ အများကြီးရှိမှာပဲ"

ကူယွဲ့က မှုန်သုန်သုန် ပြောလာတယ်။ ကြည့်ရတာ ပိုင်ဇယ့်ကို တံခါးထဲ ကန်လိုက်တာနဲ့ပတ်သက်ပြီး လုံးဝ မလုံမလဲဖြစ်ပုံမပေါ်။

"မျိုးနွယ်စုခေါင်းဆောင်ရိ၊ ခင်ဗျားအလုပ်ရှုပ်နေမှာပေါ့၊ ဝူတိဂိုဏ်းက ခင်ဗျားကို ဆက်ပြီး ခေါ်မထားတော့ပါဘူး"

ယိချင်းက ထပ်ဖြည့်ပြောပြီး အမူအရာကတော့ မျက်နှာသေနဲ့။

"တကယ်လို့ အားတယ်ဆိုရင် ကျေးဇူးပြုပြီး ထပ်လာလည်ပါဦး၊ ဘေးကင်းတဲ့အိမ်ပြန်ခရီးဖြစ်ပါစေ မျိုးနွယ်စုခေါင်းဆောင်ရိ"

"ယွီဟုန် ဧည့်သည်ကိုပြန်ပို့လိုက်"

ရိဖုန်း ထိတ်လန့်သွားခဲ့တယ်။ သူသတိပြန်ဝင်ချိန် တောင်အောက်ကို ဆင်းနေပြီ။

"..."

သူ... နှင်ထုတ်ခံလိုက်ရတာလား။

ပြီးတော့ ဝိညာဉ်သခင် ဘုံတံခါးထဲ အကန်မခံရခင် အိမ်မပြန်ချင်တော့ဘူးလို့ ပြောတော့မို့လား။

(๑ŐдŐ)b

… သူ မကြားလိုက်တဲ့ပုံ ဟန်ဆောင်တာ အကောင်းဆုံးဖြစ်မယ်လို့ တွေးမိလိုက်တယ်။

——————

"ဆရာ ဒီနေ့ဘာစားချင်လဲ" ပိုင်ဇယ်နဲ့ရိဖုန်း မရှိတော့ဘူးဆိုတော့ ယိချင်း အခု ပိုပြီး စိတ်သက်သာရာရသွားပြီ။ အလေးတုံးကြီးတစ်ခုက သူ့ရင်ဘတ်ပေါ်ကနေ အပေါ်မတင်ခံလိုက်ရသလိုပဲ။ အခု စားဖိုမှူးရာထူး ပြန်ယူဖို့ အဆင်သင့်ဖြစ်နေပြီ။

"ဟိုတလောက အိမ်ကို ပင်လယ်စာတွေ အများကြီးယူလာတာ၊ ကြွပ်ကြွပ်ကြော်မလား၊ ကင်တာ၊ ပေါင်းတာ ဒါမှမဟုတ် ပြုတ်တာစားချင်လား"

"အာ... အားလုံးကို နည်းနည်းစီ စားရင်ရော" ရှန်းရင် အခု ယိချင်းပြုမူတဲ့ပုံစံကို အင်မတန်ကျေနပ်မိနေတယ်။ သူ့အတွက် ပါဝင်ပစ္စည်းတွေ အများကြီးရှိနေတယ်လေ။

"ကောင်းပါပြီဆရာ၊ ပြဿနာမရှိပါဘူး ဆရာ" ယိချင်းက ကျော်လွှားပြီး မီးဖိုချောင်ထဲ ဝင်လာခဲ့တယ်။

ကူယွဲ့ သူတို့နှစ်ယောက် နဂို ဉာဏ်နုံတဲ့ ပုံစံ ပြန်ရောက်သွားတာမြင်ပြီး မျက်ဆန်လှန်လိုက်တယ်။ ပင်မတံခါးကနေ ထွက်ခါနီးဆဲဆဲ သူ့ကိုယ်သူ ရပ်ပြီး စားပွဲမှာ ထိုင်ချလိုက်တယ်။ ဟမ် ပင်လယ်စာက ဘယ်လိုအရသာရှိမလဲ သိချင်သား။

"ဖေဖေနျို"

"ဘာလဲ" အားလုံးစားလို့ရအောင် သူ့ကို မောင်းထုတ်ဖို့လုပ်နေတာလား။

"ပိုင်ဇယ်က ဘယ်သူလဲ"

"ဟမျ" ဘာဆိုလိုတာလဲ။

"သူက နင်ဖတ်တဲ့စာအုပ်ထဲက ဇာတ်လမ်းထဲ ပါတာလား"

"..." ကူယွဲ့ တန့်သွားပြီးမှ နောက်ဆုံးတော့ သူဘာဆိုလိုလဲ နားလည်သွားတယ်။ သူ မျက်မှောင်ကြုတ်ပြီး ကိုယ့်ဘာသာ ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်တယ်။

"မင်းဘယ်တုန်းက သိတာလဲ" သူ အရင်က တစ်ခါမှမပြောဖူးပါဘူး။

"ငါပြန်ရောက်တဲ့နေ့က" ရှန်းရင် အမှန်အတိုင်း ဖြေလိုက်တယ်။

"ချီး" သူ ရေနွေးကြမ်းသီးတော့မလို့။ ပြန်လာတဲ့နေ့ကဆို သူ ပိုင်ဇယ့်နာမည်သိရတဲ့နေ့က မဟုတ်လား။

"မင်း ဘယ်လိုလုပ် သူက ဇာတ်လမ်းထဲက ဇာတ်ကောင်မှန်း ခန့်မှန်းမိသွားတာလဲ"

သူ အစတည်းက အမှန်ကိုခန့်မှန်းမိခဲ့တာပေါ့။ ဘယ်လိုများလုပ်လိုက်တာလဲ။ သူက ဦးနှောက်မသုံးရင် ငတုံးဆိုပေမဲ့ သုံးတဲ့အချိန် အမြဲ တိကျတာပဲ။

"နင့်တုံ့ပြန်ပုံကနေ သိတာလေ" ဖေဖေနျိုက ဝူတိဂိုဏ်းကလူတွေအတွက် သိပ်ဂရုမစိုက်ပေမဲ့ ဂိုဏ်းကလူတွေကိုပဲ အမြဲ သူ့ရဲ့မကောင်းတဲ့အခြမ်းကိုပြတာ။ အပြင်လူတွေဆို သူ့ပုံရိပ်ကို ဂရုစိုက်လို့ ယဉ်ကျေးပြီး ခင်ဖို့ကောင်းပုံပေါ်တယ်။ နောက်ကွယ်မှာသာ အတင်းတုပ်တာ။ ဒါတောင် သူ ပိုင်ဇယ့်ကိုတော့ အေးစက်စက် ဆက်ဆံတယ်။ အစတည်းက ပိုင်ဇယ့်ကို သဘောကျပုံမပေါ်ဘူး။ ယိချင်းက ဂိုဏ်းထဲမှာ ပိုင်ဇယ်နေတာကို အပြင်းအထန်ကန့်ကွက်ချိန် ကူယွဲ့က ယိချင်းဘက်ကနေ နေပေးတယ်။ စောနကဆို ပိုင်ဇယ့်ကိုပါ ဘုံတံခါးထဲ ကန်လိုက်သေး။

ကူယွဲ့က ပိုင်ဇယ်နဲ့ အဆက်အဆံမရှိဖို့ ရှောင်နိုင်သမျှ ရှောင်နေတဲ့ပုံနဲ့တူတယ်။

"နင်ဖတ်တဲ့စာအုပ်ထဲ ပိုင်ဇယ်က ဘယ်လိုပြဿနာရှာတဲ့ ဇာတ်ကောင်လဲ"

"..." ကူယွဲ့က ပြန်မဖြေဘဲ ပိုပြီးမျက်မှောင်ကြုတ်သွားတယ်။ သူ ပိုင်ဇယ့်ကိုသာ မတွေ့ခဲ့ရင် ဒီကမ္ဘာက စာအုပ်ထဲကဆိုတာ မေ့နေလောက်ပြီ။

"သူက လူဆိုးမဟုတ်ပါဘူးနော် ဟုတ်လား"

"သူက လူဆိုးမဟုတ်ပါဘူး" သူ သက်ပြင်းချပြီး လက်ထဲက ရေနွေးကြမ်းခွက်နဲ့ ကစားနေတယ်။

"ငါ အရင်ကပြောဖူးတယ်လေ - မိန်းကလေးတွေ ဖတ်တာမို့ ငါဇာတ်လမ်းကို အများကြီးမမှတ်မိဘူး၊ ပြီးတော့ ဇာတ်လမ်းက အမတဘုံထဲမှာ ချဲ့သွားတာ၊ ပိုင်ဇယ်က ကောင်းကင်ဘုံက၊ သူက အမတတွေထက် အများကြီး စွမ်းအားကြီးပြီး တတ်နိုင်စွမ်းရှိတာပေါ့၊ သူက... အဓိက‌ဇာတ်ဆောင်ရဲ့ cheat လို့ပြောလို့ရတယ်ထင်တာပဲ"

"အဲတော့ ဒါက စားဖိုမှူးနဲ့ဆိုင်တာလား"

…

All Chapters