← Chapters

အထင်ကြီးလောက်စရာ မရှိပါဘူး

Vol. 25 Ch. 242

အထင်ကြီးလောက်စရာ မရှိပါဘူး

Vol. 25 Ch. 242

"ခင်ဗျားတို့ အခုပဲ ထွက်သွားတော့မလို့လား"

လင်းသားအဖနှစ်ဦးစလုံးမှာ သူတို့၏ ပုံမှန်တည်ငြိမ်မှုများကို ဆုံးရှုံးနေကြပြီ ဖြစ်သည်။

တစ်ဦးက သိုင်းဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်၊ နောက်တစ်ဦးက ဝူသိုင်းဘုံကျောင်း၏ ဝင်း (ခ)မှ အစွမ်းထက်ပညာရှင်။

နှစ်ဦးစလုံးသည် မဟာချန်မင်းဆက် တစ်ခုလုံးတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ယခုအချိန်တွင်မူ သူတို့နှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ဘာပြောရမည်မှန်း မသိအောင် ဖြစ်နေကြရသည်။

နတ်ဆိုးနှိမ်နင်းရေးဌာန မှ စစ်ဆေးရေးမှူးသည် ဤနေရာသို့ အမှန်တကယ် ဘာလာလုပ်ခြင်းနည်း။

အကယ်၍ သိုင်းဝိဇ္ဇာဟူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို စုံစမ်းရန် ဖြစ်ပါက၊ ဂိုဏ်း၏ အစီရင်ကို အသုံးပြု၍ ၎င်းကို ဖမ်းဆီးထားပြီး လီပြည်နယ်၏စစ်သူကြီး ရောက်လာသည်အထိ စောင့်ဆိုင်းခြင်းက အကောင်းဆုံး နည်းလမ်းပင်။

(ခဏခဏရှင်းပြဖူးပေမဲ့ မရှုပ်အောင်ထပ်ရှင်းပြပါမယ်၊ နတ်ဆိုးနှိမ်စစ်သူကြီးအထက်မှာ ပြည်နယ်စစ်သူကြီးရှိပါတယ် အရှေ့ပိုင်းကစစ်သူကြီးချုပ်ကျန်းနဲ့အတူပါဘဲ)

အကယ်၍ ထိုမြေခွေးနတ်ဆိုးက မည်သည့်အရာကိုမျှ ဝန်မခံပါကလည်း ဤအခွင့်အရေးကို အသုံးချကာ ၎င်းကို မဟာချန်နယ်မြေအတွင်းမှ မောင်းထုတ်လိုက်ရုံသာ ရှိသည်။ ၎င်းသည် တရားမျှတသော လုပ်ရပ်ဖြစ်သဖြင့် ချင်းချို ကိုလည်း ရန်စရာ မရောက်နိုင်ချေ။

သို့သော် ယခု အရာရှိရှန်း ဘာလုပ်နေသနည်း။ သူသည် ထိုမြေခွေးနတ်ဆိုးနှင့်အတူ မဟာချန်နယ်မြေမှ ထွက်ခွာတော့မည်။

မိမိတို့၏ပိုင်နက်နယ်မြေကို စွန့်ခွာပြီး ဘယ်သူမှ မသိသော နေရာတစ်ခုသို့ သွားရန် ပြင်ဆင်နေခြင်းပင်။

အကယ်၍ ထိုမြေခွေးက နတ်ဆိုးဘုရင်တစ်စုကို ကြိုတင်စီစဉ်ထားပြီး နယ်စပ်အပြင်ဘက်တွင် စစ်ဆေးရေးမှူးကို ဝိုင်းဝန်းလုပ်ကြံလိုက်ပါက...

ဝူသိုင်းဘုံကျောင်း အနေဖြင့် မည်သူ့ကို အားကိုးရတော့မည်နည်း။ မဟာချန်မင်းဆက်တွင် မိမိတို့၏ စည်းခြားနားမှု အပြင်ဘက်ရှိ အင်အားကြီးအဖွဲ့အစည်းတစ်ခုကို ဖိအားပေးနိုင်သည့် စွမ်းအားမျိုး ရှိနေဆဲလော... နောက်ဆုံးတွင် ဤပြစ်မှုအားလုံးအတွက် ဓားစာခံဖြစ်ရမည့်သူမှာ သူတို့၏သိုင်းဂိုဏ်းသာ ဖြစ်ပေလိမ့်မည်။

"အရာရှိရှန်း"

သခင်မလင်း က လေးနက်စွာ လှမ်းခေါ်လိုက်၏။ ပုဂ္ဂိုလ်ရေး ကလဲ့စားချေမှု ရှိလျှင်ပင် အခြားသူ၏ နယ်မြေတွင် ဖြေရှင်းရန် မလိုပေ။

သို့သော် ရှန်းယီသည် ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီး မြေခွေးနတ်ဆိုးနှစ်ကောင်နောက်သို့ လိုက်ကာ တိမ်တိုက်စီး၍ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

"ဟူး..."

ထိုသူသုံးဦး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လင်းချင်းယန် သည် နောက်ဆုံးတွင် လက်သီးကို တင်းတင်းဆုပ်ကာ လက်ဝါးနှင့် ရိုက်လိုက်မိ၏။

"တာဝန်ကျနေတဲ့ တခြား ဘုံကျောင်းအစောင့်အရှောက်တွေကို ငါ သတင်းပို့လိုက်သင့်တာ"

သူတို့လို လူမျိုးများ၏အဆင့်အတန်းသည် စစ်ဆေးရေးမှူးလည်းဖြစ်၊ ဘုံကျောင်းအစောင့်အရှောက်လည်း ဖြစ်သည့် ပုဂ္ဂိုလ်တစ်ဦးကို တားဆီးရန် အလွန်နိမ့်ကျလွန်းလှသည်။

"တခြားသူတွေက ခြေကျင်ဆိုတော့ နှေးလိမ့်မယ်။ မင်း အမြန်ဆုံး တိမ်တိုက်စီးပြီး ပြည်နယ်စစ်သူကြီးကို သွားပြောပါ၊ သူ့ကို မြန်မြန်လာခဲ့ဖို့ ပြောလိုက်"

လင်းကျင်းရီသည်လည်း အတော်လေး ကြောက်လန့်နေပြီ ဖြစ်သည်။ မူလက ဝူသိုင်းဘုံကျောင်းကို သတင်းပို့ပြီး ကိစ္စကို သေးအောင်လုပ်ချင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟုတ်ကဲ့" အချိန်မဆွဲတော့ဘဲ လင်းချင်းယန်သည် လီပြည်နယ်မြို့တော်ဆီသို့ တိမ်တိုက်စီး၍ ချက်ချင်း ထွက်ခွာသွားလေတော့သည်။

...

မဟာချန်မင်းဆက်၏ အပြင်ဘက်တွင် တောင်တန်းကြီးများသည် ကျယ်ပြောလှပြီး စိမ်းလန်းစိုပြည်နေသည်။ ရှန်းယီသည် ယခင်ကကဲ့သို့ မိမိ ခရီးနှင်ခဲ့သော အကွာအဝေးကို မှတ်သားနေရန် မလိုတော့ချေ။

ကျယ်ပြောလှသော တောင်တန်းများသည် သူ၏ ခြေဖျားအောက်တွင် လျင်မြန်စွာ ကျန်ရစ်ခဲ့ပြီး ခဏအတွင်းမှာပင် ရှုခင်းပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည်။

"ကြည့်ရတာ အရာရှိရှန်းက အတိတ်ကို အတော်လေး တန်ဖိုးထားပုံရသားပဲ"

ရှေ့မှ ပျံသန်းနေသော သိုင်းဝိဇ္ဇာဟူ သည် သူ၏ တူနှင့်အတူ ခရီးနှင်ရင်း ရံဖန်ရံခါ ရှန်းယီကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းကတော့ မင်းကို မစောင့်ဘဲ ငွေလမင်းရေခဲအိုင် ဆီကို တန်းသွားလိုက်ပြီ"

"ကျွန်တော် သိသလောက်တော့ အဲဒီမှာရှိတဲ့ နတ်ဆိုးက အပြင်ထွက်လေ့မရှိလို့ သိပ်မကျော်ကြားပေမဲ့၊ သူ့ရဲ့ စွမ်းအားကတော့ နာမည်ကြီး ပုဂ္ဂိုလ်တွေထက် မနိမ့်ပါဘူး"

မနိမ့်ရုံတင် မကပေ။ သိုင်းဝိဇ္ဇာဟူ၏ မျက်ဝန်းထဲတွင် မသိမသာ စိုးရိမ်စိတ်တစ်စ ဖြတ်ပြေးသွား၏။

နတ်ဆိုးဧကရာဇ်၏ အောက်တွင် ထိုနဂါးအိုကြီးထက် ပိုမိုအစွမ်းထက်သည့် နတ်ဆိုးမျိုး သူ မတွေ့ဖူးသေးချေ။ သို့မဟုတ်ပါက သူသည် ဤမျှအထိ ပြင်ဆင်မှုများစွာ လုပ်နေရန် မလိုပေ။

ဤရှန်းယီသည် သူထင်ထားသည်ထက် ပို၍ မာန်တက်ပုံရသည်။ သူ့တွင် ဝှက်ဖဲများစွာ ရှိနေပုံရ၏။

သို့သော်... တစ်ဖက်လူက သူ့ကို စကားပြန်ပြောချင်ပုံ မရသဖြင့် သိုင်းဝိဇ္ဇာဟူကလည်း ပြုံး၍ အကြည့်လွှဲလိုက်သည်။

ဘယ်လောက်ပဲ ဝှက်ဖဲတွေ ရှိနေပါစေ၊လက်သီးနှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်ဘူး ဆိုတာ ကြားဖူးမှာပေါ့။ ဒီနေ့ အခြေအနေကတော့ သေဖို့ ဆယ်လမ်း၊ ရှင်ဖို့ လမ်းမရှိ ပဲ။

သိုင်းဝိဇ္ဇာဟူ၏ အတွေးများ လွင့်မျောနေစဉ်မှာပင် သူ၏ နားထဲသို့ လျှို့ဝှက်သတင်းတစ်ခု စီးဝင်လာသည်။

"အဲဒီနဂါးဖြူက ရူးသွပ်နေပြီ၊ မင်းရဲ့ ငွေလမင်း ရေခဲကြာပန်းလည်း ဆုံးရှုံးသွားဖို့ အခွင့်အလမ်း များနေပြီ။ ကူညီပေးလို့ ကျေးဇူးပဲ သူငယ်ချင်းဟောင်း။ အခုတော့ မဟာချန်မင်းဆက်မှာ ဟွမ်ယွမ်အရှင်သခင် အစစ်အမှန် တစ်ယောက် ထွက်ပေါ်လာပြီဆိုတာ ငါ အတည်ပြုနိုင်ပြီ၊ ဝူသိုင်းဘုံကျောင်းဆီကနေ ရှင်းပြချက် တောင်းရမယ့် အချိန်ရောက်ပြီ"

ထိုသတင်းကို ကြားလိုက်ရသည်နှင့် သိုင်းဝိဇ္ဇာဟူ၏မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ ရှန်းယီမှာ သူ၏ နောက်တွင် ရှိနေသောကြောင့် သူသည် တုန်လှုပ်မှုကို အတင်းအကျပ် နှိမ်နင်းလိုက်ပြီး လျှို့ဝှက်သတင်း ပြန်ပို့လိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီ ရေခဲအိုင်ရဲ့ နှိပ်စက်မှုကို သာမန်လူတွေ မခံနိုင်ပါဘူး။ တာအိုကလေးငယ်ကို ရေခဲစွမ်းအင်နဲ့ စုစည်းထားတဲ့ ဟွမ်ယွမ်အရှင်သခင် ဆိုရင်တောင် အဲဒါကို ခုခံဖို့ အစွမ်းကုန် အသုံးချရမှာ။ နဂါးအိုကြီးက ပေါ့ဆနေရင်တောင် ဒီလောက် အစွမ်းထက်တဲ့ အော်ရာကို သတိမထားမိဘဲ အပိုင်စီးမခံရနိုင်ပါဘူး"

"ပြဿနာက သူမက သူမရဲ့အော်ရာကိုတောင် မထုတ်ဘဲ အတင်းငုပ်ဆင်းသွားတာပဲ... ဒါပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ ကြီးမားပါတယ်။ သူမရဲ့ ကိုယ်ခန္ဓာ တစ်ဝက်လောက်ကို ချန်ထားခဲ့ရပြီး၊ ကျိုးပဲ့နေတဲ့ ကိုယ်ခန္ဓာကို သူမရဲ့တာအိုကလေးငယ်က ဆွဲခေါ်ပြီး ဝေးဝေးကို ထွက်ပြေးသွားပြီ" ဟု တစ်ဖက်လူက နှမြောတသဟန်ဖြင့် ပြန်ဖြေလိုက်၏။

"ပစ္စည်းကိုလည်း ခိုးယူနိုင်ခဲ့တယ်၊ နဂါးအိုကြီးရဲ့ လက်ထဲကလည်း လွတ်အောင် ပြေးနိုင်ခဲ့တယ်၊ တကယ်ကို ကြောက်စရာကောင်းတဲ့ မိန်းမပဲ။ ဒါပေမဲ့ သူမ အချိန်အတော်ကြာ မဟာချန်ကို ပြန်ရဲမှာ မဟုတ်တော့ဘူး"

ထို့နောက် သူက သတိပေးလိုက်၏။ "ခင်ဗျား သတိထားဦး၊ နဂါးအိုကြီးက ခင်ဗျားကို ရှာနေတယ်။ ငါအရင်သွားတော့မယ်"

ထိုစကားကြောင့် သိုင်းဝိဇ္ဇာဟူ၏ နှလုံးခုန်သံများ မြန်လာပြီး သူက အလျင်အမြန်ပင် လျှို့ဝှက်သတင်း ထပ်ပို့လိုက်သည်။

"နေဦး... သူငယ်ချင်း၊ ခင်ဗျား ဝူသိုင်းဘုံကျောင်းကို မကျေမနပ် ဖြစ်နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ကလဲ့စားမချေချင်ဘူးလား"

"မင်းက ငါ့ကို နတ်ဆိုးတွေနဲ့ ပူးပေါင်းခိုင်းနေတာလား" ထိုလူက အေးစက်စွာ လှောင်ပြောင်လိုက်၏။

"ပူးပေါင်းတာ မဟုတ်ပါဘူး။ ကျုပ် ဆိုလိုတာက... ကျုပ် မဟာချန်ရဲ့ စစ်ဆေးရေးမှူး တစ်ယောက်ကို နဂါးအိုကြီးဆီ တောင်းပန်ဖို့အတွက် ခေါ်လာတယ်။ သူ ရှန်းယီကို ရှင်းပစ်ပြီးရင်၊ ခင်ဗျားနဲ့ ကျုပ် ပူးပေါင်းပြီး နဂါးအိုကြီးကို သတ်ကြတာပေါ့" ဟု သိုင်းဝိဇ္ဇာဟူက အစီအစဉ်ဆွဲလိုက်၏။

သိုင်းဝိဇ္ဇာဟူသည် တည်ငြိမ်ဟန်ဆောင်နေရ၏။ အခြားတစ်ဖက်မှ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

နောက်ဆုံးတွင် ထိုလူက ရယ်မောလိုက်ပြီး "ငါ့ဒေါသကို ဖြေဖျောက်ဖို့အတွက် ဆိုရင်တော့ ငါ ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက်၊ အဲဒီနဂါးရဲ့ အမြုတေ ကတော့ ငါ့ဟာ ဖြစ်ရမယ်"

"..."

ကျိန်စာသင့်နေတဲ့ကောင်ပဲ။

သိုင်းဝိဇ္ဇာဟူသည် အံကို တင်းတင်းကြိတ်လိုက်ရသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ရှန်းယီဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။

"ကျွန်တော်တို့ ရောက်တော့မယ်"

"အင်း" ရှန်းယီက အသာအယာ ခေါင်းငြိမ့်ပြလိုက်၏။

သူသည် ကျင့်ကြံခြင်း၏အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူမှာ တစ်ကိုယ်လုံး တင်းမာနေပြီး သူ့ကို သတ်ချင်နေမှန်း သိသိကြီးနှင့်ပင် သူကတော့ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေနိုင်ခြင်းပင်။

တစ်ဖက်လူက သူ့အတွက် မည်ကဲ့သို့သော စားပွဲသောက်ပွဲကို ပြင်ဆင်ထားမည်နည်းဟုပင် သူက စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသေးသည်။

မကြာမီမှာပင်။

သိုင်းဝိဇ္ဇာဟူသည် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် မြေပြင်သို့ အလျင်အမြန် ဆင်းသက်လိုက်သည်။

"ဦးလေးကြီး" မြေခွေးနတ်ဆိုးလူငယ်လေးသည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

နောက်ဆုံးတော့ နေရာမှန်ကို ရောက်ပြီ၊ သူ့ဦးလေး လက်စွမ်းစတင်ပြတော့မှာလား။

ဤနေရာသည် လှပသော ရှုခင်းများဖြင့် အလွန်အေးချမ်းလှ၏။ ထိုလူငယ်အတွက်တော့ နှမြောစရာပင်။

သူ ဘာမှမလုပ်ရသေးခင်မှာပင်...

ဝေးကွာသော အရပ်မှ ပြင်းထန်သော နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် အဆုံးမရှိသော နာကျည်းမှုနှင့် ဒေါသများ ပြည့်နှက်နေ၏။

"ယုတ်မာတဲ့ မြေခွေး... မင်း သေသင့်တယ်"

ဟိန်းသံနှင့်အတူ ကောင်းကင်ယံတွင် ငွေဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။ ထိုအရှိန်အဝါသည် တစ်တောင်လုံးရှိ သစ်တောများကို ချေမှုန်းပစ်နိုင်လောက်အောင် ပြင်းထန်လှ၏။

၎င်း၏ ဦးခေါင်းတွင် ဦးချိုများရှိပြီး၊ ငွေရောင် အကြေးခွံများ ဖုံးလွှမ်းထားကာ၊ သန်မာသော ကိုယ်ခန္ဓာ၊ ရွှေရောင် လက်သည်းများနှင့် နှုတ်ခမ်းဘေးတွင် လွင့်မျောနေသော နှုတ်ခမ်းမွေးနှစ်ပင်။

၎င်းမှာ နဂါးဖြူ တစ်ကောင်ပင်။

မြေခွေးနတ်ဆိုးလူငယ်လေးမှာ ထိတ်လန့်တကြားဖြင့် ဘေးသို့ ရှောင်လိုက်ရသည်။ သိုင်းဝိဇ္ဇာဟူသည် ရှန်းယီကို လှည့်ကြည့်လိုက်ရာ၊ ရှန်းယီမှာ လက်နှစ်ဖက်ကို ဘေးတွင် ချထားလျက် ပုံမှန်အတိုင်း ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ မျက်ခုံးများသာ အနည်းငယ် တွန့်သွားသည်။

သူက ဒီလောက်ထိ တည်ငြိမ်နေနိုင်သေးတာလား...

သို့သော် သိုင်းဝိဇ္ဇာဟူသည် သူ့ကို ဆက်၍ အဖော်ပြုပေးတော့မည် မဟုတ်ပေ။ သူသည် ရှန်းယီ၏ ဘယ်ဘက်သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လက်သီးဆုပ်ကာ လှမ်းအော်လိုက်၏။

"နဂါးညီနောင်... စိတ်လျှော့ပါဦး ကျွန်တော် အရက်မူးနေတုန်း မသိလိုက်ဘဲ ခင်ဗျားရဲ့ဂူတည်နေရာကို မဟာချန်က လူတစ်ယောက်ကို ပြောမိသွားတယ်၊ အဲဒီအတွက် ကျွန်တော့်ကို အပိုင်းပိုင်း ခုတ်ပစ်လည်း ခံပါ့မယ်"

"ဒါပေမဲ့"

"ကျွန်တော် အမှားကို ပြင်ဆင်တဲ့အနေနဲ့ ခင်ဗျားဆီကို နတ်ဆိုးနှိမ်နင်းရေးဌာနက စစ်ဆေးရေးမှူးကို ခေါ်လာပေးတယ်၊ သူက ဝူသိုင်းဘုံကျောင်းရဲ့ အစစ်အမှန်တပည့် ဖြစ်သလို၊ ရွှေခန္ဓာဓမ္မကိုယ်ထည်ကိုတောင် လှုံ့ဆော်စေနိုင်တဲ့သူပဲ၊ သူက ရွှမ်ကွမ်းဂူကိုလည်း ရန်စဖို့ ဝန်မလေးတဲ့သူပဲ"

သိုင်းဝိဇ္ဇာဟူသည် အသက်မရှူဘဲ အကုန်ပြောချလိုက်၏။

"ဒီနေ့မှာ ကျွန်တော် သူ့ကို ခင်ဗျားအတွက် အရှင်ဖမ်းပေးပါ့မယ်၊ ဒါဟာ ဝူသိုင်းဘုံကျောင်းကြောင့် ခင်ဗျား ဆုံးရှုံးသွားတာတွေအတွက် လျော်ကြေးပါ"

ထိုစကားဆုံးသည်နှင့် နဂါးဖြူသည် သူ၏ ကိုယ်ခန္ဓာကို ရစ်ခွေလိုက်ပြီး လေထဲတွင် ရပ်တန့်လိုက်သည်။ ၎င်း၏တောက်ပသော နဂါးမျက်လုံးများသည် မြေပြင်ပေါ်ရှိ လူသုံးဦးကို ကြည့်လိုက်ပြီး ဒေါသများမှာ အနည်းငယ် လျော့ပါးသွားသော်လည်း အသံကတော့ ရက်စက်နေဆဲပင်။

"မင်းကို ငါ ယုံဦးမယ် ထင်နေလား"

"ရှန်းညီနောင်... တောင်းပန်ပါတယ်" ဟု သိုင်းဝိဇ္ဇာဟူက ခေါင်းခါရင်း ရှန်းယီကို လှည့်ကြည့်ကာ နောင်တရဟန်ဖြင့် ပြောလိုက်သည်။

"မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ လူတွေအများကြီးကို သွားရန်စမိတာကိုး"

ထိုသို့ ပြောပြီးနောက် သူက ထပ်ပြောလိုက်၏။

"နဂါးညီနောင်... ခင်ဗျား ကျွန်တော့်ကို မယုံမှာ သိလို့၊ ကျွန်တော် ရွှမ်ကွမ်းဂူက သိုင်းဝိဇ္ဇာတစ်ပါးကိုပါ ဒီကို ကြွဖို့ ဖိတ်ခေါ်ထားပါတယ်။ ဝူသိုင်းဘုံကျောင်းက ရွှေခန္ဓာဓမ္မကိုယ်ထည်ကို အသုံးပြုတာဟာ တကယ်တော့ သူ့ကို ရင်ဆိုင်ဖို့အတွက်ပါပဲ"

စကားဆုံးသည်နှင့်...

ရှန်းယီ၏ နောက်ကျောဘက်တွင် ဝတ်ရုံပွပွ ဝတ်ဆင်ထားသော လူတစ်ဦး ပေါ်လာတော့သည်။

"သူတို့က သူ့ရဲ့နာမည်ကိုတောင် အပြောမခံဘူး၊ သူတို့ကိုယ်သူတို့ အတော်ဆုံးလို့ ထင်နေကြတာ။ ဒီနေ့ မင်းရဲ့ တကယ့်ရုပ်ကို မြင်ရတော့..."

တာအိုကျင့်ကြံသူချန်ချင်း က ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်၏။

"မင်းကလည်း ဘာမှ အထင်ကြီးလောက်စရာ မရှိပါဘူး"

All Chapters