နတ်ဆိုး ရှာ ဝိညာဉ်အမြစ်
Vol. 25 Ch. 247
ထိုနှစ်ဦး စကားပြောပြီးသွားသည်ကို မြင်သောအခါ...
ဟိုဝမ်ရှန်းသည် နောက်ဆုံးတွင် အောက်သို့ ဆင်းသက်လာပြီး လူငယ်လေးအား လက်သီးဆုပ် ဂါရဝပြုလိုက်လေသည်။
"လီပြည်နယ် စစ်သူကြီး ဟိုဝမ်ရှန်းက သခင်ကြီးရှန်းကို ဂါရဝပြုပါတယ်"
ဤနေရာမှာက လီပြည်နယ်၏နယ်မြေဖြစ်သည်။
ယုတ္တိဗေဒအရ ပြောရလျှင် လက်နက်ဂိုဏ်း၌ ရတနာများ ရှိနေပါက သူသည် စစ်သူကြီး တစ်ဦးအနေဖြင့် မေးမြန်းပိုင်ခွင့် ရှိပေသည်။
ထို့အပြင် ဟိုဝမ်ရှန်းသည် သာမန် စစ်သူကြီး တစ်ဦး မဟုတ်ပေ။
သူသည် ဝူသိုင်းဘုံကျောင်းမှ တပည့်များကို ညီအစ်ကိုများအဖြစ် ခေါ်ဝေါ်နိုင်သော နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် သိုင်းဝိဇ္ဇာတစ်ပါးလည်း ဖြစ်သည်။
သို့သော် စောစောက လင်ကျင်းရီသည် အသနားခံသော အကြည့်ဖြင့် ကြည့်ခဲ့စဉ်က ဟိုဝမ်ရှန်းသည် မည်သည့် တုံ့ပြန်မှုမှ မပေးခဲ့ချေ။
အကြောင်းရင်းက ရိုးရှင်းပါသည်။
ရှန်းသခင်ကြီး ဝတ်ဆင်ထားသော အစိမ်းရောင် ဝတ်ရုံကြောင့်ပင်။
တစ်ဖက်လူသည် စစ်ဆေးရေးမှူး တစ်ဦးသာ မကဘဲ ဝူသိုင်းဘုံကျောင်း၏ အလှည့်ကျ ကျောင်းတော်အစောက်အရှောက် တစ်ပါးလည်း ဖြစ်နေသည်။
လူငယ်လေး၏ စကားများသည် ဝူသိုင်းဘုံကျောင်း၏ ရည်ရွယ်ချက်များကို အပြည့်အဝ ကိုယ်စားပြုနိုင်သည်။
ထိုမျှ ငယ်ရွယ်သော ကျောင်းတော်အစောက်အရှောက်မျိုး မဟာချန်မင်းဆက်တွင် တစ်ခါမှ မရှိခဲ့ဖူးပေ။
ထို့အပြင်...
ဟိုဝမ်ရှန်း၌ သံသယအချို့ ရှိနေသေးသည်။ သူသည် ရှန်းယီဘက်သို့ မတော်တဆ အကြည့်ရောက်သွားမိသည်။
အစိမ်းရောင် ဝတ်ရုံပေါ်ရှိ သွေးစွန်းနေသော အရာများကို သူ၏ စူးရှသော မျက်လုံးများက ဖမ်းမိလိုက်၏။
ဒါက နတ်ဆိုးသွေး အနံ့ မဟုတ်ဘူး၊ လူသွေးပဲ...
တစ်ဖက်လူက နတ်ဆိုးတွေကို သတ်ဖြတ်ခဲ့ရုံသာမက မဟာချန်ရဲ့ ပြင်ပမှာ လူတွေကိုလည်း သတ်ဖြတ်ခဲ့တာပဲ။
ပိုပြီးထူးဆန်းသည်မှာ ယင်ဝိညာဉ် ကျင့်ကြံသူ တစ်ဦးအနေဖြင့် နတ်ဆိုးကို သတ်သည်ဖြစ်စေ၊ လူကို သတ်သည်ဖြစ်စေ သူ၏ ခန္ဓာကိုယ်အစစ်ပေါ်သို့ သွေးများ မည်သို့ စင်နိုင်မည်နည်း။
သူက တခြားသူတွေရဲ့ ရှေ့မှာ သူ့ရဲ့ယင်ဝိညာဉ် ကို ထုတ်ဖော်ပြသခဲ့တာများလား။
သူ အကဲခတ်၍ မရနိုင်တော့ချေ။
သူ၏အထောက်အထားပင် ဖြစ်စေ၊ ကျင့်ကြံခြင်းပင်ဖြစ်စေ ဤလူငယ်လေးမှာမြူခိုးများဖြင့် လွှမ်းခြုံထားသလိုပင်။
ထိုကဲ့သို့သော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရသောအခါ ဟိုဝမ်ရှန်းသည် မောက်မာရဲခြင်း မရှိတော့ဘဲ ရှေ့သို့ တိုးကာ နှုတ်ဆက်လိုက်လေ၏။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ အတွင်း လီပြည်နယ်ရဲ့ မှတ်တမ်းစာရွက်စာတမ်း အားလုံးကို ပြင်ဆင်ထားဖို့ လူလွှတ်လိုက်ပါပြီ။ စစ်ဆေးရေးမှူးအနေနဲ့ လွတ်လပ်စွာ ကြည့်ရှု စစ်ဆေးနိုင်ပါတယ်"
"နှစ် ၃၀၀ စာ"
ရှန်းယီသည် အောက်ဘက်ရှိ တွင်းနက်ကြီးဆီမှ အကြည့်ကို ခွာလိုက်ပြီး စစ်သူကြီးကို ကြည့်လိုက်လေ၏။
နတ်ဆိုးသက်တမ်း ထက် ပိုမို ဆွဲဆောင်မှု ရှိသော အရာ မရှိပေ။ ထိုအရာကအထွတ်အထိပ်အဆင့် ရတနာများထက်ပင် ပို၍ အရေးပါသည်။
"နတ်ဆိုးသတင်းတွေ ရှိလား"
ထိုစကားကို ကြားသောအခါ ဟိုဝမ်ရှန်းသည် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားလိုက်သော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်ဂုဏ်ယူမှု အရိပ်အယောင်တစ်ခု မတော်တဆ ပေါ်လာခဲ့လေ၏။
"လီပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ အတွင်း နတ်ဆိုးကပ်ဘေး တစ်ခုမှ မရှိခဲ့ပါဘူး"
ဤသည်မှာ နတ်ဘရားအသွင်ပြောင်းခြင်းအဆင့် သိုင်းဝိဇ္ဇာ တစ်ပါး၏ ဟန့်တားနိုင်စွမ်းပင်။
သူသည် ပြည်နယ်ပေါင်း ၃၆ ခုနှင့် အဆုံးမဲ့သော အမွှေးတိုင်၊ ယုံကြည်မှု စွမ်းအားများကို ကွပ်ကဲထားသည်။
လီပြည်နယ်တွင် သူသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် အောက်၌ ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်သည်။
လူငယ်လေး တစ်ယောက်ရဲ့ ချီးကျူးခံရတာက နည်းနည်း ထူးဆန်းသလို ခံစားရပေမဲ့...
ဟိုဝမ်ရှန်းသည် တိတ်တဆိတ်ပင် ခန္ဓာကိုယ်ကို မတ်လိုက်၏။
"ဒါဆိုရင်တော့ မကြည့်တော့ပါဘူး"
ရှန်းယီ နှုတ်ခမ်းမဲ့လိုက်ပြီး ပြတ်သားစွာပင် အကြည့်လွှဲလိုက်လေသည်။
"..."
ဟိုဝမ်ရှန်း နှုတ်ခမ်းကို စေ့လိုက်ပြီး မတ်မတ်ရပ်ထားသော သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားလေသည်။
"ဒါဆိုရင်... ကြိုဆိုပွဲ ညစာစားပွဲအတွက်..."
"ဒုက္ခခံနေစရာ မလိုပါဘူး၊ ကျုပ်အတွက် တည်းခိုဖို့ နေရာတစ်ခုပဲ ပြင်ဆင်ပေးပါ" ရှန်းယီ ယဉ်ကျေးစွာ ပြောလိုက်၏။
သူသည် လောလောဆယ်တွင် အတွင်းပိုင်း အရန်သင့် ပြင်ဆင်မှုများကို အလွန်အမင်း လိုလားနေသည်။
အဆင့်မြင့် ချန်းယွမ်ဆေဘာဓားရှည်သည် သူ့အား မဟာလနတ်ဆိုးဘုရင် နှင့် ရင်ဆိုင်ရာတွင် ဦးစွာ ကူညီပေးခဲ့ပြီး၊ ယခုအခါ အဆင့်မြင့် ဟွမ်ယွမ် အရှင်သခင် နှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ့ကို နှောင့်နှေးစေခြင်း မရှိဘဲ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဆုတ်ဖြဲနိုင်ခဲ့သည်။
အကယ်၍ အထွတ်အထိပ်အဆင့် ရတနာ၊ သို့မဟုတ် ရတနာများကို ကျော်လွန်သော စစ်မှန်သည့် မှော်လက်နက်တစ်ခုသာ ဆိုလျှင် ၎င်း၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
ထိုကဲ့သို့သော အရာအတွက် တစ်လစောင့်ရသည်မှာ လုံးဝထိုက်တန်၏။
ဤအရာက ဟွမ်ယွမ်သိုင်းပညာများကို စိတ်ရှည်လက်ရှည်လေ့လာဖို့ အချိန်ကောင်းလည်း ဖြစ်နေသည်။
"ကျွန်တော် အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်"
ထိုစကားကို ကြားသောအခါ လင်ကျင်းရီသည် တိတ်တဆိတ် ခေါင်းခါလိုက်မိ၏။
ဒီရတနာကို ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ပုံပဲ။
သို့သော် သူ စိတ်အခြေအနေ ကောင်းမွန်နေလေသည်။
အမှန်စင်စစ် ဓားပြတိုက်သလို လုယူသွားမည်ဟု ထင်မှတ်ထားခဲ့သည်နှင့် ယှဉ်လျှင် သခင်ကြီးကြီးက အနည်းဆုံးတော့ တန်ဖိုးမဖြတ်နိုင်တဲ့ နဂါးချိုကို ပေးခဲ့ပါသေးသည်။
လက်နက်ဂိုဏ်းအတွက် အကောင်းဆုံး ရတနာများကပင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ကြပေ။
သူတို့သည် ဝူသိုင်းဘုံကျောင်း၏ အကာအကွယ်ကို မှီခိုနေရသည်။
ပန်းပဲဆရာ တစ်စုသည် ဂုဏ်သတင်းကို တန်ဖိုးအထားဆုံး ဖြစ်သည်။
အကယ်၍ မှော်လက်နက် တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးခဲ့သည် ဟူသော သတင်း ပျံ့နှံ့သွားပါက သူတို့၏ ဘိုးဘေးများအတွက် ဂုဏ်ယူစရာ ဖြစ်လာပေလိမ့်မည်။
မဟာချန် သိုင်းဘဏ္ဍာတိုက်၌ဖုန်တက်ခံပြီး ထားမည့်အစား ယခုလို ရက်စက်ကြမ်းကြုတ်သော လူငယ် စစ်ဆေးရေးမှူးကို ပေးလိုက်သည်က ပိုကောင်းလေ၏။။
သူ့လက်ထဲတွင် လက်နက်ဂိုဏ်း၏ဂုဏ်သတင်းဟာ ပိုပြီး ကျယ်ပြန့်သွားနိုင်သည်။
လက်နက်ဂိုဏ်းသည် အပြင်ပန်းက ကြည့်လျှင်သာ မွဲခြောက်နေပုံ ရသည်။
လက်တွေ့တွင်မူ အတွင်းဘက်ရှိ ပရိဘောဂ အပြင်အဆင်များသည် တော်ဝင်မျိုးနွယ်များနှင့် မှူးမတ်များ အသုံးပြုသည်ထက်ပင် သာလွန်ကောင်းမွန်သော ဇိမ်ခံပစ္စည်းများ ဖြစ်ကြသည်။
ရှန်းယီ အခန်းထဲသို့ လျှောက်သွားလိုက်၏။
ကုတင်အထက်တွင် ဆိုင်းငံ့ထားသော ကျောက်စိမ်းကြေးမုံပြင် တစ်ခုကို သူ မြင်လိုက်ရပြီး၊ ထိတွေ့လိုက်သည်နှင့် အခန်းတွင်းရှိ မြင်ကွင်းသည် တောင်တန်းများ၊ မြစ်များနှင့် စမ်းချောင်းများအကြား လွတ်လပ်စွာ ပြောင်းလဲသွားလေသည်။
စိုစွတ်သော မြစ်လေပြေ၊ ဟိန်းဟောက်နေသော လှိုင်းတံပိုးများ။
ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသကဲ့သို့ပင်။
ရှန်းယီသည် စိတ်ဝင်တစားဖြင့် ခေတ္တမျှ ကစားကြည့်ပြီးနောက် အခန်းထဲရှိ မွေ့ရာပေါ်တွင် ထိုင်လိုက်လေသည်။
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၄၀၆၀၀ နှစ်】
ယခင်က စိတ်ကူးပင် မယဉ်ရဲခဲ့ဖူးသော ဤမျှ များပြားလှသည့် နတ်ဆိုးသက်တမ်း ပမာဏကို ကြည့်ရင်း ရှန်းယီသည် ယခုအခါ မည်သည့် စိတ်သက်သာရာရမှုကိုမျှ မခံစားရပေ။
သူ၏ ရွှေခန္ဓာကိုယ် ကို စုစည်းခြင်း လုပ်ငန်းစဉ်သည် သူ့ကိုယ်သူ ပြန်လည် သုံးသပ်မိစေခဲ့သည်။
သာမန် ပါရမီသာ ရှိပြီး လမ်းကြောင်းမျိုးစုံကို ကျင့်ကြံနေရသဖြင့်...
သူ လိုအပ်သော အချိန်သည် အခြားသူများ လိုအပ်သည်ထက် များစွာ ပိုမိုနေလေသည်။
အခြားအရာများအပြင် ရွှေခန္ဓာကိုယ် သည် ၇ ပေ အမြင့်တွင်သာ ရပ်တန့်မနေစေရန် အနည်းဆုံး နတ်ဆိုးမူလ နှစ်ပေါင်း တစ်သောင်းခန့်ကို အရံ ချန်ထားရမည် ဖြစ်သည်။
"ခေါင်းကိုက်စရာပဲ"
ရှန်းယီသည် နဖူးကို ပွတ်သပ်လိုက်ပြီးနောက် တစ်ချိန်က နက်ရှိုင်းသည်ဟု ထင်ရသော်လည်း နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်နှင့် ယှဉ်လျှင် များစွာ လက်လှမ်းမီပုံရသော ဟွမ်ယွမ်သိုင်းပညာ များကို ကြည့်လိုက်လေ၏။
သိုင်းဘဏ္ဍာတိုက်တွင် ဟွမ်ယွမ် ကျင့်စဉ် စုစုပေါင်း ၁၄ ခု ရှိသည်။
ထိုအထဲတွင် ၆ ခုက ပြီးပြည့်စုံ၏။
အများကြီးလို့ ထင်ရပေမဲ့ တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ...
တကယ်တမ်းတွင် အစီအရင် ၂ စုံ၊ ဆေးဖော်စပ်နည်း ၁ ခုနှင့် စစ်မှန်သော သိုင်းပညာကျမ်းဟူ၍ ၃ အုပ်သာ ရှိသည်။
[ဟွမ်ယွမ်ရွှေရောင်နေမင်းလောင်ကျွမ်းမီးလျှံလက် - မစတင်ရသေး]
[ဟွမ်ယွမ် အထွတ်အထိပ်ယင်ဝိညာဉ်ဖိနှိပ်ခြင်းဓား - မစတင်ရသေး]
[ဟွမ်ယွမ် ကောင်းကင်ဘုံမိုးကြိုးစွမ်းအင်တိုက်ခိုက်ခြင်း ကျင့်စဉ် - မစတင်ရသေး]
စားဖိုမှူးများလွန်းရင် ဟင်းပျက်တတ်တယ် ဟူသောဆိုရိုးစကားရှိလေသည်မလော။
ရှန်းယီသည် အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း၏ သိုလှောင်ရတနာကို မွှေနှောက် ရှာဖွေကြည့်ရာ သူသည် မည်သည့် သိုင်းပညာကိုမျှ သယ်ဆောင်မလာဘဲ သာမန် စာအုပ်အပုံလိုက်သာ သယ်ဆောင်လာကြောင်း အတည်ပြုလိုက်နိုင်လေ၏။
သူသည် အတွေးများကို လျင်မြန်စွာ စုစည်းလိုက်ပြီး ဤသိုင်းပညာ ၃ ခုအပေါ် အာရုံစိုက်လိုက်သည်။
ပထမဦးစွာ သူသည် နတ်ဆိုးရတနာပုံဆောင်ခဲ ရရှိရန် နှစ်ပေါင်း တစ်ထောင်ကို လဲလှယ်လိုက်၏။
ထို့နောက် သူသည် သူ အကျွမ်းကျင်ဆုံးဖြစ်သော လက်ဝါးသိုင်းကွက်ထဲသို့ နတ်ဆိုးသက်တမ်း များကို လောင်းထည့်လိုက်လေသည်။
[ပထမနှစ်၊ သင်သည် ဟွမ်ယွမ်ရွှေရောင်နေမင်းလောင်ကျွမ်းမီးလျှံလက်ကို ဖွင့်လှစ်ပြီး ၎င်း၏ နက်နဲသော လျှို့ဝှက်ချက်များကို နားလည်ရန် ကြိုးစားခဲ့သည်။ ဤကဲ့သို့ လေးနက်သော သိုင်းပညာအပေါ်တွင် ချင်းဟွာသခင်မသည် သင့်ကို များစွာ မကူညီနိုင်ခဲ့ပါ။]
[၃၉ နှစ်မြောက်တွင်၊ နတ်ဆိုးအများစု နိုးထလာပြီး သင့်ကို အကြံဉာဏ်များ စတင် ပေးကြသော်လည်း သင်သည် သူတို့အားလုံးကို မောင်းထုတ်လိုက်သည်။]
နတ်ဆိုးများသည် မူလက ကောင်းမွန်သော ဟွမ်ယွမ်သိုင်းပညာ များကို သူတို့ နှစ်သက်သော ပုံစံသို့ ပြောင်းလဲပစ်ကြလိမ့်မည်။
ရှန်းယီ အမှန်တကယ် စောင့်မျှော်နေသည်မှာ ထို ချင်းချိုမြေခွေးနတ်ဆိုးပင်။
[၈၇ နှစ်မြောက်တွင်၊ အစစ်အမှန်ပုဂ္ဂိုလ် ဟူ နိုးထလာပြီး သင့်ဘေးနားသို့ ရောက်ရှိလာသည်။ သူသည် သင့်လက်ထဲမှ ကျင့်စဉ်ကို ကြည့်ပြီး ဇဝေဇဝါဖြင့် သင့်၏တာအိုကလေးငယ် ကို ထုတ်ဖော်ပြသရန် တောင်းဆိုခဲ့သည်။ ကြက်သွေးရောင် ကောင်းကင်ဘုံဝါးမြို နတ်ဆိုးကလေးငယ်ကို ကြည့်ရင်း သူက အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်... "ဆန်မရှိဘဲ ထမင်းချက်ပြီး ထင်းမရှိဘဲ မီးမွှေးမယ် ဆိုတာ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်သလဲ"]
["သင့်မှာ ဝိညာဉ်အမြစ်မရှိဘဲနဲ့ ဟွမ်ယွမ်ရွှေရောင်နေမင်းလောင်ကျွမ်းမီးလျှံလက်ကို ဘယ်လို လုပ်ပြီး သင်ယူနိုင်မှာလဲ"]
ရှန်းယီသည် ဘောင်ကွက်ပေါ်တွင် လက်သွားသော စာတန်းများကို ကြည့်လိုက်သော်လည်း နတ်ဆိုးသက်တမ်း လောင်းထည့်ခြင်းကို ရပ်တန့်ရန် မလောခဲ့ပေ။
ထို့နောက် သူသည် အစစ်အမှန်ပုဂ္ဂိုလ်ဟူ နှင့် တစ်နှစ်ခန့် စကားစမြည် ပြောဆိုခဲ့သည်။
ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတ အများအပြား ရှန်းယီ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာလေ၏။
အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း၏ ခန္ဓာကိုယ်ထဲမှ အရာများကို သိုင်းပညာရှင်များက ဝိညာဉ်အမြစ်ဟု ခေါ်ဆိုကြကြောင်း သိလိုက်ရသည်။
ပိုပြီး ရိုင်းရိုင်း ပြောရရင်...
ဝိညာဉ်အမြစ်ဆိုသည်မှာ မိုးမြေ၏ကြီးမားသော စွမ်းအင်များကို ကောင်းကင်မိုးကြိုးနှင့် မြေကမ္ဘာမီးလျှံများအဖြစ် ပြောင်းလဲပေးသည့် ကိရိယာတစ်ခုသာ ဖြစ်သည်။
"ဒါဆို ငါလိုအပ်တာက နတ်ဆိုးဝိညာဉ်အမြစ်လား"
"မဟုတ်ဘူး... အဲဒါက နတ်ဆိုး ရှာ ဝိညာဉ်အမြစ်"
"ကြမ်းတမ်းတဲ့ မိုးကြိုး၊ပြင်းထန်တဲ့ မီးလျှံ၊ အဆုံးစွန်ယင် အစစ်မှန်ရေ... ဘာမဆို ပါဝင်နိုင်ပေမဲ့ မွေးရာပါအရမ်းဆိုးယုတ်နေဖို့ လိုအပ်တယ်တဲ့လား"
ရှန်းယီ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။
ဤအရာက ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလော သူ မသေချာပေ။
ဥပမာအားဖြင့် ကျန်းချိုလန်သည် သူမ၏ဝိညာဉ်အမြစ်အဖြစ် အထွတ်အထိပ်ဆေးခဲခြင်းစွမ်းအင်ရှိသော ပစ္စည်းမျိုးစုံ လိုအပ်ပြီး၊ အနာဂတ်တွင် သူမ သင်ယူမည့် ကျင့်စဉ်များသည်လည်း အေးခဲခြင်းစွမ်းအင်နှင့် သက်ဆိုင်နေမည်။
အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း ကမူ ကောင်းကင်မိုးကြိုးကို ပိုင်ဆိုင်ထားသည်။
သို့သော် သူ့တွင်မူ တိကျသော လိုအပ်ချက်များ ရှိပုံမရပေ။ မည်သည့်အရာကိုမဆို အသုံးပြုနိုင်သော်လည်း တစ်ခုတည်းသော တင်းကျပ်သည့် အခြေအနေမှာ ၎င်းတို့အားလုံးသည် ဆိုးယုတ်ခြင်း အရိပ်အငွေ့ ပါရှိရမည်။