ကျွန်တော်လည်း ခင်ဗျားကို ပြမယ်
Vol. 25 Ch. 249
"အဆင့်မြင့် နတ်ဆိုးဘုရင်တွေကို အစာအဖြစ် သုံးတာလား။ သူတို့ဆီမှာလည်း နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်ရှိ ကျင့်ကြံသူတွေ ရှိနေတာလား" ဟု ရှန်းယီက အနည်းငယ် အံ့သြစွာ မေးလိုက်၏။
"မဟုတ်ပါဘူး၊ အဲ့ဒီလို မဟုတ်ပါဘူး။ သူတို့ရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်း ကောင်းမွန်ပြီး စွမ်းအားကြီးတဲ့ ဖြစ်တည်မှုများစွာက နှစ်သက်ကြပါတယ်။ဥပမာ အဲ့ဒီ နတ်ဆိုးဘုရင်ကို ဆိုရင် ဝူထုံတောင်က အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ကျန့်က ပို့ပေးလိုက်တာပါ။ နီကျွင်းက အဆီအနှစ်ကို စားသုံးပြီးတဲ့နောက်မှာ အရပ်ရှစ်မျက်နှာစားသောက်ဆိုင် ဂေဟာက နောက်ထပ် စားသောက်ပွဲတစ်ခု ကျင်းပခဲ့ပြီး နတ်ဆိုးတစ်ထောင်ဂူ က နတ်ဆိုးဧကရာဇ် အချို့လည်း တက်ရောက်ခဲ့ကြပါတယ်။"
ချင်းဟွာသခင်မသည် လိမ္မာပါးနပ်စွာ ပြောဆိုလိုက်၏။
သို့သော် ရှန်းယီ မျက်ခုံးပင့်လိုက်မိသည်။
ဒါက လက်ကျန်အကြွင်းအကျန်တွေကို စားတာ မဟုတ်ဘူးလား။
နတ်ဆိုးဧကရာဇ်တွေကို လက်ကျန်တွေ စားခိုင်းရအောင် သူတို့ရဲ့ချက်ပြုတ်စွမ်းရည်က လွန်လွန်ကဲကဲ ကောင်းမွန်နေလို့ပဲ ဖြစ်ရမယ်... ဒါမှမဟုတ် အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ကျန့်ကြောင့်လည်း ပါမှာပေါ့၊ ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးတစ်သိုက်ကို သူစားပြီးသား လက်ကျန် အပူဇော်ခံပစ္စည်းတွေကို ကြည်ကြည်ဖြူဖြူ လက်ခံစားသောက်အောင် လုပ်နိုင်သူလေ။
"တောက်..."
ရှန်းယီသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် ခေါင်းခါလိုက်၏။
ဤမှာတော့ သူက သူ၏ဟွမ်ယွမ် အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသဖို့ပင် မရဲဘဲရှိနေချိန်မှာ တခြားတစ်ယောက်ကတော့ ဂုဏ်သတင်းလေး တစ်ခုတည်းနဲ့တင် နတ်ဆိုးများ၏လေးစားမှုကို ရယူထားနိုင်ခဲ့သည်။
သူ့၏ကိုယ်ပိုင် လွှမ်းမိုးမှုကတော့ အားနည်းလွန်းနေသေးသည်။
"သခင်ကြီးက ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတာပါ။ အချိန်တန်ရင် သူရဲကောင်းအပေါင်းကို သေချာပေါက် အံ့အားသင့်စေမှာပါ။ အစစ်အမှန်ပုဂ္ဂိုလ်ရွှမ်ကျန့် တောင်မှ ရွေးချယ်စရာ မရှိဘဲ သခင်ကြီးရဲ့ ရှေ့မှောက်မှာ ဦးညွှတ်ပြီး အခစားဝင်ရပါလိမ့်မယ်" ဟု ချင်းဟွာသခင်မက လေးစားစွာ ဦးညွှတ်ရင်း ပြောလိုက်သည်။
"မင်း အပြင်ထွက်ပြီး အဲ့ဒီစကားကို ပြောရဲရင်၊ ဒီတစ်သက် ဒီနေရာကနေ ထွက်ခွာဖို့ ဘယ်တော့မှ စိတ်မကူးနဲ့တော့" ဟု ရှန်းယီက လှမ်းကြည့်ရင်း တိတ်တဆိတ် သတိပေးလိုက်၏။ သူသည် တံခါးအပြင်သို့ ခြေတစ်လှမ်း မချရသေးခင်မှာပင် ရှင်းပြမရတဲ့ အမုန်းတရားတွေ အများကြီးကို ဆွဲဆောင်ချင်စိတ် မရှိပေ။
သို့သော် သူသည် အရပ်ရှစ်မျက်နှာစားသောက်ဆိုင် ဂေဟာသို့ သေချာပေါက် သွားရောက်လည်ပတ်မည်။
အခြေအနေအပေါ် ချင်းဟွာသခင်မ၏ သုံးသပ်ချက်မှာ အတော်လေး ဝေဝါးနေသည်။
ဥပမာအားဖြင့် ကျင့်ကြံသူများ၏ ဂူသင်္ချိုင်းများသည် နတ်ဆိုးတစ်ထောင်ဂူ အနီးတွင် ဘာကြောင့် ပေါ်လာရသနည်း။ ဂူသင်္ချိုင်းများကို ချန်ထားရစ်ခဲ့သော ထိုကျင့်ကြံသူများ၏ အထောက်အထားက မည်သည့်အရာနည်း၊ သူတို့ ဘယ်ရောက်သွားကြသနည်း၊ထို့အတူ လွတ်လပ်ကျင့်ကြံသူများအပေါ် နတ်ဆိုးတစ်ထောင်ဂူနှင့် မသေမျိုးဂိုဏ်းတို့၏ သဘောထားက မည်ကဲ့သို့ရှိသနည်း။
ဤအရာတွေအားလုံးကို မသိရှိရသေးပေ။
သို့သော် အရာတစ်ခုကတော့ သေချာသည်။
မသေမျိုးဂိုဏ်းမှ တပည့်များပင်လျှင် သူတို့၏ ရှေ့ဆက်ရမည့် လမ်းကြောင်းအတွက် ဂူသင်္ချိုင်းများ အတွင်း၌ ရှာဖွေကြရသည်။
ထို့အတူ ဝူသိုင်းဘုံကျောင်းအပေါ် ပြန်လည်ပေးဆပ်ချင်လျှင် မဟာချန်မှာပဲ တစ်ချိန်လုံး နေနေစရာ မလိုပေ။ ခိုင်မာသော ဂုဏ်သတင်းတစ်ခု တည်ဆောက်ခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များကိုပင် ရရှိစေနိုင်သည်။
တစ်ခြားသူအားကျေးဇူးမဆပ်မှီ မိမိဝမ်းဗိုက်ကို အသင့်အတင့် ဖြည့်ဆည်းခြင်းသည် လွန်လွန်ကဲကဲ တောင်းဆိုရာ မရောက်တန်ရာပေ။
ရှန်းယီ အခန်းထဲမှ ထွက်လာခဲ့သည်။
သူသည် တောင်ထိပ်သို့ သွားပြီး အလုပ်ရှုပ်နေသော ဂိုဏ်းချုပ်ကို တွေ့လိုက်ရ၏။
"ငါ ဝူသိုင်းဘုံကျောင်းကို ပြန်တော့မယ်။ တစ်လကြာရင် ပြန်လာယူမယ်။"
"စိတ်ချပါ အရာရှိရှန်း၊ တိုးတက်မှုက ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုချောမွေ့နေပါတယ်" ဟု လင်းကျင်းရီ က ပြောလိုက်၏။
လက်နက်သွန်းလုပ်ခြင်း စတင်လိုက်သည်နှင့် တပြိုင်နက် သူ စကားပြောရာတွင် တုန်ရီခြင်း မရှိတော့ဘဲ ရှန်းယီကို ခေတ္တမျှသာ လှည့်ကြည့်ပြီး တိုတိုတုတ်တုတ် ပြန်ဖြေကာ သူ၏ အလုပ်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်လေသည်။
…
မဟာချန်ဗဟိုမြို့တော်၊ ဝူသိုင်းဘုံကျောင်း
ညဥ့်နက်သန်းခေါင်ယံ အချိန်ဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။
ကြက်သွေးရောင်တိမ်တိုက်တစ်ခုသည် ဝင်း (က) ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။
ရှန်းယီသည် အကျင့်ပါနေသည့်အတိုင်း သူ၏ လက်မောင်းများကို ပုတ်ခါလိုက်ပြီး သူ၏ နေအိမ်သို့ ပြန်ရန် ပြင်လိုက်စဉ် ကုန်းကွကျကျ ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။
ပိန်လှီသော မျက်နှာထားသည် ခံစားချက်ကင်းမဲ့စွာဖြင့် သူ့ဘက်သို့ ကြည့်နေ၏။
ထို့နောက် အပေါ်ယံ အပြုံးတစ်ခုကို ဆင်မြန်းကာ ပြုံးလိုက်ပြီး "ဂျူနီယာညီလေးရှန်း၊ မတွေ့တာ ကြာပြီပဲ" ဟု ပြောလိုက်သည်။
“…”
ညဥ့်နက်သန်းခေါင်ကြီး အတော်လေး ကျောချမ်းစရာ ကောင်းလိုက်တာ။
ရှန်းယီ စိတ်ထဲမှ ညည်းတွားလိုက်ပြီးနောက် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"စီနီယာအစ်ကို ဝူ။"
ဝူတောက်အန်း သည် လူငယ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ လက်ယပ်ခေါ်လိုက်၏။
"ငါ့နောက် လိုက်ခဲ့။"
ရှန်းယီ နားမလည် ဖြစ်သွားသော်လည်း ထိုသူ့နောက်သို့ လိုက်ကာ ပင်မခန်းမကြီးဆီသို့ သွားခဲ့သည်။
ခန်းမကြီးသည်လွတ်ဟာနေပြီး ယင်ဝိညာဉ် တစ်ခုသာ အတွင်း၌ မျောလွင့်နေသည်။
တရားထိုင်သည့် ဖျာများပေါ်တွင် သေတ္တာနှစ်လုံး ရှိနေ၏။
"စီနီယာအကိုကျူး"
ဝူတောက်အန်းသည် အနည်းငယ်ဆွေးမြေ့နေပုံရပြီး ရိုးရှင်းစွာ နှုတ်ဆက်လိုက်၏။
ကျူးကျွယ် ခေါင်းညိတ်လိုက်ပြီးနောက် ရှန်းယီဘက်သို့ လှည့်လာ၏။
"ဂျူနီယာညီလေး..."
သူ တစ်စုံတစ်ခု ပြောချင်ပုံရသော်လည်း သက်ပြင်းသာ ချလိုက်သည်။
ထိုအရာကို မြင်သောအခါ ဝူတောက်အန်းသည် အနည်းငယ် နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။
စီနီယာအကိုကျူးက အခြားသူတွေကို ဒီလို မျက်နှာထားမျိုး ပြတာ သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ... သူက အကူအညီ တောင်းနေတာများလား။
ထားလိုက်ပါတော့...
ဝူတောက်အန်းသည် ခါးသက်သော အပြုံးဖြင့် ပြန်လှည့်လာ၏။
"လွန်ခဲ့တဲ့တစ်ခေါက်က မင်းကို လျှောက်မသွားဖို့ ငါ အကြံပေးခဲ့တယ်၊ ဒါပေမဲ့ မင်းက ဘယ်လိုမှ နားမထောင်ခဲ့ဘူး။ ဒီအဘိုးကြီးလည်း ပြောရတာ မောနေပြီ။ ဒီမှာ ကြည့်စမ်း" ဟု သူက ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူသည် ကိုယ်ကို ကိုင်းကာ သစ်သားသေတ္တာ နှစ်လုံးကို ဖွင့်လိုက်၏။
ရွှေဝါရောင် အဝတ်ပျော့ဖြင့် ခံထားသော သေတ္တာတစ်လုံးစီတွင် ကျောက်စိမ်းရုပ်သေးသေးလေး တစ်ခုစီ ပါရှိသည်။
"ဒါတွေက ဘာတွေလဲဆိုတာ မင်းသိချင်မှ သိမှာ..."
"သူတို့ ဘယ်လို သေသွားတာလဲ။"
ရှန်းယီသည် သစ်သားသေတ္တာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး တစ်ဖက်လူ၏ စကားကို ဖြတ်ပြောလိုက်၏။
ဤကျောက်စိမ်းရုပ်သည် ကျဆုံးသွားသော ဟွမ်ယွမ်အရှင်သခင်နှစ်ဦး၏ တာအိုဝိညာဉ်များ ဖြစ်ကြောင်း အသေအချာပင်။ (တာအိုဝိညာဉ်နဲ့တာအိုကလေးငယ်ကအတူတူပဲနော်် အကူဘာသာပြန်ကတာအိုကလေးငယ်လို့ဘာသာပြန်ထားလို့)
"အာ..."
ဝူတောက်အန်း ပါးစပ်ဟသွားပြီး ဤလူငယ်လေးမှာ ၎င်းတို့ကိုတကယ်ပင်မှတ်မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ဤအရာက သူ့ကိုစကားအများကြီး ပြောရမည့် ဒုက္ခမှ သက်သာသွားစေ၏။
သူ မျက်လုံးများကို မှိတ်လိုက်သည်။
"သူတို့ ဘယ်လို သေသွားလဲဆိုတာ ငါတို့ မသိရဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က သိဖို့ မတန်လို့ပဲ။"
ဝူတောက်အန်းသည် ပုံမှန်အားဖြင့် ဤလူများကို ကြမ်းတမ်းသော သိုင်းသမားများဟု ရည်ညွှန်းလေ့ ရှိ၏။
သို့သော် ယခုအချိန်တွင်မူ သူသည် အားယူကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သစ်သားသေတ္တာဘေးတွင် ထိုင်ချလိုက်ရာ သူ၏ ကျဲပါးသော ဆံပင်များသည် အနည်းငယ် ခြောက်သွေ့ညှိုးငယ်နေပုံ ပေါက်နေသည်။
သူ၏အက်ကွဲနေသော အသံသည်လည်း တက်ကြွမှု အနည်းငယ် ဆုံးရှုံးနေ၏။
လုပ်ဖော်ကိုင်ဖက်များ၏နောက်ကွယ်မှ အတင်းပြောဆိုခြင်း ဖြစ်စေ၊ ကျင့်ကြံခြင်း ရပ်တန့်နေခြင်း ဖြစ်စေ၊ မည်သည့်အရာကမျှ ဤဂျူနီယာညီလေးက တစ်ရက်ခြားတစ်ခါ သူ့အသက်သူ ရင်းပြီး ကစားနေခြင်းလောက် စိတ်ဆင်းရဲစရာ မကောင်းလှပေ။
"ရှန်းယီ... ဒီအဘိုးကြီး မင်းကို ပေးနိုင်တာ အကုန်ပေးပြီးပြီ... ငါ့ကို ထပ်ပြီး မခြောက်လှန့်ပါနဲ့တော့ကွာ... ရမလား။"
"ငါ မင်းကို တောင်းပန်တယ်လို့ပဲ သဘောထားလိုက်ပါ။"
အဘိုးအိုသည် အနည်းငယ် သနားစရာ ကောင်းနေသည်။ ကျူးကျွယ်သည် သူ့ဘေးတွင် ပေါ့ပါးစွာ မျောလွင့်နေပြီး ကျဲပါးနေသော ဆံပင်အနည်းငယ်ကို သပ်တင်ပေးရန် လက်လှမ်းလိုက်၏။
"ငါ့ဆံပင်ကို လာမရှုပ်နဲ့"
ဝူတောက်အန်းသည် သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်၏။ ကျူးကျွယ်သည် နှုတ်ခမ်းကို စုပ်သပ်လိုက်ပြီး ရုတ်တရက် ရွှေရောင်အလင်းတန်း တစ်ခုသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသည်။
သူသည် ရွှေရောင်အလင်းတန်းကို လက်ချောင်းများကြားတွင် ပေါ့ပေါ့ပါးပါး ညှပ်လိုက်ပြီး အဘိုးအိုအား လှုပ်ပြလိုက်၏။
“…”
မပြောပလောက်သော ရွှေရောင်အလင်းစက်လေးကို စိုက်ကြည့်နေရင်း ၎င်းသည် သူ၏ မြင်ကွင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဝူတောက်အန်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးများ ပြူးကျလုနီးပါး ဖြစ်သွား၏။
စီနီယာအစ်ကို ကျူးက နှစ်ပေါင်း သုံးထောင့်ကိုးရာလောက် တိတ်ဆိတ်နေပြီးမှ ဉာဏ်အလင်း ပွင့်သွားတာလား။
သူ ကြောင်အနေစဉ်မှာပင် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ဝူတောက်အန်း အံ့သြစွာ လှည့်ကြည့်လိုက်သည်။
ထိုအခါ တောက်ပသော ရွှေရောင်မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံသွားပြီး ခုနစ်ပေအမြင့်ရှိ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် သူ့အနောက်တွင် ဆောင့်ကြောင့်ထိုင်လျက် လက်ချောင်းထိပ်ဖြင့် သူ၏ ဆံပင်ကို ထိတွေ့နေသည်ကို တွေ့လိုက်ရသည်။
ဘိုးဘေးကြီးကို ကာကွယ်ရန်အတွက် ယခုတစ်ကြိမ်တွင် ရှန်းယီသည် ချင်းဟွာ၏ အသိစိတ်အာရုံကို ရိုးရှင်းစွာ လွှဲပြောင်းယူလိုက်၏။
"ပြီးပြီလား။"
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ရွှေရောင်အလင်းတန်းကို ကိုင်ထားသော ကျူးကျွယ်သည် ရုတ်တရက် အနေခက်သလို ခံစားလိုက်ရပြီး တိတ်တဆိတ်ပင် မျက်ခုံးကြားသို့ ပြန်ထည့်လိုက်၏။
ဂျူနီယာညီလေးက ဝူအဘိုးကြီးကို ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်အား တစ်ချက်ကြည့်ရှုခွင့် ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ရွှေရောင်ကိုယ်ထည်အပြည့်အဝ မဖြစ်ပေါ်မီ မိမိ၏ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသခြင်းသည် ကြီးမားသော ယုံကြည်မှုကို ပြသရာ ရောက်ပေသည်။
"မြန်မြန်... ပြန်သိမ်းလိုက်"
ဝူတောက်အန်း ရုတ်တရက် သတိပြန်ဝင်လာပြီး စိုးရိမ်တကြီး တိုက်တွန်းလိုက်၏။
ရွှေရောင်ကိုယ်ထည်သည် ပုလဲတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ချီပင်လယ် အတွင်းသို့ ပြန်ဝင်သွားသည်။
ရှန်းယီ မျက်လုံးဖွင့်လိုက်၏။
သူသည် သူ့ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသခြင်းမျိုး လုပ်မည် မဟုတ်ပေ။
ရွှေရောင်ကိုယ်ထည်ကို ထုတ်ဖော်ပြသရခြင်း အကြောင်းရင်းမှာ ဒီည ကျော်လွန်သွားပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့် ပြောင်းလဲတော့မည်ဖြစ်၏။
“…”
ဝူတောက်အန်းသည် အားကုန်ခမ်းလျက် မြေကြီးပေါ်တွင် ထိုင်ချလိုက်၏။ မူလက သူသည် ဟွမ်ယွမ် အရှင်သခင်နှစ်ဦး၏ သေဆုံးမှုကို အသုံးပြုပြီး ရှန်းယီကို သင်ခန်းစာပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ တစ်ဖက်လူက သူ့ကို ရုတ်တရက် သင်ခန်းစာ ပြန်ပေးလိုက်သလို ဖြစ်သွားလေ၏။
သာမန်လူတွေက ပါရမီရှင်တွေရဲ့ကိစ္စမှာ ဝင်မပါဘဲ ကိုယ့်အလုပ်ကိုယ် လုပ်သင့်တာပါလေ...
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် ဆိုသည်မှာ စစ်မှန်သော နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည့် အနေအထား
ပင်။
တစ်ဖက်လူကသာ ထိုခြေတစ်လှမ်းကို ကျော်ဖြတ်လိုက်လျှင်...
နောက်တစ်ခါဆိုရင်... ရွှမ်ကွမ်းဂူ အနေနဲ့ အလောင်းအား မည်သည့်စကားမှ မပြောဘဲ ဤကဲ့သို့ပြန်ပို့လိုက်မည့်အစား လက်ခံနိုင်လောက်သော သေဆုံးခြင်းအကြောင်းပြချက် တစ်ခုခု ပေးဖို့ လိုအပ်လာလိမ့်မည်။
ဝူတောက်အန်းသည် သစ်သားသေတ္တာ နှစ်လုံးကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။
သူ၏ ခံစားချက်များသည် ထုတ်ဖော်ပြောပြနိုင်ခြင်း မရှိလောက်အောင် ရှုပ်ထွေးနေသည်။
ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။
"ဂျူနီယာညီလေးရှန်းက ဒီအဆင့် ရောက်နေပြီဆိုတော့... ကိုယ်တိုင် အပြင်ထွက်စရာ မလိုတော့ဘူး မဟုတ်လား။"
ရွှေရောင်ကိုယ်ထည်က အပြင်ထွက်ပြီး ရုပ်ခန္ဓာက ဝူကျောင်းတော်ထဲမှာ နေရစ်ခဲ့လို့ ရတာပဲ။
တစ်ခုခု ဖြစ်ခဲ့ရင်တောင်မှ အနည်းဆုံးတော့ ယင်ဝိညာဉ် ပြန်လာနိုင်ပြီး နောက်ထပ် ထွက်ပေါက်တစ်ခု ရှိနေသေးတာပေါ့။
"အဲ့ဒီလို လုပ်လို့ မရဘူး၊ ကျွန်တော် သွားကို သွားရဦးမယ်" ဟု ရှန်းယီက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ယခုတစ်ကြိမ်တွင်မူ ဝူတောက်အန်း သာမက ကျူးကျွယ်ပါဘာပြောရမှန်း မသိတော့ဘဲ ခေါင်းကုတ်လိုက်ကြတော့သည်။