← Chapters

ရွှေရောင်ခန္ဓာကိုယ်ထည် ဖိနှိပ်ချုပ်နှောင်ခြင်းပုံရိပ်

Vol. 25 Ch. 250

ရွှေရောင်ခန္ဓာကိုယ်ထည် ဖိနှိပ်ချုပ်နှောင်ခြင်းပုံရိပ်

Vol. 25 Ch. 250

ရှန်းယီ ရွှေရောင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် အခန်းထဲမှ အခြေအနေသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရွှေရောင်ခန္ဓာကိုယ်သည် ခုနစ်ပေသာ မြင့်ပြီး ပြီးပြည့်စုံသော နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်ဟု မခေါ်ဆိုနိုင်သော်လည်း၊သူသည် လက်ရှိ မဟာချန်မင်းဆက်တွင် တစ်ဦးတည်းသော ပုံမှန် ရွှေရောင်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ပေသည်။

ဘိုးဘေးကြီး၏ဒဏ်ရာများ မသက်သာသေးခင် အချိန်တွင်၊ ရှန်းယီသည် ဝူသိုင်းဘုံကျောင်းဟူသော လှေပျက်ကြီး၏ ပဲ့ကိုင်ရှင် ဖြစ်လာပြီဟု ပြောလျှင် လွန်မည်မထင်ပေ။

ကျူးကျွယ် အံ့အားသင့်သွားရခြင်း၏ အကြောင်းရင်းမှာ ဤအချက်ကြောင့်ပင်။

သူ၏ အမှန်တကယ် ကျင့်ကြံခြင်းနည်းစနစ်ကို ထုတ်ဖော်ပြသလိုက်ခြင်းသည် တစ်ဖက်လူအနေဖြင့် ဤကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းရန် တရားဝင် ဆုံးဖြတ်လိုက်ပြီဟု အဓိပ္ပာယ်သက်ရောက်သည်။

နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်သို့ တက်လှမ်းနေသော ကျင့်ကြံသူတစ်ဦးအတွက် အဆင့်အတန်း တည်ငြိမ်မှု မရှိသေးခင်တွင် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ခြင်းသည် အရေးကြီးဆုံး တာဝန်ဖြစ်သည်မှာ ယုံမှားသံသယ ဖြစ်စရာ မလိုပေ။

ကျန်တာအားလုံးကို ယာယီ သည်းခံထားနိုင်၏။

ဥပမာအားဖြင့် ဤ ဟွမ်ယွမ်အဆင့် အရှင်သခင်များ၏ အသက်ကဲ့သို့သော အရာများပင်။

"..."

ထိုအကြောင်းကို တွေးမိရင်း ကျူးကျွယ်သည် ဘေးနားရှိ လူငယ်လေးကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

သူ့ပါရမီကို အံ့သြမိသလို၊ တာဝန်သိတတ်မှုအပေါ် လေးစားမိသော စိတ်လည်း ဖြစ်ပေါ်လာသည်။

ဂျူနီယာညီလေးသည် ဝူလေး (ဝူတောက်အန်း) ၏ ယုံကြည်မှုကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အခြားသူများ ထင်ထားသည်ထက် ပိုမို အားကိုးရသူတစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့သည်။

သို့သော်

ဝူလေးက ဂျူနီယာညီလေးအား ရွှေရောင်ခန္ဓာကိုယ်ကိုပြန်လည်သိမ်းဆည်းရန် မသိစိတ်ဖြင့် ပြောလိုက်ခြင်းမှာ ဂျူနီယာ၏ စေတနာကို လက်မခံလိုကြောင်း ပြသလိုက်ခြင်းပင်။

တစ်ဖက်လူကို အရပ်မျက်နှာ အသီးသီးမှ ရန်သူများကို ဟန့်တားနိုင်သည့် ဧရာမ သစ်ပင်ကြီးတစ်ပင် ဖြစ်လာသည်အထိ ဆက်လက် ကျင့်ကြံစေချင်သော သဘောဖြစ်သည်။

"ပြန်ကြတော့၊ ငါ တစ်ယောက်တည်း ခဏလောက် နေချင်တယ်"

ဝူသိုင်းဘုံကျောင်းမှ ထွက်ခွာရန် ရှန်းယီတို့ကို တိုက်တွန်းလိုက်သော ဝူတောက်အန်း၏ ပုံစံမှာ အာရုံလွင့်နေသကဲ့သို့ပင်။

ဖြစ်နိုင်သည်မှာ စီနီယာအစ်ကိုကျူးက စောစောစီးစီး ရွှေရောင်အလင်းတန်း ထုတ်လွှတ်ပြသခဲ့ဖူးသဖြင့် ရွှေရောင်ခန္ဓာကိုယ်ကို မမြင်တွေ့ရခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ချိန် အနည်းငယ် ရလိုက်သောကြောင့် ချက်ချင်း ထိတ်လန့်သွားခြင်း မရှိတာလည်း ဖြစ်နိုင်သည်။

ယခု ပြန်စဉ်းစားကြည့်လိုက်မှ ၎င်းသည် ဝမ်းသာစရာ ကောင်းသော အံ့သြမှုတစ်ခု ဆိုတာထက် ရင်ထဲ၌ ထိတ်လန့်စရာ ကောင်းသော ခံစားမှုမျိုး ဖြစ်နေသည်။

သူအပါအဝင် ဝူသိုင်းဘုံကျောင်းမှ လူအိုကြီးများသည် ကြီးမားလှသော အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများ၊ နှစ်ပေါင်းများစွာသော အချိန်များကို ကုန်ဆုံးပြီးနောက် ဘာတွေများ ပြီးမြောက်ခဲ့ကြသနည်း။

အကယ်၍သာ သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ဤပိုင်ဆိုင်မှုများကို ရှန်းယီလက်ထဲ ထည့်ပေးနိုင်ခဲ့ပါက၊

ယခုအချိန်လောက်ဆိုလျှင် ဝူသိုင်းဘုံကျောင်းသည် နတ်ဆိုးတစ်ထောင်ဂူ၏သင်္ချိုင်းကုန်းပေါ်တွင် ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးကို တည်ဆောက်နိုင်ခဲ့လောက်ပြီ။

ရှန်းယီနှင့် ကျူးကျွယ်တို့သည် ထိုလူအိုကြီးကို ကြည့်ကာ ခေါင်းခါလိုက်ကြပြီး ကြမ်းပြင်ပေါ်မှ သစ်သားသေတ္တာကို ကောက်ယူကာ ခန်းမဆောင်ကြီးထဲမှ အတူတူ ထွက်ခွာလာခဲ့ကြ၏။

မည်သူကမျှ ဟွမ်ယွမ်အဆင့် နှစ်ဦး သေဆုံးသွားခြင်းအကြောင်း ထပ်မံ ထည့်မပြောကြတော့ပေ။

လုံလောက်သော အင်အားမရှိပါက ဘာပြောပြော အလကားပင်။

"ဟင်း..."

နောက်ဆုံးတွင် ဝူသိုင်းဘုံကျောင်းထဲ၌ ဝူတောက်အန်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

သူသည် ဘိုးဘေးကြီး၏ ခြေရင်းသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ဒေါသထွက်နေသော်လည်း အသက်မဲ့နေသော မျက်နှာကို မော့ကြည့်လိုက်သည်။

ခေတ္တမျှတွေဝေပြီးနောက် ဘေးတစ်ဖက်တစ်ချက်စီရှိ ပူဇော်ရာ စင်မြင့်များကို အင်္ကျီလက်စဖြင့် သုတ်လိုက်ပြီး ဘယ်ဘက် စင်မြင့်ပေါ်သို့ တက်ကာ ခြေချိတ်ထိုင်ရန် ကြိုးစားလိုက်သည်။

ခဏမျှစမ်းသပ်ကြည့်ပြီးနောက် ပူဇော်ရာစင်မြင့်သည် အေးစက်ပြီး မာကျောနေကာ စိတ်ဝင်စားစရာ မကောင်းကြောင်း တွေ့လိုက်ရ၏။

သူ ပါးစပ်ဟကာ အသံမထွက်ဘဲ ရယ်မောလိုက်သည်။

ရှန်းယီသည် တစ်စုံတစ်ခုကို အမှန်တကယ် ပြောင်းလဲနိုင်စွမ်း မရှိသေးသော်လည်း ဝူတောက်အန်း၏ နှလုံးသားထဲသို့ မျှော်လင့်ချက် မီးပွားလေး တစ်ခု ထည့်ပေးနိုင်ခဲ့သည်။

အချိန်တစ်ခု ရလာသည်နှင့်အမျှ မဟာချန်မင်းဆက်သည် ကျိုကျိုးနယ်မြေကို စောင့်ရှောက်ရန်အတွက် မသေမျိုးဂိုဏ်းများကို မှီခိုနေရခြင်းမှ ရပ်တန့်နိုင်တော့မည်။

ဤနေရာတွင် မွေးဖွားလာသော ဟွမ်ယွမ် အရှင်သခင်များသည်လည်း မွေးရာပါ နိမ့်ကျသူများကဲ့သို့ ရွှမ်ကွမ်းဂူ းအတွက် ကင်းထောက်ပေးရသော အမဲလိုက်ခွေးများ ဖြစ်လာစရာ မလိုတော့ပေ။

...

ဝူသိုင်းဘုံကျောင်း ဝင်း(က)

ရှန်းယီသည် အဆင့်တက်လှမ်းရန် အရေးကြီးသော အချိန်ရောက်နေပြီဖြစ်၍ အခြားသူများ၏ အကူအညီ မလိုတော့သော စီနီယာအစ်ကိုကျူးကို နှုတ်ဆက်လမ်းခွဲလိုက်၏။

သူသည် ဝင်းထဲသို့ တစ်ယောက်တည်း ပြန်ရောက်လာ၏။

အကျင့်ပါနေသည့်အတိုင်း တံခါးကို ပိတ်လိုက်သည်။

ရှန်းယီသည် ကုတင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး မျက်လုံးများမှိတ်ကာ ခုနက မြင်တွေ့ခဲ့ရသော တာအိုဝိညာဉ်အကြွင်းအကျန်များကို ပြန်လည် ဆင်ခြင်သုံးသပ်လိုက်၏။

ယင်းတို့အနက် တစ်ခုသည် အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း၏ ဝိညာဉ်နှင့် ခွဲခြားမရနိုင်လောက်အောင် တူညီနေပြီး နောက်တစ်ခုမှာမူ အနည်းငယ် နိမ့်ကျကာ နှလုံးသားနေရာ၌ ဝိညာဉ်အမြစ် တစ်ခုသာ ရှိသည်။

အဆင့်မြင့် ဟွမ်ယွမ် နှင့် အလယ်အလတ်အဆင့် ဟွမ်ယွမ်လော။

မည်သူမဆို ချင်ကျိုးနယ်မြေမှ မြေခွေးနတ်ဆိုး ဘေးဒုက္ခကို လွယ်ကူစွာ ဖြေရှင်းနိုင်စွမ်း ရှိသူများ ဖြစ်သော်လည်း အစအနမကျန် တိတ်တဆိတ် ကျဆုံးသွားခဲ့ကြသည်။

အပြင်လောကမှ အခြေအနေသည် သူထင်ထားသည်ထက် ပိုမို အန္တရာယ်များမည့်ပုံရလေ၏။

မဟာချန်မင်းဆက်မှ ထွက်ခွာတော့မည် ဖြစ်သောကြောင့် စေ့စပ်သေချာသော ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပေသည်။

ရှန်းယီ မျက်လုံးဖွင့်လိုက်ပြီး နတ်ဆိုးသက်တမ်းအတွက် နှမြောတသ မနေတော့ပေ။

သူသည် နတ်ဆိုးမူလတစ်ခုကို တိုက်ရိုက် စုစည်းလိုက်၏။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၄၃၁၂ နှစ်]

သူ့စိတ်အာရုံထိတွေ့လိုက်သည်နှင့် တပြိုင်နက် ထူးဆန်းပြီး အရုပ်ဆိုးသော နတ်ဆိုးအကြွင်းအကျန် အများအပြားသည် သူ့မြင်ကွင်းထဲတွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။

ရှန်းယီသည် အပိုင်းပိုင်း အစစ ဖြစ်နေသော နဂါးဖြူကို လျင်မြန်စွာ ရှာတွေ့လိုက်၏။

နောက်တစ်ခဏတွင် နတ်ဆိုးဝိညာဉ် စတင် စုစည်းလာသည်။

ရင်းနှီးနေသော ညည်းညူသံများသည် ရှန်းယီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြီး ဒီတစ်ကြိမ်တွင်မူ နဂါးဟိန်းသံများအဖြစ် ပြောင်းလဲသွားသည်။

အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။

များစွာ သေးငယ်သွားသော နဂါးဖြူ အရိပ်တစ်ခုသည် တဖြည်းဖြည်း ခိုင်မာလာပြီး ကိုးမီတာခန့် ရှည်လျားကာ နဂါးကိုယ်ထည်ကို ခွေရစ်လျက် အခန်းထဲတွင် ပျံဝဲနေသည်။

၎င်း၏မျက်လုံးများတွင် ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်နေပြီး "နဂါးဖြူက သခင်ကြီးကို ဂါရဝပြုပါတယ်" ဟု ဆို၏။

"နတ်ဆိုးနဲ့ ကျင့်ကြံသူတွေရဲ့ လိုဏ်ဂူတွေအကြောင်း မင်းသိသမျှ အကုန်ပြော၊ ပြီးတော့ မိုးမြေရတနာတွေအကြောင်း သတင်းအချက်အလက်တွေပါ ပြော" ရှန်းယီသည် အချိုသပ် စကားပြောနေရန် စိတ်ကူးမရှိဘဲ ပြောလိုက်၏။

"သခင်ကြီးကို တင်ပြချင်ပါတယ်၊ နဂါးဖြူက နှစ်ပေါင်းတစ်ထောင်နီးပါး တစ်ကောင်တည်း နေသားကျနေတာပါ။ ချင်းချိုမြေခွေးနတ်ဆိုးနဲ့ပဲ မိတ်ဆွေဖွဲ့ဖူးပါတယ်၊ သူကလည်း သခင်ကြီးလက်ချက်နဲ့ သေဆုံးသွားပါပြီ။ မိုးမြေရတနာတွေ အနေနဲ့ကတော့ ငွေလမင်းနှင်းကြာပန်း တစ်ပွင့် ရှိဖူးပါတယ်၊ အဲဒါကို အရှက်မရှိတဲ့ သူခိုးမတစ်ယောက်က ခိုးသွားလို့..."

သောက်ကျိုးနည်း ဘယ်လိုကောင်လဲ၊ ငါနတ်ဆိုးဝိညာဉ် နှစ်ကောင် စုစည်းမိတာတောင်...

တစ်ကောင်မှာ အိမ်တွင်းပုန်း ကောင်မလေး၊ နောက်တစ်ကောင်သည် အိမ်တွင်းပုန်း နဂါးလေး ဖြစ်နေလေ၏။

ရှန်းယီ ဆွံ့အဖြစ်သွားပြီး လက်ကို ဝှေ့ယမ်းကာ စနစ်ဘောင်ကွက်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

[ဟွမ်ယွမ် (ရတနာ) - နဂါးဖြူ နတ်ဆိုးဘုရင်]

အထွတ်အထိပ်အဆင့် အရှင်သခင်နှင့် ယှဉ်နိုင်သည့်အလျောက် နဂါးဖြူအတွက် နှစ်ပေါင်း တစ်သောင်း ရရှိပြီး ချင်းဟွာသခင်မအတွက် နှစ်ပေါင်း နှစ်သောင်း ရရှိခဲ့သည်။

ရှန်းယီ၏ စိတ်အခြေအနေ အနည်းငယ် တိုးတက်လာပြီး ကျောင်းတော်အစောက်အရှောက်၏ ရွှေမှတ်တမ်းကို ထုတ်ယူကာ လက်ဖဝါးပေါ်တွင် တင်လိုက်သည်။

ထို့နောက် နတ်ဆိုးသက်တမ်းအား အာဟတ်ရွှေရောင်ခန္ဓာကိုယ် ကျင့်စဉ် ထဲသို့ လမ်းကြောင်းလွှဲ ထည့်သွင်းလိုက်သည်။

သူ့ခန့်မှန်းချက်အရ ချင်းဟွာ၏နတ်ဘုရားဝိညာဉ်ထဲသို့ ရှုပ်ထွေးသော အတွေးများကို ဖိနှိပ်ထည့်သွင်းနိုင်သည် ဆိုပါက အခြား နတ်ဆိုးဝိညာဉ်များဖြင့်လည်း လုပ်ဆောင်နိုင်ရပေမည်။

ဒီလောက်ကြီးမားတဲ့ ရွှေရောင်ခန္ဓာကိုယ်ကြီးက နတ်ဆိုးနှစ်ကောင်လောက်တော့ လက်ခံနိုင်မှာ သေချာပါတယ်။

သို့သော် စနစ်ဘောင်ကွက်ပေါ်တွင် ပေါ်လာသော နောက်ဆက်တွဲ စာတန်းများက ရှန်းယီကို မျက်မှောင်ကြုတ်သွားစေ၏။

【ပထမနှစ်၊ သင်သည် အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများကို ဆက်လက် ချေဖျက်ပြီး ရွှေရောင်အလင်းအဖြစ် သန့်စင်နေစဉ် ရှုပ်ထွေးသော အတွေးများက သင့်စိတ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာကာ အတိတ်က ညှဉ်းပန်းနှိပ်စက်မှုများကို ရုတ်တရက် ပြန်လည်အမှတ်ရစေသည်။ သင်သည် မသိစိတ်ဖြင့် ချင်းဟွာနှင့် နဂါးဖြူကို ခေါ်ထုတ်ပြီး ထိုနည်းလမ်းကို ထပ်မံ အသုံးပြုရန် မျှော်လင့်သည်။】

【ဆယ်နှစ်မြောက်တွင်၊ ချင်းဟွာ၏ အကူအညီဖြင့် သင်တို့နှစ်ဦးသည် ရှုပ်ထွေးသော အတွေးများကို နဂါးဖြူ၏ နတ်ဘုရားဝိညာဉ်ထဲသို့ အတင်းအဓမ္မ ဖိနှိပ်ထည့်သွင်းရန် စတင် ကြိုးစားသော်လည်း တိုးတက်မှု မရှိပေ။ ကနဦးတွင် ချင်းဟွာသခင်မသည် ယင်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်သော်လည်း နဂါးဖြူနှင့် ယင်ဝိညာဉ် ရွှေရောင်ခန္ဓာကိုယ်ကြားတွင် မည်သည့် ဆက်နွယ်မှုမျှ မရှိပေ။ ၎င်းကို ရွှေရောင်ခန္ဓာကိုယ်ထဲသို့ မည်သို့ ထည့်သွင်းရမည်ကို သင်တို့နှစ်ဦး စဉ်းစားကြသည်။】

【၃၆ နှစ်မြောက်တွင်၊ သင်သည် မဟာနတ်ဆိုးကိုးပါးအသွင်ပြောင်းလဲခြင်းကို တုပပြီး နဂါးဖြူအားရွှေရောင်ခန္ဓာကိုယ်ထဲတွင် ချုပ်နှောင်ထားရန် အကြံပြုသည်။ ချင်းဟွာသည် စဉ်းစားဟန်ပြုပြီး ရွှေရောင်ခန္ဓာကိုယ်ကို ကြီးမားသော အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးစားသည်။】

【၈၉၂ မြောက်တွင်၊ သင်သည် သင့်စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်လာပြီး အာဟတ်ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။】

【၁၇၀၀ နှစ်မြောက်တွင်၊ ချင်းဟွာသခင်မသည် နဂါးဖြူကို အတင်းအဓမ္မချုပ်နှောင်လိုက်ပြီး သင်သည် လျင်မြန်စွာ လိုက်ပါလုပ်ဆောင်ကာ အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအားများကို ပြန်လည်ချေဖျက်ပြီး ရှုပ်ထွေးသော အတွေးများကို နဂါးဖြူ၏ခန္ဓာကိုယ်ထဲသို့ ဖိနှိပ်ထည့်သွင်းလိုက်သည်။】

ဒါ ဘာကြီးလဲ၊ကောင်းမွန်တဲ့ ရွှေရောင်ခန္ဓာကိုယ် ကျင့်စဉ်ကနေ နတ်ဆိုးသိုင်းပညာအဖြစ် ပြောင်းလဲသွားတာလား။

ရှန်းယီသည် စနစ်ဘောင်ကွက်ကို ထူးဆန်းစွာ ကြည့်လိုက်၏။

သူ့အတွေးများကို သက်သေပြနေသကဲ့သို့ နောက်ထပ် အချက်ပြစာတန်း နှစ်ခု ချက်ချင်း ပေါ်လာသည်။

【သင်ယူခဲ့ပြီး -နတ်ဘုရားအသွင်ပြောင်းခြင်း (ရတနာ)။ ရွှေရောင်ခန္ဓာကိုယ်ထည် ဖိနှိပ်ချုပ်နှောင်ခြင်းပုံရိပ်】

【ရွှေရောင်ခန္ဓာကိုယ်ကို အဆုံးမဲ့နတ်ဆိုးအကျဥ်းထောင်အဖြစ် အသုံးပြု၍ လောကမှ နတ်ဆိုးများကို ဖိနှိပ်ချုပ်နှောင်ခြင်း】

နုတ်ယူမှုများ သည် တဖြည်းဖြည်း ပိုမို ချောမွေ့လာ၏။ နတ်ဆိုးသက်တမ်းများသည် ရေစီးကဲ့သို့ ကုန်ဆုံးသွားပြီး ထူထပ်သော အဖြူရောင်မြူခိုးများသည်လည်း သိသာထင်ရှားသော နှုန်းဖြင့် စတင် ပါးလွှာသွားသည်။

【ရွှေရောင်ခန္ဓာကိုယ်ထည်ဖိနှိပ်ချုပ်နှောင်ခြင်းပုံရိပ် - အစပြုအဆင့်】

ကျင့်ကြံခြင်းနည်းစနစ်သည် အဆင့်တစ်ခု အောင်မြင်သွားသော်လည်း လှုပ်ရှားမှုများသည် ထိုနေရာတွင် ရပ်တန့်မသွားပေ။

မဟာချန်မင်းဆက်၏အမွှေးတိုင်နှင့် ယုံကြည်မှုစွမ်းအား ငါးပုံတစ်ပုံ... အတိအကျဆိုရလျှင် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားသည် အထိပင်။

လက်ကျန်ရှိသော နတ်ဆိုးသက်တမ်း နှစ်ပေါင်း တစ်သောင်းကျော်သည် တိုက်ရိုက် ကုန်ဆုံးသွား၏။

ရှန်းယီ တိတ်ဆိတ်သွားပြီး အိမ်ထဲမှ ထွက်လာကာ အနီရောင်တိမ်တိုက်ကို ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။

အစောပိုင်းက စနစ်ဘောင်ကွက်ပေါ်ရှိ နဂါးဖြူနှင့် ပတ်သက်သော စာကြောင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

All Chapters