အခန်း (၂၅၇-၂၅၈)
Vol. 17 Ch. 257-258
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၅၇ ။ လမ်းနှစ်သွယ်
ယင်းတျန့်၏ လျှောက်တင်ချက်ကို နားထောင်ပြီးနောက် လိုကျစ်ကွေ့ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
ယင်းတျန့် စိတ်ပူလာပြီး မေးလိုက်သည်။
"စစ်သေနာပတိချုပ်၊ အနက်ရောင်နှင်းခဲမြင်းတပ် လာမှာလား။"
လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။
ယင်းတျန့်... ကမ္ဘာပျက်ပြီ။
လိုကျစ်ကွေ့ မျှော်စင်အောက်ရှိ အမတ်များကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အခု အရေးကြီးဆုံးက အရှင်မင်းကြီးကို မြို့တော်ပြင် ပို့လိုက်ဖို့ပဲ။"
"ဘာ..."
ယင်းတျန့် အံ့သြသွားသည်။
"ဇာတ်လမ်း ဆက်ကလို့ မရတော့ဘူးလား။"
လိုကျစ်ကွေ့ ခေါင်းခါလိုက်သည်။
ယင်းတျန့် စိတ်ပူပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
"အမတ်ချုပ်ကြီးလက်ထဲမှာ စစ်တပ်အင်အား နည်းနည်းပဲ ရှိတော့တာလေ။"
"ဒါကြောင့် အခုအချိန်မှာ အရှင်မင်းကြီးကို မြို့တော်ပြင် ပို့လိုက်တာ အကောင်းဆုံးပဲ။"
လိုကျစ်ကွေ့ စိတ်ပူနေသော်လည်း မျက်နှာပေါ်တွင် မပေါ်လွင်စေရန် ထိန်းချုပ်ထားသည်။
"ဘယ်လို ပို့မလဲ။"
ယင်းတျန့် ခေါင်းထဲ အုံခဲသွားသလို ခံစားလိုက်ရသည်။ စဉ်းစားလို့ မရတော့ဘူး။
လိုကျစ်ကွေ့ မြေပုံကို လက်ညှိုးဖြင့် ခေါက်ရင်း စဉ်းစားနေသည်။
ယင်းတျန့် လိုကျစ်ကွေ့ စဉ်းစားနေမှန်းသိလို့ ငြိမ်နေလိုက်သည်။
လောင်တ အခန်းထဲဝင်လာပြီး လိုကျစ်ကွေ့ကို အော်လိုက်သည်။
လိုကျစ်ကွေ့ ငုံ့ကြည့်လိုက်သည်။
"အရှင်မင်းကြီးရဲ့ ကြောင်။"
ယင်းတျန့် ပြောလိုက်သည်။
လိုကျစ်ကွေ့ လက်ယပ်ခေါ်လိုက်သည်။
လောင်တ လိုကျစ်ကွေ့ ပေါင်ပေါ် ခုန်တက်လိုက်သည်။ ပျော်ရွှင်စရာ အခိုက်အတန့်လေးပါပဲ။
"မင်းသခင်မလေး ဘာလုပ်နေလဲ။"
"ကြောင်တောင်တောင် ဖြစ်နေတယ်။"
လောင်တ ပြန်ဖြေလိုက်သည်။
"အနက်ရောင်နှင်းခဲမြင်းတပ် မလာတော့ဘူးဆိုတာ သိတော့ သေချင်စိတ်ပေါက်သွားသလိုပဲ။ မြောင်..."
"သူ ဘာမှမဖြစ်ရင် ပြီးတာပါပဲ။"
လိုကျစ်ကွေ့ လောင်တ၏ခေါင်းကို ပွတ်သပ်လိုက်သည်။
"ငတုံးမလေးက ဘာမှမဖြစ်တာ မဟုတ်ဘူး။ သေချင်စိတ် ပေါက်နေတာ။"
"မင်း ငါ့ကို နှစ်သိမ့်ပေးနေတာလား။"
လောင်တလည်း သေချင်စိတ် ပေါက်သွားသည်။
"မင်းသခင်မလေးနားမှာ နေပေးသင့်တယ်။"
"ငတုံးမလေးက အထီးကျန်မနေပါဘူး။"
လောင်တ မျက်လုံးလှန်ကြည့်လိုက်သည်။
"ငါ ဘာလုပ်သင့်လဲ။"
"မြောင်..."
လောင်တ ကြောင်သွားသည်။ ဒီအချိန်ကျမှ အကြံမရှိတော့ဘူးလား စစ်သေနာပတိချုပ်။
ယင်းတျန့်... စစ်သေနာပတိချုပ်က ကြောင်နဲ့ စကားပြောနေတာလား။ စိတ်များ လွတ်သွားပြီလား။
....
နဉ်ရှောင်ယောင်း သကြားလုံးများကို တိရစ္ဆာန်သူငယ်ချင်းများနှင့် မျှဝေစားသောက်ပြီးမှ စိတ်သက်သာရာ ရသွားသည်။
ထို့နောက် အခန်းထဲ လမ်းလျှောက်ရင်း မေးလိုက်သည်။
"စားတော်ကဲကြီးဟွမ်က ငါ့ကို အားဆေးရည် လုပ်ပေးမယ်ဆို။ ဘာလို့ အခုထိ မလာသေးတာလဲ။"
မြွေပါမြီးတိုက သကြားလုံးဝါးရင်း "ရှောင်ယောင်း၊ အသက်ရှင်ဖို့ နည်းလမ်းအရင်ရှာပါ။ အားဆေးရည်က အရေးမကြီးပါဘူး။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ သေတော့မယ်ဆိုရင် အားဆေးရည်သောက်လို့ ဘာထူးမှာလဲ။
"နင့်မှာ အကြံမရှိဘူးလား။"
"ထွက်ပြေးမယ်။"
နဉ်ရှောင်ယောင်း အံကြိတ်ပြီး ပြောလိုက်သည်။
"စစ်သေနာပတိချုပ် ဘယ်လိုလုပ်မလဲ။"
ရှောင်မိုက် မေးလိုက်သည်။
"သူ့ကိုပါ ခေါ်သွားမယ်။"
"ငါ့သခင်ရော။"
သိမ်းငှက်လေး မေးလိုက်သည်။
"အကုန်လုံး ခေါ်သွားမယ်။"
"နန်းတော်ထဲက လူတွေ၊ ဟုကော်ကုန်းအိမ်တော်က လူတွေ၊ အကြီးအကဲလီတို့ရော။"
အဘိုးစာကလေး မေးလိုက်သည်။
နဉ်ရှောင်ယောင်း... အကုန်လုံး ခေါ်သွားရင် ဖြစ်ပါ့မလား။
"အမတ်ချုပ်ကြီး လိုက်ဖမ်းရင် ငါတို့ နိုင်ပါ့မလား။"
သိမ်းငှက်လေး စိုးရိမ်တကြီး မေးလိုက်သည်။
"မနိုင်ဘူး။"
အားလုံး တိတ်ဆိတ်သွားကြသည်။ အကြံကုန်သွားပြီ။
နဉ်ရှောင်ယောင်း အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး တံခါးဖွင့်ကာ အော်ဟစ်လိုက်သည်။
"သာ့ဖုန်း! စစ်သေနာပတိချုပ်နဲ့ ယင်းလေတို့ကိုခေါ်ပြီး အစည်းအဝေးလုပ်မယ်!"
အပြင်ဘက်တွင် စောင့်နေသော ယင်းဖုန်း... ဘာဖြစ်ပြန်ပြီလဲ။
"အရှင်မင်းကြီး အသံထွက်လာပြီဆိုတော့ ဒဏ်ရာသက်သာသွားပြီလား။"
နဂါးအစောင့်တပ်သားတစ်ဦးက မေးလိုက်သည်။
အားလုံး ယင်းဖုန်းကို ကြည့်လိုက်ကြသည်။ မိဖုရားခေါင်ကြီးက အရှင်မင်းကြီး သေပြီလို့ ပြောထားတာလေ။ အခု ဘယ်လိုဖြစ်ပြီး အကောင်းပကတိ ပြန်ဖြစ်သွားတာလဲ။
"ငါ ဘာမှမဖြစ်ဘူး!"
နဉ်ရှောင်ယောင်း ထပ်အော်လိုက်သည်။
"လုံးဝ ဘာမှမဖြစ်ဘူး!"
နဂါးအစောင့်တပ်သားများ စိတ်အေးသွားကြသည်။ အရှင်မင်းကြီး တကယ် ဘာမှမဖြစ်ပါဘူး။
ယင်းဖုန်း ခြံဝင်းထဲ ဝင်သွားသည်။
နဉ်ရှောင်ယောင်း ယင်းဖုန်းလက်ကို ဆွဲပြီး ငိုမဲ့မဲ့ ပြောလိုက်သည်။
"သာ့ဖုန်း၊ သွားပြီ။"
"ဘာဖြစ်လို့လဲ။"
"အမတ်ချုပ်ကြီးက စစ်သေနာပတိချုပ်ကို ထပ်လှည့်စားလိုက်ပြန်ပြီ။"
ယင်းဖုန်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
"ဘာဖြစ်တာလဲ။"
"အနက်ရောင်နှင်းခဲ မြင်းတပ် မလာတော့ဘူး။ စာလာပို့တဲ့ စုန့်ဝူက အမတ်ချုပ်ကြီးလူဖြစ်နေတယ်။"
ယင်းဖုန်း၏မျက်နှာ မည်းမှောင်သွားသည်။
"အစည်းအဝေး လုပ်ရအောင်။ ဘယ်လိုဆက်လုပ်မလဲ တိုင်ပင်ကြမယ်။ ဒီအတိုင်း အသေခံလို့ မဖြစ်ဘူး။"
ယင်းဖုန်း မျှော်စင်ဘက်သို့ ပြေးထွက်သွားသည်။
နဉ်ရှောင်ယောင်းကတော့ မီးဖိုချောင်ဘက် ပြေးသွားသည်။
စားတော်ကဲကြီးဟွမ် နဉ်ရှောင်ယောင်းကို မြင်တော့ လန့်သွားသည်။
"အရှင်မင်းကြီး ဘာလာလုပ်တာလဲ။"
"ဖောင့်ဟွမ်၊ အားဆေးရည် ရပြီလား။"
"တစ်နာရီလောက် လိုပါသေးတယ်။"
နဉ်ရှောင်ယောင်း ပါးဖောင်းလိုက်သည်။
စားတော်ကဲကြီးဟွမ် ပေါက်စီတစ်ပွဲ ချပေးလိုက်သည်။
"အရှင်မင်းကြီး၊ ဒီလိုထွက်လာတာ သူများမြင်သွားရင် ဒုက္ခရောက်ကုန်မှာပေါ့။"
"ဇာတ်လမ်းက ပျက်သွားပြီ။"
"ဘာ..."
စားတော်ကဲကြီးဟွမ် အံ့သြသွားသည်။
"ဘယ်သူ သိသွားလို့လဲ။"
"စစ်သေနာပတိချုပ် အလိမ်ခံလိုက်ရတာ။"
"အရှင်မင်းကြီး ဒီကိစ္စကို စစ်သေနာပတိချုပ်နဲ့ တိုင်ပင်သင့်တယ်။ စစ်သေနာပတိချုပ်မှာ နည်းလမ်းရှိမှာပါ။"
"စစ်သေနာပတိချုပ်နဲ့ တိုင်ပင်ရမယ်?"
"ဟုတ်တယ်။ စစ်သေနာပတိချုပ်မှာ နည်းလမ်းရှိမှာ သေချာတယ်။"
နဉ်ရှောင်ယောင်း ပေါက်စီတစ်ပွဲကို မပြီး ထွက်ခွာသွားသည်။
စားတော်ကဲကြီးဟွမ် နောက်ကလိုက်ပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး၊ အခန်းထဲမှာပဲ နေပါ။ အန္တရာယ်ကင်းအောင်လို့ပါ။"
နဉ်ရှောင်ယောင်း စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ တွေ့လား။ ဒီလူတွေက လိုကျစ်ကွေ့ကိုပဲ ယုံကြည်ကြတယ်။ အမှားလုပ်မိတာက ငါပဲဖြစ်ရမယ်။ ငါ့ကို လေးစားမှုမရှိကြဘူး။ ငါက ငတုံးမလို့ ထင်နေကြတာလား။
"အရှင်မင်းကြီး ဘာလို့ စကားမပြောတာလဲ။"
စားတော်ကဲကြီးဟွမ် မေးလိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့။ လူတိုင်း အမှားလုပ်မိတတ်ကြတာပဲ။"
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"မပြောတော့ပါဘူး။ ပြောရင် မျက်ရည်ကျချင်လာတယ်။ နောက်ထပ် ပေါက်စီတစ်ပွဲလောက် ပေးပါဦး။ စိတ်ညစ်ရင် များများစားမှ သက်သာမှာ။"
စားတော်ကဲကြီးဟွမ် မျက်နှာမဲ့လိုက်သည်။
"အရှင်မင်းကြီး၊ ပေါက်စီ အလုံး ၃၀ ရှိနေပြီလေ။"
"ငါ စိတ်ညစ်နေတယ်လို့။"
စားတော်ကဲကြီးဟွမ် နောက်ထပ် ပေါက်စီတစ်ပွဲ သွားယူပေးလိုက်သည်။ အမတ်ချုပ်ကြီးကို မတိုက်ခိုက်နိုင်ပေမယ့် ပေါက်စီကျွေးတာလောက်တော့ လုပ်ပေးနိုင်ပါတယ်။
မျှော်စင်ပေါ်တွင် ယင်းဖုန်း လိုကျစ်ကွေ့ကို ဒေါသတကြီး ကြည့်နေသည်။
"ဘယ်လိုလုပ် ဒီလိုအဖြစ်ခံရတာလဲ။"
လိုကျစ်ကွေ့ ဝန်ခံလိုက်သည်။
"ငါ့အမှားပါ။"
ယင်းဖုန်း ဒေါသထွက်လွန်းလို့ လိုကျစ်ကွေ့ကို သတ်ပစ်ချင်နေသည်။
"အရှင်မင်းကြီးက အိပ်ဆောင်ထဲ လာခဲ့ပါတဲ့။"
လိုကျစ်ကွေ့ ကြောင်သွားသည်။
"အရှင်မင်းကြီး သိသွားပြီလား။"
ယင်းဖုန်း အေးစက်စွာ ပြုံးလိုက်သည်။
"စစ်သေနာပတိချုပ်က အခုထိ အရှင်မင်းကြီးကို ဖုံးကွယ်ထားချင်သေးတာလား။"
လိုကျစ်ကွေ့ သဘောပေါက်သွားသည်။ ယင်းတျန့်က ယင်းဖုန်းကို ပြောပြနိုင်ရင် နဉ်ရှောင်ယောင်းကိုလည်း ပြောပြနိုင်တာပေါ့။
ယင်းဖုန်း ထွက်ခွာရန် ပြင်လိုက်သော်လည်း လိုကျစ်ကွေ့ပေါင်ပေါ်က လောင်တကိုမပြီး ခေါ်သွားလိုက်သည်။
"မြောင်..."
လောင်တ အော်ဟစ်လိုက်သည်။
"မင်းက အရှင်မင်းကြီးကြောင်လေ။ လိုကျစ်ကွေ့နား ဘာလို့ ကပ်နေတာလဲ။ ဘယ်သူက သခင်လဲ။ နောက်တစ်ခါ လိုကျစ်ကွေ့နား ကပ်နေရင် ခုတ်သတ်ပစ်မယ်။"
ယင်းဖုန်း လောင်တကို ဆူပူကြိမ်းမောင်းရင်း ခေါ်သွားသည်။
လောင်တ... ခေါင်းဆောင်ကြီးက ကြမ်းတမ်းလိုက်တာ။
"မြန်မြန် လိုက်ခဲ့။"
ယင်းဖုန်း ယင်းတျန့်ကို လှမ်းဟောက်လိုက်သည်။
ယင်းတျန့် ခေါင်းငုံ့ပြီး လိုက်သွားသည်။
......
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းအိပ်ဆောင်ထဲ ရောက်သောအခါ နဂါးအစောင့်တပ်မှူး ၄ ယောက်နှင့် တန့်ရုံတို့ ရောက်နေကြပြီ။
"စစ်သေနာပတိချုပ်၊ ကျွန်တော် စုန့်ဝူကို သွားသတ်လိုက်မယ်။"
တန့်ရုံ အော်ဟစ်လိုက်သည်။
"နေပါဦး။ စိတ်မဆိုးပါနဲ့။"
နဉ်ရှောင်ယောင်း တန့်ရုံကို ပေါက်စီတစ်လုံး ပေးလိုက်သည်။
"အခုက စိတ်ဆိုးရမယ့်အချိန် မဟုတ်ဘူး။ အသက်ရှင်ဖို့ နည်းလမ်းရှာရမယ့်အချိန်။"
တန့်ရုံ ပေါက်စီကို ကိုက်စားလိုက်သည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းရှေ့ ရောက်လာသည်။
"ကျွန်တော်..."
"ထိုင်ပါဦး။ ပေါက်စီစား။ ဟုကော်ကုန်းညီအစ်ကိုကို လှမ်းခေါ်ထားတယ်။ မကြာခင် ရောက်လာလိမ့်မယ်။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ထဲ ပေါက်စီထည့်ပေးလိုက်သည်။
"အခု ဘယ်လိုလုပ်ကြမလဲ။"
ယင်းဖုန်း မေးလိုက်သည်။
စစ်သူကြီးတွေက လိုကျစ်ကွေ့ကို ကြည့်လိုက်ကြသည်။
"အရှင်မင်းကြီးကို မြို့တော်ပြင် ပို့လိုက်မယ်။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ထွက်ပြေးမလို့လား။"
"ခဏ ရှောင်နေတာပါ။ ကျွန်တော်ကတော့ ဒီမှာကျန်ခဲ့ပြီး ရှဲ့ဝမ်ယွမ်နဲ့ ရှင်းစရာရှိတာ ရှင်းလိုက်မယ်။"
"စစ်သည်တစ်သိန်းလေ။"
နဉ်ရှောင်ယောင်း သတိပေးလိုက်သည်။
"ဘယ်လို တိုက်မှာလဲ။"
"ကျွန်တော် နည်းလမ်းရှာလိုက်ပါ့မယ်။"
"အခုချက်ချင်း ရှာရမှာ။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
ယင်းလေ ပေါက်စီကုန်အောင် စားလိုက်ပြီး မေးလိုက်သည်။
"အရှင်မင်းကြီးမှာ အကြံရှိလား။"
"လမ်းနှစ်သွယ် ရှိတယ်။"
နဉ်ရှောင်ယောင်း လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"နံပါတ်တစ်... အားလုံးပေါင်းပြီး ထွက်ပြေးကြမယ်။ နံပါတ်နှစ်... မပြေးဘဲ အမတ်ချုပ်ကြီးနဲ့ ယှဉ်တိုက်ကြမယ်။"
"အရှင်မင်းကြီး၊ ရှဲ့ဝမ်ယွမ်ဆီမှာ စစ်သည်တစ်သိန်းရှိတယ်လို့ ပြောခဲ့တယ်လေ။"
ယင်းဖုန်း စိုးရိမ်တကြီး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ပေါက်စီကို ကိုက်စားလိုက်သည်။
"ငါ သိပါတယ်။ ဟဲဟဲ... စစ်သည်တစ်သိန်း။"
အားလုံး... အရှင်မင်းကြီး မရယ်ပါနဲ့။ ကြောက်စရာကောင်းတယ်။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း (၂၅၈) အရှင်မင်းကြီးက ပြောတယ်... မိဖုရားခေါင်ကြီးနဲ့ သွားဆွေးနွေးမယ်တဲ့
"အမတ်ချုပ်ကြီးက စစ်သည် ဘယ်လောက်လောက် ခေါ်လာနိုင်မယ်ထင်လဲ။"
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို မေးလိုက်သည်။
"စစ်သည်တစ်သိန်းလုံး ခေါ်လာမှာလား။"
"အနည်းဆုံး လေးသောင်းလောက်တော့ ခေါ်လာနိုင်တယ်။"
လိုကျစ်ကွေ့ ခန့်မှန်းပြလိုက်သည်။
လေးသောင်းဆိုတာ များလိုက်တာ။ နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်လိုက်သည်။ ဘယ်လိုမှ မနိုင်နိုင်ဘူး။
"ကျွန်တော်မျိုး နားမလည်နိုင်တာ တစ်ခုရှိတယ်။"
ယင်းဖုန်းက ပြောလိုက်သည်။
"အနက်ရောင်နှင်းခဲမြင်းတပ် မလာနိုင်တော့ဘူးဆိုရင် အရှင်မင်းကြီးက နန်းတော်တံခါးဝ ထွက်ပြီး သတင်းမှားနေပါတယ်လို့ ပြောလိုက်ရင် မပြီးဘူးလား။ အရှင်မင်းကြီး ဘာမှမဖြစ်မှန်း သိသွားရင် အမတ်ချုပ်ကြီးက စစ်သည်တွေ ခေါ်လာပြီး ပုန်ကန်ရဲပါ့မလား။"
"ဟုတ်သားပဲ။"
နဉ်ရှောင်ယောင်း သဘောတူလိုက်သည်။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းနား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"အမတ်ချုပ်ကြီးက မင်း အတုပါလို့ ပြောလိုက်ရင် မင်းက ယောကျာ်းပါလို့ ဘယ်လိုသက်သေပြမလဲ။"
နဉ်ရှောင်ယောင်း... ဟုတ်သားပဲ။
လိုကျစ်ကွေ့ မတ်တတ်ရပ်လိုက်ပြီး နဉ်ရှောင်ယောင်းကို အားနာစွာကြည့်ကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်။"
"ရပါတယ်။ ကံမကောင်းလို့ ဖြစ်ရတာပါ။ ဉာဏ်မကောင်းလို့၊ အရည်အချင်းမရှိလို့ မဟုတ်ပါဘူး။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ကို ပုတ်ပေးလိုက်သည်။
"အမတ်ချုပ်ကြီးက ရှင့်အတွက် ကံဆိုးမိုးမှောင်ကျသူပဲ။ ဒါပေမဲ့ ကျွန်မက အမတ်ချုပ်ကြီးနဲ့ မယ်တော်ကြီးအတွက် ကံဆိုးမိုးမှောင်ကျသူဖြစ်နေမှာ သေချာတယ်။ ဒီတစ်ခါလည်း ကျွန်မကို သတ်နိုင်မှာ မဟုတ်ဘူး။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏အဓိပ္ပာယ်ကို နားလည်သွားသည်။ ဘာမှပြန်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။
"အရှင်မင်းကြီး။"
ယင်းဖုန်း ခေါ်လိုက်သည်။
"ငါ ထွက်ရှင်းပေးလို့ မရဘူး။ အကြောင်းရင်းကိုတော့ နောက်မှ ပြောပြမယ်။ အခု လောလောဆယ် အကြောင်းပြချက် ရှာရခက်နေလို့ပါ။"
"ဟုတ်ကဲ့။"
ယင်းဖုန်း ဆက်မမေးတော့ပေ။
"ဒါဆို အရှင်မင်းကြီးကို မြို့တော်ပြင် အမြန်ပို့လိုက်တာ ကောင်းမယ်။"
အနက်ရောင်နှင်းခဲ မြင်းတပ် စစ်သူကြီးတစ်ဦးက အကြံပြုလိုက်သည်။
"ထွက်သွားကြတာပေါ့။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"ထွက်ပြေးရင် အတူတူ ပြေးကြမယ်။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းကိုက်ပြီး ပြောလိုက်သည်။
"တစ်ယောက်ယောက်က နောက်ကနေ တားထားပေးမှ ရမယ်။"
"ဘယ်သူ့ကို ထားခဲ့ချင်လဲ။"
လိုကျစ်ကွေ့ ပြုံးလိုက်သည်။
"ကျွန်တော်ပဲ နေခဲ့မယ်။"
"မဖြစ်ဘူး။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"ရှင့်ကို ထားမခဲ့နိုင်ဘူး။"
"အရှင်မင်းကြီး..."
လိုကျစ်ကွေ့ သက်ပြင်းချလိုက်သည်။
"ပြေးရင် အတူတူ ပြေးမယ်။ ဘယ်သူ့ကိုမှ ထားမခဲ့နိုင်ဘူး။"
နဉ်ရှောင်ယောင်း၏ စကားကြောင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။ အရှင်မင်းကြီးက သူတို့ကို တန်ဖိုးထားတယ်။ တချို့ဆိုရင် နောက်ကနေ တားပေးဖို့ စိတ်ကူးနေကြသည်။
ထိုစဉ် ဟုကော်ကုန်းညီအစ်ကို ရောက်လာကြောင်း လျှောက်တင်လာသည်။
"ဝင်လာခိုင်းလိုက်။"
နဉ်ရှောင်ယောင်း အော်ပြောလိုက်သည်။
ဟုကော်ကုန်းနှင့် ဖေ့ယင် ဝင်လာကြသည်။
ဟုကော်ကုန်း ဒူးထောက်ပြီး လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ ချန်လု လွတ်သွားပါတယ်။ ကျွန်တော်မျိုး အသုံးမကျလို့ပါ။ သေဒဏ်ပေးတော်မူပါ။"
ဖေ့ယင်က အစ်ကိုဖြစ်သူအနောက်တွင် ဒူးထောက်နေသည်။ ဘာမှဝင်မပြောပေ။
"ထပါတော့။"
နဉ်ရှောင်ယောင်း ထူပေးမလို့ လုပ်ပေမယ့် လိုကျစ်ကွေ့က ပခုံးကို ဖိထားသဖြင့် ထမရပေ။
"ချန်လု သေတာ၊ ရှင်တာ အရေးမကြီးတော့ပါဘူး။"
ဟုကော်ကုန်း ထရပ်ပြီး နားမလည်နိုင် ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ။"
ဖေ့ယင်က အားလုံး၏မျက်နှာထားကို ကြည့်ပြီး ပြဿနာကြီးပြီဆိုတာ ရိပ်မိလိုက်သည်။
"အနက်ရောင်နှင်းခဲမြင်းတပ် မလာတော့ဘူး။"
နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"ဘာ..."
ဟုကော်ကုန်း ခုန်ဆွခုန်ဆွ ဖြစ်သွားသည်။
"စိတ်မလှုပ်ရှားပါနဲ့။"
"ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေရမှာလဲ။ မလာတော့ဘူးဆိုရင် ဘယ်သွားကြမှာလဲ။"
"ဘယ်မှမသွားဘူး။ အန်းယွမ်ကနေ မထွက်လာခဲ့ကြဘူး။"
ဟုကော်ကုန်း မျက်လုံးများ နီရဲသွားသည်။ လိုကျစ်ကွေ့ကို ကိုက်သတ်တော့မလို ကြည့်နေသည်။
"အလိမ်ခံလိုက်ရတာလား။"
ဖေ့ယင်က လိုကျစ်ကွေ့ကို မေးလိုက်သည်။
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဟုကော်ကုန်း အော်ဟစ်လိုက်သည်။
စစ်သူကြီးများ စိတ်တိုသွားကြသည်။ ဒါပေမဲ့ လိုကျစ်ကွေ့ အမှားမို့လို့ ဘာမှဝင်မပြောရဲကြပေ။
"အခု အရှင်မင်းကြီးကို မြို့တော်ပြင်ပို့ဖို့က အရေးကြီးဆုံးပဲ။"
လိုကျစ်ကွေ့ ပြောလိုက်သည်။
"မြို့တော်ပြင် ပို့မယ်? ဒါဆို ဇာတ်လမ်းမကတော့ဘူးလား။ အရှင်မင်းကြီးက ဘာသွားလုပ်မှာလဲ။"
နဉ်ရှောင်ယောင်း ခေါင်းကို ကိုင်လိုက်သည်။
"အဲဒါ နောက်မှ ရှင်းပြမယ်။"
"အရှင်မင်းကြီး ထွက်ရှင်းပေးလို့ မရဘူးလား။"
ဟုကော်ကုန်း မေးလိုက်သည်။
"မရဘူး။"
နဉ်ရှောင်ယောင်း ဝမ်းနည်းပက်လက် ပြောလိုက်သည်။
ဟုကော်ကုန်း အသက်ရှူရပ်သွားသည်။
"ထိုင်ကြ။ နည်းလမ်းရှာရအောင်။"
ဟုကော်ကုန်း မတ်တတ်ရပ်နေသဖြင့် ဖေ့ယင်က ဆွဲချလိုက်ရသည်။
"အကြံဉာဏ်ပေးကြပါဦး။"
နဉ်ရှောင်ယောင်း ပေါက်စီတစ်လုံး ယူစားလိုက်သည်။ ပေါက်စီစားမှ စိတ်ငြိမ်မှာ။
ဘယ်သူမှ စကားမပြောကြပေ။ တချို့က မျက်စောင်းထိုးနေကြသည်။
နဉ်ရှောင်ယောင်း ပေါက်စီကုန်သွားပြီ။
"ဘယ်သူမှ အကြံမပေးကြတော့ဘူးလား။"
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး နဂါးအစောင့်တပ်နဲ့အတူ နောက်ကနေ တားထားပေးပါ့မယ်။"
ယင်းဖုန်းက စပြောလိုက်သည်။
နဉ်ရှောင်ယောင်း မျက်လုံးလှန်ကြည့်လိုက်သည်။
"သေချင်နေတာလား။"
"အရှင်မင်းကြီး! ကျွန်တော်မျိုး အသက်က အရှင်မင်းကြီးပိုင်ပါတယ်။"
ယင်းဖုန်း မတ်တတ်ရပ်ပြီး ပြောလိုက်သည်။
"ထိုင်စမ်းပါ။ မင်းအသက် ဘယ်သူပိုင်ပိုင်၊ သေခိုင်းမှာ မဟုတ်ဘူး။"
နဉ်ရှောင်ယောင်း ယင်းဖုန်းကို ထိုင်ခိုင်းလိုက်သည်။
"ဘယ်သူ့ကို ထားခဲ့ရင် ကောင်းမလဲ။"
ဖေ့ယင် မေးလိုက်သည်။
"ဘယ်သူ့ကိုမှ မထားခဲ့ချင်ဘူး။"
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။
"ထားလိုက်ပါတော့။ ပထမလမ်းက မဖြစ်နိုင်ဘူးဆိုရင် ဒုတိယလမ်းကို ရွေးရအောင်။"
"ဘာလမ်းတွေလဲ။"
ဟုကော်ကုန်း နောက်ကျမှရောက်လာလို့ မသိလိုက်ပေ။
"ပထမလမ်းက အကုန်လုံး ထွက်ပြေးကြမယ်။ ဒုတိယလမ်းက မပြေးဘဲ အမတ်ချုပ်ကြီးနဲ့ ယှဉ်တိုက်ကြမယ်။"
ဟုကော်ကုန်း... ပထမလမ်းက ပိုကောင်းမယ်ထင်တယ်။
"မြို့တော်ပြင် ထွက်ရအောင်။"
လိုကျစ်ကွေ့ ထပ်ပြောလိုက်သည်။
"ပြောပြီးပြီလေ။ အသေမခံနိုင်ဘူးလို့။ ငါ မိဖုရားခေါင်ကြီးနဲ့ သွားဆွေးနွေးမယ်။"
"ဘာ..."
အားလုံး ထခုန်လိုက်ကြသည်။
"ရွှီဖေးယွီရဲ့လက်ထဲမှာ စစ်တပ်ရှိတယ်လေ။ ယှဉ်တိုက်မယ်ဆိုရင် စစ်ကူလိုတယ် မဟုတ်လား။"
"မိဖုရားခေါင်ကြီးနဲ့ ဘာဆွေးနွေးစရာရှိလို့လဲ။"
လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။
"ကူညီပေးပါဦး။ စဉ်းစားကြည့်ရအောင်။"
နဉ်ရှောင်ယောင်း အားလုံးကို ဝေ့ကြည့်လိုက်သည်။
"အမတ်ချုပ်ကြီးက ငါတို့ကို လှည့်စားလိုက်တယ်။ သူက ငါတို့ကို ငတုံးတွေလို့ ထင်နေမှာ သေချာတယ်။ ဟုတ်တယ်မလား။"
"ဟုတ်တယ်။"
လိုကျစ်ကွေ့ ခေါင်းညိတ်လိုက်သည်။
"သူ့အမြင်မှာ မိဖုရားခေါင်ကြီးလည်း ငတုံးမပဲလေ။ အဲဒီတော့ မိဖုရားခေါင်ကြီးက ငါ့ကို ဘာလို့ မုန်းနေရမှာလဲ။"
"မိဖုရားခေါင်ကြီးက အရှင်မင်းကြီးကို မုန်းတယ် ဟုတ်လား။"
ဟုကော်ကုန်း အံ့သြတကြီး မေးလိုက်သည်။
"ဟုကော်ကုန်း၊ မိဖုရားခေါင်ကြီး မဖြစ်ခင် ကျိုးမိသားစု ဘာဖြစ်ခဲ့လဲဆိုတာ မသိဘူးလို့ မပြောနဲ့နော်။"
ဟုကော်ကုန်း တိတ်ဆိတ်သွားသည်။ သိတာပေါ့။
"မိဖုရားခေါင်ကြီးရဲ့ အချစ်စစ်က ရွှီဖေးယွီလေ။ ဒီအခြေအနေရောက်မှတော့ ငါ မဖုံးကွယ်ထားတော့ပါဘူး။"
"မိန်းမယုတ်!"
ယင်းလေ ဒေါသထွက်သွားသည်။
"စိတ်မဆိုးပါနဲ့။ ငါ့အချစ်စစ်က သူမှ မဟုတ်တာ။ သူ ဘယ်သူ့ကိုချစ်ချစ် ငါ ဂရုမစိုက်ပါဘူး။"
"နေပါဦး။"
ယင်းဖုန်း ဝင်ပြောလိုက်သည်။
"မိဖုရားခေါင်ကြီးမှာ ကိုယ်ဝန်ရှိနေတယ်လေ။"
"အဲဒါ ငါ့ကလေး မဟုတ်ဘူး။"
အခန်းထဲ တိတ်ဆိတ်သွားသည်။
ခဏကြာမှ ဖေ့ယင်က သနားကရုဏာသက်စွာ မေးလိုက်သည်။
"ရွှီဖေးယွီရဲ့ ကလေးလား။"
"ဟင်... မင်း ဘယ်လိုသိလဲ။"
နဉ်ရှောင်ယောင်း အံ့သြသွားသည်။
ဖေ့ယင် ဘယ်လိုမျက်နှာထားလုပ်ရမှန်း မသိတော့ပေ။
"မင်းတို့ အဲဒီလို မကြည့်ကြပါနဲ့။ ကိုယ့်လူတွေမို့လို့ ပြောပြတာပါ။"
နဉ်ရှောင်ယောင်း၏ စကားကြောင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။ အရှင်မင်းကြီးက သူတို့ကို ယုံကြည်လို့ လျှို့ဝှက်ချက်တွေ ပြောပြတာပဲ။
"မိဖုရားခေါင်ကြီးက အသက်ရှင်ဖို့အတွက် ငါ့ကို အဆိပ်ခတ်တယ်၊ အဆိပ်ဓားနဲ့ ထိုးတယ်။"
"ဘာ..."
အားလုံး ဒေါသထွက်ပြီး မိဖုရားခေါင်ကြီးကို သတ်ချင်စိတ် ပေါက်သွားကြသည်။
"ငါ ပြောတာ နားထောင်ပါဦး။"
နဉ်ရှောင်ယောင်း မတ်တတ်ရပ်ပြီး ပေါက်စီတစ်လုံးစီ ဝေပေးလိုက်သည်။
"ပေါက်စီစားပြီး စိတ်လျှော့ကြ။"
ဟုကော်ကုန်း ပေါက်စီကို ကိုက်ဝါးပြီး မေးလိုက်သည်။
"မိဖုရားခေါင်ကြီး အောင်မြင်သွားလား။"
"ဟင်..."
"အဆိပ်ခတ်တာ၊ ဓားနဲ့ထိုးတာလေ။"
"မအောင်မြင်ပါဘူး။ ဟုကော်ကုန်း... သွားမသတ်နဲ့နော်။"
ဟုကော်ကုန်း...
အားလုံး...
နောက်မှ ပြောပါလား။
"ငါ မိဖုရားခေါင်ကြီးနဲ့ သွားဆွေးနွေးမယ်။ သူ အသက်ရှင်ချင်လို့ ငါ့ကို လုပ်ကြံတာ။ အမတ်ချုပ်ကြီးက သူ့ကို အရူးလုပ်ထားမှန်းသိသွားရင်၊ သူ့ကို ဂရုမစိုက်မှန်း သိသွားရင် အမတ်ချုပ်ကြီးကို ပြန်လုပ်ကြံလိမ့်မယ်။"
"ဖြစ်နိုင်တယ်။"
ယင်းယွီ ထောက်ခံလိုက်သည်။ မိဖုရားခေါင်ကြီးက အရူးမပဲ။ ဘာမဆို လုပ်ရဲတယ်။
"ကောင်းပြီ။ ငါ သွားဆွေးနွေးလိုက်မယ်။ ငါ့သတင်း စောင့်နေကြ။"
"မိဖုရားခေါင်ကြီးက လက်ပိုက်ကြည့်နေရင် ဘယ်လိုလုပ်မလဲ။"
လိုကျစ်ကွေ့ မေးလိုက်သည်။
"မေးကြည့်မှ သိမှာပေါ့။"
"ငါ မင်းကို တောင်းပန်ခိုင်းတာ မဟုတ်ဘူး။"
အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကို တောင်းပန်ရမယ်ဆိုတာ တွေးကြည့်ရုံနဲ့ အားလုံး ဒေါသထွက်နေကြသည်။
"ကိစ္စမရှိပါဘူး။"
နဉ်ရှောင်ယောင်း လက်ကာပြလိုက်သည်။
"ဒီမှာ စောင့်နေကြ။"
အသက်ရှင်ဖို့ဆိုရင် ဒူးထောက်ပြီး ခြေသလုံးဖက်ခိုင်းရင်တောင် လုပ်ပေးမှာ။
***