← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 17 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 17 Ch. 267-268

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၆၇ ။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက်

"ဘာဖြစ်တာလဲ။"

အမတ်ချုပ်ကြီးရှဲ့ သမားတော်များကို မေးလိုက်သည်။

သမားတော်များ ပြန်မဖြေနိုင်ပေ။ အခုချိန်ထိ အိပ်မက်မက်နေသလို ခံစားနေရဆဲ။

"ဖြေလေ။"

အမတ်ချုပ်ကြီးရှဲ့ အော်ဟစ်လိုက်သည်။

သမားတော်များ ကြောက်လန့်ပြီး နောက်ဆုတ်သွားကြသည်။ သမားတော်ငယ်တစ်ဦးက အားတင်းပြီး ဖြေလိုက်သည်။

"စစ်သူကြီးရဲ့ ဒဏ်ရာကို အမတ်ချုပ်ကြီးကိုယ်တိုင် မြင်ခဲ့တယ်မလား။"

"လူတွေ အများကြီး မြင်ခဲ့တာပါ။ ကျွန်တော်မျိုးတို့ မလိမ်ရဲပါဘူး။"

နောက်ထပ် သမားတော်တစ်ဦးက ဝင်ပြောလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ ကုတင်နား လျှောက်သွားသည်။ သူကိုယ်တိုင်မြင်ခဲ့တာဆိုတော့ သေချာတယ်။ ခဏလေးအတွင်းမှာ ဘယ်လိုလုပ်ပျောက်သွားတာလဲ။ မဖြစ်နိုင်ဘူးလို့ တွေးနေတုန်း နဉ်ရှောင်ယောင်း မျက်နှာ ပေါ်လာသည်။ ဒီလိုကိစ္စမျိုး တစ်ခါဖြစ်ဖူးတယ်လေ။

"လူသေကို ပြန်ရှင်အောင် လုပ်ပေးနိုင်တာ ရှောင်ယောင်းကလွဲပြီး ဘယ်သူရှိဦးမှာလဲ။"

လိုကျစ်ကွေ့က ခေါင်မိုးပေါ်တွင် ထိုင်နေရင်း နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"ရှဲ့ဝမ်ယွမ်က မင်း ကယ်လိုက်တယ်ဆိုတာ သိသွားတော့မယ်။"

"သိပါစေ။ သူက ကျွန်မကို သတ်ချင်နေတာ ကြာပြီ။ ပိုပြီး သတ်ချင်လာရုံကလွဲပြီး ဘာထူးမှာလဲ။"

နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ခေါင်းကို ပွတ်သပ်လိုက်သည်။ ဒီကောင်မလေး ပြောတာ ဟုတ်သလိုလိုပဲ။

"ရွှီရှီ။"

အမတ်ချုပ်ကြီးရှဲ့ ရွှီရှီကို ရှင်းပြဖို့ ကြိုးစားသည်။

ရွှီရှီက အခွင့်အရေး မပေးဘဲ ချန်လုကို လှည့်မေးလိုက်သည်။

"ရှင် သေခါနီးပြီ မဟုတ်ဘူးလား။"

"ကိုယ်... နေ့လယ်က ဟုကော်ကုန်းနဲ့ တွေ့တယ်။ သူ ကိုယ့်ကို သတ်မလို့ လုပ်တယ်။ မြှားမှန်တယ်။ ကျောကို ဓားနဲ့ခုတ်တယ်။ ကိုယ် မှတ်မိသလောက်တော့..."

"ဒဏ်ရာ တော်တော်ပြင်းတယ်ပေါ့။ ဒါဆို ဒဏ်ရာတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဟုကော်ကုန်းက ရှင့်ကို သတ်ရဲတယ်ဆိုရင် ကျွန်မလည်း သူ့ကို သတ်ရဲတယ်။"

ချန်လု ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။ ပြီးတော့ အမတ်ချုပ်ကြီးရှဲ့ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။ ထူးဆန်းလိုက်တာ။

"အရှင်မင်းကြီးဆီမှာ နတ်ဆေးဆရာရှိတယ်။"

အမတ်ချုပ်ကြီးရှဲ့ ရှင်းပြလိုက်သည်။

ဒီစကားကို ရွှီရှီတင်မကဘူး၊ သမားတော်တွေပါ မယုံကြဘူး။ မျက်စိတစ်မှိတ်အတွင်း သေခါနီးလူကို ပြန်ကောင်းအောင် လုပ်ပေးနိုင်တာ နတ်ဆေးဆရာ မဟုတ်ဘူး။ နတ်ဘုရားပဲဖြစ်မယ်။

"ဪ... နတ်ဆေးဆရာရှိတာကိုး။ အရှင်မင်းကြီးက ရှင့်ကို သတ်ပြီးမှ နတ်ဆေးဆရာလွှတ်ပြီး ပြန်ကယ်တယ်ပေါ့။ ဘာသဘောလဲ။"

ချန်လု အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။ အရှင်မင်းကြီး ဘာသဘောလဲ။

"လူစိတ်ကို သိမ်းပိုက်ချင်လို့ပေါ့။"

အမတ်ချုပ်ကြီးရှဲ့ ဖြေလိုက်သည်။

"လူစိတ်? ဟုကော်ကုန်းကိုတောင် မနိုင်တဲ့လူရဲ့ စိတ်ကို သိမ်းပိုက်ပြီး ဘာလုပ်မှာလဲ။"

ရွှီရှီ လှောင်ပြောင်လိုက်သည်။

အားလုံး... စစ်သူကြီးချန်က အသုံးမကျဘူးလို့ ပြောချင်တာလား။ စကားပြောရတာ ပင်ပန်းလိုက်တာ။

"ရွှီရှီ... မင်းအဖေက ရွှီကျင်းလေ။"

အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်သည်။

"ဪ... ကျွန်မကြောင့် ချန်လု ဒုက္ခရောက်ရတာပေါ့။"

"မဟုတ်ပါဘူး။ အမတ်ချုပ်ကြီးဆိုလိုတာ အဲဒါ မဟုတ်ပါဘူး။"

ချန်လု လက်ကာပြလိုက်သည်။

"ကြေးငါးရုပ် ဘယ်ရောက်သွားလဲ။"

ရွှီရှီ ဆက်မေးလိုက်သည်။

ချန်လု ကုတင်ပေါ် လိုက်ရှာသည်။ မတွေ့တော့ အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်သည်။ သူ အမြဲဆောင်ထားတတ်တဲ့ ကြေးငါးရုပ် ဘယ်ရောက်သွားတာလဲ။

"စစ်သူကြီး အဝတ်အစားလဲပေးတုန်းက ဘယ်သူတွေရှိလဲ။"

အမတ်ချုပ်ကြီးရှဲ့က အစေခံများကို မေးလိုက်သည်။

လူစစ်ကြည့်လိုက်တော့ ချန်လုကို ပြုစုပေးဖို့ တာဝန်ကျတဲ့ အစေခံလေးနှစ်ယောက် ပျောက်နေတာ တွေ့လိုက်ရသည်။

"အရှင်မင်းကြီး လက်ချက်ပဲ။"

အမတ်ချုပ်ကြီးရှဲ့ တိုးတိုးလေး ရေရွတ်လိုက်သည်။ နဉ်ယွီက အစေခံလေးနှစ်ယောက်ကို ဖမ်းသွားတာ သေချာတယ်။ ဒါပေမဲ့ ဘာလုပ်ဖို့လဲ။

"ပျောက်သွားပြီပေါ့။"

ရွှီရှီ ချန်လုကို စိုက်ကြည့်နေသည်။

ချန်လု ကြောက်လန့်တကြား ဖြစ်နေသည်။

"ကျွန်မ ဝမ်းသာပါတယ်။ ရှင့်မှာ သားသမီးရနေပြီပဲ။"

"ဘာ..."

ချန်လု ကြောင်သွားသည်။ သားသမီး ရနေပြီ ဟုတ်လား။ ဒီနှစ်တွေအတွင်း သားသမီးရဖို့ ဆေးကုသမှု ခံယူခဲ့ရတာ အလကားဖြစ်သွားပြီလား။

"ရှန်ညီအစ်မလေ။"

"ဘာ... ဘာ ရှန်ညီအစ်မလဲ။"

ချန်လု အမတ်ချုပ်ကြီးရှဲ့ကို ကြည့်လိုက်ပြန်သည်။ သူ သတိမေ့နေတုန်း ဘာတွေ ဖြစ်ခဲ့တာလဲ။

"ရှန်ညီအစ်မက ဘယ်ကလဲ။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

"အမတ်ချုပ်ကြီး အောင်သွယ်ပေးထားတာလေ။ လက်ထပ်စာချုပ်က အမတ်ချုပ်အိမ်တော်မှာ ရှိတယ်တဲ့။ အမတ်ချုပ်ကြီး မေ့သွားပြီလား။"

ရွှီရှီ ပြုံးပြီး ပြောလိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ ချက်ချင်း သဘောပေါက်သွားသည်။

"ရွှီရှီ၊ သူများသွေးခွဲတာ မခံပါနဲ့။ စဉ်းစားကြည့်။ အရှင်မင်းကြီးက အစေခံလေးတွေကို သတ်ပြီး ကြေးငါးရုပ်ယူသွားတာ ဘာလုပ်ဖို့လဲ။ မင်းတို့နှစ်ယောက်လုံး ရှိနေသေးတာပဲ။ တခြားလူတစ်ယောက်ကို ခေါင်းဆောင်တင်မြှောက်ဖို့ လုပ်နေတာလား။"

"အရှင်မင်းကြီး လုပ်ကြံခံရတယ် မဟုတ်ဘူးလား။"

ချန်လု ဝင်မေးလိုက်သည်။

"ဘယ်သူမှ မမြင်လိုက်ဘူး။ သတင်းက အမှန်လား၊ အမှားလား မသိရသေးဘူး။"

အမတ်ချုပ်ကြီးရှဲ့ ပြန်ဖြေလိုက်သည်။

ချန်လု... အရှင်မင်းကြီး နတ်ရွာစံတာတောင် အတုဖြစ်နိုင်သေးတာလား။

ရွှီရှီကတော့ ဒီကိစ္စကို စိတ်မဝင်စားပေ။ အမတ်ချုပ်ကြီးရှဲ့ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"ဒါဆို အရှင်မင်းကြီးက ကျွန်မတို့ လင်မယားကြား သွေးခွဲနေတာပေါ့။"

"မင်း နားလည်ရင် ပြီးတာပါပဲ။"

ခေါင်မိုးပေါ်တွင် နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို တိုးတိုးလေး ပြောလိုက်သည်။

"သွားကြစို့။"

နှစ်ယောက်သား ခေါင်မိုးပေါ်မှ ခုန်ဆင်းပြီး ပန်းခင်းထဲ ရောက်သွားကြသည်။ အစေခံလေးနှစ်ယောက်ကို ကြိုးဖြေပေးပြီး ပါးစပ်ပိတ်ထားသော အဝတ်စကို ဖယ်လိုက်သည်။ နဉ်ရှောင်ယောင်း သူတို့ကိုယ်ကိုပုတ်လိုက်ရာ သတိရလာကြသည်။

အစေခံလေးနှစ်ယောက် လိုကျစ်ကွေ့ကို မြင်တော့ အော်ဟစ်ရန် ပြင်လိုက်သည်။

"မင်းတို့ ဒီမှာ အိပ်နေကြတာလား။"

လိုကျစ်ကွေ့ အော်ဟစ်လိုက်သည်။

"သေချင်နေတာလား။ အမတ်ချုပ်ကြီး သိရင် သတ်ပစ်လိမ့်မယ်။"

အစေခံလေးနှစ်ယောက် ကြောင်သွားသည်။ ကုတင်ဘေးမှာ စောင့်နေရင်း ဘယ်လိုလုပ် ဒီရောက်လာမှန်း မသိတော့ပေ။

"အသက်ရှင်ချင်ရင် ငါ့နောက်လိုက်ခဲ့။ အသံမထွက်နဲ့။"

လိုကျစ်ကွေ့ က အမတ်ချုပ်အိမ်တော်ဝတ်စုံ ဝတ်ထားလေသည်။

"ခင်ဗျား ဘာလို့ ကူညီပေးတာလဲ။"

"ငွေ ၅ စပေး။ မီးဖိုချောင်မှာ ရေနွေးသွားယူတယ်လို့ ပြောပေးမယ်။"

"ဘယ်သူမှ မခိုင်းဘဲနဲ့လား။"

"နောက်ထပ် ၁၅ စပေး။ သမားတော်တွေကို လာဘ်ထိုးပေးမယ်။"

ငွေစ ၂၀ ဆိုတာ သူတို့အတွက် အများကြီးပဲ။ အစေခံလေးနှစ်ယောက် ငိုချင်သွားသည်။

"ငွေလိုချင်တာလား၊ အသက်လိုချင်တာလား။"

"အသက်လိုချင်တာပေါ့။"

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။ လိုကျစ်ကွေ့က ဒီလို ငွေညှစ်တတ်သေးတာလား။

လိုကျစ်ကွေ့ အစေခံလေးနှစ်ယောက်ကို ခေါ်ပြီး အိပ်ဆောင်ဘက် ထွက်သွားသည်။

"ခင်ဗျားကြောင့် ကျွန်တော်တို့ ဒီရောက်နေတာ မဟုတ်ဘူးလား။"

အစေခံလေးတစ်ယောက်က သံသယဝင်လာသည်။

"ငွေလား၊ အသက်လား။"

"ကျွန်တော်တို့မှာ ငွေမရှိပါဘူး။"

"ဒါဆိုရင်တော့ မတတ်နိုင်ဘူး။"

အစေခံလေးနှစ်ယောက်...

လိုကျစ်ကွေ့ ခြံဝင်းအပြင်ဘက် ရောက်သောအခါ တိုးတိုးလေးပြောလိုက်သည်။

"နောက်ကျရင် တစ်ယောက်ယောက်မေးလာရင် စစ်သူကြီးကိုပြုစုဖို့ တာဝန်ကျတဲ့ အစေခံတွေ သေသွားပြီလို့ ပြောလိုက်။ ကြားလား။"

အစေခံလေးနှစ်ယောက် ခေါင်းရှုပ်သွားသည်။ ဘာတွေဖြစ်နေတာလဲ။

လိုကျစ်ကွေ့နှင့် အစေခံလေးနှစ်ယောက် ထွက်သွားပြီးနောက် ချန်အိမ်တော်မှ အထိန်းတော်ကြီးများ ထွက်လာကြသည်။

"ဟိုလူ ဘာပြောသွားတာလဲ။ လူမသေဘဲနဲ့ သေတယ်လို့ ပြောခိုင်းနေတာလား။"

"သခင်မလေးကို ပြောပြရမယ်။"

အိပ်ဆောင်ထဲတွင် အမတ်ချုပ်ကြီးရှဲ့ ရွှီရှီကို ဖျောင်းဖျနေသည်။ နဉ်ရှောင်ယောင်း ပြတင်းပေါက်အောက်ကနေ နားထောင်နေသည်။ အမတ်ချုပ်ကြီးက စကားပြောကောင်းလွန်းလို့ ရွှီရှီ ယုံသွားတော့မယ်။

အထိန်းတော်ကြီးတစ်ဦး ဝင်လာပြီး ရွှီရှီကို အပြင်ခေါ်ထုတ်သွားကာ လိုကျစ်ကွေ့ ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။

"သခင်မလေး၊ ဒီကိစ္စက ရိုးရှင်းပုံမရဘူး။"

"အစေခံလေးနှစ်ယောက်?"

"ဟုတ်ပါတယ်။ ရှေ့ကလူက အမတ်ချုပ်အိမ်တော်က ကိုယ်ရံတော်ပုံစံပဲ။ နောက်ကနှစ်ယောက်က အစေခံလေးတွေ။"

အထိန်းတော်ကြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"တကယ်လို့ ရှန်မျိုးရိုး မိန်းမက သားသမီး မွေးထားရင် သခင်မလေး ဒုက္ခရောက်တော့မယ်။ စစ်သူကြီး မရှိတော့ရင် သားက အိမ်ထောင်ဦးစီးဖြစ်လာမှာ။ အဲဒီကျရင် သခင်မလေး ဘယ်လိုလုပ်မလဲ။"

ရွှီရှီ မျက်နှာထား တင်းမာသွားသည်။

"လူအကုန် ခေါ်ခဲ့။ ဒီနေ့ ချန်လု ရှင်းရှင်းလင်းလင်း မပြောမချင်း ဒီကိစ္စမပြီးဘူး။"

"သခင်မလေး ဘာလုပ်မလို့လဲ။"

"ချန်လုရဲ့ သွေးသားဆိုရင် ငါပဲ ကျွေးမွေးရမှာပေါ့။"

ကလေးကို လုယူပြီး ကိုယ်တိုင်မွေးစားမလို့လား။ နဉ်ရှောင်ယောင်း လက်ကိုက်မိမတတ် ဖြစ်သွားသည်။ ရက်စက်လိုက်တာ။

အထိန်းတော်ကြီး ထွက်ခွာသွားသည်။

ရွှီရှီ ခြံဝင်းထဲက လူတွေကို ကြည့်လိုက်သည်။ ဘယ်သူမှ လူကောင်းမပါဘူး။

သမားတော်များနှင့် အမတ်ချုပ်အိမ်တော်သားများ ကြောင်သွားကြသည်။ ဘာလုပ်မိလို့လဲ။

နဉ်ရှောင်ယောင်း ယိုကွမ့်ကိုခေါ်ပြီး ခေါင်မိုးပေါ် ပြန်တက်သွားသည်။ အမတ်ချုပ်ကြီးကို ရိုက်သတ်ပစ်လိုက်ရင် ကောင်းမယ်။

ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကြိုးစားကြပါစို့။

နဉ်ရှောင်ယောင်းတစ်ယောက် လက်သီးဆုပ်ပြီး ရွှီရှီကို အသံတိတ်အားပေးလိုက်သည်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၂၆၈ ။ သေချင်စိတ်ပေါက်နေသော စစ်သူကြီးချန်

လိုကျစ်ကွေ့ အစေခံလေးနှစ်ယောက်ကို မီးဖိုချောင်ထဲ ခေါ်သွားသည်။ စားတော်ကဲက သူတို့ကို မြင်တော့ မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ။"

လိုကျစ်ကွေ့ စားတော်ကဲရှေ့ လျှောက်သွားပြီး လည်ပင်းကို ရိုက်ချလိုက်သည်။

"အင့်..."

စားတော်ကဲ မေ့လဲသွားလေသည်။

အစေခံလေးနှစ်ယောက်... ဘာဖြစ်သွားတာလဲ။

လိုကျစ်ကွေ့ အစေခံလေးနှစ်ယောက်ကိုပါ ရိုက်ချပြီး မေ့လဲစေလိုက်သည်။ သုံးယောက်လုံးကို ကြိုးတုပ်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။

"စစ်သေနာပတိချုပ်။"

လောင်ဟန်အမတ်ချုပ်အိမ်တော်ဝတ်စုံ ဝတ်ထားပြီး လျှောက်တင်လိုက်သည်။

"လူတွေ ခေါ်လာပြီလား။"

"ခေါ်လာပါပြီ။"

"မီးဖိုချောင်ထဲက လူတွေကို မထိခိုက်စေနဲ့နော်။"

"ဟုတ်ကဲ့။"

လိုကျစ်ကွေ့က လောင်ဟန်၏ပခုံးကို ပုတ်ပြီး အနောက်ဘက် ခြံဝင်းသို့ ထွက်ခွာသွားသည်။

လောင်ဟန် မီးဖိုချောင်ထဲ ချောင်းကြည့်လိုက်ရာ အထဲတွင် လူသုံးယောက် ကြမ်းပြင်ပေါ် လဲကျနေသည်။

"သနားစရာပဲ။"

လောင်ဟန် တံခါးပိတ်ပြီး ထွက်ခွာသွားသည်။

…..

အိပ်ဆောင်ရှိရာ ခြံဝင်းထဲတွင် ဆူညံသံများ ထွက်ပေါ်နေသည်။

"ရွှီရှီ၊ မင်း လွန်မလာနဲ့နော်။"

အမတ်ချုပ်ကြီးရှဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အမတ်ချုပ်ကြီး ဘာပြောတာလဲ နားမလည်ဘူး။ ကျွန်မက တရားဝင်ဇနီးသည်လေ။ မယားငယ်ကမွေးတဲ့ ကလေးတွေကို မွေးစားခွင့်ရှိတယ်။ ဘာမှားလို့လဲ။"

"မယားငယ် မရှိပါဘူး။"

ချန်လု၏အသံက မျှော်လင့်ချက်မဲ့နေသည်။

"စစ်သေနာပတိချုပ်။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ရှေ့ ရောက်လာပြီး ပခုံးပုတ်လိုက်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏လက်ကို ဆွဲထားလိုက်သည်။

"အခြေအနေ ဘယ်လိုလဲ။"

"ရွှီရှီက ချန်လုကို ပါးတွေဆင့်ရိုက်နေတယ်။ ပါးတွေ ဖူးရောင်နေပြီ။"

နဉ်ရှောင်ယောင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လိုကျစ်ကွေ့... ယောက်ျားကို ပါးရိုက်တယ်တဲ့လား။

"သွားကြည့်ရအောင်။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ဆွဲပြီး ခေါင်မိုးပေါ် တက်သွားသည်။

"ယိုကွမ့်ကော။"

"ခေါင်မိုးပေါ်မှာ စောင့်နေတယ်။ အမတ်ချုပ်ကြီးကို ကိုက်မလို့လုပ်တာ ကျွန်မ တားထားလိုက်တယ်။ အစောင့်တွေက အများကြီးပဲ။ ယိုကွမ့်လေး အသက်အန္တရာယ်ရှိလိမ့်မယ်။"

"ဖြောင်း... ဖြောင်း... ဖြောင်း..."

နဉ်ရှောင်ယောင်း ပါးရိုက်သံကို တုပပြလိုက်သည်။

လိုကျစ်ကွေ့ စိုးရိမ်လာသည်။ နဉ်ရှောင်ယောင်း အတုယူမှားသွားမှာ စိုးရိမ်တယ်။

"အတုမယူနဲ့။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ လက်နှစ်ဖက်ကို ကိုင်ထားလိုက်သည်။

"ရွှီရှီ ဘာလို့ ကလေးမရလဲ သိလား။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။ ရွှီရှီရဲ့ သားအိမ်ထဲမှာ အလုံးရှိနေလို့ ကလေးမရတာ သူ သိတယ်။

"ယောက်ျားကို နိုင်စားပြီး ကြမ်းတမ်းလွန်းလို့ ကံဆိုးမိုးမှောင်ကျတာတဲ့။"

"ဟင်..."

"ဒါ ဆရာတော်တစ်ပါး ပြောသွားတာ။"

"ပြီးတော့ရော။"

"ရွှီရှီက အဲဒီဆရာတော်ကို ရိုက်နှက်ပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်လိုက်တယ်။"

နဉ်ရှောင်ယောင်း... ပါးစပ်သရမ်းတဲ့ အကျိုးဆက်က ကြီးမားလှပါလား။

"မိန်းမ... အား..."

ခြံဝင်းထဲမှ ချန်လု၏အော်သံ ထွက်ပေါ်လာသည်။

"ရွှီရှီ ထပ်ရိုက်နေပြီ။"

"အတုမယူနဲ့နော်။"

"ငါက အကျိုးအကြောင်း သင့်မြတ်တဲ့သူလေ။ ဘယ်သူ့ကို ရိုက်မှာမို့လို့လဲ။"

လိုကျစ်ကွေ့ နေရခက်သွားသည်။ သူက နဉ်ရှောင်ယောင်း သူ့ကို ရိုက်မှာ စိုးရိမ်နေတာလား။

"ရွှီရှီ!"

အမတ်ချုပ်ကြီးရှဲ့ အော်ဟစ်လိုက်သည်။

"အမတ်ချုပ်ကြီးကို ရိုက်တော့မှာလား။"

နဉ်ရှောင်ယောင်း ခေါင်မိုးပေါ် တက်ကြည့်လိုက်သည်။

ခြံဝင်းထဲတွင် လူသုံးစု ကွဲနေသည်။ ချန်အိမ်တော်သားများ၊ အမတ်ချုပ်အိမ်တော်သားများနှင့် ရွှီရှီ၊ ချန်လု၊ အမတ်ချုပ်ကြီးရှဲ့တို့ ဖြစ်သည်။

ချန်လုကတော့ နှာခေါင်းသွေး လျှံနေသည်။

"သနားစရာ။"

နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။

"တကယ် မယားငယ် မရှိပါဘူးကွာ။"

ချန်လု နှာခေါင်းအုပ်ပြီး ငြင်းဆိုလိုက်သည်။

"အမှန်တိုင်း မပြောချင်ဘူးပေါ့။"

"မိန်းမ... ကိုယ်..."

"ဖြောင်း..."

ပါးရိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

နဉ်ရှောင်ယောင်း ပါးကို အုပ်လိုက်သည်။ နာလိုက်တာ။

ချန်လု သေချင်စိတ် ပေါက်နေသည်။ မတရားခံလိုက်ရတဲ့ခံစားချက်က သေမလောက် ခံစားရခက်တယ်။ ရှန်ညီအစ်မကိုတွေ့ရင် သတ်ပြီး အရေခွံခွာပစ်မယ်။

"အံကြိတ်နေတာလား။"

"မဟုတ်ပါဘူး။"

"ငါ နားလေးနေတယ်ထင်နေလား။"

"မဟုတ်ပါဘူး။ အဲဒီ ရှန်ညီအစ်မကို တွေ့ရင် မိန်းမရှေ့မှာ သတ်ပြမယ်လို့ စဉ်းစားနေတာပါ။"

"ဟဲဟဲ... မဖြစ်နိုင်ပါဘူး။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို တိုးတိုးလေး ပြောလိုက်သည်။

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ ခေါင်းကို ပွတ်သပ်ပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"နင့်မှာ သားသမီး ရနေပြီဆိုတော့ သတ်ပစ်မယ်ပေါ့။ ချန်လု... နင်က တကယ့်လူယုတ်မာပဲ။ ပြဿနာဖြစ်ရင် မိန်းမတွေကို တံတိုင်းလုပ်ပြီး ကာကွယ်တတ်တဲ့ကောင်။"

ရွှီရှီ ချန်လုကို ကန်ကျောက်လိုက်သည်။

ချန်လု ပန်းခင်းထဲ လဲကျသွားသည်။

နဉ်ရှောင်ယောင်း... ရွှီရှီက လူကောင်းပဲ။

"အမတ်ချုပ်ကြီး။"

ရွှီရှီ အမတ်ချုပ်ကြီးရှဲ့ဘက် လှည့်လိုက်သည်။

ကိုယ်ရံတော်များ အမတ်ချုပ်ကြီးရှဲ့ရှေ့ ကာရပ်လိုက်ကြသည်။

"ဖယ်ကြ။ သူ ငါ့ကို ဘာလုပ်မလဲ ကြည့်ရအောင်။"

ကိုယ်ရံတော်များ နောက်ဆုတ်သွားကြသည်။

"ကျွန်မက သားသမီးမရှိတဲ့ မိန်းမတစ်ယောက်ပါ။ ဘာလုပ်နိုင်မှာလဲ။ အမတ်ချုပ်ကြီး... ချန်လုနဲ့ ကွာရှင်းပေးပါ။ ရှန်ညီအစ်မကို တရားဝင် လက်ထပ်ခိုင်းလိုက်ပါ။"

"မရှိပါဘူး။ ငါ အာမခံပါတယ်။ ရှန်ညီအစ်မဆိုတာ မရှိပါဘူး။ မင်းနဲ့ ရှန်းယန် လက်တွဲလာတာကြာပြီ။ သူ မင်းအပေါ် သစ္စာဖောက်ဖူးလို့လား။"

"ဝုန်း..."

တံခါးကြီး ပွင့်ထွက်သွားပြီး တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ။"

အမတ်ချုပ်ကြီးရှဲ့ မေးလိုက်သည်။

"သွားကြည့်ကြ။"

"ကျွန်တော် အမတ်ချုပ်အိမ်တော်ကို သတင်းပို့ခိုင်းလိုက်တယ်။ အမတ်ချုပ်ကြီး လုပ်ကြံခံရတော့မယ်။ လာကယ်ကြပါလို့။"

လိုကျစ်ကွေ့ ရှင်းပြလိုက်သည်။

"အမတ်ချုပ်အိမ်တော်က လူတွေက အဲဒီလောက် အလိမ်လွယ်လို့လား။"

"ရှဲ့လိုင်ပေါင်ကို ကြိုပြောထားပြီးသား။"

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ ရှဲ့လိုင်ပေါင်က သူတို့ဘက်သားဖြစ်နေပြီပဲ။

"အမတ်ချုပ်ကြီး၊ အိမ်တော်ထိန်း ရောက်လာပါပြီ။ ချန်အိမ်တော်သားတွေကို ဖမ်းထားလိုက်ပါပြီ။"

အစေခံတစ်ဦး ဝင်လာပြီး လျှောက်တင်လိုက်သည်။

အမတ်ချုပ်ကြီးရှဲ့ လန့်သွားသည်။ နဉ်ယွီရဲ့လူတွေ လာတိုက်ခိုက်မယ်ထင်နေတာ။ အခုတော့ ကိုယ့်လူအချင်းချင်း ဖြစ်ကုန်ပြီ။

"အမတ်ချုပ်ကြီးက ကျွန်မကို သတ်ချင်နေတာလား။"

ရွှီရှီ အေးစက်စွာ ပြောလိုက်သည်။

"အထင်လွဲတာပါ။"

အမတ်ချုပ်ကြီးရှဲ့ အားနည်းစွာ ပြောလိုက်သည်။

ချန်လု ပန်းခင်းထဲက ထလာပြီး တောင်းပန်လိုက်သည်။

"အမတ်ချုပ်ကြီး၊ ရွှီရှီက မိန်းမသားမို့လို့ ခွင့်လွှတ်ပေးပါ။"

"အိမ်တော်ထိန်း အရိုက်ခံရမလား။"

နဉ်ရှောင်ယောင်း စိုးရိမ်နေသည်။

"သေတော့ မသေလောက်ပါဘူး။ အလိမ်ခံလိုက်ရတာပဲ ရှိတာကို။"

"ရွှီရှီကို အိမ်ပြန်ပို့လိုက်။"

အမတ်ချုပ်ကြီးရှဲ့ အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်များ ရွှီရှီကို ဝိုင်းလိုက်ကြသည်။

"အမတ်ချုပ်ကြီး!"

ချန်လု စိတ်ပူသွားသည်။

"သူ စိတ်မငြိမ်သေးဘူး။ အိမ်ပြန်ပြီး စိတ်အေးသွားမှ ငါ ကိုယ်တိုင် ရှင်းပြမယ်။"

ရွှီရှီ လက်ကာပြလိုက်ပြီး ချန်လုကို လှောင်ပြောင်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

***

All Chapters