အခန်း (၂၆၉-၂၇၀)
Vol. 17 Ch. 269-270
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၆၉ ။ အရှင်မင်းကြီးက ပြောတယ်... ငါ အပြစ်လုပ်မိပြီတဲ့
ချန်လုက ရွှီရှီကိစ္စကို ထပ်ပြောဖို့ ပြင်လိုက်သည်။
"အမတ်ချုပ်ကြီး၊ ကျွန်တော်..."
အမတ်ချုပ်ကြီးရှဲ့ မျက်နှာထား တင်းမာသွားသည်။
"မင်း ငါ့ကို ပြန်ပြောချင်နေတာလား။"
ချန်လု ပါးစပ်ပိတ်သွားသည်။
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်လေသည်။
"အမတ်ချုပ်ကြီးကိုလည်း ကြောက်ရတယ်။ မိန်းမကိုလည်း ကြောက်ရတယ်။ ဒီလိုလူက ဘယ်လိုလုပ် စစ်သူကြီး ဖြစ်လာတာလဲ။ ထောင်ချန်လိုပဲ နောက်ပေါက်ကနေ ဝင်လာတာလား။"
"ကျွန်တော် ချန်လုနဲ့ မရင်းနှီးဘူး။"
"ကိစ္စမရှိပါဘူး။ နောက်ကျရင် ရင်းနှီးသွားမှာပါ။"
"မင်းက ချန်လုကို အလင်းရောင်ဘက် ကူးပြောင်းလာအောင် လုပ်နိုင်မယ်လို့ ယုံကြည်နေတာလား။"
"အင်း..."
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့လက်ဖဝါးကို ကုတ်လိုက်သည်။
"ရွှီရှီကို ကလေးရအောင် လုပ်ပေးနိုင်တယ်။ အဲဒါ လုံလောက်တယ် မဟုတ်လား။"
"ရွှီရှီမှာ ရောဂါရှိလို့လား။"
"အကြီးကြီးတော့ မဟုတ်ပါဘူး။ သားအိမ်ထဲမှာ အလုံးလေးရှိနေလို့။"
"ပြီးတော့ သူတို့က ဧကရာဇ် လုပ်ချင်နေတာမှ မဟုတ်တာ။ ဘယ်သူ့နောက်လိုက်လိုက် အတူတူပဲလေ။ အမတ်ချုပ်ကြီးက ငွေပေးနိုင်တယ်၊ ရာထူးပေးနိုင်တယ်။ ကျွန်မလည်း ပေးနိုင်တာပဲ။ ကျွန်မက ပိုတောင် ပေးနိုင်သေးတယ်။ ရွှီရှီကို ကလေးရအောင် လုပ်ပေးနိုင်တယ်။ ဘာလို့ အမတ်ချုပ်ကြီးနောက်လိုက်ပြီး အသေခံရမှာလဲ။"
"သစ္စာဖောက်ကို ဘယ်သူက အသုံးချမှာလဲ။"
"ကျွန်မအဖေက အရူးမို့လို့ သူတို့ အမတ်ချုပ်ကြီးနောက် လိုက်ရတာလေ။ မဟုတ်ရင် ဟုကော်ကုန်းတို့လို ဒုက္ခရောက်ကုန်မှာပေါ့။ အခု ကျွန်မ ဧကရာဇ်ဖြစ်နေပြီ။ ကျွန်မက အရူးမှ မဟုတ်တာ။ ကျွန်မနောက်လိုက်လို့ ရတာပဲ။"
"မင်း..."
"အတိတ်က အပြစ်တွေကို ခွင့်လွှတ်ပေးမယ်လို့ စာရေးပေးလိုက်မယ်။ ရွှီကျင်းကို ဂုဏ်သရေရှိ စစ်သူကြီးအဖြစ်ကနေ အလွန်ဂုဏ်သရေရှိ စစ်သူကြီးအဖြစ် ရာထူးတိုးပေးမယ်။"
"အလွန်ဂုဏ်သရေရှိ စစ်သူကြီး?"
"တပ်နှစ်တပ် ပိုအုပ်ချုပ်ခိုင်းလိုက်မယ်။ မလုံလောက်သေးရင် ထပ်တိုးပေးမယ်။ ကျွန်မက ဧကရာဇ်မင်းလေ။ ဘာမဆို ပေးနိုင်တယ်။"
လိုကျစ်ကွေ့ ဘာမှပြန်မပြောနိုင်တော့ပေ။
"ကျွန်မမှာ ယုံကြည်မှု ရှိတယ်။"
"ကြိုးစားကြည့်ပေါ့။"
ရွှီကျင်း ဘက်မပြောင်းရင်တောင် နဉ်ရှောင်ယောင်းကို သူ ကာကွယ်ပေးနိုင်ပါတယ်။
ရွှီရှီ ထွက်သွားသည်နှင့် ချန်လု လိုက်မလို့လုပ်သော်လည်းအမတ်ချုပ်ကြီးရှဲ့ တားထားလိုက်သည်။
"အမတ်ချုပ်ကြီး၊ တကယ်ပဲ အရှင်မင်းကြီး လက်ချက်လား။"
အမတ်ချုပ်ကြီးရှဲ့ အေးစက်စွာ ရယ်မောလိုက်သည်။
"အမတ်ချုပ်ကြီး၊ ကျွန်တော်မျိုး သစ္စာရှိပါတယ်။"
နဉ်ရှောင်ယောင်း တံတွေးထွေးလိုက်သည်။
"ချစ်တယ်လို့ပါ ပြောလိုက်ပါလား။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း ခေါင်းကို ပုတ်လိုက်သည်။
"မနောက်နဲ့။"
အမတ်ချုပ်ကြီးရှဲ့ လက်ကာပြလိုက်သည်။
"ငါ မင်းကို ယုံပါတယ်။"
နဉ်ရှောင်ယောင်း မျက်နှာမဲ့လိုက်သည်။ ယိုကွမ့်လည်း အမတ်ချုပ်ကြီးရှဲ့ကို ခြိမ်းခြောက်လိုက်သည်။
ရွှီရှီ အိမ်ကြီးအပြင်ဘက် ရောက်သွားသည်နှင့် ရှဲ့လိုင်ပေါင်က အစောင့်တွေကို အမိန့်ပေးနေသည်။
"သေချာစောင့်ကြည့်ထားကြ။"
ရွှီရှီက ရှဲ့လိုင်ပေါင်ကို ကန်ကျောက်လိုက်သည်။
"အင့်..."
ရှဲ့လိုင်ပေါင် လဲကျသွားသည်။ အရိုးကျိုးထားတာ မပျောက်သေးတော့ မထနိုင်တော့ပေ။
အမတ်ချုပ်အိမ်တော်သားများ ကူညီချင်ပေမယ့် ရွှီရှီကိုကြောက်လို့ မကပ်ရဲကြပေ။
ရွှီရှီက ရှဲ့လိုင်ပေါင်ကို ထပ်ကန်လိုက်သည်။
ရှဲ့လိုင်ပေါင် သွေးအန်မတတ် ဖြစ်သွားသည်။ ခြင်္သေ့မကြီးနဲ့တွေ့မှတော့ ခံရမှာပဲ။
ရွှီရှီ ဝေါယာဉ်နား လျှောက်သွားသည်။
"သခင်မလေး၊ စစ်သူကြီးကို မစောင့်တော့ဘူးလား။"
"စောင့်ပြီး ဘာလုပ်ရမှာလဲ။"
အထိန်းတော်ကြီး နှုတ်ဆိတ်သွားသည်။
ရွှီရှီ ဝေါယာဉ်ပေါ် တက်ရန် ပြင်လိုက်စဉ် နောက်ကျောဘက်မှ မြှားသံကြားလိုက်ရသည်။ ခါးကိုင်းပြီး ရှောင်တိမ်းလိုက်သည်။
မီးမြှားတစ်စင်း ဝေါယာဉ်ထဲ စိုက်ဝင်သွားသည်။ ဝေါယာဉ် မီးလောင်သွားသည်။
"အမလေး!"
အစေခံမများ အော်ဟစ်လိုက်ကြသည်။
"ဘယ်သူလဲ!"
အမတ်ချုပ်အိမ်တော် အစောင့်ခေါင်းဆောင် ပြေးထွက်သွားသည်။
ရွှီရှီကို လုပ်ကြံဖို့ ကြိုးစားတာပဲ။ ရွှီအိမ်တော်အစောင့်များ ရွှီရှီကို ဝိုင်းရံထားလိုက်ကြသည်။
"ဘာဖြစ်တာလဲ။"
ရှဲ့လိုင်ပေါင် မေးလိုက်သည်။
"ဘယ်သူမှ မရှိဘူး။"
အစောင့်ခေါင်းဆောင် ပြန်ဖြေလိုက်သည်။
"လူမရှိဘဲနဲ့ မီးမြှားက ဘယ်ကရောက်လာတာလဲ။"
ရွှီရှီ မီးလောင်နေသော ဝေါယာဉ်ကို ကြည့်နေသည်။
"သူပဲ။"
အထိန်းတော်ကြီးက အစောင့်ခေါင်းဆောင်ကို လက်ညှိုးထိုးပြလိုက်သည်။
"အစေခံလေးနှစ်ယောက်ကို ခေါ်သွားတဲ့သူပဲ။"
ရွှီရှီ ခေါင်းညိတ်လိုက်သည်။
"သခင်မလေး..."
ရှဲ့လိုင်ပေါင် စကားပြောရန် ပြင်လိုက်သည်။
"အိမ်ကြီးကို မီးရှို့ပစ်လိုက်။"
ရွှီရှီ အမိန့်ပေးလိုက်သည်။
အမတ်ချုပ်အိမ်တော်သားများ လန့်သွားကြသည်။
"သခင်မလေး?"
အထိန်းတော်ကြီးများ တားလိုက်သည်။ စစ်သူကြီးရော၊ အမတ်ချုပ်ကြီးရော အထဲမှာ ရှိနေတယ်လေ။
"ရှို့လိုက်။"
ရွှီရှီ အမိန့်ထပ်ပေးလိုက်သည်။
"ရပ်လိုက်ကြ။ ဘာလုပ်နေကြတာလဲ။"
ရှဲ့လိုင်ပေါင် အော်ဟစ်လိုက်သည်။
ရွှီရှီက ဓားအိမ်နဲ့ ပစ်ပေါက်လိုက်သည်။
ရှဲ့လိုင်ပေါင် ခေါင်းကွဲပြီး လဲကျသွားသည်။
"မီးရှို့စမ်း!"
ရွှီအိမ်တော် အစောင့်တစ်ဦး မီးတုတ်ကို ခြံဝင်းထဲ ပစ်ထည့်လိုက်သည်။
လောင်ဟန် မီးတုတ်ကို ကောက်ယူပြီး အိမ်ကို မီးရှို့လိုက်သည်။ လေတိုက်နေသဖြင့် မီးအရှိန်ကပြင်းသွားလေသည်။
"မီးလောင်နေပြီ!"
"မီးငြှိမ်းကြ!"
ရွှီရှီ ကြောင်သွားသည်။ မီးတုတ်ဘယ်နှချောင်း ပစ်ထည့်လိုက်လို့ ဒီလောက်လောင်သွားရတာလဲ။
အမတ်ချုပ်အိမ်တော် အစောင့်များနှင့် ရွှီအိမ်တော်အစောင့်များ တိုက်ခိုက်ကုန်ကြသည်။
"သခင်မလေးကို ကာကွယ်ကြ။"
ရှဲ့လိုင်ပေါင် ထထိုင်ပြီး ရွှီရှီကို လက်ညှိုးထိုးလိုက်သည်။
"စောင့်ကြည့်နေလိုက်။"
ရွှီရှီ အေးစက်စွာ ပြန်ပြောလိုက်သည်။
အထိန်းတော်ကြီးများ ကြောက်လန့်နေကြသည်။
"အမတ်ချုပ်ကြီးက ငါ့ကို သတ်ချင်နေတာ။"
"အမတ်ချုပ်ကြီးက ရက်စက်လိုက်တာ။"
"ရှဲ့ဝမ်ယွမ်က ဘာမဆို လုပ်ရဲတဲ့လူပဲ။"
နဉ်ရှောင်ယောင်း ခေါင်မိုးပေါ်တွင် ထိုင်နေရင်း အံ့သြသွားသည်။
"သူက အမတ်ချုပ်ကြီး လူဆိုးမှန်း သိနေတာပဲ။"
"ရှဲ့ဝမ်ယွမ်အကြောင်း လူတိုင်းသိပါတယ်။"
"ရှင်တို့ ဧကရာဇ်ကလွဲလို့ပေါ့။"
တိုက်ခိုက်သံများ လမ်းထိပ်မှ ကြားလိုက်ရသည်။
"ဖေ့ယင် ရောက်လာပြီ။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ဖက်ထားလိုက်သည်။
"အမတ်ချုပ်ကြီးလူတွေ အကုန်ရောက်လာတော့မယ်။"
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ မီးရောင်အောက်တွင် လိုကျစ်ကွေ့ မျက်နှာ နီရဲနေသည်။ သူလည်း လူဆိုးပဲ။
"ရွှီရှီ!"
ချန်လု အနောက်ဘက် ခြံဝင်းမှ ပြေးထွက်လာသည်။ မီးလောင်နေတာကို မြင်တော့ ခြေထောက်ပျော့ခွေသွားသည်။
ရွှီရှီ ချန်လုကို စိမ်းကားစွာ ကြည့်လိုက်သည်။
"ဘာလုပ်တာလဲကွာ။"
"ကွာရှင်းပေး။ ငါ့ကို ဘာလို့ သတ်ချင်ရတာလဲ။"
"သတ်ချင်တယ်? ဘယ်သူကလဲ။"
ရွှီရှီ အမတ်ချုပ်ကြီးရှဲ့ဘက် လှည့်လိုက်သည်။
"အမတ်ချုပ်ကြီးက ဘာလို့ သတ်ချင်ရမှာလဲ။"
"ချန်လု၊ ငါ့အမှားကြောင့် ကလေးမရတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလောက် ရက်စက်ရလား။"
"မိန်းမ... အမတ်ချုပ်ကြီး..."
ချန်လု အော်ဟစ်လိုက်သည်။
နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ အင်္ကျီလက်စကို ဆွဲလိုက်သည်။
"စစ်သေနာပတိချုပ်၊ ကျွန်မ အပြစ်လုပ်မိပြီ ထင်တယ်။"
"ချန်လု၊ ဒီနေ့ ငါတို့ ပြတ်စဲပြီ။"
ချန်လု မေ့လဲသွားတော့သည်။
နဉ်ရှောင်ယောင်း... တကယ် အပြစ်လုပ်မိပြီ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၇၀ ။ နွေရာသီည၏ သွေးစွန်းသောတိုက်ပွဲ
အမတ်ချုပ်ကြီးရှဲ့သည် ရှေ့မှမြင်ကွင်းကိုကြည့်ရင်း စစ်တပ်အသိုင်းအဝိုင်းမှ အမျိုးသမီးများသည် ဦးနှောက်မရှိသူများဖြစ်သည်ဟု မတွေးဘဲ မနေနိုင်တော့ချေ။ နဉ်ရှောင်ယောင်းက သူတို့ကြားကို သွေးခွဲနေမှန်း သိသာထင်ရှားလှသော်လည်း ရွှီရှီက ထိုထောင်ချောက်ထဲသို့ အပြည့်အဝ ခုန်ဝင်သွားခဲ့လေပြီ။
"ရွှီရှီ"
အမတ်ချုပ်ကြီးရှဲ့သည် ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း အောင့်အီးသည်းခံကာ ထိန်းချုပ်လိုက်သည်။ ဤသည်မှာ နဉ်ရှောင်ယောင်း၏လှည့်ကွက်ဖြစ်ကြောင်း ရွှီရှီကို သိစေချင်သည်။
ရွှီရှီသည် မေ့မြောနေသော ချန်လုကို လျစ်လျူရှုကာ အမတ်ချုပ်ကြီးကို မကျေမနပ် စိုက်ကြည့်လိုက်၏။ သူမသည် သူ့စကားကို နားထောင်လိုစိတ် မရှိပေ။ သူမသည် သူမ၏ခင်ပွန်းနှင့် အဆက်အသွယ်ဖြတ်တောက်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် ရွှီရှီသည် စိတ်ကောက်ရန် နေရာတစ်ခုသာ ရှာချင်နေမိသည်။
"ချန်လုက မင်းအပေါ် သံယောဇဉ်မရှိဘူးလို့ မင်းပြောတယ်" အမတ်ချုပ်ကြီးရှဲ့က အကျိုးအကြောင်းသင့်အောင် ပြောပြရန် ကြိုးစားလိုက်သည်။ "ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ချန်လုက မင်းကို နှိပ်စက်ဖူးလို့လား။ မင်းတို့နှစ်ယောက် လက်ထပ်လာတာ ဒီလောက်ကြာပြီ။ အခု ကောလာဟလတွေကြောင့် မယားငယ်ယူထားတယ်လို့ မင်းသံသယဝင်နေတယ်။ ဒါတင်မကဘူး၊ တခြားတစ်ယောက်နဲ့ ကလေးရထားတယ်လို့ စွပ်စွဲတယ်။ ခင်ပွန်းသည်ကို လူသတ်ဖို့ကြိုးစားတယ်လို့တောင် စွပ်စွဲသေးတယ်။ မင်း ချန်လုကို လုံးဝမယုံကြည်ဘူးပဲ။ ဒီအဘိုးကြီး မေးချင်တာက မင်းရဲ့သံယောဇဉ်က ဘယ်ရောက်သွားလဲ"
ရွှီရှီက အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဒါဆို ဘယ်သူက ကျွန်မကို သတ်ချင်နေတာလဲ"
"လုပ်ကြံသူက မြို့တော်ထဲက ဘယ်သူမဆိုဖြစ်နိုင်တယ်။ ဒီအဘိုးကြီး၊ ချန်လု ဒါမှမဟုတ် အာဏာရှိတဲ့ ဘယ်သူမဆို ဖြစ်နိုင်တယ်" အမတ်ချုပ်ကြီးရှဲ့က ကျိုးကြောင်းပြလိုက်သည်။ "ရွှီရှီ... ဒီအဘိုးကြီး မင်းကို ပြောခဲ့တာတွေကို တစ်ခွန်းမှ မယုံဘူးလား"
"ကောင်းပြီလေ" ရွှီရှီက ပြန်ပက်လိုက်သည်။ "တခြားသူလွှတ်လိုက်တယ်ပဲ ထားပါဦး။ ဒါဆို အမတ်ချုပ်ကြီးရဲ့ကိုယ်ရံတော်က စေခိုင်းလိုက်တဲ့ အစေခံကောင်လေးနှစ်ယောက်က တပ်မှူးချန်ဆီလွှတ်လိုက်တဲ့လူတွေ သေကုန်ပြီလို့ လိမ်ပြောခိုင်းတာကိုကျ ဘယ်လိုရှင်းပြမလဲ။ အမတ်ချုပ်ကြီး ရှင်းပြပါဦး"
အမတ်ချုပ်ကြီးရှဲ့သည် ဘယ်ညာသို့ ကြည့်လိုက်၏။ အိမ်တော်ထိန်းရှဲ့၏ ခေါင်းကို ပတ်တီးဖြူများ ပတ်ထားပြီး မျက်နှာတစ်ခုလုံး သွေးများပေကျံနေကာ အမတ်ချုပ်ကြီးကို လှမ်းကြည့်နေသည်။
အမတ်ချုပ်ကြီးက မျက်နှာလွှဲလိုက်လေသည်။ ဒီကောင်က တုံးလိုက်တာ။
ရွှီရှီက မဲ့ပြုံးပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ။ အမတ်ချုပ်ကြီး ပြန်မဖြေနိုင်တော့ဘူးလား"
"အစောင့်တွေရော အစေခံတွေရော အကုန်လုံး ဒီမှာရှိတယ်။ ရွှီရှီ... မင်း ဘယ်အစောင့်နဲ့ ဘယ်အစေခံကို ပြောချင်တာလဲဆိုတာ ဒီအဘိုးကြီးကို ပြောပြပါ"
"သူပါ"
အထိန်းတော်ကြီးက အစောင့်တပ်မှူးကို လက်ညှိုးထိုးပြလိုက်သည်။
အစောင့်တပ်မှူးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ စွပ်စွဲခံရသူမှာ သူဖြစ်ကြောင်း သေချာသွားသောအခါ ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ဝမ်းနည်းပက်လက် အော်ဟစ်လိုက်တော့သည်။
"သခင်ကြီး... ကျွန်တော်မျိုး စွပ်စွဲခံရတာပါ"
အခြားအစောင့်များအားလုံးကလည်း သူတို့ခေါင်းဆောင်ဘက်မှ ချက်ချင်းရပ်တည်ပေးကြသည်။ သူတို့ခေါင်းဆောင်က သူတို့နှင့်အတူ အချိန်ပြည့်ရှိနေခဲ့သည် မဟုတ်လား။ အစေခံကောင်လေးတွေကို လိမ်ပြောခိုင်းတာ သူဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ရွှီရှီက အေးစက်စွာ ရယ်မောလိုက်သည်။
"သိသာပါတယ်၊ ရှင်တို့လူအချင်းချင်းဆိုတော့ ဘက်လိုက်မှာပေါ့"
"ဟုတ်တယ်" နဉ်ရှောင်ယောင်းက ခေါင်မိုးပေါ်မှ ဒေါသတကြီး ရေရွတ်လိုက်သည်။
နဉ်ရှောင်ယောင်း ဘာကြောင့် ဒီလောက်စိတ်ဆိုးနေမှန်း လိုကျစ်ကွေ့ နားမလည်နိုင်ဖြစ်သွား၏။ သူမက စောစောကမှ အပြစ်ကျူးလွန်မိလို့ စိတ်မကောင်းဖြစ်နေတာ မဟုတ်ဘူးလား။
"ဒီအဘိုးကြီးနဲ့ ချန်လုကို တရားခံဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ထားတာလား" အမတ်ချုပ်ကြီးက မေးလိုက်သည်။
ရွှီရှီက ပြန်မဖြေဘဲ မျက်နှာတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များသာ ပြည့်နှက်နေသည်။
အမတ်ချုပ်ကြီးရှဲ့ သက်ပြင်းချလိုက်လေသည်။
"မင်း ဒီရက်ပိုင်း ဒီအဘိုးကြီးရဲ့အိမ်မှာ အနားယူလိုက်ပါလား"
နဉ်ရှောင်ယောင်း အံ့အားသင့်သွား၏။ သူ ကျိုးကြောင်းဆီလျော်အောင် မပြောနိုင်တော့ဘူးဆိုတော့ အခု ဒီအဘိုးကြီးက သူ့ကို ဖမ်းချုပ်ထားချင်တာလား။
လိုကျစ်ကွေ့၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ သူ့အပြုံးတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
ဒါ ရှဲ့ဝမ်ယွမ်ရဲ့ စရိုက်ပဲ။ သူက သူ့အတွက် အကျိုးအရှိဆုံးဖြစ်မယ့်အရာကိုပဲ လုပ်မှာ။ အခု သူက စစ်တပ်ကို ထုတ်သုံးချင်နေပြီ။ ရွှီရှီကြောင့် သူ့အစီအစဉ်တွေ ပျက်စီးမခံနိုင်ဘူး။ သူ့ကို နားချလို့မရမှတော့ နေအိမ်အကျယ်ချုပ် ဖမ်းထားပြီး တိုက်ပွဲပြီးမှ ရှင်းရင်းတာ ပိုကောင်းမယ်လို့ တွေးနေတာ။
"ကျွန်မ ငြင်းမယ်ဆိုရင်ရော" ရွှီရှီက ပြန်မေးလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဒီအဘိုးကြီးသာ တောင်းဆိုမယ်ဆိုရင် မင်းအဖေ ရွှီကျင်းတောင် မလာဘဲမနေရဲဘူး"
ရွှီရှီ ရင်ထဲ ကျပ်သွားသလို ခံစားလိုက်ရသည်။
ခေါင်မိုးပေါ်တွင် လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို တိုးတိုးလေးပြောလိုက်၏။
"ရွှီရှီက ဒီလောက်ရဲတင်းနေတာက ရှဲ့ဝမ်ယွမ်က သူ့မိသားစုရဲ့ စစ်အင်အားကို လိုချင်နေမှန်း သိလို့ပဲ။ သူ့အဖေနဲ့ အစ်ကိုတွေ စစ်တပ်ကို ကိုင်ထားသရွေ့ ရှဲ့ဝမ်ယွမ် သူ့ကို ဘာမှမလုပ်ရဲဘူး"
"ဒါပေမဲ့ အခု အမတ်ချုပ်ကြီးက သူ့သရုပ်မှန်ကို ပြလိုက်ပြီ" နဉ်ရှောင်ယောင်း စတင်၍ စိုးရိမ်လာသည်။ အမတ်ချုပ်ကြီးက နေအိမ်အကျယ်ချုပ်ထားတုန်း ရွှီရှီကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ။
သူမက မိဖုရားခေါင်ကြီးကို မြို့တော်ထဲကနေ ဘေးကင်းကင်းနဲ့ ထွက်သွားစေချင်သည်။ ထို့အပြင် သူမက မဟာစစ်သူကြီးရွှီကျင်းကို သူမဘက်ပါလာစေချင်သည်။ ရွှီရှီကို အသေမခံနိုင်ပေ။
"ရှဲ့ဝမ်ယွမ်က မိန်းမတစ်ယောက်ရဲ့ ခြိမ်းခြောက်တာကို ဘယ်တော့မှ ခံမှာမဟုတ်ဘူး" လိုကျစ်ကွေ့က အသံကို နှိမ့်ကာ ပြောလိုက်သည်။
"လာကြစမ်း၊ ရွှီရှီကို အိမ်တော်ဆီ ပြန်ခေါ်သွား" အမတ်ချုပ်ကြီးက အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် အဝေးမှ မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ မြို့တံခါး ကိုးခု တပ်မှူးရုံးနှင့် စစ်တန်းလျားမှ စစ်သူကြီးများက မြင်းပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။
အစေခံနှစ်ယောက်က ရှဲ့လိုင်ပေါင်ကို အမတ်ချုပ်ကြီးထံသို့ ထမ်းခေါ်လာကြသည်။ သူက တိုးတိုးလေး ပြောလိုက်၏။
"သခင်ကြီး... အိမ်တော်ရောက်မှ ဆက်ပြောကြတာပေါ့။ မီးက မကြာခင် ဒီဘက်ကို ကူးလာတော့မယ်"
မီးလောင်နေသော အိမ်များမှာ ပြိုကျကုန်ပြီဖြစ်သည်။ ရှေ့ဝင်းထဲတွင် လူလုပ်ရေကန်သာ မရှိပါက မီးသည် အရာအားလုံးကို ဝါးမြိုသွားပြီးဖြစ်လိမ့်မည်။
အမတ်ချုပ်ကြီးက ပြတ်သားစွာ ပြောလိုက်သည်။
"ငါတို့ သွားလို့မရတော့ဘူး"
ဖေ့ယင်သည် တပ်မှူးဝတ်စုံအပြည့်ဖြင့် အမတ်ချုပ်ကြီးရှေ့တွင် ရပ်နေလေသည်။ ဝတ်စုံကြောင့် သူ၏ မိန်းမဆန်သော အသွင်အပြင်များ ပျောက်ကွယ်သွားပြီး ပို၍ ယောက်ျားပီသနေသည်။
"ဘုရားရေ..." နဉ်ရှောင်ယောင်းက သဘောကျစွာ ရေရွတ်လိုက်သည်။ "ဒုသခင်လေးဖေ့က အရမ်းမိုက်တာပဲ"
လိုကျစ်ကွေ့ မျက်နှာ မည်းမှောင်သွား၏။
"မင်း ဘာလို့ ဒီကိုရောက်နေတာလဲ" အမတ်ချုပ်ကြီးက ဖေ့ယင်ကို မေးလိုက်သည်။
ဖေ့ယင်က ပြန်ဖြေလိုက်သည်။
"အမတ်ချုပ်ကြီး... ဒီနေရာမှာ မီးလောင်နေတယ်၊ လူတိုင်း လက်နက်ထုတ်ထားကြတယ်။ ဒီလက်အောက်ငယ်သားသာ မလာရင် တာဝန်ပျက်ကွက်ရာကျမှာပေါ့"
အမတ်ချုပ်ကြီးရှဲ့က ပြန်ပြောလိုက်သည်။
"ဒီအဘိုးကြီး အော်သံတွေ ကြားလိုက်တယ်။ မင်းနဲ့ စစ်တန်းလျားက အစောင့်တွေကြောင့်လား"
"ဟုတ်ပါတယ်" ဖေ့ယင်က ချက်ချင်း ဝန်ခံလိုက်သည်။
"ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်တာလဲ။ မြို့တံခါး ကိုးခု တပ်မှူးဖြစ်တာနဲ့ပဲ မင်းစိတ်ကြိုက် စစ်တပ်ကို ထုတ်သုံးလို့ရမယ် ထင်နေလား"
"ဖေ့ယင်က စလုပ်တာပါ" စစ်တန်းလျားမှ စစ်သူကြီးတစ်ဦးက ကုန်းချောလိုက်သည်။
ဖေ့ယင်က ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
"ခင်ဗျားကြည့်ရတာ လူကောင်းတစ်ယောက်နဲ့ တူပါတယ်။ တစ်ယောက်ယောက် အနိုင်ကျင့်တာ ခံလိုက်ရလို့လား။ မိဘတွေကို တိုင်ပြောရအောင် ခင်ဗျားမျိုးရိုးက ရှဲ့ လား"
"မင်း!" ထိုအရာရှိမှာ စကားမပြောနိုင်တော့ချေ။
"အမတ်ချုပ်ကြီး..." စကားနာထိုးပြီးနောက် ဖေ့ယင်က အမတ်ချုပ်ကြီးဘက်သို့ လှည့်လိုက်သည်။ "ခင်ဗျားပြောပုံအရဆိုရင် လူတွေသတ်ဖြတ်ပြီး မီးရှို့နေတာတောင် ကျွန်တော်က စစ်တပ်ကို ခေါ်မလာသင့်ဘူးဆိုတဲ့ သဘောလား"
အမတ်ချုပ်ကြီးရှဲ့က မေးလိုက်သည်။
"ဒါက စစ်တန်းလျားရဲ့ အပြစ်လား"
"မစစ်ဆေးဘဲနဲ့ ဘယ်လိုသိနိုင်မလဲ။ ဖေ့ယင်က အမတ်ချုပ်ကြီးကို မေးခွန်းထုတ်ရဲတယ်ပေါ့။ စစ်တန်းလျားက သန်းခေါင်ယံအချိန်မတော်ကြီး တပ်တွေကို ဦးဆောင်ပြီး မြို့တွင်းလမ်းမတွေပေါ် ဝင်ရောက်စီးနင်းနေတယ်။ ဘယ်သူက သူတို့ကို လုပ်ရဲတဲ့သတ္တိ ပေးလိုက်တာလဲ"
"ဖေ့ယင်... ပြဿနာမရှာနဲ့" စစ်တန်းလျားမှ စစ်သူကြီးတစ်ဦးက ဟိန်းဟောက်လိုက်သည်။
"ဒါက ဘယ်သူအသံပိုကျယ်လဲ ပြိုင်နေတဲ့ တိုက်ပွဲမဟုတ်ဘူး။ တပ်တွေကို ခေါ်ထုတ်ဖို့ ခွင့်ပြုထားတဲ့ အမိန့်တော်ပြန်တမ်း ဘယ်မှာလဲ" ဖေ့ယင်၏ မျက်လုံးများက အေးစက်ပြီး သနားညှာတာမှု ကင်းမဲ့နေဆဲပင်။
အမတ်ချုပ်ကြီးရှဲ့က လက်ကာပြပြီး စစ်သူကြီးများကို ဖယ်ခိုင်းလိုက်သည်။ ထို့နောက် ဖေ့ယင်ဘက်သို့ လှည့်လိုက်သည်။
"အရှင်မင်းကြီး ဓားထိုးခံလိုက်ရတယ်..."
"အရှင်မင်းကြီး ဓားထိုးခံရတာကို ခင်ဗျား မြင်လိုက်လို့လား" ဖေ့ယင်က ဖြတ်ပြောလိုက်သည်။ "လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ လက်ရှိဧကရာဇ်ကို ကျိန်ဆဲရဲတယ်ပေါ့။ ရှဲ့ဝမ်ယွမ်... ခင်ဗျား ရည်ရွယ်ချက်က ဘာလဲ"
"အတင့်ရဲလိုက်တာ!" အိမ်တော်ထိန်းချုပ်က အော်ပြောလိုက်သည်။
ဖေ့ယင်က သူ့ကို လှည့်ပင်မကြည့်ပေ။
"သန်းခေါင်ယံကြီး... ဘယ်ခွေးက ထအော်နေတာလဲ"
"မင်း!" အိမ်တော်ထိန်းချုပ် ဒေါသထွက်သွားတော့သည်။
"အမတ်ချုပ်ကြီး... ခွေးပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်ခွေးကို သေချာထိန်းသိမ်းသင့်တယ်။ နေရာတကာ လျှောက်မဟောင်ခိုင်းနဲ့။ လူတွေက ခွေးကို အပြစ်မတင်ဘူး။ ပိုင်ရှင်ကိုပဲ အပြစ်တင်ကြမှာ။ ဒါပေမဲ့ ခင်ဗျားက ခင်ဗျားအိမ်မွေးတိရစ္ဆာန်လောက်တောင် အဆင့်မရှိဘူးဆိုရင်တော့ ဘယ်သူမှ ဘာပြောကြမှာ မဟုတ်ပါဘူး။ လူတွေက ခွေးနဲ့ ဖက်မငြင်းဘူးလေ။ ခင်ဗျားနဲ့ကျမှ ဘာလို့ ဖက်ငြင်းနေရမှာလဲ"
"ဝိုး... သူ့စကားလုံးတွေက အဆိပ်ပြင်းလိုက်တာ" နဉ်ရှောင်ယောင်း အသက်ပြင်းပြင်းရှူပြီး ရေရွတ်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့ ငြိမ်သက်နေ၏။ သူ့လူများက ဖေ့ယင်ကို သတ်ရန် အမိန့်စောင့်နေချိန်တွင် အမတ်ချုပ်ကြီးက ရယ်မောလိုက်သည်။
"ဖေ့ယင်... ဒီအဘိုးကြီးက စကားမှားတာကို ခွင့်လွှတ်ပေးလိုက်မယ်"
"ဒါဆို ဒီမှာ ဘာဖြစ်သွားတာလဲ။ ဒီလက်အောက်ငယ်သားမှာ အမှန်ကို ရှာဖွေရမယ့် တာဝန်ရှိပါတယ်။ အမှန်အတိုင်းပြောပါ အမတ်ချုပ်ကြီး"
"မင်းက ငါ့ကို မေးခွန်းထုတ်ဖို့ အရည်အချင်းမရှိဘူး"
ဖေ့ယင်က ရွှီရှီဘက်သို့ လှည့်လိုက်သည်။
"ရွှီရှီ"
"ကျွန်မ ချန်အိမ်တော်ကို ပြန်ချင်တယ်။ ကျေးဇူးပြုပြီး ကျွန်မကို ပြန်လိုက်ပို့ပေးပါ တပ်မှူးဖေ့"
"ရွှီရှီ!" အမတ်ချုပ်ကြီးရှဲ့၏လေသံက သိသိသာသာ ပိုပြီး ခြိမ်းခြောက်သံပေါက်လာသည်။
"ရွှီရှီကို ချန်အိမ်တော်ဆီ ပြန်လိုက်ပို့ပေးလိုက်" ဖေ့ယင်က အမိန့်ပေးလိုက်သည်။
အမတ်ချုပ်ကြီး၏ လူများအားလုံး လက်နက်များကို ဆွဲထုတ်ပြီး ထွက်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။
"တိုက်!" ဖေ့ယင်က အမိန့်ပေးလိုက်သည်။
နောက်ထပ် တိုက်ပွဲတစ်ခု စတင်တော့မည်ဖြစ်သည်။ ချန်လုသည် ဆူညံသံများကြောင့် ရုတ်တရက် နိုးလာခဲ့သည်။ ဖေ့ယင်က သူ့ဇနီးသည်ကို ခေါ်သွားတော့မည်ဖြစ်ကြောင်း သူ မြင်လိုက်ရ၏။ ဝင်ပေါက်ကို အမတ်ချုပ်ကြီး၏ အစောင့်များ ပိတ်ဆို့ထားသည်။ ချန်လုသည် ကုန်းထပြီး အမတ်ချုပ်ကြီးရှဲ့၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"အမတ်ချုပ်ကြီး... ရွှီရှီက ခဏတာ မိုက်မဲသွားတာပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ သူ့ကို ခွင့်လွှတ်ပေးပါ" သူက တောင်းပန်လိုက်သည်။
"ပါးစပ်ပိတ်ထား!" အမတ်ချုပ်ကြီးရှဲ့နှင့် ရွှီရှီတို့ ပြိုင်တူအော်လိုက်ကြသည်။
"သတ်!" ဖေ့ယင်က ရက်စက်စွာ ကြေညာလိုက်သည်။
အော်ဟစ်သံများ လေထဲတွင် ပျံ့လွင့်သွားပြီး မြို့တံခါး ကိုးခုတပ်နှင့် ချန်အိမ်တော်မှလူများသည် အမတ်ချုပ်ကြီးနှင့် စစ်တန်းလျားမှလူများကို တိုက်ခိုက်ကြလေသည်။ နှစ်ဖက်အဖွဲ့များသည် ဝင်ပေါက်ဝ၌ပင် တိုက်ခိုက်နေကြသည်။ မကြာမီ လမ်းကြားတစ်ခုလုံး သတ်ဖြတ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
အနီးအနားတွင် နေထိုင်သူများသည် ဘာဖြစ်နေမှန်း မသိကြပေ။ သို့သော် သူတို့ အပြင်မထွက်ရဲကြချေ။ သက်ကြီးရွယ်အိုများနှင့် ကလေးများသည် အိမ်ထဲတွင် ပုန်းအောင်းနေကြသည်။ ဘယ်သူမှ မီးမထွန်းရဲကြပေ။
"သွားကြစို့" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းဘက် လှည့်ပြောလိုက်သည်။ "အခုဆိုရင် မိဖုရားခေါင်ကြီး မြို့တော်ကနေ ထွက်သွားလောက်ပြီ"
.....
ထိုအချိန်၌ ယင်းဖုန်းသည် တောင်ဘက်တံခါးရှိ မြင်းလှည်းဘေးတွင် ရပ်နေလေသည်။ သူက မိဖုရားခေါင်ကြီးကျိုးဘက်သို့ လှည့်လိုက်သည်။
"ကျွန်တော်မျိုး ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ပါမယ်"
"အရှင်မင်းကြီး အဆင်ပြေပါ့မလား"
"မိဖုရားခေါင်ကြီး လမ်းခရီးဖြောင့်ဖြူးပါစေ"
ဒီမိန်းမမှာ တိတ်တိတ်ပုန်းရည်းစားရှိနေတာပဲ။ အရှင်မင်းကြီးအတွက် သူက ဘာလို့ စိတ်ပူနေရတာလဲ။ ယင်းဖုန်း ခါးသီးစွာ တွေးလိုက်သည်။
ဒီနဂါးအစောင့်တပ်သား သူမကို မနှစ်သက်မှန်း မိဖုရားခေါင်ကြီးကျိုး သိလိုက်သည်။ ယင်းဖုန်း၏ ပြတ်သားသော တုံ့ပြန်မှုကို ကြားပြီးနောက် သူမ လိုက်ကာကို ချလိုက်သည်။
"ဘေးကင်းကြပါစေ" ယင်းဖုန်းက နဂါးအစောင့်တပ်သားများကို အမိန့်ပေးလိုက်သည်။ သူတို့သည် မိဖုရားခေါင်ကြီးကို ကျိုးစစ်တန်းလျားသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသည်။
နဂါးအစောင့်တပ်သားများက အမိန့်ကို နာခံကြသည်။ ယင်းဖုန်းက လက်ကိုမြှောက်ပြီး မြင်း၏ဘေးကို ရိုက်လိုက်သည်။
မြင်းက ဒုန်းစိုင်းပြေးထွက်သွားရာ မိဖုရားခေါင်ကြီးမှာ လှုပ်ခါသွားလေသည်။ လမ်းတစ်လျှောက်တွင် သူမ စိတ်ဓာတ်ကျသလို ခံစားနေရသည်။ ဘာကြောင့်မှန်း သူမ နားမလည်ပေ။ မကြာခင် သူ ရွှီဖေးယွီနဲ့ ပြန်တွေ့ရတော့မယ်လေ။ ဘာလို့ မပျော်ရွှင်ရတာလဲ။
မိဖုရားခေါင်ကြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ ယင်းဖုန်းသည် သူ့လူများကို မြို့တော်သို့ ပြန်ခေါ်လာခဲ့သည်။ သူ့ကို ကြိုဆိုနေသည်မှာ လူသေအလောင်းပုံကြီးပင်။ သူတို့အားလုံးမှာ မြို့ရိုးကို ကာကွယ်နေသော အစောင့်များဖြစ်သည်။
"သူ ထွက်သွားပြီလား" တန့်ရုံက သူ့ရှေ့တွင် ပေါ်လာသည်။
ယင်းဖုန်းက ခေါင်းညိတ်ပြရင်း သွေးအိုင်ထဲသို့ နင်းဝင်လိုက်သည်။ သွေးပျက်ဖွယ် မြင်ကွင်းက သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေပေ။
"ငါတို့ အကုန်လုံးကို သတ်လိုက်ပြီ" တန့်ရုံက အလောင်းများကို ညွှန်ပြလိုက်သည်။ "ရှဲ့ဝမ်ယွမ် ငါတို့အစီအစဉ်ကို ရိပ်မိမသွားအောင် မြို့တံခါးလေးခုလုံးက လူတွေကို ငါတို့ သတ်ပစ်လိုက်တယ်"
စစ်သေနာပတိချုပ်၏ ယုံကြည်ရသော လူများမှလွဲ၍ ယနေ့ည တာဝန်ကျသော အစောင့်အားလုံး အသတ်ခံလိုက်ရခြင်းဖြစ်သည်။
....
နောက်ဆုံးတွင် ဖေ့ယင်သည် ဖန်းချီလမ်းကြားမှ သွေးစွန်းသောတိုက်ပွဲကို အနိုင်ရပြီး ရွှီရှီကို ခေါ်ဆောင်သွားနိုင်ခဲ့သည်။ ချန်လုသည် အမတ်ချုပ်ကြီးရှေ့တွင် ဒူးထောက်လျက်ရှိနေသည်။ သူသည် သစ်သားရုပ်ကဲ့သို့ မလှုပ်မယှက်ဖြစ်နေလေသည်။
"ထစမ်း" အမတ်ချုပ်ကြီးရှဲ့က အမိန့်ပေးလိုက်သည်။
ချန်လု မထရဲပေ။ ထိုအစား သူသည် နဖူးနှင့် ကြမ်းပြင်ကို အဆက်မပြတ် ဆောင့်နေခဲ့သည်။
"အမတ်ချုပ်ကြီး... ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ရွှီရှီကို အသက်ချမ်းသာပေးပါ"
အမတ်ချုပ်ကြီးရှဲ့မှာ မတရားသဖြင့် ခံလိုက်ရသလို ခံစားလိုက်ရသည်။
"ဒီအဘိုးကြီးသာ သူ့အသက်ကို လိုချင်ခဲ့ရင် ဖေ့ယင် သူ့ကို ခေါ်သွားနိုင်မယ်လို့ မင်းထင်နေလား"
"အမတ်ချုပ်ကြီး?"
"သူ့ဘာသာသူ စဉ်းစားပါစေ" အမတ်ချုပ်ကြီးက ဟောက်လိုက်သည်။ သူသည် သွေးချင်းချင်းနီနေသော လမ်းကြားကိုကြည့်ပြီး အသံကို နှိမ့်လိုက်သည်။ "သူ နောင်တရလိမ့်မယ်"
ချန်လု တုန်လှုပ်သွားသည်။ အမတ်ချုပ်ကြီးက လက်ကမ်းပေးပြီး သူ့ကို ထူလိုက်သည်။ ရုတ်တရက် ချန်လုက အံကြိတ်ပြီး စကားလုံးနှစ်လုံးကို ပြောလိုက်လေသည်။
"အရှင်မင်းကြီး!"
သူ့လက်အောက်ငယ်သားတွေကို နှိပ်စက်ရာမှာ ဒီလောက်တော်တဲ့ ဧကရာဇ်မျိုး သူ တစ်ခါမှ မတွေ့ဖူးခဲ့ပါ!
***