အခန်း (၂၇၁-၂၇၂)
Vol. 17 Ch. 271-272
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၇၁ ။ အရှင်မင်းကြီးကို ပါးရိုက်ခဲ့မိသော အမျိုးသမီး
"ရွှီရှီနဲ့ သွားဆွေးနွေးလိုက်ဦးမယ်။"
နဉ်ရှောင်ယောင်း နန်းတော်ထဲ ပြန်ရောက်ပြီး အဝတ်အစားလဲကာ ချက်ချင်း ပြန်ထွက်ဖို့ ပြင်နေသည်။
"မနက်စာ မစားတော့ဘူးလား။"
လိုကျစ်ကွေ့ မေးလိုက်သည်။
လူတွေက ဗလာဖြစ်နေတဲ့ ပေါက်စီပန်းကန်တွေကို ကြည့်လိုက်ကြသည်။ ပေါက်စီအများကြီး ကုန်အောင်စားပြီးပြီဆိုတော့ ဗိုက်ဆာပါဦးမလား။
နဉ်ရှောင်ယောင်း စဉ်းစားလိုက်ကာ နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်သည်။
"မစားတော့ပါဘူး။ ရွှီရှီနဲ့ ဘဝအကြောင်း သွားဆွေးနွေးလိုက်ဦးမယ်။"
"အရှင်မင်းကြီး၊ ရွှီရှီက ထပ်ရိုက်ဦးမှာလား။"
နဂါးအစောင့်တပ်သားတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
"ထပ်ရိုက်ရင် ပြန်ချလိုက်မယ်။"
နဉ်ရှောင်ယောင်း အလေးအနက် ပြောလိုက်သည်။
အားလုံး စိတ်အေးသွားကြသည်။ အရှင်မင်းကြီးက ရန်ဖြစ်ရင် တော်တော်ကြမ်းတာကိုး။
"စစ်သေနာပတိချုပ်၊ လိုက်မလား။"
လိုကျစ်ကွေ့ ရေနွေးခွက်ကိုကိုင်ရင်း နဉ်ရှောင်ယောင်းကို ကြည့်နေသည်။
"ရှင် မလိုက်ရင် သာ့ဖုန်းကို ခေါ်သွားမယ်။ ဒါမှမဟုတ် အမတ်မင်းဖေ့ကို ခေါ်သွားရင် ကောင်းမလား။"
လိုကျစ်ကွေ့ ရေနွေးခွက် ချလိုက်သည်။
"လိုက်မယ်။"
"ကောင်းပြီ။ သွားကြစို့။"
နဉ်ရှောင်ယောင်း လက်နောက်ပစ်ပြီး ထွက်ခွာသွားသည်။ ဖေ့ယင်က ချောပေမယ့် လိုကျစ်ကွေ့လည်း ချောတာပါပဲ။
"စစ်သေနာပတိချုပ်။"
အနက်ရောင်နှင်းခဲ မြင်းတပ် စစ်သူကြီးတစ်ဦး လိုကျစ်ကွေ့နောက် လိုက်လာသည်။
"စစ်သည်တွေခေါ်ဖို့ကိစ္စ ဘယ်လိုလုပ်မလဲ။"
"ငါ ပြန်လာမှ ပြောကြတာပေါ့။"
လိုကျစ်ကွေ့တစ်ယောက် နဉ်ရှောင်ယောင်းနောက် လိုက်သွားတော့သည်။
စစ်သူကြီးမှာတော့ ကြောင်ငေးကျန်ခဲ့လေသည်။ စစ်သည်တွေခေါ်ဖို့ကိစ္စက အရေးကြီးတယ်လေ။ စစ်သေနာပတိချုပ် ဘာတွေစဉ်းစားနေတာလဲ။ (စစ်သေနာပတိချုပ်ရဲ့ စိတ်ကို နောက်ကျရင် နားလည်လာမှာပါ။)
…..
အမတ်ချုပ်ကြီးရှဲ့ စာကြည့်ခန်းထဲတွင် ထိုင်နေသည်။ စစ်သူကြီးတစ်ဦးက မနေ့ညက အစောင့်တွေ အသတ်ခံရတဲ့ကိစ္စ လာတင်ပြနေသည်။
"မတရားဘူး။ အမတ်မင်းဖေ့က တာဝန်ယူသင့်တာ။ ဒါပေမဲ့ သူက..."
"သူ ဂရုစိုက်မှာ မဟုတ်ပါဘူး။"
အမတ်ချုပ်ကြီးရှဲ့ ဖြတ်ပြောလိုက်သည်။
"သေဆုံးသွားတဲ့သူတွေ စာရင်းလုပ်ထားလိုက်ပါ။ လျော်ကြေးငွေ ငါ ထုတ်ပေးမယ်။"
စစ်သူကြီး ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။
"ထပါ။ မြို့တော်စစ်တပ်ကနေ အစောင့်တွေ ထပ်ဖြည့်ပေးမယ်။ သတိထားကြ။"
စစ်သူကြီး စိတ်မကောင်းဖြစ်သွားသည်။ သတိထားရုံနဲ့ ရပါ့မလား။ အသတ်ခံရတဲ့သူတွေက ရင်းနှီးတဲ့လူတွေလက်ချက်နဲ့ သေတာလေ။ ဘယ်သူက လုပ်တာလဲ။ မြို့တော်ထဲမှာ အမတ်ချုပ်ကြီးနဲ့ ရန်ဘက်ဖြစ်ပြီး ဒီလောက်ရက်စက်တဲ့သူ ဘယ်သူရှိလဲ။ အရှင်မင်းကြီးကလွဲပြီး ဘယ်သူရှိဦးမှာလဲ။
"အရှင်မင်းကြီးကိစ္စ လျှောက်မတွေးကြနဲ့။ ကိုယ့်အလုပ်ကိုယ် လုပ်ကြ။"
အမတ်ချုပ်ကြီးရှဲ့ သတိပေးလိုက်သည်။
စစ်သူကြီးက အမတ်ချုပ်ကြီးရှဲ့ကို မော့ကြည့်လိုက်သည်။ အရှင်မင်းကြီး ဘာမှမဖြစ်ဘူးဆိုတာ သေချာသွားပြီ။ မနေ့ညက လူသတ်သမားတွေက အရှင်မင်းကြီးလူတွေဖြစ်နိုင်တယ်။
စစ်သူကြီး ထွက်ခွာသွားသည်။ ဒေါသထွက်နေရာမှ ကြောက်ရွံ့စိတ်ဝင်လာသည်။ အစောင့်တွေက အမတ်ချုပ်ကြီးလူတွေမို့လို့ အရှင်မင်းကြီး သတ်ခိုင်းတာဖြစ်မယ်။ ကျန်တဲ့လူတွေကိုရော သတ်ဦးမလား။
"အမတ်ချုပ်ကြီး။"
ရွှီယိမင် စာကြည့်ခန်းထဲ ဝင်လာသည်။
"မနေ့ညက အရှင်မင်းကြီးရဲ့လူတွေ မြို့တော်ပြင် ထွက်သွားတာ သေချာတယ်။"
အမတ်ချုပ်ကြီးရှဲ့ စာရေးလိုက်သည်။
"လိုကျစ်ကွေ့ရဲ့လူတွေလည်း ဖြစ်နိုင်တယ်။"
ရွှီယိမင် စာရွက်ပေါ်တွင် ရေးလိုက်သည်။
"ဖန်းထန်ကိစ္စကြောင့်ဖြစ်မယ်။"
"ဖန်းထန်ကိစ္စ စုံစမ်းဖို့ဆိုရင် အစောင့်တွေကို သတ်စရာလိုလို့လား။"
အမတ်ချုပ်ကြီးရှဲ့ ခေါင်းခါလိုက်သည်။
"ဉာဏ်များနေတာ။ ငါတို့ကို ထင်ရောင်ထင်မှားဖြစ်အောင် လုပ်နေတာ။"
"စုန့်ဝူကို ဆက်ထားလို့ မဖြစ်တော့ဘူး။"
ရွှီယိမင် ရေးလိုက်သည်။
"နန်းတော်ထဲ ကြာကြာနေလေ၊ ပေါ်သွားနိုင်ခြေများလေပဲ။ လိုကျစ်ကွေ့ ကြိုတင်ပြင်ဆင်ပြီး အရှင်မင်းကြီးကို မြို့တော်ပြင်ထုတ်သွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်။"
အမတ်ချုပ်ကြီးရှဲ့ စားပွဲခုံကို လက်ချောင်းဖြင့် ခေါက်လိုက်သည်။ နဉ်ယွီ ထွက်ပြေးသွားရင် အရှင်မင်းကြီး သေပြီ၊ နဉ်ယွီက အတုပါလို့ ပြောတာကို ဘယ်သူယုံတော့မလဲ။
"အမတ်ချုပ်ကြီး သဘောက..."
"လူလွှတ်လိုက်။ အန်းယွမ်ကိုသွားပြီး ဖန်းထန်ကိစ္စ စုံစမ်းခိုင်း။ အနက်ရောင်နှင်းခဲမြင်းတပ် လာနေလား ကြည့်ခိုင်း။"
ရွှီယိမင် "ဟုတ်ကဲ့" လို့ ရေးလိုက်သည်။
"စုန့်ဝူကိစ္စကတော့..."
အမတ်ချုပ်ကြီးရှဲ့ ခဏရပ်လိုက်သည်။
"အခု သတ်လိုက်ရင် လိုကျစ်ကွေ့ သံသယဝင်သွားလိမ့်မယ်။ ငါ ဘယ်လိုလုပ် စုန့်ဝူကို သိနေတာလဲလို့ တွေးမိသွားလိမ့်မယ်။ အရှင်မင်းကြီးနဲ့ လိုကျစ်ကွေ့ကို လျှော့မတွက်နဲ့။"
ရွှီယိမင် ခေါင်းညိတ်လိုက်သည်။
"နောက်ထပ် ၅ ရက်ပဲ လိုတော့တယ်။ စွန့်စားသင့်ရင် စွန့်စားရမယ်။ စုန့်ဝူကို အရှင်ထားလိုက်ပါ။ ၅ ရက်အတွင်း သတင်းပေါက်ကြားသွားရင်တော့ ငါတို့ကံပဲ။"
ရွှီယိမင် သက်ပြင်းချလိုက်သည်။ စိတ်မသန့်ဖြစ်နေသည်။
အမတ်ချုပ်ကြီးရှဲ့ စာရွက်ပေါ်တွင် "မကြောက်နဲ့" လို့ ရေးပြလိုက်သည်။
ပြတင်းပေါက်အပြင်ဘက် သစ်ပင်ပေါ်တွင် ငှက်တစ်ကောင် နားစွင့်နေသည်။ လူဆိုးကြီးက ဘာမှအသံမထွက်ဘဲ မနေနိုင်ပါဘူး။
ရှဲ့လိုင်ပေါင်လည်း အပြင်ဘက်တွင် နားစွင့်နေသော်လည်း ဘာမှမကြားရပေ။
"အိမ်တော်ထိန်း။"
အစေခံတစ်ဦး ရောက်လာသည်။
"စစ်သူကြီးချန် ရောက်နေပါတယ်။ အမတ်ချုပ်ကြီးကို တွေ့ချင်လို့တဲ့။"
(တပ်မှူးချန်ကနေ စစ်သူကြီးချန်ဆိုပြီး ပြောင်းသွားပါတယ်။ ချန်လု ပါပဲ။)
"အမတ်ချုပ်ကြီး၊ စစ်သူကြီးချန် ရောက်နေပါတယ်။"
ရှဲ့လိုင်ပေါင် လှမ်းပြောလိုက်သည်။
"စောင့်ခိုင်းလိုက်။"
အမတ်ချုပ်ကြီးရှဲ့ ပြန်ပြောလိုက်သည်။
"အမတ်ချုပ်ကြီး!"
ချန်လု၏အသံက အပြင်ဘက်မှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"တွေ့လိုက်ပါတော့။"
ရွှီယိမင် အကြံပြုလိုက်သည်။
"ရွှီရှီက မိန်းမသားပဲလေ။ အမတ်ချုပ်ကြီး စိတ်ဆိုးမနေပါနဲ့။"
အမတ်ချုပ်ကြီးရှဲ့ မျက်ခုံးပင့်လိုက်သည်။ အစီအစဉ်တွေ ပျက်ကုန်ပြီ။
"အမတ်ချုပ်ကြီး!"
ချန်လု ထပ်အော်လိုက်သည်။
အမတ်ချုပ်ကြီးရှဲ့ စားပွဲခုံကို ရိုက်လိုက်သည်။
"ဝင်လာခိုင်းလိုက်။"
…..
ချန်လု ဝင်လာချိန်တွင် နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့တို့သည်လည်း ရွှီရှီရှိရာအခန်းသို့ ရောက်နေလေပြီ။
"ရွှီရှီ၊ ပြန်တွေ့ကြပြန်ပြီနော်။"
နဉ်ရှောင်ယောင်း နှုတ်ဆက်လိုက်သည်။
ရွှီရှီ ကုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထလာသည်။
"နင်... နင်က..."
"ဟားဟား... ငါပါပဲ။"
"နင်... နင်က မိန်းကလေး မဟုတ်ဘူးလား။"
ရွှီရှီ နဉ်ရှောင်ယောင်းကို အပေါ်အောက် ကြည့်လိုက်သည်။
"မဟုတ်ပါဘူး။"
နဉ်ရှောင်ယောင်း စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်သည်။
ရွှီရှီက လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ နောက်ဆုတ်သွားပြီး ကုတင်ပေါ် ပြန်ထိုင်ကျသွားသည်။
"တောင်းပန်ပါတယ်။"
နဉ်ရှောင်ယောင်း တောင်းပန်လိုက်သည်။
"ရှင် ဘယ်သူလဲ။"
"ငါက နဉ်ရှောင်..."
"အရှင်မင်းကြီး ရောက်နေတာကို ဂါရဝမပြုဘူးလား။"
လိုကျစ်ကွေ့ ဝင်ပြောလိုက်သည်။
ရွှီရှီ ကြောင်အသွားပြန်သည်။ ဒီလူက ဧကရာဇ်မင်း။ မနေ့ညက မိန်းကလေးလို ဝတ်ပြီး သူ့ကို လာလိမ်တဲ့သူ။
"ဆွေးနွေးလို့ ရမလား။"
ရွှီရှီ လက်ညှိုးထိုးပြီး တုန်ယင်နေသည်။
"ငါ မှားပါတယ်။"
နဉ်ရှောင်ယောင်း အပြစ်ဝန်ခံလိုက်သည်။ ပြီးတော့ အမတ်ချုပ်ကြီးရှဲ့ကို အပြစ်ပုံချလိုက်သည်။
"ဒါပေမဲ့ ကြည့်လေ။ မနေ့ညက အမတ်ချုပ်ကြီးရဲ့မျက်နှာဖုံး ကွာကျသွားပြီ မဟုတ်လား။ သူက မင်းကို ဖမ်းချုပ်ထားချင်တာ။ ပြီးရင် သတ်ပစ်မှာ။"
"မနေ့ညက နောက်မိန်းကလေးတစ်ယောက်က ဘယ်သူလဲ။"
ရွှီရှီ မေးလိုက်သည်။ အဲဒါလည်း ယောကျာ်းလေး ဖြစ်နေရင် မျက်လုံးကန်းလိုက်တာကမှ ကောင်းဦးမယ်။
"အဲဒါ မိန်းကလေးကျီလေ။"
"ကျီယွဲ့ရုံ?"
"အင်း..."
"အစောင့်ခေါင်းဆောင်နဲ့ အစေခံလေးတွေကရော။"
"အစောင့်ခေါင်းဆောင်က စစ်သေနာပတိချုပ်။ အစေခံလေးတွေကတော့ အစစ်ပါ။ စစ်သေနာပတိချုပ် လှည့်စားလိုက်တာ။ မီးရှို့တာက ငါတို့လက်ချက်။ အမတ်မင်းဖေ့ ရောက်လာတာလည်း ကြိုစီစဉ်ထားတာ။ မေးစရာရှိသေးလား။"
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို အနောက်သို့ ဆွဲပို့လိုက်သည်။ ရွှီရှီ ထရိုက်မှာ စိုးရိမ်လို့လေ။
ရွှီရှီက နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ ဧကရာဇ်မင်း၊ စစ်သေနာပတိချုပ်နှင့် စစ်သူကြီးသမီးတို့ပေါင်းပြီး သူမကို လှည့်စားကြတာလား။
"ငါတို့ မှားပါတယ်။"
နဉ်ရှောင်ယောင်း ထပ်မံဝန်ခံလိုက်သည်။
"ဒါပေမဲ့ အမတ်ချုပ်ကြီးလည်း လူကောင်းမှ မဟုတ်တာ။"
"ချန်လုက အပြစ်ကင်းတယ်။"
ရွှီရှီ ရေရွတ်လိုက်သည်။
"အဲ... ဟုတ်တယ်။ ချန်လုက အမတ်ချုပ်ကြီးနောက်လိုက်နေပေမယ့် မင်းအပေါ်တော့ ကောင်းပါတယ်။ သစ္စာရှိတယ်။ ခွေးလိမ္မာလေးလိုပဲ။"
"ခွေး?"
"အဲ... မှားလို့။ ခွေးမဟုတ်ပါဘူး။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
ရွှီရှီ မတ်တတ်ရပ်လိုက်သည်။
"အရှင်မင်းကြီး။"
"အင်း..."
နဉ်ရှောင်ယောင်း လက်ထောင်ပြလိုက်သည်။
"ကျွန်မကို ဒီလို လှည့်စားရတာ ပျော်ရဲ့လား။"
"လှည့်စားတာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက အစ်မကြီးလက်ချက်နဲ့ အသေခံမလို့ လာတာပါ။"
နဉ်ရှောင်ယောင်း မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
ရွှီရှီ သတိရသွားသည်။ မနေ့ညက သူမ အရှင်မင်းကြီးကို ပါးရိုက်လိုက်မိတာပဲ။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၂၇၂ ။ ယောက်ျားတွေ ထူးချွန်ရင် မိန်းမတွေ စိတ်ညစ်ရတယ်
"အရှင်မင်းကြီး လုပ်ကြံခံရတာ မဟုတ်ဘူးလား။"
ရွှီရှီ အချိန်အတော်ကြာ ကြောင်ငေးနေပြီးမှ မေးလိုက်သည်။
"ကောလာဟလတွေပါ။"
နဉ်ရှောင်ယောင်း ကုလားထိုင်နှစ်လုံး ဆွဲယူပြီး လိုကျစ်ကွေ့နှင့်အတူ ရွှီရှီရှေ့တွင် ဝင်ထိုင်လိုက်သည်။
"ထိုင်ပြီး ဆွေးနွေးကြတာပေါ့။ ပြောစရာတွေက အများကြီးပဲ။"
ရွှီရှီ နဉ်ရှောင်ယောင်းကို အကဲခတ်နေသည်။ ဧကရာဇ်တစ်ပါးပုံစံလည်း မပေါက်ဘူး။ လိုကျစ်ကွေ့သာ ပါမလာရင် စစ်ဆေးကြည့်မိမှာ သေချာတယ်။
"စစ်သေနာပတိချုပ်၊ ရှင်းပြလိုက်ပါဦး။"
နဉ်ရှောင်ယောင်း ချက်ချင်းပင် လိုကျစ်ကွေ့ကို လွှဲပေးလိုက်သည်။
လိုကျစ်ကွေ့ အဖြစ်အပျက်ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
....
"ပုန်ကန်မလို့လား။"
နဉ်ရှောင်ယောင်း အလေးအနက် ပြောလိုက်သည်။
ရွှီရှီ မျက်နှာဖြူဖျော့သွားသည်။ မနေ့ညက အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာရနေတုန်း။ အခု ပုန်ကန်မလို့ဆိုတဲ့ စကားကြားလိုက်ရတော့ သတိလစ်ချင်သွားသည်။
"လန့်သွားလား။"
နဉ်ရှောင်ယောင်း သနားကရုဏာသက်စွာ မေးလိုက်သည်။
"ရှင်တို့ ဘာလုပ်ချင်တာလဲ။"
"အမတ်ချုပ်ကြီးကို ဖြုတ်ချပြီး ပြည်သူတွေကို ကယ်တင်မလို့ပါ။"
"ဒါ ကျွန်မနဲ့ ဘာဆိုင်လို့လဲ။"
"ဘယ်လိုလုပ် မဆိုင်ရမှာလဲ။ မင်းက ချန်လုရဲ့မိန်းမ။ ရွှီကျင်းရဲ့ သမီးလေ။"
"ရှဲ့ဝမ်ယွမ်က မင်းအဖေကို မြို့တော်ခေါ်တော့မှာ။"
လိုကျစ်ကွေ့ ဖြည့်စွက်ပြောလိုက်သည်။
ရွှီရှီ ရေနွေးတစ်ခွက် မော့သောက်လိုက်သည်။
"အမတ်ချုပ်ကြီးက လျှို့ဝှက်လုပ်မှာ။ ရှင် ဘယ်လိုသိလဲ။"
"ဒါတော့ ပြောပြလို့ မရဘူး။"
"ဒါဆို ကျွန်မ ဘာလို့ ယုံရမှာလဲ။"
"အမတ်ချုပ်ကြီးရဲ့ လျှို့ဝှက်စာ ထွက်သွားပြီ။ မယုံရင် အရှင်မင်းကြီးက ဘာလို့ မင်းရှေ့ ရောက်လာမှာလဲ။"
နဉ်ရှောင်ယောင်း ရင်ကော့လိုက်သည်။ လိုကျစ်ကွေ့ လိမ်နေမှန်းသိပေမယ့် ဟန်မပျက်နေလိုက်သည်။
ရွှီရှီ တိတ်ဆိတ်သွားသည်။
"အနက်ရောင်နှင်းခဲမြင်းတပ်က မင်းအဖေရဲ့ ကျားဟိန်းသံတပ်ဖွဲ့နဲ့ တိုက်ရမှာကို ဝန်မလေးပါဘူး။"
"ငါ ဝန်လေးတယ်။"
နဉ်ရှောင်ယောင်း လက်ထောင်ပြလိုက်သည်။
"မြောက်ပိုင်းဟူတွေကို တိုက်ရဦးမယ်။ ခေါင်းဆောင်ရှန်ကို တိုက်ရဦးမယ်။ စစ်တိုက်တတ်တဲ့လူတွေ လိုနေတယ်။"
ရွှီရှီ ဘာမှပြန်မပြောပေ။
"လိုချင်တာ ပြောလေ။ ဆွေးနွေးကြမယ်။"
"အရှင်မင်းကြီး၊ ကျွန်မက မိန်းမသားတစ်ယောက်ပါ။"
"ဒါဆို ချန်လုနဲ့ ကလေးရအောင် လုပ်ပေးမယ်။ ဘယ်လိုလဲ။"
"ဘာ..."
ရွှီရှီ အံ့သြသွားသည်။
"မင်း ဘာလို့ ကလေးမရလဲ သိလား။"
"ဘာလို့လဲ။"
"ငါ အမတ်ချုပ်အိမ်တော်မှာ ကြီးပြင်းလာတာလေ။ အမတ်ချုပ်ကြီးအကြောင်း ကောင်းကောင်းသိတယ်။"
"အမတ်ချုပ်ကြီးနဲ့ ဆိုင်လို့လား။"
"မင်း ဆေးခတ်ခံထားရတာ။"
ရွှီရှီ ထခုန်လိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့။ ဖြစ်ပြီးသွားပြီပဲ။"
"အကြောင်းရင်းက ဘာလဲ။"
"ငါ ဘယ်သိမှာလဲ။ ငါသာ အမတ်ချုပ်ကြီးအကြောင်းသိရင် သတ်ပစ်တာကြာပြီ။"
"ဒါဆို ကျွန်မ ဘာလို့ ယုံရမှာလဲ။"
"ကြည့်လေ။ ငါ မိန်းမတစ်ယောက်ခေါ်လာပြီး ချန်လုနဲ့ ကလေးရအောင် လုပ်ခိုင်းလိုက်မယ်။ ချန်လုမှာ ပြဿနာမရှိရင် မင်းမှာရှိတာ သေချာသွားပြီပေါ့။"
ရွှီရှီ ဒေါသထွက်သွားပြန်သည်။
"ရန်မဖြစ်ဘူးလို့ ပြောထားတယ်နော်။"
ရွှီရှီ... ဘယ်တုန်းက ပြောထားလို့လဲ။
"မင်း အိမ်ပြန်ရောက်တာတောင် ချန်လုက အမတ်ချုပ်အိမ်တော်မှာ ကျန်နေခဲ့တယ်ဆိုတာ ဘာသဘောလဲ။"
လိုကျစ်ကွေ့ မေးလိုက်သည်။
"အမတ်ချုပ်ကြီး ပေးမတွေ့လို့ပေါ့။"
"မင်းတို့မှာ သားသမီးသာရှိရင် ချန်လုက မင်းကို ပစ်ထားခဲ့မှာ မဟုတ်ဘူး။ မနေ့ညက သူ မင်းဘက်ပါလား။ သူ အမတ်ချုပ်ကြီးကို တောင်းပန်နေတာ တွေ့တယ်မလား။ သိပ်တော့ စိတ်မပါဘူး။"
"ဒါဆို သူ ဘယ်လိုလုပ်ရမှာလဲ။"
"ဝါး... စစ်သေနာပတိချုပ်... ငါ့ကို ပစ်မသွားပါနဲ့။ ငါ သနားစရာကောင်းပါတယ်။ ငါ့မိန်းမလည်း သနားစရာကောင်းပါတယ်။"
နဉ်ရှောင်ယောင်းက ချက်ချင်းပင် လိုကျစ်ကွေ့ခြေထောက်ကိုဖက်ပြီး ငိုပြီး သရုပ်ဖော်ပြလိုက်သည်။
လိုကျစ်ကွေ့...
ရွှီရှီ...
"အဲဒါမှ တောင်းပန်တာ ခေါ်တယ်။ ခြေသလုံးမဖက်ရင် တောင်းပန်တာ မဟုတ်ဘူး။"
နဉ်ရှောင်ယောင်း ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။
လိုကျစ်ကွေ့ ခေါင်းကိုက်လာသည်။
"ကျွန်မယောကျာ်း မနေ့ညက မေ့လဲသွားတာလေ။"
"ဟွန့်... ဟန်ဆောင်တာ ဘယ်သူမလုပ်တတ်လို့လဲ။ လျှာကို ကိုက်လိုက်ရင် သွေးထွက်လာမှာပဲ။ အစ်မကြီး... မင်းက အိမ်တွင်းရေး ပြဿနာတွေကို နားမလည်သေးပါဘူး။"
"အရှင်မင်းကြီးက နားလည်လို့လား။"
"နန်းတွင်းရေးရာ ပြဿနာတွေကို ကြုံဖူးတဲ့လူက အိမ်တွင်းရေးလောက်တော့ အေးဆေးပါ။ ငါ့ရှေ့မှာ မယ်တော်ကြီး ရှိနေတာလေ။"
ရွှီရှီ ဘာမှပြန်မပြောနိုင်တော့ပေ။
"စစ်သေနာပတိချုပ် ဆက်ပြောပါဦး။"
လိုကျစ်ကွေ့ စဉ်းစားလိုက်သည်။ အမတ်ချုပ်ကြီးက ဘာလို့ ရွှီရှီကို ကလေးမရအောင် လုပ်တာလဲ။
"ဘာမှမပြောနိုင်တော့ဘူးလား။"
ရွှီရှီ လှောင်ပြောင်လိုက်သည်။
နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။
"ဒီအခြေအနေရောက်မှတော့ အမှန်တိုင်း ပြောပြလိုက်ပါ့မယ်။ အစ်မကြီးက ချန်လုရဲ့ အချစ်စစ်ဆိုတာ သေချာပါတယ်။"
ရွှီရှီ အသက်ပြင်းပြင်း ရှူလိုက်သည်။ နောက်ထပ် ဘာတွေလာဦးမှာလဲ။
"ချန်လုနဲ့ ထောင်ချန်က အသက်တူတူပဲ။ ချန်လုက အရပ်ရှည်တယ်။ ချောတယ်။ သိုင်းပညာတော်တယ်။ ထောင်ချန်ကတော့ အရပ်ပုတယ်။ ရုပ်ဆိုးတယ်။ သိုင်းပညာလည်း ညံ့တယ်။"
ရွှီရှီ ခေါင်းညိတ်လိုက်သည်။ မှန်တယ်။
"အမတ်ချုပ်ကြီးရဲ့သမီး... ထောင်ချန်မိန်းမကို သိတယ်မလား။"
"သိတယ်။"
"သူ အစက ကြိုက်တာ ချန်လုကိုလေ။"
ရွှီရှီ...
လိုကျစ်ကွေ့ ခေါင်းလွှဲလိုက်သည်။ နားမထောင်ချင်တော့ဘူး။
"တကယ်ပါ။ အဲဒီတုန်းက ငါ အမတ်ချုပ်အိမ်တော်မှာရှိနေတာ။ လူတိုင်းသိကြတယ်။ ရှဲ့လိုင်ပေါင်က သံဘုရားကျောင်းက ဆရာတော်ကူမုဆီသွားပြီး ဇာတာတိုက်ခိုင်းသေးတယ်။"
ရွှီရှီ စိတ်ညစ်သွားသည်။
"မယုံရင် ရှဲ့လိုင်ပေါင်ကို သွားမေးကြည့်။ ဆရာတော်ကူမုကို မေးကြည့်။ ရှဲ့သခင်မလေးက မင်းကိုမြင်ရင် ဘယ်လိုနေမလဲ။"
"မကောင်းဘူး။"
ရွှီရှီ ပြတ်သားစွာ ဖြေလိုက်သည်။
"ဟုတ်တယ်။ ရှဲ့မိသားစုက စစ်သူကြီးတွေကို အထင်သေးတယ်။ မင်းလို စစ်သူကြီးသမီးကို ဘယ်ကြည့်ချင်ပါ့မလဲ။"
"ဆရာတော်ကူမုကရော။"
"ဟုတ်တယ်။ ငါ့ကို ဆယ်နှစ်ကျော် နန်းတော်ထဲ မဝင်ရအောင် လုပ်တဲ့လူလေ။"
ရွှီရှီ မျက်ခုံးပင့်လိုက်သည်။
"ဆရာတော်က ပြောတယ်။ ဇာတာ ကိုက်ညီတယ်တဲ့။ ဒါပေမဲ့ ငှက်တစ်ကောင်က တခြားငှက်တစ်ကောင်ရဲ့ အသိုက်ကို လုယူသွားတယ်တဲ့။"
" ချိုးငှက်က ကျီးကန်းအသိုက်ကို လုယူခြင်းလား?"
"ဟုတ်တယ်။ ငါ မင်းစိတ်ထိခိုက်မှာစိုးလို့ မပြောဘဲနေတာ။"
"ပြီးတော့ရော။"
"ပြီးတော့ မင်းကို ကလေးမရအောင် လုပ်လိုက်တာပေါ့။ ကလေးမရရင် ချန်လုက မင်းကို ကွာရှင်းလို့ရပြီလေ။ ပြီးတော့ ရှဲ့သခင်မလေးကလေ... သိတယ်မလား။"
ရွှီရှီ တိတ်ဆိတ်သွားသည်။
"ဒါဆို ချန်လုက ကျွန်မကို မစွန့်ပစ်ခဲ့လို့ ကျေးဇူးတင်ရမှာပေါ့။"
"နောက်ပိုင်း ထောင်ချန် ပေါ်လာလို့လေ။ ဒါပေမဲ့ မင်းကို ဆေးခတ်ပြီးသားဖြစ်နေပြီ။ ချန်လု ကလေးရတာမရတာ ရှဲ့မိသားစုနဲ့ ဘာဆိုင်တော့လို့လဲ။"
ရွှီရှီ လက်ရန်းကို ရိုက်ချလိုက်သည်။
"စိတ်မဆိုးပါနဲ့။ စိတ်ဆိုးရင် ကျန်းမာရေးထိခိုက်မယ်။ သေလူနဲ့ စိတ်မဆိုးသင့်ဘူး။"
"ယောက်ျားတွေ ထူးချွန်ရင် မိန်းမတွေ စိတ်ညစ်ရတယ်။ နားလည်ပါတယ်။ ပူးပေါင်းကြမလား။ ရာထူးလိုချင်လား၊ ငွေလိုချင်လား ပြော။"
"ရွှေတောင် ငွေတောင် တောင်းရင် ပေးမလား။"
"အကြွေးမှတ်ထားလို့ ရမလား။"
"ရှင် လိမ်နေမှန်း ဘယ်လိုသိမလဲ။"
"အခုချက်ချင်း စာချုပ်ရေးပေးမယ်။"
"ကလေးလိုချင်တယ်။"
"ဪ... ကလေးလား။ ဒါဆို ငါတို့ဘက်ပါပြီပေါ့။"
"၁၀ လ လွယ်ထားရဦးမယ်။ အစီအစဉ်အောင်မြင်ပြီးမှ အဆိပ်ဖြေဆေးမပေးရင် ဘယ်လိုလုပ်မလဲ။"
"ကြိုက်သလောက် ရိုက်လို့ရပါတယ်။"
"ဒါပေမဲ့ ကျွန်မ ကလေးလိုချင်တယ်။"
"၁၀ လ လွယ်ထားပြီး မွေးလာတဲ့အချိန်ကျရင် ဒီတိုင်းပြည်က ရှဲ့မိသားစုပိုင်ဖြစ်နေလောက်ပြီ။ အဲဒီကျရင် မင်းရဲ့ကလေးကို ဘယ်သူ ကာကွယ်ပေးမှာလဲ။"
လိုကျစ်ကွေ့ ဝင်ပြောလိုက်သည်။
"ဟုတ်တယ်။ ဒါ ပြဿနာပဲ။"
နဉ်ရှောင်ယောင်း ထောက်ခံလိုက်သည်။
***