အခန်း (၄၆၁)
Vol. 47 Ch. 461
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။
"အရှင်တုပိုင်... မင်းပြောတဲ့ အစိမ်းရောင် ယုတ်ညံ့တဲ့ စွမ်းအင်တုံးကို သွားရှာလိုက်ပါ။ တကယ်လို့ အဲဒါကို တွေ့ခဲ့ပြီး ငါတို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် ပျက်စီးမယ့် အကြောင်းရင်းက အဲဒီအရာကြောင့် ဆိုတာ သက်သေပြနိုင်ရင်... မင်းက ငါတို့အားလုံးကို ကယ်တင်ခဲ့တာပဲ။ ဒါဆို ငါတို့က မင်းရဲ့လူတွေကို ဝင်ရောက်နေထိုင်ခွင့် ပေးမယ်... ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရဲ့ ဆဌမမြောက် မျိုးနွယ်စု ဖြစ်လာခွင့် ပေးမယ်။ ဒါပေမဲ့ မင်းသာ ရှာမတွေ့ရင် မင်းက အရှင်ပရောဖက်ကို စွပ်စွဲပုတ်ခတ်တာပဲ။ အဲအခါ မင်းကို လင်းချီပြစ်ဒဏ်နဲ့ ကွပ်မျက်ရလိမ့်မယ်"
"ဒီဆုံးဖြတ်ချက်ကို လက်ခံနိုင်လား" မဟာမြို့စားမင်း ဖူထျန်ယာက မေးလိုက်သည်။
ကျန်ရှိသော မြို့စားမင်း လေးပါးနှင့် အကြီးအကဲ ရှစ်ပါးတို့က ခေါင်းညိတ်ပြီး ထောက်ခံပြောဆိုလိုက်ကြ၏။ "မဟာမြို့စားမင်းရဲ့ အမိန့်ကို နာခံပါ့မယ်"
ထိုအချိန်၌ တုပိုင် ရိပ်မိလိုက်သည်။ အမှန်စင်စစ် မဟာမြို့စားမင်း ဖူထျန်ယာနှင့် ကျီထျန်အန်းတို့သည် ပရောဖက်အပေါ် သံသယအချို့ ရှိနေကြပြီး ဖြစ်သည်။ တုပိုင် ပေါ်လာခြင်းသည် သူတို့အတွက် ပရောဖက်အား နှိပ်ကွပ်ရန် အခွင့်အလမ်း တစ်ခု ဖြစ်လာလေသည်။
ထို့နောက် တုပိုင်သည် လူပုပရောဖက်ကို လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာတွင် ယုံကြည်မှုများ ပြည့်နှက်နေဆဲ ဖြစ်ပြီး မျက်လုံးများက ရက်စက်ကြမ်းကြုတ်ကာ မောက်မာနေသည်ကို တွေ့လိုက်ရသည်။
ရုတ်ခြည်းဆိုသလို တုပိုင့်စိတ်ထဲ၌ စိုးရိမ်စိတ်အချို့ ဝင်ရောက်လာလေသည်။
'ရောင်ခြည်စွမ်းအင်တုံးက ရေကန်အောက်မှာ မရှိတော့တာများလား..'
သို့သော်လည်းဘဲ ယခုအခါတွင် တုပိုင်၌ ဆုတ်ခွာစရာလမ်း မရှိတော့ပေ။ တုပိုင် လေတစ်ချက်ကို အားပါးတရ ရှူရှိုက်ပြီးနောက် ပြိုင်ဘက်ကင်းမြို့တော်၏ ဟေးယဲ့ရေကန်ထဲသို့ ရုတ်တရက် ခုန်ဆင်းလိုက်လေသည်။
ချက်ချင်းပင် ကြေးမုံပြင်ကဲ့သို့ ငြိမ်သက်နေသော ရေမျက်နှာပြင်သည် အကြေးခွံများကဲ့သို့ ကွဲအက်သွားလေ၏။
ဤရေလှောင်ကန်ကြီးမှာ အမှန်တကယ်ပင် ကြီးမားကျယ်ဝန်းလှပေသည်။ ရေမျက်နှာပြင်သည် စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပြီး အနက်ရှိုင်းဆုံးနေရာသည် မီတာ ၁၀၀ ကျော်အထိပင် နက်သည်။
တုပိုင် မေးလိုက်၏။ "စနစ်... အဲဒီ ရောင်ခြည်စွမ်းအင်တုံးက ရေကန်ထဲမှာ ရှိနေသေးလား"
အိပ်မက်စနစ်က ပြန်ဖြေလိုက်သည်။ "ရှိတယ်။ မင်းနဲ့ ၁၇ မိုင် အကွာမှာ ရှိတယ်။ တည်နေရာကို မှတ်သားပေးမယ်"
'ဒါဆိုရင်တော့ တော်တော်လေး ထူးဆန်းနေပြီ... ရောင်ခြည်စွမ်းအင်တုံး ရေကန်ထဲမှာ ရှိနေတာ သေချာနေရက်နဲ့ လူပုပရောဖက်က ဘာလို့များ ဒီလောက်အထိ မောက်မာနေရတာလဲ...'
ထိုအချိန်၌ ထိုရောင်ခြည်စွမ်းအင်တုံးမှာ အမှန်တကယ်တော့ သန့်စင်မှုအလွန်မြင့်မားသည့် ယူရေနီယမ် သတ္တုရိုင်းတုံးကြီး တစ်တုံးပင်ဖြစ်ကြောင်း တုပိုင်သိလိုက်ရ၏။
ကမ္ဘာမြေပေါ်ရှိ ယူရေနီယမ် သတ္တုရိုင်းများမှာမူ သန့်စင်မှု အလွန် နိမ့်ကျပြီး ၊ ယူရေနီယမ် သတ္တုရိုင်း အများအပြားမှ ယူရေနီယမ် အနည်းငယ်ကိုသာ ထုတ်ယူနိုင်ပေသည်။ ထို့ကြောင့် သာမန် ယူရေနီယမ် သတ္တုတွင်း တစ်ခုတည်းဖြင့် ဤမျှ ကြီးမားလှသော ရေလှောင်ကန် တစ်ခုလုံးကို ညစ်ညမ်းစေရန် ခက်ခဲလှသည်။
ဤမျှ သန့်စင်မှု မြင့်မားသော ယူရေနီယမ် ကျောက်တုံးကြီးသည် ဤကမ္ဘာလောက၌ မည်သို့ ပေါ်လာရသနည်း ၊ လူပုပရောဖက် စစ်ခုန်းယဲ့က မည်သို့သော နည်းလမ်းဖြင့် ရရှိခဲ့သနည်း ဆိုသည်ကိုမူ လက်ရှိအချိန်၌ တုပိုင်အနေဖြင့် လုံးဝ မသိနိုင်ပေ။
ဤသန့်စင်မှု မြင့်မားသည့် ယူရေနီယမ် ကျောက်တုံး၏ ဓာတ်ရောင်ခြည်သင့်မှုနှုန်းမှာ ပြင်းထန်လွန်းလှသဖြင့် တုပိုင် သွားရောက်ရှာဖွေခြင်းမှာ သေလမ်းကို ရှာဖွေနေသကဲ့သို့ ဖြစ်နေ၏။ ထိုစဉ်က လူပုပရောဖက်ပင်လျှင် ကိုင်မိရုံဖြင့် လက်မောင်းတစ်ဖက် ဖြတ်တောက်ပစ်ခဲ့ရသည် မဟုတ်ပါလော။
သို့သော် တုပိုင်တွင် မိစ္ဆာနှိမ်နင်းပုတီးစေ့ ရှိနေသည်။
'ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် လူပုပရောဖက်ဆီမှာလည်း မိစ္ဆာနှိမ်နင်းပုတီးစေ့ ရှိလောက်တယ်...'
မိစ္ဆာနှိမ်နင်းပုတီးစေ့သည် အဆိပ်ပေါင်း တစ်ရာကို ဖြေရှင်းနိုင်ရုံသာမက ရောင်ခြည်သင့်မှုကိုလည်း ကာကွယ်နိုင်သည်။ သဘောတရားမှာ ရိုးရှင်းလှသည်။ မိစ္ဆာနှိမ်နင်းပုတီးစေ့က စွမ်းအင်စက်ကွင်း တစ်ခု ထုတ်လွှတ်ပြီး ဓာတ်ရောင်ခြည်တန်းများကို တိုက်ရိုက် ကာကွယ်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ယူရေနီယမ် ကျောက်တုံးနှင့် နီးကပ်နေလျှင်လည်း ကိစ္စမရှိပေ။ ရောင်ခြည်သင့်ပြီး ထိခိုက်ဒဏ်ရာရမည် မဟုတ်ချေ။
သို့သော် တုပိုင်၏ ခန္ဓာကိုယ်သည် ဤသန့်စင်မှု မြင့်မားသော ယူရေနီယမ် ကျောက်တုံးကို လုံးဝ ထိတွေ့၍ မရပေ။ မဟုတ်လျှင် အကျိုးဆက်သည် အလွန် ဆိုးရွားပေလိမ့်မည်။ ထိုစဉ်က လူပုပရောဖက်သည် အနည်းငယ် ထိမိရုံဖြင့် လက်မောင်းတစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ရသည် မဟုတ်လား။
အိပ်မက်စနစ်သည် တုပိုင်၏ ဦးနှောက်ထဲတွင် ယူရေနီယမ် ကျောက်တုံး၏ တည်နေရာကို မှတ်သားပေးလိုက်သည်။ တုပိုင်သည် ပါးစပ်ထဲတွင် မိစ္ဆာနှိမ်နင်းပုတီးစေ့ကို ငုံထားလျက် ရှေ့သို့ ဆက်လက် ကူးခတ်သွားလေ၏။
တုပိုင် ယူရေနီယမ် ကျောက်တုံးနှင့် တဖြည်းဖြည်း ပိုမို နီးကပ်လာလေ၏။ ယခုအချိန်တွင် တုပိုင်သည် ရောင်ခြည်သင့်မှုကို ခံစားမိနေသင့်ပြီ ဖြစ်ကာ ၊ တစ်ကိုယ်လုံး မသက်မသာ ဖြစ်နေသင့်ပြီဖြစ်သည်။
သို့သော် မိစ္ဆာနှိမ်နင်းပုတီးစေ့ ရှိနေသဖြင့် သူ မည်သို့မျှ မခံစားရပေ။ သို့သော်လည်း ထူးဆန်းသော အချက်တစ်ချက် ရှိနေပြန်သည်။
'ဒီရေလှောင်ကန်ထဲမှာ သက်ရှိသတ္တဝါ မရှိသင့်ဘူး'
သို့သော် ရေအောက်ခြေ၌ သက်ရှိတချို့ ရှင်သန်နေသေးသည်ကို တွေ့လိုက်ရသည်။ ထိုအကောင်းများက မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။ မှန်ပေသည်။ ယင်းတို့မှာ ဒဏ္ဍာရီလာ အလင်းရောင်ထုတ်လွှတ်သည့် သတ္တဝါများပင်။
'သူတို့က ရောင်ခြည်သင့်ပြီးတာတောင် မသေကြသေးဘူးလား...'
စနစ်ပေးသည့် သူ၏ ဦးနှောက်ထဲရှိ မြေပုံအရ တုပိုင်သည် ရောင်ခြည်ပြင်းထန်သော ယူရေနီယမ် ကျောက်တုံးနှင့် ပိုမို နီးကပ်လာသည်။
မီတာ ၁,၀၀၀ ၊ မီတာ ၉၀၀ ၊ မီတာ ၈၀၀...
မီတာ ၁၀၀။
မီတာ ၅၀။
ရောက်ပြီ။ ဤနေရာ၌ ရှိနေသည်။ ဤနေရာသည် ရေအလွန် နက်ရှိုင်းပြီး မီတာ ၁၃၀ ကျော် ရှိသည်။
တုပိုင် ဆက်လက် ငုပ်လျှိုးသွား၏။ သို့သော် ငုပ်နေရင်း ရုတ်တရက် အလွန်ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားလေ၏။
ဤနေရာရှိ ရေဖိအားသည် အံ့သြဖွယ် ကောင်းလောက်အောင် ပြင်းထန်လှပြီး သာမန်လူ မဆိုထားနှင့် သိုင်းပညာရှင်များပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် တုပိုင်၏ ဒန်တျန်မှ ရွှေရောင် နဂါးသွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ် သွေးကြောများထဲသို့ စီးဝင်သွားသည်။ ချက်ချင်းပင် တုပိုင်၏ ခန္ဓာကိုယ် ဖိအားသည် မျှတသွားပြီး မသက်မသာ ဖြစ်မှုများ ပျောက်ကွယ်သွားလေ၏။
ရွှေရောင် နဂါးသွေးစွမ်းအင်၏ အကူအညီဖြင့် တုပိုင် နောက်ဆုံးတွင် အောက်ခြေသို့ ရောက်ရှိလာလေ၏။
သို့သော် ဤနေရာ၌ အစိမ်းရောင် အလင်းတုံးကို မတွေ့ရဘဲ သေတ္တာတစ်လုံး ၊ ကျောက်သလင်းသေတ္တာ တစ်လုံးကိုသာ တွေ့လိုက်ရသည်။ တုပိုင် သေတ္တာကို ဂရုတစိုက် ကောက်ယူလိုက်ပြီး အနည်းငယ် ဟလိုက်သည်။
"ဝုန်းးးး"
ချက်ချင်းပင် အစိမ်းရောင် အလင်းတန်းတစ်ခု စူးရှစွာ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက အမှောင်ထဲတွင် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
'သန့်စင်မှု ဘယ်လောက်တောင် မြင့်မားလိုက်မလဲ... ထွက်ပေါ်လာတဲ့ ဖလိုရိုဆင်အလင်းရောင်က မျက်စိကျိန်းစရာ ကောင်းလိုက်တာ...'
ကံကောင်းစွာဖြင့် တုပိုင်တွင် မိစ္ဆာနှိမ်နင်းပုတီးစေ့ ရှိနေသည်။ မဟုတ်လျှင် ရောင်ခြည်သင့်ပြီး အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။ တုပိုင် သေတ္တာကို ပြန်ပိတ်လိုက်ပြီး ဂရုတစိုက် ကိုင်ဆောင်ကာ ကမ်းခြေဘက်သို့ ဦးတည်လိုက်လေသည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် တုပိုင် ရေလှောင်ကန် ကမ်းခြေသို့ ပြန်ရောက်လာသည်။ မဟာမြို့စားမင်း ဖူထျန်ယာနှင့် အခြားသူများနှင့် မီတာ ဆယ်ဂဏန်းခန့် အကွာတွင် ရပ်လိုက်သည်။
တုပိုင် ကျယ်လောင်စွာ ပြောလိုက်၏။ "မြို့စားမင်းတို့... ကြည့်လိုက်ပါ"
တုပိုင် သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ရာ ရုတ်တရက် အစိမ်းရောင် အလင်းတန်းတစ်ခု ပစ်ခတ်ထွက်ပေါ်လာသည်။
"မြန်မြန် ပိတ်လိုက်... ပိတ်လိုက်..." မဟာမြို့စားမင်း ဖူထျန်ယာ အော်ဟစ်လိုက်သည်။
သူတို့သည် မီတာ ဆယ်ဂဏန်း အကွာတွင် ရှိနေသော်လည်း သက်ရှိစွမ်းအင် အားလုံးကို ဝါးမြိုပစ်နိုင်သော ကြောက်မက်ဖွယ် ယုတ်ညံ့သည့် စွမ်းအင်ကို ခံစားလိုက်ရသည်။
အမှန်တရား ပေါ်ပေါက်လာပြီ ဖြစ်သည်။ ဤကြောက်မက်ဖွယ်ကောင်းသည့် အစိမ်းရောင် အလင်းရောင်ထုတ်လွှတ်သော စွမ်းအင်ကျောက်တုံးမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံး ပျက်စီးမည့် အကြောင်းရင်းပင်။
တုပိုင် ပြောသည်မှာ မှန်ကန်နေသည်။ ဤအတိုင်းသာ ဆက်သွားလျှင် မြေအောက်မြို့တော်မှ လူ ၂ သိန်းသည် ဤရေလှောင်ကန်ထဲရှိ ရေကို နေ့စဉ် သောက်သုံးရင်း နောက်ထပ် နှစ် ၂၀ အတွင်း၌ လုံးဝ သေဆုံးကုန်ကြပေလိမ့်မည်။ မျိုးနွယ်စုကြီး ငါးခုလုံး မျိုးပြုန်းပျက်စီးသွားလိမ့်မည်။
ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ ခေါင်းဆောင်ကြီးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"တုပိုင်... မင်း ငါတို့အားလုံးကို ကယ်တင်ခဲ့တာပဲ" မဟာမြို့စားမင်း ဖူထျန်ယာက ပြောလိုက်၏။ "မင်းရဲ့ လူထောင်ပေါင်းများစွာကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှာ နေထိုင်ခွင့်ပြုဖို့ ငါတို့ သဘောတူတယ်။ မင်းတို့ အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ဖို့ တွင်းနက်ကြီးတစ်ခုကို ခွဲဝေပေးမယ်"
တုပိုင် သက်ပြင်းချလိုက်သည်။ ပထမအဆင့်တော့ အောင်မြင်သွားပြီ ဖြစ်သည်။
ချက်ချင်းပင် မဟာမြို့စားမင်း ဖူထျန်ယာက အေးစက်စွာ ပြောလိုက်၏။ "ပရောဖက် စစ်ခုန်းယဲ့ကို ဖမ်းဆီးပြီး အမြင့်ဆုံး တရားစီရင်မှု ပြုလုပ်မယ်"
ထို့နောက် မြို့စားမင်းကြီး လေးပါးနှင့် အကြီးအကဲ ရှစ်ပါးတို့သည် လူပုပရောဖက် စစ်ခုန်းယဲ့ကို ဝိုင်းရံလိုက်ကြသည်။
"ဟားးး ဟားးး ဟားးး" လူပုပရောဖက် စစ်ခုန်းယဲ့က ခေါင်းမော့ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "မင်းတို့ မျိုးနွယ်စုကြီး ငါးခုက အဲဒီတုန်းက ငါတို့ စစ်ခုန်းမျိုးနွယ်စု တစ်ခုလုံးကို သတ်ပစ်ခဲ့တာ ဘယ်လောက် ရက်စက်ခဲ့လဲ။ ငါက သွားတစ်ချောင်းချင်း ပြန်တိုက်ခိုက်နေတာပဲ ရှိသေးတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက မင်းတို့ မျိုးနွယ်စုကြီး ငါးခုလုံးကို မသတ်နိုင်လိုက်တာပဲ"
"တုပိုင်... ခွေးကောင်လေး... မင်း ဘာလို့ ငါ့အစီအစဉ်ကို ဖျက်ဆီးရတာလဲ။ ဘာလို့ ဖျက်ဆီးရတာလဲ"
"သေကြစမ်း... မင်းတို့အားလုံး သေကြစမ်း... အားလုံး အတူတူ သေလိုက်ကြ" လူပုပရောဖက် ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။
တုပိုင် ကြောင်အသွားပြီး ရင်ထဲတွင် ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရသည်။ ထို့နောက် လက်ထဲမှ သန့်စင်မှု မြင့်မားသော ယူရေနီယမ် ကျောက်တုံး ပါဝင်သည့် သေတ္တာကို ရုတ်တရက် လွှင့်ပစ်လိုက်သည်။
သို့သော် အချိန်နှောင်းသွားပြီဖြစ်လေ၏။
"ဘုန်းးးးးး"
ရုတ်တရက် သန့်စင်မှု မြင့်မားသော ယူရေနီယမ် ကျောက်တုံး ပါဝင်သည့် ကျောက်သလင်းသေတ္တာသည် ရုတ်တရက် ပေါက်ကွဲသွားပြီး အလွန် ပြင်းထန်စွာ ပေါက်ကွဲသွားလေ၏။ ထို့နောက် သေစေနိုင်သော ရောင်ခြည်စွမ်းအင်များ ပြည့်နှက်နေသည့် သန့်စင်မှု မြင့်မားသော ယူရေနီယမ် ကျောက်တုံးသည် လုံးဝ ပေါက်ကွဲထွက်သွားပြီး အမှုန့်များအဖြစ် ပြောငးလဲကာ နေရာအနှံ့ လွင့်စဉ်သွားလေသည်။
လင်းပိုဝေပု။ တုပိုင်သည် မျက်လုံးပြူးသွားကာ အံကြိတ်လိုက်ပြီး သူ၏ ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးပြီး အလျင်အမြန် အသည်းအသန် အနောက်သို့ဆုတ်ခွာလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယူရေနီယမ် ကျောက်တုံးသည် ခန္ဓာကိုယ်နှင့် လုံးဝထိတွေ့လို့ မဖြစ်ချေ။ ထိတွေ့သွားမည်ဆိုပါက မိစ္ဆာနှိမ်နင်းပုတီးစေ့ ရှိနေလျှင်လည်း လုံးဝ အသုံးဝင်မည်မဟုတ်ချေ။ ကြောက်မက်ဖွယ် ရောင်ခြည်စွမ်းအင်များသည် အရေပြားမှတဆင့် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလိမ့်မည်။
ထိုစဉ်က လူပုပရောဖက်သည် ညာဘက်လက်ကို အနည်းငယ် ထိမိရုံဖြင့် လက်မောင်းကို ဖြတ်ပစ်လိုက်ရသည်။ တုပိုင်၏ တုံ့ပြန်မှုသည် အလွန် လျင်မြန်၏။
သို့သော်လည်း နောက်ကျနေဆဲ ဖြစ်သည်။
ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ်နေသည့် အစိမ်းရောင် ယူရေနီယမ် အမှုန့်များသည် တုပိုင်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်သို့ ပြင်းထန်စွာ ဖြန်းပက်ခံလိုက်ရပြီး တုပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို လုံးဝနီးပါး ဖုံးလွှမ်းသွားလေသည်။
ဤသည်က ထိတွေ့ရုံ မဟုတ်တော့ဘဲ ၊ ယခုအချိန်တွင် တုပိုင်၏ တစ်ကိုယ်လုံးသည် ယူရေနီယမ် အမှုန့်များဖြင့် ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် အဆုံးမဲ့ ရောင်ခြည်စွမ်းအင်များသည် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ အတင်း တိုးဝင်သွားကြသည်။
"အားးးးးးး" တုပိုင် ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။
သူ စိတ်ထဲမှလည်း ညည်းတွား အော်ဟစ်လိုက်၏။ 'ငါလိုးမစနစ်... မင်း ဘာလို့ ငါ့ကို ကြိုမပြောတာလဲဟ ၊ လီးးး'
ထို့နောက် အဆုံးမဲ့ ရောင်ခြည်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး တုပိုင်၏ ဦးနှောက်ထဲတွင် ထူးဆန်းသော အလင်းရောင်အရိပ်များ ဖြစ်ပေါ်လာစေသည်။
နောက်ဆုံးတွင် တုပိုင်၏ မျက်လုံးများ ရုတ်တရက် ဖြူဖွေးသွားပြီး အလွန်အမင်း တောက်ပလာကာ ချက်ချင်းပင် မဲမှောင်သွားပြီး အရာအားလုံး ပျောက်ကွယ်သွားတော့သည်။ တုပိုင် လုံးဝ သတိလစ် မေ့မြောသွားလေတော့၏။
သူ၏ ခန္ဓာကိုယ်သည် အလင်းရောင်ထုတ်လွှတ်သော အရာဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်း၍ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် ဖလိုရိုဆင်အလင်းရောင်များ ထုတ်လွှတ်နေသည်။
တုပိုင် တစ်ခုခု ပြောင်းလဲသွားသလိုပင်။
အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းရောင်အရိပ်က တစ်လုံးချင်း ပြောလိုက်၏။
"မိစ္ဆာဖျက်ဆီးခြင်း စီမံကိန်း... တရားဝင် စတင်ပါပြီ"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team