← Chapters

အခန်း (၄၆၈)

Vol. 47 Ch. 468

အခန်း (၄၆၈)

Vol. 47 Ch. 468

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“ဝုန်းးး ဂျိန်းးးးး”

ရုတ်တရက် အပြင်းအထန် လှုပ်ခါမှုကြီး ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေပြီး ၊ အချို့နေရာများတွင် မြေပြင်များ ကွဲအက်ကုန်သည်။

ထိုသည်များသာမက ၊ မြို့စွန်ကျေးလက်ဒေသမှ လူအများအပြားသည် မြို့ထဲသို့ ပြေးဝင်လာကြပြီး ၊ လက်နက်ကိုင်ထားသော လက်ရွေးစင် တပ်ဖွဲ့များသည် အနောက်ဘက်ရှိ ဥမင်လိုဏ်ခေါင်းအတိုင်း ချီတက်သွားသည်ကို တုပိုင် တွေ့လိုက်ရသည်။

အခြေအနေကို ကြည့်ရသည်မှာ ကပ်ဘေးတစ်ခု ကျရောက်တော့မည့် အတိုင်းပင်။

“စီနီယာကျီ... ဘာဖြစ်တာလဲ” တုပိုင် မေးလိုက်သည်။

ကျီထျန်နုံက သက်ပျင်းချလိုက်ပြီး ဖြေလိုက်၏။ “ပြိုင်ဘက်ကင်း ရဲတိုက်အောက်မှာ အလွန် အင်အားကြီးမားတဲ့ မီးတောင်ချော်ရည် သားရဲကြီး ရှိတယ်။ ပုံမှန်ဆိုရင် သူက ငြိမ်သက်ပြီး အေးဆေး နေတတ်တယ်။ ဘာကြောင့်မှန်းမသိဘူး ၊ ဒီသားရဲကြီးက ရုတ်တရက် ရူးသွပ်သောင်းကျန်းလာတာ။ ပြိုင်ဘက်ကင်း ရဲတိုက်ရင်ပြင်ရဲ့ ထက်ဝက်ကျော် ပြိုကျကုန်ပြီ ၊ မြေပြင်ပေါ်မှာလည်း အက်ကွဲကြောင်းတွေ အများကြီး ပေါ်လာပြီ”

တုပိုင် ပြန်စဉ်းစားမိလိုက်သည်။ ထိုနေ့က ပြိုင်ဘက်ကင်း ရဲတိုက် ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေးတွင် ၊ လူပုပရောဖက် စစ်ခုန်းယဲ့က တုပိုင်တို့ဘက်မှ နတ်ဘုရားများကို စော်ကားခဲ့သဖြင့် မြေငလျင်လှုပ်ခတ်ပြီး မိုးကြိုးပစ်ခတ်သည်ဟု သက်သေပြခဲ့ဖူးသည်။

ထိုသို့ဆိုလျှင် ထိုအခါတုန်းက မြေအောက်ထဲရှိ သားရဲဆန်းကြီးဆိုသည်မှာ ဤမီးတောက်ချော်ရည်သားရဲကြီးဖြစ်သည်လော။

တုပိုင် ရုတ်တရက် စဉ်းစားမိလိုက်သည်။ မိုချိုက ပေမင်ဓားဂိုဏ်းကို သစ္စာဖောက်ပြီး ထွက်ပြေးစဉ်က နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကို လွှတ်ပေးခဲ့ဖူးသည်။ ယခုလည်း လူပုပရောဖက် စစ်ခုန်းယဲ့က ထွက်မပြေးခင် ပြိုင်ဘက်ကင်း ရဲတိုက်အောက်က မီးတောင်ချော်ရည် သားရဲကြီးကို လွှတ်ပေးခဲ့သည်များလား။

“မဟုတ်ဘူး” အိပ်မက်စနစ်က ပြောလိုက်၏။ “ဒီမီးတောင်ချော်ရည် သားရဲကြီးက ဟိုတုန်းက နှစ်တစ်ထောင် မြွေမိစ္ဆာကြီးလို ယဉ်ပါးတဲ့ ကလေးမဟုတ်ဘူး။ သူက အရမ်း ကောက်ကျစ်ပြီး ရက်စက်တယ်။ စစ်ခုန်းယဲ့ လွှတ်ပေးလို့ ရတဲ့အကောင် မဟုတ်သလို ၊ လှည့်စားလို့ရတဲ့ အကောင်လည်း မဟုတ်ဘူး။ သူ ရူးသွပ်သောင်းကျန်းရတာက တခြား အကြောင်းရင်း ရှိတယ်”

တုပိုင် တုန်လှုပ်စွာဖြင့် မေးလိုက်၏။ “ဘာ... ဘာလို့လဲဆိုတော့... ငါ... ငါ ရေတွင်းကို ညစ်ညမ်းစေခဲ့လို့လား”

အိပ်မက်စနစ်က ပြောလိုက်၏။ “မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ရေတွင်းကို ညစ်ညမ်းစေခဲ့တဲ့ အကျိုးဆက်က ဒီထက် ပိုပြင်းထန်ပါတယ်”

တုပိုင် ရင်တုန်သွားရသည်။ ချက်ချင်းပင် တုပိုင်သည် ပြိုင်ဘက်ကင်း ရဲတိုက် ရှိရာသို့ ပြေးထွက်သွားလေ၏။

“ဝုန်းးး ဝုန်းးး ဝုန်းးးး”

ပြိုင်ဘက်ကင်း ရဲတိုက်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အုပ်ချုပ်ရေး ဗဟိုဌာန ဖြစ်သည်။ ယင်းသည် အချင်း မီတာ တစ်ထောင်ကျော်သာ ရှိသော တွင်းနက်ငယ်လေး တစ်ခု ဖြစ်လေပြီး ပတ်ဝန်းကျင်တွင် လှပသော အိမ်တော်ကြီးများ ဝိုင်းရံထားပြီး ၊ ယင်းတို့မှာ အကြီးအကဲများ၏ နေအိမ်များ ဖြစ်ကြသည်။

တွင်းနက်ကြီးသည် ကြီးမားသော ရင်ပြင်ကြီး တစ်ခု ဖြစ်ပြီး ၊ ကြီးမားသော ပြိုင်ဘက်ကင်း ရဲတိုက်ကြီးလည်း ရှိသည်။

ဤပြိုင်ဘက်ကင်း ရဲတိုက်ကြီးသည် ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေး ကျင်းပရာ နေရာ ဖြစ်သလို ၊ အကြီးအကဲများ ကောင်စီ ရုံးထိုင်ရာ နေရာလည်း ဖြစ်သည်။

ယခုအချိန်၌ ပြိုင်ဘက်ကင်း ရဲတိုက် တည်ရှိရာ တွင်းနက်ကြီး တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါနေပြီး ၊ မြေပြင်သည် တစ်လက်မချင်း ကွဲအက်နေလေ၏။

ရင်ပြင်ကြီး၏ သုံးပုံတစ်ပုံခန့် ပြိုကျသွားပြီ ဖြစ်ကာ ၊ အောက်ဘက်တွင် နက်ရှိုင်းသော ဥမင်လိုဏ်ခေါင်းကြီး တစ်ခု ပေါ်နေသည်။

ထို ဥမင်လိုဏ်ခေါင်းကြီးထဲမှ အလွန် ကြီးမားသော ၊ ကြောက်မက်ဖွယ်ကောင်းသော မီးနီရောင် မျက်လုံးတစ်စုံက တုပိုင်အား စိုက်ကြည့်နေလေ၏။ တုပိုင် မလှုပ်မယှက် ရပ်နေမိသည်။

“ဝူးးးး”

မီးတောင်ချော်ရည် သားရဲကြီးက တုပိုင်ကို ကြည့်လိုက်ပြီးနောက် ဟိန်းဟောက်လိုက်ကာ ၊ ပါးစပ်ကြီးကို ဖြဲ၍ ရူးသွပ်စွာ စုပ်ယူလိုက်လေ၏။

ရုတ်တရက် ယင်း၏ သွေးစွန်းနေသော ပါးစပ်ကြီးထဲမှ ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ၊ တုပိုင်သည် ပါးစပ်ကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

ယခုလေးတင် ဤသားရဲကြီးသည် သိုင်းပညာရှင် ဒါဇင်ချီကို ဝါးစားခဲ့ပြီး အရှင်လတ်လတ် စားသောက်ခဲ့ခြင်း ဖြစ်သည်။

တုပိုင်ကို ပါးစပ်ထဲ ငုံလိုက်ပြီးနောက် မီးတောင်ချော်ရည် သားရဲကြီးက စတင် ဝါးစားပြီး မျိုချတော့မည့်ဟန် ပြင်လိုက်သည်။

“စနစ် ၊ ငါလိုးမ... မင်းဦးလေးပဲ” တုပိုင် စိတ်ထဲမှ ဆဲဆိုလိုက်သည်။

ချက်ချင်းပင် တုပိုင်သည် စိတ်စွမ်းအင်ကို အလျင်အမြန် ထုတ်လွှတ်လိုက်ပြီး ပြောလိုက်၏။ “မီးတောင်ချော်ရည် သားရဲကြီး... ငါ မင်းကို ကယ်နိုင်တယ်... ငါ မင်းကို ကယ်နိုင်တယ်...”

ထိုအချိန်ကျမှ တုပိုင် သတိထားမိလိုက်သည်မှာ ၊ မိမိရှေ့ရှိ မီးတောင်ချော်ရည် သားရဲကြီးသည် ယခင်က စိတ်ကူးယဉ် အာရုံထဲတွင် မြင်ခဲ့ရသော မီးတောက်သားရဲကြီးနှင့် လုံးဝ ကွဲပြားခြားနားပြီး ၊ မျိုးစိတ်ချင်း လုံးဝ မတူညီကြောင်းပင်။

စိတ်ကူးယဉ် အာရုံထဲမှ မီးတောက်သားရဲကြီးမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး ၊ ဂြိုဟ်သား သတ္တဝါ တစ်ကောင်ကဲ့သို့ ခံစားရသည်။

ယခု မြင်တွေ့နေရသော မီးတောင်ချော်ရည် သားရဲကြီးမှာမူ ကြီးမားသော ပုတ်သင်ညိုကြီး တစ်ကောင်နှင့် ပိုတူသည်။ ယင်းသည် မီးတောင်ချော်ရည်ကို မကြောက်ရွံ့သော်လည်း ၊ မီးတောင်ချော်ရည်ထဲတွင် နေထိုင်ခြင်း မဟုတ်ပေ။

တုပိုင်သည် ယင်း၏ အသိုက်ကို မြင်တွေ့လိုက်ရ၏။ ယင်း၏ အသိုက်သည် တွင်းနက်ကြီးနှင့် မနီးမဝေးတွင် ရှိနေသည်။ အသိုက်ထဲတွင် အရိုးစုများ ပြည့်နှက်နေ၏။ သိသာလှသည်မှာ ယင်းသည် အခြားသော မြေအောက် သားရဲများကို စားသောက် အသက်ရှင်ခြင်း ဖြစ်သည်။

ဤကြီးမားသော မီးတောင်ချော်ရည် သားရဲကြီးသည် မူလက တုပိုင်ကို တိုက်ရိုက် မျိုချတော့မည် ဖြစ်သော်လည်း ၊ တုပိုင်၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်သွားမိသည်။

ယင်းသည်လည်း အသက်အလွန် ကြီးရင့်နေပြီ ဖြစ်သဖြင့် ၊ ရိုးရှင်းသော စိတ်ချင်းဆက်သွယ်မှုကို လုပ်ဆောင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

“မင်း ငါ့ကို မကယ်နိုင်ပါဘူး... ဘယ်သူမှ ငါ့ကို မကယ်နိုင်ဘူး...” မီးတောင်ချော်ရည် သားရဲကြီးက ဟိန်းဟောက်လိုက်ပြီး ၊ ကျောက်ကမ်းပါးကို အတင်း ဝင်တိုက်လိုက်သည်။

“ဝေါင်းးးးး”

“ဝုန်းးး”

ချက်ချင်းပင် အပေါ်ဘက်ရှိ ပြိုင်ဘက်ကင်း ရဲတိုက် ရင်ပြင်ကြီး ထပ်မံ ပြိုကျသွားပြန်လေ၏။

ယင်းသည် အလွန် နာကျင်နေပုံရပြီး ၊ သည်းခံနိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။

တုပိုင် တွေ့ရှိလိုက်ရသည်မှာ ယင်းသည် ကိုယ့်ကိုယ်ကို မြေကြီးနှင့် ဆောင့်တိုက်နေသဖြင့် သွေးများ စီးကျနေပြီး ၊ ထိုသွေးများသည်လည်း အနီရောင် ဖြစ်သော်လည်း အလွန် ပူပြင်းနေသည်။

“မင်းတို့ လူသားတွေက ငါ့ကို လိမ်ညာရုံပဲ တတ်တယ်... လိမ်ညာရုံပဲ တတ်တယ်... ငါ့ကို လုံးဝ မကယ်နိုင်ဘူး” မီးတောင်ချော်ရည် သားရဲကြီးက ဒေါသတကြီး ပြောလိုက်သည်။

‘လိမ်ညာတယ်။ ဘယ်သူက သူ့ကို လိမ်ညာခဲ့လို့လဲ။ ဘယ်သူလဲ။’ တုပိုင်မျက်မှောင်ကြုတ်လိုက်၏။

“ဝေါင်းးးးး မင်းတို့က ငါ့ကို လိမ်ညာရုံပဲ တတ်တယ်... ငါ မင်းကို သတ်ပြီး စားပစ်မယ်” မီးတောင်ချော်ရည် သားရဲကြီးက ဒေါသတကြီးဖြင့် တုပိုင်ကို မျိုချရန် ပါးစပ်ကြီး ထပ်ဟလိုက်ပြန်သည်။

တုပိုင်သည် စနစ်၏ မျက်လုံးကို အလျင်အမြန် ဖွင့်လိုက်ပြီး မီးတောင်ချော်ရည် သားရဲကြီး၏ ခန္ဓာကိုယ်ကို စကန်ဖတ်လိုက်သည်။

ချက်ချင်းပင် တုပိုင် မီးတောက်ချောရည် သားရဲကြီး၏ နာကျင်မှု အရင်းအမြစ်ကို ချက်ချင်း ရှာတွေ့လိုက်သည်။

ထိုအကောင်၏ ဦးနှောက်ထဲတွင် အဖုအကျိတ်များစွာ ပေါက်ရောက်နေပြီး ၊ အကျိတ်နှင့် တူသော်လည်း အကျိတ်မဟုတ်ပေ။ ဒါဇင်နှင့်ချီ ရှိနေပြီး ၊ တစ်လုံးစီတိုင်းသည် လက်သီးဆုပ်ထက် ပိုကြီးကာ ၊ အဓိက အချက်မှာ လှုပ်ရှားနေခြင်းပင်။

မထူးဆန်းတော့ပေ ၊ ဦးနှောက်ထဲတွင် ဤကဲ့သို့ အကောင်များ ပေါက်ပွားနေသဖြင့် ခံစားရသော နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေခြင်း ဖြစ်သည်။

တုပိုင် အလျင်အမြန် ပြောလိုက်၏။ “ခေါင်းကွဲမတတ် ကိုက်ခဲနေတယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ မင်းဦးနှောက်ထဲမှာ ကြောက်စရာကောင်းတဲ့ အကောင် ဒါဇင်လောက် ရှိနေပြီး ၊ အဲဒီအကောင်တွေက လှုပ်ရှားနေလို့လေ”

မီးတောင်ချော်ရည် သားရဲကြီးက ပြောလိုက်၏။ “ဟုတ်တယ်... ဟုတ်တယ်... ခေါင်းကိုက်တယ်... ခေါင်းကိုက်တယ်”

ထိုအခါ တုပိုင် ကြောင်သွားသည်။ သူ မကုသနိုင်ပေ ၊ ဒီ မီးတောင်ချော်ရည် သားရဲကြီးကို ခွဲစိတ်ကုသပေးဖို့က မဖြစ်နိုင်။

အိပ်မက်စနစ်က ပြောလိုက်၏။ “တွင်းနက်တားမြစ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာကို သွား ၊ အဲဒီ ရေတွင်းထဲက ရေတစ်ခွက် ခပ်ပြီး ဒီမီးတောင်ချော်ရည် သားရဲကြီးကို တိုက်လိုက်ရင် ပျောက်သွားလိမ့်မယ်”

တုပိုင် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ အဲဒီရေတွင်းက ရေတွေက ငါ ညစ်ညမ်းအောင် လုပ်ခဲ့ပြီးပြီလေ”

အိပ်မက်စနစ်က တိတ်ဆိတ်စွာ ပြောလိုက်၏။ “အဲဒီ ညစ်ညမ်းသွားတဲ့ ရေတွင်းရေကမှ မီးတောင်ချော်ရည် သားရဲကြီးရဲ့ ဦးနှောက်ထဲက ကပ်ပါးကောင်တွေကို သေစေနိုင်မှာ။ မီးတောင်ချော်ရည် သားရဲကြီးလည်း ထိခိုက်ပြီး အားနည်းသွားနိုင်ပေမဲ့ ၊ သေတော့ မသေနိုင်ပါဘူး”

တုပိုင်က ပြောလိုက်၏။ “ဒါပေမဲ့ အဲဒီနေရာက ကြောက်စရာ ကောင်းတယ်လေ။ ပြီးခဲ့တဲ့တခေါက် ငါ ထွက်လာတုန်းက တွင်းနက်အောက်ခြေက အမြဲတမ်း ဟိန်းဟောက်နေပြီး မြေကြီးတစ်ခုလုံး တုန်ခါနေတာ။ ငါ သွားသင့်လို့လား”

အိပ်မက်စနစ်က ပြောလိုက်၏။ “အခု အဲဒီမှာ အရမ်း တိတ်ဆိတ်ငြိမ်သက်နေမှာပါ”

တုပိုင်က မေးလိုက်၏။ “ဘာလို့လဲ”

အိပ်မက်စနစ်က ပြောလိုက်၏။ “ကြီးမားတဲ့ ပြောင်းလဲမှုတွေ မဖြစ်ခင်က ငြိမ်သက်ခြင်း ၊ မိုးမလင်းခင်က အမှောင်ထု... အဲဒီသဘောပါပဲ”

စနစ်၏ ကျက်သီးထဖွယ်စကားများကို ကြားလိုက်ရသောအခါ တုပိုင် စိတ်မသက်မသာဖြစ်သွားရလေသည်။ စနစ်၏ စကားအသွားအလာအရ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်တွင် ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်ပျက်တော့မည့် ပုံရလေ၏။ ထို့အပြင် ကောင်းသော ဖြစ်ခြင်းမဟုတ်လေဘဲ ဆိုးဆိုးရွားရွားကြီး သောက်ကျိုးနည်းမည့် ကိစ္စဖြစ်ပုံရလေ၏။

တုပိုင် အတွေးများကို ပြန်စုစည်းလိုက်ပြီး မီးတောင်ချော်ရည် သားရဲကြီးကို ပြောလိုက်၏။ “ငါ မင်းကို ကုပေးနိုင်တယ်။ ဆေးတစ်ခွက် တိုက်လိုက်ရုံနဲ့ မင်း ပြန်ကောင်းသွားလိမ့်မယ်”

မီးတောင်ချော်ရည် သားရဲကြီးက ဟိန်းဟောက်လိုက်၏။ “တကယ်လား။ လူသားတွေက မလိမ်တတ်ဘူးလား။ လူသားတွေက ငါ့ကို အမြဲတမ်း လိမ်ညာနေကြတာ”

ထိုစကားများကို ကြားရုံဖြင့် ဤမီးတောင်ချော်ရည် သားရဲကြီးသည် ဉာဏ်ရည်နိမ့်ပါးကြောင်း တုပိုင် သိလိုက်သည်။

“မင်း ငါ့ကို လိမ်ရဲရင် ၊ ငါ ဒီလူသားကို သတ်ပစ်မယ်” မီးတောင်ချော်ရည် သားရဲကြီးက ဟိန်းဟောက်လိုက်သည်။

တုပိုင် ကြည့်လိုက်ရာ ၊ ဘေးနားရှိ လိုဏ်ဂူတစ်ခုထဲတွင် မဟာမြို့စားမင်း ဖူထျန်ယာကို တွေ့လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး မီးလောင်ဒဏ်ရာများ ရရှိထားသည်။ ယခုအချိန်တွင် သူသည် လိုဏ်ဂူထဲတွင် မလှုပ်မယှက် ထိုင်နေပြီး ၊ အတွင်းဒဏ်ရာများကို ကုသနေဟန် တူသည်။

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကောင်းပြီ... ငါ မင်းကို လိမ်ရင် ၊ မင်း ငါ့ကိုပါ ထပ်စားလိုက်ပေါ့” ထို့နောက် တုပိုင် ကြိုးအတိုင်း ပြန်တက်ရန် ပြင်လိုက်သည်။

“တက်စရာ မလိုဘူး။ မြေအောက်လမ်းကြောင်းတွေက နေရာစုံ ပေါက်ရောက်နေတာ။ ဘယ်ဘက်က လိုဏ်ခေါင်းအတိုင်း သွားရင် တွင်းနက်တားမြစ်နယ်မြေရဲ့ ဝင်ပေါက်ကို ရောက်နိုင်တယ်” အိပ်မက်စနစ်က ပြောလိုက်၏။

ထို့နောက် တုပိုင်သည် ဘယ်ဘက် လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားလေသည်။

အိပ်မက်စနစ်က သူ့ဦးနှောက်ထဲတွင် မြေပုံလမ်းညွှန် ပြသပေးပြီး ၊ တုပိုင်သည် လမ်းကြောင်းအတိုင်း ဆက်လက် သွားရောက်လိုက်လေ၏။

လမ်းလျှောက်ရင်း တုပိုင် မေးလိုက်၏။ “စနစ်... ဘာလို့ ဒီမီးတောင်ချော်ရည် သားရဲကြီးရဲ့ ဦးနှောက်ထဲမှာ ကြောက်စရာကောင်းတဲ့ ကပ်ပါးကောင်တွေ အများကြီး ရှိနေရတာလဲ”

အိပ်မက်စနစ်က ပြောလိုက်၏။ “သူ့ကို အစာကျွေးတဲ့သူက အစာထဲမှာ ကြောက်စရာကောင်းတဲ့ ကပ်ပါးကောင်တွေ ထည့်ကျွေးခဲ့လို့ပေါ့။ ဒီလောက် ပမာဏ ဖြစ်လာဖို့ အနည်းဆုံး နှစ်အတော်ကြာ အချိန်ယူခဲ့ရမှာ”

တုပိုင်က ပြောလိုက်၏။ “လူပုပရောဖက် စစ်ခုန်းယဲ့လား”

“ဟဲဟဲ” အိပ်မက်စနစ်က ဘာမှ ပြန်မပြောပေ။

ဤနေရာရှိ တွင်းနက်လမ်းကြောင်းများသည် အမှန်တကယ်ပင် နေရာစုံသို့ ပေါက်ရောက်နေသည်။ အိပ်မက်စနစ်၏ လမ်းညွှန်မှုဖြင့် ကွေ့ပတ်သွားလာပြီးနောက် ၊ ကီလိုမီတာ အနည်းငယ် လျှောက်လှမ်းပြီးသော် တုပိုင်သည် ရင်းနှီးကျွမ်းဝင်သော ရဲတိုက်ကြီးဆီသို့ ပြန်လည် ရောက်ရှိလာသည်။

ဤရဲတိုက်ကြီးသည် တွင်းနက်တားမြစ်နယ်မြေ၏ ဝင်ပေါက်ဖြစ်ပြီး ၊ တုပိုင် တချိန်က အရှင်လတ်လတ် မြှုပ်နှံခံခဲ့ရဖူးသော နေရာ ဖြစ်သည်။

နှစ်တစ်ရာ သက်တမ်းရှိ မြွေမိစ္ဆာကြီးသည် အောက်သို့ ပြန်ဆင်းလာပြီး တုပိုင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကာ ၊ ကြီးမားသော သားရဲနှစ်ကောင်ကလည်း ပြေးဝင်လာကြသည်။

ဤသတ္တဝါသုံးကောင်သည် တွင်းနက်တားမြစ်နယ်မြေ၏ ဝင်ပေါက်ကို စောင့်ကြပ်နေကြပြီး ၊ မူလက မည်သူ့ကိုမျှ ဝင်ရောက်ခွင့် မပြုပေ။ သို့သော် ဘာကြောင့်မှန်းမသိ ၊ နှစ်တစ်ရာ မြွေမိစ္ဆာကြီးသည် တုပိုင်၏ ကိုယ်နံ့ကို ပြင်းပြင်းထန်ထန် ရှူရှိုက်ပြီးနောက် ၊ ခေတ္တမျှ တွန့်ဆုတ်နေကာ ၊ နောက်ဆုံးတွင် နောက်ဆုတ်သွားပြီး တုပိုင်ကို လွှတ်ပေးလိုက်လေသည်။

ဤသည်မှာ ပုံမှန်မဟုတ်ပေ။ ပုံမှန်အခြေအနေတွင် မဟာမြို့စားမင်း တစ်ဦးတည်းသာ တွင်းနက်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ခွင့် ရှိသည်။

တုပိုင် ရဲတိုက်ထဲသို့ တစ်ဖန် ပြန်ဝင်လာပြီး ၊ ကြမ်းပြင်ပေါ်ရှိ ကျောက်တံခါးကြီးကို ဖွင့်လိုက်ရာ ၊ မြေအောက် အနက်ရှိုင်းဆုံးသို့ ဦးတည်သွားသော ကျောက်လှေကားထစ်များ ပေါ်လာလေသည်။

တုပိုင် ယမန်နေ့က ဤနေရာမှ ထွက်ခွာသွားခဲ့သည် ဖြစ်လေပြီး ထိုအချိန်ကတည်းက တုန်ခါမှုများ ဆက်တိုက်ဆိုသလိုပင် ဖြစ်ပျက်နေခဲ့လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၆၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters