နားခိုရာနေရာ
Vol. 22 Ch. 238
တပည့်သစ် တစ်ရာကျော်အတွက် လှိုဏ်ဂူ များ နေရာချထားပေးခြင်းက မကြာမီပင် ပြီးစီးသွားသည်။
ဝမ်ရှို့က တပည့်များအားလုံး၏ ရှေ့တွင် ရပ်ကာ အသံခပ်အေးအေးဖြင့် ပြောလိုက်သည်။ "မင်းတို့ ကိုယ့် လှိုဏ်ဂူ ကို ကိုယ်ရှာကြတော့၊ နောက်လာမယ့် တစ်လခွဲအထိ ဒီနေရာက မင်းတို့ရဲ့ နေအိမ်ပဲ။"
"ထျန်းဖူနန်းတော်ရဲ့ စည်းကမ်းတွေက မင်းတို့အရင်ဂိုဏ်းတွေက စည်းကမ်းတွေနဲ့ အတူတူလောက်ပဲ၊ ငါ အများကြီး ထပ်မပြောတော့ဘူး။"
"ဒါပေမဲ့ တစ်ခုရှိတာက ဒီက ပြိုင်ဆိုင်မှုတွေက မင်းတို့ အရင်က ထင်ထားတာထက် ပိုပြီး ပြင်းထန်လိမ့်မယ်။"
" မင်းတို့ လိုချင်တဲ့ ဘဝမျိုးကို ရ'မရဆိုတာက မင်းတို့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်။"
"ပြီးတော့ မှတ်ထားကြ၊ ငါက ဒီနေရာရဲ့ စီမံသူဆိုပေမဲ့ အခြေခံကိစ္စတွေကိုပဲ တာဝန်ယူတာ။"
" တကယ် အရေးကြီးတဲ့ကိစ္စ မဟုတ်ရင် ငါ့ကိုလာပြီး လျှောက်မနှောင့်ယှက်ကြနဲ့"
ဝမ်ရှို့က သတိပေးသည့် လေသံဖြင့် ပြော လိုက်သည်။
အောက်ဘက်ရှိ တပည့်များက အာရုံစိုက် နားထောင်နေကြသော်လည်း ထန်ထျန်းကမူ မေးစေ့ကို ပွတ်ကာ ပြုံးနေမိသည်။
ခုနက ဝမ်ရှို့က သူ့ကို ပြောခဲ့တာက ဒီလိုလေသံမျိုး မဟုတ်ဘူးလေ...။
"ငါတို့ နေရာ တိုင်းမှာ ကျင့်ကြံဖို့အတွက် သီးသန့်နေရာတစ်ခုရှိတယ်"
ဝမ်ရှို့က ပြောရင်း တောင်စောင်းမှ မလှမ်းမကမ်းရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
ထိုနေရာတွင် ဖြူဖွေးနေသော ဟင်းလင်းပြင် စင်မြင့်တစ်ခုကို တည်ဆောက်ထားပြီး တစ်ခုလုံးမှ မှိန်ဖျော့သော အလင်းတန်းများ ဖြာထွက်နေသည်။
"အဲ့ဒါက ဝမ့်ယွဲ့စင်မြင့် (လကြည့်စင်မြင့်) ပဲ။"
"ညတိုင်း လမင်းက ဒီကောင်းကင်လှိုဏ်ဂူရဲ့ အပေါ်တည့်တည့်ကို ရောက်လာတဲ့အခါ လ စွမ်းအား အနှစ်သာရ တွေ အများကြီးက ဝမ့်ယွဲ့စင်မြင့် ပေါ်ကို ကျဆင်းလာလိမ့်မယ်။"
" တခြားနေရာတွေမှာလည်း ရှိပေမဲ့ ဝမ့်ယွဲ့စင်မြင့် ပေါ်မှာတော့ အစီအရင်တွေ ရှိနေတဲ့အတွက် လ စွမ်းအား အနှစ်သာရ တွေကို အများဆုံး စုစည်းပေးထားနိုင်တယ်။"
"ဒါပေမဲ့ ဝမ့်ယွဲ့စင်မြင့် က ဆံ့တဲ့လူဦးရေ ကန့်သတ်ချက်ရှိတယ်၊ အဲ့ဒီပေါ်ကို တက်နိုင်'မတက်နိုင်ဆိုတာကတော့ မင်းတို့အစွမ်းပေါ်မှာပဲ မူတည်တယ်"
ပြောပြီးသည်နှင့် ဝမ်ရှို့က လက်ဝေ့ယမ်းကာ လမ်းညွှန်မှု ပြီးဆုံးကြောင်း ပြလိုက်သည်။
ထို့နောက် သူက လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားတော့သည်။
သူထွက်သွားပြီးမှ တပည့်သစ်များမှာ သက်ပြင်းချနိုင်တော့သည်။
တစ်နေကုန် လှုပ်ရှားခဲ့ရသဖြင့် အားလုံးမှာ စိတ်ရောလူပါ ပင်ပန်းနေကြပြီ ဖြစ်သည်။
တပည့်သစ်အားလုံးကို အတင်းအကျပ် လူစုခွဲထားသဖြင့် သိသူက သိပ်မရှိဘဲ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲသာ စကားပြောနေကြသည်။ တစ်ကိုယ်တော်သမားအချို့ကမူ သူတို့၏ လှိုဏ်ဂူ များကို စတင်ရှာဖွေနေကြပြီ ဖြစ်သည်။
ထန်ထျန်းကလည်း သူတို့နှင့် မသိသဖြင့် ထိုနေရာတွင် ကြာကြာမနေတော့ဘဲ ကျောက်စိမ်းပြားကို ဖွင့်ကာ နေရာအတည်ပြုပြီး ကုရှောင်းရွှယ်တို့ကို ခေါ်ကာ ထွက်လာခဲ့သည်။
ဝမ်ရှို့ စီစဉ်ပေးထားသော လှိုဏ်ဂူ မှာ တောင်၏ အထက်ပိုင်းနားတွင် ရှိသည်။
၎င်းမှာ တောင်စောင်းကို အမှီပြု၍ ဆောက်ထားသော နှစ်ထပ် အဆောက်အအုံ လေးဖြစ်ပြီး ခြံဝင်းလေးတစ်ခုလည်း ပါရှိသည်။ အခန်းပေါင်း ခြောက်ခန်းပါဝင်သဖြင့် ထန်ထျန်းတို့ ငါးယောက်လုံး နေရန် လုံလောက်လှသည်။
ခြံဝင်းတံခါးဝတွင် ရပ်ကြည့်လိုက်လျှင် ဝမ့်ယွဲ့စင်မြင့် (လကြည့်စင်မြင့်) ကို အနီးကပ် မြင်တွေ့ရသည်။ လမ်းအနည်းငယ် လျှောက်ရုံဖြင့် ရောက်နိုင်သော အကွာအဝေးပင်။
ပတ်ဝန်းကျင်တွင် ပန်းမာန်များဖြင့် လှပနေသလို ဘေးနားတွင် ရေတံခွန်ငယ်လေးတစ်ခုလည်း ရှိနေသဖြင့် ပတ်ဝန်းကျင်မှာ အလွန်သာယာလှသည်။
ကြည့်ရသည်မှာ တာအိုကျောက်စိမ်း ၁၀၀ ကတော့ အလကား မဖြစ်သွားပေ။
"သွားရအောင်၊ တစ်နေကုန် ပင်ပန်းလာပြီဆိုတော့ အရင်ဆုံး အနားယူကြတာပေါ့"
ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူက ကျောက်စိမ်းပြားကို သုံးကာ လှိုဏ် ဂူ ၏ အစီအရင်ကို ဖွင့်လိုက်ပြီး အထဲသို့ ဝင်ရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် မနှစ်မြို့ဖွယ် အသံတစ်ခု ဘေးမှ ထွက်ပေါ်လာသည်။
"မင်းတို့က အပြင်ကနေလာတဲ့ တပည့်သစ်တွေလား"
ထန်ထျန်း ခဏရပ်သွားပြီး လှည့်ကြည့်လိုက်ရာ လူငယ် ခြောက်ယောက် မောက်မောက်မာမာဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့က လက်ပိုက်ကာ စူးစမ်းသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
"ဟမ့်... မင်းတို့လို အောက်ခြေဂိုဏ်းတွေက တက်လာတဲ့ကောင်တွေက ဒီလောက်ကြီးတဲ့ လှိုဏ် ဂူမျိုးမှာ နေဖို့ ဘာအရည်အချင်း ရှိလို့လဲ"
ရှေ့ဆုံးမှ လူငယ်က အထင်သေးစွာ ပြောလိုက်သည်။
ထန်ထျန်းက သူ၏ စိတ်ဝိညာဉ် အာရုံဖြင့် သူတို့၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
အားလုံးမှာ ပေါင်းစည်းခြင်း အဆင့် များသာ ဖြစ်ကြပြီး အားအကောင်းဆုံး တစ်ယောက်သည်ပင် ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့် သာ ရှိသေးသည်။
"လီဟုန်"
ထန်ထျန်းက လီဟုန်ကို တစ်ချက် အရိပ်အယောင်ပြလိုက်ပြီးနောက် ထိုလူများကို ဆက်၍ အဖတ်မလုပ်တော့ဘဲ အစီအရင်ကို ဖွင့်ကာ ခြံဝင်းထဲသို့ ဝင်သွားတော့သည်။
"အာ"
"မင်းကို ငါက သွားခွင့်ပေးလို့လား"
နောက်ဘက်မှ လူငယ်၏ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။
သို့သော် မကြာမီမှာပင် "ဘန်း... ဘန်း..." ဟူသော အသံများနှင့်အတူ သူတို့မှာ အော်ပင်မအော်နိုင်လိုက်ဘဲ အသံများ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် လီဟုန်က အထဲသို့ လျှောက်ဝင်လာသည်။
"လူတော့ မသေဘူး မဟုတ်လား"
ထန်ထျန်းက မေးလိုက်သည်။
"ဝမ်ရှို့ပြောတာတော့ ထျန်းဖူနန်းတော်ရဲ့ စည်းကမ်းက ငါတို့ဆီကနဲ့ တူတူပဲဆိုတော့ ဂိုဏ်းတူအချင်းချင်း သတ်ဖြတ်တာကို ခွင့်ပြုမှာ မဟုတ်ဘူး။ "
"ရောက်ရောက်ချင်း ပြဿနာတော့ မတက်ချင်ဘူး"
လီဟုန်က ပြုံးလျက် "စိတ်ချပါ သခင်လေး၊ ကျွန်တော် အင်အား ကို ထိန်းထားပါတယ်၊ သူတို့ကို ပညာပေးရုံပဲ လုပ်လိုက်တာပါ။ "
"ဒါနဲ့ ထျန်းဖူနန်းတော်က တပည့်တွေရဲ့ အဆင့်က ဒီလောက်ပဲလား"
" ကျွန်တော်ကတော့ ကျွန်တော် တို့ထက် အများကြီး သာလိမ့်မယ် ထင်နေတာ"
လီဟုန်က အံ့သြစွာ မေးလိုက်သည်။
သူက ဝင်ခွင့်အခမ်းအနားတွင် မပါခဲ့သဖြင့် ထျန်းဖူနန်းတော်၏ တကယ့် ပါရမီရှင်များ၏ အစွမ်းကို မသိသေးခြင်း ဖြစ်သည်။
"ဘယ်နေရာမှာမဆို တပည့်တွေကြားမှာ ကွာခြားချက် ရှိစမြဲပဲ။ "
"သူတို့က သာမန်တရားဝင်တပည့်တွေပဲ ဖြစ်မှာပေါ့ ။"
" ထူးချွန်တဲ့သူတွေဆိုရင် ဥပမာ ငါတို့ တောင်ကိုးလုံး စမ်းသပ်ပွဲမှာ တွေ့ခဲ့တဲ့ မုဆိုးတွေလိုမျိုး အနည်းဆုံး တက်လှမ်းခြင်း အစောပိုင်း အဆင့် လောက် ရှိကြတယ်။"
" ပိုတော်တဲ့သူတွေဆိုရင် အသက် ၂၀ ကျော် လူငယ်လေးတွေတင် အင်မော်တယ်နယ်ပယ် ကို ရောက်နေကြပြီ။"
" ထိပ်တန်းတပည့်တွေဆိုရင် ဆန်းကြယ် အင်မော်တယ် ဒါမှမဟုတ် ရွှေအင်မော်တယ် အဆင့် တောင် ရှိနိုင်တယ်။ "
"မင်းက အခုလို အားနည်းတဲ့သူတွေနဲ့ တွေ့ရုံနဲ့ ထျန်းဖူနန်းတော်ကို အထင်မသေးနဲ့"
ထန်ထျန်းက ရှင်းပြလိုက်သည်။
လီဟုန်က ထိုစကားကို ကြားသောအခါ ချက်ချင်း တည်ငြိမ်သွားသည်။
ခုနက တပည့်အချို့ကို အလွယ်တကူ နိုင်လိုက်နိုင်သဖြင့် သူ အနည်းငယ် မောက်မာသွားမိခြင်းမှာ တကယ့်အမှားကြီးပင်။
အထူးသဖြင့် ဤကဲ့သို့သော စိမ်းသက်သည့်နေရာမျိုးတွင် ဖြစ်သည်။
"နားလည်ပါပြီ"
လီဟုန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ထန်ထျန်းက အင်းဟု တစ်ချက်ဆိုလိုက်သည်။ သူ၏ လက်အောက်ငယ်သားများမှာ မောက်မာမှုကြောင့် ပြဿနာရှာလာမည်ကို သူ မလိုလားပေ။
သူက ၎င်းတို့ကို ပြဿနာဖြေရှင်းရန် ခေါ်လာခြင်းဖြစ်ပြီး ပြဿနာဖန်တီးရန် ခေါ်လာခြင်း မဟုတ်ပေ။
သို့သော် ဤနေရာ ရှိ တပည့်များ၏ အဆင့်မှာ အမှန်တကယ်ပင် အနည်းငယ် နိမ့်ပါးနေသည်။
၎င်းမှာ လက်အောက်ခံဂိုဏ်းများမှ တပည့်များမှာလည်း ပေါင်းစည်းခြင်း အဆင့် ဝန်းကျင်တွင်သာ ရှိကြသဖြင့် ၎င်းတို့နှင့် အဆင့်တူသူများကိုသာ ဤနေရာတွင် ထားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ပိုမိုအစွမ်းထက်သော တပည့်များ ရှိနေဦးမည်မှာ သေချာသည်။
၎င်းပြင် ဝမ့်ယွဲ့ကောင်းကင်လှိုဏ်ဂူအတွင်းရှိ ဤတောင်သည်လည်း အဆင့်အတန်း ခွဲခြားထားပုံရသည်။
ပျံဆင်းလာစဉ်က တောင်ခါးပန်းနှင့် တောင်ထိပ်နားတွင်လည်း လှိုဏ် ဂူ များ ရှိနေသည်ကို သူတွေ့ခဲ့သည်။
သူတို့ ရောက်နေသည့်နေရာမှာ တောင်ခြေနားတွင်သာ ရှိသေးသည်။
နောက်ပိုင်းမှ ဤကိစ္စများကို အသေအချာ စုံစမ်းရမည်။
သို့သော် အခုတော့ အနားယူကြရအောင်။ ဒီနေ့ တစ်နေကုန် အလုပ်တွေ အများကြီး လုပ်ခဲ့ရပြီ။
"ငါနဲ့ လီဟုန်က အောက်ထပ်မှာ နေမယ်၊ မင်းတို့ သုံးယောက်က အပေါ်ထပ်အခန်းတွေမှာ နေကြ။"
" အရင်ဆုံး အနားယူပြီး ဒီနေရာရဲ့ ပတ်ဝန်းကျင်ကို အသားကျအောင် လုပ်ကြဦး"
ထန်ထျန်းက နေရာချပေးလိုက်ပြီးနောက် အဆောက်အအုံထဲသို့ ဝင်ကာ ဘယ်ဘက်ခြမ်းရှိ အခန်းထဲသို့ အလေ့အကျင့်အတိုင်း ဝင်လိုက်သည်။
အဆောက်အအုံမှာ အပြင်မှကြည့်လျှင် မကြီးသော်လည်း အတွင်းထဲသို့ ရောက်သောအခါ အလွန်ကျယ်ဝန်းသည်ကို တွေ့ရသည်။
တောင်နံရံကို အမှီပြု ဆောက်ထားခြင်း ဖြစ်သဖြင့် တောင်၏အတွင်းပိုင်းကိုပါ အသုံးချထားခြင်း ဖြစ်သည်။
အိပ်ခန်း၊ ဧည့်ခန်း၊ ကျင့်ကြံခန်းနှင့် ဆေးဖော်စပ်ခန်းတို့ပင် အစုံအလင် ပါရှိသည်။
"မဆိုးဘူးပဲ"
ပတ်ကြည့်ပြီးနောက် ထန်ထျန်းက အိပ်ခန်းသို့ ပြန်လာကာ အိစက်နေသော ကုတင်ပေါ်တွင် လှဲချလိုက်သည်။
သူ၏ ကိုယ်ထဲတွင် နက်နဲသော ရှေးဟောင်းကျောက်စိမ်း ရှိနေသဖြင့် ကျင့်ကြံရန် အချိန်နှင့် နေရာ ရွေးနေစရာ မလိုဘဲ အချိန်မရွေး ကျင့်ကြံနိုင်သည်။ သို့သော် ယခင်ကနှင့် မတူသည်မှာ ရှေးဟောင်းကျောက်စိမ်းမှ ထွက်လာသော အင်မော်တယ်စွမ်းအားအပြင် ပတ်ဝန်းကျင်တွင်လည်း အင်မော်တယ်စွမ်းအားများ ပြည့်နှက်နေသဖြင့် ကျင့်ကြံရသည်မှာ ပို၍ လွယ်ကူနေသည်။
၎င်းပြင် ဤနေရာမှ အရာအားလုံးတွင် မှိန်ဖျော့သော လ စွမ်းအား အနှစ်သာရ များ ရှိနေသည်။
ဤကဲ့သို့သော နတ်ရတနာများက ကျင့်ကြံခြင်းကို ပို၍ ချောမွေ့စေသည်။
ခဏမျှ လှဲနေပြီးနောက် ထန်ထျန်းက လက်ချောင်းကို တစ်ချက် တောက် လိုက်သည်။
အလင်းတန်း တစ်ချက် လက်သွားပြီးနောက် အခန်းထဲတွင် သေးငယ်သော ပုံရိပ် လေးတစ်ခု ပေါ်လာတော့သည်။
၎င်းမှာ တစ်နေကုန် ပိတ်လှောင်ခံထားရသော ရှောင်ပိုင် (ကြောင်လေး) ပင် ဖြစ်သည်။