← Chapters

အပေါ် သို့

Vol. 22 Ch. 243

အပေါ် သို့

Vol. 22 Ch. 243

ဤနေရာရှိ စီမံသူမှာ ကွမ်းယို ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ထန်ထျန်း စိတ်အေးသွားတော့သည်။

သူက လူမိုက်ကို မကြောက်သော်လည်း ကျန်းချင်းယွင်ကဲ့သို့ ခေါင်းမာသူ မျိုးကိုတော့ ကြောက်သည်။

အကြောင်းမှာ... အမှန်အတိုင်းပြောရလျှင် ထိုလူမှာ ဝမ့်ယွဲ့စင်မြင့်၏ စည်းကမ်းကို တကယ်ပင် ထိန်းသိမ်းနေခြင်းကြောင့် ဖြစ်သည်။

"ငါတို့ ပြန်ဆုံဖို့ အခွင့်အရေးရှိမယ်လို့ ငါအရင်က ပြောခဲ့သားပဲ"

"ဒါပေမဲ့ ဒီနေ့ညမှာတင် အဲ့ဒါတောင် ဝမ့်ယွဲ့စင်မြင့်လို နေရာမျိုးမှာ ဆုံမယ်လို့တော့ ငါမထင်ထားဘူး။"

" ငါက နောက်နှစ်ရက်လောက်နေမှ မင်းအကြောင်း စုံစမ်းကြည့်မလို့ စိတ်ကူးထားတာ"

ကွမ်းယိုက ပြုံးလျက် ပြောသည်။

ထန်ထျန်းကလည်း ပြုံး ကာ "မင်းကို ဒီက စီမံသူမှန်း ငါလည်း မသိထားဘူး"

ကွမ်းယိုက ခေါင်းညိတ်ကာ "ဒါဟာ ရေစက်ပဲ ထင်ပါတယ်။"

" ဒါနဲ့ ခုနက ဘာတွေ ဖြစ်နေကြတာလဲ"

ထန်ထျန်းက ခဏစဉ်းစားပြီးနောက် ဖြစ်ပျက်သမျှကို ကွမ်းယိုအား အစအဆုံး တစ်ခုမကျန် ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ကွမ်းယို၏ မျက်နှာမှာ ချက်ချင်း ညိုမည်းသွားပြီး ကျန်းချင်းယွင်ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။

"မင်းကို စည်းကမ်းထိန်းခိုင်းတာဟာ ဒီအဆင့်အတန်းကို သုံးပြီး မင်းရဲ့ အရှိန်အဝါကို လာပြဖို့ မဟုတ်ဘူး"

"သခင်လေးထန်ကို အမြန်တောင်းပန်စမ်း"

ကွမ်းယိုက အသံကျယ်ကျယ်ဖြင့် ဟောက်လိုက်သည်။

ကျန်းချင်းယွင်က အံ့အားသင့်စွာဖြင့် ဘာကိုမှ နားမလည်နိုင်သလို ဖြစ်နေပြီး "ဒါပေမဲ့... သူတို့က စည်းကမ်းဖောက်ဖျက်ဖို့ သံသယရှိနေတာလေ။"

" ပြီးတော့ လစွမ်းအား ကျတော့မှာဆိုတော့ ဒီလို မသက်ဆိုင်တဲ့သူတွေကို မောင်းထုတ်တာကလည်း ကျုးကြောင်းဆီလျော်မှု ရှိပါတယ်။ "

"အကယ်၍ သူတို့သာ ဒီမှာ တစ်ခုခုဖြစ်သွားရင် တာဝန်ယူရမှာက ကျွန်တော် မဟုတ်ဘူးလား"

ကွမ်းယိုက ချက်ချင်း အံကြိတ်လိုက်ပြီး မျက်နှာပေါ်တွင် အကြောများပင် ထောင်ထွက်လာတော့သည်။

"မင်းလို ငတုံးက ငါ့ကို ပြန်ပြီး စောဒကတက်ရဲသေးတယ်ပေါ့"

" ငါ မင်းကို ရိုက်သတ်ပစ်မယ်"

သူ ပြော ကာ လက်ပါရန် ပြင်လိုက်သည်။

ထန်ထျန်းက သူ့ကို အမြန်ပင် ဆွဲတားလိုက်ရသည်။

"တော်ပါပြီ၊ အဲ့ဒီလောက်အထိ မလိုပါဘူး။ "

" တာအိုမိတ်ဆွေ ကျန်း ကလည်း သူ့တာဝန် သူ ထမ်းဆောင်တာပဲလေ"

သူ ဖျောင်းဖျကာ ကွမ်းယို၏ လုပ်ရပ်ကို တားဆီးလိုက်သည်။

အမှန်တကယ်တော့ ကွမ်းယိုက တမင်သက်သက် ဤသို့ လုပ်ပြခြင်းဖြစ်ကြောင်း ထန်ထျန်း သိသည်။

အခြားသူများ မသိသော်လည်း ကောင်းကင်လှေကား ဆီသို့ သွားခဲ့ဖူးသော ကွမ်းယိုကမူ ထန်ထျန်းတွင် မည်မျှလောက် သန်မာ သည်ကို အလွန်ရှင်းလင်းစွာ သိထားသည်။

အင်အားစု ကြီးများ၏ သိမ်းသွင်းခြင်းကို မခံရသေးလျှင်ပင် ထန်ထျန်းက သူကဲ့သို့ စီမံသူအဆင့်လေးက ပြစ်မှားနိုင်သူမျိုး မဟုတ်ပေ၊ ကျန်းချင်းယွင်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

ကွမ်းယိုက ကျန်းချင်းယွင်ကို ကာကွယ်ရန်အတွက် ဤနည်းကို အသုံးပြုနေခြင်းသာ ဖြစ်သည်။

သို့သော် ထန်ထျန်းက တကယ် အပြစ်တင်လိုစိတ် မရှိပေ။ ကွမ်းယိုကို ဆွဲခေါ်လာပြီးနောက် ပြုံးလျက် "မင်း ရွေးချယ်ထားတဲ့ ဒီတပည့်က တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

" သူတို့လို လူမျိုးကို စည်းကမ်းထိန်းခိုင်းရင်တော့ တကယ်ကို အလုပ်ဖြစ်မှာပဲ"

ကွမ်းယိုက လက်ကာပြကာ "ဟို... ဗွေမယူပါနဲ့ကွာ ။"

" စီမံသူတစ်ယောက် ရှာထားလိုက်တော့ ငါ လည်း ပိုပြီး သက်သာသွားတာပေါ့။"

" ပြီးတော့ သူ့ကိုလည်း အလုပ်တစ်ခုခု ပေးထားချင်လို့ပါ။"

" တကယ်တော့... သူက ငါ့ ရဲ့ တူအရင်း ဖြစ်နေလို့လေ"

သူ ပြော ကာ ထန်ထျန်းကို "မင်းသိပါတယ်" ဆိုသည့် အကြည့်မျိုး ပေးလိုက်သည်။

ထန်ထျန်း ချက်ချင်း သဘောပေါက်သွားသည်။ ဒါကလည်း ဆွေမျိုးကောင်းမှုဖြင့် နေရာရထားခြင်း ပင်။

သို့သော် ဘေးနားရှိ ကျန်းချင်းယွင်က ထိုစကားကို ကြားသည်နှင့် ချက်ချင်း တိုးလာပြီး "ဦးလေး... ဒီစကားတွေကို သူ့ကို ပြောလို့ ဖြစ်ပါ့မလား"

ကွမ်းယို : ...

ထန်ထျန်း : ...

ကွမ်းယိုက ကျန်းချင်းယွင်ကို ခြေထောက်ဖြင့် တည့်တည့်ကန်ကာ လွင့်ထွက်သွားစေပြီးနောက် ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။

"အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ လစ်စမ်း"

" မင်းရဲ့ လှိုဏ်ဂူကို ပြန်ပြီး အောင်းနေတော့။ ဒီနေ့ညလည်း ကျင့်ကြံ မနေနဲ့တော့၊ မင်း ဘယ်နေရာမှာ မှားသွားလဲဆိုတာကို သေချာစဉ်းစားမိတဲ့အချိန်ကျမှ ပြန်ထွက်လာခဲ့"

ကွမ်းယိုမှာ ဒေါသထိပ်ဆုံး ရောက်နေသည်။

ထန်ထျန်းက မတတ်သာဘဲ သက်ပြင်းချကာ "အစ်ကိုကွမ်း... တော်ပါတော့..."

....

ဤဖြစ်ရပ်လေး ပြီးဆုံးသွားပြီးနောက် ထန်ထျန်းက ရှောင်းရွှယ်၊ လုရှီတို့နှင့်အတူ ကွမ်းယိုကို ခေါ်ကာ ဝမ့်ယွဲ့စင်မြင့်မှ ထွက်လာခဲ့သည်။

မထွက်လာမီတွင် ကွမ်းယိုက လီဟုန်တို့အတွက် ပိုကောင်းသော နေရာတစ်ခု စီစဉ်ပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သော်လည်း ထန်ထျန်းက ယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ်ခဲ့သည်။

လစွမ်းအားဆိုသည်မှာ ကိုယ့်တွင် မည်မျှလောက်သော အရည်အချင်းရှိသနည်း၊ ထိုအစွမ်းနှင့်အညီ ရယူခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"လစွမ်းအား ကျဆင်းလာတော့မယ်။"

" သခင်လေးထန်... အပေါ် ကို ဆက်သွားဖို့ ပြင်နေတုန်းပဲလား"

ကွမ်းယိုက မေးသည်။

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။

သူ၏ ယနေ့ည အစီအစဉ်မှာ ဝမ့်ယွဲ့တောင်ထိပ်၏ အခြေအနေကို စူးစမ်းရန်နှင့် ရှောင်းရွှယ်တို့ကို အခြေချပေးရန်သာ ဖြစ်သည်။

သူကိုယ်တိုင် ကျင့်ကြံခြင်း၊ မကျင့်ကြံခြင်းက သိပ်အရေးမကြီးလှပေ။

တစ်ညတည်းနှင့်တော့ ဘာမှ မထူးခြားနိုင်ပေ။

"ဒါဆို အပေါ် ကို တက်တဲ့လမ်းနဲ့ အခြေအနေတွေကို မင်း သိသလား"

ကွမ်းယိုက မေးသည်။

ထန်ထျန်းက ဘေးရှိ လုရှီကို ညွှန်ပြကာ "ငါ့မှာ လမ်းပြရှိပါတယ်"

ထိုစကားကို ကြားသောအခါ လုရှီမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် အမြန်ပင် လက်ခါပြတော့သည်။

"မဟုတ်... မဟုတ်ဘူး သခင်လေးထန်။ "

"ကျွန်တော်က နဝမအထပ်နဲ့ အဋ္ဌမအထပ် အကြောင်းပဲ နည်းနည်းပါးပါး သိတာပါ။ အဲ့ဒီထက် မြင့်တဲ့နေရာဆိုရင်တော့... "

"သခင်လေးလည်း သိတဲ့အတိုင်း ကျွန်တော့်ရဲ့ ခွန်အားက နိမ့်လွန်းလို့ အဲ့ဒီနေရာတွေကို သွားဖို့ အရည်အချင်း မရှိပါဘူး..."

လုရှီက အားနာစွာဖြင့် ပြောရှာသည်။

သူက ထန်ထျန်းတို့ အုပ်စုမှာ အလွန်ဆုံးရှိမှ အတိဒုက္ခဖြတ်ကျော်ခြင်း နယ်ပယ်မှာပဲ ပတ်သွားနေမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

ထန်ထျန်းက ဤမျှအထိ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ဤနေရာရှိ စီမံသူကပင် သူ့ကို လေးလေးစားစား ဆက်ဆံနေရသည် မဟုတ်ပါလား။

"ဟားဟား... နဝမအထပ်က တပည့်တွေကတော့ အပေါ် ပိုင်းအကြောင်း သိပ်မသိတာ မဆန်းပါဘူး"

ကွမ်းယိုက ပြောကာ "ဒါဆိုရင် ငါ ပဲ မင်းနဲ့အတူ အပေါ် ကို လိုက်ခဲ့ပါ့မယ်။ "

"တစ်လက်စ တည်း ငါ့ ရဲ့ အသုံးမကျတဲ့ တူလေးကိုယ်စား မင်းကို တောင်းပန်ချင်လို့ပါ"

သူသည် ခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ထန်ထျန်းက ကျန်းချင်းယွင်အပေါ် အငြိုးထားမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

ထန်ထျန်းကလည်း မငြင်းပယ်ဘဲ သူ၏ စေတနာကို လက်ခံလိုက်သည်။

ထို့နောက် သူက လုရှီကို နဝမအထပ်သို့ ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်မှာမူ ရှောင်းရွှယ်ကို ခေါ်ကာ ကွမ်းယိုနှင့်အတူ အပေါ် သို့ ဆက် တက်ခဲ့သည်။

လမ်းခရီးမှာ မဝေးလှပေ။ လစွမ်းအား မကျဆင်းမီ စက္ကန့်ပိုင်းအလိုတွင် သူတို့အုပ်စု သတ္တမအထပ် ဝမ့်ယွဲ့စင်မြင့်သို့ ရောက်ရှိလာခဲ့သည်။

ဤနေရာမှာ တက်လှမ်းခြင်း နယ်ပယ်ရှိ တပည့်များ ကျင့်ကြံရာ နေရာဖြစ်သည်။

သို့သော် ထန်ထျန်းကို အံ့အားသင့်စေသည်မှာ ဤနေရာသည် နဝမအထပ်နှင့် အဋ္ဌမအထပ်များကဲ့သို့ ဝမ့်ယွဲ့စင်မြင့်ပေါ်တွင် နေရာလုရန် မလိုအပ်ခြင်း ဖြစ်သည်။

လစွမ်းအား စတင်ကျဆင်းနေပြီ ဖြစ်သော်လည်း ဝမ့်ယွဲ့စင်မြင့်ပေါ်တွင် နေရာလွတ်များစွာ ရှိနေသေးသည်။

"အသက် ၂၅ နှစ် မတိုင်ခင် တက်လှမ်းခြင်း အဆင့်ကို ရောက်တဲ့ တပည့်တွေက ထျန်းဖူနန်းတော်ရဲ့ အဓိက ပျိုးထောင်ပေးတယ့် တပည့်တွေ ဖြစ်ကုန်ကြပြီ။ "

"သူတို့အတွက်တော့ နန်းတော်က ဘာကိုမှ တွန့်တိုမနေတော့ဘူးလေ"

ကွမ်းယိုက ပြုံးလျက် ရှင်းပြသည်။

ထန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ကုရှောင်းရွှယ်ကို ခေါ်ကာ အပေါ်သို့ တက်သွားသည်။

ထိုအချိန်မှာပင် တောက်ပသော လရောင်က ခေါင်းပေါ်မှ တည့်တည့်ကျဆင်းလာသည်။

ပြင်းထန်သော ဖိအားနှင့်အတူ မရေမတွက်နိုင်သော လစွမ်းအားများက ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ကျဆင်းလာရာ ဝမ့်ယွဲ့စင်မြင့် တစ်ခုလုံးမှာ ဝေဝါးမှိုင်းပြပြ အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။

ထန်ထျန်းက ခဏမျှ ငြိမ်သက်စွာ ခံစားကြည့်လိုက်သည်။

လစွမ်းအားက တကယ်ပင် ထူးခြားဆန်းပြားသော ရတနာတစ်မျိုး ဖြစ်သည်။ ၎င်းက အင်မော်တယ်စွမ်းအားနှင့် ကွဲပြားသော်လည်း တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူ ပြုကြသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကျင့်ကြံမည်ဆိုပါက အရာအားလုံးက ရေစီးကြောင်းအတိုင်း ချောမွေ့စွာ ဖြစ်တည်သွားမည်မှာ အသေအချာပင်။

"ရှောင်းရွှယ်... မင်း ဒီမှာပဲ ကျင့်ကြံလိုက်တော့"

ထန်ထျန်းက ပြော သည်။

"ဟုတ်ကဲ့"

ကုရှောင်းရွှယ်က ခေါင်းညိတ်ကာ သင့်တော်သော နေရာတစ်ခု ရှာပြီး တင်ပျဉ်ခွေ ထိုင်လိုက်တော့သည်။

ကွမ်းယိုက ထန်ထျန်းကို ကြည့်ကာ ပြုံးလျက် "သခင်လေးထန်... အပေါ် ကို ဆက်သွားဖို့ ပြင်နေတုန်းပဲလား"

ထန်ထျန်းက ခေါင်းညိတ်ပြသည်။

ဤနေရာရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ သူမြင်ဖူးသမျှထဲတွင် အကောင်းဆုံး ဖြစ်သော်လည်း ယခု သူ၏ အခြေအနေနှင့်ဆိုလျှင် ဝေးဝေးကြီး လိုနေသေးသည်။

ဝမ့်ယွဲ့တောင်ထိပ်၏ အထွတ်အထိပ်မှာ မည်သို့ရှိမည်ကိုလည်း သူ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။

"လစွမ်းအားက ဘယ်လောက်ကြာမှာလဲ"

ထန်ထျန်းက မေးသည်။

ကွမ်းယို့က "နှစ်နာရီ လောက် ကြာပါမယ်။"

" ပုံမှန်အားဖြင့် မိနစ် ၃၀ လောက်ကြာရင် လစွမ်းအားက အထွတ်အထိပ်ကို ရောက်သွားမယ်၊ အဲ့ဒီနောက် တစ်နာရီလောက် ထိန်းထားပြီးမှ ဖြည်းဖြည်းချင်း ပြန်လျော့သွားမှာပါ"

ထန်ထျန်းက "အင်း" ဟု တစ်ချက် ဆိုလိုက်ပြီး "ဒါဆိုရင် အချိန်ကို အသုံးချပြီး ဆက်တက်ကြရအောင်"

ကွမ်းယိုက ခေါင်းညိတ် သဘောတူလိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ ထန်ထျန်း၏ စကားကြောင့် တုန်လှုပ်နေမိသည်။

"မိနစ် ၃၀ တောင် ကျန်သေးတာကို အချိန်ကို အသုံးချရမယ် လို့ ပြောတာလား"

" ဒီလူရဲ့ တကယ့် အစွမ်းက... ဘယ်လောက်တောင် များ သန်မာနေလို့လဲ"

လရောင်အောက်တွင် လူနှစ်ဦး၏ ပုံရိပ်မှာ မှိုင်းပြပြ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

All Chapters