← Chapters

အစစ်အမှန် အင်မော်တယ် အချင်းချင်းလည်း ကွာခြားချက် ရှိသည်

Vol. 22 Ch. 247

အစစ်အမှန် အင်မော်တယ် အချင်းချင်းလည်း ကွာခြားချက် ရှိသည်

Vol. 22 Ch. 247

"ဝိုး... မောက်မာလှချည်လား"

ထန်ထျန်း၏ အတိုင်းအထက်အလွန် မောက်မာလှသော ပုံစံကြောင့် ပတ်ဝန်းကျင်ရှိ လူများမှာ ရုတ်တရက် ဆူညံပွက်လောရိုက်သွားကြသည်။

မောက်မာသောသူကို မြင်ဖူးကြသော်လည်း ဤမျှလောက်အထိ မောက်မာသူမျိုးကိုမူ သူတို့ တစ်ခါမျှ မမြင်ဖူးကြချေ။

မင်းက ဆင်ခြေရှာပြီး ငါ့ကို အပြစ်တင်ချင်တာ မဟုတ်လား၊ ပြီးတော့ ပြဿနာရှာချင်တာ မဟုတ်လား

ကောင်းပြီလေ၊ မင်းပြောတာတွေ အကုန်အမှန်ပဲ၊ အဲ့ဒါတွေအားလုံး ငါလုပ်ခဲ့တာ၊ အဲ့ဒီတော့ မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ။

ထန်ထျန်း၏ ယခုလက်ရှိ အပြုအမူမှာ (တရုတ်လိုနော်😅) စကားလုံး လေးလုံးတည်းဖြင့် အဓိပ္ပာယ်ဖွင့်ရလျှင် "မျက်စိထဲ မထည့် ခြင်း" ပင် ဖြစ်သည်။

အကယ်၍ နှစ်ဖက်စလုံး၏ ခွန်အားမှာ အလွန်ကွာခြားနေလျှင် သူ ဤသို့ ပြောသည်ကို လူများက လက်ခံနိုင်ပါသေးသည်။

သို့သော် တစ်ဖက်လူမှာလည်း အင်မော်တယ်နယ်ပယ်နှင့် အထက်၌ ရှိသည့် ပါရမီရှင် တပည့်များ ဖြစ်ကြသည်။

၎င်းပြင် အရေအတွက်မှာလည်း မနည်းလှပေ။ ထန်ထျန်းတွင် မည်သို့သော အရည်အချင်းရှိ၍ ဤလူများ၏ ရှေ့မှောက်၌ မောက်မာနေရသနည်း။

ပြန်လည် အချေ ခံလိုက်ရပြီးနောက် တစ်ဖက်မှ တပည့်တစ်ဆယ်ယောက် ကျော်တို့၏ မျက်နှာများမှာ လုံးဝ ပျက်ယွင်းသွားတော့သည်။

"ထန်ထျန်း... မင်းက ချင်းယွဲ့ဂိုဏ်းလို နေရာသေးသေးလေးမှာ စိတ်ကြိုက် မောက်မာလို့ရတယ်လို့ ထင်နေတုန်းလား"

"ဒါက ထျန်းဖူနန်းတော်ကွ၊ မင်း ဒီမှာ လာရိုင်းစိုင်းဖို့ နေရာမဟုတ်ဘူး"

တစ်ဦးက ဒေါသတကြီး အော်လိုက်သည်။

ထန်ထျန်းက မျက်ခုံးပင့်ကာ အေးဆေးစွာ ပြုံးလျက် "မင်းပြောတာတွေ အကုန်လုံးကို ငါ နားလည်ပါတယ်"

"ဒါပေမဲ့ ငါကတော့ ရိုင်းစိုင်းနေမှာပဲ၊ အဲ့ဒီတော့ မင်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ပြောပြီးသည်နှင့် သူက တိုက်ရိုက်ပင် ထိုင်ချလိုက်သည်။ လီဟုန်ကလည်း အချိန်ကိုက်ပင် သူ၏ နောက်ကျောဘက်၌ ထိုင်ခုံအပျော့စား တစ်လုံး ကို အမြန်ချပေးလိုက်သည်။

ထို့နောက် ထန်ထျန်းက ခြေထောက်ချိတ်ထိုင်ကာ အရက်အိုးတစ်အိုးကို ထုတ်ယူ၍ အေးအေးလူလူပင် ငှဲ့ကာ သောက်နေတော့သည်။

ထိုအမူအရာမွာ တစ်ဖက်လူများ ကို လုံးဝ မျက်စိ ထဲ ထည့်မထားသည့် ပုံစံပင် ဖြစ်သည်။

"ဝိုး... တကယ့်ကို အထာကျတာပဲ"

"အဲ့ဒီလို တည်ငြိမ်နေတဲ့ ပုံစံက ကြည့်ရတာ ဟန်ဆောင်နေတဲ့ပုံနဲ့ မတူဘူးနော်"

"သူ့မှာ တကယ်ပဲ လုံလောက်တဲ့ ခွန်အား ရှိလို့လား"

"ဘာပဲဖြစ်ဖြစ် ငါကတော့ လက်ခံသွားပြီ။ ငါသာဆိုရင် ထိုင်ပြီး အရက်သောက်ဖို့ ဝေးစွ၊ ကြောက်လွန်းလို့ ခြေထောက်တွေတောင် တုန်နေမှာ"

"အဲ့ဒီ ပါရမီရှင် တစ်စု က ဘာလုပ်နေကြတာလဲ၊ ကြောက်သွားကြတာတော့ မဟုတ်ပါဘူးနော်"

လူများက တိုးတိုးတိတ်တိတ် ဝေဖန်နေကြသည်။

ပတ်ဝန်းကျင်မှ အကြည့်များကို ခံစားမိသောအခါ ထျန်းဖူနန်းတော်မှ ပါရမီရှင်များမှာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားကြသည်။

သူတို့က အံကြိတ်လျက် ထန်ထျန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေကြတော့သည်။

ထို့နောက် အေစာဆုံး စကားပြောခဲ့သည့် လူငယ်က ဦးစွာ ရှေ့သို့ ထွက်လာသည်။

"ထန်ထျန်း... မင်းကို တကယ့်လက်တွေ့ဘဝအကြောင်း သိအောင် လုပ်ပေးဖို့ လိုအပ်နေပြီလို့ ငါ ခံစားရတယ်"

"မင်းမှာ အစစ်အမှန် အင်မော်တယ် ခွန်အား ရှိနေရင်တောင် ဘာဖြစ်လဲ"

"ထျန်းဖူနန်းတော်ရဲ့ အစစ်အမှန် အင်မော်တယ်နဲ့ မင်းလို ချောင်ကျတဲ့ နေရာက လာတဲ့ အစစ်အမှန် အင်မော်တယ်ဟာ လုံးဝ အဆင့်အတန်း မတူဘူးဆိုတာ မင်းကို ငါ သိအောင် လုပ်ပေးမယ်"

"အစစ်အမှန် အင်မော်တယ် အချင်းချင်းလည်း ကွာခြားချက် ရှိတယ်ကွ"

သူက ဒေါသတကြီး အော်လိုက်သည်။

ထန်ထျန်းက သူ့ကို တစ်ချက်မျှ ဝတ်ကျေတန်းကျေ ကြည့်လိုက်ကာ "စောစောကတည်းက ဒီလိုလုပ်ရင် ရနေ တာပဲကို၊ စကားတွေ အရှည်ကြီး ပြောနေတာ"

"မင်း နာမည် ပြောလိုက်လေ"

"ထျန်းဖူနန်းတော်ထဲမှာ ငါ ပထမဆုံး အနိုင်ယူမယ့် ပြိုင်ဘက်အနေနဲ့ မင်းမှာ နာမည် ချန်ထားခဲ့ဖို့ အရည်အချင်း ရှိပါတယ်"

လူငယ်၏ မျက်နှာပေါ်တွင် အကြောများ ထောင်ထလာသည်။

ဤကောင်မှာ တကယ့်ကို မောက်မာလွန်းလှသည်၊ ပြောလိုက်သည့် စကားတိုင်းမှာလည်း ဒေါသထွက်စရာ ကောင်းလှသည်။

"ဟမ့်... ဒါဆို သေချာ နားထောင်ထား"

"ငါ့နာမည်က ဖန်တာ့ကျီ ကွ"

"မြေကြီးစာရင်း အဆင့် ၉၂၃"

ဖန်တာ့ကျီက အော်လိုက်သည်။

ထို့နောက် အားကောင်းလှသော အော်ရာ တစ်ခုမှာ ဟုန်းခနဲ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည်။

သူက အမှန်တကယ်ပင် အစစ်အမှန် အင်မော်တယ် ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

သို့သော် ထန်ထျန်းကမူ စိတ်ပျက်သွားသည့် အရိပ်အယောင် အနည်းငယ် ပြလိုက်သည်။

အစစ်အမှန် အင်မော်တယ် အစောပိုင်းအဆင့်မျှသာ ဖြစ်သဖြင့် သူ့အတွက်တော့ လုံးဝ စိန်ခေါ်မှု မဖြစ်စေပေ။

သို့သော် အခြားသော သာမန်တပည့်များ အတွက်မူ ဤသည်မှာ လက်လှမ်းမမီနိုင်သော အဆင့်တစ်ခု ဖြစ်နေပေပြီ။

"ဘုရားရေ... စစချင်းမှာတင် ဒီလောက် ပြင်းထန်တဲ့ အဆင့်နဲ့လား"

"လူတွေက အများဆုံးရှိလှ အင်မော်တယ် အဆင့်လောက်ပဲ ရှိမယ် ထင်နေတာ၊ မြေကြီးစာရင်းထဲက ပညာရှင်က ကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

"မတတ်နိုင်ဘူးလေ၊ ထန်ထျန်းရဲ့ နာမည်က ဒီရက်ပိုင်းမှာ အရမ်းကြီးနေတာကိုး။ အထူးသဖြင့် ထျန်းဖူနန်းတော် တပည့် ရာကျော်ကို တစ်ယောက်တည်းနဲ့ ဖြုတ်ချခဲ့တယ် ဆိုတော့ ပါရမီရှင် အများကြီးက သူ့နာမည်ကို ဖိ နှိပ်ချင်နေကြတာပေါ့"

"ဒါက မြေကြီးစာရင်းထဲက အစစ်အမှန် အင်မော်တယ်နော်၊ ထန်ထျန်းက ဆက်ပြီး တည်ငြိမ်နိုင်ပါဦးမလား"

လူတိုင်းက ထန်ထျန်းကို လှည့်ကြည့်လိုက်ကြသည်။

သို့သော် သူတို့ မထင်မှတ်ထားသည်မှာ ထန်ထျန်းတွင် မည်သည့် တုံ့ပြန်မှုမျှ မရှိခြင်းပင်။

ထိုင်ခုံပေါ်တွင် အေးအေးလူလူ ဆက်ထိုင်နေဆဲဖြစ်ပြီး အရက်ငှဲ့နေသော သူ၏လက်မှာလည်း အနည်းငယ်မျှပင် တုန်ယင်ခြင်း မရှိပေ။

"အော်... အေးပါ၊ ငါ မှတ်ထားလိုက်မယ်"

"ဒါဆိုရင်တော့ လာလေ၊ မင်းရဲ့ အားအကောင်းဆုံး သိုင်းကွက့ တွေကို ထုတ်သုံးလိုက်"

"ငါ့ကို ဒီထိုင်ခုံပေါ်ကနေ ထအောင် လုပ်နိုင်ရင်ပဲ မင်း နိုင်ပြီလို့ သတ်မှတ်ပေးမယ်"

"သူငယ်ချင်း အချင်းချင်း သတိပေးလိုက်မယ်နော်၊ မင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိမယ်"

ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။

စကားဆုံးသွားသည်နှင့် လူအားလုံး ဆွံ့အသွားကြတော့သည်။

သို့မဟုတ်လျှင် သူတို့ ကြက်သေ သေ သွားကြပြီဟု ဆိုရပေမည်။

အကယ်၍ ထန်ထျန်း၏ ခုနက မောက်မာမှုက သူတို့၏ စိတ်နှလုံးကို တုန်လှုပ်စေသည်ဆိုလျှင် ယခု စကားလုံးများမှာ မူ သူတို့၏ လက်ခံနိုင်စွမ်း အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

တစ်ဖက်လူမှာ မြေကြီးစာရင်းဝင် ပညာရှင်ဖြစ်သည်၊ အဆင့်တူ အစစ်အမှန် အင်မော်တယ် နယ်ပယ်လည်း ဖြစ်သည်။

မင်းက ဘယ်လိုများ ဒီစကားတွေကို ဤမျှ တည်ငြိမ်စွာ ပြောထွက်ရတာလဲ။

"ဟားဟား... ကောင်းတယ်၊ အရမ်းကောင်းတယ်"

ဖန်တာ့ကျီမှာ ဒေါသအလွန် ထွက်လာသဖြင့် ရယ်ပင် ရယ်မိသွားပြီး သူ၏ ဆံပင်များပင် ဒေါသကြောင့် ထောင်လာသကဲ့သို့ ဖြစ်နေသည်။

"မင်း တကယ့်ကို မောက်မာတာပဲ"

"ဒါပေမဲ့ မောက်မာတဲ့သူတွေက များသောအားဖြင့်တော့ တန်ဖိုး ကြီးကြီးပေးရလေ့ ရှိတယ်ကွ"

ပြောပြီးသည်နှင့် သူက တိုက်ရိုက်ပင် အမြန်နှုန်း မြှင့်လိုက်သည်။

ပြင်းထန်လှသော အင်မော်တယ်စွမ်းအားများမှာ ခန္ဓာကိုယ်ပတ်လည်၌ ခဏချင်းမှာပင် ရစ်ပတ်သွားပြီး သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့် ထိုစွမ်းအားများမှာ လက်သီးပေါ်သို့ စုစည်းသွားတော့သည်။

ထို့နောက် ဖန်တာ့ကျီးက ဒေါသတကြီး ဟိန်း ဟောက်လိုက်ကာ ပြိုင်ဘက်ကင်းသော အရှိန်အဝါဖြင့် ထန်ထျန်းဆီသို့ ပြေးဝင်သွားသည်။

နောက်တစ်ခဏတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ကြီးမားသည့် လက်သီးတစ်ချက်မှာ ထန်ထျန်း၏ မျက်နှာရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မြေကြီးစာရင်းဝင် ပါရမီရှင်မှာ အမှန်ပင် သာမန်မဟုတ်ပေ။

ထန်ထျန်းသည် ယခင်က စစ်နတ်ဘုရားခန်းမ မှ ဆန်းကြယ်အင်မော်တယ် များနှင့် လက်ရည်စမ်းဖူးသည်။

ထိုဆန်းကြယ်အင်မော်တယ်များက သိုင်းကွက် များ အားကောင်းကြသော်လည်း ၎င်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်မှသာ ရရှိလာသော အဆင့် ဖြစ်သည်မှာ သိသာလှသည်။

သို့သော် ရှေ့မှ ဖန်တာ့ကျီမှာ အသက် ၂၀ ဝန်းကျင်မျှသာ ရှိသေးသော လူငယ်တစ်ဦး ဖြစ်သည်။

သူက ဤကဲ့သို့ သိုင်းကွက့ မျိုးကို ပိုင်ဆိုင်ထားခြင်းက သူ၏ ပါရမီ မည်မျှ ထူးချွန်သည်ကို သက်သေပြနေခြင်းပင်။

အကယ်၍ သူသာ ဆန်းကြယ်အင်မော်တယ် အဆင့်သို့ ရောက်သွားပါက စစ်နတ်ဘုရားခန်းမ မှ လူများထက် ပို၍ သန်မာမည်မှာ သေချာသည်။

အကယ်၍ ထန်ထျန်းက အပြင်ကမ္ဘာမှ သာမန် အစစ်အမှန် အင်မော်တယ်တစ်ဦးသာ ဖြစ်နေပါက ဖန်တာ့ကျီ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။

သို့သော် ကံမကောင်းစွာဖြင့် ထန်ထျန်းမှာ သာမန်လူ မဟုတ်ပေ။

ဖန်တာ့ကျီက သူ၏ အစွမ်းရှိသမျှ ထုတ်သုံးထားသော တိုက်ကွက်မှာ ထန်ထျန်း၏ အမြင်တွင် ကလေးကစားစရာတစ်ခုကဲ့သို့ပင်။

ပျော့ညံ့လွန်းလှပြီး အားနည်းချက်များစွာ ရှိနေသည်။

ဖန်တာ့ကျီ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ကြည့်ကာ ထန်ထျန်းက သူ၏ အရက်ခွက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထိုအရက်ခွက်မှာ တစ်ဖက်လူ၏ ရွှေရောင်လက်သီးကို ဦးအောင် တားဆီးလိုက်သည်။

"ဘုန်းးးး"

ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအားများမှာ ၎င်းတို့နှစ်ဦး ထိတွေ့သည့် နေရာကို ဗဟိုပြု၍ လှိုင်းလုံးကြီးများနှယ် ထွက်ပေါ်လာသည်။

အနီးကပ် ကြည့်နေသော တပည့်အချို့မှာ ခံနိုင်ရည်မရှိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြကာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

ဝမ့်ယွဲ့တောင်ထိပ်က နှစ်ပေါင်းများစွာ လစွမ်းအား၏ ပြောင်းလဲ ပေးမှုကို ခံထားရသဖြင့်သာ သူတို့နှစ်ဦး တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။

မဟုတ်လျှင်တော့ တောင်ပြိုသည့် မြင်ကွင်းမျိုး ဖြစ်သွားမှာ သေချာသည်။

နားကွဲမတတ် ပေါက်ကွဲသံကြီး ပြီးဆုံးသွားသောအခါ လူတိုင်းက တိုက်ပွဲနေရာ သို့ အမြန်ကြည့်လိုက်ကြသည်။

ထို့နောက် နေရာမှာတင် ကြောင်အမ်းသွားကြတော့သည်။

ခုနက ရူးသွပ်မတတ် ဖြစ်နေသော ဖန်တာ့ကျီ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ မျက်နှာမှာ ဖြူလျော်နေပြီး ထန်ထျန်း၏ ရှေ့၌ ဒူးထောက်ကျနေတော့သည်။

တိုက်ခိုက်ရန် အသုံးပြုခဲ့သော လက်မောင်းမှာ ပုံမမှန်စွာဖြင့် အောက်သို့ တွဲကျနေပြီး အင်္ကျီလက်မှာလည်း လုံးဝ ပေါက်ပြဲသွားခဲ့ပြီ ဖြစ်သည်။ သန်မာသော လက်မောင်းပေါ်တွင် အက်ကွဲရာလေးများဖြင့် ပြည့်နှက်နေပြီး သွေးစက်များမှာ မြေပြင်ပေါ်သို့ တစက်စက် ကျနေသည်။

ထန်ထျန်းကမူ အေးဆေးလူလူ ပုံစံအတိုင်းပင် ဖြစ်ပြီး မျက်နှာပေါ်၌လည်း မည်သည့် အမူအရာပြောင်းလဲမှုမျှ မရှိပေ။ သာမန် ကိစ္စလေးတစ်ခုကို လုပ်လိုက်ရသကဲ့သို့ပင်။

သူက သး၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။

ခုနက ဤလက်ဖြင့်ပင် ဖန်တာ့ကျီ၏ လက်သီးကို တိုက်ရိုက် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ဖန်တာ့ကျီ၏ လက်မောင်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း ထန်ထျန်း၏ လက်ထဲမှ အရက်ခွက်ထဲမှ အရက်မှာမူ တစ်စက်မျှပင် မဖိတ်စင်ခဲ့ချေ။

ထန်ထျန်းက အရက်ကို ဖြည်းဖြည်းချင်း အရသာခံကာ သောက်လိုက်သည်။

"မင်းပြောတာ မှန်တယ်"

"အစစ်အမှန် အင်မော်တယ် အချင်းချင်းလည်း ကွာခြားချက် ရှိတယ်"

ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။

ထို့နောက် သူက ဖန်တာ့ကျီနှင့်အတူ လိုက်လာသော အခြားတပည့်များကို လှည့်ကြည့်ကာ "နောက်ထပ် ဘယ်သူ ရှိသေးလဲ"

All Chapters