← Chapters

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း (၆၁)

Vol. 6 Ch. 61

မိနစ် နှစ်ဆယ် အကြာတွင် ဝမ်ယွီထုံ တစ်ယောင် လုံးဝအံ့အားသင့်သွားသည်။ လုံးဝမမှတ်မိနိုင်တော့သည့် ရုပ်ဖြစ်နေသည့် ကျိုးရှောင်ယွီကို သူမ ကောက်ချီလိုက်သည်။ ကလေးရုပ်ကိုကြည့်ပြီး အံ့ဩလွန်း၍ ရုတ်တရက် မျက်လုံတွေ ပြူးကျယ်ကာ ပါးစပ်ပင် ဟောင်းလောင်းဖြစ်သွားရသည်။

လျန်ဇီအမေလည်း သူမမှတ်မိနိုင်တော့သည့်ရုပ်ဖြစ်နေသည့် လျန်ဇီကို ကောက်ချီကာ မယုံကြည်နိုင်အံ့အားသင့်ကာ မတ်တပ်ရပ်နေမိသည်။

ဖန်းရော့ရှီးတစ်ယောက်ကတော့ သူမ၏ ဂန္တဝင်လက်ရာကို ကြေညာရင်း ပြုံးဖြီးကာ အပေါ်အောက် ခုန်ပေါက်နေ၏။

"မေမေ သမီး အရမ်းမိုက်တယ်မလား။ မောင်လေး ရှောင်ယွီနဲ့ မောင်လေး လျန်ဇီက အရမ်းလှသွားတာပဲ! မေမေ ဒါ မေမေ လိမ်းနေကျ မိတ်ကပ်လေ။သမီးတော်တယ်မလား?"

ကျိုးရှောင်ယွီ၏ နှုတ်ခမ်းတစ်ဝိုက်တွင် နှုတ်ခမ်းနီဖြင့် ဝိုင်းထားခံရ၏။ သို့သော် ဆိုးပေးထားသည့် နှုတ်ခမ်းနီက တွန့်လိမ်နေ၍ ရှောင်ယွီလေး၏ အော်ရီဂျင်နယ် လှပသည့် နှုတ်ခမ်းလေးသည် ဝက်အူချောင်းလို ဖြစ်သွားလေသည်။

မျက်ခွံပေါ်ရှိ ခရမ်းရောင် မျက်ခြယ်၊ မျက်နှာလေးပေါ်ရှိ လိမ္မော်ရောင်ပါးနီ တို့အပြင် လက်သည်း ပေါ်တွင် လက်သည်းနီပါ ဆိုးပေးထားသည်။ ရှောင်ယွီလေး၏ လက်သည်းတွေကို ဖန်းရော့ရှီးသည် တစ်ခုချင်းစီ ‌အရောင်မတူအောင် ဆိုးပေးထား၏။ ထို့အပြင် လက်ချောင်း တုတ်တိုတိုလေးတွေ မှာလည်း လက်စွပ်မျိုးစုံ စွပ်ပေးထားရာ ရှောင်ယွီလေး၏ လက်သည် ရောင်စုံဖြစ်ကာ ဘလင်းဘလင်းထနေသည်။

လျန်ဇီကိုလည်း နှုတ်ခမ်းနီတွေ ဆိုးပေးထားကာ သူ့နှုတ်ခမ်းနီ အရောင်က စနိုးဝှိုက်ထဲက မိထွေးရဲ့နှုတ်ခမ်းနီ အရောင်လို ခရမ်းရောင် ဆိုးပေးထားသည်။ ထို့အပြင် မူလက ကြည့်ကောင်းသည့် လျန်ဇီ၏ မျက်ခုံးမွှေးသည် ဖန်းရော့ရှီး၏ လက်ချက်ကြောင့် ‌ဖယောင်းရောင်စုံဖြင့် ခြယ်ထားသကဲ့သို့ ဖြစ်နေသည်။ ခေါင်းမှာလည်း ရောင်စုံကျောက်တွေပါသည့် သရဖူတစ်ခုလည်း ဆောင်းထားသေးသည်။

မိတ်ကပ်တွေ လိမ်းထားခံရသည့် ကလေး နှစ်ယောက်သည် သူတိူ့အမေတွေကို ပြုံးဖြီး ပြလိုက်ကြသည်။

ကျိုးရှောင်ယွီကို ခြယ်ပေးထားသည့် အိုင်းရှဲဒိုးတွေက ချစ်စရာခရမ်းရောင်လေးဖြစ်ကာ ရွှေမှုန်လေးတွေပင် ပါသေးသည်။ ခြယ်သထားမှုကြောင့် ရှောင်ယွီ၏ မျက်လုံးလေးကပိုကြီးမား ပိုတောက်ပပြီး တက်ကြွသည့် ခံစားချက်တွေနှင့်ပြည့်နေ၏။

ဝမ်ယွီထုံတစ်ယောက် တစ်ချိန်ထဲမှာပဲ စိတ်ညစ်သွားသလို ရယ်လည်း ရယ်ချင်မိသွားသည်။ သူမ မထိန်းထားနိုင်တော့ပဲ ပုခုံးလေးတွေ တစ်သိမ့်သိမ့်တုန်အောင် ရယ်ချလိုက်တော့သည်။

လျန်ဇီ အမေလည်း တစ်ဟားဟားနှင့် ရယ်မောနေသည်။ ဧည့်ခန်း တစ်ခုလုံး အမေနှစ်ယောက်၏ ရယ်မောသံတွေဖြင့် သောသောညံ ပဲ့တင်ထပ်နေ၏။

ရှီးရှီးပမေကတော့ စိတ်ပျက်လက်ပျက်ဖြင့် သူ့မနဖူးသူ ရိုက်ကာ ဘာပြောရမှန်း မသိဖြစ်နေတော့သည်။ အန်တီလင်းကတော့ အားနာနေသည့် ပုံဖြင့် ဘေးမှာ ရပ်နေရှာသည်။

အန်တီလင်းတစ်ယောက် ဗိုက်မအီမသာဖြစ်၍ အိမ်သာလေး မိနစ်နှစ်ဆယ်လောက်သွားလိုက်ရာ သူမ မရှိစဉ် အတောအတွင်း ဒီလို ကြောက်စရာ အဖြစ်အပျက်မျိုးဖြစ်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပါ။

အန်တီလင်း အိမ်သာသွားတုန်း ဖန်‌ရော့ရှီးတစ်ယောက် စိတ်လှုပ်ရှားစွာ သူ့မောင်လေး နှစ်ယောက်ကို မိတ်ကပ်လိမ်းပေးနိုင်ရန် နားချလေတော့သည်။ "ရှောင်ယွီ ~ လျန်ဇီ~ နင်တို့ မေမေ တို့လို လှလှလေး မဖြစ်ချင်ကြဘူးလား?"

လျန်ဇီ ပြူံးဖြီးလိုက်ပြီး "မေမေ မေမေ " ဟုပြောလာသည်။

မေမေဟူသည့်စကား ကြားရသည့် ကျိုးရှောင်ယွီကလည်း သူ့လက်ကလေးကို ဝေ့ရမ်းကာ "အာမားး မားမားး မားမားး" ဟု ပြောလာလေသည်။

ဖန်းရော့ရှီးတစ်ယောက် အလှပြင်ပစ္စည်းများကို ကောက်ကိုင်လိုက်သည်။ "မေမေက ပြောတယ် နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးဖြစ်ရမယ် တဲ့ ။ဒါဆို နူးညံ့သိမ်မွေ့တဲ့ ယောကျာ်းလေးလည်း လုပ်လို့ရတာပဲ။ မိတ်ကပ်တွေ လိမ်းပြီး ဝိတ်ကျသွားရင် နူးညံ့သိမ်မွေ့တဲ့သူ ဖြစ်လာလိမ့်မယ်"

ထူးဆန်းသည့် အလှပြင်ပစ္စည်းများကို မြင်လျင် ကလေးနှစ်ယောက်သည် ဝမ်းမြောက်ဝမ်းသာဖြင့် ပြေးလာကာ သူတို့အစ်မ စိတ်ကြိုက်ကစားနိုင်ရန် သူတို့မျက်နှာလေးတွေကို မော့ချီပေးလိုက်ကြသည်။ ကျိုးရှောင်ယွီသည် နှုတ်ခမ်းထောင့်တွေကိုပါ နှုတ်ခမ်းနီဆိုးနိုင်ရန် ပါးစပ်လေးပင် ဟပေးလိုက်သေးသည်။

ဝမ်ယွီထုံသည် မိတ်ကပ်လိမ်းထားသည့် ကျိုးရှောင်ယွီ၏ ရုပ်ကို ဓါတ်ပုံတွေ ရိုက်လိုက်ကာ လေယာဉ်ပေါ်ရောက်နေသည့် ကျိုးကျီယွဲ့ဆီ ပို့လိုက်သည်။ နောက်ပြီး သူမ၏ အစ်ကို၊ အစ်မနှင့် ဖွဲ့ထားသည့် လက်ဖက်ရည်သောက်ဂရုဆီလည်း ပို့လိုက်သည်။ နောက်ဆုံး ဝူရှင်းနှင့် ဝမ်ယွင်ထင်းတို့ဆီလည်း သီးသန့် ပို့လိုက်သည်။

ဝမ်ယွီထုံတစ်ယောက် ဓါတ်ပုံရိုက်ရင်း သူမ အူနာသည်အထိ ရယ်မောနေမိသည်။ ကျိုးရှောင်ယွီကတော့ သူ့အမေ ဘာလို့ အာ့လောက်ရီနေမှန်း မသိ၍ မျက်လုံးလေးပြူးကာသာကြည့်နေရှာသည်။

ကျိုးရှောင်ယွီ ရှက်ရှက်ဖြင့် နှုတ်ခမ်းလေး စေ့ထားလိုက်သည်။ 'မမဖန်းရော့ရှီးက ပြောတယ် ကလေးတွေက မိတ်ကပ်လိမ်းရမယ်တဲ့။ မိတ်ကပ်လိမ်းပြီးနောက် သူ့ကိုယ်သူ နူးညံ့သိမ်မွေ့ပြီး ချောလာမှန်းတော့ သူသိပါတယ်။ မေမေကလည်း သူ့ရဲ့ ဒီလိုပုံမျိုးကို ပိုကြိုက်တာလား?'

ဤကဲ့သို့ဖြင့် မိခင်များ၏ တွေ့ဆုံပွဲသည် အနှောက်အယှက်အပေးခံလိုက်ရကာ လမ်းခွဲလိုက်ကြရပြီး ညကျမှ အလုပ်ကိစ္စ အွန်လိုင်းမီတင် ထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဝမ်ယွီထုံ တစ်ယောက် တောက်တောက်ပပ ဖြစ်နေသည့် ကျိုးရှောင်ယွီကို အိမ်ရောက်မှ မိတ်ကပ်ဖျက်ပေးလိုက်သည်။ ကလေးအလှပြင်ပစ္စည်းများက အရည်အသွေးကောင်းသည့်ပစ္စည်းများဖြစ်၍ ကလေးမျက်နှာ သစ်ဆေးရည်ဖြင့် တိုက်ရိုက် ဆေးလိုက်နိုင်၍ တော်သေးသည်ဟု ပြောရမည်။

ည ၉နာရီခွဲလောက်တွင် ကျိုးရှောင်ယွီ အိပ်ပျော်သွားပြီးနောက် ဝမ်ယွီထုံသည် ရှီးရှီးအမေ၊ လျန်ဇီအမေတို့နှင့် အွန်လိုင်းမီတင်ထိုင်လိုက်သည်။

မီတင်အစည်းအဝေးမတိုင်ခင် အမေသုံးယောက် ကလေးတွေ၏ မိတ်ကပ်နှင့်ပုံတွေကို ဂရုထဲ ပို့ပြီး ရယ်မောလိုက်ကြသေးသည်။ လျန်ဇီအမေက သူ့သားပုံများဖြင့် အီမိုဂျီစတစ်ကာလေးတွေပင် လုပ်လိုက်သေးသည်။ ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ ပုံဖြင့် အီမိုဂျီ စတစ်ကာနှင့် gif လေးများ လုပ်လိုက်သည်။

တစ်ခဏလောက် ရယ်မောဟီးဟားလိုက်ကြပြီးနောက် အလုပ်ကိစ္စအတည် စဆွေးနွေးလိုက်ကြသည်။

ဝမ်ယွီထုံသည်မနက်ဖြန်တွင် အနီးအနားရှိမြို့တစ်မြို့သို့သွားရောက်ကာ ထောက်ပံ့သူများနှင့် စက်ရုံများစွာကို လည်ပတ်ကြည့်ရှုပြီး ထုတ်ကုန်ပစ္စည်းများ၊ စီမံချက်နှင့်ဒီဇိုင်း၊ အရောင်းနောက်ဆက်တွဲဝန်ဆောင်မှုနှင့် လုပ်ငန်းလည်ပတ်မှုအကူအညီများကို နှိုင်းယှဉ်ရန် စီစဉ်ထားသည်။ ထို့နောက် ထောက်ပံ့သူများ၊ ဒီဇိုင်းနှင့် အလှဆင်မှုတို့ကို ရွေးချယ် ဆုံးဖြတ်မည်ဖြစ်သည်။

[ဝမ်ယွီထုံ - ထုတ်လုပ်သူတွေရဲ့ လုပ်ငန်းပုံစံ နှိုင်းယှဉ်ခြင်းမယ် ဆိုရင် ဘတ်ဂျက်အပြင် နေရာချထားရေးစီမံချက် ကျိုးကြောင်းဆီလျော်မှုရှိမရှိ၊ ဥပမာ-ကလေးကစားကွင်း၏ဒီဇိုင်း၊ ဘေးအန္တရာယ်များရှိမရှိနှင့် ပစ္စည်းနေရာလုံလောက်မှုရှိမရှိ အာ့တာတွေ့က အရေးအကြီးဆုံးပဲ]

[ ရှရီချင်း(လျန်ဇီမေမေ) - ဟုတ်တယ်။ ကစားကွင်းလည်ပတ်နိုင်ဖို့ ကျွမ်းကျင်တဲ့သူမရှိလို့ မကျွမ်းကျင်တဲ့သူနဲ့ လေ့ကျင့်ပေးပြီး လုပ်ငန်းစလုပ်မယ်ဆိုရင်လည်း တို့‌တွေအတွက် ခက်ခဲနိုင်တယ်]

အွန်လိုင်းမီတင်ပြီးနောက် ဝမ်ယွီထုံသည် သူမ ၏ ကလေးအမေအကောင့် [အကောင်လေးရှောင်ယွီ] အကောင့်ကို ဖွင့်လိုက်သည်။ ပုံမှန်အားဖြင့် သူမသည် အကောင့်ထဲမှာ စနစ်ကပြောသည့် ကလေးပြုစုစောင့်ရှောက်ရေးနှင့် ဆိုင်သည့်အချက်အလက်များအပြင် ကလေးစ္စည်း အကြံပြုချက်များ၊ ကိုယ်တွေ့အဖြစ်အပျက်များကို မျှဝေပေးလေ့ရှိသည်။

ဝမ်ယွီထုံသည် သူမ အကောင့်ထဲမှာ စနစ်တကျလေ့လာထားသည့် "အဟာရပြည့်ဝသည့် ကလေးဖြည့်စွက်စာစုစည်းမှု" ဆိုသည့် အကြောင်းအရာကို လောလောလတ်လတ်လေးတင် တင်ထားလိုက်သည်။

[ဗီတာမင်AD - မွေးဖွားပြီး 15 ရက်မြောက်နေ့မှစတင်၍ ဖြည့်စွက်ပေးပါ။ အစားအသောက်ဖြည့်စွက်မှုမလုံလောက်ပါက ဗီတာမင် AD နှင့် D3 အစက်ကျဆေးများကို ကလေးအား တိုက်ရိုက်‌ပေးရန် လိုအပ်သည်...]

[DHA - ၆လနှင့်အထက်၊ အသက်၃ နှစ်အောက်ကလေးများအတွက် တစ်နေ့လျှင် 100 mg မှ မလျော့သော ပမာဏကို တိုက်ကျွေးရန် အကြံပြုထားသည်...]

*** DHA (Docosahexaenoic Acid) - ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ Omega-3 fatty acid တစ်မျိုး

[သံဓာတ် - အသက်ခြောက်လနှင့်အထက်၊ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါအတွက်...]

ဝမ်ယွီထုံ၏ ကလေးမေမေ အကောင့်တွင် ကော်မန့် ပေးသူများဖြင့် အတော်လေးစည်ကားနေ၏။

[ငါဒုတိယကလေးလုံးဝယူမှာ မဟုတ်ဘူး - ရှောင်ယွီ မေမေ၊ ကျွန်မ သိပ်နားမလည်ဘူး... ကလေးကို နို့မှုန့်သန့်သန့်နဲ့ ကျွေးရင် သုံးလမတိုင်ခင် နေ့စဉ် AD ဖြည့်စွက်ပေးဖို့လိုပြီး သုံးလပြည့်ပြီးနောက် နေ့စဉ် D3 ဖြည့်စွက်ပေးဖို့လိုတယ်မလား?]

[အာလူးထောင်း :း- အရမ်းအသုံးဝင်တဲ့ အချက်အလက်တွေပဲ ဝူးးးဝူးးးးးး ရှောင်ယွီမေမေရေ ချစ်တယ်နော်။ ကျွန်မကတော့ စင်ဂယ်မားသားတစ်ယောက်ပါ။ ရှင်ရေးထားတဲ့ စာတွေက ကျွန်မရဲ့ ခက်ခက်ခဲခဲ ကလေးပြုစုပျိုးထောင်ပေးရတဲ့ အချိန်တွေမှာ အရမ်းအထောက်အကူပြုပါတယ်။ အခုတော့ ကျွန်မလည်း ကလေးကို ကောင်းကောင်းဂရုစိုက်နိုင်ပြီ ကောင်းမွန်တဲ့ ဘဝလမ်းကြောင်းလေးပေါ် ရောက်နေပါပြီရှင်]

[ဖရဲသီးမေမေ:း - ကလေးကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးတယ် ဆိုရင် လေးလပြည့်ပြီးနောက် သံဓာတ်ဖြည့်စွက်ဖို့လဲ လိုအပ်ပါသလား?]

[မူကြိုကျောင်းက ဘူလီလေး - ကယ်လ်စီယမ်အရည်သည် ပိုပျော့ပျောင်းပြီး စုပ်ယူရလွယ်ကူပါသလား။ ကယ်လ်ဆီယမ်စီထရစ်နှင့် ကယ်လ်စီယမ်ကာဗွန်နိတ် ထဲက ဘယ်ဟာက ကလေး‌တွေ အတွက် ပိုပြီးသင့်တော်ပါသလဲ?]

ဝမ်ယွီထုံသည် အင်တာနက်ပေါ်မှ မေးမြန်းမှုများကို စာရိုက်ကာ ဖြေကြားရင်း သူမ မသိသည်များ ပါလာလျင် စနစ်ကို မေးကာ ဖြေပေးလိုက်သည်။

စနစ်သည် အတော်လေးစွမ်းအင်ပြည့်ဝသည်။ ပြောရလျင် စနစ်သည် ကလေးသူငယ်တွေနှင့် သက်ဆိုင်သည့် ကိစ္စရပ်အားလုံးနီးပါးကို သိလေသည်။

စနစ် - "ဟုတ်ပါတယ်။ ကျွန်တော့်မှာ အသိပညာအမြောက်အများနဲ့ နောက်ဆုံးပေါ် သိပ္ပံနည်းကျသုတေသနရလဒ် အချက်အလက်တွေရှိပါတယ်။ ဒါပေမယ့် ကလေးပြုစုပျိုးထောင်နည်း‌တွေကို သုတေသနာရှုထောင့်တွေကနေပဲ အကြံပေးတတ်ပါတယ်။ ကလေးတိုင်းက မတူကွဲပြားလို့ ကြုံတွေရမယ့် အခက်အခဲတွေကလည်း မတူညီနိုင်ပါဘူး။ ပြဿနာတိုင်းကိုလည်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာဖို့လိုပါတယ်။ ကလေးပြုစုပျိုးထောင်ရတာဟာ သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းလေးနဲ့ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ ကျွန်တော်ပြောတဲ့ စံချိန်စံနှုန်း အချက်အလက်တွေကလည်း မှီငြမ်းကိုးကားဖို့အတွက်ပါပဲ"

ဝမ်ယွီထုံနှင့် စနစ် အတွေးထဲမှာ အချက်အလက်တွေ အချင်းချင်း ဖလှယ်ကြပြီးနောက် ဝမ်ယွီထုံသည် ကိုယ်လက်သန့်စင် ရေချိုးလိုက်ကာ အိပ်ရာထဲ ပစ်လှဲလိုက်တော့သည်။

ဝမ်ယွီထုံသည် ပိုးသားအိပ်ရာခင်းပေါ်တွင် ဘေးတစောင်းလှဲနေ၏။ သူမ၏ ရှည်လျားသောဆံကေသာသည် ချောမွတ်သော နဖူးပေါ်မှ ရေလှိုင်းများကဲ့သို့ စီးဆင်းနေသည်။ ဖြူဖွေးသော သူမ၏ ပုခုံးသားလေးက တစ်ဝက် ပေါ်နေကာ ငမန်းရုပ်ခေါင်းအုံးကို ဖက်ရင်း မျက်ခွံလေးပင့်တင်ကာ ဖုန်းကို စစ်ဆေးလိုက်သည်။သူမ အကြာကြီး စောင့်နေခဲ့သော်လည်း ကျိုးကျီယွဲ့ကတော့ ဘာမှ စာပြန်မလာချေ။

သူမ မျက်ခွံများသည်ပိတ်သွားပြီး ကျီးကန်းရောင် မျက်တောင်များက အရိပ်ထင်ကျန်ရစ်ခဲ့ကာ တစ်ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် ဝမ်ယွီထုံသည် အနီးအနားရှိမြို့သို့သွားရောက်ကာ ထောက်ပံ့သူထုတ်လုပ်သူတစ်ချို့ဆီကို လည်ပတ်ကြည့်ရှုရန်စီစဉ်ထားခဲ့သည်။

သူမသည်နံနက်စောစောအိပ်ရာထပြီး သွားတိုက်ရန် ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်။

ကလေးအိပ်ရာမှ ကလေးအသံတစ်သံထွက်လာသည်။

"အာမားး မားမားး ဒါ ဒါ ဒါ..."

ဝမ်ယွီထုံသည်တစ်လက်ဖြင့် လျှပ်စစ်သွားတိုက်တံကိုင်ကာ ကလေးကိုကြည့်ရန် ထွက်လာခဲ့သည်။

ကျိုးရှောင်ယွီသည် ကလေးအိပ်ရာကို ကာရံထားသည့်တိုင်အတန်းကို ကိုင်ထားပြီး တုန်တုန်ရီရီဖြင့် သူ့ဘာသာထလိုက်သည်။ ဆောင်းတွင်းဝတ် အပြာရောင်ဝေလငါးညအိပ်ဝတ်စုံကို ဝတ်ဆင်ထားကာ လုံးဝန်းသည့်မျက်ဝန်တွေက တောက်ပနေ၏။ "အာမားး မားး"

ဝမ်ယွီထုံသည် ပါးစပ်ထဲတွင် သွားတိုက်ဆေးအမြှုပ်များနှင့်မပီမသပြောလိုက်သည်။ "ချစ်စရာကလေးလေး မေမေ့ဒီနေ့ အလုပ်တွေများနေတယ်၊ မင်းအိမ်မှာပဲနေပြီး အိမ်တော်ထိန်းစန်၊ အန်တီတို့နဲ့ ကစားနေနော်"

ကျိုးရှောင်ယွီကတော့ သူ့အမေပြောတာ နားမလည်ပေ။ သူ့မျက်လုံးကြီးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့လက်ကလေးနှစ်ဖက်ကို ဆန့်တန်းရင်း ပွေ့ချီခိုင်းလေသည်။

ဝမ်ယွီထုံသည် ကလေးကို ဖျာပေါ်တင်ပေးလိုက်ပြီး သူ့ဖာသာသူကစားခိုင်းထားလိုက်သည်။ ကလေး၏ ခေါင်းကိုပုတ်ပေးလိုက်ကာ "မေမေ မျက်နှာသစ်ပြီး ပြန်လာမယ်နော်" ဟု ပြောလိုက်သည်။

အခန်းထဲရှိ အန္တရာယ်ဖြစ်စေနိုင်သော ထောင့်စွန်းများ၊ ဝိုင်ယာကြိုးများ ပလက်ပေါက်များကို သေချာဖြေရှင်းပြီးဖြစ်ရာ ကျိုးရှောင်ယွီတစ်ယောက် ခိုက်မိမှာ စိုးရိမ်စရာမလိုပဲ စိတ်ကြိုက်သွားလာနိုင်သည်။

ဝမ်ယွီထုံလည်း ကစားစရာအိမ်ပုံစံအရုပ်ကို ကလေးရှေ့ချထားလိုက်ပြီး ပါးစပ်ဆေးမျက်နှာသစ်ရန် ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ သူမ၏ လျှပ်စစ်သွားတိုက်တံကိုတော့ ရေချိုးခန်းထဲရှိ လိုးရှင်းဘူး၊ မျက်နှာသစ်ဆေးများတင်ရာ စားပွဲပေါ် တင်လိုက်သည်။

ဝမ်ယွီထုံ မျက်နှာ သစ်ပြီး၍ မျက်နှာသုတ်တဘက်ကို ယူလိုက်စဉ် မတော်တဆ ဘော်ဒီလိုးရှင်းဘူးကို တိုက်မိကာ လိုးရှင်းဘူးနှင့်အတူ တစ်ခြားပုလင်းများ ပြုတ်ကျသွားသည်။ ဝမ်ယွီထုံလည်း ပြုတ်ကျသွားသည်များကို မြန်မြန်ကောက်ယူကာစားပွဲပေါ် ပြန်တင်လိုက်သည်။

သုံးမိနစ်အကြာတွင်ဝမ်ယွီထုံသည် ပေါက်စီလုံးလေးကို ကြည့်ရန် ခေါင်းပြူကြည့်လိုက်ရာ ကလေးသည် အိမ်တွင်းပစ္စည်းအစုံအလင်ပါသည့် ကစားစရာအိမ်အရုပ်ကို ကို အလွန်တရာစိတ်ဝင်စားစွာ ကစားနေသည်။ သူ၏လက်ကလေးထဲတွင် ချိတ်ဆွဲထားသည့်ဖုန်းကို ကိုင်ထားကာ ရုပ်တည်ကြီးဖြင့် စကားတွေ ပြောနေသည်ကို တွေ့ရသည်။

ဝမ်ယွီထုံသည် ပြုံးမလိုက်ကာ အဝတ်အစားလဲခန်းထဲသို့ဝင်လိုက်ပြီး အဖြူရောင်အင်္ကျီစကပ်ကို အမြန်ဝတ်ဆင်လိုက်သည်။

သူမပြန်ထွက်လာသောအခါ ဝမ်ယွီထုံ၏နှလုံးသားသည် တင်းကျပ်သွားခဲ့သည်။ ကျိုးရှောင်ယွီကို သူမ မတွေ့တော့ချေ။

"ရှောင်ယွီ ~ ရှောင်ယွီရေ ~"

အခန်းကျယ်ကြီးထဲ ဝေ့ဝိုက်ကြည့်သော်လည်း ပုံရိပ်သေးသေးလေးကို လုံးဝ မတွေ့ရချေ။

"ကျိုးရှောင်ယွီ !!"

ဝမ်ယွီထုံ ခေါင်းနပမ်းကြီးသွားကာ တုန်ယင်နေသည့်အသံဖြင့် အော်ခေါ်လိုက်သည်။ "သား ဘယ်မှာလဲ?"

အခန်းတစ်ခုလုံးတိတ်ဆိတ်နေကာ ဝမ်ယွီထုံ တစ်ယောက် သူမ၏ နှလုံးခုန်သံကိုပင် သူမ ပြန်ကြားနေရသည်။

"ကျိုးရှောင်ယွီ!! သားဘယ်မှာလဲ အမြန်ထွက်လာခဲ့ပါ!!"

ဝမ်ယွီထုံသည် အခန်း၏ ထောင့်တိုင်းကို အမြန်ရှာဖွေလိုက်သည်။ ကျိုးရှောင်ယွီ ထိုင်နေလေ့ရှိသည့် ကုတင်ထောင့်စွန်းနားကို ပြေးကြည့်လိုက်သော်လည်း ဗလာဖြစ်နေသည်။ ပြတင်းပေါက်ခန်းစီးကိုဆွဲဖွင့်ကာ ရှောင်ယွီလေး နေပူဆာ‌လှုံနေကျနေရာကို လှမ်းကြည့်လိုက်သော်လည်း မတွေ့ရပေ။သူမအိပ်ရာခင်းပေါ်၊ ကလေးအိပ်ရာခင်းပေါ်ရှိ စောင်ပုံတွေကို လိုက်လှန်ကြည့်သော်လည်း ကလေးကို မတွေ့ရပေ။

ဝမ်ယွီထုံ အခန်းထဲရှိ ဘီဒို‌တွေကို လိုက်ဖွင့်ကြည့်ကာ တုန်ရီနေသည့်အသံဖြင့် အော်လိုက်သည်။ "ရှောင်ယွီ မင်း မေမေနဲ့ တူတူပုန်းတမ်းကစားနေတာလား?"

သူမ အသက်ကိုအောင့်ကာ နားကို စွင့်ထားသော်လည်း ဘာသံမျှမကြားရချေ။

ကလေးအိပ်ရာခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ ဝမ်ယွီထုံ၏ာလက်များပင် ဖြူဆုတ်လာသည်။သူမနှုတ်ခမ်းကို ကိုက်ရင်း တောင်းပန်တိုးရှိုးသံဖြင့် ပြောလိုက်သည်။

"ရှောင်ယွီရေ ထွက်လာပေးပါလား?"

"ဖက်..."

ရုတ်တရက်အိမ်သာထဲမှ အနည်းငယ်ထူးဆန်းသောအသံများ ကြားလာရသည်။

ဝမ်ယွီထုံ၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး အိမ်သာသို့ အမြန်ပြေးသွားလိုက်သည်။

စောနက သူမ စိတ်ရှုပ်ထွေးနေ၍ ရေချိုးခန်းထဲ ရှာရန် မတွေးမိလိုက်ပေ။

ရေချိုးခန်းတံခါးနား ရောက်သည်နှင့် အပြာရောင်အင်္ကျီအစွန်းလေးကို ဖျတ်ကနဲ တွေ့လိုက်ရသည်။

"ရှောင်ယွီ မေမေက မင်းကို အကြာကြီး ရှာလိုက်ရတာ မင်းအခု_ _ "

စိုစွတ်နေသည့်မျက်ဝန်းများနှင့် ဝမ်ယွီထုံ ရေချိုးခန်းထဲ ဝင်လာလိုက်စဉ် သူမ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းပြူးကျယ်တုန်လှုပ်သွားသည်။

"အာမားး မားးမားး.."

ပေါက်စီလုံးလေးသည် ဘိုထိုင် အိမ်သာခွက်ဘေးမှာ လက်တစ်ဖက်ဖြင့် အိမ်သာခွက်ကို ကိုင်ကာ မတ်တပ်ရပ်နေ၏။ ကျန် လက်တစ်ဖက်ဖြင့် လျှပ်စစ်သွားတိုက်တံကို ဝေ့ရမ်းကာ မျက်လုံးလေး မှေးရင်း ပြုံးပြလေသည်။

နောက်တစ်စက္ကန့်အတွင်း ရှောင်ယွီသည် လျှပ်စစ်သွားတိုက်တံကို အိမ်သာခွက်ထဲ ထည့်စိမ်လိုက်ပြီးနောက် စကေးအပြည့်ဖြင့် ဖင်လေးလိမ်ဖယ်လိမ်ဖယ်လုပ်ကာ ပျော်ပျော်ကြီး အိမ်သာခွက်ကို သွားတိုက်တံဘရပ်ရှပ်ဖြင့် တိုက်နေ၏။

"ကျိုး!ရှောင်! ယွီ!"

ဝမ်ယွီထုံသည် မယုံကြည်နိုင်စွာ အမြန်ပြေးလာပြီး သူမ၏လျှပ်စစ်သွားတိုက်တံကို ပြန်လည်သိမ်းယူလိုက်သည်။

"မင်းက ငါ့သွားတိုက်တံနဲ့ အိမ်သာသန့်ရှင်းရေးလုပ်နေတာလား!?”

စောနက သူမမျက်နှာ သစ်ရင်း လိုးရှင်းဘူး တိုက်မိ၍ ပြုတ်ကျသွားစဉ် လျှပ်စစ်သွားတိုက်တံလည်း ကျသွားရာ ပြန်ကောက်ဖို့ကျန်သွားတာဖြစ်ရမည်။

ကျိုးရှောင်ယွီ အပြစ်ကင်းသည့်မျက်နှာလေးဖြင့် မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့အမေကိုကြည့်နေပုံက သနားစဖွယ်လေးဖြစ်နေသည်။

သန့်ရှင်းရေးအန်တီကြီးက အိမ်သာခွက်ကို ဘရပ်ရှ်ဖြင့် တိုက်ချွတ်ဆေးကြောပေးတိုင်း သူ့အမေက ချိုသာစွာ "ကျေးဇူးနော်"ဟု အမြဲပြောလေ့ရှိသည်ကို သူမကြာမကြာမြင်လေ့ရှိသည်။

သူလည်း သန့်ရှင်းရေးအန်တီကြီးဆီက ဘယ်လိုသန့်ရှင်းရေးလုပ်လဲ ဆိုတာ သင်ယူရင်း လုပ်ကြည့်နေတာကို အမေက ဘာလို့ သူ့ကို စိတ်ဆိုးရတာလဲ?

ဝမ်ယွီထုံ မျက်မှောင်ကြုံ့ရင်း ညဉ်းတွားလိုက်သည်။ သူမ ရုတ်တရက် အော့အန်ချင်လာသလို ခံစားလိုက်ရသည်။"ကျိုးရှောင်ယွီ ! မင်း ငါ့သွားတိုက်တံနဲ့ ဘယ်နှစ်ခါအိမ်သာဆေးပြီးပြီလဲ?"

All Chapters