← Chapters

အခန်း (၆၃)

Vol. 6 Ch. 63

အခန်း (၆၃)

Vol. 6 Ch. 63

ညနေစာစားပြီးနောက်ဝမ်ယွီထုံက ကျိုးရှောင်ယွီကိုပွေ့ဖက်ရင်း ခြံထဲဆင်းလမ်းလျှောက်သည်။

"ဒီနေ့က နှစ်သစ်ရဲ့ ဆယ့်ငါးရက်နေ့မြောက် မီးပုံးပွဲနေ့ပဲ ပြီးတော့ ပထမဆုံးလပြည့်နေ့လည်းဖြစ်တယ်"

ကျိုးရှောင်ယွီသည် သူ၏ ဝတုတ်တစ်တိုနေသည့် လည်ပင်းကို မြောက်ကာ ကြီးမားဝိုင်းစက်နေသည့်လပြည့်ဝန်းကိုကြည့်ပြီး စိတ်လှုပ်တရှား လက်ခုပ်တီးလိုက်သည်။ "ဒါ ဒါ ဒါ ရာ ရာ "

"မေမေတို့ဖတ်ခဲ့တဲ့ 'လမင်းကြီးရဲ့အရသာ' ဆိုတဲ့ စာအုပ်ကို မှတ်မိသေးလား? တိရိစ္ဆာန်လေးတွေက လမင်းကြီးကို မြည်းကြည့်ချင်ကြတာလေ။ လိပ်ကလေးရယ်၊ ဆင်ရယ်၊ သစ်ကုလားအုပ်ရယ်၊ ခြင်္သေ့ရယ်၊ မြင်းကျားရယ်၊ မြေခွေးရယ်လေ။ သူတို့တစ်တွေက မြင့်သထက်မြင့်အောင် တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီး အပေါ်ကို တက်ကြတာ။ လမင်းကြီးကလည်း တိရိစ္ဆာန်လေးတွေနဲ့ အတူ ဂိမ်းကစားပြီး နောက်ဆုံးတော့ ကြွက်ကလေးက လမင်းကြီးကိုအရင်မြည်းစမ်းခွင့်ရခဲ့တယ်။ လမင်းကြီးရဲ့ အရသာက အာလူးချောင်းကြော်လိုပဲတဲ့"

ကျိုးရှောင်ယွီက သူ့လျှာကိုထုတ်ပြီး သူ့ပါးစပ်ကလေးကို လျက်ကြည့်လိုက်ကာ သူ့ခေါင်းတွေကို ခါလိုက်သည်။ "အာ အာ..."

' သူ လမင်းကြီးကို မြည်းစမ်းလိုက်ရသလိုပဲ။ လမင်းကြီးကတကယ်ကို မွှေးကြိုင်လိုက်တာ။'

လူကြီးနှင့်ကလေးလေးတို့သည် လပြည့်ညကို ကြည့်ရှုခံစားလိုက်ကြပြီးနောက် ‌ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို မအိပ်သေးခင် ဂိမ်းခေါ်ကစားရန် အခန်းထဲ ခေါ်လာခဲ့လိုက်သည်။

ဝမ်ယွီထုံသည် မကြာသေးခင်ကမှ ငါးမျှားကစားစရာအစုံနှင့် သစ်တောက်ငှက်ပိုးကောင်စားသည့်ကစားစရာအရုပ်များကို ဝယ်ထားခဲ့သည်။

ဝမ်ယွီထုံက သံလိုက်ပါတဲ့ငါးမျှားတံတစ်ချောင်းကောက်ယူပြီး ကျန်တဲ့တစ်ချောင်းကို ကျိုးရှောင်ယွီဆီ ပေးလိုက်သည်။ ကျိုးရှောင်ယွီကတော့ ငါးမျှားတံကို ဘယ်လိုသုံးရမယ်ဆိုတာ မသိသေးဘဲ ငါးမျှားတံကို သူ့ပါးစပ်ထဲထည့်ပြီး ဝါးချင်နေ၏။

"မေမေတို့ အခုလှေပေါ်ထိုင်နေကြပြီး ပင်လယ်ထဲကိုငါးမျှားဖို့ ထွက်ကြမယ် "

ဝမ်ယွီထုံသည် ငါးမျှားတံ၏ သံလိုက်ပါတဲ့အပိုင်းကို အောက်မှာချထားသော တိရစ္ဆာန်ကတ်အမျိုးမျိုးဆီ ပစ်မှတ်ထားကာ ပစ်ထည့်လိုက်စဉ် "ဝူးရှ်" ဆိုတဲ့အသံနဲ့အတူ လိပ်ကလေးက သံလိုက်ကနေ ကပ်ပါလာ၏။

ကျိုးရှောင်ယွီ အံ့အားသင့်သွားပြီး သူ့မျက်လုံးကြီးလေးတွေပြူးကျယ်သွားသည်။ သူကလည်း ငါးမျှားတံကို ကောက်ယူပြီး ဖားကလေးတစ်ကောင်ကို ဖမ်းဖို့ပြင်ဆင်လိုက်သည်။

သို့သော် သူ၏လက်ကလေးက သေချာမထိန်းနိုင်သေး၍ သံလိုက်ကအရုပ်ဆီ တန်းတန်းမတ်မတ် မချိန်ညှိနိုင်ဖြစ်နေသည်။

ဝမ်ယွီထုံက သူ့ရဲ့ဝကစ်ကစ်လက်ကလေးကို ကိုင်လိုက်သည်။ "ရှောင်ယွီ... မေမေတို့ ဒီလိုလေး လုပ်ရတယ်"

ငါးမျှားတံကို အသာလေးလှုပ်လိုက်စဉ် 'ဝူးးရှ်' ကနဲအသံနှင့်အတူ ဖားရုပ်ကလေးက သံလိုက်နှင့်ကပ်ပါလာသည်။

"ယေးးယေးးယေးး"ကျိုးရှောင်ယွီ အရမ်းပျော်နေ၏။ သူက ဖားကလေးကို ချက်ချင်းကောက်ယူလိုက်ကာ ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။

'ဒီဖမ်းမိတဲ့အကောင်လေးက သူစားဖို့အတွက်ပဲ။ အရမ်းမွှေးတာပဲ~'

ဝမ်ယွီထုံက မျက်မှောင်ကြုံလိုက်ကာ တံတွေးစွန်းထင်းနေတဲ့ ဖားကို သန့်ရှင်းရေးလုပ်လိုက်သည်။

ဒီလိုနဲ့ သူတို့နှစ်ယောက် ငါးမျှားရတာပျင်းလာတော့ ဝမ်ယွီထုံက ကလေးကို သစ်တောက်ငှက်ပိုးကောင်စားသည့်ကစားနည်းကို သင်ပေးလိုက်သည်။

ကစားစရာနှစ်မျိုးလုံးက အမျိုးအစားဆင်တူကာ နှစ်ခုစလုံးက သံလိုက်တွေနှင့်ကစားရပြီး ကလေးတွေရဲ့ သေးငယ်တဲ့ကြွက်သားလေးတွေ လှုပ်ရှားနိုင်စွမ်းကို အထူးလေ့ကျင့်ပေးနိုင်သည်။

ကျိုးရှောင်ယွီတစ်ယောက် အာရုံစူးစိုက်ကာ အကြိမ်အနည်းငယ် ကစားနည်းကို သင်ယူလိုက်သည်။ သစ်တောက်ငှက်လေးသည် ပိုးကောင်အားလုံးကို စားလိုက်နိုင်သည်။ သေတ္တာတစ်ခုလုံး ပိုးကောင်လေးတွေဖြင့် ပြည့်နှက်သွားသည်။

ကျိုးရှောင်ယွီသည် ၁၀ နာရီအထိ အရုပ်များဖြင့်ကစားနေခဲ့သည်။ နောက်ဆုံးတော့ အိပ်ချင်လာပြီး သူ့မျက်လုံးတွေကိုပွတ်သပ်ရင်း ရီဝေဝေဖြစ်လာတော့သည်။ ဝမ်ယွီထုံလည်း ရှောင်ယွီကို ကလေးအိပ်ရာပေါ်ခေါ်သွားလိုက်သည်။ ကျိုးရှောင်ယွီသည် တစ်ဖက်ကို လှည်လိုက်ပြီး သူ့လက်မလေးကို စုပ်ကာ စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားတော့သည်။

ကလေးအိပ်ပျော်သွားမှ ဝမ်ယွီထုံလည်း နွားနို့ပူပူလေးတစ်ခွက်သောက်ရန် အောက်ထပ်ကို ဆင်းသွားလိုက်သည်။

ဝမ်ယွီထုံ ဝါးသန်းရင်း ညှပ်ဖိနပ်စီးကာ လှေကားမှ အောက်ထပ်ကို ဆင်းလာလိုက်သည်။ သူမ မီးဖိုချောင်ကို လျောက်သွားနေစဉ် အိမ်ရှေ့တံခါးမှ တံခါးလော့နှိပ်သံကို ရုတ်တရက်ကြားလိုက်ရသည်။

ဝမ်ယွီထုံ၏ မျက်လုံးတွေ အံ့အားသင့်မှု ဖြတ်ပြေးသွားကာ ခြေလှမ်းသွက်သွက်ဖြင့်‌ တံခါးနား ပြေးသွားလိုက်သည်။ တံခါးအပြင်ဘက်ကနေ အေးမြသည့်လေစိမ်းတွေ ဝင်ရောက်လာကာ ပန့်ဘောင်းဘီရှည်ဝတ်ထားသည့် ‌ရှည်လျားသည့် ခြေတံတစ်စုံသည် တံခါးဝမှ အိမ်ထဲသို့ လှမ်းဝင်လာခဲ့သည်။

တံခါးဝမှာတော့ ကျိုးကျီယွဲ့သည် အနက်ရောင်လေကာအင်္ကျီကို ဝတ်ဆင်ထားပြီး ရှည်လျားသွယ်လျပြီး တောင့်ခိုင်သည့်ကိုယ်ဟန်နှင့် မျက်နှာပေါ်တွင် နူးညံ့သည့်အပြုံနှင့် ရပ်နေ၏။ သူ့လက်ဖြင့် တံခါးကို ပိတ်လိုက်ကာ အပြင်ဘက်က လေစိမ်းများ ဝင်ရောက်မှုကို တားဆီးလိုက်သည်။

"ရှင်ပြန်လာပြီပဲ"

ဝမ်ယွီထုံ အလွန်အံ့အားသင့်သွားသည်။ သူပြောတော့အလုပ်ခရီးက ၁၀ရက် ၁၅ရက်လောက်ကြာမယ်ဆို? အခုမှ ရှစ်ရက်ပဲ ရှိသေးတာကို။

ကျိုးကျီယွဲ့သည် သူ၏နှုတ်ခမ်းပါးလေးကို အပေါ်တွန့်ကွေးကာ ပြုံးရင်း "အလုပ်တွေပြီးသွားလို့ စောပြန်လာတာ" ဟုပြောလိုက်သည်။

ဝမ်ယွီထုံသည် ကျိုးကျီယွဲ့ဆီသို့ လျင်လျင်မြန်မြန်ပြေးသွားပြီး သူမ၏လက်မောင်းဖြူဖြူရှည်ရှည်လေးများဖြင့် ထိုအမျိုးသား၏ လည်ပင်းကို ပွေ့ဖက်လိုက်သည်။ သူမ၏မျက်လုံးများသည် ကြယ်တွေနဲ့ပြည့်နေသလို တောက်ပနေ၏။

"ကျွန်မအရမ်းပျော်တယ်! ရှင်လာမယ့် အပတ်မှပြန်လာမယ်ထင်နေတာ!"

မှိန်ပြသောအလင်းရောင်အောက်တွင် ကျိုးကျီယွဲ့၏ မျက်လုံးများဟာ နက်ရှိုင်းပြီး အာရုံစူးစိုက်နေသကဲ့သို့ဖြစ်နေသည်။

"ပျော်ရွှင်ဖွယ်မီးပုံးပွဲတော်နေ့ပါ"

ဝမ်ယွီထုံသည် မျက်လုံးများကွေးကာ ပြုံးလိုက်သည်။သူမမျက်လုံးတွေက တောက်ပရွှန်းလဲ့နေသလို သူမအသံလေးကလည်း ချိုသာနေ၏။ "ပျော်ရွှင်ဖွယ်မီးပုံးပွဲတော်နေ့လေးပါ"

ကျိုးကျီယွဲ့လည်း နှုတ်ခမ်းလေးကွေးကာ ပြုံးရင်း ခေါင်းငုံ့လိုက်ပြီး သူ၏ အေးစက်စက်နှုတ်ခမ်းပါးလေးဖြင့်သူမ၏ နှုတ်ခမ်းဖူးလေးကို ထိလိုက်ကာ ချိုမြိန်စိုစွတ်သည့် အနှစ်သာရကိုရှာဖွေလိုက်သည်။

ဝမ်ယွီထုံ၏ သွယ်လျသောခါးကို ကြံ့ခိုင်သောလက်မောင်းများက ချုပ်ကိုင်ထားပြီး သူမ မပြောရသေးသော စကားများအားလုံးကို မျိုချလိုက်ရသည်။ သူမမေးလေးကို မြှောက်ကာ သည်းခံ ခံစားနေရသည်။ လေထုထဲတွင် ထိုအမျိုးသား၏ ပြင်းထန်သောအနံ့၊ တည်ငြိမ်သော စူးရှရှ သစ်သားရနံ့တို့က လူကို မူးဝေသွားစေနိုင်လောက်သည်။

ဝမ်ယွီထုံသည် သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် သူ၏ အနီရောင်ရှပ်အင်္ကျီကော်လံကို ဆုပ်ကိုင်ထားသည်။ နောက်တစ်စက္ကန့်အတွင်း သူမသည် တံခါးဝရှိ ဗီရိုအပေါ်သို့ အပြင်းအထန်ဖိချခံရပြီး သူမ၏တင်ပါးကို မြှောက်ပင့်ခံလိုက်ရကာ အချင်းချင်း ရမ္မက်ပြင်းပြစွာ နမ်းရှိုက်ကြသည်။ ထိုအမျိုးသား၏ ပူနွေးသောလက်ဖဝါးများသည် သူမ၏ခါးကို ဆုပ်နယ်ပြီး သူမ၏ ခြေထောက်များကလည်း သူ၏ခါးကို ရစ်ပတ်ထားသည်။

"ဘန်းး" ဆိုသောအသံဖြင့် ဗီရိုပေါ်ရှိ သစ်သားအလှဆင်ပစ္စည်းတစ်ခုသည် အနက်ရောင်လေကာအင်္ကျီနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။

နောက်ထပ် "ပေါက်" ဆိုသော အသံသေးသေးလေးကြားလိုက်ရပြီး ကျိုးကျီယွဲ့၏ ရှပ်အင်္ကျီ အပေါ်ကြယ်သီးတစ်လုံးသည် ပြုတ်ထွက်သွားကာ ဗီရိုအောက်သို့ လိမ့်ကျပျောက်ကွယ်သွားသည်။

ကျိုးကျီယွဲ့က သူမ၏နားပန်သီးကို နမ်းရှိုက်ရင်း ဝိုးတဝါးမေးလိုက်သည်။ "ဒီနေ့ ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ"

ဝမ်ယွီထုံက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြ ဘာမှပြန်မပြောပါ။ သူမ၏ ပါးမှာနီရဲနေပြီး စိုစွတ်နေသော မျက်တောင်များသည်လည်း တုန်ရီနေ၏။ သူမသည် ထိုအမျိုးသား၏ ထွက်နေသော အာဒမ်ပန်းသီး(လည်ဇလုတ်)ကို ကိုက်လိုက်ပြီး ပန်းရောင်သွားရာကွင်းတစ်ခုကို ချန်ထားခဲ့လိုက်သည်။ ထို့နောက် ကျီဇယ်ပြုံးပြုံးလိုက်ပြီး" ရှင် အရင်တစ်ခါတုန်းက ကျွန်မကို ကိုက်ထားတာ ပြန်လက်စားချေတာ" ဟု ပြောလိုက်သည်။

ကျိုးကျီယွဲ့၏ မီးခိုးရောင်ညိုမှိုင်းသောမျက်လုံးများ အနည်းငယ်ကျဉ်းသွားပြီး သူ၏အကြည့်တွေက ရုတ်တရက် ပူလောင်ပြင်းပြလာကာ သူ၏ကြမ်းတမ်းသော လက်ချောင်းထိပ်ဖျားဖြင့် ဝမ်ယွီထုံ၏မေးစေ့ကို ဆုပ်ကိုင်ပြီး သူမကို ပိုမိုနိမ့်ကျစွာ ဖိနမ်းချလိုက်သည်။

နှုတ်ခမ်းနှင့်လျှာများသည် လိုက်ဖမ်းရှုပ်ထွေးနေပြီး အပြင်းအထန် လှုပ်ရှားနေကြသည်။ ဝမ်ယွီထုံသည် တံခါးဝနားက ဗီရိုနှင့် ဖိချခံထားရကာ အသက်ရှုမဝဖြစ်နေသော်လည်း သူမ၏ လက်များသည် မရပ်တန့်နိုင်ပါ။ သူမသည် ထိုအမျိုးသား၏ လည်စည်းနှင့်အင်္ကျီကို ဆွဲချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ကျိုးကျီယွဲ့သည်လည်း သူမကို သူ့အခန်းထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး သူ့စောင်အောက်ကို သိမ်းသွင်းလိုက်သည်။ သူသည် ကိုယ်ကိုကိုင်းညွှတ်ကာ သူမ၏ ပျော့ပျောင်းမွှေးကြိုင် နွေးထွေးသော ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။

သူမ၏လက်များကို သူမ၏ ခေါင်းပေါ်သို့ ဖိထားပြီး နူးညံ့စွာနမ်းရှိုက်ရင်း တီးတိုးမေးလိုက်သည်။ "မင်း ဆန္ဒရှိလား"

ဝမ်ယွီထုံသည် ရှက်နေ၍ သူ့ကိုပင် မကြည့်ရဲတော့ပဲ မျက်နှာလွဲလိုက်သည်။

ကျိုးကျီယွဲ့၏ မျက်လုံးထောင့်များသည် နီရဲလောင်ကျွမ်းနေပြီး ညဘက်မှိန်ပျသော အလင်းရောင်အောက်တွင် အနည်းငယ် ဆိုးသွမ်းသည့်ပုံပေါက်နေသည်။ နောက်တစ်ကြိမ် အနမ်းများကျရောက်လာသောအခါ ဝမ်ယွီထုံသည် လိုက်လျောသည့်အနေဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ လက်ချောင်းများဖြင့် အိပ်ရာခင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်...

ဝမ်ယွီထုံသည် ထိုညကို မည်သို့ကျော်ဖြတ်ခဲ့သည်ကို မသိတော့ပါ။ အစောပိုင်းတွင် သူမသည် စုတ်ပြဲသွားသည့် နာကျင်မှုကို ခံစားရသော်လည်း နောက်ပိုင်းတွင် ရုတ်တရက် ပြောင်းလဲသွားပြီး နွေးထွေးလာကာ သူမခန္ဓာကိုယ် လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။

အိမ်အပြင်ဘက် မှောင်မိုက်နေသောကောင်းကင်သည် နွေဦးရာသီ၏ ပထမဆုံးသော မိုးသည်းကို တိတ်တဆိတ် ရွာချပေးလိုက်သည်။ ရွာကျလာသော မိုးပေါက်လေးများသည် ဖန်ပြတင်းပေါက်မှန်ကို ထပ်ကာထပ်ကာ ထိကာ စီးကျသွားသည်။ ရေမှုန်များနှင့်အတူ စိုထိုင်းသောမြူခိုးများသည် ပြတင်းပေါက်ကြားမှ လျှိုဝင်လာသော်လည်း အခန်းအတွင်းရှိ ပြင်းထန်သောရနံ့ကိုတော့ မလွှမ်းခြုံနိုင်ခဲ့ပါ။

ကျိုးကျီယွဲ့၏ ရင်ဘတ်သည် မာကျောပြီး ပူလောင်ကာ ဝမ်ယွီထုံ၏ မျက်လုံးများရှေ့တွင် လွှဲရမ်းလှုပ်ရှားနေသည်။

သူ့ကိုယ်မှစီးကျလာသော ချွေးစက်များနှင့် သူမ၏ မျက်ရည်များပေါင်းစပ်သွားပြီး တစ်ခုနှင့်တစ်ခု ခွဲခြားရန်ပင်ခက်ခဲသွားသည်။

ဝမ်ယွီထုံ၏စိတ်တွေ ရှုပ်ထွေးနေကာ ညအချိန်၏ နောက်ပိုင်းတွင်တော့ သူမမျက်လုံးများ မှေးစင်းသွားပြီး မည်ကဲ့သို့အိပ်ပျော်သွားမှန်းပင် မသိလိုက်ပါ။

သူမ အိပ်ပျော်မသွားခင် ကျိုးကျီယွဲ့၏ လက်ကို ကိုင်ပြီး "ကျိုးရှောင်ယွီ စောင်များကန်ထားသလားသွားကြည့်ပါ..." ဟု ပြောခဲ့သည်ကိုတော့ ရေးရေး မှတ်မိလိုက်သည်။

သူမ နောက်တစ်ကြိမ် နိုးလာသောအခါ နေ့လယ်ခင်းဖြစ်နေပြီ။ ပြတင်းပေါက် အပြင်ဘက်က ကောင်းကင်သည် သန့်ရှင်းနေပြီး ရွှေရောင်အလင်းများသည် ထူထဲသော လိုက်ကာအကြားမှ စီးဝင် ဝင်ရောက်လာသည်။

ဝမ်ယွီထုံသည် မျက်လုံးဖွင့်လိုက်ပြီးနောက် မနေ့ညက သူမ ကျိုးကျီယွဲ့၏ အခန်းထဲတွင် တစ်ညလုံးအိပ်ခဲ့ကြောင်း သတိရလိုက်သည်။

သူမသည် အိပ်ရာပေါ်မှ ရုတ်တရက်ထိုင်လိုက်ပြီး အိပ်ရာဘေးကိုကြည့်လိုက်ရာ ဘေးမှာဘယ်သူမှရှိမနေပါ။

သူမခြုံထားသောစောင်သည် သူမ၏ပိုးသားကဲ့သို့‌ချောမွတ်သော အသားအရေပေါ်မှ ချော်ကျသွားပြီး အနီရောင် အမှတ်အသားတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ သူမ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုပုတ်ပြီး အိပ်ရာထဲမှထရန် ကြိုးစားလိုက်သည်နှင့် ခြေထောက်များ ပျော့ခွေသွားကာ အိပ်ရာပေါ်သို့ ပြန်ကျသွားသည်။

ဝမ်ယွီထုံတစ်ယောက် သူမ ခါးမှနာကျင်မှုကို သည်းခံကာ ခေါင်းရင်းတစ်ဘက်ရှိ စားပွဲဘေးသို့ ရွေ့သွားလိုက်ပြီး လက်မောင်းကိုမှီကာ အိမ်တွင်းဖုန်းခေါ်ဆိုမှုပြုလိုက်သည်။

ဖုန်းအခြားဘက်ကနေ အိမ်တော်ထိန်းစန်၏ အသံကို ကြားလိုက်ရသည်။ "ဟယ်လို မဒမ် နိုးပါပြီလား?"

ဖုန်းတစ်ဖက်ကနေ ကျိုးရှောင်ယွီ၏ အသံများလည်း ကြားရသည်။ "အမား မားမား ဘူးဘူးး!"

ကျိုးရှောင်ယွီ အော်ဟစ်သံ ကြားပြီးနောက် သူ့ဘေးမှ ကလေးထိန်းအန်တီ၏ အသံကို ဆက်ကြားလိုက်ရသည်။ "သခင်ငယ်လေးရေ မေမေ အိပ်နေတာကို မနှောက်ယှက်နဲ့နော် မေမေက အရမ်းပင်ပန်းထားတာ...."

ဝမ်ယွီထုံ၏ မျက်နှာသည် နီရဲသွားပြီး အနည်းငယ်ချောင်းဟန့်လိုက်သည်။ သူမစကားပြောလိုက်စဉ် သူမ၏ အသံအနည်းအက်နေသည်ကိုလည်း သတိထားမိလိုက်သည်။ "အမ်းး ရှောင်ယွီလေး ဘာလုပ်နေလဲ?"

ကျိုးရှောင်ယွီသည် သူ့အမေ အသံကို ဖုန်းမှကြားရသောအခါ လက်သီးဆုပ်‌လေးကို ဒေါသတကြီးဝေ့ရမ်းပြီး နှုတ်ခမ်းကြီးဆူကာ "အာ! အာ!" ဟုအော်လေ သည်။

ဝမ်ယွီထုံ၏ မျက်နှာအမူအရာသည် နူးညံ့ပျော့ပျောင်းသွားပြီး နူးညံ့စွာပြောခဲ့သည်။ "ရှောင်ယွီလေးရေ စားပြီးပြီလား? မေမေ အခု သားဆီဆင်းလာမယ်နော်"

"မဒမ် စိတ်မပူပါနဲ့! သခင်ငယ်လေးက ခုလေးတင် နေ့လယ်စာ စားပြီးသွားပါပြီ။ ငါးဖယ်လုံး၊ မှိုနဲ့ကြက်သားပြုတ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဘလူးဘယ်ရီသီးတစ်ချို့စားခဲ့ပါတယ်" ဟု အိမ်တော်ထိန်းစန်က ပြုံးရင်းပြောပြလာသည်။

"သခင်ငယ်လေးက ငါးဖယ်လုံးကို အရမ်းကြိုက်တာ။နောက်ဆို စားဖိုဆောင်ကိုအများကြီး လုပ်ခိုင်းထားရမယ်"

ဝမ်ယွီထုံလည် ပြုံးကာ "ကောင်းပါပြီရှင်" ဟု ပြန်ပြောလိုက်သည်။

အိမ်တော်ထိန်းစန် - "မနက်ခင်း ၈ နာရီမတိုင်ခင်မှာ ဒုတိယသခင်လေးက အလုပ်သွားလိုက်ပါတယ်။ သူထွက်သွားပြီးနောက် ရှောင်ယွီနဲ့ ဟူပေါင်တို့က ဧည့်ခန်းထဲမှာ ဘောလုံး ကစားကြတယ်။ နာရီဝက်ကစားပြီးနောက် ကျွန်တော်တို့လည်း ကလေးကို ပန်းခြံဆီ လမ်းလျှောက်ခေါ်သွားပြီး လျှောတွေစီးဆော့ကစားကြတော့ သခင်ငယ်လေးက ချွေးတွေ ထွက်လာလို့ သူ့ရဲ့ အနွေးဂျာကင်အင်္ကျီကို ချွတ်ပြီး ဆွယ်တာအပါးလေးတစ်ထည်ဝတ်ပေးထားလိုက်တယ်..."

ကျိုးရှောင်ယွီသည် ဖုန်းထဲကနေ လူကြီးတွေရဲ့ စကားပြောဆိုမှုကို နားထောင်ရင်း နှုတ်ခမ်းကြီးစူပြီး ဖုန်းကိုလုယူရန် လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။

အိမ်တော်ထိန်းစန် သတိမထားမိလိုက်စဉ်မှာပဲ ကျိုးရှောင်ယွီက ဖုန်းကို လူယူသွားလေတော့သည်။

'ဟမ့် !! သူ့မှာ တစ်မနက်ခင်းလုံး မေမေ့ကိုမမြင်ရသေးဘူး။ မေမေက ဘယ်မှာများ ပုန်းနေတာလဲ? မနေ့ညက သူနဲ့တောင် အတူမအိပ်ဘူး။သူအရမ်းစိတ်ဆိုးတယ်။ မေမေ ခုချက်ချင်း သူ့ကို လာချော့တာကို လိုချင်တယ်!!'

မနက်ခင်းမှာ သူနိုးလာတော့ အခန်းထဲမှာ အမေမရှိဘူးဆိုတာ သိလိုက်ရသည်။ ရှောင်ယွီ သူ့မျက်လုံးများကိုပွတ်သပ်ကာ ထလာပြီး ကလေးအိပ်ရာ၏ ဘေးအကာတန်းပေါ် လက်တင်ပြီး မျက်မှောင်ကြုံ့လိုက်ကာ "ဘူးးးဘူးးးဘူးးးဘူးး" ဟု သူ့အမေကို အော်ခေါ် လေသည်။

သို့သော် သူ့ကို ပွေ့ဖက်ရန်ရောက်လာသူမှာ မတွေ့ရတာအတော်ကြာပြီဖြစ်သည့် သူ့အဖေဖြစ်နေသည်။

ကျိုးရှောင်ယွီသည် မကျေမနပ်ဖြင့် ပတ်ပတ်လည်ကြည့်ရှု့ပြီး သူ့အိပ်ရာ၏ အစွန်းကို ရိုက်လိုက်ကာ "မားးမားးမားးမားး!" ဟုအော်လေတော့သည်။

ရှောင်ယွီလေးက အလွန်ဒေါသထွက်နေသော်လည်း သူ့အဖေကတော့ စိတ်ကောင်း ဝင်နေဟန်တူသည်။ သူ့ကို ဘာမှ မဆူမပြောပဲ မျက်နှာသစ် သွားတိုက် အဝတ်အစားလဲတာတွေ လုပ်ပေးနေ၏။

သူ့ကို မနက်စာစားရန် အောက်ထပ် မခေါ်ဆောင်သွားခင် သူ့ဖေဖေက လက်ဆောင်လေးတစ်ခုပေးလာသည်။ ခလုတ်ဖွင့်လိုက်လျင် သီချင်းဂီတသံနားဆင်နိုင်သော ရေမြင်း အရုပ်တစ်ခုဖြစ်လေသည်။

"ဒါကို ခရီးထွက်တုန်းက ဝယ်ထားတာ။ မင်းကိုပေးတာ" ကျိုးကျီယွဲ့က ကလေးလေးကို တစ်ဖက်တည်းဖြင့်ပွေ့ချီထားရင်း ဖြည်းဖြည်းပြောပြခဲ့သည်။ "ဒီနေ့ မင်းအမေ ကိုမနှောင့်ယှက်နဲ့တော့။ သူမ ပင်ပန်းနေတယ်၊ သိလား?"

ကျိုးရှောင်ယွီသည် "အမေ" ဆိုသည့်စကားလုံးကိုသာနားလည်လိုက်သည်။ သူသည် ရေမြင်းကလေးကို ပွေ့ဖက်ထားပြီး နှုတ်ခမ်းကြီးစူကာ ပါဝါခလုတ်ကိုနှိပ်လိုက်သည်။ ရေမြင်းကလေးသည် အင်္ဂလိပ်ကလေးသီချင်းတစ်ပုဒ်ကို စဆိုလာသည်။ ရှောင်ယွီလေးသည် ထိုသီချင်းကို ခဏခဏ နားထောင်ရင်း ကြာလာတော့ ပျင်းရိလာသည်။ နောက်တော့ မကျေမနပ်ဖြင့် ရေမြင်းကလေးကို ဘေးပစ်လိုက်တော့သည်။

ကျိုးရှောင်ယွီသည် သူ့အမေအသံကို ဖုန်းကနေကြား‌နေရသော်လည်း သူ့ကိုလာမကြည့်သည့်အကြောင်း စဉ်းစားမိသောအခါ သူ၏ပါးပြင်များသည် ငါးပူဖောင်းပွကဲ့သို့ ဖောင်းကားသွားပြီး သူလုယူထားသောဖုန်းကို "ဘန်း" ကနဲ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဖုန်းတစ်ဖက်မှ "တီ တီ တီ " အသံမြည်ကာ ဖုန်းကျသွား၍ ဝမ်ယွီထုံတစ်ယောက် ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။

ရှောင်ယွီလေးက ဒီလိုမျိုးစိတ်ဆိုးတတ်မယ်လို့ မထင်ခဲ့မိပေ။

ဝမ်ယွီထုံ တစ်ယောက် နာကျင်မှုကိုသည်းခံကာ အိပ်ရာထဲမှ ထွက်လာလိုက်သည်။ အိပ်ရာဘေးမှာတော့ သူမ၏ သန့်ရှင်းသည့် အိမ်‌နေရင်းဝတ်စုံတစ်စုံနှင့် လိမ်းဆေးဘူးတစ်ခုရှိနေသည်။

ဝမ်ယွီထုံလည်း အဝတ်အစားများဝတ်ဆင်ပြီး လိမ်းဆေးကို ကောက်ယူကာ သေချာကြည့်လိုက်သည်။

ထိုအချိန်တွင် သူမ၏ ဖုန်း တုန်ခါလာ၍ ဝမ်ယွီထုံ ဖုန်းကိုကြည့်လိုက်သည်။

[ယောကျာ်း - လိမ်းဆေးလိမ်းဖို့မမေ့နဲ့]

[ဝမ်ယွီထုံ - မလိုပါဘူး 🙂]

All Chapters