အခန်း (၆၅)
Vol. 6 Ch. 65
ကျိုးရှောင်ယွီကတော့ မကျေနပ်သည့်ပုံဖြင့် သူ့ပါးတွေကို ဖောင်းကာစူပုတ်နေ၏။ ဝမ်ယွီထုံသည် ကလေးကို အိပ်ရာပေါ်တင်လိုက်ကာ အသားရည် ထိန်းသိမ်းခရင်မ်အား ပါးပြင်ပေါ် လိမ်းပေးလိုက်သည်။
ဝမ်ယွီထုံသည် ကျိတ်ပြုံးလိုက်ကာ ကျိုးရှောင်ယွီ ယားနိုင်မည့် နေရာများကို တမင်သက်သက် လိုက်ကလိထိုးလိုက်သည်။
စူပုတ်နေသည့်ကလေးလေးသည် စက္ကန့်ပိုင်းအတွင်း အိပ်ရာပေါ်လူးလိမ့်ကာ တစ်ခစ်ခစ်ရယ်မောနေတော့သည်။ သူ့ကို ယားအောင် ကလိထိုးနေသော သူ့အမေ၏ လက်တွေကို သူ့လက်ကလေးကို ဝေ့ရမ်းပြီး ဖယ်ထုတ်ကာ လူးလိမ့်နေ၏။
ကျိုးကျီယွဲ့ အခန်းထဲ ဝင်လာသည့်အခါ ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည်။
သားအမိနှစ်ယောက်၏ ရယ်သံများသည် အိမ်ထဲတွင် ပဲ့တင်ထပ်နေ၏။ ဝမ်ယွီထုံ၏ ရယ်သံသည် ကျိုးရှောင်ယွီထက်ပင် ပိုကျယ်လောင်နေ၏။ ဝမ်ယွီထုံသည် ကလေးကို ကလိထိုးနှိပ်နယ်ရင်း ရယ်မောနေသည်မှာ မျက်ရည်များပင် ထွက်ကျလာလေသည်။
အခန်းထဲ လူဝင်လာသည့် ခြေသံများကြားရသောအခါ ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီတို့သည် တစ်ချိန်တည်းခေါင်းထောင်လာ ကြသည်။
"ရှင် ဒီမှာဘာလုပ်နေတာလဲ?"
ကျိုးကျီယွဲ့သည် မီးခိုးရင့်ရောင် အိမ်နေရင်း ဝတ်စုံကို ဝတ်ဆင်ထားကာ ရေတစ်ခွက်ကိုလည်း လက်မှာ ကိုင်ထားသေးသည်။
"မင်းတို့ကို လာကြည့်တာ"
ကျိုးကျီယွဲ့သည် ခွက်ကိုချလိုက်ပြီး အိပ်ရာနားသို့လျှောက်လာသည်။ ဝမ်ယွီထုံ၏ အဝတ်အစားများရေစိုနေသည်ကို တွေ့မြင်လိုက်ရ၍ " ကိုယ်ကလေးကို အဝတ်အစား ဝတ်ပေးထားလိုက်မယ် မင်းရေအရင်သွားချိုးလိုက်ပါလား" ဟု ပြောလိုက်သည်။
"ဟုတ်ပြီ ဒါဆိုလည်း ကလေးကို ရှင့်ဆီအပ်ခဲ့လိုက်မယ်နော်"
ဝမ်ယွီထုံသည်လည်း အဝတ်အစားစိုစိစိများက သူမခန္ဓာကိုယ်ပေါ် ကပ်နေသည်ကို မသက်မသာခံစားရ၍ ရေချိုးခန်းသို့သွားလိုက်သည်။
ကျိုးကျီယွဲ့နှင့် ကျိုးရှောင်ယွီတို့သာ နှစ်ယောက်တည်း အခန်းထဲတွင်ကျန်ရစ်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
ကျိုးကျီယွဲ့ကတော့ ဘာခံစားချက်မှ မျက်နှာထက် မပြပဲ ရုပ်တည်ကြီးဖြင့် ရှောင်ယွီလေးကို အစိမ်းဖျော့ရောင် ဒိုင်နိုဆော ညအိပ်ဝတ်စုံကို သေချာ ဝတ်ပေးလိုက်သည်။
"မင်းအမေက ရေချိုးနေတုန်းဆိုတော့ ငါတို့ အရင်အိပ်ကြရအောင်"
ကျိုးကျီယွဲ့သည် ကလေးကို အိပ်ရာကြီးပေါ်ခေါ်ဆောင်သွားပြီး အခန်းထဲရှိ အဓိကမီးကိုပိတ်ကာ နံရံမီးမှိန်မှိန်လေးနှင့် စားပွဲတင်မီးတစ်ခုကိုသာ ဖွင့်ပြီး ကျိုးရှောင်ယွီကို ဖတ်ပြရန် ပုံပြင်စာအုပ်သုံးအုပ်ကိုထုတ်လိုက်သည်။
ကျိုးကျီယွဲ့သည် ကုတင်ပေါ်လှဲလိုက်ပြီး ရှောင်ယွီလေးကိုလည်း သူ့လက်မောင်းကြားထဲ ထည့်လိုက်သည်။ထို့နောက် နူးညံ့ညှင်သာစိတ်ရှည်သည့်လေသံဖြင့် "ဒီနေ့ "တို့ဖေဖေ" ဆိုတဲ့ စာအုပ်လေးကို ဖတ်ရအောင်။ ဖတ်ပြီးရင် အိပ်တော့နော် ဟုတ်ပြီလား?"
ကျိုးရှောင်ယွီသည် မျက်မှောင်ကြုံ့ကာ သူ့အဖေကို သတိထားပြီး ကြည့်လိုက်သည်။ 'သူ့အဖေက အရင်တုန်းက သူ့အပေါ် ဒီလောက်နူးညံ့ညှင်သာတဲ့ ပုံနဲ့ မပြောဖူးပါဘူးး ထူးဆန်းတယ်!!'
' ပြီးတော့ ဒါက မေမေ့အိပ်ရာလေ။ ဖေဖေက ဘာလို့ဒီမှာအိပ်နေတာလဲ?'
ကျိုးရှောင်ယွီသည် သူ၏ပါးစပ်ကလေးကို ဖွင့်ကာ အော်ဟစ်ပြီး ကျိုးကျီယွဲ့ကို သူ့လက်ကလေးဖြင့် တွန်းထုတ်နေသည်။ 'အဖေဆိုးတွေကို ဒီမှာ မကြိုဆိုဘူးးး။ဒီမကောင်းတဲ့အဖေကို ဒီကနေ ထွက်သွားစေချင်တယ်!'
ကျိုးကျီယွဲ့ကတော့ ကလေးကို လုံးဝဂရုမစိုက်ဘဲ အဖုံးမာ ပုံပြစာအုပ်ကို ဖွင့်ကာ ဖြည်းဖြည်းဖတ်ပြလိုက်သည်။ "ငါ့အဖေက ဘာကိုမှမကြောက်ဘူး၊ မကောင်းတဲ့ဝံပုလွေတောင်မှ မကြောက်ဘူး။ ဝံပုလွေကိုကောင်လေးက ပြောလိုက်တယ်။ကျေးဇူးပြုပြီး ထွက်သွားပါ၊ မင်းကို ဒီမှာကြိုဆိုတဲ့သူမရှိဘူး......"
"ဝံပုလွေကြီးက အဖေ့ကိုမြင်တော့အရမ်းကြောက်သွားပြီး အမြီးကိုကုပ်နေအောင် ထွက်ပြေးသွားတယ်..."
ကျိုးကျီယွဲ့၏ အသံသည် ကြည်လင်လှကာ ညပိုင်းရေဒီယိုမှ အသံလွင့်တင်ဆက်နေသူ၏ လေသံနှင့်ပင်တူ၏။
ကျိုးရှောင်ယွီ၏ သတိထားမှုသည် တဖြည်းဖြည်းပြိုလဲသွားကာ သူ့အမေ သူ့ကို မကြာမကြာ ဖတ်ပြတတ်သည့် ပုံပြင်စာအုပ်ကို မျက်လုံးလေး ပြူးကျယ်ကာ ကြည့်လိုက်သည်။ နောက် သူ့အဖေကို တွန်းထုတ်မနေတော့ပဲ လက်မကလေးကို စုပ်ကာ ငြိမ်ငြိမ်လေး နေတော့သည်။
ကျိုးကျီယွဲ့သည် ရှောင်ယွီလေးကို ပုံပြစာအုပ်သုံးအုပ်ဖတ်ပြခဲ့သည်။ စာအုပ် အားလုံးသည် အဖေ အကြောင်းသာဖြစ်သည်။
နေ့ခင်းတုန်းက ကျိုးရှောင်ယွီတစ်ယောက် တစ်နာရီခန့်သာ တစ်ရေးအိပ်ခဲ့ရ၍ အိပ်ရေးမဝခဲ့ပါ။ ထို့ကြောင့် စာအုပ်သုံးအုပ် ဖတ်ပြပြီးချိန်တွင်တော့ သူ့မျက်လုံးတွေ မှေးစင်းလာကာ လုံးဝအိပ်ပျော်သွားတော့သည်။
ကျိုးကျီယွဲ့လည်း ကလေးကို သူ့ကလေးအိပ်ရာပေါ်တင်ပေးလိုက်ပြီး စောင်ပါးလေးတစ်ထည်ခြုံပေးလိုက်သည်။
ထိုအချိန်တွင် ရေချိုးခန်းထဲမှ အချိန်အတော်ကြာရေချိုးနေခဲ့သည့် ဝမ်ယွီထုံသည် ရေချိုးခန်းတံခါးကိုဖွင့်လိုက်သည်။ သူမသည် နို့ရေမွှေးနှင့်ရေချိုးခဲ့ပြီး သူမ၏ အသားအရေသည် ရေပူကြောင့် အနည်းငယ်နီရဲနေ၏။
ဝမ်ယွီထုံ ရေချိုးခန်းထဲမှာပဲ အသားအရည်ထိန်းသိမ်းရေးခရင်မ်တွေ လိမ်းနေစဉ် အိပ်ခန်းအတွင်းရှိ မီးများ မှိတ်သွားသည်ကို သတိထားမိလိုက်၍ အံ့ဩသွားခဲ့သည်။
"ကိုးနာရီပဲ ရှိသေးတာကို ရှောင်ယွီက ခုကတည်းက အိပ်သွားပြီလား?"
ကျိုးကျီယွဲ့သည် ရေနွေးငွေ့တွေ ပြည့်နှက်နေသော ရေချိုးခန်းထဲသို့ ၀င်ရောက်လာပြီး တံခါးကိုပိတ်လိုက်သည်။
သူသည် ပုဝါကိုယူပြီး ဝမ်ယွီထုံ၏ ဆံပင်ကိုသုတ်ကာ သူမကို ငုံ့ကြည့်လိုက်သည်။ "ကလေးက ဒီညတော့ အရမ်း အိပ်ချင်နေတယ် ထင်တယ်။ စောစောအိပ်သွားတယ်"
"ကလေးက အရမ်းလိမ္မာတာပဲ"
"တစ်ကယ်လား!"
ဝမ်ယွီထုံသည် မှန်ရှေ့တွင်ရပ်နေကာ ထိုအမျိုးသားသည် ပွေ့ဖက်ထားသောအနေအထားဖြင့် သူမ၏ နောက်တွင်ရပ်နေသည်။ ရုတ်တရက်၊ သူသည် ခေါင်းငုံ့ပြီး သူမ၏နားကိုနမ်းလိုက်သည်။
"ရှင်ဘာလုပ်နေတာလဲ?" ဝမ်ယွီထုံက နှုတ်ခမ်းကိုတွန့်ကာမေး လိုက်သည်။ ကျိုးကျီယွဲ့၏ လှုပ်ရှားမှုတွေက ဒီနေ့ မူသိပ်မမှန်ချင်ဟု သူမခံစားမိသည်။
"ကိုယ် မင်းကို ဆေးလိမ်းကူပေးမလို့ ဒီရောက်နေတာ"
"လိမ်းပေးစရာ မလိုပါဘူး။ နာလည်း မနာတော့ဘူး"
ဝမ်ယွီထုံခေါင်းခါပြီး လှည့်ကာ သူ့ကိုတွန်းထုတ်ရန်ကြိုးစားသော်လည်း ထိုအမျိုးသား၏ ရင်ဘတ်သည် ခိုင်မာသောနံရံတစ်ခုနှင့်တူပြီး မည်မျှပင် ကြိုးစားကြိုးစား လုံးဝရွေ့မလာပေ။
"မင်းလုံးဝ မနာဘူးလား?"
ကျိုးကျီယွဲ့သည် သူမ၏မေးစေ့ကို ညင်သာစွာညှစ်လိုက်ပြီး သူ၏ မှောင်မိုက်သောအကြည့်စူးစူးများဖြင့်ကြည့်လိုက်သည်။
"ကျွန်မ!" ဝမ်ယွီထုံသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ နာလား မနာလားပင် မပြောတတ်တော့ပါ။
ရေချိုးခန်းထဲရှိ အပူသည် မပျောက်သေးသောကြောင့် အဖြူရောင် ရေခိုးရေငွေ့ မြူများသည် ထူထဲနေပြီး ကျိုးကျီယွဲ့၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပါ။
ဝမ်ယွီထုံသည် ရေဆေးကန်ဘေစင် ရှေ့တွင်ပိတ်မိနေပြီး သူမ၏ခါးကိုလည်း ဖက်ထားခံနေရကာ နမ်းရှုံ့ခံလိုက်ရသည်။ သူမ၏ နှုတ်ခမ်းပါးတွေကို နွေးထွေးသည့်နှုတ်ခမ်းတွေက လာရောက်ရစ်ပတ်နေပြီး ပူနွေးသည့်ဝင်သက်ထွက်သက်တွေက သူမ၏ခံတွင်းထဲ ဝင်ရောက်ခြင်းခံလိုက်ရသည်။
ထိုအမျိုးသား၏ လက်တွေက နောက်သို့ရွေ့သွားပြီး သူမ၏ ခေါင်းနောက်ဘက်ကို ဖိထားကာ သူမအနည်းငယ်မှ ပြန်မရွေ့နိုင်အောင် တားဆီးထားသည်။
နူးညံ့သည့် နမ်းရှိုက်မှုကနေ ရုတ်တရက် အခြေအနေပြောင်းသွားပြီး မြို့ကြီးတစ်ခုကို တိုက်ခိုက်စီးနင်းသွားသလို ဖြစ်လာသည်။
သူမ၏ ပုခုံးသားတွေကလည်း တစ်ဝက်ပေါ်လာခဲ့ပြီး နေရာအနံ့ အချစ်၏သင်္ကေတအမှတ် အနီရောင်နှင်းဆီပန်းများပွင့်လာခဲ့သည်။
ထိုအမျိုးသားသည် သူ၏လက်ချောင်းထိပ်များကို အေးစက်နေသော ဆေးထဲနှစ်ထည့်လိုက်သည်။ ထိုတစ်ခဏတွင် ဝမ်ယွီထုံသည် တုန်လှုပ်သွားကာ ချက်ချင်း နွေးထွေးသောနွေဦးရေကန်တစ်ခုအဖြစ်သို့ပြောင်းသွားသည်။
ဝမ်ယွီထုံ၏ နှလုံးသားသည် အသက်ရှုမဝသလို ခံစားလာရကာ သူမသည် ဝါကျအပြည့်စကားပင် မပြောနိုင်တော့ပဲ မရေရာသောညည်းညူသံအချို့သာ ပြုလုပ်နိုင်တော့သည်။
.......
ဖေဖော်ဝါရီလကုန်ပိုင်း၊ မိုးရွာသောနွေဦးပေါက်နေ့၏ နွေဦးလေတွင် စိုထိုင်းမှု အနည်းငယ်ပါလာသည်။ မိုးရေဆေးကြောထားသောလမ်းများတွင် ရေအိုင်ငယ်များရှိပြီး ကားများ ဖြတ်သန်းသွားလာသည့်အခါရေများဘေးကိုစင်ထွက်သွားသည်။
ဝမ်ယွီထုံသည် ရိုးရှင်းသည့် လိမ္မော်ရောင်ဖျော့အင်္ကျီနှင့်စကပ်ကို ဝတ်ဆင်ထားပြီး Rolls-Royce ကား၏ နောက်တွင် ထိုင်နေ၏။ ပေါက်စီလုံးလေး ရှောင်ယွီကလည်း ကလေးထိန်းအန်တီနှင့်အတူ ကားထဲ တွင် ပါလာ၏။
"ရှောင်ယွီ မေမေက ဒီနေ့ အလုပ်တွေရှုပ်နေမှာ မို့လို့ သားက အန်တီနဲ့ ဖွားဖွားအိမ်မှာ ကစားနေနော်။ ညနေခင်းကျရင် မေမေ ပြန်လာကြိုမယ်နော် ဟုတ်ပြီလား"
ကလေးကစားကွင်း လည်ပတ်ရေးအတွက် လုပ်ငန်းလည်ပတ်ရေးဆရာသည်လည်း ရောက်ရှိနေပြီဖြစ်ရာ ဝမ်ယွီထုံသည် ထိုဆရာနှင့်အတူ ဝန်ထမ်းခန့်အပ်ရေးနှင့် ဖွင့်ပွဲကိစ္စများကို ဆွေးနွေးမည်ဖြစ်၍ တစ်နေ့ကုန်အလုပ်များနေမည်ဖြစ်သည်။
လက်မှာ ပတ်တီးစည်းထားသေးသည့် ဝူရှင်းသည် ကျိုးရှောင်ယွီကို ထိန်းပေးမည်ဟု ပြောလာ၍ ဝမ်ယွီထုံသည်လည်း ကျိုးရှောင်ယွီကို ကလေးထိန်းနှင့်အတူ ဝမ်အိမ်တော်ကို လိုက်ပို့လေသည်။ ကောင်ကလေးအတွက်လည်း သူ့အဖွားရဲ့ အချစ်ကို ခံရတာပေါ့။
ကျိုးရှောင်ယွီကတော့ သွားယားကိုက်တံကို ဝါးကာ သူ့အမေပြောသည်ကို မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နားထောင်နေ၏။
"ဒါ ဒါ ဒါ ဒါ "
ဝမ်ယွီထုံသည် ကလေး၏ ခေါင်းကို အသာပုတ်လိုက်ပြီး မျက်နှာကို ငုံ့ကြည့်ကာ သက်ပြင်းလေး ချလိုက်သည်။ကလေးရဲ့ မျက်ခုံးမွှေးရိတ်လိုက်တာ တစ်ပတ်လောက်ရှိနေပြီ ဖြစ်သော်လည်း ပြန်ပေါက်လာမည့်အရိပ်အယောင်ပင် မမြင်ရသေးပဲ အရာသေးသေးလေးသာ မြင်နေရသေးသည်။
ကလေးက အမြဲတမ်း ဒီလိုပဲ ရုပ်ဆိုးနေတော့မှာလား?
စနစ် - ဟမ့် အဓိပ္ပာယ်မရှိတာ!! တို့ရှောင်ယွီလေးက မျက်ခုံးမွှေး မရှိတာတောင် ကြည့်ကောင်းပါတယ်နော်။မျက်ခုံးမွှေး ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပိုပြီး လူချစ်လူခင် ပေါများဦးမှာ"
မျက်ခုံးမွှေးမရှိသော ကောင်ကလေးကလည်း သူ့ကိုယ်သူ ကျေနပ်နေရှာ၏။ သူ့မေမေက သူ့ကို "ချစ်ခြင်းမေတ္တာ"အပြည့်ဖြင့် ကြည့်နေသည်ကိုမြင်ပြီး ကျိုးရှောင်ယွီသည် သူ၏ပန်းရောင်နုနုနှုတ်ခမ်းလေးကို ရှက်နေဟန်ဖြင့် စေ့ထားလေသည်။
'မေမေက သူ့ကို ခုတလော ခံစားချက်တွေ ပြည့်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတတ်တယ် ဒါဟာ အချစ်ပဲ ဖြစ်ရမယ်!'
ဝမ်မိသားစုအိမ်သို့ ရောက်သောအခါ ဝမ်ယွီထုံက ကျိုးရှောင်ယွီကို ကားထဲမှချီပိုးလာပြီး နို့ထိန်းကတော့ ကျိုးရှောင်ယွီရဲ့ တစ်နေ့လုံးလိုအပ်မည့် အခြေခံလိုအပ်ချက်များပစ္စည်းများနှင့် ပြည့်နေသော ခရီးဆောင်သေတ္တာကြီးကို တွန်းလာသည်။
လက်ဝဲ လက်မှာ ပတ်တီးစည်းထားသည့် ဝူရှင်းသည် တံခါးဝမှာ ရပ်ကာ သူ့သမီးနှင့် မြေးလေးကို စောင့်ကြိုနေသည်။သူမသည် အလွန်ကျန်းမာပြီး ရွှင်ပျနေပုံရသည်။
"အိုး တို့ရဲ့ ချစ်စရာကလေးလေး နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဖွားဖွားက မြေးလေးကို စောင့်နေတာ ကြာလှပြီ"
ဝမ်ယွီထုံက မျက်ခုံးပင့်လိုက်ကာ ရှောင်ယွီကို ပြောလိုက်သည်။ "ဖွားဖွားလို့ အမြန်ခေါ်လိုက်လေ"
ကျိုးရှောင်ယွီသည် ဝမ်မိသားစုနှင့် အလွန်ရင်းနှီးပြီးသားဖြစ်၍ ရှက်ကြောက်နေခြင်းမရှိပဲ သူသည် နှစ်သစ်ကူးဂါရဝပြုဟန်ကို လုပ်ကာ အသံချိုချိုလေးဖြင့် "ဖော ဖော ဖော ဖော " ဟု ပြောလိုက်လေသည်။
ဝူရှင်းတစ်ယောက် မျက်လုံးအရေးအကြောင်းများပင် ပေါ်အောင်ပြုံးလိုက်ကာ ကောင်ကလေးကို ချက်ချင်း အိမ်ထဲ ကြိုဆိုလိုက်သည်။
လတ်တလောတွင် ဝူရှင်း အနေဖြင့် သူမ၏ ကျန်းမာရေးအခြေအနေကြောင့် အိမ်မှာပဲ နေရတာ အလွန်ပျင်းနေပြီဖြစ်ရာ ယခုလို သူမ မြေးလေးက သူမဆီ အလည်လာပြီး အဖော်လုပ်ပေးတာကို အရမ်းပျော်နေမိသည်။
"ဝင်လာခဲ့ ဝင်လာခဲ့ အဖွားအချစ်ကလေးရေ~ ဖွားဖွားက မြေးလေးအတွက် ဝက်အသည်းနဲ့အသားဆန်ပြုတ်ချက်ထားတယ်။ ပျစ်ပျစ်ကလေးနဲ့ အရမ်းစားကောင်းတယ်"
ဝူရှင်းသည် ရှောင်ယွီကို အနီးကပ်ကြည့်လိုက်ကာ သံသယဖြင့် မေးလိုက်သည်။ "မဟုတ်သေးပါဘူး ရှောင်ယွီရဲ့မျက်ခုံးမွှေးက ဘယ်လိုဖြစ်တာလဲ မျက်ခုံးမွှေးတွေ ဘယ်ရောက်ကုန်ရတာလဲ?"
ဝမ်ယွီထုံ ချောင်းအသာလေးဟန့်ရင်း ပြောလိုက်သည်။
"အမ်းး မျက်ခုံးမွှေးရိတ်လိုက်တာ ပိုကောင်းပါတယ်။ပြန်ပေါက်လာရင် ပိုတောင်ကြည့်ကောင်းဦးမယ်"
ဝူရှင်း သူ့သမီးကို သံသယမျက်လုံး ဖြင့် ခဏလောက်စိုက်ကြည့်ပြီးနောက် ထပ်မမေးတော့ပါ။
ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို ကလေးထိန်းရဲ့ လက်ထဲအပ်လိုက်သည်။ "မေမေ၊ ဒါဆို သမီးအရင်သွားတော့မယ်။ ညနေရောက်ရင် သမီးအိမ်မှာ ညနေစာ စားဖို့ လာခဲ့ဦးနော်"
ဝူရှင်းသည် သူမလက်ကို ရမ်းခါပြကာ "မြန်မြန်သွားပါ" ဟု ပြောလိုက်သည်။
ကျိုးရှောင်ယွီလည်း အလွန်ပျော်ရွှင်နေသည်။ သူ့အဖွားကို မတွေ့ရတာလည်း အတော်လေး ကြာပြီဖြစ်သည်။ သူ့အဖွားက သူ့ကို နူးညံ့ကြင်နာစွာ ဆက်ဆံရုံသာမက အရသာရှိတဲ့ အစားအသောက်တွေလည်း ကျွေးသေးသည်။
သူ့မိဘတွေကတော့ ဟိုဟာ မလုပ်ရဘူး ဒီဟာ မလုပ်ရဘူး ဟိုဟာမစားရဘူး ဒီဟာမစားရဘူး စသည်ဖြင့် သူ့ကို စည်းကမ်းတွေ တင်းကြပ်ထားသောကြောင့် သူပင် စိတ်ရှုပ်ကာ သေချင်စိတ်ပေါက်လာသည်။
သူ့အဖွားအတွက်တော့ သူက အလိုအလိုက်ခံမြေးလေးဖြစ်နေ၍ သူ့စိတ်ကြိုက်လုပ်လို့ရသည်။
ကျိုးရှောင်ယွီသည် ဝူရှင်းကို အရမ်းချစ်ခင်၍ သွားလေးဖြီးကာ ပြုံးပြလိုက်သည်။ "ဖောဖော ဖောဖော ဖော ဖော..."
လူအနည်းငယ်သည် စကားပြောရင်းရယ်မောရင်း ဝမ်အိမ်တော်အတွင်းသို့ ဝင်သွားကြသည်။ ထိုအချိန်တွင် ဝမ်ယွီထုံသည်လည်း ကားထဲသို့ ပြန်ဝင်သွားသည်။ သူမသည် ကားမှန်ကို ချကာ သူမဆီမှာ ဝေးသွားသည့်ပြုံးဖြီးနေသော ကောင်ကလေးကို ကြည့်လိုက်ရင်း သူမနှုတ်ခမ်းလေးကွေးကာ ပြုံးလိုက်မိသည်။
အခုလို ကျိုးရှောင်ယွီကို ချစ်တဲ့သူတွေ တိုးလာတာ သူမလည်း အလွန် ဝမ်းသာမိသည်။
အနာဂတ်မှာလည်း သူ့ကိုချစ်တဲ့သူတွေ ပိုများလာပါစေလို့ မျှော်လင့်မိသည်။ ကျိုးရှောင်ယွီလေး မေတ္တာတွေ လွှမ်းခြုံပြီး ပျော်ရွှင်စွာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဖြစ်လာစေရန် သူမ မျှော်လင့်မိသည်။
ကျိုးရှောင်ယွီကို ဝမ်အိမ်တော်မှာ ထားခဲ့ပြီးနောက် ဝမ်ယွီထုံတစ်ယောက် သူမ၏ ကိုယ်ပိုင်အလုပ်ကို သွားလိုက်သည်။
သူမသည် ဆိုင်ပြင်ဆင်မှုလုပ်ငန်းတိုးတက်မှုကို စစ်ဆေးရန် ဟွားရီစင်တာ သို့သွားပြီး ရှီးရှီးအမေနှင့် ပန်းခြံ၏ လုပ်ငန်းလည်ပတ်ရေး ဆရာကျုံးရှတို့နှင့် အတူအစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။
ကျုံးရှသည် ကလေးကစားကွင်း လည်ပတ်ရေးလုပ်ငန်းတွင် အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိပြီး ဝန်ထမ်းလေ့ကျင့်ရေး၊ စျေးနှုန်းသတ်မှတ်ခြင်း၊ ဖွင့်ပွဲ၊ ကြိုတင်ကြော်ငြာခြင်း နှင့် အခြားလုပ်ငန်းလည်ပတ်မှုလုပ်ငန်းများတွင် သူတို့အား ကူညီပေးမည်ဖြစ်သည်။
"ကျွန်တော်တို့ ပန်းခြံဖွင့်ပွဲအတွက် အခမဲ့စမ်းသုံးခွင့်တွေ အသင်းဝင်လျှော့စျေးတွေ လက်ဆောင်တွေ ဒါမှမဟုတ် ကံစမ်းမဲတွေ လုပ်ပေးစင့်တယ်။ လောလောဆယ် ကျွန်တော်တို့ ဖွင့်မယ့်ရက်ကို လာမယ့် လလယ် လောက်သတ်မှတ်ထားတယ် ဆိုတော့ လက်ရှိအာရုံစိုက်ရမှာက အွန်လိုင်းနှင့် အော့ဖ်လိုင်းတွေမှာ ကြော်ငြာမယ် ဝန်ထမ်းခန့်အပ်၊ ပစ္စည်းပြင်ဆင်တာတွေ လုပ်ရလိမ့်မယ်"
သူမအလုပ်အားလုံး ညနေ လေးနာရီရောက်မှသာ ပြီးသွားခဲ့၍ လူတိုင်း နှုတ်ဆက်လမ်းခွဲလိုက်ကြသည်။ရှီးရှိးအမေက ဖန်းရော့ရှီးကို မူကြိုမှကြိုရန်သွားလိုက်ပြီး ဝမ်ယွီထုံလည်း ညနေစာစားရန် ဝမ်အိမ်ကို သွားလိုက်သည်။
ကျိုးရှောင်ယွီတို့အဖွဲ့လေးသည် မထင်မှတ်ထားပဲ အစီအစဉ်တွေ များနေ၏။ ဝမ်ယွီထုံတစ်ယောက် ဝမ်အိမ်တော်ပြန်ရောက်စဉ် ကလေးက အိမ်မှာ ရှိမနေချေ။နေ့ခင်း တစ်ရေးအိပ်ပြီးနောက် ကလေးထိန်းအန်တီက တွန်းလှည်းထဲကလေးကို ထည့်ကာ ဝူရှင်းတို့နှင့်အတူ ပန်းခြံထဲ အလည်သွားကြမှန်း သိလိုက်ရသည်။
ဝမ်ယွီထုံလည်း ရှူးဖိနပ်အပါးလေးစီးကာ ရှောင်ယွီလေးတို့အဖွဲ့ကိုရှာရန်ပန်းခြံထဲ သွားလိုက်သည်။ ပန်းခြံရှိရာဘက်သွားလိုက်စဉ် ပန်းခြံအဝင်ဝရှိ စတုရန်းရင်ပြင်ကို လှမ်းမြင်လိုက်ရသည်။
ပန်းခြံရင်ပြင်တွင် လူများသည်ကားနေကာ အန်တီကြီးများအဖွဲ့သည် ရင်ပြင်ဝယ် တက်ကြွစွာ ကနေကြသည်။
ပန်းခြံရင်ပြင်မှာ ကနေကြသည့် အန်တီကြီးများထဲမှ လက်မှာပတ်တီးစည်းထားသည့် ပိန်သွယ်သွယ်ပုံရိပ်တစ်ခုကို ဝမ်ယွီထုံမြင်လိုက်ရသည်။ အာ့တာ ဝူရှင်း မဟုတ်ဘူးလား?
ဝူရှင်းသည် အဖြူရောင် အားကစားဝတ်စုံဝတ်ဆင်ထားကာ သူမသည် လက်များကို မလှုပ်ရှားနိုင်သော်လည်း သူမ၏ခါး၊ တင်ပါးနှင့် ခြေထောက်များသည် ဖွင့်ထားသည့်ဂီတသံစည်းချက်အတိုင်း ပျော်ရွှင်စွာ ယိမ်းထိုးကနေ၏။
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ရင်း ဘေးဘီကိုကြည့်လိုက်ရာ ဘေးမှာ ရပ်နေသည့် ကလေးထိန်းအန်တီကြီးကို မြင်လိုက်ရသည်။ ကလေးထိန်းအန်တီသည် ခါးကိုကုန်းကာ ရှောင်ယွီလေးကို ချိုင်းမှ ချီကိုင်ထား၏။
ရှောင်ယွီလေးသည် ခြေဖျားလေးထောက်ကာ ဂီတသံစည်းချက်အတိုင်း ခုန်ပေါက်နေ၏။ သူ၏ ပန်းဆီရောင်ပါးလေးသည် အပျော်တွေနဲ့ပြည့်နှက်နေကာ ဆံပင်ကောက်လေးကလည်း ရှေ့နောက်ရမ်းခါနေ၏။
ဝမ်ယွီထုံ - "..."
ရှောင်ယွီလေးကို နေ့တစ်ဝက်လောက်မမြင်လိုက်ရသည်နှင့် ပန်းခြံရင်ပြင်မှာ ကနေလိမ့်မည်ဟု ဝမ်ယွီထုံ မမျှော်လင့်ထားမိပေ။